← Chapters

" ရှီနမ် "သင်္ဘော တိုက်ခိုက်ခံ ရခြင်း

Vol. 17 Ch. 255

" ရှီနမ် "သင်္ဘော တိုက်ခိုက်ခံ ရခြင်း

Vol. 17 Ch. 255

လူ့အသက်ပေါင်း နှစ်ဆယ်လောက်က ဒီလူအုပ်စုရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်တာ ဖြစ်နိုင်လောက်သည်။သူတို့ စီမံကိန်း ဖြစ်တဲ့ ဧရာမမိကျောင်းက သာ အရေးကြီးဆုံး ဖြစ်လောက်မည်။

ထို့နောက် သူတို့ အလုပ်များသွားကြသည် ။ ဧရာမမိကျောင်းရဲ့ ခေါင်းထဲမှ ဇီဝ ချစ်ပ်ပြားကို ထပ်မံစစ်ဆေးကာ ပြုပြင်ခြင်း အပါအဝင် လုပ်ငန်းများစွာကို လုပ်ဆောင်ခဲ့သည်။

သူတို့နဲ့ မဝေးတဲ့နေရာတွင် နောက်ထပ် ဧရာမမိကျောင်းတစ်ကောင် ဝမ်းလျားမှောက်နေသည်။ ခုနကမိကျောင်းထက် အနည်းငယ်သာ သေးကာ အရှည် ခုနှစ်ဆယ် မီ​တာ ခန့်ရှိပြီး အလေးချိန်က အနည်းဆုံး တန်ငါးရာမှ ခြောက်ရာ ရှိသည်။

ရမ်စကော့က ဘေးနားမှ လူများအား ညွှန်ကြားလိုက်သည်။

“ငါ တို့ရဲ့ နံပါတ် ၁ က ကောင်းကောင်းလုပ်နိုင်ခဲ့ပြီ ငါ တို့ရဲ့ နံပါတ် ၂ ကိုလည်း အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ခိုင်းသင့်ပြီ...မင်းတို့ ဘယ်လို သဘောရလဲ....”

သိပ္ပံပညာရှင် တစ်ယောက်က ခေါင်းခါကာ တားလိုက်သည်။

“အကြီးအကဲ နံပါတ် ၂ ရဲ့ တန်ချိန်နဲ့ အရွယ်အစားက နံပါတ် ၁ ထက် သေးပါတယ် နောက်ထပ် တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ခွဲလောက် ထပ်ထားသင့်ပါ့တယ်..."

“ဟုတ်တယ် နောက်ထပ် အန္တရာယ်ရှိမှာကို ကျွန်တော်တို့ စိုးရိမ်နေတယ် လွှတ်လိုက်ရင်တောင် ရေမိုင် ရာနဲ့ချီတဲ့ အကွာအဝေးအတွင်းမှာပဲ ထိန်းထားဖို့ ကြိုးစားရမယ် ”

ရမ်စကော့က ယုံကြည်မှု့ အပြည့်ရှိနေသည်။

“ဒီလောက်တောင် ကြီးနေပြီဆိုတော့ အန္တရာယ် မရှိပါဘူး...ဒီကောင့်ကို လွှတ်ပေးလိုက်ရင် ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးက သူ့ရဲ့ နယ်ပယ် ဖြစ်လာလိမ့်မယ်....”

သူက ဒီနေရာရဲ့ တာဝန်ခံပဲ ဖြစ်သည်။ သူ ဒီလို ပြောတာနဲ့ အခြားသူများက ကန့်ကွက်ဖို့ အသုံးမဝင်တော့ပေ။

မကြာမီ သိပ္ပံပညာရှင်အဖွဲ့တစ်စုက အလုပ်များသွားကြပြီး နံပါတ် ၂ ကို စစ်ဆေးမှု့များစွာ ပြုလုပ်ခဲ့ကြသည်။

အရာအားလုံး ပြီးသွားပြီးနောက် နံပါတ် ၂ ကို တာဝန်ယူထားတဲ့ အကြီးတန်းသိပ္ပံပညာရှင်က ကွန်ပျူတာရှေ့တွင် အလုပ်များနေပြီး ကျန်လူများက ဘေးမှာရှောင်နေကာ လုံခြုံတဲ့အကွာအဝေး မှာ စောင့်ကြည့်နေကြသည်။

ထိုပညာရှင်က ကွန်ပျူတာရှေ့တွင် အလုပ်များပြီးနောက် နိုးထ ကုဒ်အမိန့်ကို ကွန်ပျူတာတွင် ထည့်သွင်းလိုက်သည်။ တဖြည်းဖြည်းနှင့် မီတာခုနစ်ဆယ်ကျော်ရှည်တဲ့ ဧရာမမိကျောင်းက နိုးထလာခဲ့သည်။

မိကျောင်းကြီးက အစပိုင်းတွင် မျက်လုံးဖွင့်ကြည့်ပြီး မလှုပ်မယှက် ရှိနေသည်။ အချိန်အတော်ကြာ အိပ်ပျော်နေရာမှ ရုတ်တရက် နိုးလာတာကြောင့် တစ်ကိုယ်လုံး မူးဝေနေပုံရပြီး ဖြည်းဖြည်းချင်း အကျင့်လုပ် ရ အုံးမည်။

နှစ်မိနစ် သုံးမိနစ်ခန့်ကြာပြီးနောက် မိကျောင်းကြီးက ခန္ဓာကိုယ် နဲ့ သဟဇာတဖြစ်သွားသည်။ သူ့ရဲ့ဦးနှောက်ထဲရှိ ဇီဝချစ်ပ်ပြားရဲ့ ညွှန်ကြားချက်အတိုင်း မိကျောင်းကြီးက လှည့်ပတ်ပြီးနောက် ကြီးမားတဲ့ ရေလမ်းကြောင်းအတိုင်း အပြင်ဘက်သို့ ကူးထွက်သွားသည်။

ရေလမ်းကြောင်းက အောက်ဘက်သို့ တဖြည်းဖြည်း စောင်းသွားပြီး မီတာရာဂဏန်းခန့်ကြာပြီးနောက် ဖြောင့်တန်းသွားသည်။ ဧရာမမိကျောင်းက ထို ရေလမ်းကြောင်းအတိုင်း ပင်လယ်ထဲကို ဝင်ရောက်သွားသည်။

ပင်လယ်ထဲ ဝင်ရောက်သွားတာ နဲ့တပြိုင်နက် အရှေ့ကို လျင်မြန်စွာ ရေကူးသွားပေမဲ့ သူက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်သာ ကူးနိုင်သေးသည်။

မိကျောင်းကြီးက ရေနက်ပိုင်းတွင် ကြီးမားတဲ့ဖိအားကို မခုခံနိုင်ခြင်း သို့ အချို့အချက်ပြများကို ပြန်လည် ပေးပို့ရန် ဖြစ်နိုင်ချေ ရှိမရှိ မသိရသေးပေ။

ရမ်စကော့က သူ့ရုံးခန်းတွင် ကော်ဖီတစ်ခွက် ဖျော်ပြီးနောက် ရုံးခန်း နံရံမှ ကြီးမားတဲ့ စခရင်ကို ကြည့်လိုက်သည်။

စခရင်ပေါ်တွင် ကြီးမားတဲ့ ကမ္ဘာ့မြေပုံတစ်ခု ရှိနေပြီး ထိုမြေပုံပေါ်တွင် တောက်ပတဲ့ အစက်တစ်စက် ရှိနေသည်။ ဒါက ဧရာမ မိကျောင်း နံပါတ် ၂ ရဲ့ တည်နေရာကို ကိုယ်စားပြုပေသည်။

.........

ကျယ်ပြန့်တဲ့ ပင်လယ်ရေပြင်ပေါ်တွင် ကြီးမားတဲ့ သံရိုင်းကုန်တင်သင်္ဘောကြီးတစ်စင်း ရွက်လွှင့်နေသည်။အဲ့ဒါက Universal ရဲ့ တန်ချိန် ၁၀၀,၀၀. အလေးချိန် ရှိတဲ့ ရှိီနမ် သံရိုင်းတင်သင်္ဘော ပဲ ဖြစ်သည်။

၁၀ တန် ကျော်ရှိတဲ့ အရည်အသွေးမြင့် သံရိုင်းများ အပြည့်တင်ဆောင်ထားကာ ယန်နိုင်ငံ သို့ ရွက်လွှင့်နေသည်။

ကောင်းကင်ပြာတွင် တိမ်ကင်းစင်ပြီး ပင်လယ်ကလည်း ရာသီဥတုသာယာတယ်လို့ ယူဆရတာကြောင့် အချိန်ဖြုန်းရန်အတွက် သင်္ဘောပေါ်ရှိ သင်္ဘောသား အချို့က ငါးမျှားနေကြသည်။

သူတို့က တူနာငါးဖမ်းရန်အတွက် အထူးပြုလုပ်ထားတဲ့ ငါးမျှားတံများကို အသုံးပြုခဲ့ကြသည်။ ငါးမျှားတံကို အဝေးဆုံးပစ်ချပြီးနောက် သင်္ဘောရဲ့အရှိန်ကို အသုံးပြုကာ ငါးစာ အတု ကို ချထားလိုက်သည်။

တူနာငါးများရှိနေပါက ငါးစာအတုကို လျင်မြန်စွာ ရေကူးနေတဲ့ ငါးတစ်ကောင်အဖြစ် ယူဆကြပြီး လာရောက် အမဲလိုက်ကြ ပေလိမ့်မည်။

ကံကောင်းစွာနဲ့ပဲ သင်္ဘောသားတစ်ဦးက ဆယ်ကီလိုဂရမ် အလေးချိန်ရှိတဲ့ တူနာငါးတစ်ကောင်ကို ဖမ်းမိ ခဲ့သည်။

ကုန်းပတ်ရဲ့ နေရာမှ ပင်လယ်ရေမျက်နှာပြင်အထိ အတော်လေးမြင့်တာကြောင့် သူတို့က ဆယ်ကီလိုဂရမ်အလေးချိန်ရှိတဲ့ တူနာငါးကို အားဖြင့် ဆွဲတင်ခဲ့ ရသည်။

“ဟားဟား ဒီတူနာက မသေးဘူး ကျွန်တော် စရှီမီ စားရတာ ကြိုက်တယ် စရှီမီ တစ်ပွဲ ချက်စားပစ်မယ် ဗျာ.. "

“ပဲငံပြာရည်နဲ့ ချက်စားတာ ကောင်းတယ်လို့ ကျွန်ငါ ထင်တယ် ငါးအရိုးတွေကိုလည်း စွပ်ပြုတ်လုပ်စားလို့ရတယ် ”

“စိတ်မပူပါနဲ့ ငါတို့ စရှီမီ စားရမှာပါ နောက်ထပ် တစ်ကောင် နှစ်ကောင်လောက် ဖမ်းမိမယ်လို့ ငါ ယုံတယ်.....”

သင်္ဘောသားများက ပျော်ရွှင်စွာ ပြောနေကြသည်။

မကြာမီတွင် နောက်ထပ် တူနာ တစ်ကောင်က ငါးစာကို ကိုက်လိုက်ရာ ထို သင်္ဘောသားရဲ့ လက်ထဲမှ ငါးမျှားတံက ကွေးညွတ်လုနီးပါးဖြစ်သွား သည်။

“ဟေး ဒါက အရမ်းလေးတယ် ဟ အားလုံး လာကူကြဦး ....."

ချက်ချင်းပင် သန်မာတဲ့အမျိုးသား နှစ်ယောက် သုံးယောက်က ငါးမျှားတံကို လာကိုင်ကြသည်။ တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြော လိုက်သည်။

“ဝိူး ဒီကောင်က အလေးချိန် ပေါင်တစ်ရာကျော်လောက် ရှိရမယ်.. ”

သင်္ဘောသားများက စိတ်အားထက်သန်လာပြီး သူတို့ကြိုးစား ပမ်းစား ဖမ်းပြီးနောက် တူနာကို မြင်နေရပြီ ဖြစ်သည်။

“ကြည့်စမ်း တကယ်ကို ကြီးတာပဲ ပေါင်နှစ်ရာ သုံးရာလောက် ရှိရမယ်....”

“ဟားဟား စရှီမီကို ပဲငံပြာရည်နဲ့ချက်ထားတဲ့ ငါးက အလုံအလောက်ရပြီ မနက်ဖြန်နဲ့ သဘက်ခါအတွက်တောင် ပိုလျှံနေမှာ ငါတို့ နေတိုင်း တူနာစားရတော့မယ် ကွ "

သင်္ဘောသားများက ပျော်ရွှင်စွာ အော်ဟစ်နေသည်။

လူတိုင်း ပျော်ရွှင်နေကြကာ ​ဒီကြီးမားတဲ့ တူနာငါးကို ဘယ်လိုဖမ်းရမလဲဆိုတာ စဉ်းစားနေချိန်တွင် ရုတ်တရက် အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

ပင်လယ်ရေအောက်တွင် ကြီးမားတဲ့ အနက်ရောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။

“ဟာကွာ ဒါ ဝေလငါးကြီးတော့ မဟုတ်လောက်ဘူးနော်.... ”

သင်္ဘောသား တစ်ယောက်က သေချာ စဥ်းစားကာ ပြောလိုက်သည်။

“မင်းကလည်း ဒါ ဝေလငါးမဟုတ်တာ သေချာတယ်... ဒီလိုကြီးမားတဲ့ ဝေလငါးကြီး ဘယ်လိုရှိနိုင်မှာလဲ ဒီအနက်ရောင်အရိပ်ရဲ့ အရွယ်အစားကို ကြည့်လိုက်.... ဒီကောင်က အနည်းဆုံး ၆၀၊ ၇၀ မီတာ လောက် ရှည်တယ်ဟ....”

ဝေလငါးက ဒီလောက် မကြီးမားတာ သေချာပါသည်။ အကြီးဆုံး ဝေလငါးပြာ တောင်မှ မီတာ ၃၀ ကျော်သာ ရှည်ပြီး ဒီအနက်ရောင်အရိပ်ရဲ့ အရှည်က အကြီးဆုံး ဝေလငါးပြာထက် နှစ်ဆကျော် ပိုရှည်နေသည်။

လူတိုင်း ရှီနမ် သင်္ဘောကြီးပေါ်တွင် ဘေးကင်းရေးနှင့်ပတ်သက်ပြီး ပြဿနာမရှိနိုင်ကြောင်း သိထားပေမဲ့ ဒီလို ကြီးမားတဲ့ အနက်ရောင်အရိပ် ရုတ်တရက် ပေါ်လာတာကို မြင်တဲ့အခါ အနည်းငယ် ကြောက်ရွံ့သွားကြသည်။

သင်္ဘောသားတစ်ယောက်က ထိတ်လန့်စွာ မေးလိုက်သည် ။

“ဒါက နိုင်ငံ တစ်နိုင်ငံက ရေငုပ်သင်္ဘောတော့ မဟုတ်လောက်ပါဘူးနော်...”

လို့ ပြောပြီးတာနဲ့ တပြိုင်နက် ထိုဧရာမ အနက်ရောင်သတ္တဝါကြီးက ရေထဲမှ ခုန်ထွက်လာပြီး ပေါင်နှစ်ရာမှ သုံးရာအလေးချိန်ရှိတဲ့ တူနာငါးစာ ကို တစ်ကိုက်တည်းနှင့် ဆွဲယူသွားသည်။

" ဘုရားရေ ဒါ မိကျောင်းကြီးဟ... "

လူတိုင်းက နောက်ဆုံးတွင် ဒါက ဧရာမမိကျောင်းဖြစ်တာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

ရေပေါ် ခုန်တက်လာတဲ့ အခါ ကြီးမားတဲ့ ပါးစပ်ဖွင့်ထားမှု့ နှင့် အတွင်းပိုင်းရှိ အလွန်ချွန်ထက်တဲ့ ဧရာမသွားများက လူတိုင်းရဲ့စိတ်ထဲတွင် နက်နက်နဲနဲ စွဲထင်သွားသည်။ သူတို့နှင့် အလွန်ဝေးကွာနေပေမဲ့လည်း လူတိုင်းက တုန်လှုပ်ချောက်ချားနေ ကြသည်။

“ လခွမ်း ကြောက်စရာကြီး”

" အဲ့လောက် ကြီးတာလား မိကျောင်းက..."

လူတိုင်း ခက်ခက်ခဲခဲ ဖမ်းမိခဲ့တဲ့ တူနာငါးကို ဒီဧရာမမိကျောင်းက လုယူသွားခဲ့ပြီးနောက် မိကျောင်းကြီးက

“ဘုန်း ဘုန်း ဘုန်း” အသံဖြင့် ရှီနမ် သင်္ဘောကို အမြှီးဖြင့် စတင်တိုက်ခိုက်တော့သည်။

လူတိုင်းက သင်္ဘောတွင် အပေါက်ကြီးတစ်ပေါက် ဖောက်မည်ကို အလွန်စိုးရိမ်နေကြသည်။

ကံကောင်းစွာနဲ့ ထို မိကျောင်းက အကြိမ်အနည်းငယ် လုပ်ဆောင်ပြီးနောက် အကျိုးသက်ရောက်မှု့ မရှိတာကို မြင်တဲ့အခါ ဖြည်းဖြည်းချင်း ရေကူးထွက်သွားတော့သည်။

မိကျောင်း တိုက်ခိုက်ခဲ့တဲ့ သင်္ဘောကိုယ်ထည် အစိတ်အပိုင်းက အနည်းငယ်ခွက်ဝင်သွားပြီး ပုံပျက်သွားပေမဲ့ ဆက်သွားမဲ့ ခရီးကို မထိခိုက်ခဲ့ပေ။

ထိုဧရာမမိကျောင်း တဖြည်းဖြည်း ထွက်ခွာသွား တာကို မြင်တဲ့အခါ သင်္ဘောသားများ သက်ပြင်းချလိုက်ကြသည်။ ခုနကက တကယ်ကြောက်စရာကောင်းခဲ့ပြီး လူအများအပြားတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေသေးသည်။

.........

လျူယောင် အိမ်ကို ပြန်ရောက်နေပြီး ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင်၍ တီဗီကြည့်နေသည်။ လီချန်လဲ့ကမူ ထမင်းစားခန်းတွင် ညစာပြင်ဆင်နေသည်။

ဒီအိမ်က သူတို့နှစ်ယောက်အတွက် အိမ်အသစ်ဖြစ်ပြီး တစ်ခါတစ်ရံ ဒီနေရာကိုလာရောက်နေထိုင်ကြသည်။ ယနေ့ ညစာကို စားသောက်ဆိုင်ကောင်းမှ ဝယ်ယူခဲ့ ခြင်းဖြစ်သည်။ လီချန်လဲ့ က စားပွဲပေါ်တွင် ဟင်းပွဲများကို တင်နေသည်။

" တီ...တီ...တီ.."

ထိုအချိန်တွင် လျူယောင်ရဲ့ ဖုန်းသံ မြည်လာခဲ့သည်။လျူယောင် ဖုန်းမျက်နှာ ပြင်ကို ကြည့်လိုက်ရာ ဟူဂျွန်းရှီ ခေါ်ဆိုခြင်းပင် ဖြစ်သည်။

All Chapters