← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

အန်းရီရန်မှာ တကယ်ကိုဂရုစိုက်တတ်သည့် ကလေးတစ်ယောက်ပင်။

ခြောက်နှစ်အရွယ်ကလေးတစ်ယောက်မှ ထိုသို့ပြောခြင်းသည် နည်းနည်းတာဝန်မဲ့နေသယောင် ပေါ်လွင်သော်လည်း အန်းရီရန်နှင့် ဖေးယွင်ကျင်းအား လမ်းလျှောက်ရန်ခေါ်သွားပြီးနောက်တွင်တော့ နန်ယု လုံးဝကိုသဘောကျသွားခဲ့သည်။

ဤကလေးမှာ တကယ်ကိုစိတ်ပူစရာမလိုဘဲ ရင့်ကျက်လွန်းသည်။

သူ့ကိုယ်သူ ကောင်းကောင်းဂရုစိုက်ရုံသာမက အခြားကလေးများကိုပါ ဂရုစိုက်ပေးသည်။ ထို့အပြင် သူက နန်ယုကိုပါဂရု စိုက်ပေးသေးသည်။

ဥပမာအားဖြင့် နန်ယု ရေခဲမုန့်အားကိုင်ထားပြီး သူမအိတ်ထဲမှ တစ်ရှူးတစ်ရွက်ကိုထုတ်ယူရန် အနည်းငယ်ခက်ခဲနေချိန်တွင် အန်းရီရန်က သူ့အိတ်ကပ်ထဲမှ တစ်ရှူးအားလျင်မြန်စွာထုတ် ယူကာ သူမကို ပေးခဲ့သည်။

သူက နန်ယု ဘာရှာနေတယ်ဆိုတာကို ပြောတောင် မပြောရသေးပေ။

သို့မဟုတ် ဖေးယွင်ကျင်း နန်ယုမသိသည့် မေးခွန်းများမေးသောအခါ အန်းရီရန်က ကလေးတစ်ဦးကဲ့သို့ ရိုးရှင်းစွာရှင်းပြပေးလေ့ရှိပြီး ယုံကြည်စိတ်ချရသည့် အရွယ်ရောက်ပြီးသူ နန်ယုထက်ပင် ပိုသာလွန်ခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် နန်ယု သူမ၏အတိတ်ကံဆိုးမှုကို ပြောင်းလဲနိုင်ခဲ့ခြင်းအား အမှန်တကယ်ပင် ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ ၎င်းမှာ သူ့ကိုယ်ပိုင်အနာဂတ်အား လုံခြုံစေရုံသာမက၊ ဤမျှကောင်းသောကလေးတစ်ဦးသည် မူရင်းဝတ္ထုတွင် ဖော်ပြထားသည့်အတိုင်း လက်စားချေမှုဖြင့် လှုံ့ဆော်ခံရသော ရက်စက်သည့်လူတစ်ယောက်မဖြစ်သင့်ဟု သူ တကယ် ခံစားမိသောကြောင့်ဖြစ်သည်။

ဟိုတယ်ကိုပြန်ရောက်ပြီးနောက် ဖေးယွင်ကျင်း အန်းရီရန်အား မထင်မှတ်ဘဲ နှုတ်ဆက်ခဲ့သည်။ ဤအစ်ကိုမှာ အလွန်ကောင်းကြောင်း သူသိသာစွာခံစားမိသွားပြီး ရှောင်ပိုင်၏အဆက်မ ပြတ်ချီးမွမ်းနေမှုများကို ချက်ချင်းနားလည်သွားခဲ့သည်။

“ဟုတ်ပါပြီ၊ မနက်ဖြန် မနက်ကျရင်ပြန်တွေ့ကြမှာပါ”

နန်ယု အနည်းငယ်ပျော်ရွှင်သွားသည်။

“ငါမေးကြည့်ပြီး မင်းနဲ့ ရီရန်ကို ဒီညအတူတူအိပ်ခိုင်းရမလား”

ဖေးယွင်ကျင်း ခဏတာစဉ်းစားရန် ခေါင်းငုံ့လိုက်ပြီးမှ ချက် ချင်းခေါင်းခါလိုက်သည်။

“ဟင့်အင်း၊ ကျွန်တော့် အန်တီကိုကာကွယ်ပေးရမယ်!”

နန်ယုနှင့် သူမ၏အဖော်နှစ်ဦးမှာ အိပ်ခန်းသုံးခန်းပါရှိသည့် တိုက်ခန်းကျယ်ကြီးတစ်ခုကို မျှဝေသုံးစွဲခဲ့ကြပြီး အခန်းတိုင်းတွင် ကိုယ်ပိုင်ရေချိုးခန်းများပါရှိသောကြောင့် တစ်ဦးနှင့်တစ်ဦး အပြည့်အဝ ရှောင်တိမ်းနိုင်ခဲ့ကြသည်။

ရိုးရိုးသားသားပြောရလျှင် ဖေးယီကျန့်၏ ကိုယ်ခန္ဓာ၌ "အတွင်းစိတ်ရည်ရွယ်ချက်" တကယ်ရှိခဲ့ပါလျှင် သူသည် ထိုသုံးဦးစလုံးအား အလွယ်တကူ အနိုင်ယူနိုင်မည်ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း နန်ယု သူမ၏လေ့ကျင့်မှုများအား တစ်ခါမျှ ပေါ့ပေါ့ဆဆ မလုပ်ခဲ့ပေ။

သူမ၏ နူးညံ့သွယ်လျသော ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် တိုးတက်ပြောင်းလဲလာခဲ့သည်။ သွယ်လျသော ခါးနှင့် ဝမ်းဗိုက်တွင် ကြွက်သားများ၏အရိပ်အယောင်များ ပေါ်လာနေသည်ကို ရှင်းလင်းစွာမြင်တွေ့ရသည်။ ၎င်းမှာ နန်ယု၏အ လျင်စလိုမလုပ်ဘဲ ဖြည်းဖြည်းချင်းကြိုးစားအားထုတ်ခဲ့သည့် ရလဒ်ပင်ဖြစ်သည်။

ကမ္ဘာကြီးမှာငြိမ်းချမ်းနေပြီး နန်ယုခရီးသွားတိုင်း အရိပ်ထဲမှ ကိုယ်ရံတော်များအမြဲပါရှိလေ့ရှိသော်လည်း သူမ ကိုယ်ပိုင်စွမ်းအားများ ရှိနေမှသာ ပိုမိုစိတ်ချရမည်ဟုခံစားခဲ့ရသည်။

ဆိုရိုးစကားအတိုင်းပင် သူတစ်ပါးကို အားကိုးခြင်းထက် မိမိကိုယ်ကို အားကိုးခြင်းမှာ ပိုကောင်းသည်။ သူမ အားကုန်ခမ်းသွားသည့် အခြေအနေမျိုးကိုရောက်ရှိခဲ့ပါက ကိုယ်ခံပညာဆရာမတစ်ဦးပင် ဖြစ်လာနိုင်သေးသည်။

သို့သော် ဖေးယွင်ကျင်း၏ ကြေညာချက်ကို တုံ့ပြန်သည့်အနေ ဖြင့် ကလေးငယ်အား စိတ်ဓာတ်မကျစေရန် စိတ်ထဲထားကာ နန်ယု အားပေးသည့်အပြုံးဖြင့် မေးလိုက်သည်။

“ကောင်းပြီ၊ ဒါဆို ရှောင်ကျင်း၊ မင်း ကြိုးစားလေ့ကျင့်ဖို့လိုတယ်နော်၊ ဒီနေ့ရော လေ့ကျင့်ဦးမလား”

ဟိုတယ်၌ အားကစားခန်းမရှိပြီး ရှစ်နာရီကျော်သာ ရှိသေးသည်။ ထို့ကြောင့် တစ်နာရီခန့် လေ့ကျင့်ပြီးပါက အိပ်ချိန်သို့ ရောက်ရှိမည်ဖြစ်သည်။ သို့သော် ပျော်ရွှင်ရန်အတွက် ရှားပါးသော အခွင့်အရေးဖြစ်သည့်အတွက် နန်ယု ဖေးယွင်ကျင်းအား ခဏအနားပေးရန်နှင့် သူ့လစာကို မဖြတ်ရန်ဆုံးဖြတ်လိုက်သည်။

နန်ယုအား ကာကွယ်ပေးမည့်ပုံစံဖြင့် ဖေးယွင်ကျင်း သူ့ရင် ဘတ်ကို လက်သီးဖြင့်ထိုးကာ

“လေ့ကျင့်မယ်! ရှောင်ကျင်းက လူဆိုးတွေကို အနိုင်ယူမယ်!”

ထိုလူဆိုးများမှာ မည်သူများဖြစ်သည်ကို ပြောနေရန်မလိုတော့ပေ။

ပထမဆုံးသည် ဤအတိုင်းပင် ကုန်ဆုံးခဲ့သည်။ နန်ယုနှင့် ဖေးယွင်ကျင်းတို့ သူတို့အခန်းသို့ ပြန်ရောက်သောအခါ ဖေးယီကျန့်၏အခန်းတံခါးမှာပိတ်ထားသည်။ သူ ပြန်ရောက်နေသည်လား သို့မဟုတ် အပြင်ထွက်နေသည်လား သူမ မသိသော် လည်း ဂရုမစိုက်ခဲ့ပေ။

ဖေးယွင်ကျင်း၏ဆိုးနွဲ့မှုကြောင့် နန်ယု အခြေအနေအားလက် လျှော့လိုက်သည်။ ထို့နောက် မရင်းနှီးသောပတ်ဝန်းကျင်ကြောင့်လည်း သူ၏ခေါင်းအုံးသေးသေးလေးနှင့်အတူ အိပ်ရာပေါ် တက်လာရန်ခွင့်ပြုခဲ့သည်။

တစ်ဦးမှာကြီးပြီး တစ်ဦးမှာသေးငယ်သော ထိုနှစ်ဦးသည်ကြီး မားသည့်ကုတင်၏ဆန့်ကျင်ဘက်ခြမ်းတွင် နေရာယူခဲ့ကြသည်။ သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အနှောင့် အယှက်မပေးကြဘဲ သဟဇာတဖြစ်စွာဖြင့် အတူတူရှိနေခဲ့ကြသည်။

နောက်နေ့မနက် ရှစ်နာရီကျော်ကျော်တွင် နန်ယု မျက်လုံးများ မဖွင့်မီ ညာဘက်မှ ခိုးကြည့်နေသော အကြည့်တစ်ခုအားခံစားလိုက်ရသည်။

နန်ယု သမ်းဝါးလိုက်ပြီးလှည့်လိုက်သည်။ တကယ်တော့ ဖေးယွင်ကျင်း၏မျက်လုံးများမှာ အကြီးအကျယ်ပွင့်နေပြီး သူ့မျက်နှာတစ်ဝက်သည် စောင်အောက်တွင် မြှုပ်ထားသည်။ သူ သူမအား မည်မျှကြာကြာစိုက်ကြည့်နေသည်ကို မည်သူမှမသိပေ။

“အန်တီ! မင်္ဂလာနံနက်ခင်းပါ!”

နန်ယု နိုးလာသည်ကို မြင်သောအခါ ဖေးယွင်ကျင်းစောင်အား လျင်မြန်စွာပစ်ချလိုက်ပြီး ခုန်ထလိုက်သည်။ သူ့လက်များကို ခေါင်းပေါ်မြှောက်လိုက်ကာ စုံလင်သောနှလုံးသားပုံသဏ္ဌာန်တစ်ခုအားပြသခဲ့သည်။

နန်ယု: ...

ကလေးများအားလုံးသည် ဤမျှ ရယ်စရာကောင်းကြသလားဟု သူမ တွေးလိုက်သည်။ ထိုအမူအရာအား သူ မည်သည့်နေရာမှသင်ယူခဲ့သည်ကို သူမ မသိပေ။

သို့သော် ဖေးယွင်ကျင်း၏စိတ်အနှောင့်အယှက်ဖြစ်စေမှုမှာ နန်ယုအား နောက်ဆုံးတွင်နိုးထစေခဲ့သည်။

“မင်း သွားတိုက်ပြီး မျက်နှာကို ကိုယ့်ဘာသာဆေးကြောနိုင်တယ်မလား”

ဖေးယွင်ကျင်းအား ဂရုစိုက်ပေးသည့် အိမ်ထိန်းနှစ်ဦးစလုံးသည် မလိုက်ပါလာခဲ့ကြပေ။ သို့သော် အိမ်ဖော်မှာလည်း သူ့အား ခဏတာ ဂရုစိုက်ပေးခဲ့ဖူးသည်။ သူ မလုပ်နိုင်ခဲ့ပါက နန်ယု အိမ်ဖော်အားခေါ်ရန်စီစဉ်ထားသည်။

မည်သို့ပင်ဆိုစေ နန်ယု မိမိကိုယ်တိုင်တော့ မလုပ်နိုင်ဟု တွေးလိုက်သည်။

မမျှော်လင့်ဘဲ ဖေးယွင်ကျင်း သူ့ရင်ဘတ်အား ဂုဏ်ယူစွာပုတ်လိုက်သည်။

“လုပ်နိုင်ပါတယ်! ရှောင်ကျင်းက ကိုယ့်ဘာသာ အဝတ်လဲနိုင်တယ်၊ မျက်နှာသစ်နိုင်တယ်၊ သွားတိုက်နိုင်တယ်၊ အန်တီ၊ စိတ်မပူပါနဲ့!”

“ဝိုးး ရှောင်ကျင်းက အတော်ဆုံးပဲ!”

သူတို့နှစ်ဦး အိပ်ရာမှထကာ ရေချိုးခန်းသို့ ဦးတည်ခဲ့ကြသည်။

ဟိုတယ်၏ဘေစင်မှာ ကျယ်ဝန်းသော်လည်း ဖေးယွင်ကျင်းအတွက်အနည်းငယ်မြင့်လွန်းသည်။ နန်ယု သူ့အတွက် ခြေနင်း ခုံတစ်ခုအား ရှာပေးပြီး သွားတိုက်ဆေးကို ညှစ်ထုတ်ပေးခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးလုံးမှန်ကိုမျက်နှာမူကာသွားတိုက် ကြသည်။

မှန်ထဲမှ မိမိကိုယ်တိုင်နှင့် ဘေးရှိကလေးငယ်လေးအား ကြည့်ရင်း နန် သူမ အရင်က ကြည့်ဖူးခဲ့သော မိသားစုဒရာမာကို သတိရမိလိုက်သည်။ ၎င်းမှာ မိသားစု၏ခံစားချက်ပင်ဖြစ် သည်။

သူတို့နှစ်ဦး အထုတ်အပိုးများ ပြင်ဆင်ပြီး ထွက်လာချိန်တွင် ကိုးနာရီနီးပါး ရှိနေပြီဖြစ်သည်။ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ဆိုဖာပေါ်တွင် ထိုင်၍ကွန်ပျူတာကြည့်နေသော ဖေးယီကျန့်အား တွေ့လိုက်ရသည်။

သူသည် တစ်နေရာမှသတ္တုဘောင်ပါသော မျက်မှန်ကိုရှာတွေ့ ၍တပ်ထားရာ သူ့အား ပိုရိုးသားသည့်ပုံပေါက်စေသည်။

“နိုးပြီလား”

ဖေးယီကျန့် မော့ကြည့်လိုက်ပြီး ဝတ်စုံအတူတူ ဝတ်ဆင်ထားသည့် ထိုနှစ်ဦးအား မြင်လိုက်သည်။

သူတို့ဝတ်ဆင်ထားသည်မှာ ပုံစံတူရိုးရှင်းသောတီရှပ်နှစ်ထည်သာ။ အိမ်တော်ထိန်းကျိုး ခရီးဆောင်အိတ်ထဲသို့ထည့်ပေးခဲ့ခြင်းဖြစ်ပြီး နန်ယုကလည်း မနက်တွင်သတိထားမိလိုက်သောကြောင့် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

ယနေ့မှာ ပျော်ရွှင်ရမည့် နောက်ထပ်နေ့တစ်နေ့ဖြစ်သော ကြောင့် နန်ယု ဧည့်သည်များအား ဖျော်ဖြေရန်မလိုဘဲ မိမိအဆင်ပြေသလို ဝတ်ဆင်ခဲ့သည်။

မမျှော်လင့်ဘဲ ဖေးယွင်ကျင်း အလွန်ပျော်ရွှင်နေခဲ့သည်။ နန်ယုအား ကမ်းခြေနှင့် အပြာရောင်ကောင်းကင်ကို နောက်ခံထား၍ လသာဆောင်ပေါ်တွင် ဓာတ်ပုံရိုက်ရန်နှောင့်ယှက်နေခဲ့ပြီး အိမ်သို့ပြန်ရောက်သည့်အခါ အိမ်တော်ထိန်းကျိုးနှင့် ရှောင်ပိုင်အား ပြမည်ဟုပြောဆိုခဲ့သည်။

“မနက်စာကို ငါးမိနစ်အကြာကမှ ယူလာခိုင်းထားတာ၊ အေးသေးတာ မဟုတ်ဘူး၊ စားလိုက်ဦး”

ဖေးယီကျန့် ပြုံးလိုက်ပြီး သူတို့နှစ်ဦးအား ကြည့်လိုက်သည်။ “မင်းတို့အဝတ်အစားတွေက ချစ်စရာကောင်းတယ်”

— ဒါ ဘယ်လိုလုပ် ပုံမှန်ဖြစ်နိုင်မှာလဲ ?

ဖေးယီကျန့်ရှိနေသည့်အတွက် နန်ယု အနည်းငယ်အနေရခက်နေသော်လည်း သူမ စားပွဲတွင်ထိုင်လိုက်ပြီး အဖုံးအားဖွင့်လိုက်သည်။ ကြွယ်ဝပြီး နွေးထွေးသောမနက်စာမှာ သူမအား ကြိုဆိုနေခဲ့သည်။

သူမ ဖေးယွင်ကျင်းအား တစ်ယောက်စာပေးလိုက်ပြီးမှ ဖေးယီကျန့်ကို လှည့်ကြည့်လိုက်သည်။ သူ ခေါင်းငုံ့ကာ သူ့အလုပ်ကို ဆက်လုပ်နေသည်။

“ကျေးဇူးပါ”

မည်သို့ပင်ဖြစ်စေ သူ သူမအား ကူညီခဲ့သည်၊ ထို့ကြောင့် နန်ယု ကျေးဇူးတင်စကား ပြောဆိုခြင်းအား ဘာမှမမှားဟုမထင်ခဲ့ပေ။

ဖေးယီကျန့် ယဉ်ကျေးစွာဖြင့် “ရပါတယ်” ဟု ပြန်ဖြေခဲ့သည်။

ဤအခြေအနေမှာ အလွန်ပုံမှန်ဖြစ်နေခဲ့သည်။ ဖေးယီကျန့် တစ်ညတည်းနှင့် ပြောင်းလဲသွားသကဲ့သို့ပင်။

နန်ယု ဖေးယီကျန့် မည်သို့ပြန်ကောင်းလာသည်အား စုံစမ်းဖို့ ပျင်းရိနေခဲ့သည်။ မနက်စာစားပြီးနောက် သူမ အန်းရီရန်ကိုရှာရန် ဖေးယွင်ကျင်းအား ခေါ်ဆောင်သွားခဲ့သည်။

သူတို့ မနေ့က ကမ်းခြေသို့သွားရန် သဘောတူထားခဲ့ကြသည်။ ထို့ကြောင့် အန်းရီရန်နိုးနေပြီလားဟု သူမ တွေးနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖေးယီကျန့် နန်ယုနှင့် ဖေးယွင်ကျင်းတို့ ထွက်ခွာသွားသည်အား ကြည့်ပြီးနောက် သူ့အကြည့်မှာ ကွန် ပျူတာဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ဖေးမိသားစု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် အတော်လေးအလုပ် များနေခဲ့သည်။

သူ့စွမ်းရည်များသည် သာမန်လူများ မရနိုင်သော အချက်အ လက်များအား သိမ်းဆည်းနိုင်စေသော်လည်း ပေါ့ပေါ့ဆဆ လုပ်၍မရသေးသည့် အရာအချို့ရှိနေသေးသည်။

မည်သို့ပင်ဆိုစေ သူ စီမံကိန်းများစွာကိုမအောင်မြင်ခဲ့ဖူးပေ။ သူသာ မအောင်မြင်ခဲ့ပါလျှင် ထိုအဘိုးအိုများမှာ သူ့အားထပ် မံ၍ အပြစ်တင်ကြလိမ့်မည်။ တစ်ခါတရံတွင် သူ အနည်းငယ် စိတ်ပျက်မိသည်။ သူ သေခါနီးပြီဖြစ်သော်လည်း အဘယ် ကြောင့် ဤမျှများပြားသော အရာများအားလုပ်ဆောင်နေရသည်ကို သူ တွေးမိခဲ့သည်။

သို့သော်လည်း ဖေးမိသားစုသည်...

သူတို့ကိုအင်အားမလျော့စေရန် မလုပ်ဆောင်ပါက သူ အနည်း ငယ်မကျေမနပ်ဖြစ်နေမည်ဖြစ်သည်။

ထို့ပြင် ဖေးမိသားစုကိုပုန်ကန်ပြီး သူ့အသက်အားလိုချင်နေသည့် ပေထန်မိသားစုလည်းရှိနေသေးသည်။ ထိုကဲ့သို့ ကောင်း မွန်သည့်အရာမျိုးသည် မည်သို့ဖြစ်နိုင်မည်နည်း။

ထိုမိသားစုကိုသာ သူ မတိုက်ခိုက်ခဲ့ပါက သူ့ဘဝသည် အသုံးမကျသလို ဖြစ်နေလိမ့်မည်။

ကွန်ပျူတာပေါ်ရှိ လက်မှာနောက်စာလုံးကိုအား ရိုက်ရန်တွန့် ဆုတ်သွားသည်။ ထို့နောက် ဖေးယီကျန့် နန်ယု၏ “ကျေးဇူး တင်ပါတယ်” ဟူသည့်စကားအား နောက်ကျမှတွေးမိသွားခဲ့သည်။

ဒါဆို သူသာ ပုံမှန်ဖြစ်နေသရွေ့ နန်ယုကလည်းကျေးဇူးတင်ပါတယ်လို့ ပြောမှာလား ?

တစ်ခုခုကို သဘောပေါက်သွားသလိုပင် ဖေးယီကျန့် သူ့အာရုံကိုကွန်ပျူတာပေါ်ရှိ အချက်အလက်များဆီသို့ ပြန်လည်လှည့်လိုက်သည်။ အချိန်ရောက်ပြီဖြစ်သည်။ ပေထန်မိသားစု ဤမျှကြာအောင်ထိန်းထားခဲ့ပြီးနောက်တွင် နောက်ဆုံးတော့ သူတို့လှုပ်ရှားမှုအချို့ပြုလုပ်ရန် အချိန်တန်ပြီဖြစ်သည်။

“ဝိုး~ အန်တီ! ပင်လယ်!”

ကမ်းခြေပေါ်တွင် ရပ်နေရင်း ဖေးယွင်ကျင်း၏ပါးစပ်သည် အောက်သို့ ရောက်ရှိသွားပြီး သူ့မျက်နှာမှာ သူ့ရှေ့ရှိ ကျယ်ပြောလှသော ပင်လယ်ပြင်အား ကြည့်ရင်း အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ ၎င်းမှာ တီဗီတွင် ပြောဆိုနေသည့် ပင်လယ်ပင်ဖြစ်သည်။

“ဟုတ်တယ်၊ မလှဘူးလား?”

BoSaixi ကျွန်းမှာ လှပသောရှုခင်းများကြောင့် လူသိများ သည်။ ခရီးသွားရာသီ အမြင့်ဆုံးအချိန်မဟုတ်သောကြောင့် ကမ်းခြေတွင် လူအများအပြားမရှိချေ။ သို့သော် အနည်းငယ် ပူပြင်းနေသည်။ ကံကောင်းထောက်မစွာ အိမ်တော်ထိန်းကျိုးမှာနေရောင်ကာခရင်မ်ကို ခရီးဆောင်အိတ်ထဲတွင် ထည့်ပေးထားခဲ့ပြီး သူမနှင့် ဖေးယွင်ကျင်းတို့ နှစ်ဦးသားအပြင်မထွက်မီ လိမ်းခဲ့ကြသည်။ မဟုတ်ပါက ဤမျှ ဖြူဖွေးသော အသားအ ရေမျိုး ညိုသွားခြင်းမှာ ရှက်စရာကောင်းမည်ဖြစ်သည်။

“ရီရန်၊ မင်း အပြင်မထွက်ခင် နေရောင်ကာခရင်မ်လိမ်းခဲ့လား”

“ဟုတ်၊ ကျွန်တော့်အမေ လိမ်းပေးခဲ့တယ်”

အန်းနင် ယနေ့နံနက်တွင် အန်းရီရန်ကိုလာခေါ်သောအခါ သူမ ၏ကလေးအားထိန်းရန် နန်ယုအား အားကိုးရသည့်အတွက် အနည်းငယ်ရှက်နေခဲ့သည်။

နန်ကျီနှင့်မတူဘဲ သူမသည် လုံးဝကိုယုံကြည်မှုရှိပြီး သူမ၏ အကြွေးဝယ်ကတ်ကို နန်ယုအားပေးကာ သူမ လိုချင်တာကို ယူနိုင်ပြီး ကုန်ကျစရိတ်အားလုံးကိုပြန်ပေးမည်ဟုပြောခဲ့သည်။

ဟား ~

ဟုတ်ပေသည်။ နန်ယု လက်မနှေးခဲ့ပေ။

နန်ကျီ၏ပိုက်ဆံကို သုံးခြင်းဖြစ်သောကြောင့် အဘယ်ကြောင့် ယဉ်ကျေးနေရမည်နည်း ? မသုံးလျှင် အလဟဿဖြစ်သွားမည်သာ။

“ကောင်းပြီ!”

နန်ယု သူမလက်အား ဝှေ့ယမ်းလိုက်သည်။

“သွားကြစို့!”

အစေခံများနှင့် ကိုယ်ရံတော်များမှာ နေကာထီးများနှင့် ထိုင်ခုံများကို သယ်ဆောင်လာပြီး အကောင်းဆုံးမြင်ကွင်းအားရှာ ဖွေခဲ့ကြသည်။ အခုမှဖောက်ထားသည့် အေးမြသော အုန်းသီးများနှင့် သစ်သီးအမျိုးမျိုးကို ထိုင်ခုံများဘေးရှိစားပွဲငယ်လေး ပေါ်တွင် အလွယ်တကူရနိုင်ရန်ထားရှိပေးခဲ့သည်။

ဝန်ဆောင်မှုမှာ ကြယ်ငါးပွင့်ဆိုင်အဆင့်ပင်။

နန်ယု ယနေ့တွင် ကလေးများကို ဂရုစိုက်ရမည်ဖြစ်သော ကြောင့် ရေကူးရန် စီစဉ်ထားခြင်းမရှိဘဲ ရေကူးဝတ်စုံအားမလဲခဲ့ပေ။ သို့သော် အိတ်ကြီးတစ်ခုလို ဖောင်းနေသည့် တီရှပ်တစ်ထည်ပင် သူမ၏ပုံပန်းသဏ္ဌာန်အားမဖုံးကွယ်နိုင်ခဲ့ပေ။ သူမ၏ လှပသောမျက်နှာကိုမူ ပြောနေရန်ပင် မလိုတော့ချေ။

ကမ်းခြေပေါ်ရှိ လူများစွာ၏ မျက်လုံးများမှာ နန်ယုဆီသို့ လှည့်လှည့်ကြည့်နေခဲ့ကြသည်။ သို့သော် သူမသည် နေကာမျက်မှန်အား တပ်ဆင်ထားပြီး အားလုံးကိုလျစ်လျူရှုထားခဲ့သည်။

သူမ သုံးမီတာအကွာမှ ဖေးယွင်ကျင်းနှင့် အန်းရီရန်အား ရံဖန် ရံခါ ကြည့်နေသည်မှအပ ဘာကိုမှဂရုမစိုက်ခဲ့ချေ။

ကလေးငယ်နှစ်ဦးမှာ သဲထဲတွင် ပျော်ရွှင်စွာဆော့ကစားနေကြသည်။ အစေခံများမှ ပြင်ဆင်ပေးထားသည့် ပလတ်စတစ်ပုံး၊ ဂေါ်ပြားသေးသေးလေးနှင့် ပုံစံခွက်အမျိုးမျိုးတို့ဖြင့် ဆော့နေကြခြင်းဖြစ်သည်။

နန်ယု အနီးနားရှိ အုန်းသီးကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး ပိုက်ဖြင့် တစ်ငုံ ရှိုက်သောက်ကာ ကျေနပ်စွာသက်ပြင်းချလိုက်သည်။

“ဒါက ဘဝပဲ!

“အန်တီ! ကြည့်ပါဦး၊ ကြည့်ပါဦး!”

ဖေးယွင်ကျင်း နန်ယုဆီသို့အပြေးလာခဲ့သည်။ သူ၏ သဲများကပ်နေသော လက်ထဲတွင် ခရုခွံတစ်ခုအား ကိုင်ထားပြီး သူမရှေ့တွင်ဖွင့်ပြခဲ့သည်။

“လှတဲ့ခရုခွံလေး!”

“ဝိုး၊ ဟုတ်တယ်၊ ရှောင်ကျင်း အိမ်ယူပြန်ဖို့အတွက် တချို့ကိုစုဆောင်းလို့ရတယ်”

“ဟုတ်၊ ကျွန်တော် အိမ်တော်ထိန်းကျိုးနဲ့ ရှောင်ပိုင်အတွက် အလှဆုံးခရုခွံတွေ သွားရှာတော့မယ်~”

ဖေးယွင်ကျင်း စိတ်လှုပ်ရှားစွာဖြင့် အန်းရီရန်နှင့်အတူ သဲထဲသို့ ဆက်လက်တူးရန် ပြန်ပြေးသွားခဲ့သည်။ အန်းရီရန်ကမူ သဲရဲ တိုက်တစ်ခု ဆောက်တော့မည့် ပုံပေါက်သည်။

နန်ယု ပျော်ရွှင်စွာဖြင့် သူမ၏ဖုန်းဖြင့် ကလေးငယ်နှစ်ဦးအား ဓာတ်ပုံရိုက်ကာ နန်မိသားစုအုပ်စု ချတ်သို့ပို့လိုက်သည်။ နန်ကျီ အရင်ဆုံးပြန်ပြောခဲ့သည်။

နန်ကျီ: မင်း တကယ်ပျော်နေတာပဲ! ငါ့ကို မနာလိုဖြစ်စေတယ်။

နန်ယု: ကော မနာလိုဖြစ်‌တာ မဖြစ်နိုင်ဘူး! ကောက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ပြန်ဖြေနေတာလဲ ? အလုပ်မလုပ်ဘဲ ပျင်းနေတာလား ??

၎င်းမှာ သိသာထင်ရှားသည့် အသရေဖျက်မှုတစ်ခုဖြစ်သည်။ နန်ကျီ၏စိတ်ခံစားချက်ပေါက်ကွဲမှုမှာ ရိုက်ချက်အပြင်းဆုံးဖြစ်ပြီး သူစကားတစ်ခွန်းတောင် မပြောနိုင်ခင်တွင် ဒေါသအီမိုဂျီများဖြင့် ပြည့်နေသည့် မက်ဆေ့ချ် တစ်ဒါဇင်ကျော် ရိုက်ပြီးသားဖြစ်နေခဲ့သည်။

နန်ယု ပြန်ပြောရန်အလုပ် သူမအား တစ်စုံတစ်ယောက်မှ လှမ်းခေါ်လိုက်သည်။

သူမ ခေါင်းစောင်း၍ နေကာမျက်မှန်အား အနည်းငယ်အောက်ချလိုက်သည်။ တကယ်ပင် လူအစစ်တစ်ဦးအား တွေ့လိုက်ရသည်။

— အိုး၊ နန်ကျီရဲ့ချစ်သူဟောင်း။

“အဲဒါ၊ အဲဒါက နန်ကျီနဲ့ အဲဒီအမျိုးသမီးရဲ့ကလေးလား”

ထိုချစ်သူဟောင်းမှာ အန်းရီရန်အား တိုက်ရိုက်လက်ညှိုးထိုးပြလိုက်သည်။ သူ့မျက်နှာသည် နန်ကျီနှင့်ဆင်တူနေသော ကြောင့် နန်ကျီနှင့် ရင်းနှီးသူတိုင်း သွေးသားတော်စပ်မှုအား ချက်ချင်းသိလိမ့်မည်။

“ဖုန်းယုရှင်း၊ ငါတို့က နင့်ကို မင်္ဂလာပွဲကို ဖိတ်ထားတယ်လို့ မမှတ်မိပါဘူး၊ နင် ဘာလို့ ဒီမှာရောက်နေတာလဲ”

နန်ယု ထိုင်ခုံမှထလိုက်ပြီး သူမ၏လေသံမှာအေးစက်နေသည်။

“နင် မသုံးချင်တော့တဲ့ လက်ချောင်းတွေကို ဖယ်ရှားပေးလိုက်ဖို့ ကျွန်မ စိတ်မကွက်ပါဘူး”

“နန်ယု! နင်!”

ဖုန်းယုရှင်း၏ရင်ဘတ်မှာ ရင်ဘတ်တစ်စုံလုံး နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး နန်ယု အပြုအမူကြောင့် သိသိသာသာစိတ်တိုနေ သည်။

အဝေးရှိ ကိုယ်ရံတော်များမှာ တစ်ခုခုမှားနေသည်အားမြင်သောအခါ လာတော့မည်ဖြစ်သော်လည်း နန်ယု အမူအရာဖြင့် တားလိုက်သည်။ ဤသူမှာ သိပ်တော်သူမဟုတ်သောကြောင့် ကိုယ်ရံတော်များမလိုအပ်ပေ။

သူမ နောက်ထပ်စကားတစ်ခွန်းထပ်ပြောရန် အလုပ်တွင် ဖေးယွင်ကျင်း၏အသံမှာ သူမဆီသို့ ရောက်လာသည်။

“ခင်ဗျား ဘယ်သူလဲ ? ကျနော့်အန်တီကို အနိုင်မကျင့်နဲ့!”

ဂေါ်ပြားသေးသေးလေးကိုဆုပ်ကိုင်ထားပြီး ဖေးယွင်ကျင်း ဖုန်းယုရှင်းအား သတိကြီးစွာစိုက်ကြည့်နေသည်။ သူ့နောက်မှ အနည်းငယ်လှမ်းသောနေရာတွင် အန်းရီရန်သည်လည်း အလားတူအမူအရာမျိုး ရှိနေသည်။

ကလေးများတွင် သူတို့ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့်နည်းလမ်း ရှိသည်။ ဤအမျိုးသမီးမှာသိသိသာသာကို လူဆိုးဖြစ်ပြီး အမျိုး သားတစ်ဦးအနေဖြင့် သူသည် ရှောင်ကျင်းနှင့် နန်ယုအား ကာကွယ်ပေးရမည်မှာ သဘာဝပင်။

“အိုး၊ ဒါက ဖေးယီကျန့်ရဲ့ကလေးပေါ့”

ဖုန်းယုရှင်း ဖေးယွင်ကျင်းကိုမြင်သောအခါ နန်ယု၏ အားနည်း ချက်အား ရှာတွေ့ခဲ့သလို ဖြစ်သွားသည်။ သူမ၏နှုတ်ခမ်းများပေါ်တွင် မဲ့ပြုံးတစ်ခုပေါ်လာသည်။

“နင်တို့ အဆင်ပြေကြတယ်မလား? ဒါပေမဲ့ နင်က ဖေးယီကျန့်ကိုအရမ်းချော့မော့နေတာတောင် သူကဘာတုံ့ပြန်မှုမှမပြဘူး”

“နန်ယု၊ နင် တကယ်ကို ကျရှုံးသွားတာပဲ”

နန်ယု၏မျက်နှာတွင် ဖုန်းယုရှင်း မျှော်လင့်ထားသည့် ဒေါသထွက်နေသည့်အမူအရာ မပေါ်ခဲ့ပေ။ ထို့အစား သူမသည် သူမ၏ လက်သည်းများအား ပေါ့ပေါ့ပါးပါး ကြည့်ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အိုး ? ငါကျရှုံးခဲ့တာလား”

“ဘယ်လိုပဲဖြစ်ဖြစ် ငါက ဖေးယီကျန့်နဲ့ လက်ထပ်ထားပြီးမစ္စစ်ဖေးအဖြစ် အသိအမှတ်ပြုခံထားရတယ်၊ နင်ကရော”

“နင်က ငါ့ရဲ့အစ်ကို့ကိုတောင် မမြင်နိုင်ဘူး မဟုတ်လား”

မြွေကို အားအနည်းဆုံးနေရာတွင် ထိပါးခြင်းပင်။ ဤကမ္ဘာသည် ဥပဒေဖြင့် အုပ်ချုပ်ထားသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နန်ယု သဘောထားကွဲလွဲမှုတစ်ခုအတွက် တစ်စုံတစ်ဦးအား ရိုက်နှက်၍မရပေ။ သဘာဝအတိုင်းပင် သူမသည် သူမ၏ဒေါသအား နှုတ်ဖြင့်သာ ဖော်ပြနိုင်တော့သည်။

သူမ ဖေးယီကျန့်အား ဂရုမစိုက်သော်လည်း ဖုန်းယုရှင်းသည် နန်ကျီအား အလွန်အမင်း ဂရုစိုက်သည်။

“နင်! နင်! နင်!”

ဖုန်းယုရှင်း တကယ်ကို ဒေါသထွက်သွားသည်။

“နင်က နင်ရဲ့မိသားစုနောက်ခံကောင်းတာကို အားကိုးနေတာပဲ!”

“ဟဲ့” နန်ယု ထရပ်လိုက်သည်။ သူမက ဖုန်းယုရှင်းထက် ခေါင်းတစ်ဝက်နီးပါးပိုမြင့်ပြီး သူမ၏ aura မှာ ချက်ချင်းကို ထွက်ပေါ်လာသည်။

“ဒါဆို ငါက ဘာလုပ်နိုင်မှာလဲ? ငါက မိသားစုနောက်ခံကောင်းရုံသာမက လှလည်း လှတယ်၊ နင့်ထက်လည်း ငယ်တယ်၊ နင်က ဘာလို့ ဒီလောက်တောင်ကျရှုံးနေရတာလဲ ပြောပါဦး”

ဖုန်းယုရှင်း: “...”

သူမ၏နှုတ်ခမ်းများ တုန်ယင်လာသည်။ နန်ယုနှင့် သူမ မတွေ့တာ ကြာပြီဖြစ်ပြီး နန်ယု၏ စကားစွမ်းရည်မှာ အတော်လေး အားကောင်းနေသည်။ သူမ ဘာမှ ပြန်မချေပနိုင်တော့ပေ။

တော်တော်များများက ကမ်းခြေအား အာရုံစိုက်နေကြပြီဖြစ် သည်ကို မြင်သောအခါ သူမ၏ စိတ်လိုက်မာန်ပါ ဆုံးဖြတ် ချက်ကို သူမ နောင်တရခဲ့သည်။ အန်းယီကြောင့် သူမစိတ်ထဲတွင် ဒေါသများ ပြည့်နေသည်မှာ အဓိကပင်။

“နင်! စောင့်နေလိုက်!”

ဇာတ်ကောင်ဆိုးတစ်ဦး၏ဂန္တဝင်စာကြောင်းဖြင့် ဖုန်းယုရှင်း လှည့်၍ ပြေးသွားခဲ့သည်။

နန်ယု သူမအား လိုက်ရန် ရည်ရွယ်ခြင်းမရှိသော်လည်း နန်ကျီ၏ chat box ကိုဖွင့်ပြီး ဖြစ်ပျက်ခဲ့သည်ကို ပြောပြလိုက်သည်။

ဤမျှ ပျော်ရွှင်စရာကောင်းသည့် မင်္ဂလာပွဲကို အရှက်ရစေသူ တစ်ယောက်တည်းဖြင့် ပျက်စီးသွားလို့မရပေ။

နန်ကျီ လက်ခံရရှိကြောင်း အတည်ပြုပြီးနောက် နန်ယု မော့ ကြည့်လိုက်တော့ တောက်ပနေသည့် မျက်လုံးနှစ်စုံအားတွေ့လိုက်ရသည်။ သူမ အထင်မမှားပါက... အားကျနေခြင်းပင်။

“အန်တီ” ဖေးယွင်ကျင်း ပြောသည်။

“ခုနက အန်တီ အရမ်းမိုက်တာပဲ!”

“ဟုတ်တယ်”

ပုံမှန်အားဖြင့် တည်ငြိမ်သည့် အန်းရီရန်ပင် လက်နှစ်ဖက်ကို နှစ်ကြိမ်တီးလိုက်သည်။

“လူဆိုးမကြီးကို မောင်းထုတ်လိုက်တာ၊ အရမ်းအထင်ကြီးစရာကောင်းတယ်!”

ရုတ်တရက် ကလေးနှစ်ယောက်၏ ချီးမွမ်းခြင်းကို ခံရသည့်

နန်ယု: “...ကျေးဇူးတင်ပါတယ်?”

ဒါက သေးငယ်သည့်အရာလေးပင်။ နန်ယု အနည်းငယ်တော့ ဂုဏ်ယူမိသည်။ သူမသည် ကောလိပ်တွင်ရှိစဉ်က ကျောင်း၏ အကောင်းဆုံး စကားရည်လုပွဲအဖွဲ့ဝင် ဖြစ်သည်။

ဖုန်းယုရှင်းအဆင့် ဆယ်ယောက်ကိုပင် သူမ မကြောက်ပေ။

“အန်တီ၊ ကျွန်တော် အန်တီ့ ဆီကနေ သင်လို့ရမလား ? ရှောင်ကျင်းလည်း အန်တီလိုကောင်းအောင်လုပ်ချင်တယ်”

“ကျွန်တော်ကော၊ ကျွန်တော်ကော!”

နန်ယု: ...

ရုတ်တရက် ဖိအားတွေ အများကြီးရှိနေသလို ခံစားလိုက်ရသည်။ ၎င်းမှာ ကလေးများအား မကောင်းသည့်အရာများ သင်ပေးလိုက်ခြင်းများဖြစ်လေမလား ?

All Chapters