← Chapters

မင်းရဲ့ သူဋေးကိုတောင် မသိဘူးလား

Vol. 17 Ch. 243

မင်းရဲ့ သူဋေးကိုတောင် မသိဘူးလား

Vol. 17 Ch. 243

လျူယောင် စိတ်ထဲမှ ရေရွတ်လိုက်သည်။

" ခါးပိုက်နှိုက်တွေက အခုဆိုရင် ဒီလောက်တောင် ရဲဝံ့ နေပြီလားဟ...."

သူတို့ဘက်တွင် အကူအညီများရှိနေပြီး ဂိုဏ်းဖွဲ့ကာ ရာဇဝတ်မှုကျူးလွန်နေကြတာကို လျူယောင်သိလိုက်သည်။ မကြာမီ လူငယ်နှစ်ဦးရောက်လာပြီး တစ်ဦးက ဓားမြှောင်ကို ထုတ်ပြကာ အော် ပြောလိုက်သည်။

“ညီလေး...ကိုယ့်အလုပ်မဟုတ်တာ ဝင်မပါနဲ့..”

ကျိန့်ကန်းနဲ့ ဟီချန်းတို့က လျူယောင့် ဘေးတွင်ရှိနေသည်။ သူတို့ အစ်ကိုကြီးရဲ့ အရည်အချင်းများကို သိထားတာကြောင့် လုံးဝ စိတ်မပူကြပေ။ တစ်ချိန်တည်းမှာပင် ဒီ လူငယ်သုံးဦးကို သူတို့ အနည်းငယ် သနားမိကြသည်။

လျူယောင် အားအနည်းငယ် သာထုတ်သုံးလိုက်တဲ့အခါ ခါးပိုက်နှိုက်က သူ့လက်ကောက်ဝတ် အပိုင်းပိုင်းကြေသွားသည်ဟု ခံစားလိုက်ရပြီး ဝက်တစ်ကောင် သတ်သလိုမျိုး အော်ဟစ်နေသည်။

" အား... ငါ့လက်... ငါ့လက်.."

ထိုလူ့ အပေါင်းအသင်းများက ဒေါသထွက်သွားသည်။ တစ်ဦးက ဓားမြှောင်ဖြင့် လျူယောင်ကို ထိုးပြီး ရိုင်းရိုင်းစိုင်းစိုင်း ခြိမ်းခြောက်နေသည်။

“မင်းက သေချင်နေတာပဲ...”

သူ့ရဲ့ဓားမြှောင်က လျူယောင့် ကိုထိရန် အနည်းငယ်လိုနေချိန်တွင် ဘေးမှာရှိတဲ့ ဟီချန်းက လျင်မြန်စွာလှုပ်ရှားလိုက်ပြီး လူငယ်လေးရဲ့ လက်ကောက်ဝတ်ကို သူ့လက်ဖဝါးဖြင့် ခုတ်ချလိုက်သည်။

"ဒုန်း "ခနဲမြည်သံနဲအတူ ဓားမြှောင်က မြေပြင်ပေါ် ပြုတ်ကျသွားသည်။

ထိုလူငယ်လေးက လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး နာကြင်စွာ အော်ဟစ်နေသည်။

“အား ငါ့လက်ကျိုးသွားပြီ ငါ့လက်ကျိုးသွားပြီ သေအောင်နာလိုက်တာ ဗျာ..."

ကျိန့်ကန်း၏ တုံ့ပြန်မှု့ကလည်း မနှေးကွေးပေ နောက်ထပ်လူငယ်တစ်ဦး ကြောင်နေစဉ်အတွင်း ကန်ထည့်လိုက်ပြီး မြေပြင်ပေါ်ကို လဲကျစေလိုက်ခဲ့သည်။

ဘတ်စ်ကားထဲတွင် "ဟာ"ခနဲဖြစ်သွားပြီး လူအချို့က ပျော်ရွှင်စွာ လက်ခုပ်တီးကြသည်။ အခိုးခံရတဲ့ မိန်းကလေးငယ်က ကျေးဇူးအထပ်ထပ် တင်နေသည်။

“ကျေးဇူးတင်ပါတယ်... အရမ်းကျေးဇူးတင်ပါတယ်..ရှင် ကျွန်မနာမည်က တူးရွှယ်ပါ..."

“ကျေးဇူးတင်ဖို့မလိုပါဘူး ဒါက ငါ့အတွက် သေးငယ်တဲ့ အလုပ်လေးပါ..."

ခါးပိုက်နှိုက်သုံးဦးကို ထိန်းချုပ်လိုက်ပြီးနောက် ဘတ်စ်ကားမောင်းသူကလည်း ရက်ရောစွာနှင့် ကားကိုအနီးဆုံးရဲစခန်းသို့ တိုက်ရိုက်မောင်းသွားသည်။

သုံးဦးသား ရဲများနဲ့ပူးပေါင်းကာ အခြေအနေကို ကို အကျဥ်းချုပ် ပြောလိုက်ပြီး မကြာမီပင်ထွက်လာခဲ့ကြသည်။လျူယောင် တို့ သုံးယောက်သား အနီးနားရှိ ဘတ်စ်ကားမှတ်တိုင်တွင် ကားပြန်စီးလိုက်သည်။

လျူယောင် မမျှော်လင့်ထားတဲ့ အရာမှာ ထိုမိန်းကလေးငယ်ကလည်း ဘတ်စ်ကားထဲ ဝင်လာတာကို မြင်လိုက်ရတာပဲ ဖြစ်သည်။

သူမကလည်း လျူယောင်နဲ့အဖွဲ့ကို မြင်တဲ့အခါ အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။

“အာ ရှင်တို့ပါလား..."

လျူယောင် ခေါင်းကိုအနည်းငယ် ညိတ်ပြလိုက်သည်။

“ခုနက ကိစ္စအတွက် ကျေးဇူးတင်ပါတယ် အရမ်းကျေးဇူးတင်ပါတယ် ရှင် ”

ထို မိန်းကလေးက ရိုးသားစွာပြောနေသည်။

“ကိစ္စမရှိပါဘူး ရပါတယ်ဗျာ...”

လျူ​ယောင် ပြန် ဖြေလိုက်သည်။

" ရှင်တို့က ဘယ်သွားကြမလို့လဲ “

မိန်းကလေးငယ်က မေးလိုက်သည်။

“ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာ ဥယျာဉ်ရပ်ကွက်ကို သွားကြည့်ကြမှာပါ ...”

“အာ တိုက်ဆိုင်လိုက်တာ ကျွန်မလည်း အဲဒီကိုသွားကြည့်တာ... ဒါက ကျွန်မတို့ကုမ္ပဏီက ဝန်ထမ်းတွေအတွက် ဆောက်ပေးတဲ့ရပ်ကွက်လို့ ကြားတယ်... အနာဂတ်မှာ ကျွန်မလည်း အိမ်တစ်လုံးရနိုင်မယ်လို့ တွေးပြီး အရမ်းပျော်ခဲ့တာ..”

“ရှင်တို့က ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာ ဥယျာဉ်ကိုသွားတာဆိုတော့ ရှင်တို့လည်း Universal ရေကြောင်း ပို့ဆောင်ရေးကပဲလား... ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေတာပဲ တိုက်ဆိုင်လိုက်တာရှင်...”

မိန်းခလေးငယ်က ပျော်ရွှင်စွာ ပြောလိုက်သည်။

“ဒီတစ်ယောက်က ကျိန့်ကန်း သူက ဟီချန်းပါ ... ကျွန်တော်တို့အားလုံးက Universal ရေကြောင်းပို့ဆောင်ရေးကပါပဲ ...”

လျူယောင် ပြုံးပြီး မိတ်ဆက်ပေးလိုက်သည်။

“အာ ကျွန်မတို့က တကယ်ကို လုပ်ဖော်ကိုင်ဖက်တွေပဲ...”

မိန်းကလေးငယ်က အလွန်ပျော်ရွှင်ပုံရပြီး သူတို့ သုံးဦးနဲ့တစ်ဦးပြီးတစ်ဦး လက်ဆွဲနှုတ်ဆက်ကာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

“ကျွန်မနာမည်က တူးရွှယ်ပါ... လုပ်ငန်းဌာနမှာ အလုပ်သင်အသစ်ပါ... ကုမ္ပဏီမှာ လုပ်တာ တစ်ပတ်တောင်မပြည့်သေးပါဘူး..ကျွန်မက အခု အလုပ်သင်ကာလပဲ ရှိသေးတာပါ ”

လျူယောင် စိတ်ထဲကနေ ပြုံးလိုက်သည် ။

“စိတ်ဝင်စားစရာပဲ... ဒီ တူးရွှယ်က သူ့ ရဲ့ သူဋေးကို တောင် မသိဘူး....ဟား..”

ကျိန့်ကန်းနဲ့ ဟီချန်း တို့လည်း ရယ်မောလိုက်ကြသည်။ဒီ တူရွှယ်က စိတ်ဝင်စားစရာကောင်း လှပြီး ကိုယ့် သူဋေးကိုတောင် မသိကြောင်း သူတို့ တွေးနေကြခြင်းဖြစ်သည်။

တူးရွှယ်က အရမ်းစကားများလွန်းသည်။ လျူယောင်နဲ့ပျော်ရွှင်စွာစကားပြောပြီးနောက် ဟီချန်းနဲ့လည်း ခဏစကားပြောသည်။

သူတို့နှစ်ဦး အလွန်ရင်းနှီးစွာပြောနေပုံရသည်။ လျူယောင်လည်း ဝင်မပြောဘဲ နှစ်ယောက်စလုံးကို အခွင့်အရေးပေးလိုက်သည်။

ဟီချန်းက အခုထိ ရည်းစားမရှိသေးတာကြောင့် ဖြစ်သည်။

ဘတ်စ်ကားကို. နာရီဝက်ခန့်ကြာအောင် သူတို့ စီးလိုက်ရသည်။

အနည်းငယ်ကြာပေမဲ့ အလယ်တွင် ကားပြောင်းစီးရန်မလိုပေ။

ကားပေါ်မှဆင်းပြီးနောက် ဆောက်လုပ်နေတဲ့ ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာ ဥယျာဉ်ရပ်ကွက်ကို လျူယောင် ချက်ချင်းမြင်လိုက်ရသည်။ ထိုနေရာရှိမန်နေဂျာများကို အနှောင့်အယှက်မပေးဘဲ ဧရာမဆောက်လုပ်ရေးနေရာကို သူတို့ သွားကြည့်လိုက်သည်။

တူးရွှယ်ကလည်း သူတို့သုံးဦးနောက်ကို လိုက်လာသည်။

သူမက လျူယောင်နဲ့ အဖွဲ့မှာ သူမလိုပင် အချိန်ရတုန်းလေး လာကြည့်တာ လို့ ထင်နေသည်။

“ကြည့်ပါဦး...အဆောက်အအုံ ၈ လုံးကို တစ်ချိန်တည်း ဆောက်လုပ်နေတယ်.. ကျွန်မတို့ကုမ္ပဏီက တကယ်ကို ရက်ရောတာပဲ... မြန်မြန်ပြီးစေချင်လိုက်တာ...ဒါမှ ကျွန်မလည်း ကိုယ်ပိုင်အိမ်တစ်လုံးရနိုင်မှာ....”

လျူယောင် ကြည့်လိုက်ရာ အဆောက်အအုံ ၈ လုံး တကယ်ပင် ဆောက်လုပ်နေတာကို တွေ့ရသည်။ အမြင့်ဆုံးက ငါးထပ် သို့မဟုတ် ခြောက်ထပ်ရှိပြီး အနိမ့်ဆုံးက နှစ်ထပ် ဒါမှမဟုတ် သုံးထပ်ရှိသည်။

“မဆိုးဘူး... မဆိုးပါဘူး. မြန်သားပဲ .."

လျူယောင် အလွန်စိတ်ကျေနပ်သွားသည်။ ဆောက်လုပ်နေတဲ့ အရှိန်က သူခန့်မှန်းထားတာ ထက် အနည်းငယ်ပိုနေသည်။

ဟီးချန်နှင့် တူးရွှယ်တို့ စကားပြောနေကြသည်။ ကျိန့်ကန်းက အလိုက်သိသူ ဖြစ်တာကြောင့် တိတ်ဆိတ်စွာပင် လျူယောင်နှင့်အတူနေလိုက်သည်။

ဟီချန်း ပြောလိုက်သည်။

“တူးရွှယ်...ခင်ဗျားက ကိုယ်ပိုင်အိမ်တစ်လုံးရဖို့ အရမ်းဆန္ဒရှိတာပဲနော် ”

“ဟွာဟိူင်းမြို့က ယန်နိုင်ငံရဲ့ ထိပ်တန်းမြို့ကြီးတွေထဲက တစ်ခုပဲလေ... ဒီလိုမြို့ကြီးမှာ ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့က ကျွန်မရဲ့အိပ်မက်ပါရှင် ”

တူးရွှယ် ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် ကျွန်တော့်မှာလည်း ဒီအိပ်မက်ရှိတယ်..အချိန်အကြာကြီးမယူရတော့ပါဘူး လအနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့အိပ်မက် တွေ အကောင်အထည်ပေါ်လာမှာပါ...”

နှစ်ဦးသား အိမ်နှင့်ပတ်သက်၍ စကားများစွာပြော ဖြစ်ကြသည်။ သူတို့က ပြောစရာစကားများ မကုန်နိုင်သလိုပင်။

လျူယောင်နဲ့ ကျိန့်ကန်းတို့ တစ်ဦးကိုတစ်ဦးကြည့်ပြီး ပြုံးလိုက်ကြသည်။ သူတို့နှစ်ဦးစလုံးက ဟီချန်းနှင့် တူးရွှယ်တို့က အချစ်ရေးကိစ္စဘက် ဉီးတည် နေတာကို ရိပ်မိကြသည်။

ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာ ဥယျာဉ်တွင် သူတို့လေးဦး နာရီဝက်မှ ၄၀ မိနစ်ခန့်ကြာအောင်နေခဲ့ပြီးနောက် ကုမ္ပဏီကို မြေအောက်ရထားဖြင့် ပြန်လာခဲ့ကြသည်။

......

နောက်တစ်နေ့နံနက်…

မယ်လ်ပတ်ခ်ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးလာရောက် လည်ပတ်မှာ ဖြစ်တာကြောင့် လျူယောင် ပုံမှန်ထက်စောပြီး ကုမ္ပဏီကို ရောက်လာခဲ့သည်။

လည်ပတ်တယ် ဆိုတာက ယဉ်ကျေးစွာပြောခြင်းဖြစ်သည်။ သူတို့ လာရောက်ရခြင်းရည်ရွယ်ချက်မှာ ရေ အနက်ပိုင်းမှာ နေတဲ့ ထူးဆန်းငါးဖြူကြီးရဲ့ အဆီများဝယ်ယူရေးကို ဆွေးနွေးရန်သာ ဖြစ်သည်။

လျူယောင်ကို ရုံးအဆောက်အအုံရဲ့ တံခါးဝထိ ကျိန့်ကန်း မောင်းပို့ပေးခဲ့သည်။ လျူယောင် ကားပေါ်မှဆင်းပြီးနောက် ကားကို မြေအောက်ကားရပ်နားရာနေရာမှာ ရပ်လိုက်သည်။

လျူယောင် ရုံးအဆောက်အအုံရဲ့ပထမထပ်ရှိ ဧည့်ခန်းထဲကို လမ်းလျှောက်ဝင်လာပြီး ဓာတ်လှေကားထဲကို ဝင်လိုက်သည်။ နံနက်အလုပ်ချိန်ဖြစ်တာကြောင့် ဓာတ်လှေကားထဲကို ဝန်ထမ်းအချို့ အလျင်အမြန် ဝင်ရောက်လာကြသည်။

ဓာတ်လှေကားတံခါးပိတ်တော့မဲ့အချိန်တွင်

“ကျွန်မကိုစောင့်ပါဦး၊ ကျွန်မကိုစောင့်ပါဦး ”

ဟူသော အလျင်စလို အသံတစ်သံ ထွက်ပေါ်လာသည်။

ဓာတ်လှေကားထဲ တူးရွှယ် အလျင်အမြန်ဝင်လာတာကို လျူယောင် မြင်လိုက်သည်။ ဓာတ်လှေကားထဲတွင် လူအများအပြားက သူမကိုစောင့် နေကြတာကို မြင်တဲ့အခါ ရှက်ရွံ့သောအမူအရာကို ချက်ချင်းပြလိုက်ပြီး မေးလိုက်သည်။

“အာ အစ်ကိုယောင်ပါလား...”

လျူယောင်က ခေါင်းညိတ်ကာ ပြုံးပြီး ပြောလိုက်သည်။

“အင်း...ဖြည်းဖြည်းသွားပါ...သိပ်နောက်မကျ သေးပါဘူး ...”

တူးရွှယ်က သူမရဲ့လျှာကို ထုတ်ကိုက် ကာ ပြောလိုက်သည်။

“ကံကောင်းလို့ ကပ်သီးလေး အချိန်မှီခဲ့တာပဲ....နောက်ထပ်ဓာတ်လှေကားသာ ဆိုရင် ကျွန်မတကယ်ကို နောက်ကျနိုင်တယ်...”

ဓာတ်လှေကားက လမ်းတွင် အကြိမ်အတော်ကြာရပ်တန့်ရသည်။ ထွက်သွားတဲ့ ဝန်ထမ်းများအားလုံးက. အခြားကုမ္ပဏီများမှ ဝန်ထမ်းများဖြစ်သည်။ ဒီရုံးအဆောက်အအုံတွင် ကုမ္ပဏီများစွာရှိပေသည်။

Universal တည်ရှိရာ အထပ်ကို ဓာတ်လှေကားရောက်တဲ့အခါ လျူယောင်နှင့် တူးရွှယ်တို့သာ ထွက်လာကြသည်။

ကိုးနာရီထိုးဖို့ တစ်မိနစ်ပင်မလိုတော့ပေ ။ သူမက မကြာမှီ နောက်ကျတော့မည်ဖြစ်သည်။ အခြားဝန်ထမ်းများက လက်ဗွေစက်ဖြင့် စာရင်းသွင်းပြီး အလုပ်ကိုရောက်ရှိနေလောက်မည်။

ဓာတ်လှေကားမှထွက်တာနှင့် သူမ ချက်ချင်းပင် လက်ဗွေစက် ရှိရာကိုအလျင်အမြန် ပြေးသွားလိုက်သည်။ ထိုနေရာတွင် လက်ဗွေစက် နှစ်ခုရှိပြီး ဝန်ထမ်းများအကုန် လက်ဗွေထိုးရသည်။

လျူယောင်က ကုမ္ပဏီရဲ့ ရုံးခန်းထဲ တိုက်ရိုက်သွားတာကို မြင်တဲ့အခါ တူးရွှယ်က အလောတကြီး သတိပေးလိုက်သည်။

“အစ်ကိုယောင် ရှင် လက်ဗွေ မနှိပ်ရသေးဘူးလေ...”

လျူယောင် ခဏတာ ကြောင်သွားသည်။

ဒီ တူးရွှယ်က သူ့ကိုယ် တကယ်မ သိပုံရသည်။ သူဋေး တစ်ယောက်အနေဖြင့် သူက အများအားဖြင့် လက်ဗွေစစ်ဆေးရန် မလိုအပ်ပေ။

တူးရွှယ်က စိတ်ပူစွာဖြင့် သူ့ကို ခေါ်နေ တာကို မြင်တဲ့အခါ လျူယောင် ညင်သာစွာပြုံးပြီး လက်ဗွေစက်ပေါ်တွင် လက်ဗွေကိုနှိပ်ရန် လမ်းလျှောက် သွားလိုက် သည်။

တူးရွှယ်က လက်ဗွေစက်ထဲရှိ လျူယောင် ရဲ့အလုပ်နံပါတ်ကို မတော်တဆမြင်လိုက်ရာ 0001 ဖြစ်နေတာကို တွေ့ရှိသွားသည်။ မျက်နှာတွင် ကြောင်တောင် တောင်အမူအ ရာ နဲ့ လျူယောင်ကို သူမ ချက်ချင်း ကြည့်လိုက်သည်။

…

All Chapters