← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

"ဒီတစ်ရုပ်ကို တကယ်ကောက်ရတော့မှာလား"

ဖေးယွင်ကျင်း၏ကလေးဆန်သော လေသံထဲ အနည်းငယ် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များပေါ်နေသဖြင့်၊ လှမ်းကြည့်နေသော မိန်းကလေးတစ်ဦးမှာ ထိုကလေးလေးအား အမှန်ပင် ပွေ့ဖက်ပြီးချစ်ခင်လိုစိတ်ပေါ်ပေါက်လာခဲ့သည်။

သို့သော် သူမ၏ကျန်ရှိနေသော သတိဖြင့် "မလုပ်နဲ့"ဟု ကိုယ့်ကိုယ်ကိုယ် တားမြစ်လိုက်သည်။ ဒီလိုလုပ်လျှင် သူ့ကိုထူးဆန်း တဲ့ သူလို့ ထင်သွားကြလိမ့်မည်။

သို့သော်လည်း ကလေးမှာ အမှန်ပင်ချစ်စရာကောင်းသည်။

ထို့အပြင် ထိုမိန်းကလေးမှာ နန်ယုအားခိုးကြည့်လိုက်သည်။

"ဒီလောက်လှတာ၊ နာမည်ကြီးတွေထက်တောင် ပိုလှသေးတယ်၊ နှုတ်ခမ်းနီက ဘယ်အရောင်လဲ ? အရမ်းလှတာပဲ"

"အိုး၊ ငါ ကျဲကျဲအလှလေးနဲ့ ခင်ချင်လိုက်တာ"

သူမ လောင်းကြေးထပ်ရဲသည်မှာ ကြည့်နေသူများ၏တစ်ဝက်မှာ ကလေးအားကြည့်ရန်ဖြစ်ပြီး ကျန်တစ်ဝက်မှာ အလှလေးအားကြည့်ရန်ဖြစ်သည်။

"နောက်ဆုံးတစ်ရုပ်! နောက်ဆုံးတစ်ရုပ်!"

နန်ယု လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သည်။ သူမ၏ ခြေ ထောက်အနီးတွင် ကြီးမားပြီးဖောက်ထွင်းမြင်နိုင်သော အိတ်ကြီးတစ်လုံးရှိပြီး အမျိုးမျိုးသောအရွယ်အစားနှင့် ပုံစံရှိ အရုပ်ဆယ်ရုပ်ခန့်ဖြင့်ပြည့်နေသည်။ ၎င်းမှာ ပေါများသောရိတ်သိမ်း မှုပင်ဖြစ်သည်။

ဖေးယွင်ကျင်း၏အရုပ်ဖမ်းနိုင်စွမ်းအား ရှာဖွေတွေ့ရှိပြီးနောက် နန်ယု ဂိမ်းကစားရန် ဒင်္ဂါးများစွာကိုဝယ်ယူခဲ့သည်။ တစ်နာရီပြီး တစ်နာရီကုန်ဆုံးလာသည်နှင့်အမျှ လူအုပ်ကြီးတစ်စု ရောက်ရှိလာခဲ့သည်။

"တကယ် နောက်ဆုံးတစ်ရုပ်ပဲ!"

ဖေးယွင်ကျင်း ပါးများကိုဖောင်းလိုက်ပြီး ခလုတ်အားထပ်မံနှိပ်ကာ ညင်သာစွာဆွဲချလိုက်သည်။ သူ့အနိုင်ရမှုနှုန်းမှာ သုံးကြိမ်တွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဖြစ်ပြီး ၎င်းမှာ ဂိမ်းစက်အတွက် အလွန်မြင့်မားသောရလဒ်ဖြစ်တော့သည်။

သို့သော် ဤတစ်ရုပ်ကိုဖမ်းရန် လေးကြိမ်တိုင် ကြိုးစားပြီးဖြစ်ကာ ထပ်မရပါက နန်ယု အတင်းအကျပ်ယူခိုင်းတော့မည်လားဟု သူ တွေးနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်၊ ကလေးအလုပ်သမား ခိုင်းစေသူအား ကောင်းကင်ဘုံမှမမြင်ခဲ့သဖြင့် ဤတစ်ကြိမ်တွင် သူ နောက်ဆုံး၌ အောင်မြင်စွာဖမ်းယူနိုင်ခဲ့သည်။

~~ လက်ခုပ်တီးသံ ~~

လက်ခုပ်သံများ တပြိုင်တည်းပေါ်ထွက်လာသည်နှင့်အမျှ အရုပ်မှာ အပေါက်ထဲသို့ အောင်မြင်စွာပြုတ်ကျသွားခဲ့သည်။ ထိုမြင်ကွင်းမှာ လူတိုင်း၏မျက်နှာတွင် ဖမ်းမိသူထက်ပင် ပိုမိုတောက်ပသော အပြုံးများကိုဖြစ်ပေါ်စေခဲ့သည်။

အချို့ကမူ ချီးကျူးစကားများ ပြောဆိုနေကြသည်။

"ကလေး၊ မင်း တကယ်တော်တယ်ကွာ!"

"ဟုတ်တယ်၊ ဟုတ်တယ်၊ လုံးဝကိုတော်တာ!"

"ဟိုကလေးကိုကြည့်စမ်း၊ မင်းက ဘာမှ မဟုတ်ဘူး!"

ဖေးယွင်ကျင်းတစ်ယောက် ဤလူအများရှေ့တွင် ပထမဆုံးအကြိမ်ရောက်ရှိနေခြင်းလား၊ သို့မဟုတ် လူအများချီးကျူးမှုအား ပထမဆုံးအကြိမ်ခံရခြင်းလားဆိုသည်ကို မပြောနိုင်ပေ။ သူ့မျက်နှာလေးမှာ ဖြူရာမှ နီရဲလာပြီး ခုံမှခုန်ဆင်းကာ နန်ယု နောက်တွင် ရှက်ရွံ့စွာပုန်းလိုက်သည်။

ထိုလုပ်ရပ်ကြောင့် လူတိုင်းထံမှ နောက်တစ်ကြိမ်ရယ်မောသံများ ထွက်ပေါ်လာရပြန်သည်။

"ရပြီ၊ ရပြီ၊ တခြားဟာ သွားကစားရအောင်၊ ကောကောနဲ့ ကျဲကျဲ တွေကို နှုတ်ဆက်လိုက်ဦး"

နန်ယု ရယ်စရာသဘောဖြင့် အရုပ်များကိုသိမ်းဆည်းပေးရန်ဝန် ထမ်းအားတောင်းဆိုခဲ့သည်။ ထို့နောက် သူ့နောက်မှ ခေါင်းလေးပြူထွက်လာသော ဖေးယွင်ကျင်းအား ကြည့်လိုက်သည်။ သူ့မျက်နှာလေးမှာ ကြက်ဥတစ်လုံးကိုပြုတ်နိုင်လောက်အောင် နီရဲနေသော်လည်း သူ တည်ငြိမ်အောင်ကြိုးစားနေခဲ့သည်။

"နှုတ်ဆက်ပါတယ်၊ ကောကောတို့ ကျဲကျဲတို့"

သူ့အသံမှာ အနည်းငယ်တုန်ယင်နေခဲ့သော်လည်း သူ ထိုစကားအားပြောဆိုနိုင်ခဲ့သည်။

"နှုတ်ဆက်ပါတယ်၊ အိုး၊ ငါ မခံနိုင်တော့ဘူး၊ အရမ်းချစ်ဖို့ကောင်းတာပဲ! အရမ်းချစ်ဖို့ကောင်းတယ်!"

မိန်းကလေးတစ်ဦးသည် လက်တစ်ဖက်အား ရင်ဘတ်ပေါ်တင်ပြီး အသက်ရှူရန် ကြိုးစားနေဟန်ဆောင်ကာ မေးလိုက်သည်။

"ပေါင်ပေ့လေး မင်း ဘယ်လိုအရောင် အိတ်ကိုကြိုက်လဲ"

မေးခွန်းအမှတ်အသားတစ်ခု ဖေးယွင်ကျင်း ခေါင်းပေါ်တွင် ဖြည်းဖြည်းချင်းပေါ်လာပြီး သူ ထိုမိန်းကလေး၏မေးခွန်းအား ဂရုတစိုက် တစ်လုံးချင်းပြန်ဖြေလိုက်သည်

"ကျွန်တော် အိတ်တွေကိုမကြိုက်ဘူး"

ဒါဆို "အိတ်" တွေဆိုတာ ဘာတွေလဲ ? စားလို့ရတာလား ?

ထိုအဖြေမှာ နန်ယုနှင့် ပတ်ဝန်းကျင်ရှိ လူတိုင်းအား ကျယ်လောင်စွာရယ်မောစေခဲ့သည်။

"သွားရအောင်၊ သွားရအောင် ? မင်း ဗိုက်ဆာနေလား၊ တစ်ခုခု စားချင်လား"

"မဆာဘူး"

"ဒါဆို ရေ နည်းနည်းသောက်လိုက်"

ဖေးယွင်ကျင်း အသက်နှင့် အရပ်အကန့်အသတ်များကြောင့် သူ စမ်းသပ်နိုင်သည့် ဂိမ်းများစွာမရှိသော်လည်း သူ လုပ်ခဲ့သည့်အရာအနည်းငယ်ကပ်ကမူ သူ့အပြုံးအားပိုမိုတောက်ပစေခဲ့သည်။

သူ့မျက်လုံးများမှာ ပတ်ဝန်းကျင်အားမျက်တောင်မခတ်ဘဲ လိုက်လံကြည့်ရှုနေသည်။ ၎င်းမှာ လုံခြုံသောဇုန်မှ ထွက်ခွင့်ရထားသည့် ကြောင်ကလေးတစ်ကောင်ကဲ့သို့ ကမ္ဘာကြီးအား ဂရုတစိုက် စူးစမ်းရှာဖွေနေခြင်းပင်။

မကြာမီ နှစ်ဦးသား ဂိမ်းခန်းမ၏လူစည်းကားသော အခြမ်းဖြစ်သည့် street dance area သို့ ရောက်လာခဲ့သည်။

ထိုနေရာတွင် လူပိုများပြီး စက်ဝိုင်းပုံစံဖွဲ့ကာကခုန်နေကြသည်။ ရံဖန်ရံခါ လက်ခုပ်သံများနှင့် အားပေးသံများပေါ်ထွက်လာကာ စည်းချက်ကျကျတက်ကြွသော ဂီတသံနှင့်အတူ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာ ခံစားချက်များကိုဖန်တီးပေးနေသည်။

နန်ယု ဖေးယွင်ကျင်းအား လူအများဆုံး စက်ဝိုင်းဆီသို့ ဦးဆောင်သွားခဲ့သည်။ လူများကြားမှတဆင့် အလယ်ဗဟိုရှိ အကသမားအား သူတို့ ချက်ချင်းတွေ့လိုက်ရသည်။

သူသည် ဘေ့စ်ဘောဦးထုပ်နှင့် ဟစ်ဟော့ပ်ပုံစံ အဝတ်အစားများဝတ်ဆင်ထားသည့် ကလေးတစ်ဦးဖြစ်ပြီး ဖေးယွင်ကျင်းနှင့် အသက်တူပုံရသည်။

သို့သော် ထိုကလေး၏ချောမွေ့သော လှုပ်ရှားမှုများနှင့် တစ်ခါ တစ်ရံပြသတတ်သည့် အရည်အချင်းများမှာ နန်ယုအား သူသည် မွေးကတည်းက ကခဲ့သည်ဟု ယုံကြည်စေခဲ့သည်။

"ဝိုး၊ အရမ်းတော်တာပဲ!"

ဖေးယွင်ကျင်း တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများပြူးကျယ်လာခဲ့သည်။

သူနှင့် ရွယ်တူကလေးတစ်ဦးဖြစ်နေသော်လည်း အရမ်းမိုက် သော လှုပ်ရှားမှုများစွာအား လုပ်ဆောင်နိုင်ခြင်းမှာအမှန်ပင်အံ့ဩသင့်စရာကောင်းသည်။

၎င်းမှာ တကယ်ကို အံ့မခန်းပင်။

"မင်း သင်ချင်လား"

နန်ယု ဖေးယွင်ကျင်းအား အကသင်ယူရန် အတင်းအကျပ် တိုက်တွန်းခြင်းမရှိပေ။ ဘဝမှာ ဝါသနာတစ်ခုမှမရှိရင် ဘယ် လောက် ပျင်းဖို့ကောင်းလိုက်မလဲ ??

၎င်းမှာ ခဏတာ စိတ်ဝင်စားမှုတစ်ခုသာဖြစ်နေခဲ့လျှင်လည်း ပြဿနာမရှိပေ။ သူတို့မှာ ပိုက်ဆံရှိတာပဲလေ။

နန်ယု ရုတ်တရက် ခေတ်ပေါ်သူဌေးမတစ်ဦး၏ ခံစားချက်မျိုး ဝင်လာပြီး ဖေးယွင်ကျင်းပါးအား ဖွဖွလေးညှစ်လိုက်သည်။ ဆိုးသွမ်းသော မိထွေး၏ နှိပ်စက်မှုတွေ မရှိတော့သည့်နောက်ပိုင်းတွင် သူ့မှာ တကယ်ကို ပျော်ရွှင်စရာကောင်းသော ကလေးဘဝလေးအား ပိုင်ဆိုင်သင့်ပြီလေ၊ ဟုတ်တယ်မလား ?

"ရလားဟင်"

ဖေးယွင်ကျင်း မျက်လုံးများတောက်ပစွာဖြင့် နန်ယုအားမော့ ကြည့်လိုက်သည်။

"သေချာတာပေါ့၊ မင်း မငိုသရွေ့တော့ ရတယ်"

ကောင်လေး အကကိုမြင်ရသောအခါ သူ့လေ့ကျင့်မှုမှာ အလွန်ခက်ခဲခဲ့မည်ဟု နန်ယုတွေးမိသည်။ သို့သော် ထိုအကြောင်းကို ဖေးယွင်ကျင်းအား ပြောရန်မလိုအပ်ပေ။ သူ့ကိုယ်တိုင် စမ်းကြည့်စေပြီးမှ အမှန်တရားအား သူ သိလာလိမ့်မည်။

နှစ်ဦးသား အပြင်တွင်ရပ်ပြီး ကောင်လေး၏အကပြီးဆုံး သည်အထိ စောင့်ကြည့်ခဲ့ကြသည်။ သူသည် အားကုန်သွားဟန်ဖြင့် အကပြီးဆုံးသည်နှင့် အင်္ကျီအားကောက်ယူကာ အပြင်သို့ ထွက်သွားသည်။

သူ နန်ယုတို့ ရှိရာသို့တည့်တည့်လာပြီး ဖေးယွင်ကျင်းနှင့် တစ်ပေခွဲအကွာတွင်ရပ်လိုက်သည်။ သူ ပတ်ပတ်လည်ကို အကဲ ခတ်ကြည့်နေသည်မှာ ထိုအရွယ်ကလေးသည် ဂိမ်းခန်းမသို့ တစ်ယောက်တည်း ရောက်လာစရာအကြောင်းမရှိသဖြင့် လူကြီးတစ်ဦးအား စောင့်ဆိုင်းနေခြင်းဖြစ်မည်ဟု နန်ယု နား လည်လိုက်သည်။

နန်ယု တောက်ပနေသောမျက်လုံးများဖြင့် ကောင်လေးကို ခိုးကြည့်နေသော ဖေးယွင်ကျင်းအား သတိထားမိသောအခါ၊ သူမ မျက်ခုံးတို့ စိတ်ဝင်စားစွာဖြင့် အနည်းငယ်လှုပ်ရှားသွားခဲ့သည်။

"ဟိုင်း၊ မင်း ခုနက အရမ်းကောင်းကောင်းကနိုင်တာပဲ"

သူမ ကလေးနှင့် စကားပြောရန် ခါးကိုကုန်း၍ ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ကျဲ"

ကောင်လေးမှာ သူ့အား စကားလာပြောသူနှင့် ပထမဆုံးအ ကြိမ်တွေ့ဆုံဖူးပုံမရပေ။ သူ နန်ယု၏ချီးကျူးမှုအား သဘာဝအတိုင်း ကျေးဇူးတင်စကားဖြင့် ပြန်ဖြေခဲ့ပြီး သူမကိုလည်း ကျဲ ဟုခေါ်ခဲ့သည်။

ထိုအခါမှ နန်ယုသည် ဦးထုပ်အောက်ရှိ ကောင်လေးမျက်နှာအား အပြည့်အစုံမြင်ခဲ့ပြီး သူသည် တကယ်တမ်းတွင် ကပြားကလေးတစ်ဦးဖြစ်ကြောင်းတွေ့ရှိလိုက်သည်။

သူ၏ရှည်လျားပြီး ကောက်ကောက်ကွေးကွေး မျက်တောင်များနှင့် နက်ရှိုင်းသော၊ ကျယ်ပြန့်သောမျက်လုံးများမှာ သူ့အဝတ်အစားများနှင့် တွဲဖက်လိုက်သောအခါ လုံးဝခေတ်ဆန်သော ကောင်လေးတစ်ဦးလိုဖြစ်နေသည်။

"ရှောင်ကျင်း၊ ဒီကိုလာပြီး နှုတ်ဆက်လိုက်၊ မင်း သူ့အကကို မြင်ပြီး သင်ယူချင်တယ်လို့ပြောတယ်မလား"

ဖေးယွင်ကျင်း ထိုကောင်လေးအားတကယ်နှစ်သက်ပုံရသည်။ နန်ယု ခေါ်လိုက်သောအခါ သူ အမြန်ပြေးလာပြီးပြောလိုက်သည်။

"မင်္ဂလာပါ၊ ကျွန်တော့်နာမည် ဖေးယွင်ကျင်းပါ"

ထိုကောင်လေးမှာ သူ့အရွယ်တူ လူများအားပိုနှစ်သက်ပုံရသည်။ သူ့မျက်နှာမှာ နန်ယုအား ရင်ဆိုင်သောအခါ တင်းမာနေသော်လည်း ဖေးယွင်ကျင်းကိုမြင်သောအခါ သူ ပြုံးလိုက်သည်။

"မင်္ဂလာပါ၊ ကျွန်တော့်နာမည် လီရီပိုင်ပါ၊ ကျွန်တော် ကတဲ့ ဒီအကကိုသင်ချင်လို့လား"

"အင်း၊ မင်း ကတာ အရမ်းကောင်းတယ်"

ကြည့်ပါဦး၊ ကလေးတွေက ဘယ်လောက်မြန်မြန်ဆန်ဆန် ရင်းနှီးသွားသလဲ ?

နှစ်ဦးသားအောင်မြင်စွာ စကားပြောနေသည်ကို မြင်သောအခါ နန်ယု သူမ၏အောင်မြင်မှုများနှင့် ကျော်ကြားမှုအား ဖုံးကွယ်ထားခဲ့သည်။

သို့သော် သူတို့ စကားပြောဆိုမှုမှာကြာကြာမခံခဲ့ပေ။ ဝတ်စုံဝတ်ထားပြီး လူမှုရေးနယ်ပယ်မှ လူတစ်ဦးပုံစံရှိသောအမျိုး သားတစ်ဦး မောဟိုက်သံများဖြင့်ပြေးလာခဲ့သည်။ သူ ကောင်လေးအားမြင်သောအခါ သူ့မျက်နှာထက်တွင် သက်သာရာရမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

"သခင်လေး! နောက်ဆုံးတော့ သခင်လေးကို ရှာတွေ့ပြီ!"

"ကျွန်တော် မက်ဆေ့ခ်ျပို့ထားတယ် မဟုတ်လား"

"ဒါပေမဲ့ ဒီဂိမ်းခန်းမက အရမ်းကြီးတယ်… ထားလိုက်ပါတော့၊ ကျွန်တော်တို့ သခင်လေးကို ရှာတွေ့လို့ဝမ်းသာပါတယ်၊ ဘော့စ် စောင့်နေတယ်၊ သွားကြစို့"

ထိုသို့ပြောဆိုပြီး သူ လီရီပိုင်အား ခပ်သွက်သွက်ကောက်ယူ၍ ထွက်ခွာသွားလေသည်။

ရုတ်တရက် ခွဲခွာသွားသည်ကိုမြင်သောအခါ ဖေးယွင်ကျင်း ဝန်လေးစွာဖြင့်ပင် နှုတ်ဆက်လိုက်သည်။

ခဏတာမျှ တွေ့ဆုံခြင်းဖြစ်သော်လည်း ထိုကလေးနှစ်ဦးပြန် လည်ဆုံတွေ့ကြနိုင်မည်လား ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

ထိုအချိန်တွင် နန်ယု တစ်ခုခုဖြစ်လျှင် သူမအားတိုက်ရိုက်ဆက်သွယ်နိုင်ရန်အတွက် ဖေးယွင်ကျင်းတွင် ဖုန်းနာရီတစ်လုံး ရရှိသင့်သည်ဟု ရုတ်တရက် သတိရလိုက်သည်။

"အန်တီ"

ထွက်ခွာသွားသော ကောင်လေးအားကြည့်ရင်း ဖေးယွင်ကျင်း ဝမ်းသာအားရဖြင့် နန်ယုအား မော့ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် သူငယ်ချင်းတစ်ယောက်ရသွားပြီ"

"ဝိုး၊ ရှောင်ကျင်းက အရမ်းတော်တာပဲ၊ သွားစားကြစို့"

နန်ယုနှင့် ဖေးယွင်ကျင်းတို့ ပျော်ရွှင်စရာကောင်းသောရက်တစ်ရက်အား ဖြတ်သန်းခဲ့ကြသည်။ ယခုအခါ ဖေးယွင်ကျင်း၏ အခန်းသည်လည်း အရုပ်များဖြင့်ပြည့်နှက်နေပြီး ကလေးဆန်သော ချစ်စဖွယ်အသွင်ကိုဆောင်နေသည်။

ပျော်ရွှင်စရာ စနေ၊ တနင်္ဂနွေများမှာ အမြဲတိုတောင်းပြီး ယခု ဖေးယွင်ကျင်းအတွက် မူကြိုသို့ ပြန်သွားရမည့်အချိန်ဖြစ်နေပြီ။

နန်ယု မနေ့က ဈေးဝယ်လွန်ခဲ့၍ ယနေ့အပြင်မထွက်လိုသော် လည်း ရာသီဥတုကောင်းမွန်နေသဖြင့် ဥယျာဉ်ထဲတွင် အနား ယူကာ လေကောင်းလေသန့် ရှူရှိုက်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်...

"ဦးလေးကျိုး၊ အပြင်မှာ ဘာတွေဖြစ်နေတာလဲ"

ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေသည့် ဗီလာရပ်ကွက်တွင် ကားကြီးများ၏အဝင်အထွက် ဆူညံသံမှာ ထူးဆန်းစွာ ပေါ်ထွက်လာသည်။

"သခင်မလေး၊ ဘေးအိမ်ကို တစ်ယောက်ယောက်ပြောင်းလာတာ ဖြစ်ရမယ်"

နန်ကျီပင် အိမ်နီးချင်းဖြစ်လိုသောရည်ရွယ်ချက်ဖြင့် အချိန်ကြာမြင့်စွာ ဗလာဖြစ်နေသော ဘေးအိမ်အားဝယ်ယူရန်စဉ်းစားခဲ့ဖူးသည်။

သို့သော် ထိုအိမ်မှာ လွန်ခဲ့သောအချိန်ကတည်းကရောင်းချပြီးဖြစ်ပြီး ဝယ်သူမည်သူဖြစ်သည်ကို မသိနိုင်သောကြောင့် နန်ကျီလည်း ထိုကိစ္စအားလက်လျှော့ခဲ့ရသည်။

မမျှော်လင့်ဘဲ လျှို့ဝှက်ဆန်းကြယ်သော ဝယ်သူမှာအဆုံး၌ ပေါ်ထွက်လာခဲ့သည်။

နန်ယု အပြင်ဘက်မှဆူညံသံများအား သတိထားမိလိုက်သော် လည်း စိတ်ဝင်စားခြင်းမရှိဘဲ အတွင်းသို့ ပြန်ဝင်လာခဲ့သည်။ အခန်းထဲသို့ ရောက်သည်နှင့် အသံကာကွယ်မှုကြောင့် အရာအားလုံးမှာ ချက်ချင်းတိတ်ဆိတ်သွားသည်။

သို့သော် အချို့ကိစ္စများမှာ ထူးခြားသောနည်းလမ်းဖြင့် ဖြစ် လာရန် ကံကြမ္မာမှစီစဉ်ထားသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အိမ်နီးချင်း ပြောင်းလာပြီးနောက် တစ်နေ့တွင် ဖေးယွင်ကျင်း သူငယ်တန်းမှပြန်လာပြီး စိတ်လှုပ် ရှားစွာဖြင့် နန်ယုဆီသို့ပြေးလာခဲ့သည်။

"အန်တီ၊ လီရီပိုင်! လီရီပိုင်နဲ့ ကျွန်တော်က အတန်းတူတူပဲ!"

လီရီပိုင် ? ဘယ်သူလဲ ??

နန်ယု တစ်ခဏမျှ ကြောင်သွားပြီးမှ ဖေးယွင်ကျင်း သူငယ် ချင်းအသစ်မှာ ဂိမ်းခန်းမတွင်တွေ့ခဲ့သော street dance ကောင်လေး လီရီပိုင် ဖြစ်ကြောင်းသတိရလိုက်သည်။ သူတို့နှစ်ဦးမှာ တစ်ကျောင်းတည်းတက်နေသလားဟု သူမတွေးလိုက်သည်။

၎င်းမှာ တိုက်ဆိုင်မှုတစ်ခုပင်။

မကြာမီတွင် ပိုမိုကြီးမားသောတိုက်ဆိုင်မှုတစ်ခုရှိနေသည်ကို နန်ယု သိလိုက်ရသည်။

လီရီပိုင်၏မိသားစုမှာ သူမတို့ အိမ်နီးချင်းအသစ်ဖြစ်နေသော ကြောင့်ပင်။

All Chapters