← Chapters

ကားပေါ်မှ ခါးပိုက်နိုက်

Vol. 17 Ch. 242

ကားပေါ်မှ ခါးပိုက်နိုက်

Vol. 17 Ch. 242

အစည်းအဝေးတွင် ကန့်ကွက်ပြောဆို ကြသူများလည်း ရှိသည်။

“Diya ရဲ့ အလှကုန်တွေထဲမှာ ရေနက်ပိုင်းငါးဆီထည့်ထားတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ...ဒါကြောင့် ကမ္ဘာ့အဆင့်မီ မုဆိုးအဖွဲ့ကို ငှားရမ်းရင် ဒီထူးဆန်းတဲ့ငါးဖြူကို ဖမ်းနိုင်မှာ သေချာပါတယ်”

သူတို့က အသံကျယ်ကျယ်နှင့် ပြောဆိုကြသည်။

“ဟုတ်ပါတယ်... ကမ္ဘာ့အဆင့်မီ မုဆိုးအဖွဲ့ကို ကျွန်တော်တို့ သေချာပေါက် ငှားရမ်းနိုင်ပါတယ်... ပေ ၃,၀၀၀ နက်တဲ့ ရေအနက်မှာတောင် အခွင့်အရေးရှိ လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်...."

သူတို့ဒီလို တွေးရခြင်းရဲ့ အဓိကအ ကြောင်းရင်းမှာ ငါးအဆီ စျေးနှုန်းက အလွန်စျေးကြီးတယ်လို့ သူတို့ယူဆ ထား တာကြောင့် ဖြစ်သည်။

Mal Park ကုမ္ပဏီကို တည်ထောင်သူ မစ္စတာ မယ်လ်ပတ် က ထိုအမြင်များကို ငြင်းပယ်ပြီး ပြောလိုက်သည်။

“မုဆိုးအဖွဲ့ကို ငှားရမ်းတဲ့ကိစ္စကို ခဏထားလိုက်ပါဦး Universal ကိုချက်ချင်းသွားပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးတာက ပထမဦးစားပေးပါပဲ ”

ယခုအခါ ပြိုင်ဘက်ရဲ့ အလှကုန်များမှာ အလွန်ရေပန်းစားနေသည်။

အချိန်ကြာလေလေ မယ်လ်ပတ်ခ်အတွက် ပိုဆိုးလာလေလေ ဖြစ်တာကြောင့် အလားတူ ထုတ်ကုန်များကို အမြန်ဆုံး ထုတ်လုပ်ရမည်ဖြစ်သည်။

ဒါကြောင့် ရာထူးအကြီးဆုံး မစ္စတာမယ်လ်ပတ်ခ် ကသာ ဆုံးဖြတ်ချက် ချ သွားသည်။

.......

Universal ရုံးခန်းထဲတွင်…

လျူယောင် ကွန်ပျူတာပေါ်မှ ရေနံတင်သင်္ဘောကြီးအချို့ရဲ့အချက်အလက်များကို စစ်ဆေးနေရင်း စိတ်ထဲတွင် တွေးနေမိသည်။

"အင်း ကုမ္ပဏီရဲ့ အကောင့်ထဲမှာ ကန်ဒေါ်လာ ၂ ဘီလီယံရှိနေတယ်ဆိုတော့ နောက်ထပ်သင်္ဘောကြီးအနည်းငယ် ထပ်ထည့်ရမလား..."

"ဒါမှမဟုတ် ကမ္ဘာ့အကြီးဆုံး ရေနံတင်သင်္ဘောအချို့ကို တည်ဆောက်ရမလား "

သူတို့က တစ်ကြိမ်လျှင် ရေနံစိမ်းသန်းပေါင်းများစွာ သယ်ဆောင်နိုင်သည်။

လျူယောင်ရဲ့ အစီအစဉ်က ရေရှည်အစီအစဥ်ပဲ ဖြစ်သည်။ ပြည်တွင်းတွင် ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းအပြင် ပြည်ပတွင်လည်း စီးပွားရေးလုပ်ကိုင်ကာ ဧရာမရေကြောင်းပို့ဆောင်ရေးအင်ပါယာကို သူ တည်ဆောက်ချင်ခဲ့သည်။

“ကောင်းပြီလေ ချီဒုံသင်္ဘောကျင်းရဲ့ ထုတ်လုပ်မှု့စွမ်းရည်က ပြည့်ဝနေပြီ ပြီးတော့ သင်္ဘောအချို့ရဲ့ အော်ဒါတွေကလည်း မပြီးသေးဘူး ....ဒီတစ်ခါတော့ ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့ကြီးကို ရွေးချယ်မယ်.....”

လျူယောင် နောက်ထပ်သင်္ဘောကြီးအချို့ကိုမှာယူရန် စီစဉ်နေသည်။ အားလုံးက တန် ၂၀၀,၀၀၀ ရှိသော သင်္ဘောများဖြစ်သည်။ ရေနံတင်သင်္ဘောကြီးများအပြင် ကွန်တိန်နာသင်္ဘောများ၊ သံသတ္တုသယ်ယူပို့ဆောင်ရေး သင်္ဘောနှစ်စင်း သို့မဟုတ် သုံးစင်းလည်း မှာယူလိုသည်။

" ဒေါက် ဒေါက် ဒေါက်... "

ထိုအချိန် တံခါးခေါက်သံက လျူယောင်ရဲ့အတွေးတွေကို ဖြတ်တောက်လိုက်သည်။ ကျိုးယန်က တံခါးဖွင့်ပြီး ဝင်လာကာ အစီရင် ခံလိုက်သည်။

“ဘော့စ်...မယ်လ်ပတ်ခ်ကုမ္ပဏီ က ကျွန်တော်တို့ကို ဆက်သွယ်လာပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးချင်ပါတယ်လို့ ပြောပါတယ်..."

လျူယောင် ခဏလောက်စဉ်းစားပြီးနောက် ဘာဖြစ်နေလဲဆိုတာကို သိသွားသည်။

သူ ပြုံးပြီး သဘောတူလိုက်သည်။

“ဒါကောင်းတဲ့ကိစ္စပဲ...သူတို့ကိုပြန်ပြောလိုက်...သူတို့လူတွေ ဒီကိုလာတာကို ကြိုဆိုပါတယ်လို့…”

ကျိုးယန်လည်း အလွန်ပျော်ရွှင်နေသည်။ ထိုမျှကောင်းမွန်သောကိစ္စ ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။ ငွေအများအပြား ကုမ္ပဏီအကောင့်ထဲကို ထပ်မံဝင်လာတော့မည်လို့ ထင်ရသည်။

နှစ်ယောက်သား စကားအနည်းငယ်ပြောပြီးနောက် လျူယောင် မေးလိုက်သည်။

“ငါတို့ရဲ့ဝန်ထမ်းအိမ်ရာစီမံကိန်းက ဘယ်လိုအခြေအနေရှိလဲ...”

လျူယောင်က ဝန်ထမ်းများအတွက် အိမ်ဆောက်ရန် ကန်ဒေါ်လာ ၁ ဘီလီယံထုတ်ပေးမည်ဟု ကတိပေးခဲ့သည်။ကျိုးယန်က အလွန်လျင်မြန်စွာပင် မြေများဝယ်ယူပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။ လုပ်ငန်းဆောင်ရွက်မှု့က အလွန်ပင် မြန်ဆန်လှသည်။

“ဘော့စ်” ရဲ့ မေးခွန်းကို ကြားတဲ့အခါ ကျိုးယန်က လျင်မြန်စွာ အစီရင် ခံလိုက်သည်။

“ဟုတ်ကဲ့ ...ပထမအဆင့်မှာ ဓာတ်လှေကားပါတဲ့ အဆောက်အအုံ ၈ လုံးကို စတင်ဆောက်လုပ်နေပါတယ်....ရပ်ကွက်နာမည်က ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာ ပန်းဥယျာဉ်မြို့တော်ပါ...”

ထိုဝန်ထမ်းရပ်ကွက် အခြေအနေကို ကျိုးယန် အတိုချုံး မိတ်ဆက်ပေးလိုက်သည်။ ကျိုးယန်ထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင် လက်ကိုမြှောက်ပြီးအချိန်ကိုစစ်ဆေးကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

“ဘော့စ်တစ်ယောက်အနေနဲ့ ငါ တစ်ခါမှမလည်ပတ်ခဲ့ဖူးဘူး...ဒီနေ့အချိန်ရရင် သွားကြည့်တာပေါ့ ....”

မကြာမီ ကျိန့်ကန်းနဲ့ ဟီချန်းတို့ကို ထိုနေရာ သွားကြည့်ဖို့ လျူယောင် ခေါ်လာခဲ့သည်။

သူတို့သုံးဦးက ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာ ပန်းဥယျာဉ်မြို့တော်ကို မသွားဘဲ အနီးအနားမှာရှိတဲ့ Universal အဆောက်အအုံရဲ့ ဆောက်လုပ်ရေး နေရာကို အရင်ဆုံး ရောက်ရှိလာကြသည်။ထိုနေရာက ကားဖြင့်မောင်းသွားလျှင် နာရီဝက်ပင်မကြာပေ။

လျူယောင် ဆောက်လုပ်ရေးနေရာကို ၁၀ မိနစ်မှ ၂၀ မိနစ်ကြာအောင်ကြည့်ပြီးနောက် ဆောက်လုပ်ရေးနေရာရဲ့ တာဝန်ရှိသူကို လုပ်ငန်း အခြေအနေ အချို့ သူ အထူးတလည် မေးမြန်းလိုက်သည်။

ဒီဆောက်လုပ်ရေးနေရာရဲ့ တာဝန်ရှိသူက လျူယောင် ကိုယ်တိုင်လာရောက်တာ ကိုမြင်တဲ့ အခါ အနည်းငယ်စိတ်လှုပ်ရှားသွားပြီး စီးကရက်နှင့် လက်ဖက်ရည်များနှင့်ဧည့်ခံလိုက်သည်။

Universal အဆောက်အအုံပတ်လည်ကိုကြည့်ပြီးနောက် လျူယောင် အလွန်စိတ်ကျေနပ်သွားပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

“သွားကြမယ် ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာ ဥယျာဉ်ကို သွားကြမယ်....”

ကျိန့်ကန်းက ကားမောင်းတော့မဲ့အချိန်တွင် လျူယောင် တားလိုက်သည်။

“ကားမောင်းဖို့မလိုဘူး ငါတို့... ဘတ်စ်ကားစီးပြီးသွားမယ်..."

“ ဗျာ.. ဘတ်စ်ကားစီးမှာလား..."

ကျိန့်ကန်းနဲ့ ဟီချန်းတို့က အချိန်အတော်ကြာ အံ့အားသင့်နေပြီး သတိမဝင်လာခဲ့ပေ။

လျူယောင် ဘတ်စ်ကားကိုရွေးချယ်စီးရခြင်းအဓိကအကြောင်းရင်းမှာ ဟွားဟိုင်အပြည်ပြည်ဆိုင်ရာ ပန်းဥယျာဉ်မြို့တော် ဆောက်လုပ် ပြီးစီးပါက ဝန်ထမ်းများအလုပ်သွားရန် အဆင်ပြေမပြေကို သူကိုယ်တိုင် အရင်ဆုံးခံစားကြည့်လိုတာကြောင့်ဖြစ်သည်။

"အနာဂတ်တွင် ဝန်ထမ်းများက ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာ ဥယျာဉ်တွင်နေထိုင်ပြီး Universal အဆောက်အအုံတွင် အလုပ်လုပ်ကြမည်ဖြစ်သည်။ ထိုနေရာနှစ်ခုကြား ခရီးသွားလာရန် အဆင်ပြေပါ့ မလား. "ဆိုတာ

လျူယောင် တွေးမိတာကြောင့် ဖြစ်သည်။

လူတိုင်းအတွက် ခရီးသွားလာရန် နည်းလမ်းနှစ်မျိုးသာရှိသည် ဒါက ဘတ်စ်ကားစီးခြင်းနှင့် မြေအောက်ရထားစီးခြင်းတို့ ဖြစ်သည်။

သုံးယောက်သား ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေကြသည်။

ဘတ်စ်ကားစောင့်နေကြတဲ့ လူများလည်း အတော်များနေပြီး မျက်မြင်အားဖြင့် ဆယ်ယောက်ကျော်ရှိသည်။ ဘတ်စ်ကားရောက်လာရန် ၁၀ မိနစ်ခန့်ကြာသည်။

လျူယောင် စိတ်ထဲတွင် ခေါင်းခါကာ တွေးလိုက်သည်။

“ဘတ်စ်ကားခရီးစဉ်အရေအတွက်က နည်းနည်းနည်းနေသလိုပဲ... Universal အဆောက်အအုံပြီးသွားရင် ဘတ်စ်ကားကုမ္ပဏီနဲ့ ဆက်သွယ်ပြီး ခရီးစဉ်အရေအတွက် တိုးပေးဖို့ ပြောရမယ် ”

သူ ဘတ်စ်ကား မစီးရတာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ဘတ်စ်ကားပေါ်ကို ရောက်တာနဲ့ လျူယောင် ထူးခြားတဲ့ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဟိုး တစ်ချိန်က သူ နေ့တိုင်းဘတ်စ်ကားကို တိုးဝှေ့စီးရတဲ့နေ့ရက်များ ပြန်ရောက်လာသလိုပင်။

“အဲ့တုန်းက ငါကအရမ်းဆင်းရဲခဲ့တာ... နေ့တိုင်းမြေအောက်ရထား ဒါမှမဟုတ် ဘတ်စ်ကားကိုပဲ တိုးဝှေ့စီးရတာ...ဟူး...တော်သေးတယ် အခုက အလုပ်ဆင်းချိန်မဟုတ်တော့ လူတော့ သိပ်မများပါဘူး...”

လူတိုင်း ဘတ်စ်ကားပေါ်ရောက်တာနဲ့တံခါးကိုပိတ်လိုက်ပြီး ဘတ်စ်ကားက စတင် မောင်းထွက်လာသည်။ သူ့ဘေးတွင် ရပ်နေတာက ရုပ်ရည် အမှတ် ၈၀ ကျော်ပေးနိုင်တဲ့ မိန်းကလေးငယ်တစ်ဦးဖြစ်နေတာကို လျူယောင် တွေ့လိုက်ရသည်။

ဒီ မိန်းကလေးငယ်ရဲ့ဘေးတွင် လူငယ်တစ်ဦးရှိနေသည်။ အစတုန်းက သူတို့နှစ်ဦးကို စုံတွဲဖြစ်မယ်လို့ လျူယောင် ထင်ထား ခဲ့ပေမဲ့လည်း ထိုယူဆချက်ကို သူ လျင်မြန်စွာ ပယ်ချလိုက်သည်။

ထိုမိန်းကလေးငယ်က ဘေးမှ လူငယ်လေးနှင့် အကွာအဝေးကို ထိန်းထားတာကြောင့်ဖြစ်သည်။

မကြာမီပင် လျူယောင်က လူငယ်လေးရဲ့ လှုပ်ရှားမှု့များကို သတိပြုမိသည်။သူ့ရဲ့ ခန္ဓာကိုယ် ကို အကာအကွယ်အဖြစ်အသုံးပြုကာ မိန်းကလေးငယ်ရဲ့ အိတ်ကို တိတ်တဆိတ်ဖွင့်ပြီး ထိုအထဲမှ ယွမ်ရာကျော်တန်ငွေစက္ကူများနဲ့ ဖုန်းကိုထုတ်ယူနေသည်။

“လခွမ်း ဒီကောင်က ခါးပိုက်နှိုက်ပဲဟ”

ထိုမိန်းကလေးငယ်က သတိမထားမိဘဲ ကားအပြင်ဘက်ကိုသာ ကြည့်နေသည်။

သူမရဲ့ပစ္စည်းများ အခိုးခံရတာကို သိပုံတောင် မရပေ။

လျူယောင် ထိုအဖြစ်ကို ဆက်၍မကြည့်နိုင်တော့ဘဲ လူငယ်လေးရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။

“ညီလေး မိန်းကလေးတစ်ယောက်ဆီက ပစ္စည်းခိုးတာ မကောင်းပါဘူးကွာ.."

မိန်းကလေးငယ်က နောက်ဆုံးတွင် သတိပြုမိသွားပြီး အော်လိုက်သည်။

“ရှင် …ရှင်က ခါးပိုက်နှိုက်ပဲ ကျွန်မဆီက ပစ္စည်းခိုးရဲတာပေါ့....”

ကားပေါ်ရှိ လူအားလုံးနီးပါး လှည့်ကြည့်ကြပြီး လျူယောင်က ခါးပိုက်နှိုက်ရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားတာကို မြင်လိုက်ကြသည်။

ကားပေါ်မှ လူအားလုံးကြည့်နေပေမဲ့ ခါးပိုက်နှိုက်က လုံးဝမကြောက်တဲ့အပြင် လျူယောင်ကို ပြင်းထန်စွာ သတိပေးလိုက်သည်။

“ညီလေး... ကိုယ့်အလုပ်မဟုတ်တာ ဝင်မပါနဲ့.. အေးဆေး လစ်လိုက်တော့....မဟုတ်ရင် မင်းဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်ဘူး...."

All Chapters