← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

“အန်တီ၊ အန်တီ”

ဖေးယွင်ကျင်း အိပ်ရာပေါ်တွင် အဆင်မပြေဖြစ်နေရင်း မျက် လုံးမှိတ်၍ တိုးတိုးလေးရေရွတ်လိုက်သည်။

ဒီလိုခံစားရတာ အတော်ကြာပြီဖြစ်ပြီး ရင်းနှီးသည့် ခံစားမှုတစ်ခုလည်းဖြစ်သည်။

ဖေးမိသားစုတွင် နေထိုင်ခဲ့စဉ်က သခင်လေးမှာ ကိုယ်ခန္ဓာအားနည်းပြီး ကျန်းမာရေးမကောင်းကြောင်း၊ မကြာခဏ ဖျားနာပြီး ဝမ်းလျှောတတ်ကြောင်း အားလုံးနီးပါး သိကြသည်။ သို့သော်လည်း တကယ့် သေရေးရှင်ရေးရောဂါကြီးတော့ မဟုတ်ခဲ့ပေ။

ထို့ကြောင့် အများစုမှာ ဒီကလေးသည် မိဘများ၏ အမှားအတွက် ကံကြမ္မာ၏ ပြစ်ဒဏ်ပေးခြင်းဟုယုံကြည်ခဲ့ကြသည်။

ထို့အပြင် ဖေးယွင်ကျင်း ဖျားနာရခြင်း၏ အကြောင်းရင်း ရင်း မြစ်အား မည်သူမျှ စိတ်ဝင်တစား မရှာဖွေခဲ့ကြပေ။ သူ့အား ဂရုစိုက်ပေးဖို့ ဝေးစွ၊ ဆရာဝန်များကိုပင် ဂရုတစိုက် ကုသပေးဖို့ မပြောဆိုခဲ့ကြပေ။

၎င်းမှာ အိမ်ထိန်းအမျိုးသမီးအား အခွင့်ကောင်းယူရန် အခွင့် အရေးပေးလိုက်သလို ဖြစ်ခဲ့သည်။

တကယ်တော့ ဖေးယွင်ကျင်း၏ "ဖျားနာမှု" အများစုမှာ ကလေးထိန်းအမျိုးသမီးကြောင့် ဖြစ်ခဲ့ရခြင်းပင်။

ကလေးများမှာ အလွန်ပင်နူးညံ့သည်။ ညဘက်တွင် သေချာမခြုံပေးခဲ့ပါက အအေးမိပြီး ဖျားနာတတ်သည်။ "မတော်တဆ" အအေးမိစေသည့် အရာတစ်ခုခုစားမိလျှင်လည်း ဗိုက်အောင့်တတ်သည်။ သို့သော် အိမ်ထိန်းအမျိုးသမီးကမူ ဖေးယွင်ကျင်း၏နာကျင်မှုများအားကြည့်ရင်း သူမကို အားကိုးလာသည်ကို "ပျော်ရွှင်လို့နေသည်" လေးနှစ်အောက် ကလေးတစ်ယောက်မှာ ဤကဲ့သို့သောအခြေအနေမျိုးတွင် ကြီးပြင်းလာနိုင်ခြင်းမှာ ကံကောင်းခြင်းကြောင့်လား သို့မဟုတ် ဇာတ်လိုက်အမျိုးသား၏ကံကြမ္မာအရှိန်အဝါ ကြောင့်လားဆိုသည်အား မသိတော့ပေ။

ယခုမူ ထိုရင်းနှီးသော မသက်မသာခံစားမှုမှာ ပြန်ပေါ်လာပြီး သူ၏ မှုန်ဝါးနေသည့်စိတ်က ဖေးအိမ်တော်မှ အချိန်များဆီသို့ ပြန်ရောက်သွားသလိုပင်။

—အရမ်းနေရခက်တာပဲ၊ အရမ်းနေရခက်တယ်။

—ရှောင်ကျင်းကို ကယ်တင်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား ?

—တကယ်ကို အရမ်းနေရခက်တယ်။

“အန်တီ ရှိတယ်၊ အန်တီ ဒီမှာရှိတယ်”

ရုတ်တရက် ဖေးယွင်ကျင်း ရင်းနှီးသောအသံတစ်ခုအားကြား လိုက်ရသလို ခံစားလိုက်ရသည်။

ထိုအသံပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့နှလုံးသားအနက်ပိုင်းမှ ဖော်ပြမရသော ငြိမ်းချမ်းမှုတစ်ခု ပျံ့နှံ့သွားပြီး သူ့အတွင်းမှ အရိပ်များအား တဖြည်းဖြည်းပျောက်ကွယ်စေခဲ့သည်။

ပြီးနောက် သူ့နဖူးပေါ်တွင် နှစ်သက်ဖွယ် အေးမြမှုတစ်ခုအား ခံစားလိုက်ရပြီး အကြိမ်အနည်းငယ်ပွတ်တိုက်ချင်စိတ် ပေါက် သွားခဲ့သည်။

—ဘယ်သူလဲ ? ဒီလောက် အဆင်ပြေနေတာ။

မသိစိတ်ဖြင့်ပင် ဖေးယွင်ကျင်း သူ့နဖူးပေါ်မှ စမ်းသပ်နေသောလက်အားဆုပ်ကိုင်လိုက်သည်။ ထို့နောက် မည်သူမှ မယူနိုင်အောင် ရင်ခွင်ထဲတွင်ဖွက်ထားလိုက်သည်။

နန်ယု: "..."

ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ဖျားနေတဲ့ကလေးကို ပိုပြီးတော့ နားလည်ပေးလိုက်ရအောင်။

အိမ်တော်ထိန်းကျိုး ယူလာပေးသည့် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း နန်ယုနှင့် အခြားသူများမှာ မနက် ၁ နာရီကျော်သည်အထိ စောင့်ခဲ့ကြသည်။ ဖေးယွင်ကျင်း၏အဖျားမှာ အကြိမ်အတော်ကြာ တက်လိုက်ကျလိုက်ဖြစ်နေရာမှ နောက်ဆုံးတွင် ကျသွားခဲ့သည်။ သူသည်လည်း တုန်ယင်ခြင်း ရပ်သွားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

“သခင်လေး အဆင်ပြေသွားပါပြီ”

ဆရာဝန် သက်သာရာရသည့် အပြုံးဖြင့်ပြောလိုက်သည်။

“အခု သူအိပ်ပျော်နေပြီဆိုတော့ မနက်ဖြန်မနက်လောက်မှာ နိုးလာပါလိမ့်မယ်”

အိပ်ပျော်နေသော ဖေးယွင်ကျင်းထံ ခွန်အားသိပ်မရှိတော့ပေ။ နန်ယု ထုံကျဉ်နေပြီဖြစ်သော သူမလက်အား ဂရုတစိုက်ဆွဲ ထုတ်လိုက်သည်။ ထို့နောက် ထုံကျဉ်မှုပျောက်ကင်းစေရန် အကြိမ်အနည်းငယ် လှုပ်ယမ်းလိုက်သည်။

“ဒါဆို ကျွန်မအခန်းကို ပြန်နားတော့မယ်၊ အန်တီဝူ၊ အန်တီကျိုးနဲ့ နှစ်ယောက်သား ရှောင်ကျင်းကို အလှည့်ကျစောင့်ကြည့်ပေးပါ၊ ဘာဖြစ်ဖြစ် အစီရင်ခံပါ၊ အိမ်တော်ထိန်းကျိုးလည်း သွားအနားယူပါ၊ ဒီအရွယ်မှာ ညနက်အောင်မနေသင့်ဘူး”

နန်ယု စကားကြောင့် အိမ်တော်ထိန်းကျိုးတွန့်ဆုတ်သွားခဲ့သော်လည်း နောက်တော့ အကျိုးမရှိမှန်းသိလိုက်သည်။ အနား ယူပြီး မနက်စောစောမှ သခင်လေးအား ပြန်လာကြည့်တာပိုကောင်းလိမ့်မည်။

၎င်းမှာ နန်ယု၏ထင်မြင်ချက်လည်း ဖြစ်သည်။ သူမ ဆရာဝန်လည်း မဟုတ်သလို ကလေးများကို ဂရုစိုက်ပေးနိုင်သည့် ကျွမ်းကျင်အိမ်ထိန်းလည်း မဟုတ်ပေ။ ဤနေရာတွင် အသုံးမဝင်ဘဲ နေရာသာ ပိုယူနေရသည်။ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်လုပ်ပြီး ဘာအဓိပ္ပာယ်ရှိမှာလဲ ?

နန်ယု ဤသို့ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားသည့် စိတ်ဓာတ်မျိုး သူ့၌ မရှိကြောင်းပြောဆိုလိုက်သည်။

“ဟုတ်ကဲ့၊ သခင်မလေး၊ စိတ်မပူပါနဲ့၊ ကျွန်မနဲ့ အယ်လန်တို့ သခင်လေးကို ကောင်းကောင်းဂရုစိုက်ပေးပါ့မယ်”

နန်မိသားစု၏လစာအများကြီးရသော အိမ်ထိန်းမှာ ဤအချိန်တွင် အသုံးဝင်လာခဲ့သည်။ ပုံမှန်အားဖြင့်တော့ သူမတို့နှစ်ဦးအတွက် အလုပ်သိပ်မရှိပေ။ ဖေးယွင်ကျင်းကလည်း အမူအ ကျင့်ကောင်းပြီး စကားနားထောင်သူဖြစ်သည်။ ထိုသို့ဆက်သွားပါက လွယ်ကူပြီး လစာကောင်းသည့်အလုပ်အား လက် လွှတ်ရတော့မည်ကို သူမ စိုးရိမ်ခဲ့သည်။

ယခုမှတော့ သူမ၏စွမ်းရည်အားပြသရန် အခွင့်အရေး ရလာပြီဖြစ်ရာ သဘာဝအတိုင်းပင် အစွမ်းကုန်ကြိုးစားခဲ့သည်။

နောက်နေ့မနက် ခုနစ်နာရီတွင် နန်ယု ဖေးယွင်ကျင်း၏အခန်းသို့ ရောက်ရှိလာသည်။ သူ မထင်မှတ်ဘဲနိုးနေခဲ့သည်။

သူ အိပ်ရာပေါ်တွင် တစ်ဝက်တစ်ပျက်ထိုင်နေပြီး အိမ်ထိန်းအမျိုးသမီးမှ တစ်ဇွန်းချင်း ခပ်ခပ်ပေးနေသည့် အသီးအရွက်နှင့် အသားပျော့အဖတ်များကိုလည်း အဆင်မပြေစွာစားနေ သည်။ ဖျားနာရာမှ ခုမှ ပြန်ကောင်းလာခြင်းဖြစ်သောကြောင့် ဖေးယွင်ကျင်း ၎င်းအား စားဖို့မှလွဲ၍ရွေးစရာမရှိတော့ပေ။ နန်ယုကတော့ သူ့တွင် အစားအသောက်ပျက်နေသည်ဟု ထင်ခဲ့သည်။

“အန်တီ!”

ဖေးယွင်ကျင်း နန်ယုအားမြင်လိုက်ရသောအခါ ဝမ်းသာသွားပြီး သူ့အပြုံးမှာ တောက်ပနေသော်လည်း အနည်းငယ်တော့ အားနည်းနေသည်။

မည်သို့ပင်ဖြစ်စေ သူ ခုမှအဖျားပျောက်သွားခြင်း ဖြစ်သည်။ မြန်မြန်ပြန်ကောင်းလာသည်ဟု ဆိုနိုင်သော်လည်း သူ့ကိုယ် ခန္ဓာမှာ အားနည်းနေဆဲဖြစ်မည်။

နန်ယု သူမ၏ မျက်လုံးများတွင် ပြဿနာရှိနေသည်လား၊ သို့ မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာလားဟု တွေးမိသည်။ ဘာကြောင့် ဒီကလေးလေး ပိန်သွားသလို ခံစားနေရတာလဲ ?

သူမ ဖေးယွင်ကျင်း၏အိပ်ရာဘေးတွင် ထိုင်လိုက်ပြီး သူ့ပါးကို ထိုးလိုက်သည်။

“ဘာတွေတွေးနေတာလဲ ? မင်းရဲ့ ဆုတံဆိပ်နဲ့အိပ်နေတာလား? ဟမ်?”

ဖေးယွင်ကျင်း၏မျက်လုံးများမှာ နန်ယုအား မကြည့်ဘဲ အပေါ်အောက်လှည့်လည်နေပြီး အပြစ်ရှိသလို ခံစားနေရကြောင်း သိသာသည်။

“အဲဒီလို ထပ်လုပ်ရင် မင်းကို မုန်လာဥနီတစ်ပန်းကန်နဲ့ အပြစ် ပေးမယ်!”

“မလုပ်ပါနဲ့ မလုပ်ပါနဲ့ အန်တီ!”

ဖေးယွင်ကျင်း မုန်လာဥနီကို မကြိုက်ကြောင်း သိသာစွာခေါင်းတအားခါလိုက်သည်။

၎င်းအား နန်ယု ရှာဖွေတွေ့ရှိခြင်းပင်။

အစောပိုင်းကတွင် ဖေးယွင်ကျင်းမှာ အလွန်သတိထားတတ်ပြီး နန်ယု သူ့အား မနှစ်သက်မှာစိုး၍ ကလေးကောင်း တစ်ယောက်ဖြစ်ရန် ကြိုးစားခဲ့သည်။

ကလေးကောင်းတစ်ယောက်က ဘယ်လိုပုံစံလဲ ?

သူတို့သည် အစားအသောက်ရွေးတတ်သူများ မဟုတ်သည်မှာ သေချာသည်။

ဖေးယွင်ကျင်း အစားအသောက်မရွေးကြောင်း မြင်သောအခါ အိမ်တော်ထိန်းကျိုး အာဟာရဖြစ်သည့် မည်သည့်အရာကိုမဆို သဘာဝအတိုင်း ပြင်ဆင်ပေးခဲ့သည်။ ကလေးအများစု မကြိုက်သည့် မုန်လာဥနီကိုပင် အခြားအစားအစာများထက်ပိုလို့ပင်စားပွဲပေါ်တင်ပေးခဲ့သည်။

မုန်လာဥနီဖက်ထုပ်၊ မုန်လာဥနီနှင့် ကြက်ဥမွှေကြော်၊ မုန်လာဥနီဖျော်ရည်ပင် ပါသည်။ မကြိုက်သည့်သူအတွက်တော့ ငရဲတစ်ခုလိုပင်။

ဖေးယွင်ကျင်း အစပိုင်းတွင် အရာအားလုံးကို လက်ခံစားသုံးခဲ့သည်။ သူက အစာစားနိုင်ပြီး ခေါင်းတစ်ခြမ်းငုံ့ကာစားခဲ့သော ကြောင့် အိမ်တော်ထိန်းကျိုးပင် မသတိထားမိခဲ့ပေ။

နန်ယုနှင့် ဖေးယွင်ကျင်းတို့ အတူစားသည့်နေ့မှ နန်ယု မုန်လာ ဥနီအား မုန်လာဥကြော်အဖြစ် သူ့ရှေ့တည့်တည့်မှာချပေးသည်အထိပင်။

မုန်လာဥနီများ နည်းသွားသည်ကိုကြည့်ပြီး ဖေးယွင်ကျင်း သူ့တူအား ထပ်လှမ်းယူသောအခါ နန်ယု တားလိုက်သည်။

“မကြိုက်ဘူးဆိုရင် မစားနဲ့လေ”

သူ့မျက်လုံးထဲမှ နာကျင်မှုမှာ သိသာသည်။

သူမသာ သူ့ဘေးတွင် မထိုင်ခဲ့လျှင် နန်ယု သတိထားမိမည် မဟုတ်လောက်ပေ။

ကလေးများ အစားအသောက်ရွေးတတ်ခြင်းမှာ မကောင်းပေ။ သို့သော် လူတိုင်းတွင် ကြိုက်တာမကြိုက်တာရှိကြသည်။ အရမ်းကြီး မရွေးချယ်သရွေ့တော့ နန်ယု ဘာကိုမှမှားသည်ဟုမမြင်ပေ။

သူမသည်လည်း ပင်လယ်ရေမှော်နှင့် မှိုနက်ကဲ့သို့သော အစား အစာများအား မကြိုက်ပေ။ မည်မျှပင် အာဟာရရှိသည်ဟု ဆိုစေကာမူ သူမ မကြိုက်ပေ။

လူကြီးများတောင်မှ အစားအသောက်ရွေးတတ်ကြသည်ဖြစ်ရာ ကလေးများအတွက်တော့ ပြောစရာမလိုတော့ပေ။

ထိုနေ့မှစ၍ မုန်လာဥနီသည် ဖေးယွင်ကျင်း၏ ပန်းကန်ထဲတွင် ဘယ်တော့မှ ပေါ်မလာတော့ပေ။ နန်ယု ထိုအဖြစ်အပျက်အား အပြစ်ပေးရန်အတွက် အသုံးချလိမ့်မည်ဟု သူတစ်ခါမျှမမျှော် လင့်ထားခဲ့ပေ။

မုန်လာဥနီ၏ထူးခြားသော အရသာကို တွေးလိုက်ရုံဖြင့် ဖေးယွင်ကျင်းမျက်နှာမှာ ရှုံ့တွသွားသည်။ သူ နန်ယု၏အင်္ကျီလက်စအားဆွဲပြီး ဆိုးနွဲ့တော့သည်။

“အန်တီ၊ ရှောင်ကျင်းနောက်ဆို ဖျားတော့မှာမဟုတ်ဘူး၊ ကျေး ဇူးပြုပြီး မုန်လာဥနီ မကျွေးပါနဲ့နော်”

ဖေးယွင်ကျင်း အရင်က နန်ယုအား ဆိုးနွဲ့ဖို့မရဲရဲခဲ့ပေ။ မုန်လာ ဥနီကို အတင်းအကျပ်စားခဲ့သလိုပင်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ အဆက်မပြတ် အတူနေထိုင်မှုကြောင့် လူတို့သည် အမြဲတမ်း ပြောင်းလဲတတ်ကြသည်။ ဖေးယွင်ကျင်းသည် ပုံမှန်ကလေးတစ်ယောက်လို ပိုပိုပြီးဖြစ်လာသည်။ ဆိုးနွဲ့တတ်လာသည်၊ အစားအသောက်ရွေးတတ်လာသည်၊ နန်ယုအား ဒေါသတကြီး ဆိုးသွမ်းတယ်လို့ပင် ခေါ်တတ်လာသည်။

နန်ယုရော အိမ်တော်ထိန်းကျိုးပါ ထိုအပြောင်းအလဲအား သတိထားမိပြီး တော်တော်လေး ချစ်စရာကောင်းသည်ဟု ခံစားရသည်။

ကလေးတစ်ယောက်အား ပြုစုပျိုးထောင်ရာတွင် အောင်မြင်မှုတစ်ခုကိုပင် ခံစားရသည်။

ကလေးများနှင့် ပတ်သက်၍ အမြဲတမ်း စိတ်မဝင်စားခဲ့သော နန်ယုပင် ဖေးယွင်ကျင်းအား နောက်ပြောင်ရတာ ပိုပိုပြီး ပျော်လာသည်။ အထူးသဖြင့် ကလေးမှာ ဆိုးနွဲ့နေသော်လည်း သူ့အား ခွင့်လွှတ်နေသည်ကို မြင်ရသောအခါတွင်ဖြစ်သည်။

ဘယ်လို အရွယ်ရောက်ပြီးသား လူဆိုးလဲ ?!

စိတ်ထဲမှ သူမ ကိုယ်တိုင် မကျေမနပ်ဖြစ်နေပြီးနောက် နန်ယု လေးနက်ဟန်ဆောင်လိုက်သည်။

“တကယ်လား ? နောက်တစ်ခါ ရှောင်ကျင်းပြန်ဖျားရင် ဘယ် လိုလုပ်မလဲ”

ဖေးယွင်ကျင်း လေးနက်သောဆုံးဖြတ်ချက်တစ်ခု ချနေသလို မျက်မှောင်ကြုတ်လိုက်သည်။

“ဒါဆိုရင် ရှောင်ကျင်းကို မုန်လာဥနီနှစ်ပန်းကန်ကျွေးလိုက် ပါ!”

“ကောင်းပြီ၊ ကတိနော်၊ လက်ညှိုးချိတ်မယ်”

ဘယ်ကနေ ပေါ်လာမှန်းမသိသော်လည်း ဖြစ်စဉ်တစ်ခုလုံးအား မြင်နေရသည့် အိမ်တော်ထိန်းကျိုးကမူ "..."

ဆန္ဒအရလုပ်ခြင်းဖြစ်သောကြောင့် သူ ဝင်မပါသည်က အကောင်းဆုံးပင်။

ဥယျာဉ်ပွဲတော်မှာ စနေနေ့ပြီးဆုံးသည်နှင့် ပြီးဆုံးသွားခဲ့သည်။ တစ်ရက်တာ အနားယူပြီးနောက် တနင်္ဂနွေနေ့တွင် ဖေးယွင်ကျင်း လုံးဝလန်းဆန်းသွားခဲ့သည်။

သို့သော် ထိုအရာကလည်း ဖေးယွင်ကျင်း၏ ကိုယ်လက်ကြံ့ ခိုင်မှုမှာ တကယ်ကို ပျမ်းမျှအဆင့်သာရှိကြောင်း နန်ယုအား သဘောပေါက်စေခဲ့သည်။ သူသည် ကျန်းမာပုံပေါ်သော်လည်း သူ၏အခြေခံမှာ အားနည်းချက်များ ရှိနေသည်။ အနည်းငယ် ပင်ပန်းရုံနှင့် မခံနိုင်သေးပေ။

လက်ရှိတစ်ပတ်လျှင် သုံးနာရီ လမ်းဘေးအကအတန်းများမှာ အစမ်းသဘောသာဖြစ်ပြီး သူ့အား ပို၍ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်နေသည်။ မဟုတ်ပါက နောင်တွင် ပြဿနာရှိလာနိုင် သည်။

ကလေးများကို လေ့ကျင့်ပေးဖို့ကမူ သူမမူလကမ္ဘာမှ ကလေးများ၏ ထက်ဝက်ခန့်လောက်သာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

ကံကောင်းစွာဖြင့် နန်ယု လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ နေရာကို အစားထိုးကာ မူကြိုဆရာအဖြစ် ခဏတာလုပ်ကိုင်ခဲ့ဖူးသည်။ ထို့ကြောင့် လုပ်ငန်းစဉ်နှင့် ရင်းနှီးပြီးသားဖြစ်သည်။ လာမည့်တနင်္လာနေ့မှစပြီး ဖေးယွင်ကျင်းအား တစ်နှစ်အတွင်း ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ပဉ္စမထပ်အထိ တက်နိုင်အောင် ကြိုးစားတော့မည်။

ဖေးယွင်ကျင်းကတော့ ဘာတွေဖြစ်လာတော့မည်ကို လုံးဝမသိဘဲ လီရီပိုင်နှင့်အတူ Ultraman ရုပ်ရှင်အား ပျော်ပျော်ရွှင်ရွှင် ကြည့်နေသည်။ ထို့နောက် လီရီပိုင်မှ လအနည်းငယ်အတွင်း ထွက်ရှိတော့မည့် အရေအတွက်ကန့်သတ်ထားသော Ultraman အရုပ်အကြောင်း သူ့အား ပြောပြခဲ့သည်။ ထိုအရုပ်မှာ သူ့အကြိုက်ဆုံးနှင့် တိုက်ဆိုင်နေခဲ့သည်။

“ငါ့အထင်တော့ ယွမ် တစ်ထောင်လောက်ရှိမယ်ထင်တယ်၊ ငါတော့ ရှုကျူးကို တစ်ခုလောက်ဝယ်ခိုင်းဖို့ စီစဉ်ထားတယ်၊ မင်းရော ရှောင်ကျင်း”

“ငါ၊ ငါလည်း တစ်ခုလောက်လိုချင်တယ်”

“ဒါဆိုရင် နန်ကျဲ ကို တစ်ခုဝယ်ခိုင်းလိုက်ပေါ့၊ စျေးမကြီးပါဘူး”

လီမိသားစုတွင် ငွေကြေးအချို့ ရှိပြီး လီယွမ်မိုသည်လည်း ငွေကြေးစုဆောင်းနိုင်သူဖြစ်သည်။ ထိုသို့မဟုတ်ပါက ဤကဲ့သို့ ဗီလာမျိုးကိုမတတ်နိုင်ပေ။ ထို့ကြောင့် ယွမ်တစ်ထောင်တန် အရုပ်မှာ လီရီပိုင်အတွက် ဘာမှမဟုတ်ပေ။ ပုံမှန်ဝတ်စုံတစ်ထည်ပင် ယွမ်ထောင်ချီကုန်ကျသည်ဖြစ်ရာ အရေအတွက်ကန့်သတ်ထားသည့် အရုပ်တစ်ရုပ်ကတော့ ယွမ်တစ်ထောင်တန်သည်။

ရှောင်ကျင့် လက်ခံဖို့ ငြင်းဆန်ခဲ့လျှင် လီရီပိုင် သူ့အတွက် နှစ်ရုပ်ဝယ်ပြီး တစ်ရုပ်ပေးလိုက်မှာသေချာသည်။

သို့သော် နန်ကျဲမှာ နှမြောတတ်သူမဟုတ်ကြောင်း သိသာသော ကြောင့် စိုးရိမ်စရာမရှိပေ။

လီရီပိုင် သူ့အာရုံကို ဖန်သားပြင်ကြီးပေါ် ပြန်လှည့်လိုက်ပြီး ဖေးယွင်ကျင်း၏ စိုးရိမ်နေသည့် အမူအရာအား သတိမထားမိခဲ့ပေ။ သူ အရင်က သူ့အန်တီကို ဘာမှမတောင်းဆိုဖူးရာ သူ သဘောတူပါ့မလား ?

လောကအကြောင်းအရာများနှင့် ပတ်သက်၍ အတွေ့အကြုံနည်းသည့် လီရီပိုင်နှင့်ယှဉ်လျှင် ဖေးယွင်ကျင်း၏ အတိတ်မှ အတွေ့အကြုံများကြောင့် ငွေသည် ရှာရခက်သည်ဟု သင်ယူခဲ့ရသည်။ နန်ယုမှာ သူသုံးစွဲသည့်ငွေသည် သူမအား ပိုက်ဆံပိုရှာဖို့ ကူညီပေးသည်ဟု အရင်ကပြောခဲ့ဖူးသော်လည်း မူကြိုကျောင်းတက်ပြီးနောက် ရင့်ကျက်လာသည့် ဖေးယွင်ကျင်းမှာ သူမ ညာသည်ဟု ခံစားရသည်။

ဒီလိုမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ ? အန်တီက သူ့ကိုယ်သူနှစ်သိမ့်ဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်!

ထို့အပြင် သူငယ်တန်းကျောင်းမှ တခြားကလေးတွေ အားလုံးက သူတို့မိဘများ အလုပ်ရှုပ်နေပြီး ပိုက်ဆံရှာဖို့ အိမ်ကနေ မကြာခဏ ဝေးနေရသည်၊ လီရီပိုင်လိုပင်၊ သို့သော် အန်တီကတော့ အမြဲတမ်း အိမ်တွင်ရှိနေသည်။

အန်တီသာ ပိုက်ဆံမရှာလျှင် သူမတွင် ပိုက်ဆံမရှိပေ။

ဖေးယွင်ကျင်း မျက်ခုံးများ ပိုမိုတွန့်လာသည်။

ဒါပေမဲ့၊ ဒီ Ultraman အရုပ်ကိုတော့ တကယ်လိုချင်နေတာ!

ရှောင်ပိုင်က အရေအတွက်ကန့်သတ်ထားတဲ့ အရုပ်လို့ပြောတယ်၊ အဲဒီတော့ ကုန်သွားရင် ကုန်သွားတာပဲလေ!

သူ့သူငယ်ချင်းအား နှုတ်ဆက်ပြီးနောက် ဖေးယွင်ကျင်း ခဏတာတွန့်ဆုတ်သွားသည်။ ထို့နောက် အိမ်တော်ထိန်းကျိုးအား အရင်မေးဖို့ ဆုံးဖြတ်လိုက်သည်။

“သခင်လေး၊ ဘာကိစ္စရှိလို့လဲ”

အိမ်တော်ထိန်းကျိုး ဧည့်ခန်းအား သန့်ရှင်းရေးစစ်ဆေးနေစဉ် ဖေးယွင်ကျင်း စိုးရိမ်သောမျက်နှာနှင့် ချဉ်းကပ်လာသည်ကိုမြင်လိုက်ရသည်။

သူ ချက်ချင်းဒူးညွှတ်ပြီး ပြုံးပြုံးရွှင်ရွှင်မေးလိုက်သည်။

ဖေးယွင်ကျင်း: “အိမ်တော်ထိန်းကျိုး၊ ရှောင်ကျင်း အပြင်ထွက်ပြီး ပိုက်ဆံရှာလို့ရလား”

အိမ်တော်ထိန်းကျိုး: “...?”

“အဲဒါကတော့ မဖြစ်နိုင်ဘူးထင်တယ်၊ သခင်လေးက အရမ်းငယ်သေးတယ်”

လျင်မြန်စွာ တုံ့ပြန်တတ်သည့် အိမ်တော်ထိန်းကျိုး ချက်ချင်း ဆက်မေးလိုက်သည်။

“သခင်လေး ပိုက်ဆံလိုလို့လား? ဘာအတွက် သုံးမှာလဲ”

ဖေးယွင်ကျင်း၏စားသောက်နေထိုင်မှု၊ အဝတ်အထည်အစရှိသည့် ကိစ္စများအားလုံးကို သူကသာ ဂရုစိုက်ပေးခဲ့သည်။ သူ ပုံမှန်အားဖြင့် သူငယ်တန်းကျောင်းနှင့် အိမ်ကြားသာ သွားလာနေသည်ဖြစ်ပြီး ဘာအတွက်မှ ပိုက်ဆံလိုတာမျိုး မတွေ့ရပေ။

ထိုမေးခွန်းကို ကြားသောအခါ ဖေးယွင်ကျင်း ပတ်ဝန်းကျင်အား လျင်မြန်စွာ ကြည့်လိုက်သည်။ မည်သူမှမရှိကြောင်း သေချာသွားမှ တိုးတိုးလေးပြောလိုက်သည်။

“ရှောင်ကျင်းတစ်ခုခု ဝယ်ချင်လို့၊ ဒါပေမဲ့ ပိုက်ဆံမရှိဘူး”

“အော်၊ သခင်လေး ဘာဝယ်ချင်တာလဲ ? ကျွန်တော် သခင်မလေးကို သွားမေးပေးမယ်”

အိမ်တော်ထိန်းကျိုး ချက်ချင်းသဘောမတူခဲ့ပေ။ နန်မိသားစုတွင် ငွေအလုံအလောက်ရှိသော်လည်း သူကိုယ်တိုင်လည်း ငွေစုထားသည်။ သို့သော် ကလေးငယ်အား ငယ်စဉ်ကတည်း ကပိုက်ဆံဖြုန်းတီးသည့် အကျင့်မရှိအောင် သင်ပေးရမည်ကို သူ သိသည်။

အစပိုင်းတွင် ဖေးယွင်ကျင်း ပြောဖို့ တွန့်ဆုတ်နေသည်။ သို့ သော် လျင်မြန်စွာ ဇာတ်ကြောင်းတစ်ခုလုံးအား သိသွားခဲ့သည့် ပါးနပ်သော အိမ်တော်ထိန်းကျိုးကိုတော့ယှဉ်နိုင်ခြင်းမရှိခဲ့ပေ။

နောက်ဆုံးတော့ အရေအတွက်ကန့်သတ်ထားသည့် Ultraman အရုပ်ဖြစ်နေပြီး ဈေးနှုန်းကလည်း သင့်တော်သည်။ ပိုက်ဆံဖြုန်းတီးခြင်းလည်း မဟုတ်ပေ။

ထိုသို့တွေးရင်း အိမ်တော်ထိန်းကျိုး ညစာစားချိန်တွင် နန်ယုအား ပြောပြလိုက်သည်။ သို့သော် နန်ယု ချက်ချင်းမသဘော တူခဲ့ပေ။

ပစ္စည်းက ဈေးမကြီး၊ ဈေးပေါသည်ပင်။ သူမအတွက်တော့ အသေးအဖွဲတစ်ခုသာဖြစ်သည်။

သို့သော် သူမ၏လေ့ကျင့်ရေးအစီအစဉ်အားတွေးပြီး ဖေးယွင်ကျင်း မကြိုးစားမှာစိုးရိမ်သဖြင့် ဤအခွင့်အရေးအား အသုံး ချဖို့ ဆုံးဖြတ်လိုက်သည်။

ဖေးယွင်ကျင်း မကြာမီ "လုပ်ငန်းခွင်စာချုပ်" အား လက်ခံရရှိခဲ့သည်။ နန်ယု၏ နေ့စဉ်လေ့ကျင့်ရေးလိုအပ်ချက်များကို ပြည့်မီအောင်လုပ်ပါက ယွမ်ဆယ်ကျပ် ရရှိမည်ဖြစ်ပြီး၊ မလုပ် ဆောင်နိုင်ပါက ယွမ်နှစ်ဆယ်ပေးရမည်။

“ရှောင်ကျင်း၊ အဲဒီအရုပ်က စက်တင်ဘာလမှာထွက်မယ်၊ နေ့တိုင်းသာ လေ့ကျင့်တာကိုဆက်လုပ်ရင် အဲဒီအချိန်ကျရင် အဆင်သင့်ဖြစ်နေမှာပါ”

“တကယ်လား?!”

ရှောင်ကျင်း သူ့၏ "လုပ်အား" အတွက် လစာရမည်ကို သိသိသာသာ ပျော်ရွှင်နေသည်။ ဒါ အလုပ်သမားများခေါ်နေသည့် အလုပ်မဟုတ်ပါလား ??

အလုပ်လုပ်ရုံနဲ့ ပိုက်ဆံရပြီ!

“တကယ်၊ တကယ်၊ လက်ဗွေနှိပ်ကြရအောင်”

“ကောင်းပြီ!”

တရားမဝင် လုပ်ငန်းခွင်စာချုပ်နှစ်ခု အသစ်ထုတ်ပေးလိုက်သည်။ စာရွက်အပိုင်းအစအားကိုင်ထားရင်း ဖေးယွင်ကျင်း တောက်ပစွာ ပြုံးနေသည်။

သူလိုချင်တဲ့ Ultraman ကို မကြာခင် ဝယ်နိုင်တော့မှာပဲ~

သို့သော် ထိုညတွင်....

“အန်တီ၊ အန်တီ၊ ရှောင်ကျင်းက၊ ဟင့်၊ ရှောင်ကျင်း မပြေးနိုင်တော့ဘူး”

နန်ယု ဖေးယွင်ကျင်း၏ကိုယ်လက်ကြံ့ခိုင်မှုနှင့် အခြားအချက်များအရ လေ့ကျင့်ရေးအစီအစဉ်အား ပြုလုပ်ခဲ့သည်။ ပင်ပန်းမှာတော့ သေချာသည်။ သို့သော် ကိုယ်ခန္ဓာကို ထိခိုက်မည်မဟုတ်တာ သေချာသည်။ သူမတွင် အတွေ့အကြုံအချို့ ရှိနေသည်။

“တကယ်လား? ဒါပေမဲ့ လေ့ကျင့်တာကို မပြီးရင် ရှောင်ကျင်း အန်တီ့ကို ယွမ်နှစ်ဆယ်ပေးရမှာနော်၊ ရှောင်ကျင်းမှာ ပိုက်ဆံရှိလား? ရှောင်ကျင်း Ultraman အရုပ်ကို မလိုချင်တော့ဘူးလား”

ဖေးယွင်ကျင်း: "..."

သူ့ကိုယ်သူ မကျေမနပ်ဖြစ်ကာ မျက်နှာရှုံ့မဲ့သွားသည်။ သူ အရမ်းပင်ပန်းနေပြီ။ သူ့မျက်နှာငယ်လေးမှာ နီရဲနေပြီဖြစ်ပြီး သူ့ခြေထောက်များသည် သူ့ကိုယ်ပိုင်ခြေထောက်လို့ပင် မခံ စားရတော့ပေ။ သို့သော် ထိုကြီးမားသည့်ပန်းတိုင်အား သူ ပြန်တွေးလိုက်သည်။

“ရှောင်ကျင်း၊ အဆင်ပြေပါတယ်!”

All Chapters