အခန်း (၂၁)
Vol. 3 Ch. 21
နန်ယု ဖေးအိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စအား ကြိုတင်သိရှိပြီးဖြစ်သည်။ ယခင်ဘဝကလည်း ထိုအတိုင်းပင် ဖြစ်ပျက်ခဲ့ဖူးသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ယခုတစ်ကြိမ်တွင် သူမ သတင်းအား ပိုစောစောသိလိုက်ရခြင်းပင်။ မူလအချိန်ဇယားအရဆိုလျှင် တစ်စုံတစ်ယောက်သည် နန်ယုအား ည ၈ နာရီခန့်တွင် အကြောင်းကြားခဲ့မည် ဖြစ်သည်။ သူမ ဖေးယီကျန့် အန္တရာယ်ဖြစ်သွားမည်အား ကြောက်ရွံ့ပြီး စိုးရိမ်ခဲ့သည်။ ကံကောင်းစွာပင် ပစ္စည်းများဆုံးရှုံးသွားသော်လည်း သူ့အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။ ထို့အပြင် ဤဖြစ် ရပ်ကြောင့် ဖေးယီကျန့် ခဏတာအိမ်သို့ ပြန်လာခဲ့ရာ နန်ယု ထိုဖြစ်ရပ်အတွက်ပင် ကျေးဇူးတင်စိတ်ဖြစ်ပေါ်ခဲ့ရသည်။
ရက်အနည်းငယ်ကြာပြီးနောက် ဖေးယီကျန့် ကွယ်လွန်ခဲ့သော် လည်း အနည်းဆုံးတော့ သူတို့နှစ်ဦးတွေ့ဆုံခဲ့ကြသည် မဟုတ်ပါလား ? နန်ယု အခြားသူများရှေ့တွင် မာနကြီးပြီးဆတ်ဆတ်ထိမခံသူဖြစ်သော်လည်း ဖေးယီကျန့်ရှေ့တွင်မူ အရှက်အ ကြောက်ကင်းမဲ့ကာ အလွန်အမင်းကိုယ်ကိုနှိမ့်ချတတ်သူ ဖြစ် သည်။
သို့သော် နှလုံးအစားထိုးကုသပြီးနောက် နန်ယု လုံးဝစိတ်မဝင်စားတော့ပေ။ ထိုညတွင် ဖေးရှင်းလင် ဖေးယွင်ကျင်းအား အိမ်ဟောင်းသို့ ခေါ်လာရန် ပြောကြားသောအခါ နန်ယု ပြတ် ပြတ်သားသားငြင်းပယ်ခဲ့သည်။
သူမ ဘာကြောင့်ပြန်သွားရမည်နည်း ??
နန်ယုနှင့် ဖေးယွင်ကျင်းတို့ ဤကိစ္စတွင် ကူညီနိုင်စွမ်းမရှိပေ။ ထိုသို့ဆိုလျှင် အိမ်ဟောင်း၏ စိတ်ဓာတ်ကျဖွယ်ရာလေထုအား ခံစားဖို့ ပြန်သွားရန်မလိုအပ်ပေ။
၎င်းမှာ ပြဿနာကိုရှာခြင်းသာ ဖြစ်သည်။
ဖုန်းတစ်ဖက်မှ ဖေးရှင်းလင်၏အသံသည် ဒေါသထွက်နေကြောင်း သိသာစွာပေါ်လွင်နေသည်။
"မဒမ်ဖေး၊ ဒါ ဖေးမိသားစုရဲ့ကိစ္စပါ၊ ဖေးမိသားစုဝင်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် မသက်ဆိုင်သလို နေနိုင်ရတာလဲ"
နန်ယု မျက်လုံးလှိမ့်လိုက်သည်။
"ကျွန်မ မသက်ဆိုင်သလိုမနေပါဘူး၊ ဖေးမိသားစုက အလှူငွေ လိုအပ်ရင် နန်မိသားစုက လှူဒါန်းဖို့ဆန္ဒရှိတယ်လို့ ကျွန်မေကာကတောင် ပြောခဲ့ပါသေးတယ်"
"ဟီး-ဟီး-ဟီး..."
ဖေးရှင်းလင် နေရာ၌ပင် အသက်ရှူမှားသွားသည်။
ဖေးမိသားစု ဒေဝါလီခံရမည်ဆိုလျှင်တောင်...ပင်ပန်းဆင်းရဲစွာတောင်းစားရမည်ဆိုလျှင်တောင်... နန်မိသားစုထံမှတစ်ပြား တစ်ချပ်မှ လုံးဝယူမည်မဟုတ်ပေ။
အငတ်ခံ၍သေရခြင်းမှာ အသေးအမွှာကိစ္စ၊ ကိုယ့်ဂုဏ်သိက္ခာကို စွန့်လွှတ်ရခြင်းသည် ကြီးလေးသောကိစ္စဖြစ်သည်။
သို့သော် နန်ယု၏ သွယ်ဝိုက်သော "လှောင်ပြောင်မှု" အား ရင် ဆိုင်ရသောအခါ ဖေးရှင်းလင် သူ့ဂုဏ်သိက္ခာအရ ပယ်ပယ် နယ်နယ် ဆဲဆိုနိုင်ခြင်းမရှိပေ။ သူ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန်အတွက် အသက်အား နှစ်ကြိမ်မျှ ပြင်းပြင်းရှူသွင်းပြီးမှ ဆက်ပြောသည်။
"အိမ်တော်သခင် သဘက်ခါ တရုတ်ပြည်ကိုပြန်ရောက်ပါလိမ့်မယ်၊ မဒမ်ဖေး မလာဘူးလား"
နန်ယု ပတ်ဝန်းကျင်ရှိ လူများ၏ထက်ဝက်နီးပါးမှာ သူမ ဖေးယီကျန့်အား ရူးရူးမူးမူးစွဲလမ်းခဲ့သည်ကို သိကြ၏။ ခုနစ်နှစ်တာ ချစ်ခြင်းမေတ္တာသည် ထိုမျှလွယ်ကူစွာ အဆုံးသတ်နိုင်မည် မဟုတ်ပေ။ နန်ယု၏လက်ချက်ကြောင့် အနည်းငယ်သော အခက်အခဲများအား ခံစားခဲ့ရဖူးသော်လည်း ဖေးရှင်းလင် နန်ယု ဖေးယီကျန့်အား စိတ်ရင်းမှန်ဖြင့်စွန့်လွှတ်ပြီဟုမထင်မှတ်ခဲ့ပေ။
အိမ်တော်သခင်ပြန်လာသောအခါ နန်ယု ပြန်မလာဟု သူ ယုံ ကြည်မည်မဟုတ်ပေ။
သို့သော် နန်ယုကမူ ဂရုမစိုက်ပေ။
"အိုး ကောင်းပြီ၊ သူ လာချင်ရင် ကြိုဆိုပါတယ်၊ ကျွန်မနဲ့ ရှောင်ကျင်းကိုလာတွေ့ချင်ရင်တော့ ကြိုတင်ဆက်သွယ်ဖို့ မမေ့ပါနဲ့ မဟုတ်ရင် သူ ဝင်လာနိုင်မှာမဟုတ်ဘူး"
ဖေးရှင်းလင် စကားမပြောနိုင်တော့ပေ။ သူသာ ဆက်ပြောပါက နန်ယု ဒေါသထွက်မည်ကိုကြောက်ရွံ့သွားသည်။
သူ ဖုန်းအား အလျင်အမြန်ချလိုက်ပြီး ယခုဖြစ်ခဲ့သည့် မတော် တဆမှု၏နောက်ဆက်တွဲများကို ဆွေးနွေးရန်ဖြစ်နိုင်သည်။
ဖုန်းချလိုက်သည်နှင့်တစ်ပြိုင်နက် နန်ယု ဖေးယီကျန့်နှင့် နောက်ဆုံးတွေ့ဆုံခဲ့သည့်အကြောင်းအား တွေးမိသည်။ သူမပြောစရာရှိသည်များကို အားလုံးပြောပြီးဖြစ်ရာ သူသည်လည်း သူမအား အနှောင့်အယှက်ပေးမည့်ပုံ မပေါ်ပေ။ သို့သော် သူသာ လာခဲ့လျှင် ဧည့်သည်တစ်ဦးကဲ့သို့ သဘောထားလိုက်ရုံပင်။
ဖေးယီကျန့် သူမအား ကောင်းမွန်သော အထင်အမြင် မပေးခဲ့ပေ။ ဖြစ်နိုင်လျှင် နန်ယု သူ့နှင့် ထိတွေ့ဆက်ဆံလိုခြင်း လုံးဝမရှိပေ။
သို့သော် သူတို့သည် လက်ထပ်ထားဆဲဖြစ်သောကြောင့် လုံးဝရှောင်ရှားရန်မှာ လက်တွေ့မကျပေ။
ထို့အပြင် ဖေးယီကျန့် သူ့ယောက်ဖနန်ကျီ၏ မင်္ဂလာဆောင်အား တက်ရောက်ရမည်ဖြစ်သည်။ မဟုတ်ပါက သူမနှင့် ဖေးယီကျန့်တို့၏ကွာရှင်းမှုသတင်းမှာ ထိုညတွင် ခေါင်းကြီးပိုင်းသတင်းဖြစ်လာမည်ဖြစ်သည်။
ယခုအချိန်ထိပင် ဖေးယီကျန့်နှင့် နန်ယုတို့အကြောင်းအား ပြင်ပမီဒီယာများမှ ကောလာဟလအဖြစ် "စွမ်းအားကြီးမားသော ပေါင်းစည်းမှု" နှင့် "ရွှေစုံတွဲ" အဖြစ် ဖော်ပြကြသည်။ အချို့ကမူ မိထွေးဖြစ်ရခြင်းမှာ မည်မျှခက်ခဲပုံနှင့် သူမ မည်မျှမျက် ရည်ကျနေပုံကိုပင် ကောလာဟလပြောဆိုနေကြသည်။
ထိုအရာများမှာ ကြည့်ရှုသူများအား ဆွဲဆောင်ရန်အတွက်သာ ဖြစ်သည်။
လူအများစုမှာ ချမ်းသာသောမိသားစုများ၏ အရေးကိစ္စများအပေါ် စပ်စုချင်စိတ်ရှိကြသည်မှာ သဘာဝဖြစ်ပြီး ဖေးယီကျန့်နှင့် နန်ယုတို့၏ ရုပ်ရည်သွင်ပြင်တို့နှင့် ပေါင်းစပ်လိုက်သော အခါ ကြည့်ရှုသူများအားဆွဲဆောင်ရန် အသေအချာဆုံးသောနည်းလမ်းဖြစ်သည်။
နန်ယု ယခင်က လူမှုကွန်ရက်အကောင့်တစ်ခု ဖွင့်ခဲ့ပြီး ဓာတ်ပုံအနည်းငယ်နှင့် ကြည့်ရသည်မှာ ငြိမ်းချမ်းပုံရသော်လည်း တကယ်တမ်းတွင် ကြွားလုံးထုတ်သော ပုံများနှင့် ပို့စ်အချို့ကို တင်ခဲ့သည်။ ယခုဆိုလျှင် သူမထံ ဖော်လိုဝါတစ်သန်းနီးပါးရှိနေပြီး နေ့စဉ်နှင့်အမျှ လူများမှာ ထူးဆန်းသော မေးခွန်းများဖြင့် ပို့စ်တင်ခြင်း သို့မဟုတ် သီးသန့် မက်ဆေ့ခ်ျများပေးပို့နေကြသည်။
အချို့ကမူ သူမအား တိုက်ရိုက် ဝေဖန်ကြကာ “ဒီလောက်ချမ်း သာပြီး ဘာလို့အလှူမလုပ်တာလဲ”၊ “ဒီလောက်ပိုက်ဆံတွေနဲ့ အခွန်ရှောင်နေတာဖြစ်ရမယ်” စသဖြင့် မေးခွန်းထုတ်ကြသည်။
ထိုသို့သော အကျင့်ပျက်မီဒီယာများနှင့် ကောလာဟလပြော ဆိုသူများမှာ နန်မိသားစု၏ရှေ့နေများထံမှ နောက်နေ့တွင် အကြောင်းကြားစာ လက်ခံရရှိတတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုအမှုများမှာ အသရေဖျက်မှုနှင့် သက်ဆိုင်ပြီး နန်မိသားစု၏ရှေ့နေများမှာလည်း သာမန်မဟုတ်သောကြောင့်ပင်။
သို့သော်လည်း ထိုကဲ့သို့သော အခြေအမြစ်မရှိသည့်၊ လူအထင်အမြင်လွဲမှားစေသည့် သတင်းအချက်အလက်များအား လုံးဝပိတ်ပင်ရန်မှာ ခက်ခဲလှသည်။ နိုင်ငံတော်မှ တရားမဝင် “ပြည်သူ့အမြင်ကို ထိန်းချုပ်ခြင်း” ကွန်ရက်များအား နှိမ်နင်းနေသဖြင့် နန်မိသားစုရော ဖေးမိသားစုပါ ထိုလမ်းကြောင်းကို ဆန့်ကျင်ရန် ဆန္ဒမရှိကြပေ။
နန်ယု သူတို့၏ကွာရှင်းမှုမှာ မည်သို့ပင်ဆိုစေ လူပြောများသော အကြောင်းအရာတစ်ခုဖြစ်လာမည်ဟု စိတ်ကူးမိနေခဲ့သည်။
သူမ အကောင်းဆုံးပြင်ဆင်ထားသော မိတ်ကပ်ဖြင့်လှပနေအောင် ပြင်ဆင်ရမည်။ သတင်းများအား မထိန်းချုပ်နိုင်သော် လည်း သတင်းများတွင် သူမ ပုံရိပ်မှာကြည့်ကောင်းနေရမည်။
ဖေးယီကျန့် တရုတ်ပြည်သို့ ပြန်လာသည့် နောက်တစ်နေ့တွင် နန်ယု သူ့ထံမှ တွေ့ဆုံရန် တောင်းဆိုချက်အားလက်ခံရရှိခဲ့၏။ သူသည် နန်ယုနှင့် ဖေးယွင်ကျင်းတို့အား အပြင်ဘက်စား သောက်ဆိုင်တစ်ခုတွင် တွေ့ဆုံရန်စီစဉ်ခဲ့ရာ၊ အချိန်အကြာကြီး အတူမရှိချင်ပုံပေါ်သည်။
၎င်းမှာ ရိုးရှင်းသည့် ညစာစားပွဲတစ်ခုသာဖြစ်ပြီး နန်ယု ကြောက်ရွံ့ခြင်းမရှိပေ။
"ရွှမ်ရွှမ်၊ ယွင်ကျင်း"
တိတ်ဆိတ်ပြီး လှပသော သီးသန့်အခန်းထဲသို့ ဝင်လာသောအ ခါ ဖေးယီကျန့် တစ်ဦးတည်းထိုင်လျက်စောင့်နေသည်အား တွေ့ရသည်။
ပရောဂျက်သည် သူ့အားလုံးဝထိခိုက်မှုမရှိပုံပေါ်သည်။ သူ့မျက်နှာပေါ်ရှိအပြုံးမှာ အရင်အတိုင်းပင်ရှိပြီး၊ နိုင်ငံခြားခရီးမှ ပြန်လာသလိုမျိုး ပုံပေါ်နေသည်။
အခြားအရာမရှိလျှင်တောင် သူ့စိတ်ဓာတ်ကြံ့ခိုင်မှုမှာ အံ့မခန်းပင်။
နန်ယု ဖေးယွင်ကျင်းအား ခေါ်ကာ ဖေးယီကျန့်၏မျက်နှာချင်း ဆိုင်တွင် ထိုင်လိုက်သည်။ စားပွဲမှာ မကြီးသောကြောင့် သူတို့ သိပ်မဝေးကြပေ။
"ဘာကြိုက်လဲ၊ မှာလိုက်လေ၊ ဒီကစားဖိုမှူး ချက်တာတော် တော်ကောင်းတယ်"
နန်ယု မရှက်မကြောက်ပင် မီနူးအား ကောက်ကိုင်ကာ ဖေးယွင်ကျင်းနှင့် စကားပြောရင်း လေ့လာသည်။ သူမ ဟင်းပွဲအချို့အား အမြန်ရွေးချယ်လိုက်ပြီး အချိုပွဲနှစ်မျိုးကိုပါ ထည့်သွင်းလိုက်ရာ၊ ၎င်းတို့မှာ သူတို့အကြိုက်များသာ ဖြစ်ပြီး ဖေးယီကျန့်အကြိုက်အား လုံးဝထည့်သွင်းစဉ်းစားခြင်းမရှိပေ။
သူသည် မိမိဘာသာမှာနိုင်လောက်အောင် အရွယ်ရောက်နေပြီဖြစ်သလို ဖေးမိသားစုသည်လည်းဒေဝါလီခံတော့မည်မဟုတ်။ ထို့ကြောင့် မလိုအပ်သည့် ယဉ်ကျေးမှုမျိုးမှာ နန်ယု၏အဘိဓာ န်တွင် မရှိပေ။
မကြာမီ စားပွဲထိုးတစ်ဦး ရောက်လာပြီး မီနူးများအား ယူသွားသောအခါ သီးသန့်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားပြန်သည်။
အစားအစာစောင့်ဆိုင်းနေစဉ် ဖေးယီကျန့် ထရပ်ကာ အခန်းဘေးရှိ လက်ဖက်ရည်စားပွဲဆီသို့ လျှောက်သွားသည်။ သူသည် စားသောက်ဆိုင်မှ ကြိုတင်ပြင်ဆင်ထားသော လက်ဖက် ခြောက်နှင့် အခြားပစ္စည်းများအားကောက်ယူပြီး ချောမွေ့လှပသည့် အပြုအမူများဖြင့် လက်ဖက်ရည်စတင်ဖျော်နေသည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ချောမွေ့ပြီးအပြစ်အနာအဆာမရှိပေ။
သူ၏မွေးရာပါ ဂန္ထဝင်ဆန်သည့် ဟန်ပန်မှာ ထိုမြင်ကွင်းတစ်ခုလုံးအားကြည့်ရှုရန် အလွန်နှစ်လိုဖွယ်ဖြစ်စေသည်။
နန်ယု ပွင့်ပွင့်လင်းလင်းနှင့် ယုံကြည်မှုရှိစွာ ကြည့်နေခဲ့ပြီး ဖေးယီကျန့် နောက်ဆုံးအဆင့်ကို ပြီးဆုံးကာ သူမအားပြန်ကြည့်သောအခါ ရှောင်တိမ်းခြင်းမရှိပေ။
ထို့အပြင် သူမ လက်နှစ်ဖက်အား နှစ်ကြိမ်ရိုက်ပြီး “တော်တော်ကောင်းတာပဲ” ဟု ပြောလိုက်သည်။
သူ့ဘေးတွင် ရပ်နေသည့် ဖေးယွင်ကျင်းသည်လည်း အတုခိုးကာလက်နှစ်ဖက်အား အမြန်နှစ်ချက်ရိုက်ပြီး ချီးကျူးစကားများ စဉ်းစားရန်ကြိုးစားရင်း နောက်ဆုံးတွင် “အံ့ဩစရာပဲ!” ဟု တီးတိုးပြောလိုက်သည်။
ရှောင်ပိုင်က နားမလည်သောအရာများအား ချီးကျူးရန် သူ့ကို သင်ပေးထားခဲ့သည်။
ဖေးယီကျန့် ဖြည်းညှင်းစွာ ပြုံးလိုက်ပြီး လက်ဖက်ရည်ခွက်နှစ်လုံးအား သူတို့နှစ်ဦးရှေ့သို့ ရွှေ့လိုက်သည်။
“သောက်ပါဦး”
နန်ယု လက်ဖက်ရည်သောက်ရာတွင် ပြဿနာမရှိသော်လည်း ဖေးယွင်ကျင်းမှာ ငယ်ရွယ်သေးသည်။
"သူ မသောက်ချင်ဘူး၊ ရှင်ပဲ သောက်လိုက်ပါ"
လက်ဖက်ရည်ခွက်အားပြန်တွန်းလိုက်ပြီး ဖေးယီကျန့်ရှေ့တွင် ပြန်ထားလိုက်သည်။
ဖေးယီကျန့် စကားများများမပြောဘဲ သူ့လက်ဖက်ရည်ခွက်အား သဘာဝအတိုင်းကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။ သူ ပေါ့ပေါ့ပါးပါးပင် "ယုယု၊ မင်း ယွင်ကျင်းကို တကယ်ကြိုက်တာလား"
ထိုမေးခွန်းနှင့် ရင်ဆိုင်ရသောအခါ နန်ယု မျက်မှောင်အနည်း ငယ်ကြုတ်လိုက်ပြီး အခြားမေးခွန်းတစ်ခုအား အရင်မေးလိုက်သည်။
"ရှင် ကျွန်မကို ဘာလို့ ယုယုလို့ သဘာဝကျကျ ခေါ်နေရတာလဲ"
သူ့ “မှတ်ဉာဏ်”သာမှန်ကန်သည်ဆိုပါက ဖေးယီကျန့် သူမကွယ်လွန်ချိန်အထိ သူမအား နန်ရွှမ်ဟုသာ အမြဲခေါ်ခဲ့သည်။
ယခင်က သူမ ဆွေးနွေးရန် ပိုအရေးကြီးသောအရာများရှိသောကြောင့် နန်ယု မညည်းညူခဲ့ပေ။ သို့သော် အခုတော့ ဖေးယီကျန့် ထိုအမည်အားလက်ခံလိုက်ပုံရကြောင်း သူမ သတိပြုမိသွားသည်။
သူမအား လူများစွာမှ "ယုယု" ဟု ခေါ်ကြသော်လည်း ဖေးယီကျန့်တစ်ယောက်တည်းကသာ နန်ယုကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
ထိုအမည်မှာ သေဒဏ်ကျခံရသူတစ်ဦး သေဆုံးခါနီးတွင် အော်ခေါ်သည့် နောက်ဆုံးနာမည်နှင့် တူနေသည်။ ထိုအရာက ကြက် သီးထစေသည်။
အနီးနားတွင် ရပ်နေသည့် ဖေးယွင်ကျင်းသည်ပင် တစ်ခုခုမှား ယွင်းနေကြောင်း အာရုံခံမိပြီး နန်ယုအင်္ကျီလက်စအားတင်း တင်းဆုပ်ကိုင်ရင်း သူမနှင့် ပိုမိုနီးကပ်စွာ ရပ်လိုက်သည်။
သူတို့နှစ်ဦးမှာ အမှန်တကယ်ပင် ထိုးထွင်းဉာဏ်ကောင်းကြသည်။
"ကျွန်တော်တို့က ဇနီးမောင်နှံတွေပဲလေ၊ တစ်ယောက်နဲ့တစ်ယောက် နာမည်ရင်းခေါ်တာက ဘာမှ ထူးဆန်းတယ်လို့ မထင်ပါဘူး"
ဖေးယီကျန့် ဘာအမူအရာမှမပြဘဲ ပြောသည်။
"ယုယုမှာ ပိုကောင်းတဲ့နာမည်ရှိရင် ကျွန်တော် ပြောင်းလို့ရပါတယ်" သူ စိတ်ရှည်လက်ရှည်ပင် အခြားရွေးချယ်စရာများအား ကမ်းလှမ်းခဲ့သည်။
နန်ယု: ".…ထားလိုက်ပါတော့၊ ရှင့်သဘောပါပဲ"
သူမ မေးခွန်းထုတ်ခြင်းအား ရပ်လိုက်သော်လည်း ဖေးယီကျန့်မှာမူ မရပ်သေးပေ။ သူ အဖြေအား သိချင်နေဟန်ဖြင့် ထပ်မေးပြန်သည်။
နန်ယု ဖေးယွင်ကျင်းအား တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ရှောင်ကျင်းက ကောင်းတဲ့ကလေးပါ၊ ကျွန်မသူ့ကို ကြိုက်တာ မမှန်ဘူးလား"
"ဒါဆို ရှောင်ကျင်းကို တစ်နှစ်ပြီးရင် ခင်ဗျားကို ပေးလိုက်ရင်ရော?"
ဘာလို့ ဒီလောက်တောင် အံ့အားသင့်စရာကောင်းတဲ့ စကားမျိုး ပြောရတာလဲ ?
ယခုအခါ ဖေးယီကျန့် သူ့အေးဆေးတည်ငြိမ်ဆုံး အသံနှင့် အံ့အားသင့်စရာအကောင်းဆုံး စကားအားပြောလိုက်ခြင်းပင်။
နန်ယုနှင့် ဖေးယွင်ကျင်း နှစ်ဦးစလုံး သူတို့ကြားလိုက်ရသည်အား မယုံနိုင်စွာ မျက်လုံးများပြူးသွားကြသည်။
ပေးလိုက်မယ် ဟုတ်လား? ဒီလူ ရှောင်ကျင်းကို ပစ္စည်းတစ်ခုလို သဘောထားတာလား?
နန်ယု မျက်မှောင်ကြုတ်လိုက်သည်။
"ရှင် ဘာတွေပြောနေတာလဲ?"
“ပေးလိုက်မယ်” ဆိုသည့် စကားလုံးအား ခဏဖယ်ထားဦး၊ ရှောင်ကျင်းမှာ လူသားတစ်ဦးဖြစ်ပြီး ဖေးမိသားစုတွင် တရား ဝင် မှတ်ပုံတင်ထားသည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ နန်ယုဖြစ်သည့် သူ့မိထွေးနှင့် အတူနေချင်တယ်ဆိုရင်တောင် ဖေးယီကျန့်ခွင့်ပြုချက် လိုအပ်သည်။
နန်ယုနှင့် ဖေးယွင်ကျင်းအတွက် အုပ်ထိန်းသူနှင့်ကလေးဆက် ဆံရေးအားတည်ဆောက်ဖို့ တစ်နှစ်မှာအချိန်လုံလောက်သည်။
နန်ယု ထိုကိစ္စများနှင့်ပတ်သက်၍ ရှေ့နေနှင့် တိုင်ပင်ဖူးသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဖခင်အရင်းဖြစ်သည့် ဖေးယီကျန့် သဘောတူမှသာဖြစ်နိုင်သည်။
သာမန်လူတစ်ယောက်က သဘောတူပါ့မလား?။
ဖေးမိသားစုက ဒီကလေးကို မပြုစုနိုင်တာလည်း မဟုတ်ပေ။
ဖေးယီကျန့် သဘောတူရင်တောင် ဖေးမိသားစုထဲက ရှေးရိုးစွဲလူတွေက သဘောတူပါ့မလား?
သူတို့အမြင်မှာတော့ ဖေးမိသားစုဝင်တစ်ဦးဟာ အသက်ရှင်စဉ်မှာ ဖေးမိသားစုဝင်ဖြစ်ပြီး သေဆုံးသွားရင်လည်း ဖေးမိသားစုဝိညာဉ်သာဖြစ်မည်။ ဖေးမိသားစုသွေးပါသည့် ကလေးတစ်ယောက်အား လက်လွှတ်လိုက်ခြင်းမှာ ဖေးမိသား စုလုံးဝဒေဝါလီခံပြီး ဘာမှမရှိတော့မှသာ လုပ်နိုင်သော ကိစ္စဖြစ်သည်။
"ကျွန်တော် ပြောတာက ကျွန်တော် ဖေးယွင်ကျင်းကို ခင်ဗျားဆီပေးနိုင်တယ်လို့ ပြောတာ"
ဖေးယီကျန့် ပြောနေချိန်တွင် သူ့မျက်လုံးများမှာ နန်ယုအား စိုက်ကြည့်နေသည်။ သို့သော် လက်ဖက်ရည်ခွက်မှ ထွက်လာသည့် အခိုးအငွေ့များကြောင့် နန်ယု သူ့မျက်နှာချင်းဆိုင်ရှိ နက်ရှိုင်းပြီး ထူးဆန်းလောက်အောင် ကြည်လင်နေသည့် မျက် လုံးများမှ ဘာကိုမှ ခန့်မှန်း၍မရပေ။
"ဖေးမိသားစုအကြောင်း စိတ်မပူပါနဲ့၊ အကုန်လုံးကို ကျွန်တော် ရှင်းပေးမယ်"
"ခင်ဗျားလိုချင်လား မလိုချင်လားဆိုတာပဲ ဖြေပါ ?"
ဒုန်း—
ဖေးယီကျန့် လက်ဖက်ရည်ခွက်အား စားပွဲပေါ်တင်လိုက်သည့် အသံဖြစ်သည်။ သူ အသာအယာပြုလုပ်ခဲ့သော်လည်း အသံလေးတစ်ခုထွက်ပေါ်လာခြင်းအား ရှောင်လွှဲမရပေ။
နန်ယု သူ့အင်္ကျီလက်စအား ဖေးယွင်ကျင်း တင်းတင်းဆုပ်ကိုင်ထားသည်ကို ခံစားမိသည်။
"လိုချင်တယ်"
နန်ယု လုံးဝတွန့်ဆုတ်မနေဘဲ တောက်ပစွာ ပြုံးလိုက်သည်။ "ရှင် အကုန်လုံးကို ရှင်းပေးနိုင်တယ်ဆိုမှတော့ ဘာလို့ ကျွန်မကမလိုချင်ရမှာလဲ?"
ဖေးယွင်ကျင်းက ဇာတ်လိုက်ဖြစ်နေပြီး ဖေးမိသားစုကနေ ထွက်ခွာတာက ပြဿနာတွေ အများကြီး ရှိလာနိုင်ပေမဲ့ ဖေးယီကျန့်က ပေးဝံ့ရင် ဘာလို့ သူမက လက်ခံရမှာ ကြောက်ရမှာလဲ?။ ဇာတ်လိုက်ဆိုတာ ဘာလဲ? သူက ဒုတိယဇာတ်လိုက်ရဲ့ကံကြမ္မာကိုတောင် ပြောင်းလဲပေးခဲ့ပြီးသား မဟုတ်လား?
ဖေးယီကျန့် ပြုံးလိုက်သည်။
ကျယ်လောင်စွာ ရယ်တာလည်းမဟုတ်၊ အရင်ကလို “ပုံသေ” အပြုံးမျိုးလည်း မဟုတ်ဘဲ နှုတ်ခမ်းထောင့်များ အနည်းငယ် ကော့ညွတ်နေသည့် မှုန်ပျပျအပြုံးတစ်မျိုးဖြစ်သည်။
သို့သော် ၎င်းမှာ နှစ်သိမ့်မှုပေးသော အပြုံးတစ်မျိုးဖြစ်သည်။
"ကဲ၊ ဒီမှာ"
ဖေးယီကျန့် သူ့လက်ဖက်ရည်ခွက်အား မြှောက်လိုက်ပြီး နန်ယုကို အဝေးမှနေ၍ မြှောက်ပြလိုက်သည်။ နန်ယု၏ တုံ့ပြန်မှုကို မစောင့်ဘဲ သူ အမြန် တစ်ငုံသောက်လိုက်သည်။
ထူးဆန်းစွာဖြင့် နန်ယုသည် နန်ကျီ ဖေးယီကျန့်အား အစောပိုင်းက သုံးသပ်ခဲ့သည်မှာ မှန်ကန်သည်ဟု ပိုမို ခံစားလာရသည်။
နားမလည်နိုင်အောင် နက်နဲသည်။
တကယ်ပင် ဖေးယီကျန့် ဘာတွေတွေးနေလဲဆိုတာ သူမ လုံးဝမသိနိုင်ပေ။
သူမ ထိတ်လန့်စရာတစ်ခုကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။
အခြားသူများမှာ စာအုပ်များတွင် ဖော်ပြထားသည့်အတိုင်းဖြစ်စေ၊ သူမ၏မှတ်ဉာဏ်များတွင်ဖြစ်စေ များစွာ မပြောင်းလဲခဲ့ကြပေ။ ပြောင်းလဲခဲ့လျှင်ပင် နန်ယု၏လွှမ်းမိုးမှုကြောင့်ဖြစ်သည်။
ဥပမာအားဖြင့် ဖေးယွင်ကျင်း သို့မဟုတ် နန်ကျီတို့ ဖြစ်သည်။
ဖေးယီကျန့်တစ်ဦးတည်းသာ နန်ယု၏မည်သည့်လုပ်ရပ်ကမှ သူ့အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း သက်ရောက်မှုမရှိခဲ့ပေ။
ဟုတ်ပါသည်၊ သူမ ဖေးအိမ်တော်မှ ထွက်ခွာခဲ့ပြီး ဖေးယွင်ကျင်းကိုလည်း ခေါ်ဆောင်လာခဲ့သည်။ သို့သော် ဤကိစ္စများမှာ ဖေးယီကျန့်နှင့် တကယ်တမ်း ဆက်စပ်မှုရှိပါသလား။
နန်ယု ထိုသို့မထင်ခဲ့ပေ။
သို့သော် ဖေးယီကျန့်သည် အပြောင်းလဲဆုံးလူဖြစ်သည်။
သူ ရုတ်တရက် ပြန်လာသည်သာမက ယခုတော့ သူ့သားကိုပင် ပေးလိုက်သည်။
အချိန်ခရီးသွားတာလား ? ပြန်လည်မွေးဖွားတာလား ?
မဖြစ်နိုင်ဘူး…
အဘယ်ကြောင့်ဆိုသော် ဤအရာအနည်းငယ်မှလွဲ၍ ဖေးယီကျန့်သည် "မူရင်းဝတ္ထု" ၏ဖော်ပြချက်နှင့် လုံးဝကိုက်ညီနေသည်။ သူ ပြန်လည်မွေးဖွားခဲ့လျှင် အနည်းဆုံး ဤပရောဂျက်အတွက် တူညီသောအမှားမျိုး ထပ်မံလုပ်မည် မဟုတ်ပေ။
"ရှင့် ရည်ရွယ်ချက်က ဘာလဲ"
နန်ယု ရှုပ်ထွေးနေသော်လည်း တိုက်ရိုက်မေးမြန်းလိုက်သည်။
သူမ ခန့်မှန်းခြင်းနှင့် ကြံစည်မှုများကို မနှစ်သက်ပေ။ မည်သို့ပင်ဆိုစေ မေးခွန်းများမှာ သူမ၏မေးခွန်းများဖြစ်ပြီး အဖြေများမှာ ဖေးယီကျန့်၏ အဖြေများဖြစ်သည်။ သူ မပြောချင်ရင်တောင်မှ မေးကြည့်လိုက်တာက ဘာမှ မထိခိုက်ပေ။
"ရည်ရွယ်ချက်" ဖေးယီကျန့် ဖေးယွင်ကျင်းအား တစ်ချက်ကြည့်လိုက်သည်။
"ဒီကလေး ဘာဖြစ်လာမလဲဆိုတာ ကျွန်တော် သိချင်တယ်"
"သူသာ ဖေးမိသားစုမှာ အမြဲနေမယ်ဆိုရင်တော့ မကောင်းတဲ့သူ ဖြစ်လာမှာ"
ဖေးမိသားစုအိမ်တော်သခင်မှာ သူတို့၏မျက်နှာရှေ့တွင် ဖေးမိသားစုအကြောင်း ညည်းညူနေခြင်းမှာ အလွန်ထူးဆန်းသော အတွေ့အကြုံတစ်ခု ဖြစ်သည်။
ဒီတော့ သူက ဖေးမိသားစုက မကောင်းမှန်း သိနေတာပေါ့။
အစားအစာများရောက်လာသောကြောင့် စကားဝိုင်းရပ်သွားသည်။
စားပွဲထိုး ဟင်းပွဲများ ယူလာသည်ကို ကြည့်ပြီး နန်ယု ဖေးယွင်ကျင်းအား သူ့ထိုင်ခုံသို့ ပြန်ခေါ်သွားပြီး ခေါင်းကို အသာအယာပုတ်ပေးလိုက်သည်။
ညစာစားပွဲမှာ တိတ်ဆိတ်စွာပင် အဆုံးသတ်သွားသည်။ လူကြီးနှစ်ဦးစလုံး ဆက်လက်စကားပြောရန် ဆန္ဒမရှိကြဘဲ ဖေးယွင်ကျင်းသည်လည်း တိတ်ဆိတ်စွာ စားသောက်နေ သည်။ ရံဖန်ရံခါ သူမ၏ပန်းကန်ထဲတွင် ထပ်မံရောက်ရှိလာသော အစားအစာအနည်းငယ်အား တွေ့လိုက်ရပြီး သူမ အလိုက်သင့်စားလိုက်သည်။
နောက်ဆုံး ခွဲခွာချိန်ကျမှ ဖေးယီကျန့် နန်ကျီ၏မင်္ဂလာဆောင်သို့ တက်ရောက်ရန်နှင့် လိုအပ်ပါက အကူအညီပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
နန်ကျီ၏ဖိတ်စာမှာ ဖေးမိသားစုသို့ ရောက်နှင့်ပြီးဖြစ်ရာ ဖေးယီကျန့် သိသည်မှာ မဆန်းတော့ပေ။
နန်ယု ငြင်းပယ်လိုက်သည်။
"ကံကောင်းခြင်းအရုပ်လေးလိုပဲ နေပါ၊ ကူညီဖို့ မလိုအပ်ပါဘူး"
ပိုက်ဆံသည် ဒီကမ္ဘာပေါ်မှ ပြဿနာ ၉၉% အား ဖြေရှင်းနိုင် သည်။ နန်မိသားစု ဒီလောက်ချမ်းသာနေတာ မင်္ဂလာဆောင်အတွက် ဘာကူညီဖို့လိုမှာလဲ။ မီးပုံးဖောင်း(လေဖြည့်)ပေးဖို့လား ??
(T/N - မီးပုံးဖောင်း(လေဖြည့်)ပေးဆိုတာက ပိုက်ဆံအများကြီးရှိနေတော့ ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ အသေးအဖွဲကိစ္စတွေ မီးပုံးဖောင်း(လေဖြည့်)တာမျိုးတောင် သူတို့ကိုယ်တိုင်လုပ်စရာ မလိုပါဘူးလို့ပြောချင်တာ)
နန်ယု သူမ အချိန်ခရီးမသွားခင် အရင်ဘဝက ထိုသို့အကြိမ် ကြိမ်လုပ်ခဲ့ဖူးသည်။ သို့သော် ယခုမူ သူမထံာထိုအခွင့်အရေးမျိုးမရှိတော့ပေ။
အိမ်ပြန်လမ်းတွင် ဖေးယွင်ကျင်း မနေနိုင်ဘဲ သူမအားလက်ဖြင့်ပုတ်လိုက်သည်။
"အန်တီ"
"ဟင် ?"
"ခုနက အဲ့လူပြောတာ ဘာအဓိပ္ပာယ်လဲ ? သူက ရှောင်ကျင်းကို မလိုချင်တော့ဘူးလား ?"
ဖေးယွင်ကျင်း ထက်မြက်သော်လည်း သူ့အသက်အရွယ်နှင့် နားလည်မှုမှာအကန့်အသတ်ရှိသည်။
ထို့အပြင် ဖေးယီကျန့်စကားများမှာ ထူးဆန်းပြီးမရှင်းလင်းပေ။