← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

နံနက် ၅ နာရီတွင် လူအများစုသည် ချိုမြိန်သောအိပ်မက်ထဲနှစ်ခြိုက်စွာရှိနေဆဲဖြစ်သော်လည်း နန်ယုသည် အိပ်ရာပေါ် တစ်ဝက်တစ်ပျက်မှီရင်း စိတ်ပျက်အားငယ်စွာဖြင့် အိမ်တော်ထိန်းနှင့် အစေခံမိန်းကလေးသုံးဦးတို့ တန်းစီဝင်ရောက်လာသည်ကိုကြည့်နေခဲ့သည်။

ဒါ တတိယမြောက်နေ့ပဲ!

ဒီခန္ဓာကိုယ်ထဲနိုးလာပြီးနောက် သုံးရက်ဆက်တိုက် မနက် ၅ နာရီမှာ အိပ်ရာထခဲ့ရတယ်၊ မနက် ၆:၁၈ မှာ ဖေးမိသားစုရဲ့ ဘိုးဘွားတွေအတွက် ပထမဆုံးအမွှေးတိုင်ထွန်းညှိပေးဖို့အတွက်တဲ့…

ဤသည်မှာ မိသားစုဦးစီး၏ဇနီးအဖြစ် အထူးဂုဏ်ပြုခြင်းတစ်ရပ်ဟုဆိုသည်။

ထို့ပြင် အချိန်အား ဆရာပေါင်းသမားပေါင်းများစွာတွက်ချက်ထားခြင်းဟုဆိုသေးသည်။

အဲ့တာကို ပြောကြတာက...

သေသွားတဲ့ သူတို့ခေါင်းဆောင်ဟောင်းရဲ ဆန္ဒအရဆိုပဲ

"မဒမ်၊ ကျေးဇူးပြု၍ မြန်မြန်လုပ်ပေးပါ၊ မဟုတ်ရင် မင်္ဂလာအချိန်ကိုကျော်သွားပါလိမ့်မယ်"

နန်ယု မည်သည့်လှုပ်ရှားမှုမှမရှိသည်ကိုတွေ့သောအခါ အိမ်တော်ထိန်းသည် မျက်နှာထားတင်းမာစွာဖြင့် တိုက်တွန်းလိုက်သည်။

သူ့နောက်ရှိ အစေခံမိန်းကလေးသုံးဦးသည် ခေါင်းအားရိုရို ကျိုးကျိုးငုံ့ထားပြီး ပတ်ဝန်းကျင်အားဝေ့ဝှိုက်မကြည့်ရဲသလို သူတို့ရှေ့ရှိ နန်ယုအားလုံးဝမကြည့်ရဲကြပေ။ မဟုတ်ပါက အိမ်တော်ထိန်းမှ ၎င်းတို့အားရိုက်နှက်ဆဲဆိုမည်ပင်။

၎င်းတို့သည် အသက် ၂၀ ဝန်းကျင်အရွယ် မိန်းကလေးငယ်များဖြစ်သော်လည်း ဤလူသုံးဦးတွင် လူငယ်များတွင် ရှိသင့်သော အသက်ဝင်မှုမရှိ၊ ကြောက်ရွံ့မှုနှင့် သတိထားမှုသာ ရှိသည်။

ဒါက နှစ်ပေါင်း ၅၀၀ ကျော်သမိုင်းရှိသည့် ချမ်းသာသောဖေးမိသားစုဖြစ်ကာ ၎င်းတို့၏ ဘိုးဘေးတွေထဲ ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် တခြားသောရာထူးမြင့်အရာရှိများထွက်ပေါ်ခဲ့ဖူးသည်။

စည်းကမ်းတွေအရမ်းများပြီး ပုံမှန်မဟုတ်သလို၊ အလုပ်ပတ် ဝန်းကျင်မှာလည်း ဖိနှိပ်မှုများသည်။ နန်ယုသိသလောက်တော့ ၎င်းတို့၏အကျိုးခံစားခွင့်များသည် သာမန်လုပ်ငန်းများထက် အနည်းငယ်သာပိုကောင်းသည်။

သူ့ အရင်ကမ္ဘာတွင်ဆိုပါက ၎င်းအတွက် အင်တာနက်ပေါ်တွင် ပြင်းပြင်းထန်ထန်တိုင်ကြားခံရမည်ဖြစ်ပြီး လူတိုင်း ဝိုင်းဝန်းရှုတ်ချကြမည်သာ။

သို့သော် ဒီနေရာမှာတော့ လူအများအပြားသည် ဖေးမိသားစုထဲဝင်ရောက်နိုင်သည်ကို ဂုဏ်ယူတတ်ကြသည်။

ဖေးမိသားစုထဲဝင်ရောက်သည်နှင့် အလိုအလျောက်သာလွန်သူဖြစ်သွားသလိုပင်။ ထိုအကြောင်းပြောရသည်နှင့် မျက်နှာ ပန်းလှသည်၊ မသိတဲ့သူဆိုပါက ဖေးမိသားစုအား နဂါးတံခါးတစ်မျိုးမျိုးဟုထင်ကြမည်သာ။

——ဒါ ဝတ္ထုတွေရဲ့ ကမ္ဘာလား ??

ဒီလိုအဓိပ္ပာယ်မရှိတဲ့အကြံက အလုပ်သမားတွေကို လူသားတွေအဖြစ် လုံးဝမသတ်မှတ်နိုင်ပေ။

နန်ယု စိတ်ထဲမှ တိတ်တဆိတ်ညည်းတွားလိုက်ပြီး မူလက ရှင်း လင်းမှုမရှိသော သူ့ စိတ်သည် အိမ်တော်ထိန်း၏ပြတ်သားပြီး လေးနက်သောမျက်လုံးများကို တွေ့လိုက်ရသောအခါရှင်းလင်းလာရသည်။

သူ စောင်ကို ဖြည်းညှင်းစွာလှန်လိုက်ပြီး ထူထဲနူးညံ့သောကော် ဇောပေါ်သို့ ခြေဗလာဖြင့်တက်လိုက်ကာ ပျင်းရိစွာ ဆန့်တန်းလိုက်သည်။ မရည်ရွယ်ဘဲ သိမ်မွေ့ဖြူဖွေးသော ခါးတစ်ဝိုက်ကို ဖော်လိုက်သည်။

ထိုရိုးရှင်းပြီး သာမန်လုပ်ရပ်ဖြင့် နန်ယု လှည့်ကြည့်လိုက်သော အခါ အိမ်တော်ထိန်းမျက်နှာထက် မကျေနပ်မှုများပြည့်နေပြီး နောက်တွင် "မဒမ်၊ ခုလို ယဉ်ကျေးမှုမရှိတဲ့ လုပ်ရပ်မျိုးမလုပ်ပါနဲ့၊ ဖေးမိသားစုက..." ဟူသော စကားတစ်ခွန်းကပ်ပါလာသည်။

"ရပ်၊ ရပ်၊ ရပ်လိုက်!"

နန်ယု အိမ်တော်ထိန်း၏ပြောစကားများကို စိတ်မရှည်စွာနှင့် ကြားဖြတ်လိုက်ပြီး "ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေကို၊ ငါ နားမထောင်ချင်ဘူး၊ နားလည်လား"

အိမ်တော်ထိန်း စကားလုံးများ လည်ချောင်းထဲဆို့နင်သွားရသည်။ နန်ယု လက်ထပ်ပြီးသည်မှာ တစ်လခွဲရှိပြီ။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဖေးမိသားစုစည်းမျဉ်းများကို မကျေနပ်သော်လည်း သူ နာခံမှုရှိခဲ့သည်။

သို့သော် ရက်အနည်းငယ်အတွင်းတွင် သူ့ စိတ်နေစိတ်ထားအစစ်အမှန်ကို ဖော်ထုတ်လာခဲ့သည်။

——သူမသည် သူဋ္ဌေးလက်သစ်၏ သမီးအစစ်ပင်။

သို့သော် အိမ်တော်ထိန်းသည် မိသားစုခေါင်းဆောင်၏ဇနီးဖြစ်သူအား "ဆရာ" အနေဖြင့် ဇနီးသည်၏မှားယွင်းပြီး ရိုင်းစိုင်းသောလုပ်ရပ်များကိုထောက်ပြရန် တာဝန်နှင့် ဝတ္တရားရှိသည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် နောင်တွင် နန်ယု အပြင်သို့သွားသည့်အခါ ဖေးမိသားစု၏မျက်နှာကို ကိုယ်စားပြုရမည်ဖြစ်သောကြောင့်ဖြစ်သည်။ သူမအား မသိသူများက ဖေးမိသားစုသည် ဆုတ်ယုတ်သွားပြီဟုထင်သွားနိုင်သည်။

သို့သော် အိမ်တော်ထိန်း ပါးစပ်ကို ဖွင့်လိုက်သည်နှင့် နန်ယု ရေချိုးခန်းတံခါးကို ဆောင့်ပိတ်လိုက်ပြီး တံခါးလော့ချသံကို ရှင်းလင်းစွာကြားလိုက်ရသည်။

"ငါ နားမထောင်ချင်ဘူး၊ နားမထောင်ချင်ဘူး" ဟု ပြောနေသယောင်ပင်။

အိမ်တော်ထိန်း:...

လေးစားမှုမရှိဘူး! လုံးဝ လေးစားမှုမရှိဘူး!

အိမ်တော်ထိန်းကျိုး နိုးလာသောအခါတွင် သူမ ဤအကြောင်းကို သေချာပေါက် တိုင်ကြားရမည်။ သို့မဟုတ်ပါက နန်ယု၏ ဖောက်ပြန်မှုများကို လျစ်လျူရှုရာ ရောက်လိမ့်မည်။

ခြောက်နာရီတွင် နန်ယုသည် အရာအားလုံးကို အပြီးသတ်ပြီး တံခါးအပြင်သို့ ထွက်လာခဲ့သည်။

သုံးရက်ဆိုတာ သူမရဲ့ သည်းခံနိုင်မှုရဲ့ အဆုံးသတ်ဖြစ်တယ်။ ရေချိုးခန်းထဲမှာ ခုနက သူမဖုန်းထဲဝင်လာတဲ့ မက်ဆေ့ချ်ကို စဉ်းစားရင်း နန်ယုရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားတယ်။

သူမဟာ မူလပိုင်ရှင်မဟုတ်ဘူး၊ အချစ်အတွက် သည်းခံနေမှာမဟုတ်ဘူး။

သူ ဘာလို့ ဒီလို ရှေးရိုးဆန်တဲ့အိမ်ကြီးထဲမှာ ရူးသွပ်နေတဲ့သူတစ်ယောက်လို ကိုယ့်ကိုယ်ကိုနေခိုင်းရမှာလဲ။

သို့သော် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်...

"မဒမ်၊ လမ်းမှားသွားနေပြီ"

အိမ်တော်ထိန်းက လောလောဆယ် သတိပေးလိုက်သည်။ နန်ယု အချိန်အနည်းငယ်နှောင့်နှေးခဲ့သည်။ မင်္ဂလာအချိန်အတွက် ဆယ်မိနစ်ကျော်သာကျန်တော့သည်။ ယခုဆိုလျှင်ပင် သူ မမီလုနီးပါးဖြစ်သည်။ နန်ယု၌ အခြားအစီအစဉ်များရှိနေပုံရသည်ကို မည်သူသိမည်နည်း။

"ဟုတ်တယ်"

နန်ယု၏နူးညံ့ပြီး လှပသောမျက်နှာတွင် အဓိပ္ပာယ်ပြည့်ဝသော အပြုံးတစ်ခု ပေါ်လာသည်။

"ခြောက်နာရီ ဆယ့်ရှစ်မိနစ်က မင်္ဂလာအချိန်ဆိုရင် ကျွန်မတို့အားလုံး အတူတူလာရောက်ပြီး ဝတ်ပြုပူဇော်သင့်တာမဟုတ်ဘူးလား"

သူ သေတ္တာအသေးလေးတစ်ခုကို တိုက်ရိုက်ထုတ်ယူပြီး အိမ်တော်ထိန်း၏အံ့အားသင့်နေသော မျက်လုံးများအောက်တွင် လက်ဗွေကို ခွဲခြားသိမြင်စေကာ ထို့နောက် ၎င်းကိုဖွင့်၍ ပြင်းပြင်းထန်ထန် နှိပ်လိုက်သည်။

ဘီပီ-ဘီပီ-ဘီပီ-

နားကွဲမတတ်အချက်ပေးသံသည် ဖေးမိသားစုအိမ်ကြီးတစ်ခုလုံးတွင် ချက်ချင်း ပျံ့နှံ့သွားသည်။ အိပ်ပျော်နေကြသူအား လုံး ရုတ်တရက်နိုးထလာကြပြီး ပြင်းထန်စွာခုန်နေသောနှလုံး သားများကိုဖိထားရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်ကြသည်။

"ဘာဖြစ်တာလဲ ? ဘာဖြစ်တာလဲ ?"

"ဘာတွေဖြစ်နေတာလဲ"

...

၎င်းသည် မိသားစုခေါင်းဆောင်၏ဇနီးထံသာ ရှိသော "အခွင့် ထူး" တစ်ခုဖြစ်ပြီး အရေးကြီးဆုံးအချိန်မှအပ အသုံးမပြုနိုင်ပေ။ တစ်ကြိမ်နှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဖေးမိသားစုတစ်ခုလုံးသည် ပထမအဆင့်စစ်အုပ်ချုပ်ရေးအခြေအနေသို့ဝင်ရောက်မည်ဖြစ်ပြီး ဖေးမိသားစုဝင်အားလုံးသည် အဓိကခန်းမတွင် အမြန်စုရုံးရမည်ဖြစ်သည်။

——၎င်းကို များသောအားဖြင့် ဘေးကင်းရေးသေတ္တာထဲတွင်သော့ခတ်ထားသည်။ နန်ယု ဘယ်တုန်းက ထုတ်သွားတာလဲ ?

အိမ်တော်ထိန်းသည် ဆယ်စုနှစ်များစွာကြာအလုပ်လုပ်ခဲ့သည်။ နန်ယုသည် မိသားစုခေါင်းဆောင်၏ဇနီးနှစ်ဦးအား ဝန်ဆောင်မှုပေးခဲ့သည်ကို မရေတွက်ပါက မည်သူကမျှ ဤအရာကို တစ်ခါမျှမနှိပ်ဖူးပါ။

"နင်၊ နင်..."

စိတ်လှုပ်ရှားမှုကြောင့် မဒမ်ဟုပင် မခေါ်တော့ဘဲ ရိုသေသောစကားလုံးများကိုလည်းမသုံးတော့ပေ။

"နင် ဘာလုပ်နေလဲဆိုတာ နင် သိရဲ့လား"

နန်ယုနှုတ်ခမ်းပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားပြီး သူမ ၏တောက်ပသောမျက်လုံးများက အလွန်အေးစက်နေသည်။ သူမသည် သူ့ထက်ဆယ်စုနှစ်များစွာ ငယ်သော မိန်းကလေးဖြစ်သော်လည်း အိမ်တော်ထိန်းသည် ထိုအချိန်တွင် မဖော်ပြနိုင်သော ဖိအားတစ်ခုကိုခံစားလိုက်ရသည်။

၎င်းသည် သားရဲတစ်ကောင် စိုက်ကြည့်ခံနေရသလိုပင်။

"ကျွန်မ သိတယ်"

နန်ယု၏အသံသည် အလွန်ငြိမ်သက်နေပြီး အိမ်ထဲရုတ်တရက်ဖြစ်ပေါ်လာသော ထိတ်လန့်မှုနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။

"ရှင်တို့တွေပဲ မသိကြတာ"

ထိုစကားကို ထားခဲ့ပြီးနောက် နန်ယုသည် အိမ်တော်ထိန်း၏ တုံ့ပြန်မှုကိုဂရုမစိုက်ဘဲ သူ့ ပန်းတိုင်ဖြစ်သော ဖေးမိသားစု၏ အဓိကခန်းမသို့ တိုက်ရိုက်လျှောက်လှမ်းသွားသည်။

သူ နီးကပ်နေပြီး ပထမဆုံးတုံ့ပြန်သူဖြစ်သည်။ သူမ အဓိကခန်းမသို့ ရောက်သောအခါတွင် အစေခံအနည်းငယ်သာ ထိုနေရာတွင် ရပ်နေကြသည်။ နန်ယုသည် ယဉ်ကျေးမှုမရှိဘဲ ကုလားထိုင်တစ်လုံးကို ကောက်ယူပြီး "ကြွယ်ဝမှုနှင့် သာယာ ဝပြောရေး" ဟူသော ဆိုင်းဘုတ်တစ်ခုအောက်ရှိ အဓိကခန်း မ၏ရှေ့ဆုံးတွင်ထားလိုက်သည်။ ထိုပေါ်တွင် ထိုင်ပြီးနောက် တွင် လူတိုင်းလာရောက်သည်ကို တိတ်တဆိတ်စောင့်ဆိုင်းနေသည်။

ဘေးနားရှိအစေခံများသည် တစ်ဦးကိုတစ်ဦးကြည့်ကြပြီး တိတ်ဆိတ်ခြင်းဟူသောကောင်းမွန်သော ဂုဏ်သတ္တိကို စွဲကိုင်ထားကာ မည်သူမျှ မမေးဝံ့ကြ၊ စကားမပြောဝံ့ကြပေ။

အိမ်တော်ထိန်းသည် တိုင်ကြားရန်သွားခဲ့သည်လား မသိသလို နန်ယုနောက်လည်း မလိုက်ခဲ့ပေ။ သို့သော် သူမ ဂရုမစိုက်ပါ။

လုပ်မယ်ဆိုမှတော့ အကြီးအကျယ်လုပ်ကြတာပေါ့။

ပထမဆုံး ရောက်လာသူမှာ အသက် ၇၀ ကျော်အရွယ် အဘိုးကြီးတစ်ဦးဖြစ်သည်။ သူက ဖေးမိသားစုမှာ ဘယ်လိုအဆင့်အ တန်းရှိတာလဲ ?

တတိယ သို့မဟုတ် စတုတ္ထ ဦးလေးလား ??

နန်ယု မမှတ်မိပေ။ သို့သော် ဖေးမိသားစုတွင် ထိုကဲ့သို့ သက် ကြီးရွယ်အို ခုနစ်ဦး စုစုပေါင်းနေထိုင်ကြပြီး စည်းကမ်းထိန်း သိမ်းရေးခန်းမကို ဖွဲ့စည်းထားသည်။ မျိုးနွယ်စုဝင်များကို ထိန်းချုပ်ရန်နှင့် ဖေးမိသားစု၏ကိစ္စရပ်အချို့ကို ကိုင်တွယ်ဖြေရှင်းရန်တာဝန်ရှိသည်။ ၎င်းတွင် မိသားစုဦးစီးကို ကူညီခြင်းနှင့် မိသားစုခေါင်းဆောင်မှ အမှားအယွင်းမဖြစ်စေရန် ကြီးကြပ်ခြင်းတို့ပါဝင်သည်။

ရယ်စရာကောင်းတယ် မဟုတ်ဖူးလား ?

ဒါ ဘယ်ခေတ်လဲ၊ ဒါပေမယ့် ဖေးမိသားစုကတော့ အတိတ်ရဲ့ ဂုဏ်ရောင်တွေကို စွဲကိုင်ထားပြီး လက်မလွှတ်နိုင်သေးဘူး။ ဒါကြောင့် နောက်ဆုံး ဇာတ်လိုက်က ဒီနေရာကိုဖျက်ဆီးချင်တာ အံ့ဩစရာ မဟုတ်တော့ဘူး။

"ဦးလေး၊ ခဏထိုင်ပါဦး၊ လူတိုင်းရောက်လာရင် ကျွန်မ အား လုံးနဲ့ စကားပြောပါ့မယ်"

ဒီလူက ဘာတွေဖြစ်နေတာလဲလို့ မေးတော့မယ့်အချိန်မှာ နန်ယုကဦးစွာပြောလိုက်သည်။ မဟုတ်ပါက တစ်ယောက်ချင်းစီသာ မေးနေရင် အဆုံးမရှိဖြစ်နေမည်ပင်။

အဘိုးကြီးသည် စကားလုံးများလည်ချောင်းထဲဆို့နင်သွားရသည်။ သူ စိတ်ထဲဘာတွေတွေးနေပါစေ အပြင်ပန်းမှာတော့ အနည်းဆုံး အစေခံတွေရှေ့မှာ နန်ယုအားလေးစားရဦးမည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါ မိသားစုခေါင်းဆောင်ရဲ့ဇနီးဖြစ်သလို နန်မိသားစု၏သမီးဖြစ်ကာ ယခင်တစ်ယောက်နှင့်မတူချေ။

ထိုသို့ခေတ္တရပ်နားလိုက်ချိန်တွင် လူများတစ်ဦးပြီးတစ်ဦး ရောက်လာကြသည်။ အချို့သည် မပျော်မရွှင်ဖြစ်နေကြပြီး အချို့မှာ စိတ်လှုပ်ရှားကာ ရှုပ်ထွေးနေကြသည်။ သို့သော် ခန်းမထဲသို့ ဝင်ရောက်ပြီးနောက် တိတ်ဆိတ်မှုကိုခံစားလိုက်ရပြီး နန်ယုသည် ထိပ်ဆုံးတွင် ထိုင်နေသည်ကိုမြင်လိုက်ရသော အခါ လူတိုင်းပါးစပ်ပိတ်ကာ ထိုင်ရန်ကုလားထိုင်တစ်လုံးကို ရှာဖွေထိုင်ကြပြီး စိတ်ထဲအမျိုးမျိုးသောအတွေးများဖြစ်ပေါ် လာကြသည်။

နှစ်ပေါင်းများစွာကြာလာပြီးနောက် ဖေးမိသားစု၏တိုက်ရိုက်မျိုးဆက်သည် နန်ယုခင်ပွန်းဖြစ်သူနှင့် လင်ပါသားဖြစ်သူသာ ကျန်တော့ပြီး ဘေးမျိုးဆက်သည် အလွန်တိုးတက်နေသည်။

သို့သော်လည်း ဖေးမိသားစုတွင် အမှန်တကယ်နေထိုင်သူများ မများလှပေ။ အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။ ၎င်းတို့မှာ အရည်အချင်းမပြည့်မီသောကြောင့်ပင်။

၎င်းသည် ဘိုးဘွားပိုင်အိမ်ဖြစ်သည်။ အနည်းငယ်မျှ ဆက်စပ်မှုရှိသူတိုင်းနေထိုင်နိုင်ပါက သူတို့သည် ဖေးမိသားစုအားဘာထင်သနည်း။

အထက်ပါအချက်သည် သက်ကြီးရွယ်အိုများ၏အတွေးအ ခေါ်များပင်။

ထို့ကြောင့် ယခုအခါ အိမ်ကြီးတစ်ခုလုံးတွင် လူ ၂၀ ကျော်သာ နေထိုင်ကြပြီး ၎င်းတို့အားလုံးသည် သက်ကြီးရွယ်အိုများဖြစ် သည်။

နန်ယုသည် လူငယ်မျိုးဆက်ကြား နေထိုင်နိုင်လျှင်ပင် နေထိုင်ချင်မည်မဟုတ်ဟုထင်သည်။

ဘယ်သူကများ အစာစားတဲ့အခါ တစ်ယောက်ယောက်က ကိုယ့်ကို စိုက်ကြည့်ပြီး ယဉ်ကျေးမှုကိုဂရုစိုက်ဖို့ သတိပေးနေတာမျိုးကို လိုချင်မှာလဲ ? အဲ့ဒီဘဝက တကယ်ပင်ပန်းလွန်းတယ်။

တစ်စက္ကန့်လောက်စဉ်းစားနေပြီး တခြားသူတွေ စိတ်မရှည်တော့ဘဲ မေးခွန်းထုတ်တော့မယ့်အချိန်မှာ အဓိကလူရောက် လာတော့သည်။

တစ်ဦးက သူ့လင်ပါသားဖြစ်ပြီး "မင်းက ငါ့ရဲ့အလင်းရောင်" ဝတ္ထု၏ဇာတ်လိုက်ဖြစ်သည်။

သူ့နာမည်အပြည့်အစုံမှာ ဖေးယွင်ကျင့်ဖြစ်သည်။ ဝတ္ထုစတင်ချိန်တွင် ဇာတ်လိုက်သည် ၂၅ နှစ်အရွယ်ရှိပြီး ယခုတွင်... လေးနှစ်အောက်သာ ရှိသင့်သည်။

သူသည် အစေခံမိန်းကလေးလက်ထဲတွင် ပွေ့ချီခံထားရပြီး သူ့မျက်နှာသည် ဖျော့တော့နေပြီး နေမကောင်းဖြစ်နေပုံရသည်။ ကလေးတစ်ယောက်လို တက်ကြွပြီးဖြတ်လတ်သော ခံစားချက်လုံးဝမရှိပေ။

သူ့ကိုယ်ခန္ဓာတစ်ခုလုံးပိန်ချုံးနေပြီး မျက်တွင်းဟောက်ပက်တစ်စုံသာ အမူအရာမဲ့စွာရှေ့သို့ကြည့်နေခဲ့သည်။ ထိုပုံစံအားကြည့်ရသည်မှာ ကြောက်စရာကောင်းလှသည်။

ဒီဇာတ်လိုက်အကြောင်းပြောရမယ်ဆိုပါက သူ တကယ်ကို ဆိုးဝါးခဲ့သည်။ နန်ယု မှန်ကန်စွာမှတ်မိနေပါက သူ့မိခင်သည်လည်း မဒမ်တစ်ဦးဖြစ်သည်။ သူမသည် ဇာတ်လိုက်၏ဖခင်ဖြစ်သူ၊ ဆိုလိုသည်မှာ နန်ယု၏လက်ရှိခင်ပွန်းဖြစ်သူ ဖေးယီကျန့်သုက်ပိုးကို ဆေးရုံတွင် ကြိုတင်သိမ်းဆည်းထားခဲ့ရာမှခိုးယူခဲ့ခြင်းဖြစ်သည်။

အောင်မြင်စွာကိုယ်ဝန်ရပြီးနောက် သူမ အခြားသူများကို သူ့အားလက်ထပ်ရန်အတင်းအကျပ်ခိုင်းစေခဲ့ပြီး ထိုအချိန်က အတော်လေးကိုအာရုံစိုက်ခံခဲ့ရသည်။ ရလဒ်အနေဖြင့် သူမသည် ကလေးမွေးဖွားစဉ် သွေးလွန်၍သေဆုံးသွားခဲ့သည်။

ဒီကလေးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

မိခင်ဘက်မှ ဆွေမျိုးများက ဒီသမီးသည် ရှက်ဖွယ်ကောင်းသည်ဟု ထင်မြင်ကာ သူ့ကိုလျစ်လျူရှုခဲ့ကြပြီး ဖခင်ဘက်ကလည်း သူ့ကို အစေခံများအားဂရုစိုက်ရန်ပေးခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ထိုကလေးမှာ နေမကောင်းဖြစ်ခဲ့သည်။ ဖေးယွင်ကျင့်သည် ငယ်စဉ်ကလေးဘဝကတည်းကအားနည်းပြီးမကျန်းမာခဲ့ပေ။ နှစ်နှစ် သုံးနှစ်ကြာပြီးနောက်တွင် "နန်ယု" သည် ဖိနှိပ်မှုများကြောင့် တဖြည်းဖြည်းပုံမှန်မဟုတ်တော့ဘဲ သူ ချစ်သောခင်ပွန်းဖြစ်သူ ရုတ်တရက်ဆုံးပါးပြီးနောက်လုံးဝရူးသွပ်သွားခဲ့သည်။

သူ ဤလင်ပါသားကို အပြင်းအထန်နှိပ်စက်ခဲ့သည်။ ဥပမာအားဖြင့် ဆောင်းရာသီတွင် ရေအေးများလောင်းချခြင်း၊ နွေရာသီတွင် နေပူထဲတွင် ရပ်ခိုင်းခြင်းစသည်တို့ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ကိုယ်ရောစိတ်ပါ မည်သူမျှမလွတ်ခဲ့ပေ။

သူမ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ပြီး ထိုနှစ်များအတွင်းဖေးမိသားစု၏ရှုပ်ထွေးမှုများကို မည်သူမျှဂရုမစိုက်ခဲ့ကြပေ။

ဖြစ်နိုင်သည်မှာ သူတို့သည် ဂရုစိုက်ရန် မလိုချင်သောကြောင့်ဖြစ်သည်။ ကလေးသေဆုံးသွားပါက ဖေးမိသားစု၏ကြီးမား သောပိုင်ဆိုင်မှုသည် မည်သည့်နေရာတွင် အဆုံးသတ်မည်ကို ပြောရန်ခက်လိမ့်မည်။

ဖေးယွင်ကျင့်သည် ဘေးကင်းစွာရှင်သန်နိုင်ခဲ့ခြင်းမှာ နန်ယုတွင် နောက်ဆုံးကျန်ရှိသော ဆင်ခြင်တုံတရားလေးရှိနေသော ကြောင့်ပင်။ သူမသည် သူမချစ်သောလူ၏ပိုင်ဆိုင်မှုများကို အခြားသူများလက်ထဲသို့ ရောက်ရှိစေလိုခြင်းမရှိပေ။

ဖေးယွင်ကျင့်အား သူမ မည်မျှမုန်းတီးပါစေ ၎င်းသည် ထိုလူ ၏တစ်ဦးတည်းသောသွေးသားပင်။

မဟုတ်ပါက ဇာတ်လိုက်သည် ဇာတ်လိုက်အရှိန်အဝါအား မှီခိုကာကြီးပြင်းလာနိုင်မည်မဟုတ်ချေ။

ဟုတ်ပါတယ်၊ ဒါတွေအားလုံးက မူရင်းဝတ္ထုရဲ့ ဇာတ်ကွက်တွေပါ။ နန်ယု ထိုမွေးစားသားအပေါ်ထားတဲ့ သဘောထားကတော့ လျစ်လျူရှုလိုက်ဖို့သာဖြစ်ပြီး အနာဂတ်မှာ ပတ်သက်ချင်စိတ်မရှိချေ။

သူ့ ခင်ပွန်းအပါအဝင်ပေါ့။ သင့်တော်တဲ့အခွင့်အရေးရရင် ဒီအိမ်ထောင်ရေးကို Bye Bye လုပ်တော့မှာပါ။

ဒုတိယရောက်လာသူကတော့ ဖေးယွင်ကျင့်နောက် တစ်လှမ်းနောက်ကျပြီး ရောက်လာသူ အိမ်တော်ထိန်းကျိုးပင်။

ဖေးမိသားစုလို မိသားစုကြီးတစ်ခုရဲ့ အိမ်တော်ထိန်းချုပ်ဖြစ်ဖို့အတွက် နေ့စဉ်အသေးအဖွဲကိစ္စရပ်များစွာကို စီမံခန့်ခွဲရတာကြောင့် ဒီလူဟာ စမ်းသပ်မှုများစွာကိုကျော်ဖြတ်ပြီးသားဖြစ်မည်။

နန်ယု ပထမဆုံးနေရာမှာ ထိုင်နေတာကို မြင်တော့ အိမ်တော်ထိန်းကျိုးက ပြုံးပြီးရှေ့ထွက်လာသည်။

"မဒမ်၊ လူတိုင်းကို အရေးတကြီး ခေါ်လိုက်တာ ဘာအရေး ကြီးကိစ္စများ ရှိလို့လဲ"

"နေဦး"

နန်ယုက တိုက်ရိုက်ပြောလိုက်သည်။ အိမ်တော်ထိန်းကျိုး အလိုအလျောက် ရပ်သွားပြီးနောက် တံခါးဝရှိ ကိုယ်ရံတော်လေးဦးကို ကြည့်လိုက်သည်။

"ဒီကိုလာ"

ကိုယ်ရံတော်လေးဦးသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်သော် လည်း နန်ယု စကားကိုနားထောင်ပြီး သူမရှေ့တွင် တန်းစီရပ်လိုက်သည်။ ၎င်းသည် သူမနှင့်အိမ်တော်ထိန်းကျိုးကို သူတို့ ကိုယ်ခန္ဓာများဖြင့် ခွဲထားသကဲ့သို့ဖြစ်နေသည်။

အိမ်တော်ထိန်းကျိုး: "..."

သူ အနည်းငယ်ရှက်သွားသည်။

"မဒမ်၊ ဘာကိုဆိုလိုတာလဲ"

တခြားသူတွေ ဒီအချိန်မှာစကားမပြောကြပေ။ ဒီနေရာက ဖေးမိသားစုဝင်တွေထဲမှာ ဘယ်သူမှမိုက်မဲသူမရှိဘူး။ အခြေအနေမမှန်ဘူးဆိုတာမြင်ရသဖြင့် ဘယ်သူမှပထမဆုံးစကားမပြောချင်ကြချေ။

နန်ယု လျှို့ဝှက်ထားရန်မလိုချင်သလို အိမ်တော်ထိန်းကျိုးကိုလည်း ယဉ်ကျေးစွာပြောနေဖို့ မလိုချင်ဘူး။ သူ ကိုယ်ရံတော်လေးဦးကိုကြည့်ပြီး လေးလေးနက်နက်ပြောလိုက်သည်။

"ရှင်တို့အားလုံးက တစ်ကြိမ်တည်း လူဆယ်ယောက်နဲ့တိုက်နိုင်တယ်လို့ကြားတယ်၊ ခဏနေ ကျွန်မကို ကာကွယ်ပေးဖို့မှတ် ထား၊ အပိုဆုကြေးက နည်းမှာမဟုတ်ဘူး"

ကိုယ်ရံတော်လေးဦး: "?"

သို့သော်လည်း ၎င်းတို့၏ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်များကြောင့် သူတို့သည် အလိုအလျောက်တုံ့ပြန်မှုတစ်ခုလိုမတ် မတ်ရပ်လိုက်သည်။

"ဟုတ်ကဲ့!"

ပြင်းပြင်းထန်ထန်နှင့် အားကောင်းသောအဖြေက နန်ယုကို ကျေနပ်စွာ ခေါင်းညိတ်စေသည်။ သူ ယခုအခါ အလွန်အား နည်းနေသောကြောင့် တစ်စုံတစ်ယောက် နံရံပေါ်မှခုန်ချလာခြင်းအား တားဆီးရန် ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ရမည်။

သူမ ကိုယ်ပိုင်လုံခြုံမှုကိုသေချာစေပြီးနောက် နန်ယုသည် ထရပ်လိုက်ပြီး လူသားနံရံ၏ကွာဟချက်မှတစ်ဆင့် အိမ်တော်ထိန်းကျိုးကို ကြည့်လိုက်ကာ သူ့မိုဘိုင်းဖုန်းကို ထုတ်ယူပြီး စကားလုံးများကို စတင်ဖတ်ရှုလိုက်သည်။

"ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၉:၀၀ နာရီတွင် xx၊ အိမ်တော်ထိန်းကျိုးသည် ဖေးမိသားစု၏ကြွေပန်းအိုးနှစ်ခုအား သီးသန့်ရောင်းချခဲ့ပြီး ၆၁.၃၂ သန်းအမြတ်ရရှိခဲ့သည်"

"မတ်လ ၅ ရက်၊ xx၊ ကျိုး..."

"မဒမ်!!!"

နန်ယု စကားများမပြီးဆုံးသေး၊ အိမ်တော်ထိန်းကျိုးလည်း ဆက်ပြောစေဖို့ ခွင့်မပြုနိုင်ပေ။

"ကျွန်တော့်ကို မပုပ်ခတ်ပါနဲ့!"

"ကျွန်တော် ဖေးမိသားစုအပေါ် သစ္စာရှိတယ်၊ ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုး လုပ်နိုင်မှာလဲ"

"ကျွန်တော် အလွန်အကျွံဝင်ရောက်စွက်ဖက်တာကို ခင်ဗျားမကြိုက်တာကို သိပါတယ်၊ ဒါပေမယ့် မရှိတာကို အတင်းအ ဖျင်းတွေ ဖန်တီးလို့မရပါဘူး"

အိမ်တော်ထိန်းကျိုး သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး စွပ်စွဲခံရသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားနေသည်။ ဖေးမိသားစု၏ အိမ်တော်ထိန်းချုပ်နေရာနှင့်ထိုက်တန်သည်။

ထိုသို့သော ဖြောင့်မတ်သော ပြန်လည်ချေပမှုကလည်း ပတ်။ဝန်းကျင်မှ ကြည့်ရှုသူများအား နန်ယုကိုကြည့်လာစေသည်။ အဘယ်ကြောင့်ဆိုသော် ဒီအဘိုးအိုသည် ဖေးမိသားစုအား မျိုးဆက်များစွာအမှုထမ်းခဲ့ပြီး ဖေးမိသားစုက ပေးထားသော အခွင့်အရေးနှင့် အာဏာများသည် တကယ်ကိုမနည်းမနောဖြစ်သည်။ ပုံမှန်အားဖြင့် သူ ထိုသို့သောအရာမျိုးလုပ်ရန်မလိုအပ်ချေ။

ဆန့်ကျင်ဘက်အားဖြင့် နန်ယုသည် အိမ်ထောင်ကျတာ မကြာသေးသော မဒမ်ဖြစ်ပြီး သူမ၏ခြေထောက်ကိုပင် မတည် ဆောက်နိုင်သေးဘဲ အာဏာကိုသိမ်းယူရန် တွေးတောခြင်းက အနည်းငယ်လောလွန်းနေသည်။

အိမ်တော်ထိန်းကျိုးပြန်လည်ချေပမှုနှင့် လူအုပ်၏လျှို့ဝှက်သောအကြည့်များကို ရင်ဆိုင်ရာတွင် နန်ယုသည် အလွန်တည် ငြိမ်သည်။ သူ့ဘေးနားရှိ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။

"တကယ်လား"

ပတ်ဝန်းကျင် တိတ်ဆိတ်သွားသောအခါ နန်ယု နောက်ဆုံးတွင် စကားပြောလိုက်သည်။

"ကျွန်မမှာ ဗီဒီယိုတွေ၊ သက်သေတွေ၊ အရောင်းအဝယ်မှတ် တမ်းတွေ၊ ရှင်ရဲ့ လက်မှတ်တွေ၊ အသံသွင်းထားတာတွေ အဲ့တာတွေ အားလုံးရှိတယ်"

"အိမ်တော်ထိန်းကျိုး၊ တခြားပြောချင်တာများ ရှိသေးလား ?"

အိမ်တော်ထိန်းကျိုးလည်း ထိုအချိန်မှာ စိတ်တည်ငြိမ်သွားသည်။ သူသည် အသက်ပြင်းပြင်းရှူပြီး "မဒမ်၊ ခင်ဗျားရဲ့ပစ္စည်းတွေရဲ့ စစ်မှန်မှုကို ဘယ်သူမှ အာမခံနိုင်မှာမဟုတ်ဘူး။ ဒါတွေကို ရည်ရွယ်ချက်ရှိရှိဖန်တီးလို့ရတယ်၊ ကျွန်တော့်နာ မည်ကိုရှင်းလင်းပေးဖို့ မိသားစုသခင်ကိုခေါ်ပြီး စစ်ဆေးဖို့ တောင်းဆိုပါတယ်"

ဖေးမိသားစု၏လက်ရှိခေါင်းဆောင် ဖေးယီကျန့်သည်ပြည်ပစီးပွားရေး ချဲ့ထွင်ရန်အတွက် တစ်နှစ်ပတ်လုံးခရီးထွက်နေရသည်။ သူသည် နန်ယုနှင့် လက်ထပ်ပြီးနောက် လတစ်ဝက်အကြာတွင် ထွက်သွားခဲ့သည်။ နောက်တစ်ကြိမ် ဘယ်အချိန်ပြန် လာမည်ကို မသိရသေးပေ။

အိမ်တော်ထိန်းကျိုးသည် ဒီအခွင့်အရေးကိုအသုံးပြုပြီး အချိန် ဆွဲချင်ပုံရသည်။ ဒါပေမယ့် နန်ယုက သူ့ကို သူလိုချင်တဲ့အတိုင်းလုပ်ခိုင်းမှာတဲ့လား ?

သူ အိမ်တော်ထိန်းကျိုးကို အံ့အားသင့်စွာကြည့်လိုက်သည်။

"ဘာလို့ ယီကျန့်ကိုကိုင်တွယ်စေချင်တာလဲ ? ယီကျန့်က ရဲမဟုတ်ဘူးလေ"

အိမ်တော်ထိန်းကျိုးသည် ထိတ်လန့်သွားသည်- "...ရဲ၊ ရဲလား"

ဘယ်လိုပြောရမလဲဆိုတော့ သူတို့လို မိသားစုကြီးတစ်ခုက အပြင်မှာ မရုန်းရင်းဆန်ခတ်ဖြစ်အောင် ရှောင်ရှားနိုင်သမျှဖြေရှင်းကြတာက စကားပုံဟောင်းတစ်ခုကြောင့်ပဲ။

"အိမ်တွင်းအရှက်ကို အပြင်မထုတ်နဲ့"

ဒါကြောင့် နန်ယုက ရဲကိုဖြေရှင်းစေချင်သည်ဟုကြားလိုက်ရချိန် အိမ်တော်ထိန်းကျိုးအပါအဝင် လူတိုင်းမယုံကြည်နိုင်သည့် အရိပ်အယောင်တွေပြသလာကြသည်။

နန်ယုသည် လှောင်ပြောင်ရယ်မောလိုက်သည်။

"အိမ်တော်ထိန်းကျိုး၊ ခိုးယူထားတဲ့ငွေပမာဏကိုကြည့်ပြီး ထောင်ဒဏ်အနည်းဆုံး အနှစ်သုံးဆယ်ကျနိုင်တယ်၊ ဖေးမိသားစုက ရှင့်ကို အနှစ်သုံးဆယ်လောက်သော့ခတ်ထားစေချင်တာလား ? သက်သေအထောက်အထားတွေက အစစ် အမှန်ဟုတ်မဟုတ်ဆိုတာ ရဲက ဆုံးဖြတ်လိမ့်မယ်၊ ဘာလဲ ? ရှင် ရဲကိုမယုံဘူးလား"

ဒီစကားပြောအပြီးမှာ ကိုယ်ရံတော်တွေထဲက တစ်ယောက်၏ စကားပြောစက်မှ အသံမြည်လာသည်။

"ခေါင်းဆောင်၊ ရဲကားတစ်စီး တံခါးဝကိုရောက်လာပြီး လူလာဖမ်းတယ်လို့ပြောတယ်၊ ဘာဆက်လုပ်ရမလဲ"

ခေါင်းဆောင်: "..."

သူ မပြောခင် နန်ယု အရင်ပြောလိုက်သည်။

"ကျွန်မ ခေါ်လိုက်တာ၊ သူတို့ကို ဝင်ခိုင်းလိုက်"

"မဖြစ်ဘူး!"

သက်ကြီးရွယ်အိုတစ်ယောက် မျက်မှောင်ကြုတ်ကန့်ကွက်လိုက်သည်။

"ဒါက ဖေးမိသားစုကိစ္စ၊ ဘယ်လိုလုပ်ပြီး အပြင်လူတွေကိုဝင်ရောက်စွက်ဖက်ခွင့်ပေးနိုင်မှာလဲ ? ဒီလိုမျိုး ငါတို့ဖေးမိသားစုမှာဖြစ်ခဲ့တာကို တခြားလူတွေသိသွားရင် ငါတို့ကို ရယ်ကြလိမ့်မယ်"

အိမ်တော်ထိန်းကျိုးလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အ ပြင်ရောက်ပါက နားထောင်လို့မကောင်းပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူ လုပ်ခဲ့ရင် ဖေးမိသားစုက သူတို့ရဲ့လက် အောက်ငယ်သားတွေကို တင်းတင်းကျပ်ကျပ်မကိုင်တွယ်ဘူးဟု အဓိပ္ပာယ်သက်ရောက်ပြီး သူ မလုပ်ခဲ့ရင် ဒါ အတွင်းပဋိ ပက္ခဖြစ်သည်။ ဖေးမိသားစု၏ဂုဏ်သတင်းကို ကောင်းကင်သဖွယ်သတ်မှတ်ထားသည့် သက်ကြီးရွယ်အိုများက ထိုသို့ သောအဖြစ်မျိုး ဘယ်တုန်းကမှမလိုချင်ခဲ့ပေ။

နန်ယုသည် ယခုလိုရှေးရိုးစွဲလူကြီးတွေနဲ့ ငြင်းခုံနေဖို့ ပျင်းရိနေ သည်။ သူ ရယ်မောလိုက်ပြီး "ဘာလုပ်ရမလဲ၊ ကျွန်မ ရဲကိုခေါ်လိုက်တော့ သူတို့ရောက်လာတယ်၊ အခုမှ အဆင်ပြေပြီလို့ ပြောလိုက်ရင် အလိမ်အညာသတင်းပို့ရာမရောက်ဘူးလား"

"အလိမ်အညာသတင်းပို့တာ ထောင်ဒဏ်ဘယ်နှစ်ရက်ကျမလဲ ? အိုး၊ ကြောက်လိုက်တာ!"

ဒီထူးဆန်းတဲ့လေသံသည် သူတို့မျက်နှာတွေအားဝမ်းချုပ်သကဲ့သို့ဖြစ်အောင်လုပ်နိုင်ခဲ့ပြီး ၎င်းတို့တစ်ခုခုပြောချင်ပေမယ့် ပြောမထွက်ခဲ့ကြချေ။

ဒီရှေးရိုးစွဲမိသားစုမှာ အားနည်းချက်များစွာရှိပေမယ့် အားသာချက်တွေလည်းရှိတယ်၊ ဥပမာ မျက်နှာက တခြားမည်သည့်အရာထက်မဆိုထက်ပိုအရေးကြီးသည်။

နန်ယုသည် မိသားစုခေါင်းဆောင်၏ဇနီးဖြစ်သောကြောင့် အိမ်တော်ထိန်းတစ်ယောက်ထက် များစွာပိုအရေးကြီးသည်။

ရဲက ဒီလိုသေးငယ်တဲ့ကိစ္စအတွက် နန်ယုကို ဖမ်းဆီးမှာမဟုတ်ရင်တောင် မိသားစုခေါင်းဆောင်ရဲ့ဇနီးက တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ သူ အရေးအကြီးဆုံးကိစ္စတစ်ခုလုပ်ချင်ပုံရသည်။

"လူတိုင်းက ကန့်ကွက်စရာမရှိဘူးထင်တယ်နော်" နန်ယုသည် ကိုယ်ရံတော်လေးဦးကို ကြည့်လိုက်သည်။

ထက်မြက်သော သို့မဟုတ် လောင်းကြေးထပ်လိုသော ကိုယ်ရံ တော်တစ်ယောက်သည် ချက်ချင်းထွက်လာပြီး ရှေ့သို့ပြေးထွက်လိုသော အိမ်တော်ထိန်းကျိုးကိုဖမ်းချုပ်လိုက်သည်။ နန်ယု သူ့အား သဘောကျကြောင်းပြုံးပြလိုက်သည်။

"မဒမ်! ခင်ဗျား ကျွန်တော့်ကို ဒီလိုမလုပ်နိုင်ဘူး!"

"ကျွန်တော် အပြစ်ကင်းတယ်! ဒီသက်သေတွေအားလုံးက အတုတွေ! ရဲတွေ ကျွန်တော့်ကို ဖမ်းဖို့အခွင့်အရေးမရှိဘူး!"

အခွင့်အရေးမရှိဘူးတဲ့လား ?

သူ့ ကိုယ် သူ ဘုရင့်ဆွေမျိုးတော်လို့များ ထင်နေတာလား ?

အိမ်တော်ထိန်းကျိုး ဒေါသတကြီး ခုခံကာကွယ်ပြောဆိုသော် လည်း ကိုယ်ရံတော်မှ တိုက်ရိုက်ပိတ်ဆို့လိုက်သည်။ နန်ယု ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ သူ မည်သည့်နာမည်ကိုမှ မဖော်ပြခဲ့သော်လည်း သူ့အား မြင်ရသူတိုင်းသည် သူ နောက် ထပ်ပြောမည့်စကားမှာ သူ့အားပြောနေသယောင်ထင်မြင်စေခဲ့ သည်။

"ဒါဆို နှုတ်ဆက်ပါတယ်"

အေးဆေးပြီး လှောင်ပြောင်သောအပြုံးဖြင့် နန်ယုသည် နှုတ် ဆက်ပွဲလုပ်နေသကဲ့သို့ သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။

နောက်ဆုံးစကားလုံးနှစ်လုံးသာ မပါခဲ့လျှင်ပေါ့။

"ဥပဒေနဲ့ အကင်းမဲ့သူတွေ!"

All Chapters