← Chapters

အခန်း (၁၉)

Vol. 3 Ch. 19

အခန်း (၁၉)

Vol. 3 Ch. 19

"အန်တီ!"

ဖေးယွင်ကျင်း ကျောင်းမှအိမ်သို့ရောက်သည်နှင့် ရင်းနှီးသောလူတစ်ဦးအား မြင်လိုက်ရသည်။ သူသည် သူ့ကျောပိုးအိတ်ကလေးအားလျင်မြန်စွာချလိုက်ပြီး အမြောက်ကျည်ကဲ့သို့ ပျော်ရွှင်စွာဖြင့် နန်ယုဆီသို့ပြေးသွားသည်။

"အန်တီ ဘယ်တုန်းက ပြန်လာတာလဲ"

"ခုလေးတင်ပဲ ရောက်တာ"

နန်ယု ပြုံးပြီး ဖေးယွင်ကျင်းအားဆွဲခေါ်ကာ အပေါ်အောက် အသေအချာကြည့်လိုက်သည်။

"ရက်နည်းနည်းလောက်မတွေ့လိုက်ရတာနဲ့ ဘာလို့ နည်းနည်း ဝလာသလိုဖြစ်နေတာလဲ"

ဖေးယွင်ကျင်း ထိုစကားအားမကြားချင်ပေ။ အရင်က ဝတုတ်လေးနှင့်ပတ်သက်၍ ဖြစ်ခဲ့သော မနှစ်မြို့ဖွယ်ရာ ကိစ္စကြောင့် ဖြစ်နိုင်သည်။ သို့သော် သူ ယခုလိုပုံစံဖြစ်နေသည်အားမကြိုက်ပေ။

"ကျွန်တော် မဝပါဘူး!"

ဖေးယွင်ကျင်း နန်ယုလက်အားဆွဲယူပြီး သူ့ဗိုက်ပေါ်တင်လိုက်သည်။

"ဦးလေးကျိုးက အနေတော်ပဲလို့ပြောတယ်"

"တကယ်လား"

နန်ယု ဖေးယွင်ကျင်းဗိုက်အား ဖရဲသီးကဲ့သို့နှစ်ချက်ပုတ်လိုက် သည်။ ထိုဗိုက်မှာ နူးညံ့ပြီး ဝါးစားလို့ကောင်းလောက်သည်။

"ဒါပေမဲ့ ရီပိုင် ဗိုက်က အဲ့လောက်မနူးညံ့တော့ဘူးထင်တယ်၊ ရှောင်ကျင်း ကကွက်လေ့ကျင့်နေတုန်းက ပျင်းနေတာလား"

"မဟုတ်ဘူး၊ မဟုတ်ဘူး! ရှောင်ကျင်း အရမ်းကြိုးစားပါတယ်!"

အိမ်တော်ထိန်းကျိုးမှာ ထပ်မံနောက်ပြောင်ခံနေရသောဖေးယွင်ကျင်းအားကြည့်ပြီး ခေါင်းခါမိသည်။ အသက်ကြီးသူသည် အလွန်အဆင်မပြေသော်လည်း ငယ်ရွယ်သူကတော့ လှည့်စားရလွယ်လွန်းလှသည်ဟုတွေးလိုက်သည်။ ဖေးယွင်ကျင်း မူလတန်းကျောင်း မတက်ခင်အထိတော့ သူ ကောင်းကောင်းနေတတ်လာဖို့ စောင့်ရဦးမည်ထင်သည်။

သို့သော် ဖေးယွင်ကျင်း စက်တင်ဘာလအထိ အလယ်တန်းကျောင်းမတက်သေးကြောင်း တွေးမိသောအခါ...

သခင်လေး၊ သခင်လေး ပိုပြီးသတိထားတာကောင်းမယ်!

နောက်ဆုံးတော့ နန်ယွမ်က ဖေးယွမ်ကျင်းအားနောက်ပြောင်ခြင်းကိုရပ်တန့်လိုက်ပြီး ချင်းချန်ကနေပြန်သယ်လာသော အမှတ်တရလက်ဆောင်ကိုထုတ်လိုက်သည်။

"ဒါ ဘာကြီးလဲ"

မကျေနပ်ချက်များအား စိတ်ထဲမထားတတ်သော ဖေးယွင်ကျင်းသည် နန်ယုလက်ထဲတွင် တစ်ခါမှမမြင်ဖူးသောအရာကို ချက်ချင်းလာကြည့်သည်။

နန်ယု ဖေးယွင်ကျင်းလက်ကိုယူပြီး ထိုအရာအား သူ့လက်ဖဝါးပေါ်တင်ပေးလိုက်သည်။

"ဒါက ကျောက်စိမ်း"

"ကျောက်စိမ်း ?"

"ဟုတ်တယ်၊ လှပတဲ့ကျောက်တစ်မျိုးပေါ့"

ဖေးယွင်ကျင်း ခေါင်းညိတ်လိုက်ပြီး နားလည်သွားပုံရသည်။ "ဒီပေါ်မှာ စာရေးထားတာလား၊ ကျွန်တော် မသိဘူး"

"ငြိမ်းချမ်းရေး"

နန်ယု ကျောက်စိမ်းပေါ်ရှိ ရှေးစာလုံးများကိုလက်ညှိုးထိုးပြပြီး ဖေးယွင်ကျင်းအား ဖတ်ပြလိုက်သည်။

"မင်း ကြိုက်ရင် လည်ပင်းမှာဆွဲထားလို့ရတယ်၊ ကျောက်စိမ်းကကျန်းမာရေးအတွက် ကောင်းတယ်လို့ကြားတယ်"

ချင်းချန်မှာ လူသိနည်းသော မြို့တစ်မြို့ဖြစ်သော်လည်း နိုင်ငံတစ်ဝှမ်းတွင် နာမည်ကြီးသည့် ဆွဲဆောင်မှုတစ်ခုရှိသည်။ ထိုအရာမှာ အလွန်ထိရောက်သည်ဟု ပြောကြသည့် ချင်မိုဘုရားကျောင်းဖြစ်သည်။

၎င်းတို့ ချင်းချန်သို့ရောက်ပြီးသားဖြစ်၍ နန်ယု ဝင်သွားပြီး နန်မိဘများနှင့်ဦးလေးကျိုးတို့အတွက် ကျောက်စိမ်းများ တောင်း ခဲ့သည်။ ၎င်းမှာ ဘုန်းကြီးတစ်ပါးပေးထားသောအရာဖြစ် သည်ဟုလည်း ပြောလိုက်သည်။ နန်ယု ထိုအရာအား သိပ်မယုံကြည်သော်လည်း အမှတ်တရပစ္စည်းတစ်ခုလိုသဘောထားခဲ့သည်။ သို့သော် ကျောက်စိမ်း၏အရည်အသွေးမှာ လက်ခံနိုင်လောက်သည်။

"ကြိုက်တယ်! ကြိုက်တယ်!"

ထို့နောက် သူ ကြိုးအားယူပြီး သူ့လည်ပင်းတွင် ဆွဲရန်ကြိုးစားခဲ့သည်။ သို့သော် သူ့လက်များမှာအလွန်တိုနေသောကြောင့်မအောင်မြင်ခဲ့ဘဲ၊ သူ့ကိုယ် သူ မထိန်းနိုင်ဖြစ်သွားခဲ့ရသည်။

နန်ယု ကျယ်လောင်စွာရယ်လိုက်သည်။ သူ ကျောက်စိမ်းဆွဲသီးအား ဖေးယွင်ကျင်း လက်မှယူလိုက်ပြီး သူ့ကို သေချာဝတ်ပေးလိုက်သည်။ ထို့နောက် ကြိုးအားသင့်တော်သည့်အရှည်အထိ ချိန်ညှိပေးခဲ့သည်။

"ကဲ၊ ရှောင်ကျင်း၊ အခုချိန်ကစပြီး မင်း ဘေးကင်းလိမ့်မယ်"

"အန်တီလည်း ဘေးကင်းလိမ့်မယ်၊ ကျွန်တော်တို့အားလုံး ဘေးကင်းလိမ့်မယ်"

သူ့လည်ပင်းတွင်ရှိသော ကျောက်စိမ်းဆွဲသီးအား ဆုပ်ကိုင်ထားရင်း ဖေးယွင်ကျင်း တောက်ပပြီးရိုးသားစွာပြုံးလိုက်သည်။ ၎င်းမှာ လွန်ခဲ့သောလအနည်းငယ်က ထုံထိုင်းနေသော သူ့ပုံစံနှင့် လုံးဝကိုကွဲပြားသည်။

နောက်တစ်နေ့မှာ လီရီပိုင်မွေးနေ့ဖြစ်ပြီး အားလပ်ရက်လည်းဖြစ်သည်။

ဖေးယွင်ကျင်း ရင်းနှီးကျွမ်းဝင်မှုဖြင့် နန်ယုအားဘေးအိမ်သို့ လိုက်ပို့ပေးခဲ့သည်။ ၎င်းမှာ သူမ လီရီပိုင် အိမ်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သည်။

ဘေးချင်းကပ် ဗီလာများဖြစ်သောကြောင့် သူတို့အရွယ်အစားနှင့် အပြင်ပန်းများမှာတူညီသည်။ သို့သော် အတွင်းပိုင်းမှာ လုံးဝကိုကွဲပြားနေသည်။

နန်ယု၏လက်ရာမြောက်ပြီး ခမ်းနားသောအိမ်နှင့်ယှဉ်လျှင် လီရီပိုင်အိမ်မှာ... ၎င်းတို့ဘာသာ အလှဆင်ထားပုံရသည်။

"ရှောင်ပိုင်၊ မင်းရဲ့အစ်ကို ဘယ်မှာလဲ"

ဗီလာတွင် အစေခံငါးယောက်၊ ခြောက်ယောက်ခန့်သာရှိပြီး နန်ယုနှင့် ဖေးယွင်ကျင်းအား လီရီပိုင်နှင့် သူ့လက်ထောက်တို့မှ ဧည့်ခံပေးခဲ့သည်။

တခြားနေ့များဆိုလျှင် အဆင်ပြေမည်။ ဒါပေမဲ့ ဒီနေ့က လီရီပိုင်မွေးနေ့ မဟုတ်ဖူးလား ??

ဗီလာတစ်ခုလုံးမှာ လုံးဝတိတ်ဆိတ်လို့နေသည်။

ဖေးယွင်ကျင်း ရှေ့နောက်ကြည့်လိုက်သည်။ သူ ရှောင်ပိုင်အား နည်းနည်းကြောက်သော်လည်း၊ ရှောင်ပိုင် သူ့မွေးနေ့ပွဲတွင် အတူတူကျင်းပပေးခြင်းအား သေချာပေါက်လိုချင်သည်။

"ကျွန်တော့်ကော အလုပ်များနေတယ်၊ ဒါပေမဲ့ သူ ညစာမစားခင်ပြန်လာမယ်လို့ပြောတာပဲ!"

မွေးနေ့ရှင် လီရီပိုင်မှာကြော့ရှင်းသော ဝတ်စုံတစ်စုံအားဝတ် ဆင်ထားပြီး hip-hop မင်းသားလေးတစ်ပါးကဲ့သို့ ဖြစ်နေ သည်။ သူ ကြည့်ကောင်းကာ ချစ်စရာကောင်းလှသည်။

"မွေးနေ့လေးမှာ ပျော်ရွှင်ပါစေ၊ မွေးနေ့ရှင်လေး"

နန်ယု ကိုယ်ကိုကိုင်းပြီး သူ ပြင်ဆင်ထားသော လက်ဆောင်အားပေးလိုက်သည်။

လီရီပိုင် တောက်ပစွာပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ နန်ကျဲ!"

"ကျွန်တော့်အခန်းကို ခေါ်သွားရမလား၊ လုပ်စရာတွေ အများကြီးရှိတယ်!"

ယခုမှာ ညနေသုံးနာရီဖြစ်ပြီး ညစာစားဖို့အတွက် စောနေသေးသည်။ ဖေးယွင်ကျင်း၏ စိတ်အားထက်သန်သောအကြည့်သာ မရှိခဲ့လျှင် နန်ယု ဒီလောက်စောစောလာခဲ့မည်မဟုတ်ပေ။

သို့သော် သူ့စကားများမှာ ချက်ချင်းနောက်ကြောင်းပြန်လှည့်သွားသည်။

လီရီပိုင် အခန်းမှာပုံမှန်သာဖြစ်သည်။ သို့သော် သီးခြားဂိမ်းခန်းတစ်ခုရှိပြီး ထိုထဲတွင် အမျိုးမျိုးသော ဂိမ်းကတ်များအ ပြည့်ရှိသည်။ အလယ်တွင်ရှိသော ဂိမ်းစက်မှာအထင်ပေါ်ဆုံးပင်။

"နန်ကျဲ၊ ဂိမ်းကစားချင်လား၊ အရင်က ရှောင်ကျင်းနဲ့ ကျွန် တော်ပဲရှိခဲ့တာ ဒါပေမဲ့ အခု ကျွန်တော်တို့ သုံးယောက်ဆော့လို့ရပြီ!"

"အရင်က" လား ??

နန်ယု ဖေးယွင်ကျင်းအား တစ်ချက်ကြည့်လိုက်သည်။ ၎င်းမှာ ကလေးနှစ်ယောက် အချိန်ကုန်ခဲ့သည့်ပုံစံပင်။ သူမ သူတို့ ကာ တွန်းတွေ အတူတူကြည့်နေကြတယ်လို့ထင်ခဲ့သည်။

သူ ခေတ်နောက်ကျနေပုံရသည်။

"ကစားမယ်!"

နန်ယုမှာ "လူကြီးပုံစံ" ဆိုတာလုံးဝမရှိပေ။ သူမသည် လေးနှစ်အရွယ်ကလေးနှစ်ယောက်နှင့် ဂိမ်းကစားရသည်အား ရှက်ရွံ့ခြင်းမရှိပေ။ သူမမှာ လုံးဝကို အစပြုသူဖြစ်ပြီး သူတို့နှစ်ယောက်လောက်ပင် ကောင်းကောင်းမကစားနိုင်ပေ။

မကြာခင်မှာပဲ သူတို့သုံးယောက်ကော်ဇောပေါ်တွင် ခြေချိတ်ထိုင်လိုက်ကြသည်။ သူတို့ မျက်လုံးများမှာမျက်နှာပြင်ပေါ်တွင် စူးစိုက်နေပြီး ဂိမ်းခလုတ်များကိုကိုင်ထားကာယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေသည်။

"အန်တီ! အန်တီ လိမ်တာ!"

"အဲဒါကို နည်းဗျူဟာလို့ခေါ်တယ်! ရှောင်ကျင်း အရမ်းတုံးတာပဲ!"

"ဟားဟားဟား၊ ရှောင်ကျင်း၊ ငါ မင်းအတွက် လက်စားချေဖို့ စောင့်နေ!"

...

ဂိမ်းကစားနေချိန်မှာ အချိန်တွေ မြန်မြန်ကုန်သွားသည်။ မကြာခင်မှာပင် မှောင်သွားပြီး နန်ယု အချိန်အားတစ်ချက်ကြည့်လိုက်သည်။

ညနေ ၆:၃၀ သို့ရောက်သော်

လီယွမ်မို အခုထိပြန်မလာသေးဘူးလား ??

သူမ သစ်သီးများနှင့် သရေစာများ စားထားသောကြောင့် ဗိုက်မဆာပေ။ သို့သော် ယနေ့မှာ လီရီပိုင်မွေးနေ့ပင်။

နန်ယု အချိန်ကြာလာသည်နှင့်အမျှ လီရီပိုင် ပိုပြီး အာရုံပျံ့လွင့်လာသည်ကိုတွေ့နေရသည်။ သူ အပြင်အားထပ်ခါထပ်ခါ ကြည့်နေပြီး ဂိမ်းထဲတွင်လည်း အမှားများ မကြာခဏလုပ်နေ သည်။

နောက်တစ်ချီပြီးသွားသည်။ လီရီပိုင် ဆက်ကစားရန်မရွေးတော့ဘဲ ခလုတ်အားချလိုက်ပြီး ထရပ်ကာ သူ့ခြေထောက်များကိုပုတ်လိုက်သည်။

"နန်ကျဲ၊ ရှောင်ကျင်း၊ အောက်ကိုဆင်းသွားရအောင်၊ အစ်ကိုကြီးလူဆိုးကြီးကို မစောင့်တော့ဘူး!"

"ရှောင်ပိုင်..."

ဖေးယွင်ကျင်းမှာ လီရီပိုင် ယခု မပျော်ဘူးဟုခံစားမိသည်။ သို့ သော် သူ့ကို ဘယ်လိုနှစ်သိမ့်ရမည်အား ခဏတာမသိခဲ့ပေ။

ဘာပဲဖြစ်ဖြစ်၊ ရှောင်ပိုင်က သူ့အစ်ကို သူ့မွေးနေ့အား အတူတူကျင်းပပေးဖို့ မျှော်လင့်နေခဲ့သည်။

သို့သော် နန်ယုမှာ ထိုအကြောင်းအား မသိသလိုပင်၊ သူ့ မျက် နှာပေါ်တွင် အပြုံးတစ်ခုဖြင့် "ကောင်းပြီ၊ နောက်မှ ဆက်ကစားကြမလား၊ အခု ငါ ပထမနေရာမှာ" ဟု ပြောလိုက်သည်။

လီရီပိုင်အာရုံမှာ ချက်ချင်းလွှဲသွားသည်။

"ဆက်ကစားမယ်၊ ကျွန်တော် နန်ကျဲကို အသာလေးအနိုင်ပေးထားတာ"

"လာ၊ ရှောင်ပိုင် မင်း အန်တီကိုအနိုင်ယူလိုက်!"

ဖေးယွင်ကျင်း သူ့သူငယ်ချင်းလေးအား ချက်ချင်းအားပေးလိုက်သည်။ သို့သော် သူ ပြောပြီးသည်နှင့် နန်ယု သူ့အား ကောက်ချီလိုက်သည်။

"ဟမ့် ? မင်း သစ္စာဖောက်လေး!"

ဖေးယွင်ကျင်း ချက်ချင်းအော်လိုက်သည်။

"ရှောင်ပိုင်၊ ငါ့ကို ကယ်ပါဦး!"

လီရီပိုင် ရယ်လိုက်သည်။

"ရှောင်ကျင်း၊ ငါ စောင့်နေမယ်!"

သို့သော် နောက်တစ်စက္ကန့်တွင်မူ နန်ယု သူ၏ကျန်လက်တစ် ဖက်အား အသုံးပြုပြီး သူ့ကိုလည်းကောက်ချီလိုက်သည်။ လူပုံသဏ္ဌာန် အဆင်တန်ဆာနှစ်ခုကဲ့သို့ပင် သူမ ခါးတွင်သိမ်းထားလိုက်သည်။

"ဟားဟားဟား"

ကလေးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

"အန်တီက အရမ်းတော်တာပဲ!"

ဖေးယွင်ကျင်း သူ့လက်များဖြင့် လက်ခုပ်တီးလိုက်သည်။

နန်ယု ပြုံးပြီးကလေးနှစ်ယောက်အား ချီထားရင်း အပေါ်အောက် နှစ်ကြိမ် ပေါ့ပေါ့ပါးပါးမြှောက်လိုက်၊ ချလိုက်လုပ်ပြီး ကစားလိုက်သည်။

"နူးညံ့တဲ့ကလေးနှစ်ယောက်၊ ငါ သူတို့ကို ဖမ်းပြီးစားတော့မယ်~"

"မဟုတ်ဘူး၊ မဟုတ်ဘူး! ကျွန်တော်က အရသာမရှိဘူး!"

နန်ယု၏ပျော်ရွှင်စရာ လုပ်ဆောင်ချက်ကြောင့် လီရီပိုင် သူ့အစ်ကို မွေးနေ့ပွဲမလာလို့ စိတ်မကောင်းဖြစ်နေသည်အား ခေတ္တခဏ မေ့သွားခဲ့သည်။

သူတို့သုံးယောက် ပျော်ရွှင်စွာဆုတောင်းလိုက်ကြပြီးနောက် ဖယောင်းတိုင်တွေအား မှုတ်ကာ ကိတ်မုန့်စားလိုက်ကြသည်။ လီရီပိုင် သူ့ hip-hop ကကွက်အသစ်အား လူတိုင်းအတွက် ပျော်ရွှင်စွာကပြလိုက်သည်။ ဘဲလေးဟု အမည်ပေးထားသော ဘဲမှာ သူတို့နှင့်အတူရှိနေသလိုမျိုး သူ့အတောင်ပံများအား ခတ်လိုက်သည်။ ထိုမြင်ကွင်းမှာ ရယ်စရာကောင်းပြီးစိတ်လှုပ် ရှားစရာကောင်းသည်။

ကပြီးတဲ့နောက်တွင် သူတို့ နွေးထွေးသော လက်ခုပ်သံများအားရရှိခဲ့ကြသည်။

ပြောရရင် ဖေးယွင်ကျင်း hip-hop အတန်းအနည်းငယ်အား တက်ခဲ့သည်မဟုတ်လား။

နန်ယု သူမအကြည့်အား လွှဲလိုက်သောအခါ ဖေးယွင်ကျင်း တစ်ခုခုကို ခံစားလိုက်ရသလိုမျိုး အနားယူနေသော လီရီပိုင်အား လျင်မြန်စွာပွေ့ဖက်လိုက်သည်။

"အန်တီ၊ ကျွန်တော် ရှောင်ပိုင်လို ကောင်းအောင်ကဖို့ ကြိုးစားပါ့မယ်!"

ဒါ ကလေးတွေရဲ့သဘာဝပဲလား ? သူ ဘာမှတောင် မပြောရသေးပေ!

သို့သော်လည်း သူ့ ဆွေမျိုးများရှေ့တွင် ကလေးတစ်ယောက်အားဝါကြွားခိုင်းခြင်းမျိုးမလုပ်ပေ။ စိုးရိမ်နေသော ဖေးယွင်ကျင်းအားကြည့်ပြီး နန်ယု ဖရဲသီးတစ်ဖဲ့ကို သူ့ပါးစပ်ထဲကစားရင်းထည့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ မင်းကို ဘာမှမတောင်းဆိုပါဘူး၊ ပျော်ပျော်ရွှင်ရွှင်သင်ရုံပဲ"

လိုအပ်သည့်အခါ နောက်ပြောင်နိုင်သည်၊ သို့သော် တစ်ခါတရံမှာတော့ အလေးအနက်ထားရမည်။ မဟုတ်ရင် ကလေးက ဒါကို အလေးအနက်ထားလျှင်ပြဿနာရှိနိုင်သည်။

လီရီပိုင် ပျော်ရွှင်စွာနှင့် သစ်သီးဝါးနေသောဖေးယွင်ကျင်းအား ကြည့်နေရင်း သူ့နှလုံးသားထဲတွင် မနာလိုစိတ်လှိုင်းတစ်ခုပေါ် လာသည်။

'နန်ကျဲက အရမ်းကောင်းတယ်၊ အရမ်းကြင်နာပြီးလှတယ် ငါ့ကျဲ ဖြစ်ရင်ကောင်းမယ်' ဟု တွေးလိုက်သည်။

သူ ဒီလိုတွေးနေတုန်းမှာ လီရီပိုင် ရုတ်တရက် တစ်ခုခု ခံစားလိုက်ရပြီး တံခါးအပြင်ဘက်အား လှည့်ကြည့်လိုက်သည်။

သေချာသည်မှာ စက္ကန့်အနည်းငယ်အကြာတွင် တံခါးပွင့်သွားပြီး လီယွမ်မို အရင်ဆုံးဝင်လာသည်။ သူ ချက်ချင်းဆိုသလိုတစ်ဝက်လောက်စားပြီးသား ကိတ်မုန့်နှင့် ပြီးသွားသောပန်း ကန်များအားမြင်လိုက်ရသည်။

"တောင်းပန်ပါတယ်" လီယွမ်မို ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့မျက်လုံးများအား လီရီပိုင်အရပ်နှင့်ညီအောင်ထားလိုက်သည်။

"ငါ နောက်ကျသွားတယ်"

နောက်ကျတာက နောက်ကျတာပဲ၊ လီယွမ်မို သူ ဘာလို့နောက် ကျလဲဆိုတာကိုရှင်းပြဖို့ အကြောင်းပြချက်များ ဘာတစ်ခုမှ ပေးခဲ့မည်မဟုတ်ပေ။

လီရီပိုင် မျက်တောင်ခတ်လိုက်သည်။

"ကိစ္စမရှိပါဘူး၊ ကျွန်တော် ကောကို ခွင့်လွှတ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ကောက ကျွန်တော့်ကောပဲလေ!"

ထိုသို့ပြောပြီးနောက် သူ လက်ဆန့်လိုက်ပြီး အစ်ကိုတစ်ယောက်လို လီယွမ်မို ပခုံးအားပုတ်လိုက်သည်။

ယနေ့မွေးနေ့အား သူ တစ်ယောက်တည်းကုန်ဆုံးခဲ့လျှင် လီရီပိုင်တကယ်ဝမ်းနည်းနေနိုင်သည်။ သို့သော် ရှောင်ကျင်းနှင့် နန်ကျဲ ရှိနေသောကြောင့် အရာများမှာ အများကြီးပိုကောင်းလာသည်။

သူ ငယ်သော်လည်း လီယွမ်မို တကယ်ကိုကြိုးစားလုပ်ဆောင်နေသည်အား သူ နားလည်သည်။ နောက်ပြီး သူ့ကော၏ကိုယ် ရည်ကိုယ်သွေးအရ သူ အရေးကြီးလုပ်စရာတစ်ခုခုသာမရှိခဲ့လျှင် သေချာပေါက်နောက်ကျမည်မဟုတ်ပေ။

"ကျွန်တော် ကိတ်မုန့်တစ်ဖဲ့ ကောအတွက် သိမ်းထားတယ်၊ ကော အကုန်စားရမယ်!"

ထိုသို့ ဆင်ခြင်တုံတရားရှိသော လီရီပိုင်နှင့်ရင်ဆိုင်ရသောအခါ အမြဲတမ်း မျက်နှာတည်နေသည့် လီယွမ်မိုတောင်မှနည်းနည်း ပျော့ပျောင်းသွားသည်။

သူ လီရီပိုင်၏လက်အားဆွဲပြီး ထမင်းစားပွဲဆီသို့လမ်း လျှောက် သွားခဲ့သည်။ ပန်းကန်အားယူလိုက်ပြီး နန်ယုမျက်နှာလောက်ရှိသော ကိတ်မုန့်တစ်ဖဲ့ကို လျင်မြန်စွာစားလိုက်သည်။

တကယ်တော့ မင်း မပင်ပန်းဘူးလား ??

နန်ယု လီယွမ်မိုအား နတ်ဘုရားတစ်ပါးလိုကြည့်နေတုန်းမှာပင် သူ့အကြည့်မှာ သူမနှင့် ဆုံသွားရသည်။

"မစ်နန်ကျဲ၊ ခင်ဗျားနဲ့ ခင်ဗျားတိတိတို့ ရီပိုင်ရဲ့မွေးနေ့ကိုကျင်း ပပေးတဲ့အတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်"

လီယွမ်မို အနည်းငယ်ဦးညွှတ်လိုက်ပြီး သူ့ပုံစံမှာ ရိုးသားသည်။

နန်ယု ပုံမှန်အတိုင်းပဲ လက်ဝှေ့ယမ်းပြလိုက်သည်။

"ရပါတယ်! ရီပိုင်နဲ့ အတူတူကစားရတာ အရမ်းပျော်ဖို့ကောင်းတယ်၊ ဟုတ်တယ်မလား ရှောင်ကျင်း"

ဖေးယွင်ကျင်း လီယွမ်မိုအားမော့ကြည့်လိုက်သည်။

"ဟုတ်တယ် ကော၊ ကောနောက်ကျတယ်၊ ဒါပေမဲ့ ကောအမှားကိုဝန်ခံပြီး ပြင်တာကောင်းတယ်"

ထိုသို့ ကလေးဆန်သည့်စကားများကြောင့် လီယွမ်မို နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားသည်။

"ကျေးဇူးတင်ပါတယ်"

သူပြောပြီးနောက် နောက်မှလက်ထောက်အား လက်ဟန်ပြလိုက်ရာ ပုံးကြီးတစ်ပုံးကို ယူလာခဲ့သည်။

"ဒါ မင်းအတွက်လက်ဆောင်၊ ကြိုက်ရဲ့လား"

လီရီပိုင် မျက်လုံးများ လင်းလက်သွားပြီး သူ ချက်ချင်းပင် ဖေးယွင်ကျင်းလက်အား ဆွဲယူကာ ပုံးဆီသို့ ပြေးသွားသည်။ သူတို့နှစ်ယောက် ပြီးပြည့်စုံသော သဟဇာတမှုနှင့် ပုံး၏အဖုံးအား တစ်ယောက်စီ မြှောက်လိုက်ကြသည်။ ပြီးနောက် လက် ဆောင် ဘာလဲဆိုတာကြည့်ဖို့ ခြေဖျားထောက်လိုက်ကြသည်။ နောက်တစ်စက္ကန့်မှာ...

ကလေးနှစ်ယောက်၏လှုပ်ရှားမှုများမှာ ပြီးပြည့်စုံစွာ တစ်ထပ်တည်းဖြစ်နေသည်။

"ဝိုး!"

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ နှစ်ယောက်စလုံး ပုံးထဲသို့ကြည့်ပြီး အံ့အားသင့်စွာဖြင့် ပါးစပ်များကျယ်သွားခဲ့သည်။

"ခွေးလေး! ခွေးလေး!"

လက်ထောက်သည် ကိုယ်ကိုကိုင်းလိုက်ပြီး ပုံးထဲမှ ခွေးက လေးတစ်ကောင်အား လက်နှစ်ဖက်ဖြင့်ကိုင်ကာ ကလေးနှစ်ယောက်ထံ ယူလာပေးခဲ့သည်။

"သခင်လေး၊ ဒါက Border Collie ပါ၊ အရမ်းလိမ္မာတဲ့ခွေးအမျိုးအစားပါ၊ ပွတ်ပေးလို့ရပါတယ်"

ထိုအချိန်တွင် လီရီပိုင် ခွေးကြီးတစ်ကောင် လိုချင်သည့် သူ့ဆန္ဒအား လုံးဝမေ့သွားခဲ့သည်။ သူ့လက်ကလေးမှာ ခွေးက လေး၏ဝတုတ်သောခေါင်းလေးအား လျင်မြန်စွာထိလိုက်သည်။

သူ ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကိုယ်ခန္ဓာတစ်ခုလုံး သန့် စင်သွားသလို ဖြစ်သွားပြီး သူ့မျက်လုံးများမှာလည်းတောက်ပလာသည်။ ထို Border Collie ခွေးကလေးသည် သူ့ခေါင်းအား မြှောက်လိုက်ပြီး လီရီပိုင် လက်ကလေးကို လျှာဖြင့်လျက်လိုက်ပြီး အလွန်စိတ်အားထက်သန်နေသည်။

"ရှောင်ကျင်း၊ ရှောင်ကျင်း၊ ပွတ်ပေးပါဦး၊ အရမ်းချစ်စရာကောင်းတယ်!"

လက်ထောက်သည် ပြုံးပြီး ခွေးကလေးအား ချပေးလိုက်သည်။ တက်ကြွသော ခွေးကလေးမှာ ချက်ချင်းပင် သူ့အမြီးကို နှံ့ကာ သူ့အား အာရုံစိုက်ပြီး စိုက်ကြည့်နေသော သခင်လေးနှစ်ယောက်ကို ဝိုင်းပတ်လိုက်သည်။ ထို့ကြောင့် လီရီပိုင်နှင့် ဖေးယွင်ကျင်းတို့ သဘောကျပြီး တခစ်ခစ်ရယ်မောနေကြသည်။

နန်ယု ခွေးကလေးထံတွင် လုံးဝနစ်မြောနေသော ကလေးနှစ်ယောက်အားကြည့်နေပြီး လီယွမ်မိုဆီသို့ တိတ်တိတ်လေး လျှောက်သွားခဲ့သည်။ သူမ အသံကိုနှိမ့်ကာပြောလိုက်သည်။

"ရှင့်လက်မောင်းပေါ်က ဒဏ်ရာကိုမြန်မြန်ကုလိုက်ပါ၊ ကျမ ဒီကနေ သူတို့ကို ကြည့်နေလိုက်မယ်"

လီယွမ်မိုအကြည့်မှာ ချက်ချင်းပင် နန်ယုပေါ်သို့ ကျရောက်လာသည်။ သူမ သူ့အကြည့်အား ရဲရဲဝံ့ဝံ့ပြန်ကြည့်လိုက်ပြီး မျက် လုံးများမှာလည်း ပွင့်ပွင့်လင်းလင်းနှင့်မကြောက်မရွံ့ရှိသည်။

လီယွမ်မို အခုလေးတင်ပြန်လာသောအခါ နန်ယု သူ့လက်မှာ မှားယွင်းသည့်ပုံစံဖြင့် လှုပ်ရှားနေသည်အား သတိထားမိခဲ့သည်။ ထို့အပြင် သူ့လက်ယာဘက်လက်ဖြင့် လီရီပိုင်အား ကိုင်တာက ပိုပြီးအဆင်ပြေမည်ဆိုသည်မှာ ရှင်းနေသော်လည်း သူ့ဘယ်ဘက်လက်အားပြောင်းပြီး အသုံးပြုခဲ့သည်။

လီရီပိုင် သူ့ပခုံးအားပုတ်လိုက်သောအခါ သူ့အမူအရာမှာ သိပ်မပြောင်းလဲခဲ့ပေ။ သို့သော် သူ့ကိုယ်ခန္ဓာ၏တုံ့ပြန်မှုမှာ တစ်ခါ တလေ ဖုံးကွယ်ရတာခက်ခဲသည်။ ဤအရာများအား သတိ ထားမိပြီးနောက် နန်ယု လီယွမ်မို၏ညာဘက် လက်မောင်းပေါ်သို့ အာရုံစိုက်လိုက်သည်။

သူ့အဝတ်အစားများမှာ အသစ်ဖြစ်ရမည်။ ပြီးတော့ အနက်ရောင်မှာ အရာများစွာအား ပြီးပြည့်စုံစွာဖုံးကွယ်နိုင်သည်။ သို့သော် ၎င်းမှာ နန်ယု၏ပြင်းထန်သော အနံ့ခံနိုင်စွမ်းမှမလွတ် မြောက်နိုင်ခဲ့ချေ။ ၎င်းမှာ သံချေးနံ့ အနည်းငယ်ဖြစ်သည်။

ရိုးရိုးသားသားပြောရရင် လီယွမ်မိုနှင့် နန်ယုတို့မှာ လုံးဝရင်းနှီးမှုမရှိပေ။ ဤတစ်ကြိမ်အပါအဝင် သူတို့နှစ်ကြိမ်သာ တွေ့ဖူးပြီး သူမကလည်း ကြားဝင်စွက်ဖက်တတ်သောသူ မဟုတ်ပါ။ သို့သော်... နန်ယု ပျော်ရွှင်နေသော လီရီပိုင်အားတစ်ချက်ကြည့်လိုက်သည်။ အစ်ကိုကောင်းတစ်ယောက်၊ သူ စိတ်အနှောင့်အ ယှက်ဖြစ်မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား ??

"ကျေးဇူးတင်ပါတယ်"

လီယွမ်မို အသံမှာ နန်ယု နားနား၌ အလွန်တိုးလျစွာနိမ့်သည်။ သူသည် သူ့ရှေ့မှ နန်ယုအား တည်ငြိမ်စွာကြည့်လိုက်ပြီးနောက် တိတ်ဆိတ်စွာဖြင့် အခြားတစ်ဖက်မှထွက်ခွာသွားခဲ့သည်။ သူ့ဒဏ်ရာများမှာ တကယ်ပင် မြန်မြန်ကုသရန်လိုအပ်သည်။ သို့ သော် အဆိုးဆုံးဒဏ်ရာမှာ သူ့လက်မောင်းပေါ်၌မဟုတ်ဘဲ၊ သူ့ရင်ဘတ်ပေါ်ဖြစ်သည်။ လီယွမ်မို ယခု ရှူလိုက်သောလေတိုင်း သည်ပင် သာမန်လူများအား နာကျင်မှုကြောင့် အော်ဟစ်စေနိုင်သည်။ သို့သော် သူသည် ဘာမှမဖြစ်သလို ပြုမူခဲ့သည်။ သို့သော် သူ့စိတ်ထဲတွင် လျှို့ဝှက်စွာကျိန်ဆိုလိုက်သည်။

ကားမတော်တဆမှု နောက်ကွယ်ကလူတွေကို သူ တစ်ယောက်မှအလွတ်မပေးဘူး!

"အန်တီ၊ လာပြီး ရှောင်ယွမ်ကို ထိကြည့်ပါဦး"

သူတို့ နာမည်ကို ဒီလောက်မြန်မြန် ရွေးလိုက်ကြပြီလား ??

နန်ယု ပြုံးပြီး သူတို့ဘေးသို့ လျှောက်သွားလိုက်သည်။ ကိုယ်ကိုကိုင်းပြီး ခွေးကလေး၏ခေါင်းအားထိလိုက်သည်။ အမွှေးများမှာ ကိုင်လို့ကောင်းသည်ဟု ခံစားရသည်။

"ဟမ် ? မင်းရဲ့ကော ဘယ်မှာလဲ"

ထိုအချိန်၌ လီရီပိုင်သည်လည်း လီယွမ်မို ရုတ်တရက်ပျောက်ကွယ်သွားသည်အား သတိထားမိလိုက်သည်။ သူ ထပြီး ရှာဖို့လုပ်တော့ နန်ယု ပြောလိုက်သည်။

"မင်းကော အိမ်သာသွားတယ်၊ မကြာခင် ပြန်လာလိမ့်မယ်"

ရီပိုင် မတုံ့ပြန်ခင်မှာပင် သူမ စကားအားချက်ချင်းပင် ခွေးက လေးဆီ ပြန်ပို့လိုက်သည်။

"ဒီလိုခွေးမျိုးက အရမ်းလိမ္မာတယ်လို့ ငါ ကြားတယ်၊ မင်းတို့ ကောင်းကောင်းမွေးရင် ရီပိုင်နဲ့ ရှောင်ကျင်းထက်တောင် လိမ္မာလိမ့်မယ်!"

"မဖြစ်နိုင်ဘူး!"

ကလေးနှစ်ယောက် တကယ်ပင် စိတ်ဝင်စားသွားပြီးတစ်ပြိုင် နက်တည်း ငြင်းဆိုလိုက်ကြသည်။

ဖေးယွင်ကျင်း ခွေးကလေးအားကောက်ယူပြီး မယုံကြည်နိုင်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။

"ရှောင်ယွမ်?"

"ဝုတ်!"

ခွေးကလေးမှာ သူ့အားခေါ်နေသည်ကို နားလည်သွားပုံရပြီး ချက်ချင်းတုံ့ပြန်လိုက်သည်။

၎င်းမှာ လီရီပိုင်၏မျက်လုံးများအား ပြူးသွားစေသည်။

"ရှောင်ယွမ်၊ လက်ဆန့်လိုက်"

ဤတစ်ကြိမ်တွင်မူ ရှောင်ယွမ် အူလိုက်ရုံသာရှိပြီး မည်သည့်တုံ့ပြန်မှုမျှမရှိခဲ့ပေ။

ကလေးနှစ်ယောက် သက်ပြင်းချလိုက်သည်။

"အန်တီ လိမ်နေတာ!" "ကျဲ လိမ်နေတာ" သံပြိုင်ထွက်ပေါ်လာကြသဖြင့် နန်ယု ရယ်လိုက်သည်။

"သူက အခုငယ်သေးလို့လေ၊ မင်းတို့ လအနည်းငယ်အရွယ်တုန်းကလည်း ဘာမှမသိခဲ့ကြဘူး၊ နောက်နှစ်အနည်းငယ်၊ ဒါမှမဟုတ် လအနည်းငယ်အတွင်းဆိုရင် ရှောင်ယွမ်က အရမ်းလိမ္မာလာလိမ့်မယ်"

"သူက လက်ဆွဲနှုတ်ဆက်ရုံတင်မကဘူး၊ ရေတွက်တတ်ပြီး တစ်ပေါင်းတစ်က ဘာနဲ့ညီလဲဆိုတာတောင် သိတယ်"

"တကယ်လား"

နန်ယု သူ့ရှေ့မှ မျက်လုံးပြူးနေသော ကလေးနှစ်ယောက်အား ကြည့်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။

"တကယ်! မယုံရင် လက်ထောက်ရှုကိုမေးကြည့်!"

လက်ထောက်ရှုပြုံးပြီး ခေါင်းညိတ်လိုက်ရုံသာရှိတော့သည်။

"နန်ကျဲ ပြောတာမှန်တယ်၊ သူ ကလေးတွေကိုမလိမ်နိုင်ပါဘူး!"

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ ယခု ရှောင်ယွမ်အားပိုပြီးစိတ်ဝင် စားနေကြသည်။ သူတို့ ရှောင်ယွမ်နှင့်ဘဲလေးအားတစ်ယောက် စီကိုင်ထားပြီး ခန်းမ၏ကြမ်းပြင်ပေါ်တွင်လှဲအိပ်ကာ သူတို့ကို ပြိုင်ပွဲလုပ်ခိုင်းလိုက်သည်။

ကံကောင်းစွာဖြင့် ကော်ဇောမှာ ကြမ်းပြင်အား နွေးထွေးနေစေသည်။ နန်ယုလည်း ကလေးများ တစ်ခါတရံ ဆိုးတာ ကိစ္စမရှိဘူးဟု ခံစားရသည်။ သူမ လက်ထောက်ရှု၏တားမြစ်မှုအား ရပ်လိုက်ပြီး ခွေးကလေးအတွက်အားပေးရန် သူတို့နှင့်အတူ ပါဝင်ခဲ့သည်။

ထိုသို့ အကြိမ်ပေါင်းများစွာ ကစားပြီးနောက် ကလေးနှစ်ယောက်မှာ မောပန်းပြီး ချွေးများထွက်နေကြသည်။

နန်ယု လက်ကိုင်ပဝါကိုထုတ်လိုက်ပြီး ကလေးနှစ်ယောက် ၏ချွေးများအား ပြုံးကာသုတ်ပေးလိုက်သည်။

"ပြိုင်နေတာ သူတို့လား၊ မင်းတို့လား ? လက်ဆန့်လိုက်ကြ"

သူမရှေ့တွင် လက်လေးဖက် ပေါ်လာသည်။

ထိုအချိန်၌မူ နန်ယုသည် လီရီပိုင်မျက်လုံးများထဲတွင် နူးညံ့သောအလင်းရောင်ရှိနေဟန်တူသည်။ ထို့ကြောင့် သူ ရုတ်တ ရက်ပြောလိုက်သည်။

"နန်ကျဲ၊ ကျွန်တော့်ကောနဲ့ လက်ထပ်လို့ရမလား ?"

All Chapters