အခန်း (၂၂)
Vol. 3 Ch. 22
သို့သော် ၎င်းမှာ သူ့နှင့် သက်ဆိုင်နေသောကြောင့် ဖေးယွင်ကျင်း နန်ယုအား မေးရန်ဆုံးဖြတ်လိုက်သည်။
"မဟုတ်ပါဘူး၊ သူက ရှောင်ကျင်းကို ပိုကောင်းတဲ့ဘဝတစ်ခုရစေချင်တာပါ"
နန်ယု လေးနှစ်သားအရွယ်ကလေးအား “ဟုတ်တယ်၊ မင်းအဖေအရင်းက မင်းကို မလိုချင်တော့ဘူး” ဟု တိုက်ရိုက်မပြောချင်ပေ။
ဖေးယွင်ကျင်းတွင် ဖေးယီကျန့်အပေါ် ခံစားချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နန်ယု ထိုသို့ပြောလိုက်လျှင် နည်းနည်းရက်စက်ရာရောက်သည်ဟု ခံစားရသောကြောင့် အနည်းငယ် ပြင်ပြောလိုက်ခြင်းဖြစ်သည်။
မည်သို့ပင် ကြည့်စေကာမူ သူမမိသားစုမှာ ဖေးမိသားစုထက် အဆပေါင်းတစ်ထောင် ပိုကောင်းသည်။
ဒီလိုပြောတာ ဘာများမှားလို့လဲ?။ လုံးဝမမှားပါဘူး။
ထင်ထားသည့်အတိုင်းပင် ထိုစကားအား ကြားသောအခါ ရှောင်ကျင်းသည် နန်ယုနှင့် အတူနေထိုင်ခြင်းမှာ ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုဟု သဘာဝအတိုင်း ယူဆလိုက်ပြီး ပြုံးလိုက်သည်။
"ကောင်းတာပေါ့၊ ရှောင်ကျင်း၊ မင်း တော်တော်ပျော်နေတာပဲ"
"အခု ခဏလောက် ပျော်နေလိုက်ဦး၊ အိမ်ရောက်ရင် အက လေ့ကျင့်ဖို့ သတိရနော်၊ မင်း ဆရာမက မင်း နည်းနည်းတုံးအပုံရတယ်လို့ ပြောတယ်"
"အန်တီ!"
"ဟားဟားဟား"
နန်ကျီ၏ မင်္ဂလာဆောင်အား အန်းရီရန်မွေးနေ့ဖြစ်သည့် ဇွန်လ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရက်ပေါင်း ၂၀ သာ ကျန်တော့သည်။
သို့သော် နန်မိသားစုအတွက် ထိုအချိန်မှာ လုံလောက်သည်ထက် ပိုသည်။
နန်ယု ကူညီရန် အများကြီးမလိုအပ်ပေ။ အန်းနင် ဆုံးဖြတ်ချက်ချရာတွင် ရုန်းကန်နေရသည့်အခါ ရံဖန်ရံခါ အကြံဉာဏ်ပေးရုံမျှသာ ဖြစ်ပြီး ၎င်းမှာ အများကြီးလုပ်ရသည့်အလုပ် မဟုတ်ပေ။
သူမ၏မိခင်မှာ အားလုံးအား ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့သည်။
သူမသည် လှပသောမိန်းကလေးများအား နှစ်သက်ပြီး အန်းနင်သည်လည်း ကြည့်ကောင်းသည်။ သူမပုံစံမှာ နန်ယု၏ပုံစံနှင့် လုံးဝကွဲပြားသောကြောင့် သူမမိခင်၏ ပုံစံပြောင်းလဲလိုသော ဆန္ဒအား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
နန်ယု ၎င်းတို့ လိုချင်တာ လုပ်ခွင့်ပေးလိုက်သည်။
သူမ လက်ထဲတွင် ရှိနေသော ဖိတ်စာအား ပိုစိတ်ပူနေသည်။
"ကျွန်တော့်ကို ဖိတ်တာလား"
ဖေးယွင်ကျင်း နန်ယု၏ရှေ့တွင် ရပ်နေရင်း သူ့လက်ချောင်းများအား ရစ်ပတ်ပြီး ရှက်ရွံ့စွာ ပြောသည်။
"အမ်၊ အန်တီ၊ ကျွန်တော် သွားလို့ရမလား၊ အဲ့ဒီနေ့ ကျွန်တော် စင်ပေါ်မှာ ကရမှာ"
ဇွန်လ ၁ ရက်နေ့မှာ ကလေးများနေ့ဖြစ်ပြီး ဖေးယွင်ကျင်း၏ သူငယ်တန်းကျောင်းတွင် မိသားစုပန်းခြံပွဲကဲ့သို့သော ပွဲတစ်ခု ကျင်းပမည်ဖြစ်ပြီး ဂိမ်းများနှင့် ဖျော်ဖြေရေးများ ပါဝင်မည်ဖြစ်သည်။
"ရတာပေါ့" နန်ယု အချိန်အား စစ်ဆေးလိုက်သည်။ သူမလိုလူမျိုးအတွက် လုံးဝပြဿနာမရှိပေ။ "ကြိုတင်ပြင်ဆင်ဖို့ တစ်ခုခု လိုရင် ဘိုးဘိုးကျိုးကို ပြောလိုက်"
ဖေးယွင်ကျင်း ခေါင်းအား ဆက်တိုက်ညိတ်လိုက်သည်။ "သိပါတယ်၊ ရှောင်ပိုင်လည်း ကျွန်တော်နဲ့အတူ လာမှာ"
နန်ယု ထိုကဲ့သို့သော ပွဲမျိုးအား ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်သည်။ သူမသည် ပရိသတ်ထဲတွင် ထိုင်ပြီး ကလေးများ ဖျော်ဖြေသည်ကို ကြည့်ရုံ၊ သို့မဟုတ် သူတို့နှင့်အတူ ဂိမ်းအချို့ ဆော့ရုံမျှသာဟု အမြဲထင်ခဲ့သည်။
သို့သော် ပွဲကျင်းပသည့်နေ့ရောက်မှ သူမ နည်းနည်းရိုးသားလွန်းခဲ့သည်ကို သဘောပေါက်သွားသည်။ ဂုဏ်သိက္ခာကြီးမားပြီး VIP များအတွက်သာဖြစ်သော သူငယ်တန်းကျောင်းတစ်ခုအနေဖြင့် ပွဲများပင် ထူးခြားရမည်။
ငွေကြေးလား? ပြဿနာမရှိ။
ဤသည်မှာ နန်ယု ဖေးယွင်ကျင်း၏ သူငယ်တန်းကျောင်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ဗီလာနှင့် သိပ်မဝေးသော်လည်း သူမ တစ်ခါမှပင် ဖြတ်လျှောက်ဖူးခြင်း မရှိပေ။
ထို့ကြောင့် သူမရှေ့မှ ရဲတိုက်ငယ်လေးအား ကြည့်ပြီး နန်ယုသည် သူမ အတွေ့အကြုံနည်းပါးလွန်းကြောင်း ဝန်ခံလိုက်သည်။
ကျောင်းသားလက်ခံသည့်ဦးရေ အကန့်အသတ်ရှိပြီး ထူးချွန် သော သင်ရိုးညွှန်းတမ်းများအားအလေးပေးသောကြောင့် မူကြို၏အကြီး၊ အလတ်နှင့် အငယ်တန်း စုစုပေါင်းအတန်းသုံးခုတွင် ကလေးငယ် သုံးဆယ်ခန့်သာရှိသော်လည်း ဝန်ထမ်းဦးရေမှာ ငါးဆယ်နီးပါးရှိနေသည်။
အတန်းတိုင်းတွင် သူငယ်တန်းဆရာငါးဦးအပြင် သီးသန့်စားဖိုမှူး၊ အာဟာရပညာရှင်နှင့် ကျန်းမာရေးဆရာဝန်တစ်ဦးစီ ပါရှိသည်။
ယနေ့မှာ ပန်းခြံပါတီဖြစ်သောကြောင့် မူကြိုကျောင်းသည် အလွန်တက်ကြွနေသည်။ မိဘအများစုမှာ အလွန်အလုပ်မများလျှင် မိမိတို့၏ကလေးများနှင့် အချိန်ပေးရန်ဆန္ဒရှိကြသည်။
ပိုအရေးကြီးသည်မှာ တက်ရောက်သော မိဘများမှာ ချမ်းသာကြသူများဖြစ်သောကြောင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများရှိနိုင်ပေသည်
ဦးလေးကျိုး လာမည်ဟု စီစဉ်ထားသော်လည်း သူ့အသက်အ ရွယ်နှင့် ကျန်းမာရေးပြဿနာအသေးစားများကြောင့် သူသည် ပြီးခဲ့သည့်နှစ်ရက်အတွင်း နေမကောင်းဖြစ်နေခဲ့သည်။ သူ ဆေးရုံတွင် အနားယူရန်သာ ခွင့်ပြုထားသောကြောင့် ယနေ့ မလာခဲ့ပေ။
"ရှောင်ပိုင်~"
"ရှောင်ကျင်း!"
ကလေးနှစ်ဦးမှာ ယနေ့အတူမလာကြပေ။ အဘယ်ကြောင့်ဆိုသော် လီရီပိုင်အလုပ်များနေသည်ဟု ယူဆရသော လီယွမ်မို ၏ဘေးတွင် ရပ်နေသောကြောင့်ဖြစ်သည်။ ၎င်းမှာ သူ့မွေးနေ့အတွက် ပေးဆပ်ခြင်းဖြစ်နိုင်သည်။
နန်ယု လီယွမ်မိုအား ခေါင်းညိတ်ပြလိုက်ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ကျောင်းဝင်ပေါက်သို့ ရှောင်ကျင်းနှင့် ရီပိုင်တို့နောက်သို့ လိုက်ကာမှတ်ပုံတင်ခဲ့သည်။
ရှောင်ကျင်းကိုလည်း နာရီတစ်လုံးပေးထားသည်။ ဂိမ်းများကစား၍ အမှတ်များရရှိနိုင်ပြီး ပွဲအဆုံးတွင် အမှတ်အများဆုံး မိဘနှင့်ကလေးသုံးဦးမှာ ဆုတစ်ခုရရှိမည်ဖြစ်သည်။
၎င်းမှာ ကလေးများအတွက် မယုံနိုင်လောက်အောင် ဂုဏ်ယူစရာဖြစ်ပြီး အကောင်းဆုံးသူငယ်ချင်းနှစ်ဦးပင် နှိမ့်ချလိုစိတ်အား လုံးဝမေ့သွားကြသည်။
"အန်တီက အတော်ဆုံးပဲ၊ ပထမရမှာ သေချာတယ်"
"ငါ့အစ်ကိုက ဆယ်ယောက်လောက်ကို အနိုင်ရမှာ၊ သူ ချန်ပီ ယံဖြစ်မှာ သေချာတယ်"
"အန်တီက အရမ်းတော်တာပဲ၊ သန်လည်း သန်မာတယ်"
"ငါ့အစ်ကိုက ပိုတောင်တော်သေးတယ်၊ သူက မြန်တယ်"
နန်ယု: "..."
သူမနှင့် လီယွမ်မိုတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ လီယွမ်မို၏မျက်နှာထားမှာ အမြဲတမ်းလိုမပြောင်း လဲသောကြောင့် ဘာကိုမှခန့်မှန်း၍မရပေ။ နန်ယုသည်လည်း စကားမပြောနိုင်ဖြစ်နေသည်။ ဤကလေးများ၏ ယှဉ်ပြိုင်လိုစိတ်မှာ အံ့မခန်းပင်။
ထို့နောက် နန်ယု စင်နောက်ဘက်သို့ဆွဲခေါ်ခံလိုက်ရသည်။
ပထမဦးဆုံးအနေဖြင့် ဖျော်ဖြေပွဲများအား ကြည့်ရမည်ဖြစ်ပြီး၊ ထို့နောက်မှ ဂိမ်းများကစားရမည်ဖြစ်သည်။ ဖေးယွင်ကျင်းနှင့် လီရီပိုင်၏စုံတွဲဖျော်ဖြေမှုမှာ ပဉ္စမမြောက်ဖြစ်သောကြောင့် ယခုဝတ်စုံလဲလှယ်ရန် လိုအပ်သည်။
"ကြည့်လို့ကောင်းတယ်"
ကလေးနှစ်ဦး ဝတ်စုံများဖြင့်ထွက်လာသောအခါ နန်ယု လက် မထောင်ပြလိုက်သည်။
၎င်းတို့သည် လမ်းဘေးအကကို ကကြသောကြောင့် သူတို့၏ ဝတ်စုံပုံစံမှာ ခေတ်မှီနေသည်။ လီရီပိုင်မှာ အဆင်ပြေသော် လည်း ဖေးယွင်ကျင်းမှာ ပထမဆုံးအကြိမ် အသုံးအဆောင်များစွာဝတ်ဆင်ရသောကြောင့် သူ့လက်များနှင့်ခြေထောက်များမှာ အနည်းငယ်တောင့်တင်းနေခဲ့သည်။
"လာ၊ ဒီကို ကြည့်ပါဦး"
နန်ယု ပြုံးလိုက်ပြီး သူမဖုန်းအား ထုတ်ကာ ၎င်းတို့၏ပုံများကို ရိုက်လိုက်သည်။ ထိုကဲ့သို့ အထူးခြားဆုံး အခိုက်အတန့်မျိုးအား ဓာတ်ပုံများဖြင့် အမှတ်ရသင့်သည်။
ဖေးယွင်ကျင်း သူငယ်တန်းတွင် အတော်လေး နာမည်ကြီးနေသည်ကိုလည်း နန်ယု သတိထားမိသည်။ ဖြတ်သွားသည့် ကလေးတိုင်းနီးပါး သူ့အားနှုတ်ဆက်ကြပြီး အချို့မှာ အသက်ပိုကြီးသည့်အတန်းမှဖြစ်သည်။
ထိုဓာတ်ပုံ၏နောက်ဆက်တွဲများကို မသိရှိဘဲ နန်ယု ဖေးယွင်ကျင်း၏လူမှုဆက်ဆံရေးကောင်းမှုအား ပြသခြင်းသာဖြစ် သည်ဟု ယူဆခဲ့သည်။ မူရင်းဝတ္ထုတွင် သူသည် ခင်မင်ရင်းနှီးသော သူငယ်ချင်းများအား စုရုံးနိုင်ခဲ့သည်ကိုပြန်စဉ်းစားပြီး သူမသည် ၎င်းမှာ သဘာဝအတိုင်းပင်ဟုခံစားရသည်။ မည်သို့ပင်ဖြစ်စေ သူသည် ဇာတ်လိုက်ဖြစ်သောကြောင့် ထိုစရိုက်အချို့မှာ ကလေးဘဝကတည်းက ထင်ရှားသည်။ သို့သော် ဤဘဝတွင် သူ ထိုရင်းနှီးသော သူငယ်ချင်းများအားပြန်စုစည်းနိုင်ပါ့မလားဟု သူမ တွေးမိသည်။
မူရင်းဝတ္ထုတွင် ထိုရင်းနှီးသောသူငယ်ချင်းများမှာ နန်ယု ဖေးမိသားစုအားဖြိုချရာတွင် များစွာအထောက်အကူပြုခဲ့သည်။
နန်ယု သူ့မှတ်ဉာဏ်များတွင် မေ့လျော့နေခဲ့ပြီး ဖေးယွင်ကျင်း သူမအား ပရိသတ်ထဲတွင် ထိုင်၍ သူ့ဖျော်ဖြေမှုအားစောင့်ကြည့်ရန် ပြောခဲ့သောကြောင့် စင်နောက်ဘက်မှ အလျင်အမြန် ထွက်လာခဲ့သည်။
"ကောင်းပြီ၊ ရှောင်ကျင်းနဲ့ ရီပိုင်၊ အားမလျှော့နဲ့နော်"
နန်ယုနှင့် လီယွမ်မိုတို့ အတူတူ ထွက်လာခဲ့ကြသော်လည်း သူတို့ ရှေ့ဆုံးခုံများသို့ ရောက်သောအခါ ကွာခြားချက်မှာ ချက် ချင်းသိသာနေသည်။
ကျောင်း၏ဒါရိုက်တာမှာ သူတို့ထံ ချဉ်းကပ်လာပြီး အကောင်းဆုံးမြင်ကွင်းရရှိရန် ရှေ့ဆုံးတန်းသို့ ဖိတ်ခေါ်ခဲ့သည်။ သို့သော် ထိုးထွင်းဉာဏ်ရှိသော မည်သူမဆို လီယွမ်မိုနှင့် နန်ယုအား အခွင့်ကောင်းယူနေကြောင်းမြင်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ လီယွမ်မိုသည် သေးငယ်ပြီးမသိသေးသောစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးသာဖြစ်သည်။ မြို့တော် ၌တစ်နှစ်လျှင် ရာဂဏန်းမျှသာသော စွန့်ဦးတီထွင်လုပ်ငန်းများရှိပြီး အနည်းငယ်သာရှင်သန်နိုင်ကြသည်။
၎င်းမှာ ရိုးရှင်းစွာပင် လီယွမ်မိုနှင့် နန်ယွမ်တို့ အတူလာရောက်ခြင်းကြောင့် ဖြစ်သည်။ ဒါရိုက်တာသည်လည်း ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့၏ ခင်မင်ရင်းနှီးမှုအား သိရှိနေသည့်အတွက် သူတို့ကို အလေးပေး ဂရုစိုက်ခြင်းပင်ဖြစ်သည်။
နန်ယု သိရှိခဲ့လျှင်ပင် သူမ တုံ့ပြန်မည်မဟုတ်ပေ။ ဤလုပ်ငန်းနယ်ပယ်တွင် အလွန်အမင်းအာရုံခံစားလွယ်ခြင်းမှာ ရှေ့ဆက်ရန် ခက်ခဲမည်ကို သူမ သိသည်။ လီယွမ်မို ဤမျှလောက်သော အခြေအနေကိုပင် ထိုးထွင်းမမြင်နိုင်ပါက အရာအားလုံးအား လက်လွှတ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
နန်ယု၏ တုံ့ပြန်မှုမှာ ကြိုတင်ခန့်မှန်းနိုင်သည့်အတိုင်းပင်ဖြစ် သည်။ သူ့မျက်နှာအမူအရာ မပြောင်းမလဲရှိနေပြီး သူမဘေးတွင် သဘာဝအတိုင်းဝင်ထိုင်လိုက်သည်။ ပတ်ဝန်းကျင်မှ ရံဖန်ရံခါ ကြည့်နေကြသည့် အကြည့်များအား ဂရုမစိုက်ဘဲ စင်မြင့်ပေါ်သို့သာ အာရုံစိုက်နေသည်။ သို့သော် လီယွမ်မို၏ အရပ်အမောင်းကြီးမားမှုက ရှေ့ဆုံးတန်းတွင် ထင်ရှားနေပြီး သူ့ဘေးရှိ နန်ယုမှာ ပိုမိုသေးငယ်နေဟန်ပေါ်နေသည်။
သူတို့ ထိုင်ခုံတွင် နေရာယူပြီး မကြာမီ ဖျော်ဖြေပွဲစတင်ခဲ့သည်။
ပြောရမည်ဆိုလျှင် အသက်အကြီးဆုံးကလေးမှာ ခြောက်နှစ်သာ ရှိသေးသော်လည်း ၎င်းတို့စွမ်းရည်များမှာ လူကြီးများစွာ၏ စွမ်းရည်များနှင့် ယှဉ်ပြိုင်နိုင်လောက်သည်။
စန္ဒယားနှင့် တယောမှာ အခြေခံမျှသာ ဖြစ်ပြီး စွမ်းရည်ဟု မသတ်မှတ်နိုင်ပေ။ ၎င်းတို့မှာ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအား ပျိုးထောင်ပေးသည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ သင်ယူလိုပါက သင်ယူနိုင်ပြီး မသင်ယူလိုပါက အခြားတစ်ခုသို့ ပြောင်းလဲနိုင်သည်။
နောက်ဘက်တန်းတွင် ထိုင်နေသည့် မိဘနှစ်ဦးမှ သူတို့၏ ကလေးများ မကြာသေးမီက မည်သည့်နေရာသို့ သွားရောက်ခဲ့သည်၊ မည်သည့် နာမည်ကျော်ပန်းချီဆရာထံတွင် သင်ယူခဲ့သည် စသည်တို့ကို ဆွေးနွေးနေသည်အား နန်ယု ရှင်းလင်းစွာ ကြားနေရသည်။
ဤကလေးများနှင့် နှိုင်းယှဉ်လျှင် ဖေးယွင်ကျင်းသည် လမ်းဘေးအကအား မကြာသေးမီကသင်ယူခဲ့ပြီး ကိုယ်ခံပညာ သင်တန်းနှစ်ခုအား ယာယီရပ်နားထားသည့် ဖေးယွင်ကျင်းမှာ ကြိုတင်သင်ကြားပေးမည့် ဆရာ၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ရေးအတန်းများလည်း မတက်ရ၊ ထိုမျှငယ်ရွယ်သည့်အရွယ်နှင့် ကမ္ဘာ့တစ်ဝက်ခန့် ခရီးသွားဖူးသူလည်း မဟုတ်ပေ။ သူသည် မိထွေးမှ ပြုစုပျိုးထောင်ထားသော ကလေးတစ်ဦးနှင့် အတူတူပင်ဖြစ်သည်။
ခဏလေး၊ "အတူတူ"ဟု သုံးနှုန်းခြင်းမှာ မသင့်လျော်ပေ။ အမှန်တကယ်ပင် ထိုသို့သော ကလေးမျိုးဖြစ်နေခြင်းပင်။
"မစ္စနန်"
နန်ယု ကိုယ့်ကိုယ်ကိုပြန်သုံးသပ်နေစဉ် လီယွမ်မို ရုတ်တရက် ခေါ်လိုက်သည်။
"ဖေးယွင်ကျင်းက အတန်းပြင်ပ သင်တန်းတွေပုံမှန်တက်လေ့ရှိလား"
နန်ယု လီယွမ်မိုလီယွမ်မိုလည်း ထိုစကားဝိုင်းအားကြားခဲ့သည်ကိုသိနေသည်။
သူမ ခေါင်းခါလိုက်သည်။
"ရီပိုင်နဲ့အတူ လမ်းဘေးအကသင်တဲ့ အတန်းကလွဲပြီး တခြားဟာမရှိပါဘူး"
ထို့နောက် နှစ်ဦးသားအကြည့်ချင်းဆုံမိကြသည်။ ဤတစ်ကြိမ်တွင် နန်ယု လီယွမ်မို၏အတွေးများအား မြင်လိုက်ရသကဲ့သို့ ခံစားမိသည်။
ကလေးများကို လွန်ကဲစွာပြုစုပျိုးထောင်ခြင်းနှင့် ပြိုင်ဆိုင်မှုများကို မလိုလားသော်လည်း ပျော်ရွှင်သော ကလေးဘဝကို ပေးချင်သည်မှာမှန်ပါသည်။ သို့သော်...
သူတို့နှစ်ဦးသည် လွတ်လပ်လွန်းအောင်ပစ်ထားမိနေပြီလား ?
"မိဘ" နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ထိုအချိန်တွင် တော်လှန်ရေးလုပ်ဖော်ကိုင်ဖက်များကဲ့သို့ ခံစားလိုက်ကြရသည်။