အခန်း (၆)
Vol. 1 Ch. 6
ဝိုး!
နန်ယု စိတ်ထဲမှ ဖေးယွင်ကျင်းအား လက်မထောင်ပြလိုက်သည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ လူတိုင်းအားလှည့်စားခဲ့သော အမျိုးသားဇာတ်လိုက်ဖြစ်ဖို့ ထိုက်တန်လှသည်။
ထိုမျှငယ်သောအရွယ်တွင်ပင် အံ့အားသင့်ဖွယ်ကောင်းသော သရုပ်ဆောင်စွမ်းရည်ကိုပြသနိုင်ပြီး တုံ့ပြန်မှုများမှာလည်း အလွန်လျင်မြန်သည်။
တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့၏အံ့အားသင့်နေသော မျက်နှာများကို မြင်သောအခါ နန်ယု စိတ်ထဲ သူမ၏သရုပ် ဆောင်စွမ်းရည်များဝင်ပူးသွားသလိုပင်။
“မဖြစ်နိုင်တာ ?”
သူ့ အပြုံးမှာမှေးမှိန်သွားသည်။
“ငါတို့ရဲ့ ဆက်ဆံရေးနဲ့ဆိုရင်တော့…”
ကျန်စကားများအား ဆက်မပြောတော့ဘဲ နန်ယု မျက်နှာထက် အနည်းငယ်နာကျင်မှုရှိနေသည်။
“ဟုတ်ပြီ၊ ငါ နားလည်ပါပြီ"
တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့ အမှန်ပင်ရှက်ရွံ့ပြီး စိတ်ထဲမှာဆန့်ကျင်နေကြသည်။ ထိုရင်ထိုးတစ်ခုချင်းစီ၏တန်ဖိုးမှာ အနည်းဆုံး ယွမ် ၈၀၀,၀၀၀ ခန့်ရှိသည်။ ၎င်းတို့၏တစ်လအသုံးစရိတ်မှာ ယွမ် ၁၀၀,၀၀၀ သာရှိပြီး နှစ်ယောက်စလုံး လက်ဖွာတတ်သူများပင်။
ထို့ကြောင့် နန်ယု၏ဝယ်ယူမှုများအား အခွင့်ကောင်းယူခဲ့လျှင်ပင် သူတို့၏ငွေကြေးမှာ ကန့်သတ်ချက်ရှိသည်။ တုကျောင်းကျောင်းအကောင့်ထဲတွင် ယွမ် ၉၀၀,၀၀၀ ကျော်သာရှိပြီး ရှုယွီဝေမှာ အနည်းငယ်ပိုသာပြီး ယွမ် ၁.၃ သန်းကျော်ရှိသည်။
ထိုရင်ထိုးများ ဝယ်ယူခြင်းမှာ တကယ်ကို စိတ်အနှောင့်အ ယှက်ဖြစ်စရာဖြစ်သည်။ ပြဿနာမှာ ၎င်းသည် ကလေးအ တွက် လက်ဆောင်ဖြစ်နေခြင်းပင်။
ဖေးယွင်ကျင်း မိဘများငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားသည်ကို လူတိုင်းသိပြီး ပေထန် သို့မဟုတ် ဖေးမိသားစုမှာ သူ့အားဂရုမစိုက်ကြပေ။ အသုံးမဝင်တဲ့ ကလေးတစ်ယောက် ပျော်ရွှင်စေဖို့အတွက် ငွေအမြောက်အမြား သုံးနေရတာလား ? သူတို့ မခွဲနိုင်ချေ။ တကယ်ကို မတတ်နိုင်ပေ။
“အန်တီ၊ ထားလိုက်ပါတော့၊ ကျွန်တော် ဒါတွေကိုမကြိုက်တော့ပါဘူး”
ဖေးယွင်ကျင်း တောက်ပြောင်နေသော ရင်ထိုးအားတိတ်တ ဆိတ် ကြည့်လိုက်ပြီး သူ့မျက်လုံးကြီးများထဲ စိတ်ပျက်အား ငယ်မှု အရိပ်အယောင်ပေါ်လွင်နေသည်။ ထို့နောက် သူ နန်ယု အင်္ကျီလက်အား ဆွဲလိုက်ပြီး “သွားရအောင်”
သူက တကယ့်ကိုအပြုအမူကောင်းပြီး သိမ်မွေ့တဲ့ကလေးပဲ!
အနီးနားရှိအရောင်းသမားသည် ၎င်းတို့တွင် ငွေကြေးတတ်နိုင်ပါက တစ်ခုခု ဝယ်ပေးလိုက်ချင်စိတ်ပင်ပေါက်သွားရသည်။
“ကောင်းပြီ”
နန်ယုသည် ဖေးယွင်ကျင်း ထိုမျှနားလည်လိမ့်မည်ဟု မမျှော် လင့်ခဲ့ပေ။ သူ သက်ပြင်းချကာ သဘောတူလိုက်သည်။
“ကျောင်းကျောင်း၊ ဝေဝေ၊ ငါတော့ နင်တို့နှစ်ယောက်ကို အစစ် အမှန် သူငယ်ချင်းတွေလို့ အမြဲသတ်မှတ်ခဲ့တာ၊ ကျောင်းကျောင်း၊ နင်က အရင်တစ်ခါက GAC ရဲ့ Black Orchid လက် ကောက်ကို ကြိုက်တယ်လို့ပြောလို့ ငါ့အစ်ကိုကို နိုင်ငံခြားကနေ ချက်ချင်းယူလာခိုင်းခဲ့တယ်၊ ပြီးတော့ ဝေဝေ၊ ငါကိုယ်တိုင်အဲဒီ QB ဗင့်တေ့ခ်ျအိတ်ကိုတကယ်ကြိုက်တာ ဒါပေမဲ့ နင် ကြိုက်တယ်လို့ ပြောတာနဲ့ ငါ ချက်ချင်းပေးလိုက်တာ၊ ငါ ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ခဲ့ဘူး...”
အရောင်းဝန်ထမ်းနှင့် ပတ်ဝန်းကျင်မှ ဖောက်သည်များ အံ့အား သင့်သွားကြသည်။
GAC ၏ Black Orchid လက်ကောက်မှာ ယွမ် ၂.၃ သန်းတန် ဖိုးရှိပြီး ပြည်တွင်းမှာမရနိုင်သည့် အကန့်အသတ်ထုတ်ကုန်ဖြစ်သည်။
QB ၏ဗင့်တေ့ခ်ျအိတ်မှာ အနည်းငယ်သက်သာပေမဲ့ ယွမ် ၂ သန်းနီးပါးခန့်တန်ဖိုးရှိသည်။ သူတို့ထဲမှအချို့မှာ နန်ယု အလွန် အကျွံဖြစ်နေသည်ဟု အစပိုင်းတွင်ထင်ခဲ့ကြသည်။ ဘယ်လိုလုပ် ယွမ်သိန်းပေါင်းများစွာတန်တဲ့ လက်ဆောင်ကိုပေးနိုင်တာလဲ ?
ယခုအခါ သူမ ငွေအား တကယ်အလေးမထားပုံရသည်။ သူမပြောသလိုပင် ကလေးအတွက် လက်ဆောင်တစ်ခုကိုလိုချင်ခဲ့ရုံမျှသာဖြစ်မည်။ အချို့မှာ သူမအား နန်မိသားစု၏သမီးဆိုသည်ကိုပင် မှတ်မိနေကြပြီ။ သူမ ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိသော လက်ဆောင်တစ်ခုအား အလွယ်တကူ ပေးခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သို့သော် သူမ၏ "အချစ်ဆုံးသူငယ်ချင်းများ" ဟုခေါ်သော ထိုနှစ်ဦးအားကြည့်လိုက်သောအခါ သူတို့ အတင်းအဖျင်းများပြောဆိုနေကြသည်။
ချက်ချင်းဆိုသလို တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့အပေါ် ဖိအားကျရောက်လာသည်။ သူတို့အား ပတ်ဝန်းကျင်မှ စူးစမ်းသည့် အကြည့်များနှင့် တီးတိုးပြောဆိုနေကြတာကို ခံစားမိပြီး သူတို့၏အာရုံကြောများ တဒုတ်ဒုတ်ခုန်နေသည်။
ဤဆိုင်သို့ လာနိုင်သူများမှာ ယေဘုယျအားဖြင့် ငွေကြေးအ နည်းငယ်ရှိကြသည်။ တီးတိုးပြောဆိုမှုတွေက နည်းနည်းများသွားရင် ဘယ်လိုလုပ်မလဲ။ ဒီအသိုင်းအဝိုင်းက အကြီးကြီးဖြစ်နေပြီး အဲ့သတင်းတွေသာ မတော်တဆပျံ့သွားရင်…
ရှုယွီဝေ ပထမဆုံးတုံ့ပြန်လိုက်သည်။
“ဟားဟား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ငါတို့ ဆန္ဒရှိပါတယ်၊ နန်ယုရယ်၊ နင် ဘာတွေပြောနေတာလဲ”
ထိုသို့ပြောရင်း ရှုယွီဝေ ယွမ် ၈၁၀,၀၀၀ တန်ဖိုးရှိတဲ့ ရင်ထိုးအားကောက်ယူလိုက်သည်။
“ထုပ်ပေးပါ” ထို့နောက် သူ့ကတ်ကို ထုတ်လိုက်ပြီး စျေးနှုန်းအား ဂရုမစိုက်ပုံပေါ်သည်။
တုကျောင်းကျောင်းကလည်း နောက်ကျမကျန်ခဲ့နိုင်ပေ။ သူမ တစ်လှမ်းနောက်ကျခဲ့သောကြောင့် ယွမ်ခုနစ်သောင်းပိုပေးရသည်ကိုသာ နောင်တရမိသည်။
—ရှုယွီဝေက အရမ်းလည်တာပဲ၊ သောက်ကျိုးနဲ!
သူမ ပျော်ရွှင်စွာ ပိုက်ဆံလက်ရှင်းဟန်ဆောင်ခဲ့သော်လည်း သူ့ ကတ်ရှိ လက်ကျန်ငွေ တစ်ဝက်ကျော်လျော့ကျသွားသည်ကို မြင်သောအခါ တုကျောင်းကျောင်းနှလုံးသားမှာနာကျင်လာသည်။
ဖေးယွင်ကျင်း ချက်ချင်းဆိုသလို အပြစ်ကင်းသည့်အပြုံးအား ပြုံးပြလိုက်သည်။
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အန်တီ”
သူ “အန်တီ” ဟူ၍နောက်တစ်ကြိမ်ထပ်ခေါ်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
တုကျောင်းကျောင်းနှင့် ရှုယွီဝေ- …
“ရှောင်ကျင်းက တအားတော်တာပဲ” နန်ယု ပြုံးရင်း ဖေးယွင်ကျင်း ခေါင်းအားပုတ်လိုက်သည်။
“နေ့လည်စာစားချိန်တောင်ရောက်နေပြီ၊ တစ်ခုခုသွားစားကြရအောင်၊ ငါ အရသာရှိတဲ့နေရာကို ခေါ်သွားမယ်!”
တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့သက်ပြင်းချလိုက်သည်။ နန်ယု စျေးဆက်ဝယ်နေမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။ သို့ သော် ယခုတော့ သူတို့ပင်ပန်းနွမ်းနယ်ပြီး ဗိုက်ဆာနေကာ ထိုင်ပြီးစားရဖို့သာလိုချင်တော့သည်။
“နန်နန်၊ Which စားသောက်ဆိုင်ကို သွားရအောင်၊ တခြားစား သောက်ဆိုင်တွေက စနေ၊ တနင်္ဂနွေမှာ လူပြည့်နေလိမ့်မယ်၊ Which က ပိုနီးတယ်” တုကျောင်းကျောင်း အကြံပေးလိုက်သည်။
နန်ယု ခေါင်းညိတ်ကာ “ကောင်းပြီ၊ Which ရဲ့ ပါဝင်ပစ္စည်းတွေကို ငါ ယုံတယ်၊ ရှောင်ကျင်းလည်း ငယ်သေးတယ်လေ”
နန်ယု၏ “မိခင်လို” အပြုအမူတွေက တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့အား ထိတ်လန့်သွားစေသည်။ နန်ယု လက်ထပ်ပြီးတော့ ဦးနှောက်ပျက်သွားတာလား ??
သူ ဒီကလေးအား မုန်းကြောင်း အရင်က ရှင်းရှင်းလင်းလင်းပြောခဲ့ဖူးသည်။ သို့သော် နှစ်လပင်မပြည့်သေးဘဲ သူ အလွန်လျင်မြန်စွာပြောင်းလဲသွားသည်။
ထားလိုက်ပါတော့၊ ဒါက သူတို့ကိစ္စမဟုတ်ဘူး။ အခုတော့ ကောင်းကောင်းစားရဖို့ပဲလိုချင်မိသည်။
အဖွဲ့လိုက်အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သို့သော် သူတို့ ငါးမီတာခန့် အကွာအဝေးသို့ရောက်ရှိပြီး တံခါးဝရှိ ပြုံးရွှင်နေသော စားပွဲထိုးကနှုတ် ဆက်ရန် ပြင်ဆင်နေချိန်တွင် နန်ယု ရုတ်တရက် ရပ်တန့်လိုက်သည်။
“အိုး”
သူ ညင်သာစွာရေရွတ်လိုက်သည်။
“မေ့သွားတာ”
တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့၏နှလုံးသားမှာ ရုတ်တရက် တုန်ခါသွားရသည်။ ဘယ်လိုပြဿနာမျိုး ထပ်ဖြစ်တော့မှာလဲ။
နန်ယု တောင်းပန်လိုက်သည်။
“Which ရဲ့ အဖွဲ့ဝင်တစ်ယောက်က လူနှစ်ယောက်ပဲခေါ်လာလို့ရတယ်ဆိုတာ မေ့သွားတာ၊ ရှောင်ကျင်းကတော့ ငါနဲ့အတူတူလိုက်မှာပဲ၊ ဒါဆိုတော့… နင်တို့ထဲကတစ်ယောက်ပဲလိုက်ရမယ်လို့ ထင်တယ်၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ”
Which ၏အသင်းဝင်စည်းမျဉ်းမှာ အလွန်တင်းကျပ်သည်။ အဖွဲ့ဝင်တစ်ယောက်ပဲ ဝင်ရောက်ခွင့်ရှိပြီး လူနှစ်ဦးကိုသာ ခေါ်လာနိုင်သည်။ ကလေးဆိုပါက ၉၀ စင်တီမီတာထက် ပိုမြင့်နေလျှင်လူကြီးတစ်ယောက်အဖြစ် သတ်မှတ်သည်။
ဖေးယွင်ကျင်းမှာ တစ်လကျော်ကြာအောင် ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး လုံလောက်စွာ အိပ်စက်ခဲ့သည်။ သူ၏အရပ်မှာ အစပိုင်းတွင် သူ့ရွယ်တူများထက် ပိုပုသော်လည်း ထိုသတ်မှတ်ချက်အား ကျော်လွန်ကာ စင်တီမီတာအနည်းငယ် မြင့်လာသည်။
—ဒါဆို နေရာပြောင်းရအောင်!
တုကျောင်းကျောင်း ထိုအကြောင်းအားတစ်ကြိမ်သာ တွေးလိုက်ပြီး ချက်ချင်းမြိုချလိုက်သည်။
စနေ၊ တနင်္ဂနွေမှာ လူပြည့်နေသည့်အတွက် Which ကို သွားမယ်လို့ သူမ ပြောခဲ့တာဖြစ်ပြီး၊ နန်ယွမ်ကလည်း Which ၏ ပါဝင်ပစ္စည်းတွေအား ယုံကြည်တယ်ဟုပြောခဲ့သည်။ အခုမှ နေရာပြောင်းရအောင်လို့ပြောလိုက်လျှင် ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ချည်သလိုဖြစ်ပြီး ရင့်ကျက်မှုမရှိသလိုဖြစ်နေမည်။
ရှုယွီဝေ အခုလေးတင် သူ့အား စိတ်ပျက်စေခဲ့သောကြောင့် ဤတစ်ကြိမ်တွင် သူ့အား အပြစ်မတင်နိုင်တော့ပေ။
တုကျောင်းကျောင်း ချက်ချင်း ရှုယွီဝေလက်အားဆွဲလိုက်သည်။
“စိတ်မပူနဲ့ နန်နန်၊ ဝေဝေကိုတစ်ယောက်တည်းထားခဲ့တာမကောင်းဘူး၊ ငါ သူနဲ့အတူတူနေလိုက်မယ်၊ နင်တို့ပဲ ဝင်စားလိုက်ကြတော့”
ရှုယွီဝေ: “…”
အိုး၊ သူ အလှည့်ခံလိုက်ရပြန်ပြီပဲ!
သူမ လျင်မြန်စွာတုံ့ပြန်နိုင်သော်လည်း ဤအချိန်တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
ထို့ကြောင့် ရှုယွီဝေ ပြုံးပြီးခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ နန်နန်၊ နင်တို့ပဲ ဝင်စားလိုက်ပါ၊ ကျောင်းကျောင်းနဲ့ ငါ အဆင်ပြေတယ်”
“ကောင်းပြီ”
နန်ယု တုံ့ဆိုင်းမနေတော့ပေ။
“နောက်တစ်ခါကျရင် ငါ ကျွေးမယ်”
နန်ယုနှင့် သူ့ကလေးမှာ စားပွဲထိုး၏တောက်ပသော အပြုံးအောက်တွင် ဝင်ရောက်သွားသည်ကိုကြည့်ပြီး တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ အေးစက်စွာနှာမှုတ်လိုက်ကြသည်။
ရှင်းရှင်းလင်းလင်းပင်၊ သူတို့ တစ်ယောက်ရဲ့လှည့်ကွက်ကို တစ်ယောက်သိနေကြပြီး တစ်ယောက်က ဘယ်လိုလူလဲဆိုတာ ကိုလည်း တိတိကျကျသိနေကြသည်။
“ကျောင်းကျောင်း၊ နင် မရိုးသားဘူးနော်”
“နင်ကရော ရိုးသားလို့လား၊ နင် ပိုစျေးပေါတဲ့ဟာကို တမင်ရွေးလိုက်တာလေ၊ ငါ မသိဘူးလို့ ထင်နေတာလား”
သူတို့နှစ်ယောက် ပတ်ဝန်းကျင်မှ လူအုပ်ကိုသတိပြုမိသဖြင့် တိုးတိုးလေးပြောဆိုကြသော်လည်း သူတို့၏မျက်လုံးများမှ အရောင်များကမူပြတ်သားလို့နေသည်။
ရှုယွီဝေ အနည်းငယ်မျက်စောင်းထိုးပြီးနောက် အရင်ရပ်တန့်လိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ကျောင်းကျောင်း၊ ဒီအသေးအမွှားလေးကိုလွှတ်ထားလိုက်ရအောင်၊ အရေးကြီးတာက နန်ယု ဒီနေ့ တစ်ခုခုမှားနေတယ်လို့ နင်မထင်ဘူးလား”
စိတ်ငြိမ်သွားသောအခါ ဒီမနက်ကနေ အခုထိ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးအား ပြန်တွေးကြည့်လိုက်သည်။ အရာအား လုံးမှာ သဘာဝအတိုင်း ဖြစ်ခဲ့ပုံရသည်။ နန်ယု ကလေးအ တွက်လက်ဆောင်တောင်းတာက မယဉ်ကျေးတဲ့လုပ်ရပ်တော့မဟုတ်ပေ။
နန်ယု စကားပြောသည့်အခါ တခြားသူများအား ဘယ်တော့မှ ထည့်မတွက်ဘဲ အချို့အချိန်တွေမှာ ရိုင်းလည်းရိုင်းတတ် သည်။
သူမသာ နန်မိသားစု၏သမီး မဟုတ်ခဲ့လျှင် ရှုယွီဝေ သူ့ ပါးစပ်ပုတ်အား ယခုလောက်ကြာအောင်သည်းခံနေမည်မဟုတ်ပေ။
အခွင့်အရေးသမားများမှာ နန်ယု ရိုင်းနေလျှင်ပင် သူ၏သဘာ ဝကျပြီးရိုးသားသည့်စိတ်အား ချီးကျူးကြလိမ့်မည်။ အတို ချုပ်ပြောရရင် နန်ယုလုပ်သမျှ အရာအားလုံးကောင်းသည်။
ဘာလို့လဲ ??
မွေးဖွားလာတဲ့ နေရာကောင်းလို့ပဲ မဟုတ်ဘူးလား ??
“တစ်ခုခုမှားနေတာလား၊ အဆင်ပြေပါတယ်”
တုကျောင်းကျောင်း မျက်လုံးလှိမ့်လိုက်သည်။
“မြန်မြန်စားဖို့ နေရာရှာကြရအောင်၊ ငါ ဗိုက်ဆာနေပြီ၊ မဟုတ်ရင် အဲ့ဒီသခင်မလေးပြီးသွားရင် ငါတို့ကို ပြန်ခေါ်လိမ့်ဦးမယ်”
တုကျောင်းကျောင်းစကားကြောင့် ရှုယွီဝေဗိုက်မှာ အသံမြည်လာပြီး သူ ထပ်တွေးကြည့်လိုက်သည်။
သူတို့သုံးယောက် ဒီလောက်အကြာကြီးသိကျွမ်းခဲ့ကြတာ နန်ယု ဘယ်လိုလူမျိုးလဲဆိုတာ မသိကြဘူးလား ??
ရင်သားကြီးပြီး ဦးနှောက်မရှိသည့်အပြင် မျက်နှာသစ်တစ်ဦးနှင့် သုံးဘဝစာကုန်ဆုံးပစ်မည့်သူပင်။
သူသာ နန်မိသားစုမှာ မမွေးဖွားခဲ့လျှင် အခြားမည်သည့်မိသားစုတွင်မဆို အသက်ရှင်ရပ်တည်နိုင်မည်မဟုတ်ပေ။
ဒီနေ့ တိုက်ဆိုင်မှုတစ်ခုသာဖြစ်လိမ့်မည်။ ဒီညကောင်းကောင်းအိပ်ပျော်နိုင်တော့မည် မဟုတ်သောကြောင့် သူမ ယွမ် ၈၀၀,၀၀၀ ကျော်အား ဒီနေ့မွန်းလွဲပိုင်းမှာ ပြန်ရှာဖို့ နည်းလမ်းတစ်ခုခုရှာရမည်။
နန်ယု သူ့အတွက် အစားအသောက်တွေအများကြီးမှာလိုက်ပြီး ဖေးယွင်ကျင်းအတွက် ကလေးစားသောက်ဖွယ်ရာများမှာပေးလိုက်သည်။
အစားအသောက်များချပေးနေစဉ်၊ သူ ပြုံးလိုက်ပြီး ရင်ထိုးနှစ်ခုအား ထုတ်ယူလိုက်သည်။ အပိုဖြစ်သော ရှုပ်ထွေးသည့် ထုပ်ပိုးမှုများကိုမူဖယ်ရှားပစ်လိုက်သည်။ သူ လမ်းဘေးဈေး သည်တစ်ဦးထံမှ ပေါ့ပေါ့ပါးပါး ပစ္စည်းနှစ်ခုအားကောက်ယူခဲ့ပုံနှယ်။
“လာ၊ ငါတို့ ရတဲ့ဟာတွေကို ခွဲယူကြအောင်—မဟုတ်ဘူး၊ အောင်ပွဲခံကြရအောင်”
“ဒါက နင့်အတွက်ပဲ၊ တော်တယ်! ဒီအတိုင်း ဆက်ကြိုးစား!”
နန်ယု ပိုမိုတန်ဖိုးကြီးသောရင်ထိုးအား ဖေးယွင်ကျင်းဘက်သို့ ရွှေ့ပေးလိုက်ပြီး ကျန်တစ်ခုကိုမူ သူ့အိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။
သူ့ထံ ထိုကဲ့သို့သော ပစ္စည်းများ အများအပြား ရှိနေပြီး၊ ၎င်းမှာ သာမန်အဆင့်သာရှိသည်။ ထိုပစ္စည်းအား ရွေးချယ်ခဲ့ရခြင်းမှာ တုကျောင်းကျောင်းနှင့်ရှုယွီဝေတို့၏ကန့်သတ်ချက်အား ထိစေရန် ဖြစ်ပြီး၊ အကယ်၍ ၎င်းထက် ပိုတန်ဖိုးကြီးပါက သူတို့လက်လှမ်းမမီနိုင်တော့ ဟု သူမ တွေးလိုက်သည်။
ဖေးယွင်ကျင်းတွင် ၎င်းအားထားရန် နေရာမရှိပုံပေါ်နေသည်ကိုနန်ယုမြင်သည်နှင့် ၎င်း၏တန်ဖိုးကို လုံးဝဂရုမစိုက်ဘဲ ရိုးရိုးလေးမတ်တပ်ရပ်ကာ သူ့ကုတ်အင်္ကျီပေါ်သို့တပ်ပေးလိုက်သည်။
“အန်တီ၊ နန်…”
ဖေးယွင်ကျင်း၏မျက်နှာထက် ရှုပ်ထွေးနေသည်အား နန်ယု ချက်ချင်းသိလိုက်သည်။
“ကောင်းပြီ၊ နင် ကြိုက်သလိုခေါ်လို့ရတယ်၊ အရေးမကြီးဘူး”
ဥာဏ်ကောင်းပြီးချစ်စရာကောင်းသော ကလေးတစ်ယောက်သည် မည်သည့်အခါမျှ စိတ်အနှောင့်အယှက်မဖြစ်စေပေ။ နန်ယုအမြဲတမ်း မိမိလမ်းကိုသာလျှောက်လှမ်းလေ့ရှိပြီး ဖေးယွင်ကျင်းနှင့် တမင်တကာ ခပ်ခွာခွာနေရန် မလိုဟုယူဆခဲ့သည်။ သူသာ ကောင်းကောင်းမွန်မွန်နေရင် သူမ သူ့အပေါ် ပိုအာရုံ စိုက်ပေးမည်။ ၎င်းမှာ အလွန်ရိုးရှင်းသည့်ကိစ္စပင်။
“အန်တီ”
ဖေးယွင်ကျင်း ချက်ချင်းအခေါ်အဝေါ်ကို ရွေးလိုက်သည်။
သို့သော် သူ၏ငယ်ရွယ်သော အသက်အရွယ်ကြောင့် အသံ ထွက် မမှန်ဘဲ နန်ယုက "ယီယီ" ဟု ကြားလိုက်ရသဖြင့် အနည်းငယ် ရယ်စရာကောင်းနေခဲ့သည်။
(T/N : အန်တီ = အားရီလို့ ခေါ်လိုက်တာကို ယီယီလို့ကြားတာပါ)
၎င်းမှာ ဖေးယွင်ကျင်းအတွက် ပထမဆုံးသောလက်ဆောင်ဖြစ်နိုင်ဖွယ်ရှိပြီး နန်ယုဆီမှဖြစ်သောကြောင့် သူ သိသိသာသာ ကျေနပ်နေသည်။
သူ့လက်ကလေးများမှာ ရင်ထိုးအားမထိဘဲ မနေနိုင်အောင် ဖြစ်နေပြီး သူ့အပြုံးမှာလည်း ပျောက်ကွယ်မသွားခဲ့ပေ။
ဖေးယွင်ကျင်း အမှန်တကယ်တွင် မည်သူက ပိုက်ဆံရှင်းပေးခဲ့သည်အား လုံးဝမေ့လျော့သွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် အန်တီ”
၎င်းသည် တီဗီမှ အသုံးအနှုန်းတစ်ခုဖြစ်ပြီး ဖေးယွင်ကျင်း ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။
“ရပါတယ်”
နန်ယု အပြစ်ရှိသည်ဟု လုံးဝမခံစားရဘဲ စိတ်သက်သာရာရစွာဖြင့် ကျေးဇူးတင်စကားအားလက်ခံလိုက်သည်။
တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့ ဥာဏ်ကောင်းပါက သူမနှင့် မကြာမီ ခပ်ခွာခွာနေလိမ့်မည်ဟု သူမ တွေးသည်။ သူတို့ သူမအား ဆက်လက်ချဉ်းကပ်လာပါက နောက်တစ်ကြိမ်ထပ်၍ ရှင်းခိုင်းသည့်အတွက် သူမကို အပြစ်မတင်သင့်ပေ။ နေ့လည် 1:30 တွင် အစာအနည်းငယ်သာစားပြီး နန်ယု စိတ်ပူစွာစောင့်နေမည်အား စိုးရိမ်နေကြသော တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့ Which စားသောက်ဆိုင်သို့ အပြေးအလွှားသွားနေစဉ် အဖွဲ့လိုက်ချက် (group chat) တွင် နန်ယု၏မက်ဆေ့ချ်ကို မြင်လိုက်ကြရသည်။
"နန်ယု: ငါ အလုပ်ရှိလို့ ပြန်လိုက်တော့မယ်၊ နင်တို့ နှစ်ယောက်တည်း စျေးဆက်ဝယ်လိုက်ကြ"
တုကျောင်းကျောင်းနှင့် ရှုယွီဝေ: “…”
အား! သူတို့ တကယ်စိတ်ဆိုးတယ်။
တစ်ခေါက်တည်းနှင့် ယွမ်ငွေ နှစ်သန်းနီးပါးရလိုက်သည့် နန်ယုက ဗီလာသို့ ကျေနပ်စွာပြန်လာခဲ့သည်။ သူ တုကျောင်းကျောင်းနှင့် တခြားသူများအားလိမ်ခြင်းမဟုတ်ပေ။ သူ့ထံတကယ်ပဲအလုပ်တစ်ခုရှိနေခဲ့တာဖြစ်သည်။
သို့သော် ပထမကတည်းက သူမ သူတို့နှင့်ဈေးဆက်ဝယ်ဖို့ စီစဉ်ထားခဲ့ခြင်း မဟုတ်ပေ။
“မစ္စဖေး”
ဆိုဖာပေါ်မှာ တစ်နာရီနီးပါး စောင့်နေခဲ့သည့် ဝူကျန့်ဝေသည် လျင်မြန်စွာ မတ်တပ်ရပ်ပြီး ကြိုဆိုလိုက်သည်။ သူ့မျက်နှာမှာ စိတ်မရှည်တဲ့ အရိပ်အယောင်လုံးဝမရှိပေ။
“မစ္စတာဝူ၊ ထိုင်ပါဦး”
အိမ်အကူကို ဖေးယွင်ကျင်းအား အပေါ်ထပ်ခေါ်သွားခိုင်းပြီး နန်ယု အရင်ထိုင်လိုက်သည်။
“မထိုင်တော့ပါဘူး၊ ဒီတိုင်းပဲ ရပ်နေလိုက်ပါ့မယ်”
ဝူကျန့်ဝေ မထိုင်ပေ။ သူ တောင်းပန်ဖို့အတွက် သီးသန့်လာခဲ့တာဖြစ်လို့ ရိုကျိုးရပေမည်။
သူ သူ့အမေနှင့် သားအား ခေါ်လာသင့်သော်လည်း ထိုနှစ်ဦးမှာ အကူအညီထက် ပြဿနာပိုဖြစ်စေပြီး ခေါ်လာပါကအခြေ အနေမှာ ပို၍သာဆိုးရွားသွားမည်ဖြစ်သည်။ ဝူကျန့်ဝေ မထိုင်ချင်တာကြောင့် နန်ယု အတင်းအကြပ်မလုပ်တော့ပေ။
ဝူကျန့်ဝေ လာရသည့် ရည်ရွယ်ချက်ကိုမူ သူ ကောင်းစွာသိသည်။ ၎င်းမှာ ကြီးမားသော ကိစ္စကိုသေးငယ်အောင်၊ သေးငယ်သောကိစ္စကို ပိုမကြီးထွားခင် အလျင်အမြန်ဖြေရှင်းရန်ပင် ဖြစ်သည်။
သူတို့နှစ်ဦး အထူးတလည် ပြောဆိုခြင်းမရှိဘဲ ဝူကျန့်ဝေယူ ဆောင်လာသည့် တောင်းပန်စာကိုပင် လှည့်မကြည့်ခဲ့ကြပေ။
“မစ္စတာဝူ”
တိတ်ဆိတ်မှုဆီသို့ ရောက်ရှိတော့မည့် အခြေအနေတွင် နန်ယု စတင်စကားပြောလိုက်သည်။
“ရှင် ချင်းချန်မှာစီမံကိန်းတစ်ခုယူထားတယ်လို့ကြားတယ်”
ဝူကျန့်ဝေ၏ နှလုံးခုန်နှုန်းမှာ ရပ်တန့်လုနီးပါးဖြစ်သွားသည်။ နန်ယုက ဒီစီမံကိန်းကို လိုချင်တာလား ??
ဤစီမံကိန်းမှာ ဝူကျန့်ဝေအတွက် အလွန်ကောင်းမွန်သည်မှာ သေချာသော်လည်း နန်နှင့် ဖေးမိသားစုတို့အတွက်မူ စိတ်ဝင် စားဖွယ်ရာ မဟုတ်ပေ။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ မစ္စဖေး၊ ခင်ဗျားလည်း စိတ် ဝင်စားလို့လား ?”
မစ္စတာဝူ တောင်းပန်သည့်အပြုံးဖြင့် ပြောလိုက်သည်။
“ရတယ်၊ ကျွန်မ ပျင်းလို့လုပ်စရာတစ်ခုခုရှာနေတာ”
နန်ယု တည်ငြိမ်စွာပြန်ပြောလိုက်သည်။
“ကျွန်မရဲ့ကိုယ်ပိုင်နာမည်နဲ့လျှောက်ထားချင်တယ်၊ မစ္စတာဝူအတွက် အဆင်ပြေပါ့မလား”
သူမ သုံးဖြုန်းရန် ငွေများလွန်းနေသည့်အတွက် မိမိကိုယ်ကိုယ် သက်သေပြရန် စီမံကိန်းတစ်ခုအား စတင်လိုသည့်ဟန်ပေါ် လွင်နေသည်။
ထိုသို့သောငယ်ရွယ်သည့် အမျိုးသမီးများအားလုံး လုပ်နေကျ အရာတွေပဲမဟုတ်ပါလား။ ၎င်းတို့သည် သူတို့မိသားစု၏ငွေကိုသုံးပြီး သေချာပေါက်အောင်မြင်မည့် လုပ်ငန်းတစ်ခုအားလုပ်ကြသည်။ သူတို့ ကိုယ့်ကိုကိုယ်အမွှန်းတင်ကြပြီး စကား ပြောသည့်အခါ ကောင်းမွန်မွန်ဖြစ်အောင်လုပ်ကြသည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်! ခင်ဗျားလို လူမျိုးကလာပူး ပေါင်းချင်တယ်ဆိုတော့ ကျွန်တော် ဂုဏ်ယူပါတယ်၊ မစ္စဖေး!”
ဤစီမံကိန်းမှာ အရင်းအနှီးများစွာလိုအပ်ပြီး ဝူကျန့်ဝေ ၎င်းအား မတတ်နိုင်မည်ကိုစိုးရိမ်နေခဲ့သည်။ နန်ယု ပါဝင်လာခြင်းမှာ အလွန်ကောင်းသည်။
အမြတ်အစွန်း သေချာပေါက်နည်းပါးမည်ဖြစ်သော်လည်း အောင်မြင်မှုနှုန်းမှာ ပိုမြင့်မားလာသည်။
သူ့အတွက် မိန်းမငယ်လေး ကစားချင်သည်ကိုဂရုမစိုက်ပေ။ သူမမှာ ပိုက်ဆံရှိနေသရွေ့အဆင်ပြေသည်။
အလျင်စလိုလုပ်စရာမလိုသည့်အပြင် ထိုမျှ မြန်ဆန်စွာလည်း ဖြေရှင်း၍မရနိုင်ပေ။ နန်ယုနှင့် ဝူကျန့်ဝေတို့ နောက်တစ်ကြိမ် ချိန်းဆိုလိုက်ပြီး သူ့ကိုပြန်လွှတ်လိုက်သည်။
နန်ယု တစ်နေ့တာပန်းတိုင်အားကျော်လွန်သွားပြီး အပေါ်ထပ်သို့တက်၍ အနားယူတော့မည့်အချိန်တွင် အိမ်တော်ထိန်းကျိုး မျက်မှောင်ကြုတ်ပြီးဝင်လာသည်။
“သခင်မလေး၊ ဖေးမိသားစုက မနက်ဖြန်လာတွေ့မယ်လို့ ခုလေးတင် ဖုန်းဆက်လာပါတယ်”
တရုတ်နှစ်သစ်ကူး သို့မဟုတ် အခြားပွဲတော်ကာလလည်း မဟုတ်သော်လည်း အိမ်တော်ထိန်းကျိုး ဖေးမိသားစုမှ ရုတ်တ ရက် လာမည်ဟုပြောလိုက်သောအခါ အံ့အားသင့်ခဲ့သည်။
နန်ယုကမူ အံ့အားသင့်မနေဘဲ သူတို့ လာရန်နောက်ကျသည်ဟုပင်တွေးလိုက်သေးသည်။
သူမ ထွက်လာခဲ့သည်မှာတစ်လကျော်ပြီဖြစ်ပြီး အဆုံးတွင် ဖေးမိသားစုစိတ်ကုန်သွားပြီဖြစ်သည်။