← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

ဖေးယွင်ကျင်းမွေးနေ့ပြီးနောက် ဧပြီလကုန်သို့ ရောက်ရှိလာခဲ့သည်။ ဝူကျန့်ဝေ့နှင့်လက်မှတ်ရေးထိုးထားသောချင်ချန်ပရော ဂျက်မှာ လွန်ခဲ့သည့်နှစ်ပတ်တည်းက စတင်နေပြီဖြစ်သည်။

ထိုအချိန်အတွင်းတွင် ဝူကျန့်ဝေ့ နန်ယုအား ချင်ချန်သို့ကွင်းဆင်းလေ့လာရန် တက်ကြွစွာဖိတ်ကြားခဲ့သည်။ သူမကို ကောင်းမွန်စွာ ဧည့်ခံမည်ဟုလည်းကတိပေးခဲ့သည်။အတိုချုပ် ပြောရလျှင် သူ သူမအား နတ်ဘုရားတစ်ပါးကဲ့သို့သဘော ထားနေသည်။

မည်သို့ပင်ဖြစ်စေ၊ ထိုကဲ့သို့ ဝင်ငွေထောက်ပံ့ပေးရုံသက်သက်နှင့်ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် ငွေကြေးထောက်ပံ့သူအား ရှာတွေ့ရန်မှာတကယ့်ကိုရှားပါးသည်။ နန်နှင့်ဖေးမိသားစုများအတွက် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားရန်မှာအရေးကြီးသည်။

သိုဖြစ်ရာ နန်ယု သဘောတူခဲ့သည်။

သူ ထိုလူနှင့် ပွင့်လင်းလင်း တွေ့ဆုံနိုင်ရန် ဤစီမံကိန်း၌ရင်းနှီးမြှုပ်နှံခဲ့ခြင်း မဟုတ်ပေလော။

သူ ဖေးယွင်ကျင်း၏မွေးနေ့ကြောင့် ယခင်နှစ်ရက်၌ နောက်ကျနေခဲ့သည်။ ထို့ကြောင့် ယခုချိန်မှာ အကောင်းဆုံးပင်။

ထိုညနေခင်းတွင် နန်ယု ထမင်းစားပွဲ၌ စီမံကိန်းအကြောင်း ကြေညာလိုက်ပြီး “ငါ နှစ်ရက်၊ သုံးရက် ဒါမှမဟုတ် အများဆုံး တစ်ပတ်အတွင်းပြန်လာခဲ့မယ်” ဟု ပြောလိုက်သည်။

ဦးလေးကျိုးမှာ သူမသည် ငယ်ရွယ်သေး၍ ပိုမိုအပြင်ထွက်သင့်သည်ဟုယူဆသောကြောင့် သိပ်တုံ့ပြန်မှုမရှိပေ။ အိမ်၌ အချိန်တိုင်းနေပါက သူ ဖျားနာသွားလိမ့်မည်။

သို့သော် ဖေးယွင်ကျင်းမှာတော့ ပြင်းထန်စွာတုံ့ပြန်ခဲ့သည်။

"အန်တီ၊ ရှောင်ကျင်းကို ခေါ်သွားလို့ရမလား ? ရှောင်ကျင်း လိမ္မာပါ့မယ်"

"မရဘူး၊ မင်း ကျောင်းတတ်ရဦးမယ်"

ဖေးယွင်ကျင်း ကျောင်းမသွားလည်း ကိစ္စမရှိဟုပြောချင်နေမိ သည်။ လီရီပိုင်မှလွဲ၍ တခြားသူများအားလုံးသည် ဆူညံပြီး ကလေးဆန်ကြသည်။

သို့သော် ဤသို့ပြောလျှင် ရှောင်ကျင်းသည် ကောင်းကောင်းမွန်မွန်နေထိုင်ခြင်း မဟုတ်သကဲ့သို့ဖြစ်နေပေလိမ့်မည်။

ပြီးတော့ အန်တီက ရှောင်ကျင်း ကျောင်းသွားသမျှသည် သူမအား ပိုက်ဆံရှာရာ၌ကူညီနေသည်ဟု ယခင်ကပြောခဲ့သည်။ သူ မသွားလျှင်တော့...

ကလေးလေး၏ပြောင်းလဲနေသော မျက်နှာအမူအရာများကို ကြည့်၍ နန်ယု သူ့လက်အား ရယ်စရာကောင်းအောင်ဖျစ်လိုက်သည်။

"ဘာလိုလဲ၊ ရှောင်ကျင်းက ငါ့ကို အရမ်းကြိုက်တာပဲလား ? တစ်ရက်တောင် မခွဲနိုင်ဘူးလား"

ဖေးယွင်ကျင်းမျက်နှာမှာ ချက်ချင်းနီရဲသွားပြီး ခရမ်းချဉ်သီးမှည့်တစ်ခုကဲ့သို့ အလွန်ချစ်စရာကောင်းနေသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး!”

သူ နှုတ်ခမ်းစူလိုက်သည်။

"ဒါဆို အန်တီ၊ မြန်မြန်ပြန်လာပါ၊ ရှောင်ကျင်း အိမ်မှာစောင့်နေမယ်!"

နန်ယု ဖေးယွင်ကျင်း၌ ဤရက်ပိုင်းအတွင်း ထူးဆန်းသည့်အမူအကျင့်အချို့ရှိနေသည်အား သတိထားမိခဲ့သည်။ သူ ပိုပြီး ခေါင်းမာလာပြီး “ဆင်ယင်ဖြီးလိမ်း” တတ်လာသည်။

သူမ သူ့အား မည်သည့်အရာတည့်တည့်ပြောပြော ဤကဲ့သို့ပင် အငြင်းခံရပေမည်။ သို့သော် ဤကဲ့သို့သော ဖေးယွင်ကျင်းမှာ သူမအား ပိုမိုနောက်ပြောင်ချင်အောင်ဆွဲဆောင်နေတော့သည်။

"အား၊ ဒါဆို ရှောင်ကျင်း ငါ့ကို မကြိုက်ဘူးပေါ့၊ အရမ်းဝမ်း နည်းတာပဲ"

ဦးလေးကျိုး ထိုကဲ့သို့ကြွားဝါသောလေသံနှင့် အမူအရာအား မကြည့်နိုင်ပေ။ သို့သော် ဖေးယွင်ကျင်းကမူ ယုံသွားသည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး! ရှောင်ကျင်း အန်တီ့ကိုကြိုက်တယ်! အများကြီးကြိုက်တာ!"

နန်ယုအမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး တောက်ပသည့်အပြုံးတစ်ခုပေါ်လာသည်။

"သေချာပေါက် ရှောင်ကျင်း ငါ့ကိုကြိုက်တယ်ဆိုတာ ငါ သိတာပေါ့"

ဖေးယွင်ကျင်း သူ့အား နန်ယုလှည့်စားနေသည်ကို မသိခဲ့လျှင် သူ့ မူကြိုကျောင်းမှာ တစ်သက်လုံးအလကားဖြစ်သွားပေလိမ့် မည်။ သူ ဟွန်းခနဲအသံပြုလိုက်ပြီး “အန်တီ၊ အန်တီက အရမ်းဆိုးတာပဲ!”

ထို့နောက် သူ သူ့နေရာကို ပြန်သွားပြီး ဂရုမစိုက်သည့်အမူအ ရာနှင့် သူ့ ကလေးအစားအစာကို စားရန်စတင်လိုက်သည်။ နန်ယု၏မဖုံးကွယ်ထားသော ရယ်သံမှာ သူ့နားထဲပြည့်လာသည်။

အရမ်းဆိုးတဲ့ အန်တီ၊ ကိုးရာ့ကိုးဆယ့်ခုနစ်ကြိမ်မြောက်ပဲ ရှိပါသေးတယ်။

"မစ္စဖေး ဒီဘက်"

"ဒါက Beibel ရဲ့ရုံးခန်းနေရာပါ၊ ဒီမှာရှိတဲ့လူအများစုက ၁၉၉၀ ခုနှစ်တွေမှာမွေးပြီး ခွန်အားအပြည့်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိကြပါတယ်"

ဝူကျန့်ဝေ့ နန်ယုအား သူ၏ချင်ချန်ရုံးခွဲတစ်ဝိုက်သို့ ပြုံးရွှင်စွာ လိုက်ပြနေသည်။ သူ့လေသံနှင့်အပြုအမူမှာ အလွန်နှိမ့်ချနေသောကြောင့် သူ့နောက်မှလိုက်နေသည့် ရုံးခွဲမန်နေဂျာအနည်း ငယ်မှာ ပိုမိုသတိထားနေရသည်။

ချင်ချန်တွင် ဝူကျန့်ဝေ့ကဲ့သို့ ပိုင်ဆိုင်မှုရှိသူအား “သူဌေးကြီး” ဟု အလွယ်တကူခေါ်ဆိုနိုင်၏။ သူ လိုချင်လျှင် အစိုးရအရာရှိအချို့ပင်လျှင် သူ့နှင့်အတူညစာစားရန်နှင့် သူ့အား သိကျွမ်းရန်ဆန္ဒရှိကြသည်။

သူသည် နောက်ထပ်ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုကိုပင် ဆွဲဆောင်နိုင်ပြီး သူ့နိုင်ငံရေးအောင်မြင်မှုများအား ထပ်မံဖြည့်စွက်နိုင်ပေလိမ့်မည်။

သို့သော် ဤသူဌေးကြီးမှာ ယခုအခါတွင် ခရီးသွားလမ်းညွှန်တစ်ဦးကဲ့သို့ ကုမ္ပဏီအကြောင်းကိုယ်တိုင်မိတ်ဆက်ပေးနေပြီး အလွန်... ဖားယားနေသည်။ ဤဖေးကတော်မှာ တကယ့်ကို ထူးခြား၏။

အထူးသဖြင့် နန်နှင့်ဖေးမိသားစုများကိုသိသော၊ ပြီးနောက် နန်ယု၏မိသားစုနောက်ခံအကြောင်း အနည်းငယ်နားလည်ထားသော သူ အနည်းငယ်ကသာ သူမအားနတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြသည်။

ရုံးခွဲမန်နေဂျာများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်ငယ်လေးများက တော့ ဝူကျန့်ဝေ့ နန်ယုအား မည်မျှအလေးထားသည်ကို ပြသရန်အတွက်သာ ဤနေရာသို့လာခဲ့ကြသည်။ ၎င်းတို့ အချက် အလက်များသိပ်မရခဲ့ကြပေ။ ပုံမှန်ဆိုလျှင် တင်းမာပြီးခပ်တည်တည်နေသော ဝူကျန့်ဝေ့၌ပင် ဤကဲ့သို့အချိန်တစ်ခု ရှိနေသည်ကိုမြင်သောအခါ သူတို့ပျော်ရွှင်ရမည်လား၊ သို့မဟုတ် မနာလိုဖြစ်ရမည်လားဆိုသည်ကို မပြောနိုင်ကြပေ။

"ဟွန်း၊ ကောင်းပါတယ်၊ ဘယ်သူက ဒီပရောဂျက်အတွက် အဓိကတာဝန်ရှိတဲ့အဖွဲ့လဲ"

"အိုး၊ သူတိုက အစည်းအဝေးခန်းထဲမှာ ခင်ဗျားကိုစောင့်နေကြတယ်၊ ကျွန်တော်တို အခု သွားလိုရပါပြီ"

နန်ယု ဝင်ရောက်လာချိန်၌ အစည်းအဝေးခန်းမကြီးထဲတွင် လူတစ်ဒါဇင်ကျော် ပြည့်နေပြီဖြစ်သည်။ သူမ ပထမဆုံး မြင်လိုက်ရသည်မှာ အဆုံးတွင်ထိုင်နေသည့် အမျိုးသမီးဖြစ် သည်။

သူ့ ဆံပင်မှာ ခါးအထိရှည်ပြီး သူ့ မျက်နှာသွင်ပြင်သည် နန်ယုလောက်သိမ်မွေ့မှုမရှိသော်လည်း သူမသည် သက်သောင့် သက်သာဖြစ်စေသည့် နူးညံ့မှုတစ်ခုအားဖော်ပြနေ၏။

သူ့အမည်မှာ အန်းနင်လိုပင်။

တွေ့ပြီ!

သူ မျှော်လင့်ထားသည်ထက်ပင် ပိုမိုအဆင်ပြေခဲ့သည်။

“မစ္စဖေး ကျေးဇူးပြုပြီး...”

ဝူကျန့်ဝေ့ နန်ယုအား ပထမနေရာဆီသို့ခေါ်သွားနေပြီဖြစ် သည်။ သို့သော် နန်ယု ထိုနေရာ၌ရပ်နေပြီး သူ့ ဖုန်းအားထုတ်လိုက်သည်။ အန်းနင်ကိုဓာတ်ပုံရိုက်ပြီး နန်ကျီဆီသို့ ချက်ချင်းပို့လိုက်သည်။

“ကော ပိုက်ဆံအိတ်ထဲက မိန်းကလေး”

နန်ယုအမူအရာကြောင့် ဝူကျန့်ဝေ့ လုံးဝရှုပ်ထွေးသွားသည်။ အန်းနင်လည်း ဘာများဖြစ်နေသည်ကိုမသိဘဲ လုံးဝရှုပ်ထွေးနေသည်။

သို့သော် ဤလှပသည့်အမျိုးသမီးအား ရင်းနှီးနေသကဲ့သို့ပင်။

ဘီပ့်၊ ဘီပ့်—

နန်ယု ဖုန်း ပြင်းပြင်းထန်ထန်တုန်ခါလာသည်။ သူ ဖုန်းအား ပိုမိုဝေးသည့်နေရာသို့ရွှေ့လိုက်ပြီးမှ ခေါ်ဆိုခလုတ်ကို နှိပ်လိုက်သည်။

“ယုယု! မင်း ဘယ်မှာလဲ! သူ့ကို ငါ့အတွက် ထိန်းထားပေး! ဘာပဲလိုချင်လိုချင်ပေးမယ်"

နန်ကျီ အသံမှာ တကယ်ကိုအော်ဟစ်သံဖြစ်နေပြီး အက်ကွဲနေ သည်။ သူ့စိတ်ခံစားမှုပြင်းထန်မှုကြောင့် နန်ယု မျက်လုံးလှိမ့်လိုက်မိသည်။

ကံကောင်းစွာဖြင့်ပင် သူမ ဖုန်းအားဖယ်ထားရန်ကြိုတွေးထား ခဲ့မိသည်။

ဘေး၌ရပ်နေသည့် အန်းနင်ကလည်း ဖုန်းတစ်ဖက်ခြမ်းမှ အသံအား ချက်ချင်း မှတ်မိလိုက်သည်။ သူ့မျက်နှာမှာ ဖြူဖျော့သွားပြီး ထရပ်လိုက်ကာထွက်သွားရန် ပြင်နေဟန်ရသည်။

နန်ယုက - “ကောကိုလိပ်စာပို့ထားပြီးပြီ၊ ကောကို အများဆုံးတစ်နာရီပေးမယ်"

ဖုန်းချပြီးနောက် သူမ အန်းနင်အား လက်နှင့်တားလိုက်ပြီး သူ့မျက်လုံးများမှာ အလေးအနက်ထားပြီးထိုးဖောက်ကြည့်နေ ၏။

“ထွက်ပြေးတာက ဒါကိုမဖြေရှင်းနိုင်ဘူး၊ နင် ချင်ချန်ကနေ ချက်ချင်းပျောက်ကွယ်မသွားသရွေ့ သူ နင့်ကို ရှာဖွေဖို့နက်နက်ရှိုင်းရှိုင်း တူးဆွနေဦးမှာပဲ”

နန်ယု နောက်ပြောင်နေခြင်း မဟုတ်ပေ။

သူမ ပိုပြီးနူးညံ့သည့်နည်းလမ်းအား အသုံးပြုနိုင်ခဲ့သည်။ ဥပမာ- အန်းနင်ကို လျှို့ဝှက်ဓာတ်ပုံရိုက်ပြီး နန်ကျီဆီသို့ ပို့ပေးလိုက်ကာ သူတို့အခြေအနေကို သီးသန့်ဖြေရှင်းခွင့်ပေးခြင်းမျိုးပင်။

သို့သော်!

နန်ယု သူ့အစ်ကိုအား ရိုးရိုးလေးပင် မယုံချေ။

ဤလူသည် အန်းနင် ပါဝင်ပတ်သက်နေသည့်အခါတိုင်း စိတ်လွတ်နေသကဲ့သို့ပင်။ မူရင်းနားလည်မှုလွဲမှားမှုများ မဖြေရှင်းရသေးဘဲ အသစ်များပေါ်လာခဲ့လျှင် မည်သို့လုပ်မည်နည်း။

ဒေါသထွက်နေရင်း အန်းနင် ထပ်ပြီးထွက်ပြေးခဲ့လျှင် မည်သို့လုပ်မည်နည်း။

ဤတစ်ကြိမ်တွင်တော့ သူ စာအုပ်ထဲရှိ သဲလွန်စများမှနေ၍ အန်းနင် ထိုအချိန်အတွင်း ဝူကျန့်ဝေ့၏ရုံးခွဲ၌ ရှိနေသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။ သို့သော် နောက်တစ်ကြိမ်တွင်တော့ ကောက်ရိုးပုံထဲမှအပ်အား ရှာသကဲ့သို့ ဖြစ်နေပေမည်။

သူမ တိုက်ရိုက်နှင့် ပြတ်ပြတ်သားသား လုပ်ခြင်းသည် အကောင်းဆုံးဟု ထင်ခဲ့သည်။ ပြီးတော့ ထိုသူနှစ်ဦးအား သူမ ရှေ့တွင် အရာအားလုံးကိုရှင်းပြစေခြင်းပင်။ ထိုအရာက အလုပ်မဖြစ်ခဲ့လျှင်... နန်ကျီ မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ် သည်။ သူ သေဖို့ ကံကြမ္မာပါနေပြီဖြစ်သည်။

နန်ယု၏စကားများသည်လည်း အန်းနင်အား သူမ ထွက်ပြေးလို့မရဘူးဆိုသည်ကို နားလည်စေခဲ့သည်။ သူမတစ်ယောက် တည်းသာမက သူ့... သူပါ ပါဝင်သည်။

အန်းနင်မျက်နှာပေါ်တွင် ခါးသီးသောအမူအရာတစ်ခုဖြတ် သန်းသွားသည်။ သူမ မျက်နှာမှာ ဖြူဖျော့နေတုန်းပင်။ သို့ သော် သူမ ထွက်ပြေးရန် မစဉ်းစားတော့ပေ။ ထိုအစား သူမ နန်ယုအား ရှုပ်ထွေးသည့်စိတ်ခံစားမှုများနှင့်အတူ ကြည့်လိုက်သည်။ နန်ယု မည်သို့ကြောင့်ရင်းနှီးနေသည်ကို သူမ ရုတ်တ ရက် သတိရသွားသည်။ ထိုနေ့က နန်ကျီနှင့်အတူ သူမ မြင်ခဲ့ရသည့် အမျိုးသမီး မဟုတ်ပါလား ??

သို့သော် သူမ ဝူကျန့်ဝေ့ သူမအား “ဖေးကတော်” ဟု ခေါ်ဆိုသည်ကို အစောပိုင်း ကြားလိုက်ခြင်းလော ??

သူတို့ အတူတူ မဟုတ်ကြဘူးလား ??

ဝူကျန့်ဝေ့ ထိုရုတ်တရက်အခြေအနေကြောင့် လုံးဝငြိမ်သွားသည်။ နန်ယုနှင့် ဝန်ထမ်းတို့ တိတ်ဆိတ်သွားသည်ကိုမြင်သော အခါ သူ သတိထားပြီး “မစ္စဖေး ဘာတွေဖြစ်နေတာလဲ” ဟု ပြောလိုက်သည်။

နန်ယု ဝူကျန့်ဝေ့အား တစ်ချက်ကြည့်လိုက်သည်။

"အာ... တောင်းပန်ပါတယ်၊ ဒါ ကိုယ်ရေးကိုယ်တာကိစ္စပါ၊ နန်ကျီ ရဟတ်ယာဉ်နဲ့ ခဏနေရောက်လာတော့မှာမို့ ဒီအဆောက် အအုံရဲ့ အပေါ်ဆုံးထပ်မှာဆင်းသက်လို့ရမလား"

ဝူကျန့်ဝေ့ စိတ်ထဲအတွေးများ ပြည့်နေရင်းနှင့် အလိုလိုခေါင်း ညိတ်လိုက်သည်။ ဤအရာသည် နန်ကျီရဲ့ အချစ်ကြွေးဖြစ်နိုင်လား ??

အံ့ဩစရာကောင်းသည်မှာ သူ မှန်နေသည်။

“You Are My Light” ဟူသော ဂန္တဝင်အချစ်ဝတ္ထု၌ အမျိုးသားဇာတ်ဆောင် ဖေးယွင်ကျင်းနှင့် ဒုတိယအမျိုးသားဇာတ်ဆောင် အန်းရီရန်တို့ပါရှိသည်။

ထိုသူမှာ အန်းနင်နှင့်... နန်ကျီ၏သားဖြစ်သည်။

အန်းနင်နှင့် နန်ကျီတို့ကြားမှ ဇာတ်လမ်းကနားလည်မှုလွဲမှားမှုများနှင့် မမျှော်လင့်သော အခြေအနေအနည်းငယ်ကြောင့် သူတို့ တစ်ယောက်ကိုတစ်ယောက်လွဲချော်သွားခဲ့သည့် ဇာတ် လမ်းဖြစ်သည်။

ဤဇာတ်လမ်းတွင် အတုအယောင်အကြောင်းအရာလည်း ပါဝင်သည်။ ထို့ကြောင့် နောင်တရရုံသက်သက်မှနေ၍ ခါးသီးသည့်ပြိုင်ဆိုင်မှုအဖြစ် ပြောင်းလဲသွားသည်။

တစ်နှစ်အကြာ၌ အန်းနင် ဤစီမံကိန်းကြောင့် မမျှော်လင့်ဘဲ သေဆုံးသွားသည်။ အန်းရီရန်ကမူ မိဘများ သို့မဟုတ် တခြားဆွေမျိုးများမရှိဘဲ ရက်စက်ကြမ်းကြုတ်သည့် အပြစ်ပေးခြင်းကိုနှစ်သက်သော စိတ်မမှန်သည့်သူတစ်ဦးဖွင့်ထားသော မိဘမဲ့ ဂေဟာသို့ပို့ခံလိုက်ရသည်။

အန်းရီရန် ထိုနေရာ၌ သုံးနှစ်တာ ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။ နောက်ဆုံးတွင် လိမ္မာပါးနပ်မှုနှင့်ကံကောင်းမှုများကြောင့် စုံတွဲတစ်တွဲမှ သူ့အားမွေးစားလိုက်သည်။ သို့သော်း သူသည် သူ့ဖခင်အရင်းအား မုန်းတီးစိတ်သက်သက်နှင့် ဆက် လက်ရှာဖွေနေခဲ့သည်။

သူသည် သူတို့အား “စွန့်ပစ်ခဲ့သော”၊ သူ့အမေအား ဤမျှမပျော်ရွှင်အောင်နှင့် သူ့ဘဝကို ဤမျှခက်ခဲအောင် လုပ်ခဲ့သည့် လူအား လက်စားချေရန်ကြိုးစားနေသည်။

အချို့သောနည်းလမ်းများနှင့် ဇာတ်ဆောင်နှင့် ဒုတိယအမျိုး သားဇာတ်ဆောင်တို့မှာ အလားတူကြီးပြင်းမှုနှင့် ရည်မှန်းချက်များရှိကြသည်။

ထိုလက်စားချေမှုမှာ နန်ကျီသေဆုံးမှုနှင့် နန်မိသားစု၏ကျဆုံး ခန်းအား ဖြစ်ပေါ်စေပြီး နန်ယု၏လမ်းပေါ်၌ ကြေကွဲဖွယ်ရာ သေဆုံးမှုအား သွယ်ဝိုက်ဖြစ်ပေါ်စေသည်။

သို့သော်လည်း အန်းရီရန်အားလုံးဝအပြစ်တင်ရန်ခက်ခဲသည်။ ဤအခြေအနေ၏အစမှာ ရှေးယခင်ကတည်းက စိုက်ပျိုးထားပြီးသားပင်။

နန်ယု၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ လွတ်မြောက်ရန်ပင်။

အန်းနင်နှင့် နန်ယုတို့ အစည်းအဝေးခန်းထဲ၌ကျန်ရှိနေသော နှစ်ယောက်တည်းသောသူများဖြစ်သည်။ သွက်လက်သည့် ဝူကျန့်ဝေ့မှာ တခြားသူများအားလုံးကို ပြန်လွှတ်ပေးခဲ့သည်။ သူ နန်ကျီအားစောင့်ရန် အပေါ်ဆုံးထပ်ကို တစ်ယောက်ယောက်ကိုပင်ပို့ခဲ့ပြီး သူ ရောက်လာချိန်၌ ဤနေရာသို့ခေါ်လာရန်သေချာ စေခဲ့သည်။

ဝူကျန့်ဝေ့မှာ အဆင့်အတန်းနိမ့်ပါးသည့် နောက်ခံမှနေ၍ ဤကဲ့သို့ စည်းစိမ်ဥစ္စာကိုတည်ဆောက်ခဲ့သောကြောင့် သူ့ထံ၌ ထူးချွန်သည့်ဉာဏ်ရည်ရှိရမည်မှာ သံသယမရှိပေ။

တိတ်ဆိတ်နေသည့် အစည်းအဝေးခန်းထဲတွင် အန်းနင် ခေါင်းငုံ့ထားပြီး အတွေးထဲနစ်မြောနေသည်။ နန်ယု ထိုသူနှစ်ဦးကြားတွင် ပြောစရာသိပ်မရှိဘူးဟု တွေးပြီး နန်ကျီရောက်လာရန် စောင့်နေခြင်းမှာ ပိုကောင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမ တိတ်ဆိတ်စွာနေပြီး သူမ၏ဖုန်းနှင့် နားကြပ်များကို ထုတ်ကာ တီဗီဇာတ်လမ်းတွဲတစ်ခုအား ကြည့်နေ သည်။ သူ့အမူအရာမှာ ပေါ့ပါးပြီး အလျင်လိုဟန်မရှိပေ။

ငါးဆယ့်ခြောက်မိနစ်အကြာတွင်...

ဗြုန်း!

ကျယ်လောင်သည့်အသံနှင့် အစည်းအဝေးခန်းတံခါးမှာ တကယ်ကို ပေါက်ကွဲလုနီးနီးဖြစ်သွားသည်။

နန်ကျီ ဆံပင်များရှုပ်ပွနေပြီး၊ သူ့လည်စည်းမှာ လွဲနေကာ၊ မျက်လုံးများ နီရဲနေရင်း သူတို့ရှေ့တွင်ပေါ်လာခဲ့သည်။

သူ၏မောပန်းနေပုံမှာ လေယာဉ်ပေါ်ကနေ ဤအထိ တစ် လျှောက်လုံး ပြေးလာခဲ့ခြင်းဖြစ်ရမည်ဟု ပြောနေသည်။

“အန်းနင်၊ ဟူး—”

နန်ကျီ အန်းနင်ဆီသို့ လျှောက်သွားသည်။ သူ့ညီမငယ် နန်ယု သူ့အနား၌ ရှိနေသည်ကိုမူ လုံးဝသတိမထားမိပေ။ ဤကဲ့သို့အခြေအနေများနှင့် ရင်ဆိုင်ရချိန်၌ သူ့ဉာဏ်ရည်မှာလျော့ကျသွားခြင်းသည် တကယ်ပင်လော ??

သို့သော် သူမ အန်းနင် အလိုလိုနောက်ပြန်ရွေ့သွားသည်ကိုမြင်သောအခါ နန်ယု ထရပ်လိုက်သည်။

သူ လက်တစ်ဖက်နှင့် နန်ကျီအားတားလိုက်ပြီး ကျန်တစ်ဖက်က တံတောင်ဆစ်ဖြင့် သူ့ရင်ဘတ်ကိုဖိထားသည်။

"ဟေး၊ နိုးတော့! သူ ထွက်မပြေးတော့ဘူး၊ ကော သူ့ကို ကြောက်အောင် လုပ်နေတာပဲ!"

နန်ယု၏ဝင်ရောက်နှောင့်ယှက်မှုမှာ နောက်ဆုံးတော့ နန်ကျီအား သူ့အသိစိတ်ဆီသို့ ပြန်ရောက်စေသည်။

သူ့အကြည့်သည် နောက်ဆုံးတော့ နန်ယုပေါ်သို့ ကျရောက်လာသည်။

“ယုယု ?”

သူ့ဘေးတွင် တစ်ယောက်ယောက်ရှိနေသည်အား ယခုမှသတိ ထားမိလိုက်သကဲ့သို့ပင်။

နန်ယု - ဟဲဟဲ။

သူ နန်ကျီအား မျက်လုံးလှိမ့်ပြလိုက်သည်။

“ကော ပုံကိုကြည့်ပါဦး၊ အရမ်းရှက်စရာကောင်းတာပဲ!”

နန်ကျီ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့လည်စည်းအားဆွဲလိုက်သည်။

“တောင်းပန်ပါတယ်၊ ငါ မင်းကို ကြောက်အောင်လုပ်မိပြီ”

အန်းနင်လည်း ယခုမူ သူ့အသိစိတ်ဆီ ပြန်ရောက်လာပုံရပြီး အားမတင်းနိုင်သည့် အပြုံးတစ်ခုအားပေးလိုက်သည်။

“မတွေ့တာကြာပြီ”

နန်ကျီ အန်းနင်အားကြည့်နေပြီး အန်းနင်က နန်ကျီအားကြည့်နေခဲ့သည်။ နန်ယုမှာမူ ဘေး၌ လူပိုဖြစ်နေရသည်။

All Chapters