အခန်း (၁၁)
Vol. 2 Ch. 11
အစေခံတစ်ဦးသည် နန်ယုနှင့် အခြားနှစ်ဦးအား အပေါ်ထပ်သို့ ခေါ်သွားခဲ့ပြီး သူတို့ ဦးတည်ရာမှာ မွေးနေ့ရှင်သခင်ကြီးပေထန်ရှိနေသည့်အခန်းဖြစ်သည်။
တံခါးဖွင့်လိုက်သောအခါ နန်ယု အတွင်းရှိလူတိုင်းအား ချက် ချင်းဆိုသလိုမြင်လိုက်ရသည်။
မွေးနေ့ရှင်အပြင် အခြားငါးဦးလည်းရှိသည်။
သူမ မှတ်မိတာမှန်ပါက အလယ်အလတ်အရွယ်ရှိ ထိုအမျိုး သားမှာ သခင်ကြီးပေထန်၏ဒုတိယသားဖြစ်ပြီး လက်ရှိ ပေထန်မိသားစုခေါင်းဆောင်၏ ဖအေတူမအေကွဲအစ်ကိုဖြစ်မည်။ သူ့ဘေးတွင် သူ့ဇနီးနှင့် သမီးတို့ရှိနေကြသည်။
အခြားလူငယ်မှာ အကြီးအကဲ၏အငယ်ဆုံးသား ပေထန်ချင်ရယ်ဖြစ်ပုံရသည်။
သူသည် နန်ယုနှင့် အသက်တူပြီး ယခင်ကအကြိမ်အနည်းငယ် တွေ့ဖူးသည်။ သူမ သူ့အား ပညာရှင်ဆန်သော စာပေသမားလေးဖြစ်ကြောင်း မှတ်မိသည်။
သခင်ကြီးပေထန်ဘေးတွင် ထိုင်နေသည့် အသက်ငါးနှစ် သို့ခြောက်နှစ်ခန့်ရှိပုံရသော မိန်းကလေးမှာ အကြီးအကဲ၏ အချစ်ဆုံးသမီး ပေထန်မင်ကျူးဖြစ်သည်။
၎င်းတို့၏ဆက်ဆံရေးအရ ဖေးယွင်ကျင်း သူမအား 'အန်တီ' ဟု ခေါ်ရမည်။
ထိုလူသုံးဦး ဝင်လာသည်ကိုမြင်သောအခါ ကောင်မလေး၏ မျက်လုံးများ တောက်ပသွားသည်။ သူမ အကြည့်မှာ နန်ယုနှင့် ဖေးယွင်ကျင်းကြားတွင် လှည့်ပတ်သွားလာနေသော်လည်း အခြားမည်သည့် လှုပ်ရှားမှုမှမလုပ်ခဲ့ပေ။
"အဘိုးပေထန်၊ အရှေ့ပင်လယ်လိုကျယ်ပြန့်တဲ့ ပျော်ရွှင်မှုနဲ့ တောင်ပိုင်းတောင်တန်းတွေလို ရှည်လျားသောအသက်ကို ပိုင်ဆိုင်ပါစေ"
ဆုမွန်ကောင်းတောင်းခြင်းမှာ ပထမဆုံးအဆင့်ဖြစ်သည်။
အဘိုးအို၏ရွှင်မြူးသော တုံ့ပြန်မှုနောက်တွင် ဒုတိယသခင်ပေထန်မှာ ဦးစွာ နှုတ်ဆက်သည်။ နန်ယုအား ကြည့်လိုက်သော သူ့မျက်လုံးများတွင် အံ့သြမှုတစ်ခုဖြတ်ပြေးသွားသည်။
ဒုတိယသခင်ပေထန် နန်ကျီထံသို့ ဦးစွာလက်ဆန့်လိုက်ပြီး ခဏတာ လက်ဆွဲနှုတ်ဆက်ပြီးနောက် နန်ယုထံ ချက်ချင်း လက်ဆန့်လိုက်သည်။
ရည်ရွယ်ချက်မှာ ရှင်းနေပြီး ရိုင်းစိုင်းခြင်းမဟုတ်ပေ။
သို့သော် နန်ယု ထိုအဆီများပြည့်နေသည့် အလယ်အလတ်အရွယ်ရှိ အမျိုးသားနှင့် လက်ဆွဲနှုတ်ဆက်လိုစိတ်လုံးဝမရှိပေ။ နန်ကျီ သူမကို ကူညီရန် ပြင်လိုက်စဉ် နန်ယု ဖေးယွင်ကျင့် လက်အားဆုပ်ကိုင်လိုက်သည်။
"ရှောင်ကျင်းပါ၊ ဒုတိယသခင်၊ ဒါ ပထမဆုံးအကြိမ် တွေ့ဆုံ တာမှတ်လား"
ဒုတိယသခင်ပေထန် လျစ်လျူရှုခံလိုက်ရသောကြောင့် သူ့မျက်နှာထက် စိတ်အနှောင့်အယှက်ဖြစ်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် နန်ကျီနှင့် သခင်ကြီးပေထန်အနီးအနားမှာရှိနေသည်ကိုသတိပြုမိပြီး သူ လျင်မြန်စွာပြန်လည်ကောင်းမွန်လာကာ ဖေးယွင်ကျင်းအား ပျော်ရွှင်စွာကြည့်ရင်း သူ့ခေါင်းကို ပုတ်လိုက်သည်။
"ဒီကလေးက ယွင်ကျင်းလား၊ ငါ့ရဲ့ဆင်းရဲတဲ့တူမလေးနဲ့ တူနေတာပဲ၊ လာပါဦး၊ ယွင်ကျင်း ဒုတိယအဘိုးလို့ခေါ်ပါအုံး"
ပေထန်ဒုတိယသခင်၏ EQ မှာ အမှန်ပင်နိမ့်ပေသည်။
နန်ယု မျက်နှာထက် မကျေနပ်မှုမရှိပေ။ သူမ ထံသို့ တိုးဝင်လာသည်ကိုမြင်သောအခါ သူ ပြုံးလိုက်ပြီး
"တောင်းပန်ပါတယ်၊ ရှောင်ကျင်းက နည်းနည်းရှက်တတ်လို့ပါ"
ရှက်တယ် ? ဘာလို့ ရှက်တာလဲ ??
သူမွေးဖွားလာပြီးကတည်းက ဒုတိယအဘိုးဟုခေါ်သည့် သူအား တစ်ခါမှမမြင်ဖူးပေ။
ဖေးယွင်ကျင်းအား လူများကိုယဉ်ကျေးစွာခေါ်ရန် ပြောခဲ့သည့် အိမ်တော်ထိန်းကျိုးနှင့်မတူဘဲ နန်ယု ဤနေရာသို့လာနေစဥ် သေချာမှာခဲ့သည်။
"မင်း မကြိုက်တဲ့ ဒါမှမဟုတ် ကြောက်တဲ့သူကိုတွေ့ရင် ငါ့နောက်မှာ ပုန်းနေလိုက်၊ ဘာစကားမှမပြောနဲ့"
ဖေးယွင်ကျင်း နန်ယုစကားအား ထုံးစံအတိုင်း နားထောင်မြဲပင်။
သူ့ရှေ့ရှိလူမှာ တောက်ပစွာပြုံးနေသော်လည်း ဖေးယွင်ကျင်း အနည်းငယ်ကြောက်နေမိသည်။
ပေထန်ဒုတိယသခင် အခြားစကားတစ်ခုအားပြောချင်နေသေးသော်လည်း လူအိုကြီးက ဦးစွာပြောလိုက်သည်။
"မင်းတို့နှစ်ယောက် အရင်ထွက်သွားသင့်တယ်၊ ငါ မဒမ်ဖေးတို့ နဲ့ စကားပြောချင်တယ်"
ပေထန်မိသားစုမှာ လူအိုကြီးသည် အဆုံးစွန်သော အာဏာကို ပိုင်ဆိုင်သည်။ ဒုတိယသခင် အဘိုးကြီးပြောချင်သည့်အရာအား သိလိုစိတ်ပြင်းပြနေသော်လည်း၊ ထိုကလေးငယ်အား ဘာကြောင့် ရုတ်တရက်ပြန်ခေါ်သည်ကို သိချင်နေသော်လည်း ထွက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ပေထန်မင်ကျူး ဆက်နေဖို့တောင်းပန်သည်ကိုပင် လူအိုကြီးမှာ ငြင်းဆန်လိုက်ပြီး အစ်ကိုဖြစ်သူအား သူ့ကိုဆွဲခေါ်သွားစေ သည်။
မကြာမီပင် နန်ယုနှင့် အခြားနှစ်ဦးသာ အခန်းထဲကျန်ခဲ့သည်။
မလိုအပ်သော ယဉ်ကျေးမှုများကိုကျော်သွားပြီးနောက် နန်ယုနှင့် နန်ကျီသည် လူအိုကြီးဘေးတွင် ထိုင်လိုက်ပြီး ဖေးယွင်ကျင်းမှာ သူ့ရှေ့တွင် ရပ်နေကာ သူ၏စူးစိုက်ကြည့်ရှုခြင်းကို ခံနေရသည်။
"ယွင်ကျင်း၊ နာမည်ကောင်းပဲ"
လူအိုကြီး ဖေးယွင်ကျင်းလက်များကိုကိုင်ရင်း ချစ်ခင်စွာဆို သည်။
"ရှောင်ယွင်ကျင်း၊ ငါက မင်းရဲ့ ဘိုးဘိုးကြီးပါ"
ဖေးယွင်ကျင်း အနည်းငယ် စိတ်မသက်မသာဖြစ်သော်လည်း သူ့ဘေးရှိ နန်ယုအားကြည့်ပြီးနောက် သူ လျင်မြန်စွာခေါင်း ညိတ်လိုက်သည်။
"မင်္ဂလာပါ ဘိုးဘိုးကြီး၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ"
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"
လူအိုကြီးက "ကောင်းတယ်" ဆိုသည့် စကားအား သုံးကြိမ် ပြောပြီးနောက် သူ့မျက်လုံးများ၊ အမူအရာများနှင့် စကားလုံးများမှာ ဖေးယွင်ကျင်းအပေါ် သူ့ချစ်ခင်မှုအားဖော်ပြနေသည်။
ထို့နောက် သူ ပျော်စရာအတွက် ဘာတွေလုပ်လေ့ရှိလဲ၊ ဘာတွေစားရတာကြိုက်လဲ စသည့် ရိုးရှင်းသော မေးခွန်းအချို့အား မေးသည်။
ဖေးယွင်ကျင်း တစ်ခုပြီးတစ်ခုဖြေဆိုပြီးနောက် လူအိုကြီး နောက်ဆုံးတွင် နန်ယုအား လှမ်းကြည့်လိုက်သည်။
"မဒမ်ဖေး၊ မင်း ယွင်ကျင်းကို ကောင်းကောင်းသင်ကြားပေးခဲ့တာပဲ၊ ကျေးဇူးတင်ပါတယ်"
နန်ယု ခေါင်းငုံ့ပြီး ညင်သာစွာ ပြုံးလိုက်သည်။ သူ့မျက်လုံးများတွင် ရှုပ်ထွေးမှုများကို ဖုံးကွယ်ထားသည်။ ယခင်ဘဝတွင် သူ ဖျားနာမှုကြောင့် ပွဲကိုမတက်ခဲ့ပေ၊ ထို့ကြောင့် ဤအရာသည် သေချာပေါက်မဖြစ်ခဲ့ပေပေ။ ထို့ပြင် ပေထန်မိသားစုသည် ဖေးယွင်ကျင်းအား အစမှအဆုံးထိ ဆက်စပ်ခဲ့ခြင်းမပြုခဲ့ပေ။
နောက်ပိုင်းတွင် ဖေးယွင်ကျင်း နန်ယုအားပညာပြရန် တမင်ဖျော်ဖြေရေးသမားတစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။ အသိုင်း ဝိုင်းအတွင်းတွင် သူ့ဂုဏ်သတင်းမှာ အလွန်ဆိုးရွားနေသော် လည်း ပေထန်မိသားစုကမူ ဘာမှမပြောခဲ့ပေ။
သူတို့ ဒီကလေးဟာ လုံးဝမရှိသကဲ့သို့ဟန်ဆောင်ခဲ့ပုံရသည်။
သို့သော် လူအိုကြီးမှာ ယခုမူ သူ့မြေးအပေါ် လျစ်လျူရှုသည့် လက္ခဏာမပြဘဲ သူ့သဘောထားမှာအလွန်ဖော်ရွေလို့နေ သည်။
"အို—"
နန်ယု ဤအပြောင်းအလဲမှုက ကောင်းသည်လား၊ ဆိုးသည်လား၊ သူမနှင့် ဖေးယွင်ကျင်းအား ထိခိုက်စေမည်လားဟု တွေးနေစဉ် လူအိုကြီးသက်ပြင်းချလိုက်သည်။
"မဒမ်ဖေး ငါဘာကြောင့် ဒီကလေးကို လွန်ခဲ့တဲ့ နှစ်အနည်း ငယ်က လျစ်လျူရှုခဲ့ပြီး အခုမှရုတ်တရက် တွေ့ဖို့တောင်းဆိုလဲဆိုတာကို မင်း တွေးနေတာ သိပါတယ်"
နန်ယု လူအိုကြီး၏ဝန်ခံချက်အပေါ် သိပ်မတုံ့ပြန်ဘဲ ယဉ်ကျေးစွာပြန်ဖြေလိုက်သည်။
"အဘိုး၊ အဘိုး စိုးရိမ်လွန်းနေပြီ၊ ရှောင်ကျင်းရဲ့သွေးထဲမှာ ပေထန်သွေးစီးနေတာပါ၊ အဘိုး ဆန္ဒရှိရင် အချိန်မရွေးတွေ့နိုင်ပါတယ်"
လူအိုကြီး ထိုစကားကြောင့် အသက်ရှူကျပ်သွားပြီး ဤ နန်မိသားစုမှ မိန်းကလေးသည် ကောလာဟလများပြောသကဲ့သို့ ဥာဏ်မရှိသူ မဟုတ်ကြောင်း သူ့ဘာသာရေရွတ်နေသည်။
သို့သော် အပြင်ပန်းတွင် လူအိုကြီးမှာ သူ့ယခင်ခေါင်းစဉ်အား ဆက်ပြောလိုက်သည်။
"တကယ်တော့ အားယောင်က ရှောင်ဝမ်ကို အမြဲတမ်းအရမ်းချစ်ခဲ့တာ"
အားယောင်မှာ လက်ရှိ ပေထန်မိသားစု၏ခေါင်းဆောင် ပေထန်ယောင်ဖြစ်သည်။
ရှောင်ဝမ်မှာ ဖေးယွင်ကျင်း၏မွေးမိခင် ပေထန်ရှောင်ဝမ်ပင်။
နန်ယု ဤကောက်ချက်အပေါ် မှတ်ချက်မပေးဘဲ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
ထိုအရာကိုမြင်တော့ လူအိုကြီး မတွန့်ဆုတ်တော့ပေ။
"ရှောင်ဝမ် မှားခဲ့တာတော့ မှန်ပါတယ် ဒါပေမဲ့ အဲဒီအမှားအတွက် သူ့ အသက်နဲ့လဲခဲ့ရပြီပဲ၊ သူ မရှိတော့တဲ့နောက်မှာ ငါ့ဒေါသတွေလည်း အချိန်ကြာလာတော့တဖြည်းဖြည်းလျော့ပါး သွားခဲ့တယ်"
"တကယ်တော့ အသက်ကြီးလာတာနဲ့အမျှ ကလေးတွေ၊ မြေးတွေဝိုင်းနေတာကို ပိုပြီးပျော်လာတာ၊ မကြာသေးခင်က ရှောင်ဝမ်ကိုအိပ်မက်မက်ခဲ့တော့ ဒီလိုအခွင့်အရေးရတုန်း ကလေးနဲ့ တွေ့ချင်တဲ့ စိတ်ကိုမထိန်းထားနိုင်တော့ဘူး"
"ငါ လုပ်ရမယ့် တာဝန်ပါ"
နန်ယုနှင့် နန်ကျီတို့ တိတ်ဆိတ်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
ဤအဘိုးအိုသည် ထိုသို့သောအကြောင်းပြချက်များဖြင့် အဘယ်အရာကို လိုချင်နေသနည်း။ နန်ယုသည် သူ့ကို သတိရသည် သို့မဟုတ် အိပ်မက်မက်သည်ဟူသော သူ့စကားများအား တစ်လုံးတစ်ပါဒမျှ မယုံကြည်ပေ။
လူဦးရေနည်းပါးသော ဖေးနှင့် နန်မိသားစုတို့နှင့်မတူဘဲပေထန်မိသားစုမှာ အမှန်ပင်ကြီးမားလှသည်။ ကလေးပိုများခြင်းသည် အလွန်ထူးချွန်သော ကလေးများမဟုတ်လျှင်အရေးမပါပေ။
နန်ယု အသေးစိတ်စုံစမ်းခဲ့သည့် ပေထန်ရှောင်ဝမ်သည် ပေထန်မိသားစုတွင် အရေးပါသူတစ်ဦးမဟုတ်ခဲ့ပေ။ သခင်ကြီးပေထန်သည်လည်း သူမအား အကြိမ်အနည်းငယ်မျှသာတွေ့ဖူးလိမ့်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူမအား ရုတ်တရက် အိပ်မက်မက်နေရသနည်း။
"မဒမ်ဖေးအနေနဲ့ ဖေးမိသားစုကနေ ခွဲထွက်ဖို့က ခက်မယ်ထင်ပါတယ်၊ ကလေးတစ်ယောက်ကိုပြုစုရတာလည်း ခက်ခဲတာပေါ့၊ သခင်မလေး အဆင်ပြေမယ်ဆိုရင် ပေထန်မိသားစုက ယွင်ကျင်းကို ခဏခေါ်ထားချင်တာပါ၊ အာယောင်လည်း ဒီမြေးလေးကို သတိရနေမှာပဲလေ"
အချို့သော အဓိပ္ပာယ်မရှိသည့် စကားများပြောဆိုပြီးနောက် တွင်မူ အဘိုးအို နောက်ဆုံး၌ သူ့ရည်ရွယ်ချက်အား ဖော်ထုတ်လိုက်သည်။
သူက ဖေးယွင်ကျင်းကို ပေထန်မိသားစုကို ပြန်ခေါ်သွားချင်တာလား ??
ဒီနေထိုင်မှုက ဘယ်လောက်ကြာမှာလဲ ? သူ့ကို ဖေးမိသားစုကို ပြန်အပ်မှာလား ??
နန်ယု အမှန်ပင် အံ့အားသင့်သွားရသည်။ သို့သော် သူမ ဘာမှမပြောမီတွင်ပင် ဖေးယွင်ကျင်း သူမဘေးသို့ ပြေးဝင်လာကာ ဒူးပေါ်တင်ထားသော သူမလက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးများသည်လည်း သူမအားသနားခံဟန်ဖြင့် စိုက်ကြည့်နေသည်။
သူ စကားတစ်လုံးမျှမဆိုခဲ့သော်လည်း ထိုနေရာရှိ လူတိုင်းသည် သူ့အတွေးများအားမြင်နိုင်ခဲ့ကြလေသည်။
အဘိုးအို ဤအခြေအနေအား ကြိုတင်ခန့်မှန်းထားပြီးဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဖေးယွင်ကျင်းအတွက် လုံးဝစိမ်းသက်သူများဖြစ်ပြီး ကလေးမှာ ဧကန်မလွဲ ရှက်နေမည်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူ မည်သူ့ကိုမျှ ချက်ချင်းရွှေ့ပြောင်းရန် စီစဉ်ထားခြင်းမရှိပေ။
ယနေ့တွင်ပင် မိတ်ဆက်ပြီး နန်ယုထံမှသဘောတူညီမှု ရယူကာ ထို့နောက်တွင်မှ ကလေးစိတ်အား သိမ်းပိုက်ရန်ဖြည်း ဖြည်းချင်း ဆောင်ရွက်သွားရန်ရည်ရွယ်ထားသည်။
သို့သော် သူ စကားမပြောရသေးခင်ပင် နန်ကျီ စပြောလိုက်လေသည်။
"အဘိုးပေထန်၊ ခင်ဗျားက ကျွန်တော့် ရှောင်ယုလေးကို အခက်တွေ့အောင်လုပ်နေတာ မဟုတ်ဘူးလား၊ မိထွေးတစ်ယောက်ရဲ့ အနေအထားကို ခင်ဗျား သိပြီးသားပဲ၊ သူသာ သဘောတူလိုက်ရင် ဖေးမိသားစုဘက်က ဘယ်လိုတွေးမလဲ ကျွန်တော်စိုးရိမ်သား၊ တကယ်လို့ ခင်ဗျား ဒီလိုလုပ်ချင်တယ်ဆိုရင် သူတို့နဲ့ တိုက်ရိုက်ပြောတာက ပိုမကောင်းဘူးလား"
"ရှောင်ယု အလွယ်တကူ လက်ခံရဲမှာမဟုတ်ဘူး"
နန်ယု မကြာသေးမီက အနည်းငယ်ပို၍ထက်မြက်လာပြီး ဖေးယီကျန့်သတင်းနှင့်ပတ်သက်၍ သူ့အပေါ် ဖိအားမပေးတော့သော်လည်း သူ့ညီမ ဖေးယွင်ကျင်းအားမည်မျှမုန်းတီးနေသည်ကို သူ သိသည်။
နန်ကျီအမြင်၌ ဤကလေးမှာ အိမ်တော်ထိန်းကျိုး၏ကလေးဖြစ်ရာ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်စရာမလိုသူမျိုးဖြစ် သည်။ နန်ယုသာ အလျင်စလိုသဘောတူလိုက်ပါက ဖေးမိသားစုအား ရှင်းပြရန် ခက်ခဲလိမ့်မည်ကို သူ စိုးရိမ်နေသည်။
ထို့ကြောင့် ဤခက်ခဲသော ကိစ္စရပ်ကို ဖေးမိသားစုအားလွှဲအပ်လိုက်ခြင်းသည် ပိုသင့်တော်ပေလိမ့်မည်။ ဆွေမျိုးရင်းချာတွေကကလေးကိုတောင်းနေတော့ ခင်ဗျားဆို ပေးလိုက်မလား ?
သခင်ကြီးပေထန် ကျယ်လောင်စွာရယ်မောလိုက်သည်။
"ဟုတ်တာပေါ့၊ ဖေးမိသားစုကို ငါ အသိပေးလိုက်ပါ့မယ် ဒါပေမဲ့ မဒမ်ဖေးကိုတော့ အရင်ဆုံးပြောပြဖို့လိုမယ်ထင်တယ်"
သူ ယနေ့တွင်မူ ကတိတစ်ခုရရှိလိမ့်မည် မဟုတ်သော်လည်း သခင်ကြီးပေထန် စိတ်မပျက်ပေ။ အလျင်စလို လုပ်ရန်မလိုဘဲ အစကနေ ကွာဟချက်တစ်ခုကို ဖွင့်လိုက်ခြင်းဖြင့် ဖြည်းဖြည်းချင်းအကြောင်းအရာများအား ဖြည့်သွင်းသွားမည်ဖြစ်သည်။
တစ်နေ့နေ့တွင်မူ ထိုကွာဟမှုမှာပြည့်သွားပေလိမ့်မည်။
စကားပြောဆိုမှုမှာ ပြီးလုနီးပါးဖြစ်နေလေပြီ။ နောက်ပိုင်း မွေးနေ့ပွဲအခမ်းအနားများနှင့် အခြားပွဲများတွင်မူ ထူးခြားမှုမရှိတော့ပေ။ နန်ယု လိုအပ်သည့်အခါ ပြုံးရယ်ကာ လက်ခုပ်တီးပေးရုံသာ ဖြစ်တော့သည်။
ထိုလူများ မည်သည်ကိုတွေးနေကြသည်ဖြစ်စေ မည်သူမျှ နန်ယုအား လှောင်ရယ်ရန် အရိပ်အယောင်မျှပင်မပြရဲကြပေ။
သူမနောက်ကွယ်တွင် ဘာဖြစ်လာနိုင်သည်ကိုလည်း နန်ယု ဂရုမစိုက်ပေ။
သူမ အချစ်ဆုံးသူငယ်ချင်းနှစ်ဦးမှာလည်း ထိုပွဲတွင် ရှိနေကြပြီး နန်ယုနှင့် ရင်းနှီးရန် အခွင့်အရေးအားအမြဲတစေရှာဖွေနေကြသည်။ သို့သော် ပွဲတစ်လျှောက်လုံးတွင် သူမနှင့် ဖေးယွင်ကျင်းသည် နန်ကျီနှင့်သာ အမြဲတစေ ရှိနေခဲ့ကြသည်။
လက်ရှိနန်မိသားစု၏ခေါင်းဆောင်ဖြစ်သည့် နန်ကျီနှင့် စကား ပြောရန် လူပေါင်းများစွာ စိတ်အားထက်သန်နေကြ၏။ စီးပွား ရေးလောကမှ သူဌေးအသစ်များနှင့် ဩဇာကြီးမားသော ပုဂ္ဂိုလ်များလည်း များစွာရှိနေကြသည်။
တုကျောင်းကျောင်းနှင့် ရှုယွီဝေ မိုက်မဲ၍ သူတို့လမ်းကြောင်းသို့တွန်းတိုက်ဝင်လာပါက နန်ယု ကြားဝင်စွက်ဖက်ရန်မလိုဘဲ စူးရှသော အကြည့်များဖြင့် ရင်ဆိုင်ရပေလိမ့်မည်။
ကံကောင်းစွာဖြင့် သူတို့သည် ထိုမျှ မိုက်မဲသူများ မဟုတ်ခဲ့ကြချေ။ သူတို့ နန်ယုအား စိုက်ကြည့်နေပြီး သူမကို သူတို့နှင့် တွေ့ ဆုံရန်ကြိုးစားနေကြသည်။
နန်ယု သူတို့အား လျစ်လျူရှုလိုက်သည်။
ပွဲပြီးဆုံးသည်နှင့် ကားပေါ်တွင် ထိုင်နေစဉ် နန်ယုနောက်ဆုံး၌ သက်ပြင်းချလိုက်သည်။
နန်ကျီတွင် အခြားကိစ္စများ ရှိနေသည့်အတွက် အခြားကားတစ်စီးအတွင်းသို့ ဝင်ရောက်သွားလေသည်။ ယခုမူ ကားထဲတွင် ယာဉ်မောင်း၊ နန်ယုနှင့် ဖေးယွင်ကျင်းတို့သာ ရှိနေကြတော့သည်။
နန်ယု ဒေါက်မြင့်ဖိနပ်များကို ချက်ချင်း ချွတ်လိုက်ပြီး သူ့လက်များဖြင့် လည်ပင်းရှိလေးလံလှသော လက်ဝတ်ရတနာများအား ဖယ်ရှားလိုက်ကာ နောက်သို့မှီချလိုက်တော့သည်။
သူမ ကြည့်ကောင်းနေသော်လည်း အမှန်တကယ်တွင်မူ နာရီပေါင်းများစွာ သူ့ ကျောရိုးအားဖြောင့်တန်းစေပြီး ပြုံးရယ်နေခဲ့ရသည်။ ဒါ တကယ်ကို လူမဆန်ပေ။
ဖြစ်နိုင်ရင်တော့ ဒီလိုပွဲမျိုးကိုရှောင်တာ ပိုကောင်းသည်။
"ဘာဖြစ်တာလဲ၊ စကားတစ်ခွန်းမှ မပြောတော့ဘူးလား"
ချက်ချင်းပဲ နန်ယု သူ့ဘေးမှ ဖေးယွင်ကျင်း၏တိတ်ဆိတ်နေမှုအား ရုတ်တရက် သတိထားမိလိုက်သည်။
ဖေးယွင်ကျင်း ခေါင်းမော့လိုက်သောအခါ ကားထဲမှ မှိန်ဖျော့ သော အလင်းရောင်အောက်၌ သူ့မျက်လုံးများ အနည်းငယ် နီရဲနေသည်ကို နန်ယု သတိပြုမိလိုက်သည်။
"အန်တီ၊ ကျွန်တော့်ကို မပေးလိုက်ပါနဲ့နော်... "
တိတ်ဆိတ်နေသည့် ကားအတွင်း၌ ဖေးယွင်ကျင်း၏ငိုရှိုက်သံအား ရှင်းလင်းစွာကြားနေရသည်။
"ကျွန်တော်... ရှောင်... ရှောင်ကျင်းက...စကားနားထောင်ပါ့မယ်၊ ကျွန်တော့်ကို မပေးလိုက်ပါနဲ့နော်"
နန်ယု- "...?"
ဖေးယွင်ကျင်းမှာ အခြားကလေးများနှင့် ရန်ဖြစ်သောအခါ ၌ပင် မျက်ရည်တစ်စက်မျှကျခဲ့ခြင်းမရှိပေ။
ဒါပေမဲ့ အခုတော့ သူ ဒီလိုမျိုးတုံ့ပြန်နေတာလား ??
ပွဲမှာ မည်သို့ပင်ဖြစ်စေ ပြီးဆုံးသွားပြီဖြစ်သည်။ နန်ယု သူမ ဝတ်ဆင်ထားသော အဝတ်အစားများကို ဂရုမစိုက်တော့ဘဲ ဖေးယွင်ကျင်းအား ကောက်ယူလိုက်ပြီးပြောလိုက်လေသည်။
"ဘယ်သူက မင်းကို ပေးလိုက်မယ်ပြောနေလို့လဲ"
ဖေးယွင်ကျင်း သူ့မျက်ရည်များကို လက်ဖြင့်သုတ်လိုက်၏။
"အဲ့ဒီ အဘိုး၊ ဟစ် ~ သူ... ဟစ်~"
နန်ယု သူ့ညာဘက်လက်ကိုလွတ်ပေးလိုက်ပြီး ဖေးယွင်ကျင်း ကျောအား ပုတ်ပေးလိုက်လေသည်။
"စိတ်မပူနဲ့၊ မင်း ငါ့အတွက် ပိုက်ဆံတွေ ဆက်ရှာပေးရဦးမှာလေ၊ ငါ ဘယ်တော့မှ မင်းကို ပေးလိုက်မှာမဟုတ်ဘူး"
ပေထန်မိသားစု၏ရည်ရွယ်ချက်များမှာ မရှင်းမလင်းဖြစ်နေသည်။ နန်ယုကိုယ်တိုင်သာမက ဖေးမိသားစုကပါ သဘော တူမည် မဟုတ်ပေ။
၎င်းတို့သည် လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့အား လျစ်လျူရှုခဲ့ပြီး ယခုကလေး မှတ်မိနိုင်တော့မှရောက်လာကြသည်။ သူတို့က ဒီအခွင့်အရေးကိုအရယူပြီး သူ့ကိုဖေးမိသားစုကနေ ပစ္စည်းတွေခိုးဖို့ သင်ပေးချင်နေတာလား ??
နန်ယု ဖေးမိသားစုအတွေးများကို ခန့်မှန်းနိုင်လေသည်။
"တကယ်လား... အင့်..."
ထို 'အင့်' ဟူသော အသံကလေးသည် အနည်းငယ် ချစ်စရာကောင်းလှ၏။
နန်ယု ပြုံးလိုက်ပြီး ကလေး၏မျက်ခုံးကြားကို ထိုးလိုက်သည်။
"တကယ်၊ တကယ်၊ ငါ ကတိပေးတယ်"
အိမ်တော်ထိန်းကျိုး နန်ယုနှင့် အခြားသူများ ပြန်လာသည်ကို စောင့်ဆိုင်းနေပြီး ကားတံခါးအား ဖွင့်လိုက်သောအခါ ဖေးယွင်ကျင်း နန်ယုပေါင်ပေါ် ကွေး၍အိပ်ပျော်နေသည်ကို တွေ့လိုက်ရလေသည်။
"အိပ်နေတယ်--"
နန်ယု စကားလုံးများကိုသာ နှုတ်မှရွတ်ဆိုလိုက်သော်လည်း အသံထွက်ပေါ်လာခြင်း မရှိချေ။
အိမ်တော်ထိန်းကျိုး ချက်ချင်းနားလည်သွားပြီး ခေါင်းညိတ်လိုက်ကာ ပြုံးရယ်လျက် ဖေးယွင်ကျင်းအား ဂရုတစိုက် ကောက်ယူလိုက်လေသည်။ ယနေ့တွင် သူ အမှန်ပင် ပင်ပန်းနွမ်းနယ်နေပုံရသည်။ ကောင်းစွာ အိပ်ပျော်နေပြီး နိုးထမည့် အရိပ်အယောင်ပင်မပြတော့ပေ။
လေးလံသောအရာ မရှိတော့သည့်အတွက် နန်ယု နောက်ဆုံး၌ သူ့ခြေထောက်များအား လွတ်လပ်စွာ ပွတ်သပ်နိုင်တော့သည်။ ထိုကလေးငယ်မှာ အားနည်းနေသည့်ဟန် ပေါ်သော်လည်း အမှန်တကယ်တွင်မူ အတော်ပင်လေးလံလှ၏။
သို့သော်လည်း ဖေးယွင်ကျင်း တုံ့ပြန်ပုံကိုပြန်တွေးကြည့်လိုက်မိသောအခါ...
ကလေးတစ်ယောက်က လုံခြုံမှုမရှိဘူးလို့ခံစားရရင် ပိုက်ဆံပေးတာ ထိရောက်တဲ့နည်းလမ်းတစ်ခုများ ဖြစ်နိုင်မလား ??