← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့၏ဖျော်ဖြေပွဲမှာ အောင်မြင်ခဲ့သည်။

အထူးသဖြင့် ဖေးယွင်ကျင်းအတွက် လူအများကြီးရှေ့တွင် ပထမဆုံးဖျော်ဖြေရခြင်းဖြစ်သောကြောင့် နန်ယု စိတ်ပူခဲ့မိ သည်။ အဘယ်ကြောင့်ဆိုသော် လူအနည်းငယ်သာရှိသည့် အရုပ်ကောက်စက် ကစားစဉ်ကပင် ဖေးယွင်ကျင်းသည် ရှက်ရှက်နှင့် သူမနောက်တွင် ပုန်းကွယ်နေခဲ့ဖူးသောကြောင့်ဖြစ် သည်။

သို့သော် မျှော်လင့်မထားသည်မှာ စင်ပေါ်သို့ရောက်သည်နှင့် ဖေးယွင်ကျင်း သူ၏တည်ကြည်သော အမူအရာဖြင့်အံ့ဩလောက်အောင် ယုံကြည်စိတ်ချရကြောင်းသက်သေပြခဲ့သည်။

သူတို့ရွေးချယ်ထားသော ကကွက်များမှာအလွန်ခက်ခဲခြင်းမရှိသော်လည်း အချိန်ကိုက်မှုနှင့် စည်းချက်မှာ အားကောင်းလှသည်။ ထိုအကမှာ ပရိသတ်တစ်ရပ်လုံး၏လက်ခုပ်သံကို ဆွဲဆောင်နိုင်ခဲ့ပြီး မိဘအများအပြားသည်လည်း နန်ယုအားချဉ်း ကပ်ရန် အခွင့်ကောင်းယူကာ သူတို့ကလေးများနှင့် စကားပြောဆိုနိုင်ရန်ကြိုးစားလာကြသည်။

နန်ယု ထိုသူများအားလုံးကို စကားအနည်းငယ်ဖြင့်သာဖယ်ရှား ခဲ့သည်။

ထိုသူများမှာ ဖေးမိသားစုကိုမဟုတ်ဘဲ နန်ကျီကိုသာ အမှန်တကယ်လိုချင်ကြခြင်းဖြစ်သည်။ သူ ချင်းချန်ကိစ္စမှလွဲ၍ အခြားမည်သည့်ပရောဂျက်တွင်မှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ့ချေ။

မည်သို့ပင်ဆိုစေ၊ အိမ်ငှားခ၊ ဆိုင်ခန်းများနှင့် အခြားဝင်ငွေများကို မရေတွက်လျှင်ပင် နန်မိသားစု ၏ ရှယ်ယာများမှနှစ် စဉ်ရရှိသည့် အမြတ်ဝေစုချည်းသက်သက်သည်ပင် နန်ယုအား သက်သောင့်သက်သာနေနိုင်ရန် လုံလောက်သည်။

"ငွေကြေးကို မစီမံခန့်ခွဲတတ်လျှင် ငွေသည် သင့်နှင့် အမြဲတမ်းရှိနေလိမ့်မည်" ဆိုတဲ့ စကားကို မကြားဖူးဘူးလား ??

မျိုးဆက်သုံးဆက်မြောက် သူဌေးတစ်ဦးအနေဖြင့် သူမသည် ရှိတာနှင့်တင် ကျေနပ်ရောင့်ရဲခြင်းအားပိုနှစ်သက်ခဲ့သည်။

“အန်တီ~”

“ကော!”

နန်ယုနှင့် လီယွမ်မိုတို့သည် ကျန်ရှိနေသည့် ဖျော်ဖြေပွဲများအား စိတ်မဝင်စားတော့ဘဲ ကလေးငယ်နှစ်ဦးကို သွားခေါ်ရန်ချက် ချင်းထရပ်လိုက်ကြသည်။ သူတို့ရောက်သည်နှင့် နှစ်ယောက်စလုံးပွေ့ဖက်ခြင်းကိုခံလိုက်ရသည်။

“အန်တီ၊ ကျွန်တော် ကောင်းကောင်းကလိုက်လားဟင်”

မျှော်လင့်တကြီးနှင့် ချီးမွမ်းခံချင်သော အမူအရာဖြင့် ဖေးယွင်ကျင်း နန်ယုအား မော့ကြည့်လိုက်သည်။ သူ ပုံမှန်ပွပွချောင်ချောင် တီရှပ်အင်္ကျီကိုပြောင်းလဲဝတ်ဆင်ထားပြီး ဆံပင်မှာ အကကြောင့် ထွက်လာသည့် ချွေးများဖြင့် အနည်းငယ်စိုစွတ်နေသည်။

“အရမ်းကောင်းတယ်! ရှောင်ကျင်းကောင်းကောင်းကနိုင်ခဲ့တယ်! ဒါကို အန်တီဗီဒီယိုရိုက်ထားတယ်၊ အဘိုးကျိုးကိုပြရင် သူလည်း အရမ်းကောင်းတယ်လို့ပြောမှာ သေချာတယ်”

သူမ ချီးမွမ်းရန်ဘယ်သောအခါမှ မနှမြောပေ။ သူမ၏လေသံနှင့် အမူအရာမှာ အလွန်ပင်ရိုးသားမှုရှိသည်။ သူမပြောနေစဉ် အင်္ကျီအိတ်ကပ်မှ လက်ကိုင်ပဝါတစ်ထည်ကိုထုတ်ကာ ဖေးယွင်ကျင်းနဖူးမှ ချွေးများအားသုတ်ပေးလိုက်သည်။

သူမ လက်ကိုင်ပဝါအား အမြဲတမ်းဆောင်လေ့မရှိပေ။ သို့ သော် ဖေးယွင်ကျင်းသည် အပူဒဏ်ကိုအလွန်ခံနိုင်ရည်နည်းပြီး ချွေးထွက်လွယ်သည်။ ဦးလေးကျိုးမှာ ကလေးငယ် အအေးမမိစေရန် ချက်ချင်းချွေးသုတ်ပေးဖို့ နန်ယုအားမှာ ထားခဲ့ရာမှ တဖြည်းဖြည်း အလေ့အကျင့်ဖြစ်သွားခြင်းပင်။

“ဟဲဟဲ” ဖေးယွင်ကျင်း နန်ယုလက်အား ခေါင်းဖြင့်ပွတ်တိုက်လိုက်သည်။

“နောက်ထပ် နည်းနည်းလေးထပ်သင်ပြီးရင်တော့ အန်တီနဲ့ အဘိုးကျိုးအတွက် သီးသန့်ကပြပေးမယ်”

“ကောင်းပြီ၊ နောက်တစ်ခါ ရှောင်ကျင်း...”

အနီးနားတွင်ရပ်နေသော လီရီပိုင်သည် နန်ယုနှင့်ဖေးယွင်ကျင်းတို့၏အပြန်အလှန်ဆက်ဆံမှုအား မနာလိုစွာငေးကြည့်နေမိ သည်။ သူသည်လည်း ထိုကဲ့သို့ နူးညံ့စွာ ချီးမွမ်းခံရရန် ဆန္ဒပြင်းပြခဲ့သည်။

ရုတ်တရက် သူ့ခေါင်းပေါ်သို့ လက်ကြီးတစ်ဖက်တင်လာပြီး ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“အရမ်းကောင်းကောင်းကခဲ့တယ်”

လီယွမ်မို၏နက်ရှိုင်းသောအသံသည်ခေါင်းပေါ်မှ ပဲ့တင်ထပ်လာသောကြောင့် လီရီပိုင် သူ့နှုတ်ခမ်းအောက်ကိုကိုက်လိုက်မိသည်။ သူ့အစ်ကို ထိုကဲ့သို့လုပ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

“ရှောင်ပိုင်! မင်း မျက်နှာအရမ်းနီနေတယ်!”

“ဒါ၊ ဒါက အကကြောင့်လေ!”

ဖေးယွင်ကျင်း: “...?”

ဒါပေမဲ့ ရှောင်ပိုင်၊ မင်း စင်ပေါ်က မဆင်းခင်တုန်းကတောင် ပြုံးနေခဲ့တာပဲ။ ငါ ခဏပဲကလိုက်ရတာ၊ ငါ့မျက်နှာကပန်းသီးလို နီရဲသွားခဲ့တယ်။

သူ့ဗီဇက ထိုစကားအားမပြောသင့်ကြောင်းပြောနေသည်။ သူ့ဗီဇအား ယုံကြည်ပြီး ဖေးယွင်ကျင်း တိတ်ဆိတ်စွာပင် ခေါင်းငြိမ့်လိုက်သည်။ သူ ရှောင်ပိုင်၏စကားကိုယုံလိုက်မည်။

တချို့လူများမှာ တကယ်ပင် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားစွာ မွေးဖွားလာသူများပင်!

သူငယ်တန်းကျောင်းမှာ ချမ်းသာသောကြောင့် မိဘများသည် ပြင်းထန်သော အပူချိန်အောက်တွင်ပြင်ပ၌ ဂိမ်းများကစားရန် မလိုအပ်ပေ။ အတွင်းပိုင်းတွင် ကလေးများ ကစားရန်အတွက် သီးသန့်ထားရှိသည့် ဧရိယာကျယ်ကြီး ရှိပြီး ယနေ့တွင်လည်း ထိုနေရာကို အသုံးပြုခဲ့ကြသည်။

“အန်တီ၊ ဂိမ်းဆယ်ခုရှိတယ်၊ ဘယ်ဟာကို အရင်ဆုံးကစားကြမလဲ”

ဂိမ်းဆယ်ခုစီတွင် တစ်မှတ်မှ ငါးမှတ်အထိ တန်ဖိုးရှိသည်။ ထို့ ကြောင့် နန်ယု ပေါ့ပေါ့ပါးပါး အားကစားဝတ်စုံ၊ သက်သောင့် သက်သာရှိသော ဖိနပ်များနှင့် ဆံပင်ကို မြင့်မားစွာစည်းထား သည်။ သူမသည် နုပျိုပြီးအားအင်ပြည့်ဝနေပုံရကာ အခြားမိဘများကြားတွင် အထင်ရှားဆုံးဖြစ်သည်။

“အားလုံးကစားမယ်၊ မင်း ဒီကိုရောက်နေပြီဆိုတော့ ရှောင်ကျင်း၊ အန်တီ ပထမနေရာ ဘယ်လိုရအောင်လုပ်လဲဆိုတာ ကြည့်လိုက်”

သူမ ကလေးနှစ်ဦး၏ ယှဉ်ပြိုင်လိုစိတ်ကို ယခင်က ညည်းညူခဲ့သော်လည်း ယခု သူမအလှည့်ရောက်သောအခါ နန်ယု သူမ ၏ညည်းညူမှုများအားလုံးဝမေ့သွားပုံရသည်။

အနိုင်ရဖို့ အကြောင်းပြချက်လိုလား ??

မလိုဘူး!

လီရီပိုင်နှင့် နန်ယု တို့အဖွဲ့မှာ ရိုးရာ သုံးချောင်းထောက်ပြေးပွဲ ကိုပထမဆုံး ရွေးချယ်ခဲ့သည်။ စက္ကန့် ၃၀ အောက်ဆိုလျှင် ၅ မှတ်၊ ၃၀ စက္ကန့်မှ ၁ မိနစ်အတွင်းဆိုလျှင် ၃ မှတ်၊ ၁ မိနစ်ကျော်လျှင် ၁ မှတ်ရရှိမည်။ ထိုစည်းကမ်းမှာ အသင်းများအတွင်းမတရားယှဉ်ပြိုင်မှုများကိုလည်းကာကွယ်ပေးသည်။

လီယွမ်မို ညီအစ်ကိုမှာ နန်ယုတို့အဖွဲ့ထက် ရှေ့ဆုံးမှရောက်နေ သည်။ ကြိုးများ ချည်နှောင်ပြီး မတ်တပ်ရပ်လိုက်သည်နှင့်နန်ယု ရယ်မောမိသည်။

သူမရှေ့မှ မြင်ကွင်းမှာ တကယ်ပင် ထူးခြားဆန်းပြားနေသော ကြောင့်ဖြစ်သည်။

သူတို့နှစ်ယောက်မှာ ညီအစ်ကိုများဖြစ်သည်။ လီယွမ်မိုမှာ ဘာများစားသုံးပြီး ကြီးပြင်းလာသည်ကိုမသိနိုင်လောက်အောင် ကြွက်သားများ ကြီးမားလှသည်။ သူသည် နန်ယု၏လက် မောင်းအရွယ်ထက် နှစ်ဆနီးပါးရှိသည်။ နွေရာသီတွင် သူ နေပူထဲ ရပ်နေရုံနှင့်ပင် ထီးတစ်လက်ကဲ့သို့ ကောင်းစွာအရိပ်ပေးနိုင်သည်။

သို့သော် ညီဖြစ်သူ လီရီပိုင်မှာမူ သူ့အသက်အရွယ်အတွက် ပျမ်းမျှအရပ်သာရှိပြီး ပိုလို့ပင်သေးငယ်သည်။ သူတို့နှစ်ဦး၏ ခြေသလုံးများကိုချည်နှောင်ထားသည့်အခါ လီယွမ်မိုတွင် အပိုခြေထောက်တစ်ချောင်း တွဲလောင်းကျနေသကဲ့သို့ဖြစ်နေ သည်။

လီရီပိုင် လဲကျခြင်းမှကာကွယ်ရန် လီယွမ်မို၏ ပေါင်ကိုဆွဲ ကိုင်လိုက်သည့်အခါ ထိုခံစားချက်မှာ ပိုမိုပြင်းထန်လာခဲ့သည်။

သို့သော် ဂိမ်းစတင်သည်နှင့် လီယွမ်မို၏လှုပ်ရှားမှုမှာလူအုပ်ကိုအံ့အားသင့်စေသည်။

သူ့လက်တစ်ဖက်တည်းဖြင့် လီရီပိုင်ခါးပတ်အားမလိုက်သည်။ ဟုတ်တယ်၊ လီရီပိုင်မှာ လက်တိုအင်္ကျီနှင့် ဂျိုင်းပြတ်ဘောင်း ဘီအား ဝတ်ဆင်ထားသဖြင့် လှုပ်ရှားရန်နေရာများစွာရှိနေ သည်။

ထိုလှုပ်ရှားမှုကြောင့် သူ့ခြေထောက်များသည် မြေပြင်မှ စင်တီမီတာအနည်းငယ်အကွာတွင် ချက်ချင်းကြွတက်သွားခဲ့ပြီးနောက် ဘာမျှမဖြစ်တော့ချေ။

လီယွမ်မို ခြေတံရှည်များဖြင့် သူ မီတာ ၁၀၀ တာတိုပြေးကို စက္ကန့် ၁၀ ကျော်လေးဖြင့် ပြေးလိုက်သည်။

ကြည့်ရှုနေကြသည့် မိဘများနှင့် ဒိုင်လူကြီးများလည်း အံ့အား သင့်နေကြသည်။ ထိုမျှကြီးကျယ်သည့် လုပ်ရပ်မျိုးအတွက် သူတို့ ကြိုတင်ပြင်ဆင်ထားပုံ မပေါ်ချေ။ သို့သော် ၎င်းမှာ စည်းကမ်းဖောက်ဖျက်မှုနှင့်မတူပေ။ ပေါင်များစွာလေးသည့်ကလေးတစ်ဦးအား လက်တစ်ဖက်တည်းဖြင့် သယ်ဆောင်နိုင်ပါက ထိုငါးမှတ်သည် အရေးကြီးသေးသလား ??

အောင်မြင်စွာ ၅ မှတ်ရရှိခဲ့သော်လည်း လီရီပိုင်မှာမူ သိပ်ပျော်ရွှင်ပုံမရချေ။ သူ၏ ဖြူစွတ်နူးညံ့သောမျက်နှာတွင် သူ့အစ်ကိုကဲ့သို့ပင် အမူအရာမဲ့နေသဖြင့် သူတို့ကို တကယ့်ညီအစ်ကိုများလိုထင်ရစေသည်။

ဤကဲ့သို့ အထမ်းခံရခြင်းက သူ့ဂုဏ်သိက္ခာအား ဆုံးရှုံးသွားသကဲ့သို့ လီရီပိုင် ခံစားခဲ့ရသည်။

မနက်ဖြန် သူငယ်တန်းကျောင်းမှ ကလေးများမှ သူ့အားမည်သို့ထင်ကြမည်နည်း။

ဟာကွာ! ဒီကောက တကယ်ယုံကြည်စိတ်ချလို့မရဘူးပဲ!

သို့သော် သူ့အစ်ကိုအရင်းကိုမူ ဘာမှပြောဆိုရန် မရဲရချေ။ လီယွမ်မို သူ့နှင့်အတူ တစ်နေ့တာလုံး အချိန်ဖြုန်းရန် ဆန္ဒရှိနေခြင်းသည်ပင် ပျော်ရွှင်ဖွယ် အံ့အားသင့်စရာတစ်ခုဖြစ်နေပြီဖြစ်၍ သူ အများကြီးမျှော်လင့်၍မရချေ။

လီရီပိုင် သူ့အမှားကိုသဘောပေါက်သွားပြီး သူ့ရင်းနှီးသော သူငယ်ချင်းအုပ်စုအား မျက်လုံးလှိမ့်ကြည့်လိုက်သည်။

“နန်ကျဲ၊ ရှောင်ကျင်းကိုပွေ့ပြီးပြေးလိုက်! ကျွန်တော်တို့မြန်မြန်သွားမယ်!”

နန်ကျဲသည် လွန်ခဲ့သည့်တစ်ကြိမ်ကပြသခဲ့သော ခွန်အားဖြင့်ဆိုလျှင် ထိုအရာမှာခက်ခဲလိမ့်မည်မဟုတ်ပေ၊မှန်တယ်မလား ?

ဖေးယွင်ကျင်း: “!!!”

သူ လီရီပိုင်အား လှည့်ကြည့်ရန်သာအချိန်ရလိုက်သည်။

ဘုန်း!

စတင်လိုက်ပြီ!

ဖေးယွင်ကျင်းခြေထောက်များ ရုတ်တရက်လေထဲ မြောက်တက်သွားခဲ့သည်။ သူ့ကော်လံအား အားကောင်းသည့် အင် အားတစ်ရပ်မှ ဆွဲလိုက်ပြီး မျက်နှာကိုတိုက်ခတ်လာသည့် လေကြောင့် သူ့မျက်နှာလေးနှင့် နှလုံးသားတို့အေးစက်သွားခဲ့သည်။

လီရီပိုင်! မင်းကို ငါ မှတ်ထားလိုက်ပြီ!

နန်ယုသည်လည်း သဘာဝအတိုင်းပင် ၅ မှတ် ရရှိခဲ့သည်။

ဘေးမှ ဒိုင်လူကြီးများနှင့် မိဘများမှာ သူမအားပိုလို့ပင် အံ့အားသင့်စွာကြည့်နေကြသည်။

လီယွမ်မို ခန္ဓာကိုယ်ကြောင့် ထိုသို့ပြုလုပ်နိုင်သည်ကို သူတို့လက်ခံနိုင်သော်လည်း နန်ယုကတော့ ?

သူမ လက်မောင်းများမှာ ပေါင်များကဲ့သို့ ထူသလော ??

ထိုလက်တစ်ဖက်မှာ ဆယ်ဂဏန်းများစွာလေးသော "အရာ" များအားသယ်ဆောင်ပြီး လျင်မြန်စွာ ပြေးနိုင်ကာ သူမ၏ အရှိန်သည် လီယွမ်မို ထက်မနိမ့်ချေ။ နန်မိသားစု၏သမီးမှာ ခွန်အားကြီးသူတစ်ဦးဖြစ်နေနိုင်သလား ??

“ရှောင်ပိုင်!”

“ဟားဟားဟား၊ ဖမ်းလို့ မမိဘူး!”

ကြိုးကိုဖြုတ်လိုက်သည်နှင့် ဖေးယွင်ကျင်း လီရီပိုင်ဆီသို့ ချက်ချင်းပြေးသွားခဲ့သည်။

ညီအစ်ကိုသံယောဇဉ်မှာ ထိုအချိန်တွင်ပျောက်ကွယ်သွားခဲ့သည်။

ဘေးနားတွင် ရပ်နေသည့် နန်ယုမှာ သူတို့အားတားဆီးရန်မကြိုးစားဘဲ ပျော်ရွှင်စွာရယ်မောလို့နေသည်။

သူမ ဤနည်းဗျူဟာအား ကြိုတင်မျှော်လင့်မထားခဲ့သော် လည်း လီယွမ်မို လုပ်ပြသည်ကိုကြည့်ရသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်နေပြီး လီရီပိုင်၏အားပေးမှုကြောင့် သူမကိုယ်တိုင်လည်း လုပ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

ကလေးနှစ်ဦးလုံး အသက်ရှူမဝတော့ဘဲ ဆက်မပြေးနိုင်တော့သည့်အခါ နန်ယုနှင့် လီယွမ်မိုတို့ တစ်ယောက်တစ်ဦးစီကို ဆွဲခေါ်ကာ နောက်ထပ်ပွဲစဉ်ဆီသို့ဆက်သွားခဲ့ကြသည်။

မကြာမီ မျက်စိပိတ်ပန်းချီဆွဲခြင်း သို့မဟုတ် သုံးချောင်း ထောက်ခုန်ခြင်းဖြစ်စေ၊ လီရီပိုင်နှင့် ဖေးယွင်ကျင်း နှစ်ဖွဲ့လုံး ၅ မှတ်စီ ရရှိခဲ့ကြသည်။ သူတို့သည် ခက်ခဲသော သဲအိတ်ပစ်ဂိမ်းတွင်ပင် ဆယ်ကြိမ်ပစ်ရာတွင် ဆယ်ကြိမ်စလုံးဝင်အောင် လုပ်နိုင်ခဲ့ကြသည်။

ဖေးယွင်ကျင်း၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး နန်ယုအား အဆက်မပြတ်လက်ခုပ်တီး၍ အားပေးနေခဲ့သည်။

နောက်ဆုံးပွဲစဉ်ဆယ်ခုပြီးနောက် နှစ်ဖွဲ့လုံး အမှတ်ငါးဆယ်စီရရှိကာ တူညီသောအမှတ်ဖြင့် ပထမနေရာအား သံသယဖြစ်ဖွယ်မရှိဘဲ ရယူနိုင်ခဲ့ကြသည်။

ဖေးယွင်ကျင်း နှင့် လီရီပိုင်တို့အဖွဲ့ ပထမဆုရရှိသွားသည်ကို မြင်သောအခါ မူကြိုကျောင်း၏ကျောင်းအုပ်ကြီးမှာ ကလေးနှစ်ဦးအားဆုတံဆိပ်များကိုယ်တိုင်ပေးအပ်ခဲ့သည်။ကံကောင်း ထောက်မစွာဖြင့် အပိုတစ်ခုပါလာသောကြောင့် အရှက်ရစရာမလိုခဲ့ပေ။

ထို့နောက်တွင် ဆုရရှိသူ၏ လက်ဆောင်အိတ်များပေးလာသည်။ ထိုထဲတွင်... ကျောင်းသားမိဘတစ်ဦးမှ ပေးသော ကိုယ်ရေးကိုယ်တာစီးပွားရေးကတ်ပင် ပါဝင်သည်။

လီယွမ်မို တွင် မရှိသေးပါက နန်ယု သူ့အားပေးခဲ့မည်။

လက်ဆောင်ထဲတွင် အဆင့်မြင့်စားသောက်ဆိုင်နှင့် အပန်းဖြေဥယျာဉ် လက်မှတ်အချို့ပါဝင်သော်လည်း နန်ယုအတွက်မူ ၎င်းတို့မှာ အသုံးမဝင်ချေ။ အကြောင်းမှာ အသင်းဝင်ရန်လိုအပ်ချက်တစ်ခုခုသာရှိခဲ့ပါက နန်ယုတွင် ထိုအရည်အချင်းများအားလုံးရှိနေသည်ဟု ပြောရမည်ပင်။

ထားတော့။ ယနေ့တစ်နေ့လုံး ပျော်ရွှင်ခဲ့ရပြီး ရှောင်ကျင်း ပျော်ရွှင်နေသည်ကိုလည်းမြင်ရသည်ဖြစ်၍ ထိုမျှနှင့်ပင်လုံလောက်ပြီ။

နန်ယု လက်ဆောင်ပုံးထဲမှ လက်မှတ်များအားယာဥ်မောင်း လက်သို့ ပေါ့ပေါ့ပါးပါးလွှဲပေးလိုက်ပြီးနောက် ဖေးယွင်ကျင်းနှင့်လီရီပိုင်တို့ နှုတ်ဆက်နေသည်ကိုလှည့်ကြည့်လိုက်သည်။ သူတို့ အစောပိုင်းတွင် ကစားနေကြသော်လည်းအနည်းငယ် ရန်ဖြစ်ခဲ့ကြသေးသည်။ သို့သော် ကလေးများ၏ခင်မင်မှုမှာ ထိုသို့ပင်ဖြစ်သည်။

ယခုမူ ထိုကလေးနှစ်ဦးသည် ခေါင်းချင်းဆိုင်ကာ တစ်စုံတစ်ခုကိုဆွေးနွေးလျက် တစ်ယောက်ကိုတစ်ယောက်ပြန်လည်တွယ်ကပ်နေကြပြီ။

မဖော်ရွေသောနေရောင်ခြည်အား ခံစားမိသဖြင့် နန်ယု လီယွမ်မို၏အရိပ်ဘက်သို့ တိတ်တဆိတ် အနည်းငယ်ရွှေ့လိုက်သည်။ သူမ၏ "လူလုပ်ထီး" ကောင်းစွာအလုပ်လုပ်နေကြောင်း သေချာသွားမှ သူ့အားတစ်ချက်ကြည့်လိုက်သည်။

မထင်မှတ်ဘဲ သူတို့ မျက်လုံးချင်းဆုံမိသွားကြသည်။

လီယွမ်မိုသည်လည်း သူမအားပြန်ကြည့်နေခဲ့သည်။

သူ သတိထားမိသွားတာလား ??

မည်သို့ပြောရမည်၊ မည်သို့ရှင်းပြရမည်ဟု နန်ယုတွေးနေစဉ်မှာပင် လီယွမ်မို အရင်စကားပြောလိုက်သည်။

“မင်းက အံ့ဩဖို့ကောင်းတယ်”

သူသည် စကားနည်းသူတစ်ဦးဖြစ်သော်လည်း သူ့အားသိသူတိုင်းမှာမူ သူ၏တိတ်ဆိတ်ခြင်းသည် ထက်မြက်ခြင်းနှင့် တိုက်ရိုက်ပွင့်လင်းခြင်းကို ရည်ညွှန်းကြောင်းသိကြသည်။

လီယွမ်မို၏ချီးကျူးခြင်းမှာ ရင်ထဲမှလာခြင်းဖြစ်သည်။ ယနေ့တွင် သူတို့ ဂိမ်းအနည်းငယ်သာ ကစားခဲ့ရသော်လည်း နန်ယု စွမ်းရည်များသည် မဆိုးရုံသာမက အလွန်ကောင်းမွန်ကြောင်း သူပြောနိုင်သည်။

အရှိန်၊ အမြင်အာရုံ၊ ခွန်အား— သူမကဲ့သို့သော မိန်းကလေးတစ်ဦးအတွက် သူမ လေ့ကျင့်ထားခြင်းမရှိဘူးဆိုသည်ကို သူ ယုံမည်မဟုတ်ပေ။

သူ့ရှေ့တွင် ရပ်နေသူသည် နန်ယုသာ မဟုတ်ခဲ့လျှင် လီယွမ်မို ဤမျှအံ့ဩမိမည်မဟုတ်ပေ။ သို့သော် နန်ယု...

နန်မိသားစု၏တစ်ဦးတည်းသောသမီးအနေဖြင့် သူမသည် ကမ္ဘာပေါ်တွင် ဂုဏ်အရှိဆုံး အမျိုးသမီးငယ်များထဲမှ တစ်ဦးဖြစ်သည်ဟုဆိုနိုင်ပေသည်။ မြို့တော်သို့ မကြာသေးမီကမှ ရောက်ရှိလာခဲ့သော လီယွမ်မိုပင် သူမနှင့်ပတ်သက်သော ကောလဟလအချို့အားကြားဖူးခဲ့သည်။

သူ နားထောင်ချင်လို့တော့မဟုတ်ပေ။ သို့သော် စီးပွားရေးလုပ်ငန်းတွင် ညစာစားပွဲများတက်ရောက်ရသည်မှာ ရှောင်လွှဲမရသောကြောင့် ထိုလူများမှာ နန်ယုအားမကြာခဏထည့်ပြောတတ်ကြသည်။

သူ့ မိသားစုနောက်ခံ၊ သူ့ အလှအပနှင့် ဖေးယီကျန့်အပေါ်ထားရှိသော နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာအကြောင်းတို့အားပြော ဆိုကြသည်။

အမျိုးသမီးများစွာသည် နန်ယု၏ ယခုကဲ့သို့ အမျိုးသားတစ်ဦးအား ရူးသွပ်စွာလိုက်နေခြင်းကို မိုက်မဲသည်ဟု ထင်ကြသော်လည်း အမျိုးသားများမှာ ထိုကဲ့သို့ ချမ်းသာပြီး လှပသည့်အမျိုးသမီးတစ်ဦးက ၎င်းတို့အား ရူးသွပ်စွာချစ်ခင်နေ သည်ကို သဘာဝအတိုင်းပင် တောင့်တကြသည်။

၎င်းမှာ ယောက်ျားအများစုတွင် ရှောင်လွှဲမရသော စရိုက်တစ်ခုပင်။ ထိုသို့မဟုတ်ပါက အမျိုးသားဇာတ်လိုက်များအတွက် မိန်းမများစွာပါဝင်သည့် ဝတ္ထုများ ဤမျှများပြားနေမည်မဟုတ်ပေ။

လီယွမ်မို ထိုကဲ့သို့ ဆွေးနွေးမှုများတွင် မည်သည့်အခါမျှ ပါဝင်ခြင်းမရှိခဲ့။

သို့သော် နန်ယု၏နာမည်ကိုမူ သူမှတ်မိနေခဲ့သည်။

နောက်ပိုင်းတွင် မထင်မှတ်ဘဲ ၎င်းတို့၏ "ကလေးများ" မှတစ်ဆင့် ဆုံတွေ့ခဲ့ကြရာ လီယွမ်မို မမျှော်လင့်ထားခဲ့သည့်အရာပင်။

သို့သော် ဤတွေ့ရှိမှုမှ နန်ယုသည် သူကြားခဲ့ရသည့် "နန်ယု" နှင့် လုံးဝကွာခြားနေကြောင်းကိုလည်း သူတွေ့ရှိစေခဲ့သည်။

ခင်ပွန်းဖြစ်သူ အမြဲခရီးထွက်နေသော အမျိုးသမီးတစ်ဦးမှာ မည်သို့ဖြစ်လိမ့်မည်ကို လီယွမ်မို မသိသော်လည်း နန်ယုကဲ့သို့တော့ မဟုတ်သည်မှာ သေချာသည်။

ယနေ့တွင် နန်ယု၏လုပ်ဆောင်ချက်မှာ ပိုအံ့အားသင့်စရာကောင်းသည်။ ယခုခေတ်တွင် အမျိုးသမီးငယ်များမှာ အခြားနယ်ပယ်များတွင်သာမက သူတို့၏စွမ်းရည်များပါတော်ဖို့ရာမျှော်လင့်ထားရတော့မည်လား ??

“အမ်၊ ကျေးဇူးတင်ပါတယ်?”

ရုတ်တရက် ချီးမွမ်းခြင်းကြောင့် နန်ယု တစ်စက္ကန့်မျှအံ့အား သင့်သွားသည်။ သူက သူ့ဂိမ်းစွမ်းရည်ကို ချီးကျူးနေတာလား? သူမ မိမိကိုယ်ကိုအတော်လေးအရည်အချင်းရှိသည်ဟု သတ်မှတ်ထားသောကြောင့် တွန့်ဆုတ်စွာပင်လက်ခံလိုက်သည်။

ဤအပြန်အလှန်ပြောဆိုပြီးနောက် နှစ်ဦးသားလျင်မြန်စွာ တိတ်ဆိတ်သွားကြသည်။

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့၏ စကားပြောဆိုမှုပြီးဆုံးသော အခါ၊ အဖွဲ့လေးဖွဲ့ ခွဲထွက်ကာ ကိုယ်စီအိမ်သို့ပြန်သွားကြပြီး ကိုယ်အတွက် အစားအသောက်ပြင်ဆင်ပေးမည့်သူအား ရှာဖွေကြတော့သည်။

နာရီပေါင်းများစွာ လေ့ကျင့်ခန်းလုပ်ပြီးနောက်တွင် နန်ယု ဗိုက်အလွန်ဆာလာခဲ့သည်။ သူငယ်တန်းကျောင်းမှ သရေစာများမှာ သူမဗိုက်အား အနည်းငယ်သာ ပြည့်စေနိုင်ခဲ့သည်ဖြစ်ရာ ကောင်းမွန်စွာစားသုံးရန်အတွက် ထမင်းတစ်နပ်အမှန်တကယ် လိုအပ်နေသည်။

ဖေးယွင်ကျင်းသာ ဆက်လက်တွယ်ကပ်နေပါက သူမကိုယ် တိုင်ပင် သူ့အား ဆွဲခေါ်သွားရတော့မည့်အခြေအနေသို့ ရောက်ရှိလာတော့မည်။

၎င်းမှာ နန်ယု၏ယခင်ဘဝက ရရှိခဲ့သည့် အလေ့အကျင့်တစ်ခုပင်။ သူမ ဆာလောင်မှုအား မခံနိုင်ဘဲ ဗိုက်ဆာလာသည့်အခါတွင် အလွယ်တကူစိတ်တိုလွယ်သည်။

“အန်တီ၊ ဒီဆုတံဆိပ်ကို ရှောင်ကျင်းကိုပေးလို့ရမလား”

“ရတာပေါ့၊ ဒါပေမဲ့ သေချာသိမ်းထားရမယ်နော်၊ ငါတော် တော်ကြိုးစားပြီးနိုင်ထားတာ”

“ဟုတ်ကဲ့၊ ရှောင်ကျင်း သေချာသိမ်းထားပါ့မယ်!”

သို့သော်လည်း နန်ယု သူမ၏နောက်ပြောင်ပြောဆိုမှုက ဖေးယွင်ကျင်းအားဖျားနာစေမည်ဟု တစ်ခါမှမတွေးထားခဲ့မိပေ။

ထိုနေ့ည ၁၁ နာရီတွင် ဖေးယွင်ကျင်းအား ဂရုစိုက်ရသည့် အိမ်ထိန်းအမျိုးသမီးမှာ ပုံမှန်အတိုင်း သူ့အိပ်ရာကို စစ်ဆေးရန် ရောက်လာခဲ့ပြီး အဆင်ပြေကြောင်းသေချာသွားသည့်အခါမှ ဘေးခန်းတွင် အိပ်ရန်ရည်ရွယ်ခဲ့သည်။

မထင်မှတ်ဘဲ သူမ နီးကပ်လာသည်နှင့် ဖေးယွင်ကျင်း၏မျက် နှာလေးမှာ ပုံမှန်မဟုတ်ဘဲ နီရဲနေသည်အား တွေ့လိုက်ရသည်။ အသက်ရှူသံမှာလည်း အနည်းငယ်မောပန်းနေသည်။ ကလေး ထိန်းအမျိုးသမီးမှာ ထိုအခြေအနေကို အိမ်တော်ထိန်းကျိုးအားချက်ချင်းပြောပြခဲ့ပြီး၊ အိမ်တော်ထိန်းကျိုးကလည်း မိသားစုဆရာဝန်အား ချက်ချင်းခေါ်ခဲ့သည်။

မိသားစုဆရာဝန်မှာ ကလေးအထူးကုကောင်းတစ်ဦးဖြစ် သည်။ ချက်ချင်းရောဂါရှာဖွေပြီး အပူချိန်တိုင်းတာပြီးနောက် အဖျားဝင်နေကြောင်းတွေ့ရှိရသည်။

ကလေးဘဝတွင် ဖျားနာခြင်းမှာ အရေးကြီးသည်ဖြစ်စေမကြီး သည်ဖြစ်စေ အလေးအနက်ထားသင့်သည်။ ကံကောင်းစွာဖြင့် ဖေးယွင်ကျင်း၏ အပူချိန်မှာ မမြင့်မားလှပေ။ ဆရာဝန်က အရေးပေါ်ကုသမှု ပြီးဆုံးပြီးနောက် အပူချိန်ကျမကျ ခဏစောင့်ကြည့်ရန် လူတိုင်းအားပြောလိုက်သည်။ အကယ်၍ အပူ ချိန်ကျသွားပါက အားလုံးအဆင်ပြေမည်ဖြစ်ပြီး၊ မကျပါက ဆေးရုံသို့ ချက်ချင်းသွားရမည်ဖြစ်သည်။

သို့သော်လည်း အိမ်တော်ထိန်းကျိုးမှာဖေးယွင်ကျင်း အဘယ် ကြောင့် ရုတ်တရက် အဖျားဝင်သည်အား နားမလည်နိုင်ဖြစ်နေသည်။

မွန်းလွဲပိုင်းက ဂိမ်းကစားခဲ့တာကြောင့်လား ?

ထိုသံသယအား မကြာမီတွင်အဖြေရရှိခဲ့သည်။ အိမ်ထိန်းအမျိုးသမီးမှ ဖေးယွင်ကျင်းအား ချွေးများသေချာသုတ်ပေးနေစဉ် ဆုတံဆိပ်တစ်ခုသည် သူ့ ညအိပ်အင်္ကျီထဲမှ ရုတ်တ ရက်ပြုတ်ကျလာခဲ့သည်။

ဆုတံဆိပ်သည် သံဖြင့်ပြုလုပ်ထားခြင်းဖြစ်ရာ ယခု ပူနေသော် လည်း အရင်ကတော့ ရေခဲကဲ့သို့အေးနေမည်မှာသေချာသည်။ ဖေးယွင်ကျင်းသည် ထိုဆုတံဆိပ်အား သူ့ဗိုက်နားတွင်ကပ် ထားခဲ့သည်။ ကလေးများမှာ ကိုယ်ခံအားနည်းပြီး ယနေ့တွင် ချွေးထွက်၊ ပြေးလွှားခဲ့ပြီးနောက် ဖျားနာခြင်းမှာ ထူးဆန်းသည်ဟု မဆိုနိုင်တော့ပေ။

အရေးပေါ်အခြေအနေဖြင့် ခေါ်လိုက်ပြီးနောက် အကြောင်း ရင်းအား သိလိုက်ရသည့် နန်ယုမှာမူ...

"..."

သူမ ဒေါသလည်းထွက်မိသလို ရယ်လည်းရယ်ချင်နေခဲ့သည်။

All Chapters