RB နိုင်ငံမှ ဝေလငါးဖမ်း သ မားများ
Vol. 17 Ch. 253
ဒီ တန် ၁,ဝဝဝ ရှိတဲ့ ဧရာမမိကျောင်းက အလွန်ကြီးမားလှသည်။
ဝေလငါးအုပ်စုက ထိုကြီးမားတဲ့ သတ္တဝါကြီးကို သတိမထားမိသေးပေ ။သူတို့က ပင်လယ်ရေပြင်ပေါ်မှာ ဆက်လက် ကစားနေကြသည်။အချို့က ရေပေါ်တောင် တက်လာပြီးနောက် ရေထဲကိုပြန်လည် ငုံ့ဝင်သွားသည်။
အန္တရာယ်က နီးကပ်နေတာကို သူတို့ မသိကြပေ။
ထိုဧရာမမိကျောင်းက လျင်မြန်စွာ ရေကူးလာပြီး ပိုမို နီးကပ်လာသည်။ နောက်ဆုံးတွင် အန္တရာယ်ကို ခံစားမိသွားကာ ဝေလငါး တစ်အုပ်လုံး စိတ်လှုပ်ရှားသွားကြသည်။
ထို ဝေလငါးများ သူတို့အသက်အတွက် ပြေးလွှားနေကြသည်။
ဧရာမမိကျောင်းရဲ့ အရှိန်က သူတို့ထက် ပို မြန်နေသည်။ သူက ကြီးမားတဲ့ပါးစပ်ကိုဖွင့်ကာ ကြောက်စရာကောင်းတဲ့ ဧရာမသွားများ ပေါ်လာသည်။ ဝေလငါးတစ်ကောင်ကို တစ်ကိုက်တည်း ကိုက်လိုက်ပြီး သွေးထွက်သံယိုမူ့နဲ့ ရက်စက်ကြမ်းကြုတ်သည့် အခြမ်း ကို အပြည့်အဝ ပြသလိုက်သည်။
ဝေလငါးက အလယ်တွင် ကိုက်ဖြတ်ခံလိုက်ရတာကြောင့် ပင်လယ်ရေက အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုဝေလငါးကြီးကို ဧရာမမိကျောင်းက နှစ်ကိုက်တည်းနှင့် မျိုချလိုက်သည်။
မကြာမီတွင် သူက အသက်အတွက် ထွက်ပြေးနေတဲ့ နောက်ထပ်ဝေလငါးတစ်ကောင်ကို ဦးတည်လိုက်ပြီး ချက်ချင်းပင် လိုက်ဖမ်းတော့သည်။
သူ့ရဲ့အရှိန်က အလွန်မြန်တာကြောင့် ဝေလငါးကို တစ်ချက်တည်းနှင့် မှီလိုက်ပြီး ဝေလငါးကို တစ်ကိုက်တည်း နှစ်ပိုင်းခွဲ ပစ်လိုက်သည်။
ဒီနေရာက ဧရာမမိကျောင်းရဲ့ အမဲလိုက်ရာနေရာ ဖြစ်လာပြီး ဝေလငါးများမှာ တစ်ကောင်ပြီးတစ်ကောင် မိကျောင်းရဲ့ ပါးစပ်ကြီးထဲတွင် ကံမကောင်းစွာ မြှုပ်နှံခံလိုက်ကြသည်။
......
RB နိုင်ငံက ဝေလငါးဖမ်းခြင်းကို တစ်ခါမျှ ရပ်တန့်ခြင်းမရှိပေ။ နိုင်ငံတကာအဖွဲ့အစည်းအချို့က နှစ်စဉ် ကန့်ကွက်နေပေမဲ့လည်း RB လူမျိုးများရဲ့ ဝေလငါးဖမ်းလုပ်ငန်းများက မကျဆင်းခဲ့ပေ။
“အိုဟာရာကွန် မြင်းကောင်ရေအားကို မြှင့်လိုက် ငါ တို့ ဝေလငါးတွေ ကျက်စားတဲ့ ရေပြင်ကို ရောက်နေပြီ... ”
“ဟုတ်ကဲ့ ကျွန်တော် မြင်းကောင်ရေအားကို မြှင့်လိုက်ပါ့မယ် နောက် မိနစ်သုံးဆယ်အတွင်း ရှေ့မှာရှိတဲ့ နေရာကို ရောက်ပါတော့မယ်....”
ဝေလငါးဖမ်း သင်္ဘောပေါ်မှ RB လူမျိုးများက ရှေ့တွင် ကြီးမားတဲ့ မိကျောင်းတစ်ကောင် ရှိနေတာကိုမသိကြချေ။ သူတို့က ဦးတည်ရာကို အမြန်ဆုံး ရောက်ချင်ပြီး ဝေလငါးကြီးအချို့ကို သတ်ရန်သာ ရည်ရွယ်ထားသည်။
မိနစ်နှစ်ဆယ် သုံးဆယ်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဝေလငါးကျက်စားတဲ့ပင်လယ်ဧရိယာကို သူတို့ ရောက်ရှိလာကြသည်။
မကြာမီ ဆိုနာ ကို ငါးဖမ်းသင်္ဘောပေါ်မှ ချလိုက်ပြီး ဝေလငါးများရဲ့ လှုပ်ရှားမှု့များကို စောင့်ကြည့်နေသည်။ ယေဘူယျအားဖြင့် ဝေလငါးများက ထူးခြားတဲ့ အသံအမျိုးမျိုးကို ပြုလုပ်တတ်သည်။
အတွေ့အကြုံရှိသူများက ထိုအသံများအပေါ် မူတည်ပြီး ဝေလငါးများရဲ့ တည်နေရာကို ဆုံးဖြတ်နိုင်သည်။အဲ့တာကြောင့်ပင် ဝေလငါးများကို ဖမ်းမိနိုင်ကြသည်။
ဒီတစ်ခေါက်က နည်းနည်း ကွာခြားနေသည်။ ဆိုနာချလိုက်တာနှင့် တပြိုင်နက် လူတစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
" အား ရှေ့မှာ ဘာကောင်ကြီးလဲ....”
လူအများအပြား ရှေ့ပင်လယ်ကို ကြည့်လိုက်ကြရာ မမေ့နိုင်တဲ့ မြင်ကွင်းတစ်ခုက သူတို့ရဲ့ မျက်စိရှေ့တွင် ပေါ်လာသည်။
သိပ်မဝေးတဲ့ ရေပြင်ပေါ်တွင် ဧရာမမိကျောင်းတစ်ကောင်က မီတာ ၂၀ ကျော်ရှည်တဲ့ ဝေလငါးကြီးတစ်ကောင်ကို အမဲလိုက်နေသည်။
သူက တစ်ကိုက်တည်းနဲ့ ဝေလငါးရဲ့ ခေါင်းကို ဖြတ်ပစ်လုနီးပါးဖြစ်စေပြီး အကိုက်အနည်းငယ်အတွင်း မျိုချလိုက်ရာ ရေထဲတွင်သွေး များ ရဲတောက်ကုန်သည်။
ဒီကောင်ကြီးက အကိုက် အနည်းငယ်အတွင်းမှာပင် ဝေလငါးကို အကုန် စားပစ်လိုက်သည်။ ငါးဖမ်းသင်္ဘောပေါ်မှ လူများ အံ့ဩ မှင်သက်သွားကြပြီး သူတို့ရဲ့ စိတ်ထဲမှ အော်ဟစ်လိုက်ကြသည် ။
“ ဘုရားရေ ဒီကောင်က တန် ၁၀၀ဝ ကျော်တဲ့ ငါးမန်းကြီးပဲ..."
လူတစ်ယောက်က နောက်ဆုံးတွင် သတိဝင်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“မြန်မြန် မြန်မြန် ငါတို့ ဒီကနေ ချက်ချင်းထွက် သွားရမယ် ”
ကျန်တဲ့ သူများကလည်း နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ အားလုံး ကြောက်အားလန့်အားနဲ့ ဖြစ်နေရာ ဝေလငါးဖမ်းသင်္ဘောက ခဏတာ ရေပြင်ပေါ် ယိုင်ထိုးနေသည်။
" မြန်မြန် လုပ်ကြပါ..ဟ "
ဝေလငါးဖမ်းသင်္ဘောပေါ်က တချို့လူများက ကြောက်လန့်ပြီး သေးထွက်လုနီးပါးဖြစ်နေသည်။အချို့လူများကတော့ သတိရှိနေသေးသည်။ သူတို့ လုပ်နိုင်တာက အရှိန်အပြည့် မောင်းနှင်ပြီး ထွက်ပြေးရန် ပြင်ဆင်ခြင်းပင်ဖြစ်သည်။
သူတို့ရဲ့အရှိန်က ထိုဧရာမမိကျောင်းနှင့် ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း ။ တနတမိကျောင်းကြီးရဲ့ အမြန်လိုက်ဖမ်းခြင်းကို သူတို့ ခံနေရသည်။
ထို ဧရာမမိကျောင်းက ပါးစပ်ကို ဟကာ ဝေလငါးဖမ်း သင်္ဘောကို ကိုက်ချလိုက်သည်။ ကြီးမားတဲ့ ကိုက်အားနဲ့ ငါးဖမ်း သင်္ဘောရဲ့ နောက်ပိုင်း ကို ချက်ချင်းကိုက်ဖြတ်လိုက်သည်။
သင်္ဘောရဲ့နောက်ပိုင်းတစ်ခုလုံးက ဖရိုဖရဲဖြစ်သွားပြီး ပင်လယ်ရေအများအပြားလည်း သင်္ဘောထဲကို ဝင်လာသည်။
“ပြီးပြီ ပြီးပြီ ငါတို့တော့ သွားပြီ "
ငါးဖမ်း သင်္ဘောပေါ်မှ လူများ စိတ်ပျက်အားငယ်နေကြသည်။
ဝေလငါးဖမ်းသင်္ဘောရဲ့ ကပ္ပတိန်ဖြစ်သူ နာအိုတို တစ်ယောက်တည်းကသာ ခုခံလိုပုံရသည် ။ သူက ဝေလငါးဖမ်းရာတွင် အသုံးပြုတဲ့ ကြီးမားတဲ့ လှံကြီးဖြင့် ဧရာမမိကျောင်းကို ပစ်မှတ်ထားလိုက်သည်။
ဝေလငါးဖမ်းလှံမျိုးက အလွန် ကြီးမားလှသည်။လှံထိပ်က အလွန်ချွန်ထက်ပြီး ငါးမျှားချိတ်များလည်း ပါသည် ။ သူတို့ ယခင်က ဒါကို ဝေလငါးဖမ်းရာတွင် အသုံးပြုခဲ့တာပဲ ဖြစ်သည်။
ကပ္ပတိန် နာအိုတို က ဝေလငါးဖမ်း သေနတ်ကို အဆုံးထိဆွဲတင်လိုက်သည် ။သူက ဧရာမမိကျောင်းကို ပစ်မှတ်ထားပြီး ပြင်းထန်စွာ ပစ်လိုက်သည်။
“ဒုန်း “
ဧရာမမိကျောင်းခန္ဓာကိုယ်ပေါ်မှ အကြေးခွံကြီးများက ပိတ်ဆို့ထားတာကြောင့် ချွန်ထက်တဲ့ ဝေလငါးဖမ်းလှံက အတွင်းကို ဝင်မသွားနိုင်ပဲ အများဆုံး အဖြူရောင် အမှတ်အသားတစ်ခုသာ ကျန်ခဲ့သည်။
“အာမာတာရာဆု နတ်မင်း ဒါက အကြီးဆုံး ဝေလငါးဖမ်းသေနတ်ပဲလေ ...”
ရုတ်တရက်ဆိုသလို ကပ္ပတိန်နာအိုတို အမှန်တကယ် စိတ်ပျက်အားငယ်သွားသည်။
ထိုဧရာမမိကျောင်းက ပိုမို ကြမ်းတမ်းလာပြီး ကြီးမားတဲ့ အမြီးဖြင့် ရိုက်လိုက်သည်။သင်္ဘောမှာ ပြင်းထန်တဲ့ ရိုက်အားကြောင့် လုံးဝနီးပါး ရိုက်လှဲ ခံလိုက်ရသည်။
မိကျောင်းက ကြီးမားတဲ့ပါးစပ်ဖြင့် နောက်တစ်ကြိမ် ကိုက်လိုက်ရာ ဝေလငါးဖမ်းသင်္ဘောမှာ အလယ်တွင် ကိုက်ဖြတ်ခံရ လုနီးပါးဖြစ်နေပြီး ပျက်စီးသွားတဲ့နေရာမှ ပင်လယ်ရေ အများအပြား စီးဝင် လာခဲ့သည်။
ငါးဖမ်းသမား အများအပြား ပင်လယ်ရေထဲကို တိုက်ရိုက်ပြုတ်ကျသွားပြီး ကြောက်လန့်တကြား ပင်လယ်ရေပြင်ပေါ်တွင် ယက်ကန်ယက်ကန် နဲ့ရေကူးနေကြသည်။
ထိုဧရာမမိကျောင်းက လုံးဝယဉ်ကျေးမှု့မရှိဘဲ ရေထဲကို ကျသွားတဲ့ ငါးဖမ်းသမားများကို တစ်ယောက်ပြီးတစ်ယောက် မျိုချလိုက်သည်။
ဝေလ ငါးဖမ်း သင်္ဘောကတော့ ပင်လယ်ထဲတွင် နစ်မြုပ်နေပြီး သုံးပုံ တစ်ပုံသာ ရေပေါ်တွင် ကျန်တော့သည်။
ကပ္ပတိန်နာအိုတိုက ကြောက်လန့်နေတဲ့ မျက်နှာဖြင့် သင်္ဘောရဲ့လက်ရန်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။ကံကောင်းတာကြောင့် သူက ပင်လယ်ထဲ ပြုတ်မကျခဲ့ပေ။
အခြားသူများကတော့ ကံကောင်းခြင်းမရှိပဲ ပင်လယ်အောက်ခြေကို နစ်မြုပ်သွားခြင်း(သို့)ဧရာမမိကျောင်းရဲ့ ဗိုက်ထဲတွင် မြှုပ်နှံခံလိုက်ရသည်။
ဧရာမမိကျောင်းကြီး ထွက်ခွာသွားပြီး လုံးဝမမြင်ရတော့ကြောင်း သေချာမှ ကပ္ပတိန် နာအိုတို အသက်ကယ်အင်္ကျီ တစ်ထည်ကို ကြောက်လန့်တကြား ဝတ်ဆင်လိုက်သည်။ ဂြိုဟ်တုဖုန်းက အလုပ်လုပ်နေသေးတာကို မြင်တဲ့အခါ အကူအညီတောင်းခံရန် သူ အမြန် ဖုန်းခေါ်လိုက်သည်။
သူ ထိုသို့ ပြုလုပ်ပြီးနောက် ဝေလငါးဖမ်းသင်္ဘောက ပိုမို ဆိုးရွားစွာ နစ်မြုပ်သွားသည်။
သူ နောက်ထပ် အသက်ကယ်ဖော့ကွင်းတစ်ကွင်းကို ရှာတွေ့ပြီးနောက် ပင်လယ်ထဲ ခုန်ဆင်းကာ ကယ်ဆယ်ရေးများ ရောက်လာမှာကို စောင့်ဆိုင်းနေသည်။
.....
ဟွာဟိုင်းမြို့....
လျူယောင်နှင့် ဟူဂျွန်းရှီ တို့က နေ့လယ်စာ စားနေရင်း ပေါ့ပေါ့ပါးပါး စကားပြောဖြစ်ကြသည်။
ဥပမာအားဖြင့်Universal အဆောက်အအုံတည်ဆောက်တာ တိုးတက်မှု့၊ ဝန်ထမ်းအိမ်ရာအဆောက်အအုံတည်ဆောက်မှု့နှင့် ကြီးမားတဲ့ရေနံတင်သင်္ဘောအချို့ရဲ့ အခြေအနေများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ထိုအရာများအကြောင်း ဆွေးနွေးပြီးနောက် ဟူဂျွန်းရှီက မတော်တဆ သတင်းတစ်ခုအကြောင်း ပြောလိုက်သည်။
“အစ်ကိုယောင် ကျွန်တော် ဒီနေ့ ဖုန်းထဲမှာ ပြည်ပသတင်းတစ်ခု တွေ့ခဲ့တယ်...RB နိုင်ငံက ဝေလငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်သွားတယ်တဲ့ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူရဲ့ ပြောစကားအရ သူတို့ အသတ်ခံလိုက်ရတာက မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်းကြီးတစ်ကောင်ရဲ့ တိုက်ခိုက်မှု့ကြောင့်တဲ့ အကို ”
ဟူဂျွန်းရှီ စကားဆုံးသွားပြီးနောက် လျူယောင် ပြုံးကာ ခေါင်းခါလိုက်သည်။