အခန်း (၂၈)
Vol. 4 Ch. 28
နန်ယု ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့၏ တောင်းဆိုမှုများအား ပယ်ချပြီးနောက် သုံးယောက်သားနေ့လယ်သုံးနာရီကျော်သည် အထိ ကမ်းခြေတွင်ကစားကြသည်။ ထို့နောက် ဟိုတယ်သို့ပြန် လာခဲ့ကြသည်။
ဝင်ပေါက်သို့ ရောက်သည်နှင့် နန်ကျီနှင့် အန်းနင်တို့အခန်းထောင့်တစ်နေရာတွင် စကားပြောနေကြသည်ကို တွေ့ရပြီး နန်ကျီ၏လက်ထောက် လျိုလုကျယ်လည်း အနီးနားတွင် ရပ်နေသည်။
"ယုအာ ပြန်ရောက်ပြီလား"
နန်ကျီ ထိုသုံးယောက်အား အရင်ဆုံးသတိပြုမိပြီး အန်းနင်လည်း နောက်မှလိုက်ကြည့်သည်။ နှစ်ဦးစလုံး သူတို့ဆီ ချဉ်း ကပ်လာကြသော်လည်း နန်ကျီ၏မျက်နှာတွင် မကျေနပ်မှုအရိပ်အယောင်များ ကျန်ရှိနေသေးသည်။
"အမ်၊ ဘာဖြစ်တာလဲ"
နန်ယု အန်းနင်အား ဦးစွာ ကြည့်လိုက်ရာ သူမ၏မျက်နှာတွင်လည်း စိတ်မသက်မသာ ဖြစ်နေသည့် အရိပ်များပေါ်လာသည်။ မင်္ဂလာပွဲက ချောချောမွေ့မွေ့ ဖြစ်နေတာ မဟုတ်ဘူးလား?။
"မေမေ" တစ်ခုခု မှားနေပြီဆိုတာ သိလိုက်သော အန်းရီရန် ရှေ့သို့ တိုးလာပြီး အန်းနင်၏လက်အား ဆွဲကိုင်လိုက်သည်။
"ဒီလူက မေမေ့ကို အနိုင်ကျင့်နေတာလား"
"ဟေး၊ ဟေး၊ မင်း ငါ့ကို အသရေဖျက်တာရပ်တော့"
ဝင်ပေါက်တွင် စကားပြောရန် မသင့်တော်သောကြောင့် သူတို့အားလုံး နန်ကျီ၏ အခန်းသို့ပြန်လာခဲ့ကြသည်။ နန်ယု အသုံးမဝင်သော ထိုကလေးငယ်အား အိမ်ဖော်နှင့်အတူ ခေါ်သွားရန် ဆန္ဒရှိခဲ့သော်လည်း သူက လက်မခံခဲ့ချေ။
သူနှင့် အန်းရီရန်တို့မှာ အချင်းချင်း လက်မောင်းအားကိုင်ထားရင်း "မသွားဘူး၊ မသွားဘူး" ဟူသော အမူအရာကိုပြနေကြသည်။
ထိုပုံကို မြင်သောအခါ နန်ကျီ ရွဲ့ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်၊ ကောင်းပြီ၊ ကောင်းပြီ၊ နားထောင်ချင်ရင် နားထောင်ပေါ့၊ နားမလည်ရင်တော့ မေ့လိုက်"
သူ မမြင်ဖူးသေးသော ဤကလေးအပေါ် အစကတော့ အပြစ် ရှိသည်ဟု ခံစားခဲ့ရပြီး ပြန်လည်သင့်မြတ်ရန် အသည်းအသန် ကြိုးစားခဲ့သည်။ သို့သော်!
ဒီကလေးမှာ အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။ အထူးသဖြင့် သူ့အမေအား အရမ်းကိုစွဲလမ်းနေသော ကလေးမျိုးပင်။
အန်းနင်ရှိနေချိန်တွင် အဆင်ပြေသည်။ သို့သော် သူမနှင့် ဝေးသည်နှင့်တစ်ပြိုင်နက် အန်းရီရန်သည် လူဆိုးတစ်ယောက်လို ပြုမူတတ်သည်။ သူ့ဇနီးသည်အား အဆက်မပြတ်တွယ်ကပ်နေတာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ မဟုတ်ဘူး၊ အဲဒါက ခွင့်မပြုနိုင်ဘူး!
မည်သို့ပင်ဆိုစေ အန်းရီရန် နန်ကျီအား အမြဲတစေပရိယာယ် ဆင်ရန် ကြိုးစားတတ်သည်။ သူက ဤမျှအသက်ငယ်ငယ်လေးနှင့် အရမ်းကိုကောက်ကျစ်ပြီးပရိယာယ်များလှသည်။
နန်ကျီ နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး ယခုတွင်တော့ နှစ်ဦးသား အချင်းချင်း လှည့်စားကစားခြင်းကို နှစ်သက်နေကြသည်။ သူတို့နှစ်ဦး၏ နားလည်မှုတစ်ခုတည်းမှာ အန်းနင်ရှေ့တွင် အလွန်အကျွံ မသိသာအောင် မလုပ်ဖို့ပင် ဖြစ်သည်။
နန်ကျီ လျိုလုကျယ်အား မျက်စိတစ်ဖက်မှိတ်ပြလိုက်ရာ ထိုစွမ်းရည်ရှိသော လက်ထောက်မှာ ရှေ့သို့ တိုးလာပြီး နန်ယုကို ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။
ပြောရမည်ဆိုလျှင် ဤကိစ္စမှာ နန်ယုနှင့် ဆက်စပ်နေသည်။
မနက်က သူမသည် ဖုန်းယုရှင်းနှင့် ကမ်းခြေတွင် ဆုံတွေ့ခဲ့ပြီး နန်ကျီအား ထိုအကြောင်းပြောပြခဲ့သည်။ နန်ကျီ ထိုအရာကို မတော်တဆဟု မထင်ခဲ့ချေ။
ဖုန်းယုရှင်းမှာ အထက်တန်းကျောင်းတက်ကတည်းက သူ့ကိုယ်သူ နန်ကျီ၏ချစ်သူဟု ပြောဆိုခဲ့သည်။ အချစ်ရေးကို ပေါ်ပေါ်တင်တင်နှင့် လျှို့ဝှက်စွာထားလိုသော နန်ကျီနှင့်မတူဘဲ သူမသည် ဆိုးသွမ်းသောဇာတ်ပို့တစ်ဦးကဲ့သို့ ပြုမူခဲ့သည်။
နန်ကျီ သူမအား ထိုအကြောင်းထပ်ခါတလဲလဲ သတိပေးခဲ့သော်လည်း အချည်းနှီးပင်ဖြစ်ခဲ့ရသည်။
ထို့နောက် တစ်နေ့တွင် သူမ နန်ကျီအား မတော်တဆထိခိုက်ဒဏ်ရာရစေခဲ့ရာ နန်မိသားစုကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။ ပါးပါးနန်မှာ ဖန်းမိသားစုထံသို့ရောက်လာပြီး သူမကို မိသားစုမှ ထုတ်ပစ်ရန် သို့မဟုတ် ဥပဒေအရ အရေးယူခံရန် တောင်းဆိုခဲ့သည်။
ထို့နောက် ဖုန်းယုရှင်း နန်ကျီ၏ ဘဝမှပျောက်ကွယ်သွားခဲ့သည်။
ထိုသို့မဟုတ်ပါက နန်ကျီနှင့် အန်းနင်တို့၏ကောလိပ်အချစ်ရေးမှာ ပိုမိုရှုပ်ထွေးမှုများနှင့် ကြုံတွေ့ရပေမည်။ ဖုန်းယုရှင်းမှာ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်လည်း သူ့အစ်ကိုအား တွယ်ကပ်နေဆဲပင်။
နန်ကျီ လက်ထပ်တော့မည်ကို ကြားသောအခါ သူမသည် အန်းနင်နှင့်ပတ်သက်သည့် အရာအားလုံးကိုတူးဆွပြီး သူမ၏ သွေး စုပ်ဖုတ်ကောင် ဆွေမျိုးများကို ခေါ်ယူခဲ့ကာ သူတို့၏မင်္ဂလာပွဲတွင် ပြဿနာဖန်တီးရန်ဆုံးဖြတ်ခဲ့သည်။
"မစ်၊ ကျွန်တော်တို့ ဖုန်းယုရှင်းနဲ့ တခြားသူတွေ ပုန်းနေတဲ့နေရာကို ရှာတွေ့ပါပြီ၊ သူတို့ကို တိုက်ရိုက်ပြန်ပို့ရမလား ဒါမှမဟုတ် ဘာလုပ်ရမလဲဆိုတာ ဆွေးနွေးနေကြပါတယ်"
လျိုလုကျယ် သူ့အစီရင်ခံစာအား အဆုံးသတ်လိုက်ပြီး မူလနေရာသို့ ပြန်သွားသည်။ သူသည် ကိရိယာတစ်ခုမျှသာဖြစ် သည်ဟု ခံစားမိသည်။
နန်ယုလည်း အဖြစ်အပျက်တစ်ခုလုံးအား နားလည်သွားသည်။ သူမ အန်းနင်ကို ဦးစွာ ကြည့်လိုက်သည်။
"ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ထင်လဲ"
"ငါ ထင်တာကတော့..."
နန်ကျီ ဖြတ်ပြောလိုက်သော်လည်း စကားဆုံးအောင် မပြောနိုင်ခဲ့ချေ။
"ပါးစပ်ပိတ်လိုက်၊ ငါ အန်းနင်ကို မေးနေတာ!"
နန်ယု သူ့အား စူးစိုက်ကြည့်လိုက်ရာ နန်ကျီ အသက်ရှုမဝဖြစ်သွားပြီး အသက်ပြင်းပြင်းရှုလိုက်ရသည်။
သူ့ညီမ ဓမ္မတာလာနေတာလား ? ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ ??
သို့သော် နန်ယု ဘာကြောင့် ထိုသို့ ပြုမူနေသည်အား နန်ကျီ နား လည်လိုက်သည်။ သူ အန်းနင်ကို ခွန်အားပေးသည့်အလား သူမ၏လက်အား လှမ်းဆုပ်ကိုင်လိုက်သည်။
အနည်းငယ်တွန့်ချိုးနေသော အန်းနင်၏မျက်ခုံးများမှာတဖြည်းဖြည်းပြေလျော့သွားသည်။ သူမ နန်ကျီအား ပြုံးပြလိုက်ပြီး သူမ အဆင်ပြေကြောင်းအချက်ပြလိုက်သည်။ ထို့ နောက် နန်ယုဘက်သို့ လှည့်ကာပြောလိုက်သည်။
"ကျွန်မရဲ့ ဆွေမျိုးတွေက အားလုံးလူမိုက်တွေပါ၊ ပိုက်ဆံအ တွက်ဆို ဘာမဆိုလုပ်လိမ့်မယ်"
အန်းနင် ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်ခဲ့သောနှစ်တွင် သူမ၏မိဘများမှာ မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့သည်။ သူမအတွက် အိမ်တစ်လုံးနှင့် လျော်ကြေးအချို့ ကျန်ခဲ့သည်။ သို့သော် ထိုဆွေမျိုးများမှာ မိဘမဲ့ဖြစ်နေသော သူမအား အနိုင် ကျင့်ကြသည်။ လျော်ကြေးအား ခွဲဝေယူရုံသာမက အိမ်ကိုပါ သိမ်းပိုက်ရန် ကြံစည်ကြသည်။
သူတို့သည် ပုံအမျိုးမျိုးဖြင့် အနိုင်ကျင့်ကြသည်။ သူမအား ဆေးပစ်ပေါက်ခြင်း၊ ကံမကောင်းသူကဲ့သို့ သူမအိမ်ရှေ့တွင် အော်ဟစ်ခြင်း စသည့် နည်းဗျူဟာမျိုးစုံကို အသုံးပြုကြသည်။
ရဲခေါ်တာ အချည်းနှီးပင်။ သူတို့သည် အန်းနင်အား ကိုယ်ထိလက်ရောက် မထိခိုက်ခဲ့ကြချေ။ အများဆုံးဆိုလျှင် ရဲက သူတို့ကို ပြန်ခေါ်သွားပြီး ဆူပူကြိမ်းမောင်းခြင်းအချို့သာပေးခဲ့ပြီးနောက် သူတို့က သူမအား ပိုမိုပြင်းထန်စွာဆဲဆိုကြိမ်း မောင်းကြသည်။
သူမ မိဘအိမ်အားထိန်းသိမ်းရန်အတွက် အန်းနင်၏ဘဝမှာ အလွန်ဆင်းရဲခဲ့သည်။ သူမ အိမ်သော့များကို အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့ရသည်။
ယခု အန်းနင်သည် နန်အုပ်စု၏ ဥက္ကဋ္ဌနှင့် လက်ထပ်တော့မည်ကိုသိလိုက်သောအခါ သူတို့သည် ငါးပုပ်နံ့ကို နမ်းမိသောယင် ကောင်များကဲ့သို့ဖြစ်နေသည်။ မောင်းထုတ်ရန် မဖြစ်နိုင်ပေ။
"ဒါဆို မင်း ဘာလုပ်တော့မလဲ"
နန်ယု အန်းနင်အား ရှက်ရွံ့စေလိုခြင်း မဟုတ်ပေ။
အန်းနင် နန်ကျီနှင့် လက်ထပ်ပြီးနောက်တွင် အရာများစွာသည် နန်ကျီ၏ တာဝန်သက်သက် မဟုတ်တော့ဘဲ သူမလည်း ရင့် ကျက်လာရန် လိုအပ်သည်။ မဟုတ်ပါက သူမသည် အရင်ကကဲ့သို့ ထွက်ပြေးရုံသက်သက်သာ လုပ်မည်လား။
နန်ယု ထိုအချိန်က အန်းနင် ဘာတွေဖြစ်ပျက်ခဲ့သည်၊ သို့မ ဟုတ် သူမ၏ ဆုံးဖြတ်ချက်အား ဦးတည်စေခဲ့သည့် မည်သည့်လူမျိုးနှင့် တွေ့ဆုံခဲ့သည်ကို အတိအကျ မသိရှိခဲ့ချေ။
သို့သော် သူမသာ အချိန်ခရီးမသွားခဲ့ပါက အန်းနင်သည် ထိုဆုံးဖြတ်ချက်ကြောင့် လူမည်မျှအား ထိခိုက်နစ်နာစေသည်ကို သိရှိခဲ့သည်။
အန်းရီရန် "လက်စားချေခြင်း" တွင် အောင်မြင်ခဲ့ရင်တောင် သူသည် သူ့နောက်ဘဝတွင် အမှန်တကယ် ပျော်ရွှင်စွာ အသက်ရှင်နိုင်မည်လား?။
"ကျွန်မ သူတို့ကို ထောင်ထဲပို့ချင်တယ်"
အန်းနင် နန်ယုအား စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။ သူမ၏ မျက်လုံးများတွင် ခိုင်မာမှုနှင့် ခံယူချက်တို့ထင်ဟပ်နေသည်။
လွန်ခဲ့သော ရက်အနည်းငယ်မှ သူမနှင့် နန်ကျီတို့ လက်ထပ်ပြီး ထိုညတွင် သူမသည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်တစ်ခုအား မက်ခဲ့သည်။
အိပ်မက်ထဲတွင် သူမ နန်ယုနှင့် မတွေ့ဆုံခဲ့ချေ။ ထို့ကြောင့် နန်ကျီနှင့်လည်း နားလည်မှုလွဲမှားမှုအား မဖြေရှင်း နိုင်ခဲ့ပေ။
အိပ်မက်ထဲတွင် သူမ သေသွားပြီး သူ့ကလေးမှာအနိုင်ကျင့်ခံခဲ့ရသည်။
အိပ်မက်ထဲတွင် နန်ကျီလည်းသေဆုံးသွားခဲ့သော်လည်း သူ့အားသတ်ခဲ့သူမှာ ရန်ရန်ဖြစ်သည်။
ထိုအိပ်မက်မှာ ကြောက်စရာကောင်းသည်၊ ထိတ်လန့်စရာကောင်းသည်၊ သို့သော်လည်း... အရမ်းကို လက်တွေ့ကျသည်။
အန်းနင် နာမည်ကြီး တက္ကသိုလ်တစ်ခုသို့ဝင်ခွင့်ရခဲ့သော ကြောင့် သူမသည် အတော်လေး ဉာဏ်ရည်ထက်မြက်သူဖြစ်ရမည်။
သူမ နန်ကျီနှင့် လက်ထပ်ခြင်းမှာ ပထမဆုံးခြေလှမ်းသာဖြစ် သည်ကို နားလည်သည်။ သူတို့အတူတကွ ကိုင်တွယ်ရမည့် အရာများစွာ ရှိနေသေးသည်။ နန်ကျီ သူမအား ယာယီထိခိုက်မှုများမှ ကာကွယ်ပေးနိုင်သော်လည်း ထာဝရတော့မဟုတ်ပေ။
သူမ ကိုယ့်ကိုယ်ကိုယ် မထောက်ခံပါက နန်ကျီအပေါ်ဝန်ထုပ် ဝန်ပိုးဖြစ်စေရုံသာမက အန်းရီရန်လည်း အခက်အခဲနှင့်ကြုံ တွေ့ရပေမည်။
အန်းနင် သူမ၏ အစီအစဉ်အားချပြလိုက်သည်။
အခြေခံအားဖြင့် သူမသည် ဆွေမျိုးများနှင့် တွေ့ဆုံကာ၊ စွန့်ခွာသွားရန်အတွက် ယူရီငွေ တစ်သောင်းအချို့ ပေး၍ ကတိတစ်ခု ပြုလိမ့်မည်။ သူတို့၏ စိတ်နေသဘောထားအရ ရွှေအိတ်တစ်လုံး ရထားသည်ဟု ယူဆကာ ပေါ့ဆစွာသုံးစွဲကြလိမ့် မည်။ ထို့နောက် သူတို့သည် အန်းနင်ထံသို့ ပြန်လာသောအခါ သူမ သူတို့အား အကြိမ်အနည်းငယ်ကိုင်တွယ်မည်။ သက်သေအထောက်အထားများ ချန်ထားခဲ့ပြီး နောက်ဆုံးတွင် သူတို့အား လိမ်လည်မှုဖြင့် ထောင်ဒဏ် နှစ်အနည်းငယ်ချမှတ်မည်။
"ကျွန်မ လေ့လာထားပါတယ်၊ ပမာဏများရင်နဲ့ လိမ်လည်မှုက ထပ်ခါတလဲလဲဖြစ်နေရင် ထောင်ဒဏ် နှစ်အနည်းငယ်ပဲချမှတ်နိုင်တယ်"
အန်းနင် အန်းရီရန်ရှေ့တွင် မရှက်မရွံ့ဘဲ ထိုစကားများအား ပြောလိုက်သည်။ သူမသည် အန်းရီရန် ဉာဏ်ရည်ထက်မြက်သည်ကို သိသည်။ အချို့သောအရာများကိုဖုံးကွယ်ထားခြင်းက သူ့အား ပို၍သာ စိတ်ပူစေလိမ့်မည်။ သူမသည် မည်သူဖြစ် ကြောင်း အန်းရီရန်ကို ရှင်းရှင်းလင်းလင်း ပြောပြတာပိုကောင်းသည်။
— ကျွန်မလည်း ကျွန်မရဲ့ မိသားစုကို ကာကွယ်နိုင်တယ်!
နန်ယု ပြုံးလိုက်သည်။ အန်းနင် ဤမျှ မြန်မြန် တိုးတက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။
ဤအစီအစဉ်မှာ နှေးကွေးပြီး အပြည့်အဝ အောင်မြင်နိုင်မှာ မဟုတ်သော်လည်း နောက်ပိုင်းတွင် ပြဿနာများ ရှိနေဦးမည်။
သို့သော် အရေးမကြီးပေ။ သူမ၌ ရက်စက်သော အစ်ကိုရှိနေသေးတာ မဟုတ်ဘူးလား။
နန်ကျီ စီးပွားရေးလောကတွင် သူ့နာမည်အား ဤမျှ ငယ်ရွယ်သည့်အသက်အရွယ်နှင့် ထွင်းထုနိုင်ခဲ့သည်မှာ နန်မိသားစု၏ ကာကွယ်မှုသက်သက်ကြောင့် မဟုတ်ခဲ့ချေ။
ညီအစ်မနှစ်ဦးမှာ အချင်းချင်းနားလည်သော အကြည့်အား ဖလှယ်လိုက်ပြီး ပြုံးလိုက်ကြသည်။
အန်းနင် တိုးတက်နေသရွေ့တော့ နှေးကွေးနေရင်တောင် အရေးမကြီးပေ။ သူမ တစ်ဆင့်ပြီးတစ်ဆင့်လုပ်နိုင်မည်။
အသုံးမဝင်သော ထိုလူဆိုးများအတွက် ထောင်ထဲတွင် နှစ်အနည်းငယ်သာ နေရုံဖြင့် လုံလောက်မည်လား?
သူတို့သည် သူတို့ဘဝအား ထောင်ထဲတွင်ကျန်ရှိသော အချိန်များအားလုံး ပြန်လည်သုံးသပ်သင့်သည်။
အန်းနင် သူမ၏ အစီအစဉ်အား အကောင်အထည်ဖော်ရန် သွားခဲ့ပြီး နန်ကျီ ဖုန်းယုရှင်းကိစ္စများကိုကိုင်တွယ်ရန် သွားခဲ့သည်။
ဖန်းမိသားစုမှ လူများကိုကောင်းကောင်း မစီမံနိုင်သောကြောင့် ရဲအားကိုင်တွယ်ခိုင်းလိုက်သည်။
ဖုန်းယုရှင်း သူမ နိုင်ငံခြားတွင် နေထိုင်ခဲ့သည့်နှစ်များအတွင်း ကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့ခြင်းမရှိချေ။ သူမသည် ရှုပ်ထွေးသော ကိစ္စများစွာနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုအချို့တွင်ပင် ပါဝင်ပတ်သက်ခဲ့သည်။
ထို့အပြင် သူမသည် ယခုတစ်ကြိမ်တွင် နန်ကျီအတွက် ပို၍ပင် အန္တရာယ်ကြီးမားသော အရာအားလုပ်ဆောင်လိုသည်။ သူသည် ဖုန်းယုရှင်းအား လွှတ်ပေးရုံသာမက ဖန်းမိသားစုကိုပါ အပြစ်ပေးရန် စီစဉ်ခဲ့သည်။
တောင်းပန်ပါတယ်၊ ချမ်းသာတဲ့လူတွေက အရမ်းကိုဆင်ခြင် တုံတရားမရှိကြဘူး။
ထိုစုံတွဲမှာ အလုပ်လုပ်ရန် ထွက်သွားကြသည်။ နန်ယု အန်းရီရန်ကို သူမအခန်းသို့ ခေါ်သွားရုံသာတတ်နိုင်သည်။
ဖေးယီကျန့် ထိုနေရာတွင် မရှိခဲ့ချေ။ သူ ဘယ်ကိုသွားသည်အား မည်သူမှ မသိကြဘဲ နန်ယု၏အာရုံကလည်း သူ့အပေါ်တွင် မရှိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် အန်းနင် အစီအစဉ်အကြောင်းစပြောကတည်းက အန်းရီရန်သည် ခေါင်းတစ်ခြမ်းငုံ့ထားပြီးတိတ် ဆိတ်နေခဲ့သည်။ သူ ဘာတွေတွေးနေသည်အာ မသိနိုင်ချေ။
အန်းနင် မထွက်ခွာမီ အနည်းငယ် စိုးရိမ်နေသေးသော်လည်း သူမသည် အန်းရီရန်နှင့် ကောင်းကောင်းစကားမပြောခင် လက်ရှိကိစ္စများအား အရင်ဆုံး ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့သည်။
"အစ်ကို" ဖေးယွင်ကျင်း ရေခွက်အား လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး "ရေနည်းနည်း သောက်ပါဦး" ဟု ပြောလိုက်သည်။
"ကျေးဇူးပါ၊ ရှောင်ကျင်း"
အန်းရီရန် ခေါင်းမော့လိုက်ရာ သူ့နူးညံ့သော မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ထင်ရှားနေသည်။
နန်ယု ထိုအရာကို မြင်သော်လည်း သူမတွင် ကလေးများအား နှစ်သိမ့်ပေးရာတွင် အတွေ့အကြုံမရှိခဲ့ချေ။ သူ ဘယ်လိုစကား စရမလဲ ?
"စိတ်မပူပါနဲ့၊ ရီရန်၊ မင်းမေမေက လူဆိုးတွေကို သွားရိုက်တာ" ဟု ပြောရန် စဉ်းစားလိုက်သည်။
ကလေးအား ချော့မြူနေသလို အသံထွက်နေပြီး အန်းရီရန်အပေါ် အလုပ်ဖြစ်မည် မဟုတ်ပေ။
"မင်း အရွယ်ရောက်လာရင် မင်းမေမေကို ကူညီနိုင်လိမ့်မယ်" ဟု ပြောရန် စဉ်းစားလိုက်သည်။
၎င်းမှာလည်း ပေါ့ပေါ့တန်တန်ပုံပေါက်နေသည်။
အန်းနင် ပြန်လာသည်အထိ စောင့်ပြီး သူတို့ ကိုယ့်ဘာသာ ပြဿနာကို ဖြေရှင်းကြတာ ပိုကောင်းမလား? နန်ယု ဤဆုံး ဖြတ်ချက်အား ချရန် အလုပ် ကလေးတစ်ဦးမှ ဦးစွာစကား ပြောလာသည်။
"အစ်ကို စိတ်မကောင်းဖြစ်နေတာလား?"
ဖေးယွင်ကျင်း မနက်မှ မျက်နှာသစ်စဉ်ကရပ်ခဲ့သော ခြေနင်း ခုံအား ယူလာပြီး အီးခနဲ အသံပြုကာ အန်းရီရန်ရှေ့ တွင် ထိုင်လိုက်သည်။ သူ့မေးစေ့ကိုလက်ဖြင့် ကိုင်ထားပြီး စိုးရိမ်သော မျက်နှာဖြင့် သူ့အားကြည့်နေသည်။
အန်းရီရန် ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး"
"အစ်ကို၊ အစ်ကိုလိမ်နေတယ်!"
ဖေးယွင်ကျင်း ရှေ့သို့ ငဲ့စောင်းလိုက်ရာ အန်းရီရန်၏နှာခေါင်းနားတွင် ထိလုနီးပါး ဖြစ်နေသည်။
"အစ်ကို သေချာပေါက် စိတ်မကောင်းဖြစ်နေတယ် ဒါပေမဲ့ ကျွန်တော့်ကို မပြောဘူး၊ အဲဒါ မကောင်းဘူး အစ်ကို"
"အန်တီနဲ့ ကျွန်တော်" သူ လက်များကို ဆန့်ထုတ်ပြီး လူများအား စတင်ရေတွက်သည်။
"ပြီးတော့ အဘွား၊ အဘိုးနဲ့ အစ်ကို့မိဘတွေလည်း အားလုံး စိတ်ပူလိမ့်မယ်"
ဖေးယွင်ကျင်း၏ရိုးသားစွာ ရေတွက်မှုကြောင့် အန်းရီရန် ရယ်လိုက်သည်။ ထိုအပြုံးမှာ တစ်ခုခုအား ဖွင့်လိုက်သလိုဖြစ်ပြီး သက်ပြင်းချစေသည်။
"ငါ အရမ်းအသုံးမကျသလို ခံစားရတယ်၊ မေမေ့ကို ဘာမှမကူညီနိုင်ဘူး"
ဘေးတွင်ရပ်နေသော နန်ယု: "..."
အစ်ကိုလေး! မင်းက ခြောက်နှစ်ပဲရှိသေးတယ်! မင်း ဘာကို ကူညီချင်နေတာလဲ ?
"လုံးဝ မဟုတ်ဘူး!" ဖေးယွင်ကျင်း၏တုံ့ပြန်မှုမှာ နန်ယုထက်ပင် ပိုကြီးသည်။ သူ စိုးရိမ်တကြီး ခုန်ပေါက်နေသည်။
"အစ်ကိုက အံ့သြစရာကောင်းတယ်၊ အစ်ကို လုပ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်၊ ပြီးတော့ ကျွန်တော့်ကိုတောင် ဂရုစိုက်ပေးနိုင်တယ်၊ ဘယ်လိုလုပ် အသုံးမကျရမှာလဲ"
"ပြီးတော့" ဖေးယွင်ကျင်း နန်ယုအား ကြည့်လိုက်ပြီး
"ကျွန်တော်တို့က ခုထိ ကလေးတွေပဲ ရှိသေးတယ်၊ ကိုယ့်ကိုယ် ကိုယ် ဂရုစိုက်ပြီး လူကြီးတွေကို စိတ်မပူစေသရွေ့တော့ ကျွန် တော်တို့က တကယ်ကို အရမ်းတော်တယ်လို့ထင်တယ်" ဟု ပြောလိုက်သည်။
—ဝိုး~
နန်ယု ဖေးယွင်ကျင်းအား စိတ်ထဲမှ စိတ်အားထက်သန်စွာ လက်ခုပ်တီးပေးလိုက်သည်။
အန်းရီရန်လည်း သတိပြန်ဝင်လာပုံရသည်။
"ငါ ခုနကလို ပြုမူခဲ့ရင် မေမေက သေချာပေါက် စိတ်ပူလိမ့်မယ်"
"ရှောင်ကျင်း၊ မင်း ပြောတာ မှန်တယ်"
အန်းရီရန် ထရပ်လိုက်ပြီး ခေါင်းကို အားကြိုးမာန်တက် ညိတ်လိုက်သည်။ "မေမေ့ကို ငါ စိတ်မပူစေရဘူး!"
သူတို့နှစ်ဦးသည် မတူညီသော ခေါင်းစဉ်များအကြောင်း ပြောနေကြပုံရသော်လည်း အန်းရီရန်၏ ပြန်လည်လန်းဆန်း သော စွမ်းအင်ကို မြင်သောအခါ နန်ယု ထိုအခြေအနေအားလျစ် လျူရှုရန် ဆုံးဖြတ်လိုက်သည်။
အန်းနင် ပြန်လာသောအခါ သူတို့ စကားပြောကြပြီးအားလုံး အဆင်ပြေသွားလိမ့်မည်။
ဖေးယွင်ကျင်း၏စွမ်းဆောင်ရည်မှာ နန်ယုအား အံ့အားသင့်စေသည်။ ကလေးများသည်ပင်လျှင် သူတို့၏ကိုယ်ပိုင် အတွေးများရှိကြပြီး သူတို့ အသက်ငယ်သေးသည်ဟူသော အကြောင်းပြချက်ဖြင့် လျစ်လျူရှု၍ မရနိုင်ချေ။
ညီအစ်ကိုနှစ်ဦး လက်ချင်းတွဲ၍ ကာတွန်းများအား စိုက်ကြည့်နေကြသည်ကို မြင်သောအခါ နန်ယု ပြုံးလိုက်ပြီး သစ်သီးနှင့် အချိုပွဲအချို့ကို မှာလိုက်သည်။
"စိတ်အနှောင့်အယှက်တွေ ရှိနေရင် အရသာရှိတာ စားလိုက်၊ တစ်ခုနဲ့မလောက်ရင် နှစ်ခု စားလိုက်!
အစားကောင်းမှာ အရာအားလုံးကိုကုစားပေးနိုင်သည်!"
ဖုန်းယုရှင်းနှင့် အခြားသော အန္တရာယ်ရှိသူများအား ကိုင်တွယ်ပြီးနောက် နန်ကျီနှင့် အန်းနင်တို့၏မင်္ဂလာပွဲမှာ အဆင်ပြေစွာ ပြီးဆုံးသွားသည်။
ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့သည် ဖက်ရှင်ကျသောဝတ်စုံများအား ဝတ်ဆင်ပြီး ပန်းကိုင်ကလေးများအဖြစ် တာဝန်ယူခဲ့ရာ မင်္ဂလာပွဲကိုချစ်စရာကောင်းမှုနှင့် ပျော်ရွှင်မှုများပေါင်းထည့်ပေးခဲ့သည်။
သို့သော် ပြန်လာသည့်လမ်းတွင်...
နန်ယု သူ့အား တစ်ဦးတည်းဆွဲထုတ်သွားသော အစ်ကိုကို ကြည့်ပြီး လက်ပိုက်ကာရယ်လိုက်သည်။
"ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး၊ လဝက်ပဲ! လဝက်ပဲ!"
နန်ကျီ တောင်းပန်သည်။
"မေမေနဲ့ ဖေဖေက ဒီလောက်ကြာအောင် အလုပ်များနေကြတာ၊ သူတို့ဆီက ပိုပြီး အကူအညီတောင်းဖို့မဖြစ်နိုင်ဘူး။ ကြည့်ပါဦး၊ ကလေးတစ်ယောက်ကို ဂရုစိုက်တာနဲ့ ကလေးနှစ်ယောက်ကိုဂရုစိုက်တာက တူတူပါပဲ၊ ဇွန်း တစ်စုံပဲ ပိုတာပါ~"
"မင်းအစ်ကိုရဲ့ ဘဝတစ်လျှောက်လုံးမှာ တစ်ခါတည်းရှိတဲ့ ပျားရည်ဆမ်းခရီးကို မပြည့်စုံအောင် မင်း ဘယ်လိုများလုပ် ရက်နိုင်တာလဲ"
"ဟုတ်တယ်၊ ကျွန်မ လုပ်ရဲတယ်၊ ဘာလို့ ကျွန်မ စိတ်မပါရမှာလဲ" ဟု နန်ယု အေးစက်စွာ ပြောလိုက်သည်။
နန်ကျီ အန်းနင်အတွက် အံ့အားသင့်စရာ တစ်ခုပြင်ဆင်ထား သည်၊ ၎င်းမှာ နှစ်ပတ်ကြာ ပျားရည်ဆမ်းခရီးပင်။
သူ ထိုကိစ္စအား ကိုင်တွယ်ရန် ရုံးမှာ အချိန်ပိုပင်ဆင်းခဲ့ပြီး ကျန်ရှိသည်များကို လျိုလုကျယ် ဂရုစိုက်ပေးလိမ့်မည်။
တစ်ခုတည်းသော ပြဿနာမှာ အန်းရီရန်ပင်။
အန်းရီရန်အား ခေါ်သွားပါက နန်ကျီ သူ့၏ကာလကြာရှည်စွာ စောင့်မျှော်ခဲ့ရသော ပျားရည်ဆမ်းခရီး မည်သို့ဖြစ်လာမည်ကို စိတ်ကူးကြည့်နိုင်နေပြီ။
"ညီမလေး၊ ငါ့ရဲ့အချစ်ဆုံးညီမလေး၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးညီမ!"
နန်ယု စက်ဆုပ်ရွံရှာသွားသည်။ သူမက သူမ၏နေရောင်ခြည်စွမ်းအင်ကို ထိန်းချုပ်သည့် အချက်အား ဖိလိုက်ပြီး ရွံရှာစွာဖြင့် ပြောလိုက်သည်။
"CG က လက်ကောက်နဲ့ အိတ်အသစ်ကို ငါ လိုချင်တယ်"
"ပြဿနာမရှိဘူး!"
"အခု အစ်ကို အန်းနင်နဲ့ အန်းရီရန်ကို သွားဂရုစိုက်လိုက် ကျမ တာဝန်မဟုတ်သေးဘူး"
"ကောင်းပြီ၊ ကောင်းပြီ!"
"လဝက်လို့ သဘောတူထားတာ၊ တစ်ရက်ပိုနေရင် ဆယ်သန်း ပေး"
"ကောင်းပြီ!"
ထို့ကြောင့် သူတို့ ဗီလာမှ ထွက်ခွာလာချိန်တွင် သုံးဦးရှိပြီး ပြန်လာသောအခါတွင်လည်း သုံးဦးရှိနေသည်။ တစ်ခုတည်းသောကွာခြားချက်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာဖေးယီ ကျန့်မှာ ချစ်စရာကောင်းသော အန်းရီရန်ဖြစ်လာခဲ့ခြင်းပင်။