← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ညနေ ၄ နာရီမှာ ကျောင်းဆင်းခဲ့ကြသည်။

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့လက်ချင်းဆွဲပြီး အိမ်ကိုပြန်ဖို့ ကားထဲဝင်လိုက်သည်။ ၎င်းတို့က ဦးလေးကျိုး ဒီနေ့မရှိသည်ကို သတိထားမိလိုက်သည်။ သူ ဖေးယွင်ကျင်းအား နေ့တိုင်း ကျောင်းလိုက်ပို့၊ လိုက်ကြိုပေးလေ့ရှိသည်။

"ဦးလေး၊ ဦးလေးကျိုး ဘယ်မှာလဲ ?"

ဖေးယွင်ကျင်း မနေနိုင်ဘဲ မေးလိုက်သည်။

ယာဉ်မောင်းက လျှို့ဝှက်မထား‌ချေ။

"သခင်လေး၊ ဦးလေးကျိုး လုပ်စရာရှိလို့၊ ပြီးတော့ သခင်လေးရီပိုင်၊ ဒီနေ့ ကျွန်တော့်နဲ့အတူ ညစာလိုက်စားချင်လား ? လက် ထောက်ရှုကို ပြောပြီးသားပါ"

"ကောင်းပြီ!"

လီရီပိုင် ဘာလို့လဲ မမေးချေ။ ထို့အစား သူ ဖေးယွင်ကျင်းနှင့်အချိန်ပိုပြီးနေနိုင်မှာဖြစ်လို့ ဝမ်းသာနေသည်။

အေးစက်နေတဲ့ဗီလာမှာ တစ်ယောက်တည်းနေရတာထက်ပိုကောင်း၏။

ဖေးယွင်ကျင်း သူ့သူငယ်ချင်းနှင့်အတူ ညစာစားရမည်ကိုဝမ်းသာနေသော်ငြား တစ်ခုခုဖြစ်တော့မလို ခံစားချက်ကြောင့် စိတ်မသက်မသာဖြစ်နေရသည်။

"သခင်လေး၊ တံခါးကိုတွန်းဖွင့်လိုက်ပါ"

ထိုစိတ်မသက်မသာမှုက အမြင့်ဆုံးကိုရောက်ရှိသွားရသည်။ အထူးသဖြင့် အမြဲတမ်းသော့မခတ်ထားတဲ့ ဧည့်ခန်းမကြီးရဲ့ ရှေ့တံခါးရှေ့မှာ သူတို့ရပ်နေတုန်း အိမ်ဖော်ကပြုံးပြီး ဖေးယွင်ကျင်းအား တံခါးကိုတွန်းဖွင့်ဖို့ ပြောလာတဲ့အခါမှာပေါ့။

ဒါပေမဲ့ အိမ်ဖော်ရဲ့အားပေးတဲ့အကြည့်နျင့် လီရီပိုင်၏စိတ်အားထက်သန်မှုကိုမြင်တော့ ဖေးယွင်ကျင်း သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

တကယ်တော့ ဒီလောက်ကြီးတဲ့တံခါးက သူ့အင်အားနဲ့ ပွင့်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါ ဓလေ့ထုံးတမ်းအတွက်လား ??

ဖေးယွင်ကျင်းလက်မှာ တံခါးအား ထိတော့နည့်အချိန်မှာပင် အိမ်စေသည် သူ့အိတ်ကပ်ထဲရှိ ခလုတ်တစ်ခုကိုနှိပ်လိုက်ရာ တံခါးဖြည်းဖြည်းချင်း ဖွင့်သွားသည်။

ဖျောက်!

ဗြုန်း!

စက္ကူအပိုင်းအစလေးများနှင့် ရေစီးပန်းတွေပေါက်ကွဲပြီး ဖေးယွင်ကျင်းတစ်ကိုယ်လုံးပြန့်ကျဲသွားသည်။

"လေးနှစ်ပြည့် မွေးနေ့လေးမှာပျော်ရွှင်ပါစေ၊ ကလေးလေး ဖေးယွင်ကျင်း!"

ဘေးတစ်ဖက်စီမှာရပ်နေတဲ့ အိမ်စေများနှင်ါ လုံခြုံရေးဝန် ထမ်းများ လက်ခုပ်တီးပြီး သူတို့ရဲ့မျက်နှာတွေမှာ အမှန်ဆုံးအပြုံးတွေနဲ့ ဆုတောင်းပေးမှုတွေနဲ့ ပြည့်နေသည်။

ဖေးယွင်ကျင်း ?

ဖေးယွင်ကျင်း အံ့သြသွားသည်။

သူ ကြောက်နေသလား မသိချေ၊ သူ့လက်ကို ဆက်တိုက်ဆန့်ထားဆဲပင်။

... ယခုထိတိုင်။

"ရှောင်ကျင်း၊ မင်း အရမ်းများသွားပြီ! မင်း မွေးနေ့ကိုတောင် ငါ့ကို မပြောပြဘူး!"

လီရီပိုင် ဖေးယွင်ကျင်းရဲ့ကျောကို ရိုက်လိုက်သည်။ကံကောင်း စွာနှင့် အားသိပ်မပြင်းတာကြောင့် မဟုတ်ပါက ဖေးယွင်ကျင်း အခုချိန်မြေပြင်ပေါ်လဲကျသွားနိုင်သည်။

"ငါ၊ ငါ မသိဘူး"

"ဘာ! မင်း တကယ်မေ့သွားတာလား ?"

ဖေးယွင်ကျင်းရဲ့ မွေးနေ့က ဘယ်တုန်းကလဲ ? တကယ်တော့ သူ သိသည်။

အဘယ့်ကြောင့်ဆိုသော် သူ့အား ပြုစုစောင့်ရှောက်ပေးသည့် ကလေးထိန်းမှ အမြဲတမ်း သူ့မွေးနေ့တိုင်းခေါက်ဆွဲတစ်ပန်း ကန်ချက်ပြုတ်ပေးသည်ပင်။ အဲ့ဒါကို စားရင်အသက်ရှည်မယ်တဲ့။

သို့သော် သူ အရင်ကမသိခဲ့ပေ။ အခုချိန်မှာ ၎င်းတို့နှင့်နှိုင်း ယှဉ်ပြီးနောက်မှာတော့ မွေးနေ့ဆိုတာ ခေါက်ဆွဲတစ်ပန်းကန်တည်းမဟုတ်ဘဲ ယခုလောက်ထိ ပျော်စရာကောင်းသည်ကို သဘောပေါက်သွားခဲ့ရသည်။

ဘာလို့လဲဆိုတော့ ကျောင်းတွင်မွေးနေ့ကျင်းပသည့်ကလေးများရှိပြီး မိဘတွေမှ ကိတ်မုန့်ကြီးတစ်လုံးနှင့် ကလေးတွေအကုန်လုံးအတွက် သရေစာအများကြီးပြင်ဆင်ပေးတတ် သည်။

မူကြိုတက်သည့်ကလေးများ၏ မိသားစုများထံပိုက်ဆံမရှားချေ။ မူကြိုအတွက်သရေစာမှာ အစသာရှိကာ နောက်ထပ် အခြားသော အံ့သြစရာတွေထပ်လို့ရှိနေသေးသည်။

နောက်တစ်နေ့မှာပင် ထိုမွေးနေ့ရှင်ကလေးထံမှ မနေ့ညက သူ့မွေးနေ့အကြောင်း၊ သူ ရတဲ့လက်ဆောင်တွေအကြောင်းစသ ဖြင့်ပြောပြသည်ကို သင်ကြားရပါလိမ့်မည်။

ရိုးရိုးသားသားပြောရရင် ဖေးယွင်ကျင်းမနာလိုဖြစ်မိသည်။

သို့သော် သူ တစ်ခါမှမပြောခဲ့ဖူးချေ။ နန်ယုအား စိတ်အနှောင့် အယှက်မပေးချင်တာ ဒါမှမဟုတ်...

"သခင်လေး၊ ဝင်ခဲ့ပါ"

ဖေးယွင်ကျင်းအားဂရုစိုက်နေသည့် ကလေးထိန်းမှ သူ့လက်ကို ဆွဲပြီး ခန်းမအလယ်ကိုခေါ်သွားခဲ့သည်။ ထို‌နေရာတွင် လက် ဆောင်ပုံးကြီးတစ်ပုံးမှာ တိတ်ဆိတ်စွာရှိနေပြီး အတွင်းမှာ ဘာရှိလဲဆိုတာ မသိနိုင်ပေ။

"အန်တီနဲ့ ဦးလေးကျိုး ဘယ်မှာလဲ ?" ဖေးယွင်ကျင်း ကလေး ထိန်းကို တစ်ချက်ကြည့်လိုက်သည်။

သူ ဘာလို့ လက်ဆောင်ပုံးကိုတောင် ဂရုမစိုက်တာလဲ ??

ကလေးထိန်း ချက်ချင်းသဘောပေါက်သွားသည်။

"သခင်မနဲ့ အိမ်တော်ထိန်းက မကြာခင်ရောက်လာတော့မှာပါ ဒီလက်ဆောင်တွေ အရင်ဖွင့်ကြည့်ကြမလား ?"

ဖေးယွင်ကျင်းက လူကြီးတစ်ယောက်လို ခေါင်းညိတ်လိုက်ပြီး အဖုံးကိုလှမ်းထိဖို့ ကြိုးစားလိုက်သည်။

သူ ခြေဖျားထောက်ပြီး သူ့လက်ကိုဆန့်လိုက်တယ်... မီရုံလေးပဲ!

"ရှောင်ကျင်း!"

သူ့ သူငယ်ချင်းကောင်း လီရီပိုင်မှ ကုလားထိုင်တစ်လုံးအားအချိန်မီဆွဲလာသည်။ အချင်းချင်းကူညီပြီး တစ်ယောက်က တစ်ယောက်ကိုထောက်ပံ့ပြီး သူတို့တက်သွားကြသည်။ ပြီးနော် လက်ဆောင်ပုံးကြီးရဲ့ အဖုံးထံချက်ချင်းရောက်သွား တော့သည်။ သို့သော် လေးလံပြီးကြီးမားသည့်အဖုံးမှာ ဖေးယွင်ကျင်းအား လှုပ်ရှားရခက်စေသည်။

"ဒင်၊ ဒင်၊ ဒင်! ဘယ်သူ ကျွန်တော့်ကို ခေါ်နေတာလဲ ?"

ဗြုန်းဆိုတဲ့အသံနှင့် အဖုံးအတွင်းကနေလှန်လိုက်သည်။

နောက်ခံဂီတလည်း ဖွင့်လိုက်ပြီး ဖေးယွင်ကျင်းနှင့်လီရီပိုင် နှစ်ယောက်စလုံး ပျော်ရွှင်စွာအော်လိုက်ကြ၏။

"ဒါ ULTRAMAN!"

ULTRAMAN သည် ဂန္တဝင်ဘီလူးတိုက်ခိုက်သည့်ပုံစံကို လုပ်လိုက်သည်။

"ဘီပ့်၊ ဘီပ့်! ပစ်မှတ်ကိုတွေ့ပြီ! ဒါ ဖေးယွင်ကျင်းလို့ခေါ်တဲ့ ကောင်လေးရဲ့မွေးနေ့ဖြစ်ပြီး ULTRAMAN က သူ့ကိုပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်!"

ဖေးယွင်ကျင်း ရယ်လိုက်သည်။ သူ လက်ဆန့်ထုတ်လိုက်ပြီး ULTRAMAN ၏လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။

"ဦးလေးကျိုး!"

"ဟားဟားဟား၊ သခင်လေး ကျွန်တော့်ကို မှတ်မိသွားပြီ"

ဦးလေးကျိုး သူ့ခေါင်းစွပ်ကို ချက်ချင်းဖယ်ရှားလိုက်ရာ အနည်းငယ်ရှုပ်ပွနေသည့် သူ့ဆံပင်ကိုမြင်လိုက်ရသည်။

ပိတ်ထားတဲ့ပုံးထဲမှာ ပုန်းအောင်းနေကာ လေမဝင်သည့်အဝတ် အစားတွေဝတ်ထားပြီးနောက် ချွေးထွက်တာပုံမှန်ပင်။

ဒါပေမဲ့ ဖေးယွင်ကျင်းအ ပျော်ရွှင်စေဖို့ရာ ယခုလိုသေးငယ်တဲ့ ဒုက္ခကမူ မပြောပလောက်ချေ။

သို့သော် အိမ်တော်ထိန်းကျိုးသည် သူ့အား ဒီလောက်မြန်မြန် မှတ်မိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဒါ သူ့ရဲ့အသံမကောင်းလို့လား ? ဒါမှမဟုတ် သခင်လေးကပဲ အရမ်းလိမ္မာနေတာလား ?

သူ ပြုံးပြီး ပုံးထဲကထွက်လာကာ ဖေးယွင်ကျင်းကိုချီလိုက်ပါသည်။

"သခင်လေး၊ နောက်ထပ် အသက်တစ်နှစ်ကြီးသွားတဲ့အ တွက် ဂုဏ်ယူပါတယ်!"

ULTRAMAN ပေါ်လာပြီးကတည်းက ဖေးယွင်ကျင်းပါးစပ်မှာ မစေ့တော့ချေ။ သူ သူ့အိတ်ကပ်ထဲက လက်ကိုင်ပဝါကိုယူပြီး ဦးလေးကျိုးနဖူးက ချွေးတွေကိုသုတ်ပေးလိုက်သည်။

"ဦးလေးကျိုး ပင်ပန်းနေပြီ၊ ကျွန်တော့်ကိုမပွေ့ထားပါနဲ့တော့"

"မပင်ပန်းပါဘူး၊ မပင်ပန်းပါဘူး၊ သခင်လေးက ဒီလောက် ပေါ့တာကို၊ ဘယ်လိုလုပ် ပင်ပန်းနိုင်မှာလဲ"

သူပြောတာမှန်တယ်ဆိုတာကိုသက်သေပြဖို့ ဦးလေးကျိုး ဖေးယွင်ကျင်းအား လက်နှစ်ဖက်နှင့်မြှောက်လိုက်ပြီး ခဏလေး လေထဲကိုပစ်လိုက်ကာ ချက်ချင်းပြန်ဖမ်းယူလိုက်သည်။ ဒါကြောင့် ဖေးယွင်ကျင်း ပျော်ရွှင်စွာအော်လိုက်သည်။

ဘေးမှာရပ်နေသည့် လီရီပိုင်ကလည်း မနာလိုစိတ်အပြည့်နှင့် သူလည်း အဲ့လိုလုပ်ချင်နေခဲ့သည်။

ဒါပေမဲ့ နောက်ထပ်လုပ်ရမယ့်အရာကို တွေးပြီး ဦးလေးကျိုးဖေးယွင်ကျင်းကိုချလိုက်ပြီး ULTRAMANရဲ့ မျက်နှာဖုံးကို ပြန်စွပ်လိုက်ကာ

"လာ၊ သခင်လေး၊ နောက်ထပ် အံ့သြစရာတစ်ခုရှိသေးတယ်"

အသံခပ်သေးသေးလေး ချောင်းဟန့်လိုက်သည်နှင့် ခန်းမထဲရှိ မီးတွေ ရုတ်တရက်မှိန်သွားသည်။

ကြယ်ပုံသဏ္ဍာန် မီးလုံးလေးများက နွေးထွေးတဲ့အဝါရောင်အလင်းကိုပေးစွမ်းနေတာကြောင့် အာကာသတစ်ခုလုံးက ကြယ်ပင်လယ်တစ်ခုလိုဖြစ်နေတော့၏။

"Happy birthday to you, happy birthday to you~ Happy~"

နန်ယုသည် ပျော်ရွှင်ဖွယ်မွေးနေ့သီချင်းနဲ့အတူ ကိတ်မုန့်လှည်းတစ်ခုကို တွန်းရင်းဘေးဘက်ကနေထွက်လာခဲ့သည်။

လှည်းပေါ်မှာ ULTRAMAN အရုပ်လေးတစ်ခုတင်ထားတဲ့ ငါးထပ်ကိတ်မုန့်တစ်ခုရှိပြီး ဖေးယွင်ကျင်းအသက်ကို ကိုယ်စားပြုသည့် ဖယောင်းတိုင်လေးတိုင်နှင့် ဝန်းရံထားသည်။

"ရှောင်ကျင်း၊ ဒီကို လာခဲ့~"

"မျက်လုံးတွေကို မှိတ်လိုက်၊ ဆုတောင်းလိုက်၊ ပြီးတော့ ဖယောင်းတိုင်တွေကို မှုတ်လိုက်၊ ရလား"

ကိတ်မုန့်ကအရမ်းမြင့်တာကြောင့် ဖေးယွင်ကျင်း၏ "အထူး" ကုလားထိုင်မှာ ဖယောင်းတိုင်တွေမှုတ်ဖို့အတွက်ထပ်ပြီးအသုံး ဝင်လာပြန်သည်။

သူ ကုလားထိုင်ပေါ်မှာရပ်နေတုန်း ကိတ်မုန့်ပေါ်မှာ စာလုံးအနည်းငယ် ရေးထားတာကို သူ သတိထားမိလိုက်သည်။ သူ့ရဲ့ လအနည်းငယ်ကြာ စာတတ်မြောက်မှုနှင့်အတူ ဖေးယွင်ကျင်း အများစုကို မှတ်မိနိုင်ခဲ့သည်။

သူ့ရဲ့နာမည်နဲ့ "Happy Birthday" ဆိုတဲ့ စကားလုံးတွေပါ။

ဒါ သူ့အတွက် ကိတ်မုန့်လား ?

ဒါက အရမ်းကြီးတယ်၊ အရမ်းလှတယ်။

သူ မြင်ဖူးသမျှ တခြားကိတ်မုန့်တွေထက်ပိုလှတယ်။

လူတိုင်းရဲ့အကြည့်အောက်မှာ ဖေးယွင်ကျင်း မျက်လုံးတွေကို ဖြည်းဖြည်းချင်းပိတ်လိုက်ပြီး တိတ်တဆိတ်ဆုတောင်းလိုက် သည်။ ကျွန်တော် အန်တီ၊ ဦးလေးကျိုးနဲ့ ရှောင်ပိုင်တို့နဲ့အတူ ကျွန်တော့်ရဲ့မွေးနေ့ကို ထာဝရကျင်းပနိုင်ဖို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ထာဝရအတူတူရှိနေကြနိုင်ပါစေ!

သူ ဆုတောင်းတစ်ခုပဲတောင်းလို့ရတယ်ဆိုတာ သူ သိပါတယ်။ ဒီထက်ပိုရင် အလုပ်မဖြစ်ပါဘူး။

ဒါကြောင့် သူ ဆုတောင်းပြီးနောက်မှာ ဖေးယွင်ကျင်း မျက်လုံးတွေကို ချက်ချင်းဖွင့်လိုက်ပြီး သူ့ပါးတွေကိုဖောင်းလိုက်ကာ ဖယောင်းတိုင်တွေကို အားကုန်မှုတ်လိုက်ပြီး အားလုံးကိုငြိမ်းသတ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကံကောင်းစွာပင်၊ သူ ဆုတောင်းသလိုပဲ ဖယောင်းတိုင်တွေ ချက်ချင်းငြိမ်းသွားသည်။

လက်ခုပ်တီးသံ ~

လက်ခုပ်သံတွေထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ဖန် ပြန် လည်လင်းလာသည်။ ဖေးယွင်ကျင်းက ကုလားထိုင်ပေါ်မှာ ဆက်ရပ်နေပေမဲ့ သူ့ရဲ့အကြည့်က ဘေးမှာရပ်နေသည့် နန်ယုဆီကိုရောက်နေပါပြီ။

"အန်တီ~"

"ငါ ဒီမှာ၊ ငါ ဒီမှာ~ မွေးနေ့ရှင်လေး ကိတ်မုန့်လှီးမယ့်အချိန် ရောက်ပြီ"

ဒါကလည်း နန်ယုရဲ့ ကလေးမွေးနေ့ပွဲအား ပထမဆုံးအကြိမ် ကျင်းပပေးခြင်းပင်။ ဦးလေးကျိုးနှင့်ဆွေးနွေးပြီးနောက်မှာ အကြံဉာဏ်ပိုရှိတဲ့ ဦးလေးကျိုးက Ultraman အဖြစ်ဝတ်ဖို့ စေတနာ့ဝန်ထမ်းလုပ်ပေးခဲ့သည်။

ဒါ ကောင်းကောင်းအလုပ်ဖြစ်ပုံရသည်။ ဖေးယွင်ကျင်း၏သွားလေးများကို ရှင်းရှင်းလင်းလင်းမြင်နေရပြီး သူပျော်ရွှင်နေမှန်းအလွယ်တကူသိသာသည်။

ကိတ်မုန့်ကအရမ်းကြီးတာကြောင့် ဗီလာထဲရှိ လူတိုင်းတစ်ဖဲ့စီစားပြီးနောက်မှာတောင် တစ်ဝက်ကျန်နေသေးသည်။ ဖေးယွင်ကျင်း၏ခွင့်ပြုချက်နှင့်နန်ယုက လီရီပိုင်ရဲ့အိမ်အား ပျော်ရွှင်မှုကိုဝေမျှဖို့ရာပို့လိုက်သည်။

ငါတို့အစားအစာကို အလေအလွင့်မဖြစ်စေရဘူး၊ ဟုတ်တယ်မလား ??

"ရှောင်ကျင်း၊ လာ ဓာတ်ပုံရိုက်ရအောင်!"

ကိတ်မုန့်ကိုကိုင်ထားပြီး သူ့ခေါင်းပေါ်မှာ သရဖူလေးစွပ်ထားသည့် ဖေးယွင်ကျင်းမှာ ယနေ့တွင် သံသယဖြစ်ဖွယ်မရှိပဲ အဓိကလူဖြစ်လို့နေသည်။

သူ့နောက်မှာ Ultraman နှင့် နန်ယုရပ်နေပြီး သူ့ဘေးမှာတော့ လီရီပိုင်ရှိနေ၏။ လူတိုင်း၏မျက်နှာထက်တောက်ပသည့်အပြုံးတွေရှိနေကာ အသက်ဝင်ပြီးနွေးထွေးသည့်ဓာတ်ပုံတစ်ပုံကိုဖန်တီးလို့နေသည်။ ဒါ ဖေးယွင်ကျင်း ပထမဆုံးအကြိမ်ကိတ်မုန့် စားဖူးခြင်းမဟုတ်ပေ။ သို့သော် ဒီကိတ်မုန့်သည် သေချာပေါက် အချိုဆုံးနျင့်အအရသာအရှိဆုံးပင်။

ည ၈ နာရီလောက်အထိဆော့ပြီးနောက် လီရီပိုင် အိမ်ပြန်သွားသည်။ ကလေးထိန်းအကူအညီနှင့် ဖေးယွင်ကျင်း ရေချိုးပြီး ညဝတ်အင်္ကျီလဲကာ သူ့ အိပ်ခန်းဆီသွားလိုက်သည်။ သူ ပထမဆုံးမြင်လိုက်ရတဲ့အရာကတော့ ကော်ဇောပေါ်ကလက်ဆောင် ပုံကြီးတစ်ခုပင်။

တစ်ချက်ကြည့်လိုက်သည်နှင့် အနည်းဆုံး ဒါဇင်ပေါင်းများစွာ ရှိပြီး သေးသေးကြီးကြီးလက်ဆောင်များပင် တောင်သေးသေးလေးသဖွယ်စုပုံနေသညါ။ နန်ယု တစ်ယောက်တည်းက ငါးခု၊ ခြောက်ခု ပေးခဲ့သည်။ ထို့နောက်နန်ကျီထံမှ သူမ "အတင်းတောင်း" ခဲ့သည့် လက်ဆောင်တစ်ခုလည်းရှိသေးသည်။ ဦးလေးကျိုး၊ ကလေးထိန်း၊ ယာဉ်မောင်းနှင့် တခြားသူများလည်းပေးခဲ့ကြသည်။

လက်ဆောင်တွေက စျေးကြီးနေဖို့မလိုအပ်ပေ၊ ပေးချင်စိတ်ရှိနေသရွေ့ပေါ့။

ဖေးယွင်ကျင်း သူ့နှုတ်ခမ်းကို ပြင်းပြင်းထန်ထန်ကိုက်လိုက်ပြီး သူ့မျက်လုံးတွေက ခဏတာမှိတ်တုတ်မှိတ်တုတ်ဖြစ်နေခဲ့သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူ့နောက်ရှိ ကလေး ထိန်းအား လှည့်ကြည့်လိုက်၏။

"အန်တီ ကျွန်တော့်ကို ကူညီပေးနိုင်မလား"

ကလေးထိန်း ခေါင်းညိတ်လိုက်သော်ငြား ရှုပ်ထွေးနေခဲ့သည်။ ဒီလောက်နောက်ကျတဲ့အချိန်မှာ ဖေးယွင်ကျင်း ဘာလုပ်ဖို့ စဉ်းစားနေတာလဲ ??

ဒီအတောအတွင်းမှာ နန်ယု ရေချိုးပြီးပြီဖြစ်ကာ အိပ်ရာဝင်ခါနီး တံခါးခေါက်သံကြားလိုက်ရသည်။

ဒီအချိန်ကြီး ဘယ်သူလဲ ??

စိတ်ရှုပ်ထွေးနေသည့် နန်ယု တံခါးဖွင့်လိုက်ချိန် ပန်ဒါဝက်ဝံသေးသေးလေးတစ်ကောင်ကိုတွေ့လိုက်ရသည်။

"အန်တီ"

ပန်ဒါဝက်ဝံလေး သူ့ခေါင်းကိုမော့လိုက်ချိန်မှာတော့ ဖေးယွင်ကျင်းရဲ့ချစ်စရာကောင်းတဲ့ မျက်နှာလေးပေါ်လာခဲ့သည်။

"ကျွန်တော် လက်ဆောင်တွေကို အန်တီနဲ့အတူ ဖွင့်ချင်တယ်၊ ရမလား ဟင် ?"

ဖေးယွင်ကျင်း၏အဝတ်အစားများမှာ ဦးလေးကျိုး ဝယ်ပေးထားခြင်းဖြစ်ပြီး နန်ယု ဒီလို "ကလေးဆန်တဲ့" ညဝတ်အင်္ကျီများဖြစ်မည်ဟုမမျှော်လင့်ခဲ့ချေ။

သူ မနေနိုင်ဘဲကိုင်းညွတ်ပြီး အမွှေးပွနေသည့် ပန်ဒါဦးထုပ်ကို ထိလိုက်ကာ "ရတယ်"

ဒီနေ့က ကလေးရဲ့မွေးနေ့ဖြစ်တာကြောင့် ဒီလိုသေးငယ်တဲ့ကိစ္စ‌လောက်ကပြဿနာမရှိဘူး။ ဘာပဲဖြစ်ဖြစ် နန်ယု စောစောအိပ်လေ့မရှိပေ။ သူ့ရဲ့ ညဘက်ဘဝမှာ ယခုမှစတင်ခြင်းပင်။

ကြမ်းပြင်ပေါ်မှာ ထူထဲသည့်ကော်ဇောခင်းထားပြီး အိမ်စေများမှ နေ့တိုင်းသန့်ရှင်းရေးလုပ်ကြသည်။ နန်ယုနှင့်ဖေးယွင်ကျင်း ကြမ်းပြင်ပေါ်ခြေချိတ်ထိုင်လိုက်ကြ၏။

နန်ယု ပါကင်များ၏တိပ်များကို ဓားနှင့်ဖြတ်ဖို့တာဝန်ယူပြီးနောက် ဖေးယွင်ကျင်းကဖြည်ဖို့တာဝန်ယူထားသည်။

ရိုးရိုးသားသားပြောရရင် သူ ပေးခဲ့သည့် လက်ဆောင်များကိုသာသိသည်။ တခြားသူတွေ ဘာပေးခဲ့လဲဆိုတာ နန်ယုလုံးဝမသိပေ။

ဦးလေးကျိုးမှာ မျှော်လင့်ထားသည့်အတိုင်း Ultraman အရုပ်ပေးခဲ့သည်။ နန်ကျီကတော့ အရွယ်အစားကြီးသည့်ဂျစ်ဆောပဟေဠိကိုပေးလာခဲ့သည်။ နန်ကျီ နောက်ဆုံးအကြိမ်လာတုန်းက ဖေးယွင်ကျင်း ဒါကိုလုပ်နေတာကြောင့် သူ ဒီအတိုင်းပေး လိုက်သည်ဟု သံသယရှိသည်။

ဖေးယွင်ကျင်း၏ပျော်ရွှင်မှုကိုမြင်ချိန် နန်ယု ဘာမှအများကြီးမပြောတော့ချေ။ ပြီးနောက် သိပ်မကြာခင်မှာပင် သူ့အလှည့်ရောက်ရှိလာသည်။

"ဝိုး!"

ဖေးယွင်ကျင်း သူ့ရှေ့က Ultraman ကတ်ပြားအစုအဝေးကို အံ့သြစွာနှင့်ပြုံးလိုက်သည်။ သူ့အခန်းသည် Ultraman များနှင့် ပြည့်လာပြီး မကြာခင်မှာပင် Land of Ultra ဖြစ်လာနိုင်သည်။

အကယ်၍ ထိုသို့ဖြစ်လာခဲ့ပါက ဖေးယွင်ကျင်းပိုပြီးပျော်ရွှင်လိမ့်မည်။

နန်ယုရဲ့ဒုတိယလက်ဆောင်ကတော့ ရိုလာစကိတ်တစ်စုံဖြစ် သည်။။ ဂိမ်းခန်းမကိုသွားတဲ့လမ်းမှာ ကလေးတစ်ယောက် ဒါကိုကစားနေတာကို သူမ မြင်ခဲ့သည်။ ပြီးတော့ ဖေးယွင်ကျင်းက ဒါကိုခိုးကြည့်နေတာကိုလည်း သူ မြင်ခဲ့တာကြောင့် ဒါကို လက်ဆောင်ပေးဖို့ရာ သူ အခွင့်အရေးယူလိုက်သည်။

သင်ကြားရေးပိုင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုမူ အိမ်တော်ထိန်းနှင့်သာလွဲထားခဲ့သည်။

"ကျေးဇူးတင်ပါတယ်၊ အန်တီ! ရှောင်ကျင်း အရမ်းကြိုက်တယ်!"

"ဟမ် ?" နန်ယု ဖေးယွင်ကျင်းကို ကြည့်လိုက်၏။

"ဒါ ငါ့ဆီကဆိုတာ ဘယ်လိုလုပ်သိတာလဲ ?"

တခြားသူများသည် ၎င်းတို့၏လက်ဆောင်တွေထဲ ဆုတောင်းကတ်တွေရေးထည့်ထားသောကြောင့် နန်ယု ဖေးယွင်ကျင်းအားဖတ်ပြရသည်။

သို့သော် ထိုလက်ဆောင်ပေါ် ဘာမှရေးထားခြင်းမရှိချေ။

ဖေးယွင်ကျင်း၏ပါးစပ်မှာ ကျယ်သွားကာ

"ရှောင်ကျင်း သိတာပေါ့!"

ဒါ့ပြင် သူ လျှို့ဝှက်ချက်တွေထားတတ်လာတာလား ??

နန်ယု နောက်ထပ်မေးခွန်းတွေ ထပ်မမေးတော့ဘဲ နောက်ထပ်လက်ဆောင်တစ်ခုကိုဆက်ဖွင့်လိုက်သည်။ သူတို့က စကား ပြောရင်းနှင့် လက်ဆောင်တွေကို ဖွင့်ကြတာကြောင့် ၁၀ နာရီတောင်ရှိသွားခဲ့ပါပြီ။

ဖေးယွင်ကျင်း နှစ်ကြိမ်ခန့်သမ်းဝါးပြီး သူ့မျက်လုံးထဲမျက် ရည်တွေဝဲလာသည်ကိုမြင်ချိန် နန်ယု နောက်ဆုံးလက်ဆောင်ကို သူ့လက်ထဲထည့်ပေးလိုက်ပြီး ထရပ်လိုက်သည်။

"ရပြီ၊ အိပ်တော့၊ မနက်ဖြန် ကျောင်းသွားရမှာ ဒီပစ္စည်းတွေကို ဒီမှာပဲထားခဲ့လိုက်၊ မနက်ဖြန် သူတို့ကိုစီစဉ်ခိုင်းလိုက်မယ်"

"စိတ်မပူပါနဲ့၊ မင်း ပစ္စည်းတွေဘာတစ်ခုမှမကျန်စေရဘူး။"

ဖေးယွင်ကျင်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ဒါပေမဲ့ သူ ချက်ချင်းခေါင်းမညိတ်ချေ။ အဲ့ဒီအစား သူ နန်ယုဆီကို လျှောက်သွားပြီး သူ့ရဲ့လက်လေးကိုဆန့်လိုက်ကာ နန်ယု၏ ညဝတ်အင်္ကျီရဲ့အစကိုဆွဲလိုက်သည်။ ပြီးနောက် သူ့ခေါင်းကို တစ်ဝက်လောက်မြှောက်ပြီး အသနားခံတဲ့အကြည့်နှင့်သူမကို ကြည့်လိုက်ဟည်။

"အန်တီ၊ ရှောင်ကျင်း ဒီည အန်တီနဲ့အိပ်လို့ရမလား"

နန်ယု- "...အိုခေ"

သူ စိတ်ပျော့တာ မဟုတ်ပါဘူး၊ ရန်သူ အရမ်းချစ်စရာကောင်းလွန်းလို့ပါ။

နန်ယု အိပ်ရာသည် အရမ်းကြီးသဖြင့် ဖေးယွင်ကျင်း ဝင်လို့ရရုံတင်မက နောက်ထပ် ဖေးယွင်ကျင်းဆယ်ယောက်ပင် အိပ်လို့ရသေးသည်။ သို့သော် သူ ကုတင်ဝေမျှအိပ်တာမျိူးမလုပ်တတ်သလို သူ့ စောင်ကိုလည်း ဘယ်သူနဲ့မှမမျှဝေတတ်ချေ။

သို့ဖြစ်ရာ ဖေးယွင်ကျင်း သီးခြားစောင်သေးသေးလေးတစ်ထည်ရလိုက်သည်။

သို့သော် အရေးမကြီးချေ၊ ရှောင်ကျင်း အရမ်းပျော်ရွှင်နေလိမ့် မည်သာ။

"ကောင်းသောညပါ၊ ရှောင်ကျင်း"

"ကောင်းသောညပါ အန်တီ~"

သူ့ဘေးမှာ နန်ယု၏အသက်ရှူသံကို ခံစားလိုက်ရသဖြင့် ဖေးယွင်ကျင်း သူ့မျက်နှာထက်အပြုံးတစ်ခုနှင့် မျက်လုံးမှိတ်လိုက်သည်။ သူ တကယ်ပျော်နေခဲ့ရသည်။ ဒီနေ့က သူ့ဘဝမှာအ ပျော်ဆုံးနေ့ပဲ။

ပြီးတော့... အန်တီ့ အနံ့က အရမ်းကောင်းတာပဲ~

သူ့ဘေးရှိ နန်ယုအတွက်တော့ ခက်ခဲနေသည်။ သူ့ သိစိတ်သည်အလွန်နိုးကြား‌နေကာ အရမ်းလှုပ်ရှားစိတ်လှုပ်ရှားနေခဲ့သည်။ သူ လုံးဝအိပ်မပျော်ရင် ဘယ်လိုလုပ်ရမလဲ ??

နောက်တစ်နေ့မှာတော့ ဖေးယွင်ကျင်းနှင့် လီရီပိုင် ပုံမှန်အတိုင်း မူကြိုသွားခဲ့ကြ၏။

"တကယ်! ငါ တကယ် Ultraman နဲ့ ဓာတ်ပုံရိုက်ခဲ့တယ်!"

"ဖေးယွင်ကျင်းက Ultraman ကိုတကယ်သိတာပဲ!"

နန်ယုနှင့် တခြားသူတွေအားလုံးမှာ ထိုဓာတ်ပုံထဲရှိနေကာ လီရီပိုင် ဒီနေ့ ထိုဓာတ်ပုံအား မူကြို‌ကျောင်းသို့ယူလာခဲ့သည်။ သူနှင့်ဖေးယွင်ကျင်း ဓာတ်ပုံအားလက်ညိုးထိုးပြီး ရယ်နေစဉ် ၎င်းတို့ဘေးမှ ကောင်လေးလေးတစ်ယောက်က ဒါကိုမြင်လိုက်ရသည်။

သူ ချက်ချင်း " Ultraman " ဟု အော်လိုက်ပသည်။

Ultraman ရဲ့ ဆွဲဆောင်မှုက ဒီအသက်အရွယ်ကလေးတွေအတွက် သံသယဖြစ်ဖွယ်မရှိပေ ကြီးမားလှသည်။ ၎င်းတို့မိသားစုသည် ချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ သူတို့ Ultraman ကိုသာအလွန်ကြိုက်ကြသည်။

ကလေးလေး၏အော်သံမှာ တခြားကောင်လေးများအား ချက် ချင်းဆွဲဆောင်နိုင်ခဲ့ပြီး လူတိုင်းဓာတ်ပုံကိုစိုက်ကြည့်ဖို့ရာစုဝေးလာကြသည်။

လီရီပိုင်၏ခိုင်မာသည့်အာမခံချက်နှင့် လူတိုင်း ဖေးယွင်ကျင်းအား မတူညီသည့်အကြည့်နှင့်ကြည့်လာကြသည်။

[ဖေးယွင်ကျင်းက Ultraman ကိုသိတယ်၊ ပြီးတော့ သူတို့အတူတူတောင် ဓာတ်ပုံရိုက်ခဲ့ကြသေးတယ်။]

ကောလာဟလတွေဆိုတာ အမြန်ဆုံးပြန့်တတ်သည်မဟုတ်ပါလား ??

ဖေးယွင်ကျင်း သူ့ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ သူသည် မူကြို ကောင်လေးများ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

သူတို့လည်း Ultraman နဲ့ဓာတ်ပုံရိုက်ချင်တယ်!

All Chapters