← Chapters

ဟိုမှာ ကြည့်ပါအုံး ဘာကောင် ကြီးလည်း

Vol. 17 Ch. 251

ဟိုမှာ ကြည့်ပါအုံး ဘာကောင် ကြီးလည်း

Vol. 17 Ch. 251

မှန်ကန်တဲ့နေရာကို ရောက်လာပြီ ဖြစ်ကြောင်း လျူယောင် သိလိုက်ရပြီး ကွန်တိန်နာ တန်ချိန်အများ အပြားသယ်ဆောင်နိုင်တဲ့ သင်္ဘောများ တည်ဆောက်ရန်အတွက် ဒီအဖွဲ့အား အော်ဒါပေးလိုက်ခြင်းက မှားမည်မဟုတ်ပေ။

“မစ္စတာဖန် ရိုးရိုးသားသားပြောရရင် ကျွန်တော် ဒီတစ်ခေါက် ကွန်တိန်နာ တန်ချိန်အများအပြားသယ်ဆောင်နိုင်တဲ့ သင်္ဘောတွေ နည်းနည်းပိုမှာဖို့ စီစဉ်ထားပါတယ်...”

“ဗျာ ကောင်းလိုက်တာ...”

“များလေ ကောင်းလေပဲ...”

ဖန်ရွှယ်ဝမ် ပိုမိုပျော်ရွှင်လာပြီး ပို့လို့ပင် စိတ်အားထက်သန်လာပုံရသည် ။

“မစ္စတာလျူ စိတ်မပူပါနဲ့ အော်ဒါ ဘယ်လောက် များများ ကျွန်တော်တို့က သတ်မှတ်ထားတဲ့အချိန်အတိုင်း အရည်အသွေးနဲ့ အရေအတွက်ကို အာမခံပြီး သင်္ဘောကို ပို့ဆောင်ပေးမှာပါ ”

ပြောပြီးနောက် သူက လက်ဝှေ့ယမ်း လိုက်သည်။

သူတို့ ကုမ္ပဏီရဲ့ အကြီးတန်းအင်ဂျင်နီယာက နားလည်ပြီး ပရိုဂျက်တာကို ဖွင့်ကာ ကွန်တိန်နာ သင်္ဘောများကို မိတ်ဆက်ပေးရန် စတင်လိုက်သည်။

အကြီးတန်းအင်ဂျင်နီယာ မာကျီလျန်က သင်္ဘောအမျိုးအစားတစ်ခုစီရဲ့ နည်းပညာဆိုင်ရာ အားသာချက်များဖြစ်တဲ့ လောင်စာဆီ သုံးစွဲမှု့ဆိုင်ရာ အားသာချက်များနဲ့ နည်းပညာအသစ်များ အသုံးပြုမှု့ဆိုင်ရာ အားသာချက်များကို အဓိကထား ပြောပြလိုက်သည်။

သူတို့က အရှည် မီတာ ၄၀၀ ကျော်နဲ့ စံကွန်တိန်နာ ၂၃,၀၀၀ ကို သယ်ယူနိုင်တဲ့ ကွန်တိန်နာသင်္ဘောတစ်စင်းရဲ့ ဒီဇိုင်းကို အခုပင် ပြီးဆုံးခဲ့ကြောင်း သူက အထူးတလည် ပြောကြားခဲ့သည်။

၎င်းက လက်ရှိ ယန်နိုင်ငံရှိ အကြီးဆုံး ကွန်တိန်နာ တန်ချိန် အများအပြား သယ်ဆောင်နိုင်တဲ့ သင်္ဘောပင် ဖြစ်သည်။

လျူယောင် အလွန်ဂရုတစိုက် နားထောင်နေသည်။

မာကျီလျန် မိတ်ဆက်ပြီးနောက် ဖန်ရွှယ်ဝမ်က မေးလိုက်သည်။

“မစ္စတာလျူ ဘယ်အမျိုးအစား ကွန်တိန်နာသင်္ဘောကို မှာယူချင်တာပါလဲ ခဗျ....”

"ခင်ဗျားတို့ ဒီဇိုင်းထုတ်ထားတဲ့ ကွန်တိန်နာ ၂၃,၀၀၀ သယ်ဆောင်နိုင်တဲ့ ကုန်တင်သင်္ဘောက မဆိုးဘူး....ကျွန်တော် နှစ်စင်း မှာမယ်..."

ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့မှ လူများက တအံ့တဩဖြစ်သွားကြကာ လျူယောင်ကို လေးစားမှု့ဖြင့် ကြည့်နေကြသည်။

Universal က မျှော်လင့်ထားတဲ့အတိုင်းပင် ထို အကြီးစား ကွန်တိန်နာသင်္ဘောကို အစကတည်းကပင် နှစ်စင်းတောင် မှာယူလိုက်သည်။

ဒါက အစပိုင်းသာ ရှိသေးသည်။ လျူယောင် နောက်ထပ် ပြောလိုက်တဲ့ စကားက လူတိုင်း အံ့အားသင့်သွား ကြသည်။

“ကျွန်တော် နောက်ထပ် စံကွန်တိန်နာ ၁၆,၀၀၀ သယ်ဆောင်နိုင်တဲ့ ကုန်တင်သင်္ဘောကို သုံးစင်း မှာမယ် ... ၁၂,၀၀၀ တန်ချိန် သယ်ဆောင်နိုင်တဲ့ ကုန်တင်သင်္ဘော ငါးစင်း မှာပါ့မယ်...”

" ဘုရားရေ... "

ကြီးမားတဲ့ အစည်းအဝေးခန်းထဲတွင် အံ့ဩတုန်လှုပ်တဲ့ အသံများ ထွက်ပေါ်လာသည်။

တချို့လူများက သူတို့ ပါးစပ်ကို ကြက်ဥတစ်လုံး ဝင်လောက်အောင်ပင် အလွန်အကျွံ ဖွင့်ဟထားကြသည်။

"ဒါက ကြီးမားတဲ့ အော်ဒါပဲ..."

"တကယ့်ကို ဂန္ဓာဝင်မြောက်တဲ့ အော်ဒါပဲ "

ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့မှ တချို့လူများက သူတို့ဘဝတစ်လျှောက်လုံး ထိုသို့ ကြီးမားတဲ့ အော်ဒါမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။

လျူယောင် မှာလိုက်တာက စုစုပေါင်း ကွန်တိန်နာ တန်ချိန်အများအပြားသယ်ဆောင်နိုင်တဲ့ သင်္ဘော ၁၀ စင်း ဖြစ်ပြီး အားလုံးက သင်္ဘောကြီးများဖြစ်သည်။

အသေးဆုံးသင်္ဘောမှာ တန်ချိန် ၁ သိန်းကျော်ရှိပြီး စံကွန်တိန်နာ ၁၂,၀၀၀ သယ်ယူနိုင်ပေသည်။

“မစ္စတာဖန် ပြဿနာရှိလား...”

“မရှိပါဘူး မရှိပါဘူးဗျာ ”

ဖန်ရွှယ်ဝမ် အလျင်စလို ပြောလိုက်သည် ။

“ကျွန်တော်တို့ရဲ့ ခွန်အားကို ယုံကြည်ပေးပါ ဘမစ္စတာလျူ ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်အတိုင်း သင်္ဘောတွေကို သေချာပေါက် ပို့ဆောင်ပေးမှာပါ....”

ပတ်ဝန်းကျင်ရှိ လေထုက နွေးထွေးလာသည်။

မှာယူရမဲ့ အရေအတွက်ကို သတ်မှတ်ထားပြီးဖြစ်သည်။ စုစုပေါင်း သင်္ဘောကြီး ၁၀ စင်းဖြစ်ပြီး အကြီးဆုံး သင်္ဘောနှစ်စင်းက ယန်နိုင်ငံရှိ အကြီးဆုံး ကွန်တိန်နာ တန်ချိန်အများအပြားသယ်ဆောင်နိုင်တဲ့ သင်္ဘောများ ဖြစ်လာတော့မည်။

နှစ်ဖက်စလုံး အသေးစိတ်အချက်အလက်များကို ဆွေးနွေးရန် စတင်ခဲ့ကြသည်။

ဖန်ရွှယ်ဝမ်က အချိန်ပိုလုပ်ရတာ ဖြစ်စေ သင်္ဘောများကို တစ်စင်းပြီး တစ်စင်း တတ်နိုင်သမျှ မြန်မြန် တည်ဆောက်ပြီး တတ်နိုင်သမျှ မြန်မြန် ပို့ဆောင်ပေးမည်ဟုပင် အာမခံခဲ့သည်။

မွန်းတည့်ချိန်တွင် ခမ်းနားတဲ့ နေ့လယ်စာစားပွဲကို ပြုလုပ်ခဲ့ ကြသည်။

ထို ကြီးမားတဲ့အော်ဒါက ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့တစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားပြီး အဖွဲ့တစ်ခုလုံး ထိတ်လန့်သွားကြသည်။.

“အာ အရမ်းလေးစားပါတယ်...”

“တကယ်ကို လက်ခံပါတယ် လုံးဝလက်ခံပါတယ် Universal က အရမ်းကို စွမ်းအား ကြီးလွန်းတယ် တစ်ပြိုင်နက်တည်း သင်္ဘော ၁၀ စင်းကို မှာလိုက်တယ်တဲ့ အားလုံးက သင်္ဘောကြီးတွေပဲဗျာ ”

“ကျွန်တော် တစ်သက်လုံး သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ လုပ်လာခဲ့တာ ဒီလို ကြီးမားတဲ့အော်ဒါမျိုးကို ပထမဆုံးအကြိမ် ကြားဖူးတာပဲဗျာ...”

ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့မှ လူများက ထိုအကြောင်းကို အသည်းအသန် ဆွေးနွေးနေကြသည် ။ လူ အများအပြားကလည်း လျူယောင်ကို ည လေးစားစွာ ကြည့်နေကြသည်။

အမှန်ပါပဲ သူတို့ ပိုပျော်နေကြသည်။ဒီ ကြီးမားတဲ့အော်ဒါရဲ့ နောက်ဆုံးအကျိုးခံစားခွင့်ရရှိသူက သူတို့အဖွဲ့ပဲ ဖြစ်သည်လေ။

နေ့လယ်ပိုင်းတွင် ဖန်ရွှယ်ဝမ် အကူအညီဖြင့် လျူယောင်တို့ အဖွဲ့ က ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို လေ့လာခဲ့ကြသည်။

နှစ်ဖက်လုံးက ဖော်ရွေသောလေထုအောက်တွင် တရားဝင်စာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

လျူယောင်နဲ့ အဖွဲ့ ထွက်ခွာသွားတဲ့အခါ ဖန်ရွှယ်ဝမ်နှင့် အဖွဲ့က သူတို့အား လေဆိပ်သို့ ယဉ်ကျေးစွာ လိုက်ပို့ပေးခဲ့ကြသည်။

အခြား သင်္ဘောကျင်းများက ထိုဖြစ်ရပ်အကြောင်းကို ကြားတဲ့အခါ ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့ကို အားကျကြသည်။

အခြား သယ်ယူပို့ဆောင်ရေးသင်္ဘော ကုမ္ပဏီများက Universal. ရဲ့ ကြီးမားတဲ့ လုပ်ရပ်အကြောင်းကို ကြားတဲ့အခါ လေးစားမှု့ များဖြင့် ပြည့်နှက်နေသည်။

အချို့ အကြီးတန်းပုဂ္ဂိုလ်များက ခေတ်သစ်တစ်ခု စတင်တော့မည်ကို သဘောပေါက်ကြသည်။ အနာဂတ်တွင် သမုဒ္ဒရာ ပို့ဆောင်ရေးလုပ်ငန်းက Universal ရဲ့ လွှမ်းမိုးမှု့အောက်တွင် ရှိလာတော့မည်။

....

လျူယောင်က ချန်ရှင်းမြို့မှ ပြန်ရောက်နေပြီး အခြားလူများက အငှားလေယာဉ်ဖြင့် ဟွာဟိုင်းမြို့ကို ပြန်လာခဲ့ကြသည်။

ပြန်ရောက်ပြီးနောက် လျူယောင် ကုမ္ပဏီကို မသွားဘဲ ကောင်းကောင်းအနားယူခဲ့ပြီး လီချန်လဲ့ကို ခေါ်ကာ နှစ်ယောက်သား နေ့လယ်ခင်း တစ်ချိန်လုံး လျှောက်လည်ခဲ့သည်။

ထို့နာက် သူတို့ ပစ္စည်းအနည်းငယ် ဝယ်ပြီး ရုပ်ရှင်တစ်ကား ကြည့်ခဲ့ကြသည်။

ယနေ့မနက် ဆယ်နာရီဝန်းကျင်တွင် လျူယောင် ကုမ္ပဏီကို ရောက်လာခဲ့သည်။ ရုံးခန်းတွင် ထိုင်ပြီး မကြာခင်မှာပင် ကျိုးယန်က အစီရင်ခံရန် ရောက်လာသည် ။

“သူ‌ဋေး နေ့လယ်ပိုင်းမှာ Startup အဖွဲ့ရဲ့ လူတစ်ယောက်က သူဋေးကို လာရောက်တွေ့ဆုံဖို့ ရှိပါတယ် ခဗျ...”

ထိုစကားကို ကြားတဲ့အခါ လျူယောင် ပြုံးလိုက်သည်။

စဉ်းစားနေစရာတောင် မလိုပေ။ မနေ့ကဖြစ်ခဲ့တာတွေကို သူတို့ သေချာပေါက် ကြားခဲ့ကြပြီး ငြိမ်ငြိမ်မနေနိုင်ကြတော့ပေ။

လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“အင်း မင်း ရှေ့ကနေ သွားကြိုလိုက်... သူတို့ဘက်က သင်္ဘောကြီးတွေ မှာယူစေချင်တယ်ဆိုရင် နှစ်စင်း သုံးစင်းလောက် အော်ဒါပေးလိုက်တာက ပြဿနာမရှိဘူးလို့ ငါ ထင်ပါတယ် ဒါက မင်းအပေါ် မူတည်တယ်..."

“ကောင်းပါပြီ သူဋေး ”

ကျိုးယန် ရိုသေစွာ ပြန်ဖြေလိုက်သည်။

လက်ရှိ Universal က. ချမ်းသာပြီး အင်အားကြီးမားတာကြောင့် သင်္ဘောကြီးအနည်းငယ် ထပ်မှာခြင်းက ပြဿနာမရှိပေ။

.......

ကျယ်ပြန့်တဲ့ ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်တွင်…

ငါးဖမ်း စက်လှေတစ်စင်း ရွက်လွှင့်လျက်ရှိသည်။ ထိုစက်လှေက ဖမ်းမိတဲ့ ငါးများကို အပြည့်တင်ဆောင်ကာ ယန်နိုင်ငံသို့ ရွက်လွှင့်နေသည်။

စ​က်လှေပေါ်ရှိ ငါးဖမ်းသမားများက စိတ်အေးလက်အေးရှိနေကြပြီး ဆိပ်ကမ်းကို စောစောရောက်ရန် မျှော်လင့်နေကြသည်။

“အဘဟဲ နောက်ရက်အနည်းငယ်ထိ ရာသီဥတုကောင်းလောက်မယ် ထင်တယ် နောက် ငါးရက်လောက်ဆို ကျွန်တော်တို့ ဟွားဟိုင်းမြို့ကို ပြန်ရောက်ပြီ....”

ကပ္ပတိန် ဟဲကျန့်ရှယ်က ခေါင်းညိတ်ပြီး ကျေနပ်စွာ ပြောလိုက်သည်။

“ဒီတစ်ခေါက် ငါ တို့ ကုန်အပြည့်အစုံနဲ့ ပြန်လာနိုင်တယ်လို့ ပြောလို့ရတယ် နည်းနည်းပိုဝေးတဲ့နေရာကို သွားရတာ ထိုက်တန်ပါတယ် ပြန်ရောက်ရင် အားလုံး တစ်လလောက် အနားယူလို့ရတယ်..."

အဲ့လို စကားပြောနေကြစဉ် ရုတ်တရက် လူတစ်ယောက်က အော်ဟစ်လိုက်သည်။

" ဟိုမှာ ကြည့်ပါအူံး ဘာကောင်ကြီးလည်း "

စက်လှေပေါ်က ငါးဖမ်းသမားအားလုံးနီးပါး ရှေ့ကို ကြည့်လိုက်ကြရာ အမြင်အာရုံကောင်းသူများက ဘယ်အရာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်လိုက်သည်။

“အိုး ဘုရားရေ ”

လူတိုင်း သူတို့ မျက်လုံးများကို မယုံကြည်နိုင်ကြပေ။ လုံးဝ မှင်သက်သွားကြပြီး မျက်နှာပေါ်တွင် ကြောက်လန့်မှုများဖြင့် အချိန်အတော်ကြာ သတိမဝင် နိုင်ခဲ့ကြပေ။

ဟဲကျန့်ရှယ်က ပထမဆုံး တုံ့ပြန်ပြီး ကျယ်လောင်စွာ အလျင်စလို အော်ဟစ်လိုက်သည်။

စက်လှေကို မောင်းနှင်နေတဲ့ လာအိုကျန်းက နောက်ဆုံးတွင် သတိဝင်လာပြီး ချက်ချင်းပင် စတီယာရင် ဘယ်ဘက်ကို အဆုံးထိ လှည့်လိုက်သည်။

ငါးဖမ်းစက်လှေက ပင်လယ်ရေပြင်ပေါ်တွင် ပြတ်သားတဲ့ အလှည့်အပြောင်းတစ်ခု ပြုလုပ်ပြီးနောက် စက်အား အဆုံးထိ တင်ကာ မောင်းပြေးတော့သည် ။

All Chapters