အခန်း (၁၅)
Vol. 2 Ch. 15
နန်ယု၊ ဖေးယွင်ကျင်းနှင့် ဖေးယီကျန့်တို့ ဥယျာဉ်ထဲရှိစားပွဲဝိုင်းသေးသေးလေးတွင်ထိုင်နေကြသည်။ စားပွဲပေါ်၌ နန်ယု ပြင် ဆင်ထားသည့် မုန့်နှင့် သစ်သီးများအပြင် အချစ်ဝတ္ထုနှစ်အုပ်လည်း ရှိနေသည်။
အရောင်အသွေးစုံလင်သော စာလုံးဖောင့်နှင့် အဖုံးဒီဇိုင်းမှာ ဂန္ထဝင်စာအုပ်များမဟုတ်ကြောင်း ရှင်းလင်းစွာပြသနေပြီး အပေါ်ဆုံးဝတ္ထု၏ခေါင်းစဉ်မှာ “အေးစက်သောမင်းသား၏ အချိန်ခရီးသွားဇနီးသည်” ဖြစ်သည်။
နန်ယု- "..."
ငါ မရှက်ပေမယ့် တခြားလူတွေသာဆို ရှက်သွားကြမှာပဲ။
သူ အေးအေးဆေးဆေးပင် သစ်သီးလက်ဖက်ရည်ယူသောက်လိုက်ပြီး ဖေးယွင်ကျင်း၏စိတ်ဆိုးနေသည့် အကြည့်အားရင် ဆိုင်လိုက်သည်။
ထိုကလေးလေးမှာ ဦးလေးကျိုး မကယ်တင်ခင် ဥယျာဉ်တစ်ခုလုံးအားပြေးလွှားခဲ့ရသဖြင့် သူ့မျက်နှာသည်နီရဲကာ အသက် ပြင်းပြင်းရှူနေလေသည်။
ပြဿနာဖြစ်စေသည့် ဘဲကိုလည်း အကောင်းပကတိအတိုင်း ပြန်လည်အပ်နှံပြီးဖြစ်ရာ ဖေးယွင်ကျင်း ဒီည ဘဲသားစားကာ သူ့ဒေါသအားဖြေဖျောက်မည်လားဟု နန်ယု စိတ်ထဲမှတွေးနေမိတော့သည်။
အသိစိတ်မရှိသလို နန်ယု အပြစ်အား ချက်ချင်းလွှဲရန်ဆုံးဖြတ်လိုက်သည်။
"ရှောင်ကျင်း၊ ဒီလူကို သိလား"
သူ ဖေးယီကျန့်ရှိရာသို့ လက်ညိုးထိုးပြရင်း ဥယျာဉ်ဘက်ကို တစ်ဝက်လှည့်နေသော သူ့အကြည့်အားဆွဲဆောင်လိုက်သည်။
ဖေးယွင်ကျင်း သူ့ခေါင်းအား ရိုးသားစွာဖြင့်ခါလိုက်သည်။
ဒီအဖြစ်ကိုမြင်တော့ ဖေးယီကျန့်သည် မဒေါသထွက်၊ မဝမ်း နည်းဘဲ နန်ယု မိတ်မဆက်ပေးခင်မှာပင်ပြုံးလိုက်သည်။
"ယွင်ကျင်း၊ ငါက မင်းရဲ့အဖေပါ"
အတွေးတစ်ခုဝင်သွားပုံရသည့်အလား ဖေးယွင်ကျင်း မျက် လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်ကို မြင်တော့ သူ ထပ်ပြောလိုက်သည်။
"ခုနက မင်း တကယ်မြန်မြန်ပြေးနိုင်တာပဲ၊ တကယ် အံ့သြဖို့ ကောင်းတယ်"
သူ ချီးကျူးနေတာလား ?
ဖေးယွင်ကျင်း၏နဂိုကတည်းက နီရဲနေသောမျက်နှာမှာ လုံးဝကိုမီးတောက်နေသော်လည်း နန်ယုကတော့ ဒါရှက်လို့မဟုတ်ဘဲ ဒေါသကြောင့်ဖြစ်နိုင်တယ်ဆိုတာ သူ မပြောပြနိုင်ခဲ့ပေ။
နန်ယု အပြုံးအားဖိနှိပ်ထားရင်း တည်ငြိမ်စွာပင် အကြောင်းအ ရာကိုပြောင်းလိုက်သည်။ ကလေးအား တစ်ခါတစ်ရံနောက်ပြောင်တာအဆင်ပြေသော်ငြား ငိုစပြုလာရင်တော့ခက်ခဲလိမ့်မည်။
"ဘာလို့ ဒီကို ရုတ်တရက် ရောက်လာတာလဲ"
နှုတ်ဆက်စကားပင်မပြောဘဲ တစ်ယောက်ယောက်ရဲနောက် ကျောမှာ ရုတ်တရက်ပေါ်လာတာက စိတ်အားနည်းတဲ့ဘယ်သူ့ကိုမဆို ကြောက်လန့်စေနိုင်သည်ဟု သူမ တွေးလိုက်သည်။
"မမျှော်လင့်တဲ့ကိစ္စတစ်ခုအတွက် ပြန်လာတာပါ၊ မင်းကိုမပြောဘဲ ရုတ်တရက်ရောက်လာပြီး အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
ဖေးယီကျန့်သည် နန်ယု၏မဖော်ရွေသောအပြုအမူအား ဒေါသပင်မထွက်ဘဲ အဲ့ဒီအစား ရိုးသားစွာတောင်းပန်လိုက်သည်။
ထိုသို့သောယဉ်ကျေးမှုကြောင့် နန်ယု သူ့အားဆက်ပြီးမေးမြန်း ရန် ခက်ခဲသွားသည်။
ဒီလူက ယဉ်ကျေးပုံရပေမဲ့ ဘာကြောင့်မှန်းမသိ စိတ်အနှောင့် အယှက်ဖြစ်စရာ ကောင်းနေသည်ဟု သူ ခံစားရသည်။
"အိုး၊ ဒါဆို ရှင် ဒီကို ဘာလုပ်ဖို့လာတာလဲ"
နန်ယု ယဉ်ကျေးဟန်ဆောင်နေရန် စိတ်မဝင်စားတော့ဘဲ မျက် နှာတည်တည်ဖြင့် တိုက်ရိုက်မေးလိုက်သည်။
ဖေးယီကျန့်ကမူ သူ့မျက်နှာမှ အေးချမ်းသော အပြုံးကိုဆက် ထိန်းထားသည်။
"ဘာမှ မဟုတ်ပါဘူး၊ မင်းနဲ့ ယွင်ကျင်းအတွက် တစ်ခုခုယူလာတာပါ၊ ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
နန်ယု- "အိုး၊ တခြားဘာရှိသေးလဲ"
လေထုမှာ ပိုမိုတင်းမာလာသည်။
မုန်တိုင်း၏ဗဟိုချက်ဖြစ်နေသော ဖေးယွင်ကျင်းသည် ဖြည်း ဖြည်းချင်းကျုံ့သွားကာ ဖြူစင်သောမှိုလေးတစ်လုံးကဲ့သို့ ဟန်ဆောင်ဖို့ကြိုးစားနေသည်။
သူ့ရှေ့မှ လူက သူ့အဖေဖြစ်ကြောင်းပြောလိုက်သောအခါ ဖေးယွင်ကျင်းမှာတုန်လှုပ်သွားခဲ့ရသည်။
ဖေးယွင်ကျင်း ဖခင်နှင့် ပတ်သက်သေအမှတ်ရမှုများမှာ အလွန်မှုန်ဝါးနေသည်။ နွေဦးပွဲတော်အတွင်း ဖေးမိသားစု၏ ဘိုးဘွားပူဇော်ပွဲတွင် တစ်နှစ်တစ်ကြိမ်သာတွေ့ရလေ့ရှိပြီး၊ အရပ်ရှည်သည်ကိုသာမှတ်မိကာ သူ့ပုံပန်းသဏ္ဍာန်အားကြာ မြင့်စွာကတည်းက မေ့လျော့နေခဲ့သည်။
ကလေးတွေဟာ သူတို့မိဘတွေအကြောင်းကိုအမြဲတမ်းစိတ် ကူးယဉ်တတ်ကြတာ ပုံမှန်ဖြစ်ပြီး ဖေးယွင်ကျင်းလည်း ထိုသို့ပင်ဖြစ်သည်။ သို့သော် ထိုမျှော်လင့်ချက်မှာစောင့်ဆိုင်းနေရသည့် ရက်များတစ်လျှောက် ဖြည်းဖြည်းချင်းမှေးမှိန်သွားခဲ့ရသည်။
ပြီးတော့...
ဖေးယွင်ကျင်း နန်ယုအားခိုးကြည့်လိုက်သည်။ ငါ့မှာ မိဘတွေထက်တောင်ပိုကောင်းတဲ့ အန်တီတစ်ယောက်ရှိတယ်။
တစ်ခါတလေကျတော့ သူက ဆိုးပေမဲ့ ခုနက ငါ့ကိုရယ်ခဲ့သလိုမျိုးပေါ့။ ဒါပေမဲ့ အရေးမကြီးပါဘူး၊ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။
အဲ့ဒါ ကျန်တဲ့ကိုးဆယ့်ကိုးကြိမ်၊ မဟုတ်ဘူး၊ ကိုးရာ့ကိုးဆယ့်ကိုးကြိမ် ကျန်သေးတယ်။
တစ်ထောင်အထိ ရေတွက်တတ်လာသော ဖေးယွင်ကျင်းသည် သူ သင်ယူထားသည့်အတိုင်း လက်တွေ့အသုံးချနိုင်သဖြင့် ဂုဏ်ယူနေလေသည်။ ဖေးယီကျန့် သူ့အားခေါ်သွားတော့မည်ကိုလုံးဝမစိုးရိမ်ပေ။
အဘယ်ကြောင့်ဆိုသော် သူနှင့် သူ့အန်တီကတိပေးထားပြီးသားဖြစ်သည်။
"မရှိတော့ပါဘူး"
ဖေးယီကျန့် နန်ယုခွက်ထဲတွင် လက်ဖက်ရည်နည်းနည်းသာ ကျန်တော့သည်ကိုမြင်လိုက်သည်။ သူ ဘေးမှ လှပသောခရစ္စတယ်အိုးအားယူကာ ဖြည်းဖြည်းချင်းဖြည့်ပေးလိုက်သည်။
"နန်ယု၊ မင်းသာ ငါ့ကိုလိုအပ်ရင် မင်းရဲ့ဘဝကို ငါ ဘယ်တော့မှအနှောင့်အယှက်မပေးဘူး၊ အိမ်ထောင်သည်ဘဝက မင်း စိတ်ကူးထားသလို မဟုတ်ဘူးလို့ခံစားရရင် ငါ ကွာရှင်းဖို့အမြဲ တမ်း သဘောတူနိုင်တယ်"
ဖေးယီကျန့် ဖေးယွင်ကျင်းရှိနေသည်အား ဂရုမစိုက်ဘဲ ပွင့်ပွင့် လင်းလင်းနှင့် ညင်သာစွာဆက်လက်ပြောဆိုသည်။ သူ့စကားများမှာရက်စက်ကြမ်းတမ်းနေသည်ဆိုလျှင်ပင် အရင်က နန်ယုသာဆို ရင်ကွဲနာကျနေမည်မှာသေချာသည်။
သို့သော် ဖေးယီကျန့်၏အမူအရာနှင့် လေသံမှာ သူသည် သင်နှင့် ရင်းနှီးစွာစကားပြောနေသကဲ့သို့၊ သို့မဟုတ် ဆရာတစ်ယောက်မှ အသားလှီးဓားချပြီး ဘုရားဖြစ်ရန်အကြံပေးနေသကဲ့သို့ဖြစ်နေသည်။
ထိုအရာမှာ သူ၏အေးစက်ပြီး အနည်းငယ်ဖြူဖျော့နေသော မျက်နှာသွင်ပြင်နှင့် ပေါင်းစပ်လိုက်သောအခါ ဖေးယီကျန့်သည် သင့်အားစိတ်ရင်းအမှန်ဖြင့် ထည့်သွင်းစဉ်းစားပေးနေ သည်ဟု ခံစားရစေသည်။
သူ ဘယ်လောက် အေးဆေးသလဲကြည့်လိုက်ပါဦး။
ပထမဆုံးအကြိမ် မြင်ကတည်းကပင် နန်ယု ဖေးယီကျန့်အား ချစ်မိသွားခဲ့သည်။
သူတို့နှစ်ဦး၏ဆုံတွေ့မှုမှာ ဂန္တဝင်အလှပဂေးအား သူရဲကောင်းမှကယ်တင်ခဲ့သော ပုံပြင်တစ်ခုနှယ်။
အသက် ဆယ့်ရှစ်နှစ်ပင်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးသည် သူငယ်ချင်းများ၏တိုက်တွန်းမှုကြောင့် အရက်ဆိုင်တွင် တိတ်တဆိတ်အရက်သောက်ခဲ့သည်။ ထို့နောက် အပြန်လမ်းတွင် မူးယစ်ရမ်းကားနေသော လူ ၁၂ ဦးနှင့် ရင် ဆိုင်တွေ့လိုက်ရသည်။
လူငယ်ဘဝမှာ မွေးရာပါပူလောင်ပြီး ခွန်အားပြည့်ဝသည်။
နန်ယုမှာ အလွန်လှပသူဖြစ်ပြီး အရက်အနည်းငယ်သောက်ပြီးနောက် ပုံမှန်ထက်ပိုမိုဆွဲဆောင်မှုရှိလာသည်။
အစကစနောက်ရုံမှ နောက်ပိုင်းမှာ ကိုယ်ထိလက်ရောက်ကျူး လွန်လာသောအခါ နန်ယုဆိုတာ ဘယ်လိုလူမျိုးလဲ ?
သူ ဒါကို ဘယ်လိုများသည်းခံနိုင်မှာတဲ့လဲ ?
သို့သော် ဤတစ်ကြိမ်တွင် သူတို့သည် ကိုယ်ရံတော်များမပါဘဲ ကိုယ့်ဘာသာကိုယ် ခိုးထွက်လာခြင်းဖြစ်သည်။ အဖွဲ့တွင်ပါ လာသူအများစုမှာ မိန်းကလေးများဖြစ်ပြီး၊ အမျိုးသားနှစ်ဦးသာပါဝင်သော်လည်း အလွယ်တကူလဲကျသွားခဲ့ရသည်။
နန်ယု သူ့တည်ငြိမ်မှုအား ဆုံးရှုံးတော့မလိုဖြစ်နေချိန်တွင် ဖေးယီကျန့်ပေါ်လာခဲ့သည်။
သူကိုယ်တိုင် ဘာမျှလုပ်စရာမလိုခဲ့ပေ။ ထိုအရက်သမားများမှာကျွမ်းကျင်ပညာရှင် ကိုယ်ရံတော်များနှင့် ယှဉ်လျှင် ဘာမျှမဟုတ်ကြောင်းကို ကိုယ်ရံတော်များအားပြောလိုက်ရုံမျှဖြင့် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။
"မစ်နန်၊ အဆင်ပြေရဲ့လား"
ထိုအမူအရာတစ်ခုတည်းကပင် မိန်းကလေးငယ်အား စွဲဆောင်သွားခဲ့ပြီးထာဝရစွဲလမ်းစေခဲ့သည်။ သို့သော် ဝမ်းနည်းစရာမှာ ထိုစွဲလမ်းမှုသည် တစ်ဖက်သတ်သာဖြစ်သည်။
ဖေးယီကျန့်မှာ လူတိုင်းအပေါ် ညင်သာသူဖြစ်သောကြောင့် သူသည် တစ်ဦးတစ်ယောက်တည်းအား အာရုံစိုက်ခြင်းမဟုတ်ပေ။ နန်ယုမှာ သူ့ဆန္ဒအားပြည့်မြောက်စေနိုင်သည့် ခွန်အားကြီးသော မိသားစုနောက်ခံရှိခဲ့ရုံသာ။
သို့သော်ယခုမူ သူမ စိတ်ခံစားမှုများအား ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ ဖေးယီကျန့် ရှိနေမှုကြောင့်ပင် ကြက်သီးမွေးညှင်းထသွားသလို ခံစားရသည်။ မည်သည့်အရာကထူးဆန်းသည်အား သူ သေချာမပြောနိုင်သော်လည်း သူ့ ဆဋ္ဌမအာရုံမှပြင်းထန်သော သတိပေးချက်တစ်ခုပို့လွှတ်နေခြင်းဖြစ်သည်။
အန္တရာယ်! အန္တရာယ်!
ဖေးယီကျန့် မျက်နှာနှင့်အမူအရာမှာ နန်ယုနှစ်သက်သည့် တည်ငြိမ်ပြီး ခက်ထန်သောဟန်ပန်နှင့် ပြီးပြည့်စုံစွာကိုက်ညီနေသည်။
ခဏတာစဉ်းစားပြီးနောက် နန်ယု ထရပ်ကာပြောလိုက်သည်။
"ကျွန်မတို့ စာကြည့်ခန်းမှာစကားပြောကြစို့"
ဖေးယီကျန့်မှာ ဖေးယွင်ကျင်းအား ဂရုမစိုက်ဘဲ မည်သည့်စကားကိုမဆိုပြောဆိုနိုင်သူဖြစ်သော်လည်း နန်ယုသည် နှလုံး သားမရှိသူ မဟုတ်ပေ။
"ရှောင်ကျင်း၊ သွားကြစို့၊ အန်တီက ဖိုးဖိုးကျိုးဆီခေါ်သွားပေးမယ်"
ထိုသို့ပြောပြီး ဖေးယွင်ကျင်းလက်ကိုဆွဲကာ ထွက်ခွာသွားသည်။ ဖေးယီကျန့်လိုက်လာ၊ မလာကို သူ ဂရုမစိုက်ပေ။
သူတို့နှစ်ဦး ထွက်ခွာသွားသည်အား ဖေးယီကျန့် စိုက်ကြည့်နေပြီးမျက်နှာထက်မူ အပြုံးတစ်ပွင့်မပျက်သေးပေ။ သူ မတ်တပ် ထရပ်၍ ဥယျာဉ်အား ငုံ့ကြည့်လိုက်ပြီးနောက် မျက်စိကစင်ပေါ်မှ အချစ်ဝတ္ထုဆီသို့ရောက်သွားသည်။
နှစ်စက္ကန့်မျှ ရပ်နားပြီးနောက် သူ ၎င်းတို့နောက်သို့ဖြည်းဖြည်းချင်းလိုက်ပါသွားတော့သည်။
—
စိတ်ဝင်စားစရာကောင်းလိုက်တာ၊ ဒီလောကမှာ အချိန်ခရီး သွားတာ တကယ်ရှိနေတာလား ??
ဖေးယီကျန့် သူ သိခဲ့သော နန်ယုမဟုတ်ကြောင်း သေချာသော် လည်း လောကတွင် လုံးဝအတိအကျတူညီသောလူနှစ်ဦးရှိနိုင်မည်မဟုတ်ပေ။
မျက်နှာခွဲစိတ်မှုဖြစ်စေ၊ အမြွှာဖြစ်စေ၊ အနည်းငယ်သော ကွဲပြားမှုများအမြဲရှိနေမည်။
ဖေးယီကျန့် သူ့ မျက်လုံးများအားအလွန်ယုံကြည်သည်။ ပုံပန်း သဏ္ဍာန်မှာ နန်ယုပင်ဖြစ်သော်လည်း သူ့အမူအရာ၊ လှုပ်ရှားမှုများ၊ လေသံ သို့မဟုတ် မျက်လုံးများကမူ သူမ မဟုတ်ခဲ့ပေ။
လူတစ်ဦးသည် နှစ်လအတွင်း ဤမျှကြီးမားစွာပြောင်းလဲနိုင်ခြင်းမရှိသလို၊ ယခင် နန်ယုမှာဟန်ဆောင်နေခဲ့သည်ဟု ဆိုရန်လည်း ပိုလို့ပင်မဖြစ်နိုင်ချေ။
ထို့ကြောင့် အဖြစ်နိုင်ဆုံးအဖြေမှာ အမှန်တရားဖြစ်နိုင်သည်ဟု ထင်ရသည်။
ထို့ကြောင့်ပင် ဖုန်းပြောနေစဉ်ကပင် ဖေးယီကျန့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းခံစားမိပြီး နန်ယု၏တုံ့ပြန်မှုအား ခန့်မှန်းရန်အတွက် ဗီလာသို့တမင်တကာ လာရောက်ရန်အခွင့်အရေး ရှာဖွေခဲ့ခြင်းပင်။
သို့သော် နန်ယု၏ပွင့်လင်းသော အမူအရာမှာ ဖေးယီကျန့်အား အနည်းငယ် စဉ်းစားမရဖြစ်စေသည်။ သူ ဖော်ထုတ်ခံရမှာကို မကြောက်ဘူးလား။
ဒါမှမဟုတ် နန်ယု ဖော်ထုတ်ခံရမည်မဟုတ်ဟုယုံကြည်နေခြင်းလား ?
ဖေးယီကျန့်တွင် လေ့လာဆန်းစစ်ရန် လုံလောက်သော အချက် အလက်များ မရှိသေးပေ။
သို့သော် တစ်ခုမှာတော့ သေချာသည်၊ ယခု နန်ယုသည် အရင်တစ်ယောက်ထက် အဆပေါင်းများစွာပိုလိမ္မာပါးနပ်လေသည်။
"ကျွန်မတို့ အခု ကွာရှင်းမယ်ဆိုရင် ဖေးနဲ့ နန်မိသားစုတွေရဲ့ ဆုံးရှုံးမှုတွေကို တွက်ချက်ထားပြီးပြီလား"
၎င်းတို့စာကြည့်ခန်းထဲတွင် ထိုင်လိုက်သည်နှင့် နန်ယု တိုက် ရိုက်ပြောလိုက်သည်။
"မတွက်ချက်ရသေးပါဘူး"
ဖေးယီကျန့် ညင်သာစွာ ပြုံးပြီးခေါင်းခါလိုက်သည်။
"ဒါဆို နန်ယုက ဘာလုပ်ချင်တာလဲ"
နေပါဦး၊ ဘာလို့ နန်ယုလို့ ခေါ်တာလဲ ? သူ့ကို အရင်ကနာမည်တပ် ခေါ်ခဲ့တာလေ။
နန်ယု ယခုချိန်တွင် ဖေးယီကျန့်နှင့်ခေါ်ဝေါ်ပုံကိစ္စအား ဆက် လက်ပြောဆိုရန် စိတ်မဝင်စားချေ။
"ကျွန်မတို့ လာမယ့် ဧပြီလမှာကွာရှင်းကြမယ်၊ အဲ့ဒီအချိန်ဆို စွမ်းအင်သစ်နဲ့ အက်ပ်ပရောဂျက်တွေက ပြီးလုနီးပါးဖြစ်နေပြီ၊ ကျန်တဲ့ပရောဂျက်တွေလည်း တစ်ဝက်လောက်ရောက်နေပြီ၊ ဒီတော့ ကျွန်မတို့ ကွာရှင်းတာက သက်ရောက်မှုအများကြီး နည်းသွားလိမ့်မယ်၊ ရှင် ဘယ်လိုထင်လဲ"
— ဒါ သူ အရင်ကတည်းက စီစဉ်ထားပြီးသားဖြစ်ပုံရသည်။ သူ ဒီတစ်ကြိမ်မလာခဲ့လျှင် သူမ လာမည့် ဧပြီလတွင်တိုက်ရိုက်ပြောလာမည်လား ? သူ သဘောတူလိမ့်မည်ဟု နန်ယုဘက်က သေချာနေတာလား ?
"ရပါတယ်၊ ပြဿနာမရှိပါဘူး"
ဖေးယီကျန့် မျက်ခုံးအားနိမ့်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးရှိဟန်ဖြင့် နန်ယုသက်ပြင်းချတော့မည့်ဆဲဆဲ သူ ရုတ်တရက် လေသံပြောင်းကာ စပ်စုလိုဟန်ဖြင့်မေးလိုက်သည်။
"ဘာလို့ ကွာရှင်းချင်တာလဲလို့ မေးလို့ရမလား"
အမှန်မှာ ဖေးယီကျန့် မည်သူ့ကို လက်ထပ်သည်ဖြစ်စေ၊ ကွာ ရှင်းသည်ဖြစ်စေ ဂရုမစိုက်ပေ။ နန်ယုအား သူအကြံပေးနေသည့်ပုံစံမှာ သူ့ပုံပန်းသွင်ပြင်နှင့်ကိုက်ညီနေရုံမျှသာဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုလူတို့၏အစီအစဉ်များအရ သူသည် သက်တမ်းရှည်စွာ အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။ သေပြီးနောက် မည်သို့ဖြစ်မည်ကို မည်သူကဂရုစိုက်မည်နည်း။
နန်ယု ဖေးယီကျန့် အတွေးများအားသေချာပေါက်မသိခဲ့ပေ။ သူ အသင့်ပြင်ထားသော အဖြေအားချက်ချင်းပေးလိုက်သည်။
"ဒါကို ကျွန်မ ရှင့်ကို ပြန်မေးရမှာမဟုတ်လား၊ ကျွန်မတို့ လက် ထပ်ပြီး နောက်တစ်နေ့မှာ ရှင်က အလုပ်ခရီးထွက်သွားတယ်၊ အဲ့ဒီအချိန်အတွင်း ရှင် တစ်ခါမှဖုန်းမခေါ်ဘူး။ အိုး၊ ကျွန်မကလည်း တစ်ခါမှမခေါ်ဘူး။ ကျွန်မ ရှင့်ကို အရင်ဘဝကတစ်ခုခု ကြွေးတင်ခဲ့ရင်တောင် ဒီဘဝမှာ ရှင့်အပေါ် ဒီလောက်အာရုံ စိုက်ဖို့မလိုပါဘူး၊ ဟုတ်တယ်မလား"
နန်ယု ကွာရှင်းရန်အတွက် အကြောင်းပြချက်များစွာ ပေးနိုင်ခဲ့သည်။ သို့သော် ဖေးယီကျန့်အားပြောပြရန် မလိုအပ်ခဲ့ပေ။ သူမသည် စကားများတတ်သော အမျိုးသမီးမဟုတ်ချေ။ အများကြီးပြောပါက ရေဆာရုံသာ ရှိပေလိမ့်မည်။
ဖေးယီကျန့်သည် စကားများလိုဟန် မရှိခဲ့ချေ။ သူ မှားသည်ဟုပင် ယုံကြည်ဟန်ရှိခဲ့သည်။ သူသည် "A Thousand Miles of Spring Scenery" ကိုပင် ထည့်သွင်း၍ နန်ယုတစ်ခုခု လိုအပ်ပါက သူ့အား အသိပေးရန်ကမ်းလှမ်းခဲ့သည်။
ဒီလူက တကယ်ပဲ လူအလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား ?
နန်ယု နောက်ဆုံးစကားလုံး တစ်စုံတစ်ရာကိုမပြောခဲ့ချေ။ အချိန်ရောက်လျှင် ကြည့်ကြမည်ဟုသာ ဆိုခဲ့သည်။
ဖေးယီကျန့် နောက်ထပ်မေးခွန်းများ မမေးတော့ပေ။ နန်ယု သူ့အား ညစာစားရန်ဖိတ်ခေါ်မည့် ရည်ရွယ်ချက်မရှိသည်ကိုမြင်သောအခါ သူ ထရပ်၍နှုတ်ဆက်သည်။ နောက်နေ့မွန်းလွဲပိုင်းတွင် နောက်ထပ် စီးပွားရေးခရီးစဉ်တစ်ခုရှိကြောင်း ရှင်းပြပြီး တစ်ခုခုရှိပါက ဖုန်းဆက်ရန်ပြောခဲ့သည်။
"အိုး၊ ဒါနဲ့ ယွင်ကျင်းရဲ့မွေးနေ့က သန်ဘက်ခါလေ၊ ငါ လက် ဆောင်ယူလာတယ်။ သူ့ကို ကြိုတင်ပြီး ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းတယ်လို့ပြောပေးပါဦး"
ဖေးယီကျန့် ထွက်ခွာမသွားမီ ထပ်ပြောခဲ့သည်။
သူ့အား သီးသန့်ဆန့်သည်ဟုခေါ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သားမွေးနေ့အား မှတ်မိနေသောကြောင့်ဖြစ် သည်။ သို့သော် ဖေးယွင်ကျင်းကို သူ အလွန်ဂရုစိုက်သည်ဟုမဆိုနိုင်ပေ။ မျက်နှာချင်းဆိုင်ပင် "ပျော်ရွှင်ဖွယ်ရာ မွေးနေ့" ဟု မပြောခဲ့ချေ။ ယခုခေတ်တွင် ခေတ်မီဆက်သွယ်ရေးနည်းလမ်းများရှိနေသည်ကို ဖုန်းတစ်ချက်ခေါ်ဆိုခြင်းက သူ့အား ဒေဝါလီခံစေမည်လား ?
သူမနှင့် ဖေးယီကျန့် ကွာရှင်းခဲ့လျှင် ဖေးယွင်ကျင်း မည်သို့ဖြစ်သွားမည်နည်း။
ဖေးယီကျန့်သဘောထားမှာ သူ့သားအား ဂရုမစိုက်ကြောင်း ရှင်းလင်းစွာပြသနေသည်။ အဲ့ဒီအချိန်မှာ အသက်ငါးနှစ်ပဲ ရှိသေးတဲ့ ဖေးယွင်ကျင်းသာ ဖေးမိသားစုကိုပြန်သွားရင်...
နန်ယုက စာကြည့်ခန်းထဲမှာ ခဏတာစဉ်းစားနေခဲ့သည်။ ဒါပေမဲ့ အခုချိန်မှာတော့ အဖြေမရှိပါဘူး။ ထိုအချိန်တွင် အသက်ငါးနှစ်မျှသာ ရှိသေးသော ဖေးယွင်ကျင်းသာ ထိုဖေးမိသားစုထံ ပြန်သွားခဲ့ရလျှင်...
နန်ယု စာကြည့်ခန်းထဲတွင် ခဏတာ စဉ်းစားနေခဲ့သည်။ သို့ သော် ယခုအချိန်၌ အဖြေမရှိသေးပေ။ ဖေးယီကျန့်လာရောက် လည်ပတ်ခြင်းမှာ နှုတ်ဖြင့်ကတိတစ်ခုပေးခြင်းအပြင် ပြဿ နာအသစ်များကိုပါ ယူဆောင်လာသကဲ့သို့ဖြစ်နေသည်။
"အန်တီ ?"
ဖေးယီကျန့် ထွက်ခွာမသွားမီ တံခါးအားဖွင့်ထားခဲ့သည်။ ထို့ ကြောင့် ရုတ်တရက် ခေါင်းလေးတစ်လုံးပေါ်လာသည်။
"အဲ့လူ သွားပြီ"
ဟွန့်—
နန်ယု ထရပ်ကာ တံခါးဆီသို့သွား၍ ဖေးယွင်ကျင်းမျက်ခုံးများအား လက်ညိုးဖြင့်ထိလိုက်သည်။
"ဘာလဲ၊ မင်း အဖေလို့တောင် မခေါ်ချင်ဘူးလား"
စဉ်းစားကြည့်လိုက်သောအခါ ယနေ့တွင် ဖေးယွင်ကျင်းသည် ဖေးယီကျန့်အား တစ်ခါမျှမခေါ်ခဲ့သည်မှာ မှန်ပေသည်။
ဖေးယွင်ကျင်း သူ့နဖူးအားထိလိုက်သည်။ သူ မဖြေလိုသော မေးခွန်းများနှင့် ရင်ဆိုင်ရသောအခါ ယခုအခါအလိုက်တသိ တိတ်ဆိတ်စွာနေတတ်နေပေပြီ။
နန်ယု ထိုမျှသာမန်ကိစ္စအား ဆက်လက်ပြောဆိုလိုခြင်းမရှိပေ။ ထိုအစား သူ့ ဖုန်းအားထုတ်ယူ၍ ဆယ်စက္ကန့်စာဗီဒီယိုတစ်ခုကို ဖွင့်လိုက်သည်။
"ရှောင်ကျင်း၊ ကြည့်!"
ဗီဒီယိုထဲမှရင်းနှီးသော ပုံရိပ်နှင့်ပဲ့တင်ထပ်နေသော ရယ်သံကိုမြင်သောအခါ ဖေးယွင်ကျင်းအေးခဲသွားသည်။ ဒါကို ဘယ် တုန်းကရိုက်ထားတာလဲ ??
"ဖျက်လိုက်ပါ၊ အန်တီ! ဖျက်လိုက်ပါ!"
သူ ဖုန်းအား ဆွဲယူရန်ကြိုးစားလိုက်သည်။ သို့သော် နန်ယု ဖုန်းအား အမြင့်သို့အလွယ်တကူ မြှင့်တင်လိုက်သောကြောင့် ထိုအရပ်ပုပုကလေးမှာ ဘာမှမတတ်နိုင်ဖြစ်သွားသည်။ ခုန်လျှင်ပင်မမီနိုင်ခဲ့ပေ။
နှစ်အနည်းငယ်အတွင်း ဖေးယွင်ကျင်း၏ကြီးထွားနှုန်းနှင့်ဆိုလျှင် ထိုဂိမ်းအားဆက်ဆော့နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယခု အမှတ်တရအချို့အားသိမ်းထားရပေမည်။
"ဒါကို ငါ့အရည်အချင်းနဲ့ မှတ်တမ်းတင်ထားတာ၊ ဘာလို့ ဖျက်ရမှာလဲ"
"အား၊ အန်တီက လူဆိုးကြီး!"
"ဟား ဟား ဟား ဟား ဟား!"
ဖေးယီကျန့်အား ပို့ဆောင်ပေးပြီးဖြစ်သဖြင့် နန်ယုအား အစီရင်ခံရန် ရည်ရွယ်နေသော အိမ်တော်ထိန်းကျိုး"..."
ဘာလို့ သခင်မလေးက ပိုပိုကလေးဆန်လာသလို ခံစားရတာလဲ။ အို၊ အို၊ ဒါကို ကလေးဆန်တယ်လို့ ခေါ်တာပါပဲ။
သို့သော် ထိုနှစ်ဦးဆော့ကစားနေသည်အား ကြည့်ပြီး အိမ်တော်ထိန်းကျိုး ပြုံးမိသည်ကိုမတားဆီးနိုင်ခဲ့ပေ။ ဖေးယီကျန့်ကြောင့် သခင်မလေး၏စိတ်ခံစားချက် မထိခိုက်ခဲ့သည်မှာ ထင်ရှားသည်။ ဒါ ကောင်းပါတယ်၊ အရမ်းကောင်းတယ်။
ဖေးယီကျန့် သတိပေးမှုကြောင့် နန်ယု ဖေးယွင်ကျင်း၏ မွေး နေ့မှာ သန်ဘက်ခါဖြစ်သည်ကိုသိလိုက်သည်။
ကလေးငယ်လေးမှာ သူ့တစ်သက်တာလုံးတွင် သင့်လျော်သော မွေးနေ့ပွဲတစ်ခါမျှ မကျင်းပခဲ့ဖူးသည်မှာ သနားစရာကောင်းပေသည်။
နန်ယုနှင့် ဦးလေးကျိုးတို့ မွေးနေ့ပွဲကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။
တစ်နှစ်လျှင် တစ်ကြိမ်သာလာရောက်သည့် ထိုမွေးနေ့အား မဖြစ်မနေကျင်းပရမည်။ သူတို့သည် ထူးထူးခြားခြား တစ်စုံ တစ်ရာကို မပြုလုပ်ခဲ့ကြချေ။ ဖေးယွင်ကျင်း မူကြိုသွားနေစဉ် ဗီလာရှိအလုပ်သမားများမှာ ဧည့်ခန်းကိုဘောလုံးများ၊ အယ်လ်ထရာမန်းအရုပ်များနှင့် အရောင်အသွေးစုံလင်သော မီးများဖြင့် အလှဆင်ရန်စတင်ကြသည်။ အရာအားလုံးမှာခမ်းနားတင့်တယ်နေတော့သည်။
ထိုအတောအတွင်း ကျောင်းတွင်ရှိနေသော ဖေးယွင်ကျင်းမှာ လီရီပိုင်နှင့်အတူ Lego ကစားနေသည်။
လီရီပိုင်သည်လည်း လာမည့်လ မေလ (၁) ရက်နေ့တွင် သူ့မွေးနေ့ဖြစ်ပြီး ဖေးယွင်ကျင်းနှင့် နန်ယုအားဖိတ်မည်ဟု ပြောခဲ့သည်။
"ဒီနှစ် ငါ့မွေးနေ့အတွက် ဆုံးဖြတ်ထားပြီးသား၊ မွေးနေ့ဆု တောင်းက ငါ စီးလို့ရမဲ့ ခွေးအကြီးကြီးတစ်ကောင်!"
"ဘဲပေါက်လေးကိုရော၊ ခွေးအကြီးကြီးက စားပစ်လိုက်မှာလား"
ဖေးယွင်ကျင်း မေးခွန်းကြောင့် လီရီပိုင်အံ့အားသင့်သွားသည်။ သူသည် ရုပ်သံထဲမှလူကြီးများအား အတုယူ၍ ညာဘက်လက်ကိုမေးစေ့ပေါ်တင်လိုက်သည်။
"မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား၊ ခွေးအကြီးကြီးကိုစောင့်ကြည့်ပြီး ဘဲပေါက်လေးကိုမစားမိအောင် ကာကွယ်ပေးမယ်!"
"ရှောင်ကျင်း၊ ခွေးအကြီးကြီးရောက်လာရင် မင်းကိုလည်း စီးခိုင်းမယ်!"
ကလေးနှစ်ဦးသည် သူတို့၏သံသယများအား လျင်မြန်စွာ မေ့ လျော့သွားကြသည်။ ခွေးအကြီးကြီးရောက်လာလျှင် မည်သို့ကျွေးမွေးရမည်၊ မည်သို့ဆော့ကစားရမည်ကို စိတ်အားထက် သန်စွာ ဆွေးနွေးနေကြသည်။
ထိုသို့ ဆွေးနွေးနေစဉ် လီရီပိုင်မျက်နှာအမူအရာမှာ ရုတ်တ ရက် မှောင်မိုက်သွားသည်။
ဖေးယွင်ကျင်း ဘာဖြစ်သည်အား အလျင်အမြန်မေးလိုက်သည်။ သို့သော် လီရီပိုင် နှုတ်ခမ်းစူလိုက်သည်ကိုသာ သူ မြင်လိုက်ရသည်။
"အစ်ကိုက အရမ်းအလုပ်များတယ်၊ ငါ မသိဘူး..."
စီးပွားရေးစတင်တည်ထောင်ခြင်းသည် မလွယ်ကူပေ။ လီယွမ်မိုမှာ အောက်ခြေမှစတင်သည်ထက် ပိုသာလွန်သော်လည်း မြို့တော်တွင် သူ့အတွက် နာမည်တစ်ခု ရရှိရန် မလွယ်ကူပေ။ လီရီပိုင် လီယွမ်မိုအား ရက်နှင့်ချီ၍ မတွေ့ရသည်မှာ မကြာ ခဏပင် ဖြစ်သည်။ ဖေးယွင်ကျင်းနှင့် နေ့စဉ်မဆော့ရပါက သူ အသက်ထွက်လောက်အောင် ပျင်းနေပေလိမ့်မည်။
စောစီးစွာကတည်းက သိခဲ့ပါလျှင် သူ အစ်ကိုနှင့်အတူ ဤနေ ရာသို့ လာခဲ့မည်မဟုတ်ချေ။ သို့သော် ဤနေရာသို့ မလာခဲ့ပါလျှင်လည်း ရှောင်ကျင်းနှင့် တွေ့ဆုံနိုင်မည်မဟုတ်သလို၊ နန်ယုကျဲလည်း ရှိလာမည်မဟုတ်ပေ။
"အဆင်ပြေပါတယ်၊ ငါ သေချာပေါက်ရှိနေမယ်၊ လူကြီးတွေမှာ လူကြီးတွေရဲ့ကိစ္စတွေရှိတယ်လေ၊ ငါ မင်းနဲ့အတူရှိနေပေးမယ်!"
ဖေးယွင်ကျင်း လီရီပိုင်ပခုံးအား တင်းတင်းကျပ်ကျပ်ပုတ်လိုက်သည်။ သူ၏အစ်ကိုကြီးဆန်သည့် အပြုအမူမှာ လီရီပိုင်အားရယ်မောစေသည်။
"ဟုတ်တယ်၊ လူကြီးတွေက ဘာပဲဖြစ်နေပါစေ! ငါတို့ပျော်ပျော်နေကြမယ်" လီရီပိုင် ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
"ဒါဆို ရှောင်ကျင်းရဲ့မွေးနေ့ကကော ဘယ်တော့လဲ"
ဖေးယွင်ကျင်း အပြုံးမှာတောင့်တင်းသွားသည်။ သူ့မွေးနေ့ ?
... ဖြစ်ဟန်တူသည်။
သူ့အဖြေအားစောင့်နေသော လီရီပိုင်ကို ကြည့်၍ ဖေးယွင်ကျင်း ခေါင်းနောက်ကို ရှက်ရွံ့စွာဖြင့်ကုတ်လိုက်သည်။
"ငါ မေ့သွားပြီ"
"ဘာ ? ရှောင်ကျင်း၊ မင်းက အရမ်းတုံးတာပဲ! မင်းက မင်းရဲ့မွေးနေ့ကိုတောင်မေ့သွားတယ်!"
"ငါ တကယ် မေ့သွားတာ!"