← Chapters

ဧရာမ မိကျောင်းကြီး

Vol. 17 Ch. 252

ဧရာမ မိကျောင်းကြီး

Vol. 17 Ch. 252

တံငါသည် စက်လှေပေါ်မှလူများ ထိတ်လန့်သွားကြသည်။

နေ့ခင်းကြောင်တောင်မှာတောင် ဒီလိုဖြစ်ရင်ည ဘက်ဆို လူတစ်အချို့အဖို့ မူး‌ မေ့သွားနိင်သည်။

ဒီအဖြစ်အပျက်က လူတိုင်းရဲ့အသိဥာဏ်ကို ကျော်လွန် သွားတယ်လို့ဆိုပါလျှင် ချဲ့ကား ပြောဆိုတာမဟုတ်ပေ။

" ဘုရားရေ.... .”

"ကြောက်စရာကောင်းလိုက်တာ မယုံနိုင်စရာပဲ ဒီလောက်ကြီးတဲ့ မိကျောင်းကြီး"

"ဒီကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတာလဲ ဒီလောက်ကြီးတဲ့ မိကျောင်းမျိုး ဘယ်လိုလုပ်ရှိနိုင်တာလဲ "

ငါးဖမ်း စက်လှေက အားအပြည့်ဖြစ်လည်ပတ် နေ ပြီး အင်ဂျင်သံမြည်ဟိန်းသံနှင့် အသားကုန် မောင်းနင်လျက် ရှိသည်။

စက်လှေပေါ်မှ ငါးဖမ်းသမားများက သက်ပြင်းချကာ အော်ဟစ် နေကြသည်။

"ဘုရားရေ သေမှာကြောက်တယ် ဝူးဝူး "

မျက်စိနဲ့ ကိုယ်တိုင်မမြင်ခဲ့ရင်တော့ ကမ္ဘာပေါ်မှာ ဒီလိုကြီးမားတဲ့ မိကျောင်းတွေ ရှိတယ်ဆိုတာ ဘယ်သူမှ ယုံကြည်မှာ မဟုတ်ပေ။

ဒီမိကျောင်းကြီးရဲ့ မီတာ ၁၀၀ လောက်အထိ ရှိတယ်ဆိုတာ ဘယ်လိုစိတ်ကူးမျိုးလဲ။

ဒါက လူတိုင်းရဲ့ သိမြင်မှု့ကို များစွာ ပြောင်းလဲပစ်ခဲ့သည်မှာ သေချာသည်။

ယခု စက်လှေပေါ်ရှိ လူတိုင်း မျှော်လင့်တာက ဟွားဟိုင်းမြို့ကို အမြန်ဆုံးပြန်ရောက်ပြီး ဆိပ်ကမ်းမှာ ဆိုက်ကပ်ဖို့ပင်။ ပင်လယ်က အရမ်းအန္တရာယ်များတယ်၊ ဒီလိုကြီးမားတဲ့ မိကျောင်းမျိုးတောင် ရှိနေတာကိုး။

........

Universal ရုံးခန်းထဲတွင် …

သူဋေး ကုလားထိုင်ပေါ်တွင် လျူယောင် ထိုင်နေပြီး သူ့ရဲ့ခြေထောက်များကို စားပွဲကြီးပေါ်တွင် သက်သောင့်သက်သာ တင်ထားကာ ဖုန်း ထဲမှ သတင်းများကို ကြည့်နေသည်။ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းများကို ခဏကြည့်ပြီးနောက် ဒေသတွင်းသတင်းများကိုပါ သူ ကြည့်ခဲ့သည်။

ရုတ်တရက် ဒေသတွင်းသတင်းတစ်ခုတွင် ဒေသခံငါးဖမ်းသမားများက မီတာ ၁၀၀ နီးပါးရှိသော ကြီးမားတဲ့ မိကျောင်းကြီးတစ်ကောင်ကို ပင်လယ်ရေပြင်ပေါ်မှာ တွေ့ခဲ့ရတယ် ဆိုတဲ့ သတင်းဖော်ပြထားတာကို လျူယောင် တွေ့ရပြီး ဓာတ်ပုံတစ်ပုံလည်း ပါဝင်သည်။

ဓာတ်ပုံအရဆို ဒီ ပင်လယ်ထဲတွင် မိကျောင်းတစ်ကောင် ရှိနေတာသေချာသည် ။ ဒါပေမဲ့ နှိုင်းယှဉ်စရာပြစရာ မရှိတာကြောင့် ဘယ်လောက်ကြီးလဲ ဆိုတာကို ပြောပြရန် ခက်လှသည်။

လျူယောင် အနည်းငယ် အံ့အားသင့်သွားသည်။

" ဘာလား ဒီလောက် ကြီးမားတဲ့ မိကျောင်းတစ်ကောင် တကယ်ရှိလို့လား "

အရှည်က တကယ်ကို မီတာ ၁၀၀ နီးပါးအထိ ရောက်တယ်ဆိုရင် လိပ်ကြီးထက် အများကြီး ပိုကြီးလိမ့်မည်။ ဒီ ဧရာမမိကျောင်းက တန် ၁,၀၀၀ မကျော်ရင်တောင် အနည်းဆုံး တန် ၇၀၀ ၈၀၀ ကျော် လောက်ရှိနေသည်။

ထိုသတင်းအစီရင်ခံစာ ပိုစ့် အောက်တွင် မှတ်ချက်များစွာ ရှိနေသည် ။ အားလုံးနီးပါးက အယ်ဒီတာကို လိမ်လည်ပြောတဲ့အတွက် ဆဲဆိုနေကြကာ ဓာတ်ပုံက တစ်ပုံတည်းရှိနေသည်။ကျန်ဇာတ်လမ်းအားလုံးက အယ်ဒီတာ လိမ်ပြောနေတယ်ဟု ပြောကြသည်။

“ပိုက်ဆံရဖို့အတွက် အောက်ခြေစည်းမရှိတဲ့ သတင်းတည်းဖြတ်သူ....”

“ကိုယ်ပိုင်မီဒီယာက ယုံကြည်လို့မရသေးပါဘူးခင်ဗျားတို့က ဒီလိုသတင်းမျိုးကိုတောင် ထုတ်ဝေရဲတယ်....”

“အယ်ဒီတာရဲ့ ပါးစပ်က စကားထက် ဒီကမ္ဘာပေါ်မှာ သရဲတွေ ရှိတယ်ဆိုတာကို ကျွန်တော် ပိုယုံတယ် ...”

စာတိုများအားလုံးနီးပါးကို လျူယောင် ဖတ်ပြီးနောက် ခပ်ဖွဖွ ပြုံးလိုက်သည်။ ဒီကိစ္စက တစ်စိတ်တစ်ပိုင်း ယုံကြည်လို့ရတယ် လို့ သူ ထင်သည်။တကယ်သာ မရှိရင် အယ်ဒီတာ က ဖန်တီးမည်မဟုတ်ပေ။

ကျယ်ပြန့်တဲ့ သမုဒ္ဒရာတွင် အံ့သြဖွယ်ကောင်းတဲ့ အရာများစွာ ရှိနေသည်။

တန် ၁၀၀ သို့မဟုတ် ၂၀၀ ရှိသော ထူးဆန်း ငါးဖြူကြီးများကိုရော မည်သူက ယုံကြည်မည်နည်း ။ ဒါပေမဲ့ အမှန်တကယ်ရှိနေသည်။

"ဧရာမ သရဲဆံပင်ရေခူရော မရှိဘူးလား"

ထိုသတင်းကို ဖတ်ပြီးနောက် လျူယောင် စိတ်ထဲတွင် စဉ်းစားနေသည်။အဲ့လို ဧရာမမိကျောင်းကြီးနဲ့သာ တွေ့ဆုံပါက ထွက်ပြေးရန်မှတပါး အခြားရွေးချယ်စရာ မရှိပေ။

" အင်း လိပ်ကြီးက သမုဒ္ဒရာထဲတွင် အကြီးဆုံး အကောင် မဟုတ်လောက်သေးဘူးပဲ .... "

လိပ်ကြီးနဲ့ အဆက်အသွယ်မလုပ်တာ ရက်အတော်ကြာပြီဟု တွေးလိုက်မိပြီးနောက် လျူယောင် အိမ်မွေးတိရိစ္ဆာန် ချပ်ပြားကိုဖွင့်ကာ လိပ်ကြီးရဲ့အခြေအနေကို စစ်ဆေးလိုက်သည်။

အိမ်မွေးတိရိစ္ဆာန်အမည် - မျိုးပြောင်းလိပ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု -၁၄၀၂၁

အလေးချိန် - ၂၄၆.၅ တန်

ကျွမ်းကျင်မှုများ - လိပ်ခွံအကာအကွယ် (အဆင့် ၃)

လိပ်အသက်ရှူခြင်း - (အဆင့် ၃)၊ အလွန်ကောင်းမွန်သောအမြင် (အဆင့် ၂)၊ အလွန်ကောင်းမွန်သောအာရုံခံစားမှု (အဆင့် ၂)၊ ပြေးလွှားခြင်း (အဆင့် ၁)

လိပ်ကြီးရဲ့ ကြီးထွားမှု့နှုန်းက မနှေးကွေးတာမို့ လျူယောင် ကျေနပ်မိသည် ။ လိပ်ကြီးက အခု အလေးချိန် ၂၅၀ တန်အထိ ရှိနေပြီးဖြစ်ကာ တစ်နေ့လျှင် အလေးချိန် နှစ်တန်ခန့် တိုးနေသည်။

“ အိုး လိပ်ကြီး မင်းရဲ့ဘဝက ကောင်းမွန်နေတာပဲ..."

“ ဟုတ်တယ် သခင်ရ ကျွန်တော် ဒီကနေတောင် မထွက်ချင်တော့ဘူး...ချောက်ထဲက ထူးဆန်းတဲ့ ငါးဖြူတွေရဲ့ အရသာက တကယ်ကောင်းတယ်ကျွန်တော့်ကို ကြည့်ပါဦး....ကျွန်တော့်...ငါးကြီးအများအပြား သိုလှောင်ထားသေးတယ်....”

ပြင်ပအမြင်အာရုံဖြင့် အခြေအနေကို လျူယောင် ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။ ဂူထဲတွင် ထူးဆန်းတဲ့ ငါးဖြူ နှစ်ကောင် သုံးကောင် ရှိနေပုံရသည်။ ဂူရှေ့ရှိ မြေပြန့်တွင်မူ ဧရာမငါးအရိုးများက အတော်လေးနည်းနေသည်။

လိပ်ကြီးက ဆက်ပြောလိုက်သည်။

“ငါးအရိုးကြီးတွေ အများကြီးက အနှောင့်အယှက်ဖြစ်တယ်လို့ ကျွန်တော် ထင်ခဲ့တာ ဒါကြောင့် သူတို့ကို အမည်မသိ ချောက်နက်ထဲကို တစ်ခုပြီးတစ်ခု ပစ်ချလိုက်တယ်. ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကိုလည်း ကျွန်တော် တွေ့ခဲ့တယ်.... ဒီ ထူးဆန်းငါးဖြူကြီးကို သတ်ပြီးနောက် ဆယ်ရက်ခွဲလောက် ထားရင်တောင် ပုပ်သိုးပျက်စီးမသွားဘူး အတော်လေးကို လတ်ဆတ်နေတုန်းပဲ ဗျ ”

"ဒီလိုအရာမျိုးရှိတယ် လား..."

လျူယောင် အနည်းငယ် အံ့အားသင့်သွားသည်။ဒါပေမဲ့ မကြာခင် သဘောပေါက်သွားသည်။

"ထူးဆန်းတဲ့ ငါးဖြူများက မတူညီတာကြောင့် ဖြစ်နိုင်သည်။ သူတို့ကို သာမန်ငါးများနဲ့ နိူင်းယှဥ်လို့ မရတာကြောင့် ဘ ဆယ်ရက်ခွဲကြာအောင် ပုပ်သိုးပျက်စီးမသွားခြင်းက လက်ခံနိုင်စရာရှိတယ်"

လို့ လျူယောင် တွေးလိုက်သည်။

" လိပ်ကြီးရ ဒီနေ့ ငါ သတင်းတစ်ခုတွေ့ခဲ့တယ်တချို့ငါးဖမ်းသမားတွေက ပစိဖိတ်သမုဒ္ဒရာထဲမှာ အရှည် မီတာ ၁၀၀ နီးပါးနဲ့ အလေးချိန် တန် ၁,၀၀၀ ရှိတဲ့ ဧရာမမိကျောင်းကြီးတစ်ကောင်ကို တွေ့ခဲ့ကြတယ်တဲ့ ”

လျူယောင် အခြေအနေကို အတိုချုပ်ရှင်းပြပြီးနောက် သတိပေးလိုက်သည်။

“မင်း ကိုယ်တိုင်ဂရုစိုက်အုံး... မင်းထက်ကြီးတဲ့ အကောင်ကြီးတစ်ကောင်နဲ့ တွေ့ရင် နိုင်ရင်တိုက် မနိုင်ရင် ထွက်ပြေး အသက် မသေအောင် ဂရုစိုက်ပါ... "

လူတစ်ယောက်နှင့် လိပ်တစ်ကောင်က အချိန်အတော်ကြာအောင် စကားပြောခဲ့ကြသည်။

.....

ကျယ်ပြန့်တဲ့ ပင်လယ်ရေပြင်ပေါ်မှာတော့...

ဧရာမ မိချောင်းကြီးက သင်္ဘောတစ်စင်းရဲ့ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ဘာကြောင့်လဲဆိုတော့ သင်္ဘောက ရေလမ်းကြောင်းမှ သွေဖည်နေတာကြောင့် ဖြစ်နိုင်သည်။

ပင်လယ်ရေပြင်ပေါ်တွင် အရှည် မီတာ ၁၀၀ နီးပါးရှိတဲ့ ဧရာမမိကျောင်းကြီးတစ်ကောင်က အရှိန်အဟုန်ပြင်းစွာ ရေကူးနေသည်။

သူ့ရှေ့တွင် ဝေလငါးများမှ ထုတ်လွှတ်တဲ့ ရေပန်းများကို ရေပြင်ပေါ်မှာ မြင်တွေ့နိုင်တာကြောင့် သိပ်မဝေးတဲ့နေရာတွင် ဝေလငါးအုပ်စုတစ်စု ရှိနေတာ ထင်ရှားနေသည်။

အဝေးမှ ဧရာမအကောင်ကြီးတစ်ကောင်က သူတို့ဆီ ရေကူးလာနေတာကို ထို ဝေလငါးအုပ် တစ်စုလုံးက သတိမထားမိခဲ့ကြပေ။

All Chapters