← Chapters

ဖတ်စ် ကုမ္ပဏီ အခြေစိုက် စခန်း

Vol. 17 Ch. 254

ဖတ်စ် ကုမ္ပဏီ အခြေစိုက် စခန်း

Vol. 17 Ch. 254

လျူယောင့်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာကို ဟူဂျွန်းရှီ သတိပြုမိပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“အစ်ကိုယောင် ဘာဖြစ်လို့လဲ...."

လျူယောင် သက်ပြင်းချကာ ရှင်းပြ လိုက်သည်။

“အင်း ရိုးရိုးသားသားပြောရရင် ငါ လွန်ခဲ့တဲ့ နှစ်ရက်က သတင်းတစ်ခု ဖတ်ခဲ့ရတယ်...”

သတင်းအစီရင်ခံစာမှာ ပါတဲ့ အကြောင်း အရာကို လျူယောင် အတိုချုပ်ရှင်း ပြပြီးနောက် ပြောလိုက်သည် ။

“ဧရာမမိကျောင်း အကြောင်း ဆက်တိုက်ထွက်လာတဲ့ သတင်းနှစ်ခုစလုံးက အရှည် မီတာ ၁၀၀ ရှိတယ်တဲ့ ဒါဟာ မိကျောင်းတစ်ကောင်တည်း ဖြစ်ဖို့များတယ် ဒီသတင်းတွေက မှန်တယ်လို့ ငါ ထင်တယ် ”

“ဘာ ...”

ဟူဂျွန်းရှီ အံ့အားသင့်သွားပြီး အချိန်အတော်ကြာတဲ့ အထိ သတိမဝင်နိုင်ခဲ့ပေ။

“အစ်ကိုယောင် တကယ်ပဲ ဒီလောက်ကြီးမားတဲ့ မိကျောင်းကြီး ကမ္ဘာပေါ်မှာ ရှိလို့လား...”

“ရှိနိုင်တယ်လို့ ငါ ထင်တယ် ”

“ဒီလောက်ကြီးတဲ့ မိကျောင်းကြီး တကယ်ရှိနိုင်တာပေါ့ ဘုရားရေ... ”

ဟူဂျွန်းရှီ နောက်တစ်ကြိမ် အံ့အားသင့်သွားပြီးနောက် စိုးရိမ်တကြီး သတိပေးလိုက်သည် ။

“ အကိုယောင် ကျွန်တော်တို့ရဲ့ သင်္ဘောတွေက ပစိဖိတ်သမုဒ္ဒရာထဲမှာ မကြာခဏ ရွက်လွှင့်နေရတာ ဒီလိုကြီးမားတဲ့ မိကျောင်းကြီးနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ...”

လျူယောင် ခန စဥ်းစားကာ ပြန်ပြောလိုက်သည်။

“ပစိဖိတ်သမုဒ္ဒရာက အရမ်းကြီးပြီး ကျယ်ပြန့်တယ် ဒါကြောင့် တွေ့ဆုံဖို့ အခွင့်အရေးက နည်းလိမ့်မယ်လို့ ထင်ပါတယ် တွေ့ရင်တောင် ငါတို့ရဲ့ သင်္ဘောတွေက သင်္ဘောကြီးတွေချည်းပဲ အနည်းဆုံး တန်ချိန် ၁ သိန်းကျော်တွေ ဒါကြောင့် အန္တရာယ်က သိပ်မများ​​ လောက်ပါဘူး ...“

ဒီ စကားကို ကြားတဲ့အခါ ဟူဂျွန်းရှီ စိတ်သက်သာရာ ရသွားသည်။

ဒီ​လောက် ကြီးမားတဲ့ မိကျောင်းက ဘယ် သင်္ဘောအတွက်မဆို အန္တရာယ်တစ်ခု ဖြစ်နိုင်သည်။ တန် ၁၀,၀၀၀ သင်္ဘောက ကြီးမားပေမဲ့ ကိုယ်ထည်က စစ်သင်္ဘောလောက် မထူပေ။

ထိုဧရာမမိကျောင်းက သင်္ဘောကိုယ်ထည်ကို ချိုးဖျက်နိုင် လောက်မည်။တကယ်လို့ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားပြီး ရေတွေ ဝင်လာပါက ကောင်းတဲ့ အရာမဟုတ်တာ သေချာသည်။

“ဘုရားသခင် စောင့်ရှောက်တော်မူပါ ကျွန်တော်တို့ရဲ့ သင်္ဘောတွေ ဒီဧရာမမိကျောင်းနဲ့ မတွေ့ပါစေနဲ့..”

ဟူဂျွန်းရှီ စိတ်ထဲကနေ ဆုတောင်းလိုက်သည်။

......

ကျယ်ပြန့်တဲ့ ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ဧရာမမိကျောင်းက ဦးတည်ရာတစ်ခုကို ရေကူးသွား နေသည်။အဲ့နေရာက ပစိဖိတ်သမုဒ္ဒရာရဲ့ အနက်ပိုင်းတွင် ရှိပြီး ယန်နိုင်ငံကုန်းမြေ ( သို့) RB ကျွန်းမှ ရေမိုင်ထောင်ချီ ဝေးပေသည်။

ဧရာမမိကျောင်းရဲ့ ရေကူးနှုန်းက မနှေးပေ ။ သာမန်လှေများထက် အများကြီး ပိုမြန်သည်။ နာရီအနည်းငယ်ကြာ ကူးပြီးနောက် ကျွန်းတစ်ခုက သူ့ရဲ့ ရှေ့တွင် ပေါ်လာသည်။

ကျွန်းရဲ့ အရွယ်အစားက မသေးလှပေ ။ အမြင်အာရုံအရ အနည်းဆုံး စတုရန်းကီလိုမီတာ များစွာ ရှိလောက်မည်။ အံ့အားသင့်စရာ ကောင်းတာက ထို ကျွန်းပေါ်တွင် လူလုပ် အဆောက်အအုံများ ရှိနေခြင်းပင် ဖြစ်သည်။

အဆောက်အအုံတစ်ခုလုံးကို သံဆူးကြိုးများဖြင့် ဖုံးအုပ်ထားကာ မြင့်မားတဲ့ နံရံများဖြင့် ကာကွယ်ထားပြီး စောင့်ကြည့်ကင်မရာများကိုလည်း တပ်ဆင်ထားသည်။

ဂိတ်တွင် လက်နက်အပြည့်အစုံ သန်မာတဲ့ အမျိုးသားလေးဦး ရပ်နေသည်။သူတို့က လုံခြုံရေးကုမ္ပဏီမှ အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

ဂိတ်တွင်ဖြစ်စေ အဆောက်အအုံတိုင်းတွင်ဖြစ်စေ Fast ကုမ္ပဏီ ဆိုတဲ့ လိုဂိုက အလွန်မျက်စိပသာဒ ဖြစ်စရာ ကောင်းလှသည်။

Fast ကုမ္ပဏီ ဆိုတာက လူသိများ ထင်ရှားပြီး ခိုင်မာတဲ့ ငွေကြေးနဲ့ ခွန်အား ရှိရုံသာမကဘဲ နာမည်ကြီး ထိပ်တန်းသိပ္ပံပညာရှင် အများအပြားကိုလည်း စုစည်းထားသည်။ အထူးသဖြင့် သူတို့ရဲ့ မျိုးရိုးဗီဇပြောင်း နည်းပညာမှာ ကမ္ဘာ့ထိပ်တန်းနေရာတွင် ရှိသည်။

ဒီဟာက Fast ကုမ္ပဏီ ရဲ့ လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုဖြစ်တာ ရှင်းလင်းနေသည် ။ လုံခြုံရေးကိုလည်း အလွန်တင်းကျပ်ထားသည်။

အမြင့်ဆုံး အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်တွင် အမျိုးသားအချို့က မှန်ဘီလူးများဖြင့် အဝေးရှိ ပင်လယ်ရေပြင်ကို ကြည့်နေကြသည်။

ကုတ်အ​ဖြူဝတ်ထားတဲ့ ပညာရှင် ​ အမျိုးသားတစ်ဦးက လှမ်းအော် ပြောလိုက်သည် ။

“ဟေး နံပါတ် ၁ ကို ကျွန်တော် မြင်နေရပြီ ...”

“ငါ လည်း မြင်ရတယ် အရမ်းကောင်းတာပဲ တကယ်ပဲ ငါတို့ရဲ့ ညွှန်ကြားချက်အတိုင်း ပြန်လာတာပဲ...”

“ဒါက လူ့သမိုင်းမှာ အကြီးမြတ်ဆုံး ရှေ့ဆောင်လုပ်ငန်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ် “

ထိုအမျိုးသားများက အလွန်ပျော်ရွှင်နေပုံရသည် ။ မှန်ဘီလူးများကို ကိုင်ထားပြီး အဝေးရှိ ပင်လယ်ပေါ်မှ ဧရာမမိကျောင်းကို ကြည့်နေကြသည်။

ဧရာမမိကျောင်းရဲ့ ရေကူးနှုန်းက တဖြည်းဖြည်း နှေးကွေးလာသည်။ ကျွန်းငယ်လေးမှ မီတာလေးငါးရာခန့်သာ ဝေးတဲ့အခါ၊ မိကျောင်းကြီးက ရေမျက်နှာပြင်ပေါ်တွင် ရေကူးနေရာမှ အောက်ဘက်သို့ ငုတ်ဆင်းသွားသည်။

ရေအောက် မီတာ ၁၀၀ ခန့်တွင် သူ့ရှေ့မှာ ကြီးမားတဲ့ အပေါက်တစ်ခု ပေါ်လာသည်။ ထိုကြီးမားတဲ့ အပေါက်မှတစ်ဆင့် ရေကူးဝင် လာခဲ့သည်။

ဒါဟာ လူလုပ်တူးဖော်ထားတဲ့ အပေါက်တစ်ခုဖြစ်ပြီး အပေါက်ရဲ့နံရံမှာ လူလုပ်အမှတ်အသားတွေ ရှင်းရှင်းလင်းလင်း ရှိနေသည်။

ရေအောက်တွင် ထိုကဲ့သို့ ကြီးမားပြီး ရှည်လျားတဲ့ အပေါက်တစ်ခုကို တူးထားခြင်းမှာ ကုန်ကျစရိတ်များစွာ ကျမှာ သေချာပေသည်။Fast ကုမ္ပဏီက တကယ့်ကို ငွေအများကြီး ရင်းနှီးမြှုပ်နှံထားပုံရ သည်။

ဧရာမမိကျောင်းက ဂူထဲရှိ ရေထဲမှ သူ့ခေါင်းကို ထုတ်လိုက်ပြီးနောက် တွားသွားလာ​နေသည်။ အတွင်းတွင် ဧရာမဂူကြီးရှိသည်။ ထိုဂူဧရိယာက အနည်းဆုံး ဘောလုံးကွင်း သုံးကွင်း လေးကွင်းစာရှိပြီး အမြင့်မှာ မီတာ ၁၀၀ ကျော်ရှိသည်။

ဒါဟာ မူလက သဘာဝဂူကြီးတစ်ခုဖြစ်ပြီး Fast ကုမ္ပဏီ က သဘာဝဂူကို ပြန်လည် တည်ဆောက်ထားခြင်းဖြစ်သည်။

ဂူထဲတွင် မီးလုံးအများအပြားကို တပ်ဆင်ထားတာကြောင့်အမြဲလင်းထိန်နေသည် ။ဒါ့ အပြင် အဆောက်အအုံ များလည်း ရှိသည်၊ ကျွန်းကနေ မြေပြင်ကို ဦးတည်နေတဲ့ ဓာတ်လှေကားနှစ်စင်းလည်း ရှိပေသည်။

ဓာတ်လှေကားတစ်စင်းမှ လူအုပ်စုတစ်စု ထွက်လာခဲ့သည်။အပေါ်ဆုံးထပ်တွင် လက်နက်အပြည့်အစုံနဲ့ သန်မာတဲ့ အမျိုးသားများ က တန်းစီရပ်နေကြသည်။ ထို့အပြင် အဖြူရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားတဲ့ Fast ကုမ္ပဏီ က မျိုးရိုးဗီဇပြောင်း သိပ္ပံပညာရှင်များလည်း ရှိနေသည်။

ဧရာမမိကျောင်းက ကြီးမားတဲ့ဂူထဲကို ဝင်လာပြီးနောက် သိပ္ပံပညာရှင်တစ်ဦးက လက်ပ်တော့တစ်လုံးပေါ်တွင် စာရိုက်နေသည် ။

Code စာရင်းအရှည်ကြီးကို ရိုက်ထည့်ပြီးနောက် ထို ဧရာမမိကျောင်းက လျင်မြန်စွာ အိပ်ပျော်သွားသည်။

ချက်ချင်းပင် ဝန်ထမ်းများက မိကျောင်းကြီးကို တိုင်းတာရန် ရောက်လာကြသည်။

တိုင်းတာမှုအချို့ ပြုလုပ်ပြီးနောက် သူတို့ အားလုံး ကျေနပ် နေ ကြသည်။ အထူးသဖြင့် ဦးဆောင်သူ သိပ္ပံပညာရှင်ရမ်စကော့က အလွန်ကျေနပ်​နေပြီး သူက ကျယ်လောင်စွာနဲ့ ပြောလိုက်သည်။

“လူကြီးမင်းတို့ ဒါက သိပ္ပံပညာမှာ အံ့ဖွယ်တစ်ခုပါပဲ ကျွန်တော်တို့ရဲ့ နံပါတ် ၁ က အများကြီး ကြီးလာခဲ့ပြီ..."

သူ့ဘေးမှာရှိတဲ့ အဖြူရောင်ကုတ်အင်္ကျီဝတ်ထားတဲ့ သိပ္ပံပညာရှင်တစ်ဦးကလည်း ဝင်ပြောလိုက်သည်။

“မစ္စတာရမ်စကော့ ကျွန်တော်တို့က သူ့ရဲ့ မျိုးရိုးဗီဇ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့ပြီးပြီ သီအိုရီအရ သူက အဆုံးမရှိ ကြီးထွားနိုင်ပြီး မီတာ ၂၀၀ မီတာ ၃၀၀ အထိတောင် ရောက်နိုင်ပါတယ်..."

ရမ်စကော့က ကျေနပ်စွာ ပြန်ပြောလိုက်သည်။

“ ကောင်းတယ် ဒါက ပြီးပြည့်စုံတယ် တစ်ခုတည်းသော စိတ်မကောင်းစရာက ကြီးထွားနှုန်း နည်းနည်းနှေးတာပဲ ငါးနှစ် လောက်ကြာနေပေမဲ့ ဒီကောင်က မီတာ ၁၀၀ အရှည်ပဲ ရောက်သေးတယ်....”

“ကျွန်တော်တို့က နံပါတ် ၁ အတွက် သင့်လျော်တဲ့ မျိုးရိုးဗီဇပြောင်းဆေးကို တီထွင်နေပါတယ်အောင်မြင်တာနဲ့ သူ့ရဲ့ ကြီးထွားနှုန်းကို များစွာတိုးမြှင့်ပေးနိုင် ပါလိမ့်မာ်....”

“ကောင်းပြီ ဒီမျိုးရိုးဗီဇဆေးကို တတ်နိုင်သမျှ မြန်မြန် တီထွင်နိုင်မယ်လို့ ငါ မျှော်လင့်တယ် သုတေသနရန်ပုံငွေ မလုံလောက်ရင် အလုပ်ရှင်ဆီကနေ ခင်ဗျားတို့အတွက် လျှောက်ထားပေးပါ့မယ်....”

သူတို့အားလုံး စိတ်ကောင်းဝင်နေပုံရသည်။

Fast ကုမ္ပဏီက လူအင်အားနှင့် ပစ္စည်းအင်အား အများအပြားကို အသုံးပြုခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် မျိုးရိုးဗီဇပြောင်းဆေးနဲ့ သိပ္ပံနည်းပညာမှတစ်ဆင့် သူတို့ရဲ့ ထိန်းချုပ်မှု့ အောက်တွင် စူပါသမုဒ္ဒရာ ဘီလူးတစ်ကောင်ကို ဖန်တီးခဲ့ပြီး သမုဒ္ဒရာကို လွှမ်းမိုးနိုင်ရန် ရည်ရွယ်ထားသည်။

“ ဟေး ဟိုမှာ မိကျောင်းရဲ့ ကျောဘက်က အတိုက်ခံထားရတာ ထင်တယ်”

ရုတ်တရက် လူတစ်ယောက်က အော် ပြောလိုက်သည်။

လူအုပ်စုတစ်စုက ချက်ချင်း မိ​ ကျောင်းကို ဝန်းရံလိုက်ကြသည်။ တကယ်ပင် ဧရာမမိကျောင်းရဲ့ ကျောဘက်တွင် တိုက်ခိုက်ခံရတဲ့ ဒဏ်ရာရှိနေသည်။

လက်ဖဝါးစာထက် ပိုကြီးတဲ့ အဖြူရောင် ဒဏ်ရာ တစ်ခု ရှိနေသည်။

သူတို့အုပ်စု အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် ခေါင်းဆောင် ရမ်စကော့က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“ဟားဟား လူကြီးမင်းတို့ ဒါက ကောင်းတဲ့အရာပဲ ကျွန်တော်တို့ရဲ့ နံပါတ် ၁ က အတိုက်ခိုက်ခံရပြီး အဖြူရောင် အမှတ်အသားတစ်ခုသာ ကျန်ခဲ့တယ် ဒါက သူ့ရဲ့ ခုခံမှု့က အရမ်းမာတယ်ဆိုတာ ပြသနေတယ် ”

“ဟုတ်တယ် ဒါက ဆိုးတဲ့အရာမဟုတ် ပါဘူး…”

ဧရာမမိကျောင်းက ဘာကြောင့် အတိုက်ခံရ လဲဆိုတာကို သူတို့ မစဉ်းစား ခဲ့ကြပေ။ ဒီ မိကျောင်းက ဝေလငါးဖမ်း သင်္ဘော ကို အကြမ်းဖက်တိုက်ခိုက်ပြီး လူ ၂၀ ကျော် သတ်ဖြတ်ခဲ့တာကိုလည်း သူတို့ သိပုံ မရပေ။

...

All Chapters