ကွန်တိန်နာ သင်္ဘောအော်ဒါ မှာခြင်း
Vol. 17 Ch. 250
“ဝါး မဆိုးဘူး အရမ်းကို သက်သောင့်သက်သာရှိတာပဲ...”
“ကျွန်တော့်အတွက် ဒါက ပထမဆုံးအကြိမ် လေယာဉ်စီးတာပဲ တကယ့်ကို ခံစားချက်ကောင်းတာပဲ...”
လူတိုင်း ရောက်ရှိလာပြီးနောက် စိတ်ဓာတ်တွေ တက်ကြွနေကြသည်။ လေယာဉ်ပေါ်ရှိ လေယာဉ်အမှု့ထမ်းအမျိုးသမီးများက လှပပြီး ဆွဲဆောင်မှု့ရှိရုံသာမကဘဲ အလွန်ဖော်ရွေမူ့လည်း ရှိကြသည်။
လျူယောင်နဲ့ ကျိုးယန်တို့က ပထမတန်းစားခုံတွင်ဘေးချင်းကပ်လျက် ထိုင်နေကြသည်။
ကျိုးယန် ခေါင်းလှည့်ကာ အစီရင်ခံ လိုက်သည် ။
“သူဋေး ချန်ရှင်းမြို့ကို ပျံသန်းဖို့ မိနစ် ၇၀ လောက် ကြာမယ် ... ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖန်ရွှယ်ဝမ်က လေဆိပ်မှာ ကိုယ်တိုင် လာကြိုပါလိမ့်မယ်...”
အစီရင်ခံစာကို နားထောင်ပြီးနောက် လျူယောင် ရယ်မောပြီး ပြောလိုက်သည်။
“ဟားဟား…ငါတို့ရဲ့ မျက်နှာက တော်တော်ကြီးတာပဲ ဥက္ကဋ္ဌဖန်က လေဆိပ်မှာ ကိုယ်တိုင် လာကြိုတယ်ဆိုတော့...”
ဖန်ရွှယ်ဝမ် လေဆိပ်မှာ ကိုယ်တိုင် လာကြိုရတဲ့ အကြောင်းရင်းနှစ်ခု ရှိသည်။ ပထမ တစ်ခုက Universal က ထူးခြားတဲ့ ခွန်အားနဲ့ အလွန်လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ရှိသည်။
ဒုတိယ တစ်ချက်က Universal ဟာ ဒီတစ်ခါမှာ သင်္ဘောကြီးအများအပြားကို မှာယူဖို့ စီစဉ်နေတာမို့ ဒါဟာ ကြီးမားတဲ့အော်ဒါတစ်ခုဖြစ်လာနိုင်ချေရှိတာကြောင့်ဖြစ်သည်။
ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့အတွက်တော့ ဒါက ရှားပါးပြီး ကြီးမားတဲ့ အော်ဒါတစ်ခုပင်ဖြစ်သည်။အမှန်ပါပဲ သူတို့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေက လျူယောင်နှင့် အဖွဲ့ကို နွေးနွေးထွေးထွေး ကြိုဆိုရပါမည်။
ခဏအကြာတွင် လေယာဉ်က ယန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ချန်ရှင်းမြို့ကိုတိုက်ရိုက်ပျံသန်းသွားသည်။
အမှတ် (၁) ဂိတ်ထွက်ပေါက်တွင် ကားတန်းတစ်ခုက စောင့်ဆိုင်းနေပြီးသားပင်။ S600 ကားနှစ်စီးအပြင် နောက်ထပ် အဆင့်မြင့် လုပ်ငန်းသုံးယာဉ် အများအပြားလည်း ရှိသည်။
ဖန်ရွှယ်ဝမ်က သူ့ရဲ့ စီမံခန့်ခွဲရေးအဖွဲ့တစ်ခုလုံးကို ခေါ်လာပြီး ထွက်ပေါက်ကို တစ်ချိန်လုံး ကြည့်နေသည်။
မန်နေဂျာက သတင်းပို့လိုက်သည်။
“မစ္စတာဖန် မစ္စတာလျူနှင့် အဖွဲ့က လေယာဉ်ပေါ်က ဆင်းနေပြီဖြစ်ကြောင်း ကျွန်တော်တို့ သတင်းရရှိထားပါတယ် မကြာခင် ထွက်လာတော့မှာပါ ”
ဖန်ရွှယ်ဝမ် ခေါင်းညိတ် ပြ ပြီး လည်စည်းနှင့် ဝတ်စုံကို ဖြောင့်တန်းလိုက်ကာ အမိန့်ပေး လိုက်သည်။
“အားလုံး စိတ်ဓာတ်တက်ကြွကြနေကြ ငါတို့ရဲ့ ဧည့်သည်တွေ မကြာခင် ရောက်လာတော့မှာ...”
သူ့ လက်အောက်ငယ်သားအားလုံးက ချက်ချင်းပင် တည့်တည့် ရပ်လိုက်ကြသည်။
သူတို့ တစ်ယောက်စီတိုင်းက. စိတ်အားထက်သန်နေပြီး မျက်နှာပေါ်တွင် နွေးထွေးတဲ့ အပြုံးတစ်ခုကို ဖော်ဆောင်ထားသည်။
မကြာမီတွင် လျူယောင်တို့ အဖွဲ့က လေဆိပ်မှ ထွက်လာတာကို သူတို့ တွေ့လိုက်ရသည်။
ဖန်ရွှယ်ဝမ် ဦးဆောင်ပြီး ကြိုဆိုလိုက်သည်။ နှစ်ဖက်တွေ့ဆုံကြတဲ့အခါ နွေးထွေးစွာ လက်ဆွဲနှုတ်ဆက်ကြပြီး ယဉ်ကျေးတဲ့ နှုတ်ဆက်စကားများကို ဖလှယ်ကြရာ ရယ်မောသံများ ဆူညံသွားသည်။
လျူယောင် စိတ်သက်သာရာရသွားသည်။
ဒီလူတွေက လေဆိပ်တွင် ကိုယ်တိုင်လာရောက် ကြိုဆိုရုံသာမကဘဲ အလွန်နွေးထွေးပြီး ယဉ်ကျေးလည်း ရှိကြသည်။
နှုတ်ဆက်ပြီးနောက် ဖန်ရွှယ်ဝမ်ရဲ့ ဖိတ်ကြားချက်ဖြင့် လျူယောင်S600 ကားတစ်စီးထဲကို ဝင်သွားပြီး ကျန်တဲ့သူများလည်း တစ်ယောက်ပြီးတစ်ယောက် ကားထဲကို ရောက်ရှိလာကြသည်။
ချန်ရှင်းကျွန်းသင်္ဘောတည်ဆောက်ရေးအဖွဲ့က ယန်နိုင်ငံရှိ အလွန်အားကောင်းတဲ့သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ကြီးမားတဲ့ စကေးနှင့် ခိုင်မာသော ခွန်အားကို ပိုင်ဆိုင်ထားသည်။
သူတို့က အကြီးစား အရပ်ဘက်သင်္ဘောများစွာကို တည်ဆောက်နိုင်သည် ။ အချို့ အကြီးစား အထူးသင်္ဘောများဆောက်လုပ်ခြင်းက သူတို့အတွက် ပြဿနာမရှိပေ။
ဥပမာအားဖြင့် Universal ရဲ့ တန်ချိန် ၈၅,၀၀၀ ရှိသော အကြီးစား သမုဒ္ဒရာသွား ‘ဘလူးဝေးလ်’ သင်္ဘောကို သူတို့ ဒီဇိုင်းထုတ်ကာ တည်ဆောက် ပေးခဲ့သည်။
စက်ရုံဝန်း ဂိတ်ပေါက်တွင် စိတ်လှုပ်ရှားမှု့များစွာ ရှိနေသည်။
ပတ်မတီးတဲ့ အဖွဲ့နဲ့ နဂါးအက ၊ ခြင်္သေ့အဖွဲ့ တို့က အဆင်သင့်ရှိနေပြီး ပြင်ဆင်မှု့များ ပြုလုပ်ထားကြသည် ။ မြေပြင်တွင်လည်း မီးရှူးမီးပန်း အနီရောင်များ ခင်းထားကြသည်။
ဒီလို ကြီးကျယ်ခမ်းနားတဲ့ အခြေအနေက ဝန်ထမ်းအများအပြားရဲ့ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။ တချို့က ဘာတွေဖြစ်နေသလဲဆိုတာကို သိချင်စိတ်နဲ့ မေးကြသည်။
“ဟေ့ ဒီနေ့ ဘာတွေဖြစ်နေတာလဲ ဒီလောက် ကြီးကျယ်ခမ်းနားတာ အကြီးအကဲတစ်ယောက်ယောက် လာရောက်စစ်ဆေးတာ ဖြစ်လောက်မယ်နော်...”
“ဟုတ်တယ် ဒီလောက်မြင့်တဲ့ ကြိုဆိုရေးစံနှုန်းနဲ့ဆိုရင် လာရောက်တဲ့သူရဲ့ အဆင့်က နိမ့်မှာ မဟုတ်ဘူး...”
တချို့က သိချင်စိတ်နဲ့ ခန့်မှန်းနေကြပြီး တချို့က ဘာတွေဖြစ်နေသလဲဆိုတာကို နားလည်ထားကြသည် ။ဖြစ်နိုင်တာက အပြင်သတင်းတွေကို ကြားထားကြပုံရသည်။
သူတို့က ထို သတင်းကို ဖော်ထုတ်လိုက်သည် ။
“ငါ ကြားတာကတော့ Universal ရဲ့ အလုပ်ရှင်က ဒီကို ကိုယ်တိုင်ရောက်လာမယ်လို့ ကြားတယ်...ငါ တို့အတွက် ကြီးမားတဲ့ အော်ဒါတစ်ခု ရတော့မှာလေ...”
“ဘာ Universal က လား..."
ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များအနေဖြင့် Universal သင်္ဘောကုမ္ပဏီ အကြောင်းကို သူတို့ သေချာ သိထားကြသည်။
မကြာမီတွင် လူအချို့က ကြီးမားတဲ့ နဖူးစည်းကို ဆွဲထုတ်ပြီး ဂိတ်ပေါက်အထက်တွင် တိုက်ရိုက်ချိတ်ဆွဲလိုက်သည်။
အပေါ်တွင် ရေးထားတဲ့ စာလုံးကြီးများက အလွန်မျက်စိပသာဒ ဖြစ်စရာ ကောင်းလှသည်။
“ Universal မှ မစ္စတာ လျူယောင်နှင့် အဖွဲ့ကို ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့ မှ ကြိုဆိုပါ၏ ...” ဆိုတဲ့ စာတမ်းပင်။
တဖြည်းဖြည်းနှင့် စက်ရုံရဲ့ဂိတ်ရှေ့တွင် ပိုမိုစည်ကားလာပြီး လူများဖြင့် ပြည့်နက်နေသည်။
ရုတ်တရက် လူတစ်ယောက်က အော်ဟစ်လိုက်သည် ။
“ဟိုမှာ လာပြီ... လာပြီ...ကားတန်းက မကြာခင် ရောက်တော့မယ်...”
ပြောပြီးတာနဲ့ တပြိုင်နက် ကျယ်လောင်တဲ့ ပတ်မသံများ ထွက်ပေါ်လာပြီး ခြင်္သေ့အဖွဲ့က ကခုန်ကြသည်။ ကားတန်းကို မြင်တဲ့အခါ မြေပြင်ပေါ်မှ မီးရှူးမီးပန်းများလည်း ညပေါက်ကွဲကုန်သည်။
လျူယောင်က ကားထဲတွင် ထိုင်နေပြီး ဖန်ရွှယ်ဝမ်ကို ကျယ်လောင်စွာ ပြောလိုက်သည်။
“ဥက္ကဋ္ဌဖန်...ခင်ဗျားတို့က အရမ်းယဉ်ကျေးလွန်းတာပဲ..."
လျူယောင်ရဲ့ ပျော်ရွှင်မှု့ကို ခံစားရတဲ့အခါ ဖန်ရွှယ်ဝမ်က သူ့စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာရသွားပြီး ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
“မစ္စတာလျူ ခင်ဗျားတို့က ဂုဏ်သရေရှိ ဧည့်သည်တွေပါဗျာ... ဒီလိုပြုမူတာက သင့်တော်ပါတယ်...”
ကားတန်းက စက်ရုံဂိတ်မှ စက်ရုံဝန်းထဲကို ဖြည်းညှင်းစွာ မောင်းဝင်လာသည် ။ လျူယောင်နဲ့ အဖွဲ့တို့ ကြည့်ဖို့ အဆင်ပြေစေရန်အတွက် ကားကို အတော်လေး နှေးကွေးစွာ မောင်းနှင်နေသည်။
လျူယောင် ကားပြတင်းပေါက်မှ အပြင်ဘက်စက်ရုံဝန်းကို ကြည့်နေပြီး ဖန်ရွှယ်ဝမ်က လမ်းပြတစ်ယောက်လို စက်ရုံအခြေအနေကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေသည်။
နောက်ဆုံးတွင် ကားတန်းက ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့ရဲ့ ရုံးအဆောက်အအုံကြီးရှေ့သို့ ရောက်လာသည်။
ဖန်ရွှယ်ဝမ်ရဲ့ ဖိတ်ကြားချက်အရ လူတိုင်း ရုံးအဆောက်အအုံထဲကို ဝင်ရောက်ပြီး ဧည့်ခန်းကြီးထဲတွင် ထိုင်လိုက်ကြသည်။ဒီ သင်္ဘောကျင်းက ကောင်းကောင်းပြင်ဆင်ထားပြီး အရာအားလုံး အဆင်သင့်ဖြစ်နေတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဧည့်ခန်းကြီးကလည်း တောက်ပပြီး သန့်ရှင်းသပ်ရပ်နေသည်။
စားပွဲပေါ်တွင် သစ်သီးအမျိုးမျိုးပြည့်နေသည် ။လက်ဖက်ရည်ပူနှင့် ကော်ဖီများ အဆင်သင့်ရှိနေပြီး အားလုံးကို ဝန်ဆောင်မှု့ပေးရန်အတွက် အထူးဝန်ထမ်းအများအပြား လည်းရှိနေသည်။
ပတ်ဝန်းကျင်ရှိ လေထုက သက်သောင့်သက်သာရှိလှပြီး ဖော်ရွေတဲ့ ရယ်မောသံများကလည်း တစ်ခါတစ်ရံ ထွက်ပေါ်နေသည်။
အနည်းဆုံး ဆယ်မိနစ်လောက် ပေါ့ပေါ့ပါးပါး စကားပြောပြီးမှ ဖန်ရွှယ်ဝမ်က ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့ ကိုယ်စား မိတ်ဆက်ပေးလိုက်သည်။
“မစ္စတာလျူ....ကျွန်တော်တို့ရဲ့ အဖွဲ့မှာ ရှည်ကြာတဲ့ သမိုင်းနဲ့ ခိုင်မာတဲ့ ခွန်အား ရှိပါတယ်... လက်ရှိမှာ အကြီးဆုံး သင်္ဘောကျင်းက လွတ်နေပါတယ် ဘ မစ္စတာလျူသာ အော်ဒါပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ဘက် ချက်ချင်း စတင်တည်ဆောက်ရေးလုပ်ငန်းကို စတင်နိုင်ပါတယ်...”
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“အင်း ကျွန်တော်တို့က ခင်ဗျားတို့အဖွဲ့မှာ တန်ချိန်အများအပြားသယ်ဆောင်နိုင်တဲ့ အကြီးစား ကွန်တိန်နာ သင်္ဘောအများအပြားကို တည်ဆောက်ချင်ပါတယ်...”
ဒီကို မလာခင်ကတည်းက လျူယောင် သေချာစ စဉ်းစားထားသည်။Universal မှာ ရေနံတင်သင်္ဘောကြီးတွေ အများကြီးရှိပြီး ကွန်တိန်နာသင်္ဘောကတော့ နည်းပါးနေသည်။
သမုဒ္ဒရာသွား ရေနံတင်သင်္ဘောများအပြင် ဒုတိယအမြတ်အများဆုံးက ကွန်တိန်နာသင်္ဘောများပင် ဖြစ်သင့်သည်။
အကြီးစား ကွန်တိန်နာ တန်ချိန်အများအပြားသယ်ဆောင်နိုင်တဲ့ သင်္ဘောအနည်းငယ် ထပ်ဝယ်ဖို့က လျူယောင်ရဲ့ စဉ်းစားချက်ပဲ ဖြစ်သည်။
ချက်ချင်းပဲ ဖန်ရွှယ်ဝမ် ပျော်ရွှင်စွာ ပြောလိုက်သည်။
“ကွန်တိန်နာ တန်ချိန် အ များအပြား သယ်ဆောင်နိုင်တဲ့ သင်္ဘော မှာယူတာ အရမ်းကောင်းပါတယ် ဒီဇိုင်းနဲ့ တည်ဆောက်ရေးက ကျွန်တော်တို့အတွက် ပြဿနာမရှိပါဘူး ....”