← Chapters

ခဗျားက ကုမ္ပဏီ ပိုင်ရှင် မို့လို့လား

Vol. 17 Ch. 244

ခဗျားက ကုမ္ပဏီ ပိုင်ရှင် မို့လို့လား

Vol. 17 Ch. 244

"ဘုရားရေ...."

တူးရွှယ် စိတ်ထဲတွင် ဘယ်လိုမှ မတည်ငြိမ်နိုင်တော့ပေ။

သူမက ဘာမှမသိတဲ့ လူသစ်တစ်ဦး မဟုတ်ပါဘူး အလုပ်နံပါတ် 0001 က ဘာကိုကိုယ်စားပြုလဲဆိုတာကို သူမ ကောင်းစွာသိသည်။

သူမက လျူယောင်ကို ကြောင်တောင်တောင်ဖြင့်ကြည့်နေပြီး သတိပြန်လည်လာရန် အချိန်အတော်ကြာခဲ့သည်။

“ရှင်....ရှင် ရှင်က သူ​ဋေးပဲ...”

တူးရွှယ်ရဲ့ အသံက လုံးဝရှင်းလင်းခြင်း မရှိဘဲ ထစ် ​ နေသည်။ ထိုအရာက သူမဘယ်လောက်အံ့အားသင့်နေတာကို ပြသနေသည်။

လျူယောင် အနည်းငယ်ပြုံးပြီး ခေါင်းကိုညင်သာစွာညိတ်လိုက်သည်။

လျူယောင် ကုမ္ပဏီထဲကို ဝင်သွားပြီး နောက် တူးရွှယ်က သူမရဲ့နေရာတွင်သာ ဆက်နေနေသေးသည်။ သူမ ဉီးနှောက်ထဲ ဘာမှ စဥ်းစား မရသလို ဖြစ်သွားပြီးနောက်

“ဘုရားရေ သူဋေးနဲ့ ငါ သူငယ်ချင်းတွေဖြစ်လုနီးပါးဖြစ်နေပြီ ငါ က သူဋေးကို အစ်ကိုယောင်လို့ ခေါ်ခဲ့မိတာပဲ... "

ဟူတဲ့ အတွေးတစ်ခုသာ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်နေသည်။

တဖြည်းဖြည်းနဲ့ သူမစိတ်ထဲတွင် အားတက်လာခဲ့သည်။

“ကျွန်မက သူဋေးကို အစ်ကိုယောင် လို့ခေါ်တာကို ဒီတစ်သက်လုံး ကြွားဝါဖို့ လုံလောက်သည်လေ။

လျူယောင် ရုံးခန်းထဲတွင် ထိုင်နေသည်။

ခဏအကြာတွင် ကျိုးယန် ဝင်လာကာ သတင်း ပို့လိုက်သည် ။

“ဘော့စ် ဧည့်တွေ့ခန်းကို စီစဉ်ပြီးပါပြီ ဝေါလ်တာဂျက်ဖ်နှင့်အဖွဲ့ဝင် ခုနစ်ဦးတို့ လာနေပါပြီ ”

လျူယောင် ခေါင်းကိုညင်သာစွာညိတ်ပြီး ညွှန်ကြားလိုက်သည်။

“သူတို့ရောက်ရင် ငါ့ ကိုအသိပေးပါ...ငါ ...သူတို့ကို ကိုယ်တိုင်တွေ့ချင်တယ်...."

“ဟုတ်ကဲ့ပါ ဘော့စ်...”

ဝေါလ်တာဂျက်ဖ် ဆိုသူက မယ်လ်ပတ်ခ်ရဲ့ အဆင့်မြင့်အမှုဆောင်တစ်ဦးဖြစ်ပြီး ဒုတိယဥက္ကဋ္ဌသုံးဦးထဲမှ တစ်ဦးဖြစ်ကာ ဆက်စပ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးရန်အတွက် Universal ကို လာရောက်ခြင်းဖြစ်သည်။

လျူယောင် သူတို့ကိုတွေ့ဆုံရ တာပျော်ရွှင်နေပြီး ညှိနှိုင်းမှု့အဆင်ပြေပါက နောက်ထပ်ငွေအများအပြား သူ့အကောင့်ထဲသို့ ဝင်လာနိုင်မယ်လို့ သိနေသည်။

ခဏအကြာတွင် ဝေါလ်တာဂျက်ဖ်နှင့် သူ့အဖွဲ့က ရုံးအဆောက်အအုံရှေ့ကို ရောက်လာသည်။ တစ်ဦးပြီးတစ်ဦး ကားပေါ်မှဆင်းကာ ရုံးအဆောက်အအုံထဲကို ဝင်လာကြသည်။

ဧည့်ခန်းထဲဝင်ရောက်ပြီးနောက် ဝေါလ်တာ ဂျက်ဖ်က သူ့ဘေးနားရှိ ပညာရှင်တစ်ဦးကို နှခေါင်းရူံ့ကာ ပြောလိုက်သည်​။

“ ဒီ Universal က ငှားရမ်းထားတဲ့ ရုံးအဆောက်အအုံမှာ အလုပ်လုပ်နေတုန်းပဲ သူတို့မှာ ကိုယ်ပိုင်ရုံးခန်း အဆောက်အအုံ တောင် မရှိဘူး...ငါ တို့ရဲ့ မယ်လ်ပတ်ခ် ကုမ္ပဏီနဲ့ယှဉ်ရင် သူတို့က အများကြီးနောက်ကျနေသေးတယ်..”

“ ခေါင်းဆောင် ကျွန်တော်တို့က ကမ္ဘာကျော်ကုမ္ပဏီကြီးပါ... ပြီးခဲ့တဲ့နှစ် ဝင်ငွေက ကန်ဒေါ်လာ ၇၀ ဘီလီယံ ကျော်ခဲ့တယ်... Universal ရေကြောင်းပို့ဆောင်ရေးက တစ်နှစ်တောင်မပြည့်သေးဘူး....ပြီးခဲ့တဲ့နှစ် သူတို့ရဲ့ ဝင်ငွေက ကန်ဒေါ်လာ ၁ ဘီလီယံတောင် မရှိဘူး ”

ထို လူက မြှောက်ပင့်၍ ပြောလိုက်သည်။

ဝေါလ်တာဂျက်ဖ် က ကိုယ့်ကိုယ်ကိုယ် ကျေနပ်သော အပြုံးဖြင့်ပြုံးပြီး သူ့ရဲ့လူများကို ဓာတ်လှေကားထဲ ခေါ်ဆောင်သွားသည်။ Universal ရေကြောင်းပို့ဆောင်ရေး ကိုရောက်တဲ့အခါ လူတစ်ဦးက သူတို့ကို နှုတ်ဆက်ကာ ဧည့်ခံခန်းကို ခေါ်သွားသည်။

ဧည့်ခံခန်းထဲတွင် ထိုင်ပြီးနောက် Universal ၏ အဆင့်မြင့်အမှု့ဆောင်များ ရောက် မလာသေးတာကို မြင်တဲ့အခါ ဝေါလ်တာဂျက်ဖ် အနည်းငယ်မကျေမနပ် ဖြစ်နေသည်။

သူက မယ်လ်ပတ်ခ်ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး ကောင်းကင်ထက် မြင့်မားနေသူ တစ်ဦးလည်း ဖြစ်သည်။ သူ့ကို အခြားသူများက စောင့်ခိုင်းရတဲ့ အခြေအနေမျိုးဆိုတာ မရှိသလောက် ပင်ဖြစ်သည်။

မယ်လ်ပတ်ခ်ကို ကိုယ်စားပြုပြီး သူ လာနေတာကို သိတဲ့ အခါ ကုမ္ပဏီရဲ့ ထိပ်တန်းမန်နေဂျာများက သူ့ကိုကြိုဆိုရန် ကြိုတင်ပြင်ဆင်ထားလောက်ပြီဟု ထင်ခဲ့ပေမဲ့ လုံးဝမဟုတ်ခဲ့ပေ။

သူ့မျက်နှာက အနည်းငယ်တင်းမာနေပြီး စိတ်ထဲ ကနေ အနည်းငယ်မကျေမနပ် ဖြစ်နေသည်။

တကယ်တော့ လျူယောင်က ဟန်ပန်မလုပ်ခဲ့ပေ။ ဧည့်သည်တစ်ဦးက ဧည့်သည်ပင် ဖြစ်တယ် ဟူသောမူကိုလိုက်နာကာ နှစ်မိနစ် ၊ သုံးမိနစ်အတွင်း ရောက်လာသည်။

သူ တွေ့စုံဖို့ကို အလွန်စိတ်အားထက်သန် နေသည်။

ဝေါလ်တာဂျက်ဖ်နှင့် အခြားသူများကို လျူယောင် ကိုယ်တိုင် လက်ဆွဲနှုတ်ဆက် ပြီး ယဉ်ကျေးစွာ နှုတ်ခွန်းဆက်စကားများ ပြောဆိုလိုက်သည်။

ဧည့်သည် ထိုင်ပြီးနောက် လျူယောင်က စိတ်အား ထက်သန်စွာ ပြောလိုက်သည်။

“မစ္စတာ ဝေါလ်တာဂျက်ဖ်နှင့် သူ့ရဲ့အဖွဲ့က ကျွန်တော်တို့ဆီကို လာရောက် လည်ပတ်တာ ကြိုဆိုပါတယ်ဗျာ..."

ဝေါလ်တာဂျက်ဖ်က ကျေးဇူးတင် စကားပြောပေမဲ့ သူ့ မျက်နှာတွင် စိတ်အား ထက်သန်မှု့ မရှိဘဲ သံတမန်နည်းကျ ပြောဆိုနေသလိုပင် ဖြစ်နေသည်။

လျူယောင် ဒါကို ကောင်းစွာမသိဘဲ ဝေါလ်တာဂျက်ဖ်ရဲ့ ကိုယ်ရည်ကိုယ် သွေးကြောင့်လို ယူဆလိုက်သည်။ ဒီလူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက အေးတိ အေးစက်ဖြစ်ပြီး နေရာတိုင်းတွင် ထိုသို့ပင်ဖြစ် ပုံရသည်။ဒီလူ့ မျက်နှာက အနည်းငယ်တင်းမာတဲ့ အမူအရာ ရှိနေ သည်။

လျူယောင်ကလည်း ထိုအရာကို စိတ်ထဲမထားပေ။ သူက အာရုံစိုက်ပြီး တစ်ဖက်လူနှင့် စိတ်အားထက်သန်စွာစ ကားပြောဆိုမူ့ စတင်လိုက်သည်။

ခဏအကြာတွင် နှစ်ဖက်စလုံး အဓိကအ ကြောင်းအရာကို ရောက်လာသည်။

“မစ္စတာလျူ...Diya ကုမ္ပဏီက ကျွန်တော် တို့နဲ့ အလှကုန်နယ်ပယ်မှာ အရေးကြီးတဲ့ ပြိုင်ဘက်ပါခင်ဗျားတို့ကုမ္ပဏီက ထူးဆန်းတဲ့ ငါးဖြူကြီးရဲ့ ငါးဆီ အရင်း အမြစ်တွေရှိတယ်လို့ ကျွန်တော် ကြားပါတယ်....ဒါ့ကြောင့် ခင်ဗျားတို့ ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှု့ကို ဆွေးနွေးချင်ပါတယ်..."

ဝေါလ်တာဂျက်စ် ပြောလိုက်သည်။

လျူယောင် သဘောတူက ငါး အဆီကို ပြသလိုက်သည်။

“ရပါတယ်..ပြဿနာမရှိပါဘူး...ကျွန်တော်တို့မှာ ဒီလို ငါးဆီရှိပါတယ်... ဒါက ထူးဆန်းတဲ့ ငါးဖြူကြီးရဲ့ ဗိုက်ထဲက အဆီပါပဲ...”

ဝေါလ်တာဂျက်ဖ် ချက်ခြင်း ပြန်ပြောလိုက်သည်။

“မစ္စတာလျူ ကျွန်တော်တို့က ဒီလိုအဆီမျိုးကို လိုအပ်ပါတယ်... . ခင်ဗျားလက်ထဲမှာရှိတဲ့ ငါးဖြူကြီးရဲ့အဆီအားလုံးကို ကျွန်တော်တို့ဆီ ရောင်းလိုက်ရင်ရော ဘယ်လိုလဲ...”

လျူယောင်က ဝေါလ်တာဂျက်ဖ်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးမိလိုက်သည်။

“ဒီနိုင်ငံခြားသားက အခြေအနေကို မတွေးတတ်သေးဘူး... ငါ့မှာရှိတဲ့ အဆီအရင်းအမြစ်တွေက မကုန်ခမ်းနိုင်ဘူးဆိုတာကို ”

ဒါ့ကြောင့် လျူယောင်က သတိပေးလိုက်သည်။

“မစ္စတာဂျက်စ် ကျွန်တော့်လက်ထဲမှာရှိတဲ့ ရေနက်ပိုင်းငါးဖြူအဆီအများကြီးရှိပါတယ်....ခင်ဗျားတို့ကုမ္ပဏီက ဒီလောက်အများကြီး သုံးနိုင်မှာမဟုတ်လောက်ပါဘူး ဒါ့အပြင် ဒီအဆီက စျေးမပေါဘူးနော်..."

ဝေါလ်တာဂျက်ဖ်က ယုံကြည်မှု့အပြည့်နဲ့ ပြောလိုက်သည်။

“ကျွန်တော်တို့က ကုမ္ပဏီကြီးတစ်ခုပါဗျာ..ခင်ဗျားဆီမှာ ဒီငါးဖြူကြီးရဲ့အဆီ ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့ဝယ်နိုင်ပါတယ်...ပြောပါ...စျေးက ဘယ်လောက်လဲ..."

လျူယောင် ပြုံးကာ ပြန်ဖြေလိုက်သည်။

“တစ်ကီလိုကို ကန်ဒေါ်လာ ၅,၀၀၀ ကျပါတယ်... ကျွန်တော့်မှာ တန်တစ်ထောင်ရှိတယ်... ခင်ဗျားလိုချင်လား..."

“ဘာ တစ်ကီလိုကို ကန်ဒေါ်လာ ၅,၀၀၀ လား...”

.“ဘာလို့ အလကားယူ မသွားတာလဲ... ဘယ်သူက ဒီလောက်စျေးကြီးတာကို လိုချင်မှာလဲ...”

ဝေါလ်တာဂျက်ဖ်က စျေးနှုန်းကိုကြားတဲ့အခါ ခုန်ပေါက်မတတ်ဖြစ်သွားပြီး အလွန်ဒေါသထွက်သွားသည်။

သူက အခြေအနေကို တကယ်နားမလည်ခဲ့ပေ။

တစ်ကီလိုလျှင် ကန်ဒေါ်လာ ၁၀၀ သို့ ၂၀၀ သာရှိသည် ။ အများဆုံး ၃၀၀ သို့ ၅၀၀ ရှိသည်ဟု ထင်ခဲ့ပေမဲ့ ကန်ဒေါ်လာ ထောင်နှင့်ချီ များပြားမယ်လို့ မထင်ထားခဲ့ပေ။

ဝေါလ်တာဂျက်ဖ်ရဲ့ တုံ့ပြန်မှုကိုမြင်တဲ့အခါ လျူယောင်က လက်နှစ်ဖက်ကိုဖြန့်ကားပြီး ကူကယ်ရာမဲ့သော အပြုံးဖြင့် ပြုံးလိုက်သည်။

“ကျွန်တော်က စျေးကို တင်တာမဟုတ်ပါဘူး... နောက်ဆုံးတစ်ကြိမ် Diya ကုမ္ပဏီကို ရောင်းတုန်းကလည်း ဒီစျေးပဲ... သူတို့က တစ်ကြိမ်တည်းနဲ့ တန်ဒါဇင်ပေါင်းများစွာ ဝယ်ခဲ့ပြီး... ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုး ယူခဲ့တယ်...”

စိတ်ထဲရှိတဲ့ ဒေါသကိုဖိနှိပ်ပြီး မျက်နှာတင်းမာစွာနဲ့ ဝေါလ်တာဂျက်ဖ် ခေါင်းခါကာ ပြောလိုက်သည်။

“မစ္စတာလျူ မယ်လ်ပတ်ခ် ကုမ္ပဏီက ကုမ္ပဏီကြီးတစ်ခုပါပဲ.. ကျွန်တော်တို့က ဘယ်ခြိမ်းခြောက်မှု့ကိုမှ လက်မခံပါဘူး... ကျွန်တော်တို့က ခင်ဗျားကို တစ်ကီလိုကို ကန်ဒေါ်လာ ၂၀၀ အထိပေးပါ့မယ်... ခင်ဗျားလက်ထဲမှာရှိတဲ့ တန်တစ်ထောင်ငါးဖြူကြီးရဲ့ အဆီအားလုံးကို ကျွန်တော်တို့ဝယ်ယူနိုင်ပါတယ်..."

“ဒါ့အပြင် ကျွန်တော်တို့မှာ နောက်ထပ်အခြေအနေတစ်ခုရှိတယ်…ဒီနေ့ကစပြီး ဒီငါးဖြူကြီးရဲ့အဆီကို ကျွန်တော်တို့ရဲ့ မယ်လ်ပတ်ခ် ကုမ္ပဏီကိုပဲရောင်းရမယ်...တခြားဘယ်ကုမ္ပဏီ ဒါမှမဟုတ် ဘယ်ပုဂ္ဂိုလ်ကိုမှ မစ္စတာလျူတို့ ဘက်က ရောင်းလို့မရပါဘူး”

“ဘယ်လို...”

လျူယောင်က သူနားများ မှားကြားမိသလားဟု ပင်ထင်မိသည်။ သူမှားတာဖြစ်စေ မမှားတာဖြစ်စေ ဒီနေရာက ရောင်းသူစျေးကွက်ဖြစ်သည်။ အရာအားလုံးကို ငါပဲ ဆုံးဖြတ်နိုင်သည်။

“ဘယ်သူက ခင်ဗျားကို ဒီလိုမျိုး သာလွန်တဲ့ခံစားချက်ပေးထားတာလဲ ခင်ဗျားက နှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာ ၇၀ ဘီလီယံရှိတဲ့ ကုမ္ပဏီ ပိုင်ရှင် မို့လို့လား...ခင်ဗျားရဲ့မျက်စိထဲမှာ ကျွန်တော်တို့က ကုမ္ပဏီသေးလေးတစ်ခုမို့လို့လား....”

လျူယောင် ဒေါသထွက်စွာ ပြောလိုက်သည်။

ဒီအချိန်တွင် ဝေါလ်တာ ဂျက်ဖ်ရဲ့မျက်နှာက ဘာကြောင့် တင်းမာနေပြီး စိတ်အားထက်သန်မှု့မရှိတာလဲ ဆိုတာကို လျူယောင် နောက်ဆုံးတွင် နားလည်သွားသည်။

ဒီလူက အမြဲတမ်းသာလွန်သူ တစ်ယောက် ဖြစ်နေတယ်လို့ တွေးနေပြီး သူက ကုမ္ပဏီကြီးတစ်ခုရဲ့ အဆင့်မြင့်အ မှုဆောင်ဖြစ်ကာ သာလွန်တယ်ဟု ထင်နေခြင်းကြောင့်ဖြစ်သည်။

လျူယောင် မတ်တပ်ရပ်ပြီး ပြောလိုက် သည်။

“ဒီလိုဆိုရင်တော့ ပူးပေါင်းဆောင်ရွက်မှု့ အကြောင်း ဘာမှပြောနေစရာမလိုပါဘူး.... ကျွန်တော်ကလည်း ကန်ဒေါ်လာသ န်းရာချီပြီး လိုအပ်နေတာမဟုတ်ပါဘူး ”

လျူယောင် အလေးအနက် ဆက်ပြော လိုက်သည်။

“ကျွန်တော်တို့ သဘောတူညီချက် မရနိုင်ဘူး.... စျေးနှုန်းကွာ ဟချက်ကလည်း အရမ်းကြီးနေတော့ ဒါကိုမေ့ပစ်လိုက်တာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ် ”

ဝေါလ်တာဂျက်ဖ်က တစ်ခဏမျှ ကြောင် တောင်တောင်ဖြစ်သွားပြီးနောက် ဒေါသထွက်သွားသည်။

ကုမ္ပဏီရဲ့ အခြား အဆင့်မြင့်အ မှု့ဆောင်များလည်း ရှိတာကြောင့် နေရာမှာတင် သူ ဒေါသထွက်သွားသည်။ ထို့ကြောင့် သူ့ရဲ့ လူများကို ခေါ်ပြီး ချက်ခြင်း ထွက်သွားသည်။

ပထမဆုံးညှိနှိုင်းမှု့တွင် နှစ်ဖက်စလုံး စိတ်မပျော်မရွှင်စွာဖြင့် လမ်းခွဲသွားကြ သည်။

..........

Diya ကုမ္ပဏီတွင်....

ဥက္ကဋ္ဌဖြစ်သူ ကန်တာက စိတ်ပူပန်နေပုံရသည်။ Diya ရဲ့ပြိုင်ဘက်ဖြစ်တဲ့ မယ်လ်ပတ်ခ်ရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးက အဖွဲ့ကိုဦးဆောင်ပြီး Universal ကို သွားနေတယ် ဟူသော သတင်းကို သူရရှိခဲ့သည်။

ဒီ ကိစ္စက Diya ကုမ္ပဏီတစ်ခုလုံးအတွက် မကောင်းတဲ့ ကိစ္စတစ်ခုပင် ဖြစ်သည်။

ဥက္ကဌ ကန်တာက စိတ်ပူပန်နေပြီး မျက်မှောင်ကြုတ်ကာ ရုံးခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်နေသည်။

All Chapters