← Chapters

အခန်း (၃၀)

Vol. 4 Ch. 30

အခန်း (၃၀)

Vol. 4 Ch. 30

Muxin Island အပန်းဖြေစခန်းမှာ အဖွဲ့ဝင်စနစ်ဖြင့် လည်ပတ်နေသည်ဖြစ်ရာ သာမန်ဧည့်သည်များကို လက်ခံခြင်း မရှိပေ။ အဖွဲ့ဝင်များပင်လျှင် ကြိုတင်စာရင်းသွင်းထားရပြီး၊ ယင်းသည် အပန်းဖြေစခန်း၏ တိတ်ဆိတ်ငြိမ်သက်မှုကို အာမခံကာ အကောင်းဆုံးသော အတွေ့အကြုံအား ပေးစွမ်းရန်အတွက် ဖြစ်သည်။

ထို့ကြောင့် အပန်းဖြေစခန်းတစ်ခုလုံးရှိ ဧည့်သည်စုစုပေါင်းမှာ ဝန်ထမ်းအရေအတွက်ထက်ပင် နည်းပါးနေနိုင်သည်။ နန်ယုသည် ပိုင်ရှင်၏ ညီမငယ်ဖြစ်သောကြောင့် သူမ အမြင့်ဆုံးအဆင့် ဝန်ဆောင်မှုအားခံစားပိုင်ခွင့်ရှိသည်။

သူမ ဤနေရာသို့ အကြိမ်ပေါင်းများစွာ လာဖူးပြီးဖြစ်ရာ အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်နေသည်။ အမှန်အတိုင်းပြောရလျှင် အချို့သော အသစ်အဆန်းများမှာပုံမှန်သာဖြစ်သည်။

ကလေးပေါက်စ သုံးယောက်မှာ အလွန်ပျော်ရွှင်နေကြပြီး၊ အထူးသဖြင့် လီရီပိုင် ရှောင်ယွမ်ကိုပါခေါ်လာခြင်းကြောင့် ဖြစ်သည်။

တစ်လခန့် ကြာပြီးနောက် ရှောင်ယွမ်သည် သိသိသာသာ ကြီးလာပြီး အပြေးအလွှားဆော့ကစားနေသည်မှာ လုံးဝမပင်ပန်းသလိုပင်။

ထို့အပြင် အပန်းဖြေစခန်းမှာ အလွန် ကျယ်ဝန်းသောကြောင့် ပထမတွင် နန်ယု သူတို့နှင့်အတူ လမ်းလျှောက်နေနိုင်သော် လည်း နောက်ပိုင်းတွင်... တော်ပြီဟု ဆုံးဖြတ်လိုက်သည်။

သူမ ကိုယ်ရံတော်များနှင့်ကလေးထိန်းအား ခရီးသွားဘတ်စ် ကားမောင်းခိုင်းရန်ဆုံးဖြတ်လိုက်သည်။ ၎င်းတို့ရှိနေခြင်းနှင့် နေရာအနှံ့ တပ်ဆင်ထားသော လုံခြုံရေးကင်မရာများကြောင့် နန်ယု စိုးရိမ်ခြင်းမရှိပေ။

သူမ တိတ်ဆိတ်ပြီး ရှုခင်းလှပသော ရေကန်သို့ရေကန်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့ပြီး ထိုင်ခုံနှင့် ငါးမျှားတံအား စီစဉ်ကာ ကောက်ရိုးဦးထုပ်ကို ဝတ်ဆင်လိုက်သည်။ သူမ ချက်ချင်းပင် စိတ်ကြည်လင်လန်းဆန်းလာသည်။

နောက်ပိုင်း ရှောင်ယွမ်အတွက် ငါးနည်းနည်းဖမ်းမိရင် ကောင်းမှာပဲ။

တကယ်တော့ ရှောင်ယွမ်မှာ ခွေးစစ်စစ်ဖြစ်သော်လည်း ငါးကို အထူးတလည် နှစ်သက်သည်။ အထူးသဖြင့် ကောင်းကောင်းချက်ပြုတ်ထားသော၊ လုံးဝနူးညံ့သွားသည့် ငါးအမျိုးအစားကိုပင်။ သူသည် အရသာခံရန်ပင် မလိုအပ်ဘဲ တစ်အိုးလုံးကို စိတ်အားထက်သန်စွာစားနိုင်သည်။ ၎င်းမှာ တကယ်ကိုထူး ဆန်းသည်။

ကလေးသုံးယောက်မှာ အပန်းဖြေစခန်း၏ "သက်ကြီးရွယ်အိုများ" နယ်မြေသို့ အလျင်အမြန် ပြေးသွားကြသည်။ ထိုနေရာတွင် အငြိမ်းစားယူထားသော လူကြီးများစုဝေးပြီး စစ်တုရင် ကစားခြင်း၊ စကားပြောခြင်းများ ပြုလုပ်လေ့ရှိသည်။

ထိုချမ်းသာပြီး အာဏာရှိသောသက်ကြီးရွယ်အိုများမှာ ပုံမှန်အားဖြင့် ဘိုးဘွားရိပ်သာတွင် နေလေ့မရှိသော်လည်း ရံဖန်ရံခါ အပန်းဖြေစခန်းသို့လာရောက်ကာ အနားယူခြင်း၊ မိတ်ဆွေဟောင်းများနှင့် စကားပြောခြင်းများပြုလုပ်တတ်သည်။ သူတို့သည် ပုံမှန်နှင့် ရေရှည်ဖောက်သည်များဖြစ်သောကြောင့် လုပ်ငန်းအတွက်တည်ငြိမ်သော ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်သည်။

ကလေးသုံးယောက်နှင့် ခွေးတစ်ကောင်တို့၏ လှုပ်ရှားမှုများမှာ ထိုနေရာရှိ သက်ကြီးရွယ်အိုများ၏အာရုံကိုဖမ်းစားသွားသည်။

အသက်ခုနစ်ဆယ်ခန့်ရှိပြီး မျက်နှာပေါ်တွင် ကြောက်စရာကောင်းသောအမာရွတ်ရှိသည့် သက်ကြီးအမျိုးသားတစ်ဦးသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း အနီးရှိဝန်ထမ်းတစ်ဦးအား မေးလိုက်သည်။

"အဲဒီကလေးတွေက ဘယ်သူ့ကလေးတွေလဲ ?"

မန်နေဂျာသည် မနေ့ကပင် အပန်းဖြေစခန်းဝန်ထမ်းအားလုံးကို စုဝေးစေပြီး နန်ယု၏လာရောက်လည်ပတ်မှုအကြောင်းအား ဆွေးနွေးထားသည်။ သူမ ကလေးသုံးယောက်အား ခေါ်လာမည်ကို သူတို့ သိရှိထားကြသည်။ ထိုအခြေအနေမှာအပန်း ဖြေစခန်းတွင်ရှားပါးသည်ဖြစ်၍ သူတို့ပစ်မှတ်များကို အလွယ် တကူသိနိုင်သည်။

"မစ္စတာကျင်း ဒီကလေးတွေက ကျွန်တော်တို့ Boss ရဲ့ညီမ ခေါ်လာတဲ့ကလေးတွေပါ၊ သူတို့ ဘယ်မိသားစုကလဲဆိုတာတော့ ကျွန်တော် တိတိကျကျမသိပါဘူး"

"နန်ကျီရဲ့ညီမလား ? ဖေးမိသားစုထဲ လက်ထပ်သွားတဲ့တစ်ယောက်မလား?"

မစ္စတာကျင်း ဘေးမှ အသက်ကြီးအမျိုးသားဖြတ်ပြောလိုက်သည်။

"သူ မကြာသေးခင်က လက်ထပ်ခဲ့တာလို့ ငါ မှတ်မိတယ်၊ ကလေးက ဒီလောက်မကြီးနိုင်သေးဘူး"

"မင်းတို့ ဖေးမိသားစုနဲ့ ပေထန်မိသားစုကြားမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့တဲ့ကိစ္စကို မေ့နေပြီလား"

စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ လှုပ်ရှားခဲ့ဖူးတဲ့ ဒီအဖိုးကြီးတွေဟာ အသက်ကြီးလာလေလေ၊ အတင်းအဖျင်းပြောရတာ ပိုကြိုက်လာလေလေပဲ။ အထူးသဖြင့် သူငယ်ချင်းဟောင်းတွေနဲ့ ပတ်သက်တဲ့ အတင်းအဖျင်းတွေပေါ့။

"သူက အဖိုးကြီးနန်ရဲ့ မြေးမလေးမဟုတ်လား? သူ့မြေးလေး မကြာသေးခင်ကမှ မင်္ဂလာဆောင်ခဲ့တာ မဟုတ်ဘူးလား ? ညသန်းခေါင်ကြီး ငါ့ကို ဖုန်းဆက်ပြီး ကျွန်းတစ်ကျွန်းမှာ ရောက်နေတယ်လို့ပြောနေတာ၊ ဒီအဖိုးကြီးက တကယ့်အမှိုက်ပဲ"

"ဟားဟားဟား၊ အဖိုးကြီးနန်က လူမိုက်တစ်ယောက်ပါပဲ၊ သူ့မှာချောမောတဲ့ မြေးတစ်ယောက်ရှိနေတာ ကံကောင်းတယ်လို့ ပြောရမှာပေါ့"

သက်ကြီးရွယ်အိုအချို့အချင်းချင်းရယ်မောပျော်ရွှင်ပြီးနောက် အဖိုးကြီးကျင်း ဦးဆောင်ကာ ကလေးသုံးယောက်အားလက်ပြလိုက်သည်။

"ဟေ့ ကလေးတွေ၊ ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းတို့ကို ပြောနေတာ၊ ဒီကို လာခဲ့"

ဖေးယွင်ကျင်းနှင့် အခြားနှစ်ဦးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် သက်ကြီးရွယ်အိုများထံသို့ပြေးသွားကြသည်။

"အဘိုးတို့၊ မင်္ဂလာပါ"

"ဟေး၊ ကောင်းပြီ၊ မင်းတို့က ဘယ်သူ့ကလေးတွေလဲ ?"

ကလေးသုံးယောက်မှာ အလွန်ချောမောပြီး သူတို့ကိုလည်း လုံးဝမကြောက်ဘဲ ယုံကြည်မှုရှိရှိ ပြုမူနေသည်ကို တွေ့ရသော အခါ သက်ကြီးရွယ်အိုများ ချက်ချင်းစိတ်ဝင်စားလာကြသည်။

"ကျွန်တော့်နာမည် ဖေးယွင်ကျင်းပါ၊ ကျွန်တော့်အန်တီက နန်ကျီပါ"

"ကျွန်တော့်နာမည် အန်းရီရန်ပါ၊ ကျွန်တော်က သူ့အစ်ကိုကြီးပါ"

အန်းရီရန် ဖေးယွင်ကျင်းအား လက်ညှိုးထိုးပြသည်။ သူ နန်ကျီအား သူ့ဖခင်အဖြစ်လက်ခံသေးသည် မဟုတ်သော် လည်း...

"နန်ကျီက ကျွန်တော့်အန်တီပါ"

"ကျွန်တော့်နာမည် လီရီပိုင်ပါ၊ ကျွန်တော့်အစ်ကိုက လီယွမ်မိုပါ!"

ပထမနှစ်ဦးနှင့် နှိုင်းယှဉ်လျှင် လီရီပိုင်ဖခင်မှာ မည်သူဖြစ် သည်ကို သူတို့ ချက်ချင်းမပြောနိုင်ကြချေ။ လူမျိုးစပ်လူများမှာ သူတို့အသိုင်းအဝိုင်းတွင် ရှားပါးသည် မဟုတ်သော်လည်း ပေါများသည်လည်း မဟုတ်ပေ။

သက်ကြီးရွယ်အိုများလည်း အလွန်အကျွံ မမေးမြန်းတော့ပေ။ ဤအရွယ်တွင် မိသားစုနောက်ခံသည် အပိုဆုမျှသာဖြစ်ပြီး၊ အရေးအကြီးဆုံးမှာ ထိုသူ၏ကိုယ်ရည်ကိုယ်သွေးပင်ဖြစ် သည်။

သူတို့၏မြေးများသည်လည်း အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည် သို့မဟုတ် ငယ်ရွယ်သူများမှာ သူတို့အား ကြောက်ရွံ့နေကြသဖြင့် ပျင်းရိဖွယ်ကောင်းလှသည်။

ဖေးယွင်ကျင်းနှင့် အခြားနှစ်ဦးမှာ မကြောက်မရွံ့ရုံသာမက ရဲရင့်နေသည်ကို မြင်ရသည်မှာ ရှားပါးသည်။ ကလေးများနှင့် ကစားခြင်းသည် စစ်တုရင်ကစားခြင်းထက် ပိုပျော်စရာကောင်းလှသည်။

ထို့ကြောင့် နန်ယု သူတို့အား လာရှာသောအခါ တီဗီတွင် မကြာ ခဏ မြင်နေရသည့် ရင်းနှီးသောသက်ကြီးရွယ်အိုအချို့ကို တွေ့လိုက်ရသည်။ တစ်ဦးစီမှာကလေးတစ်ဦးအား ပွေ့ချီထားပြီး အသီးအနှံနှင့် မုန့်များ အပုံလိုက် ဝိုင်းရံလျက်ရှိသည်။ လူတိုင်း၊ အသက်ကြီးသူနှင့် ကလေးများအားလုံးပျော်ရွှင်စွာပြုံးနေကြသည်။

ရှောင်ယွမ်လည်း သူတို့ဘေးတွင် အမြီးကိုပျော်ရွှင်စွာခါရင်းလဲလျောင်းနေသည်။

ဒါ သဟဇာတဖြစ်သော အဘိုး-မြေး ဆက်ဆံရေးအကြောင်း မိသားစုဒရာမာတစ်မျိုးလား ?

"အန်တီ!"

နန်ယုကို မြင်သည်နှင့် ဖေးယွင်ကျင်း အဖိုးကြီးကျင်း၏ ပေါင်ပေါ်မှ ခုန်ဆင်းကာ သူမဆီသို့ ပျော်ရွှင်စွာပြေးထွက်သွားရာ နန်ယု သူ့အားပွေ့ဖက်လိုက်သည်။

"ဖြည်းဖြည်းသွား၊ ငါ လမ်းမလျှောက်နိုင်ဘူး"

ဖေးယွင်ကျင်းပြုံးကာ နန်ယုလက်အား ကိုင်လိုက်ပြီးနောက် သက်ကြီးရွယ်အိုများထံသို့ ချဉ်းကပ်သွားသည်။

"အဘိုး၊ ဒါ ကျွန်တော့်အန်တီလေ"

ဤလေးစားဖွယ်ကောင်းသော သက်ကြီးရွယ်အိုကို ရင်ဆိုင်ရသောအခါ နန်ယု ခေါင်းငုံ့ကာအရိုအသေပေးလိုက်သည်။

"မင်္ဂလာပါ၊ အဖိုးကျင်း၊ ကျွန်မ နန်ယုပါ"

"ဟားဟားဟား၊ ငါ သိပါတယ်၊ မင်း အဖိုးကြီးနန်ရဲ့မြေးမလေးပဲ"

အဖိုးကြီးကျင်း သူ့အသက်အရွယ်တွင် အတက်အကျများစွာကို ဖြတ်သန်းခဲ့ရပြီး လူအကဲခတ်ရာတွင် ကျွမ်းကျင်သူဖြစ် သည်။

သူ့ရုပ်ရည်ကြောင့် မိန်းကလေးငယ်အများစုမှာ အစပိုင်းတွင် စိတ်မသက်မသာဖြစ်ပြီး မျက်နှာချင်းပင် မကြည့်ရဲကြသည်ကို သူသိသည်။ သို့သော် နန်ယုကမူ မတူပေ။ သူမသည် အမှန်တကယ် ပေါ့ပေါ့ပါးပါးသဘောထားပြီး အဖိုးကြီးကျင်းအား လေးစားမှုဖြင့်သာကြည့်နေသည်။

"မင်းပြောတာ မှန်တယ်၊ အဖိုးကြီးနန်ရဲ့ ရုပ်ရည်နဲ့ဆိုရင် သူ့မှာ ရတဲ့ ကလေးတွေက တစ်ယောက်ထက်တစ်ယောက် ပိုလှလာမှာပဲ"

ဘေးနားမှ အဖိုးကြီးကလည်း ပြုံးပြီးပြောလိုက်သည်။ အဖိုး ကြီးနန်၏ ဂုဏ်ပုဒ်အား ထည့်မတွက်လျှင်တောင် နန်ယုကိုယ် တိုင်မှာ အလွန်ချစ်ခင်ဖွယ်ကောင်းသည်။

နန်ယုတွင် ရိုးသားတည်ကြည်သောအကြည့်၊ လှပသောရုပ် ရည်နှင့် ရက်ရောပွင့်လင်းသော အမူအရာများရှိသည်။ သူမသာ လက်မထပ်ရသေးပါက၊ သူမကို သူတို့မြေးနှင့် ပေးစားပြီး မိသားစုဝင်အဖြစ် ခေါ်ယူလိုသည်အထိပင် နှစ်သက်ကြသည်။

အဖိုးကြီးနန်မှာ တကယ်ပင်တွန့်တိုလွန်းသည်။ သူသည် ဤမျှကောင်းမွန်သော မြေးမလေးအားဖွက်ထားပြီး၊ သူတို့ လုယူသွားမည်ကိုစိုးရိမ်နေခဲ့သည်။

ဤအချိန်၌ အဖိုးကြီးနန်သာရှိခဲ့ပါက မတရားမှုအတွက် ငိုကြွေးမိပေလိမ့်မည်။ သူ နန်ယုအား မည်မျှပင် ချစ်ခင်သည်ဖြစ်စေ၊ သူ့မြေးမလေး၏စိတ်နေစိတ်ထားမှာ ရိုးရှင်းသည်ဟု ပြောလျှင် ရိုးရှင်းသော်လည်း ဆိုးသည်ဟုပြောလျှင် ဆိုးသည်။

အဘိုးကြီးများမှာ မိန်းကလေးငယ်ကို ဂရုမစိုက်ကြသော် လည်း သူသည် ဆယ်စုနှစ်များစွာကြာသော မိတ်ဆွေဖွဲ့မှုအား မထိခိုက်စေလိုသောကြောင့် နှစ်ဖက်စလုံး နာမည်သာကြားဖူးပြီး မတွေ့ဖူးသည့် အခြေအနေတွင်ရှိနေသည်။ ယနေ့မှသာ တရားဝင် တွေ့ဆုံခြင်းဖြစ်သည်။

"တကယ်လား ရှင် ? ကျွန်မ ပြန်ရောက်ရင် အဘိုးကိုကျေးဇူးအများကြီး တင်ရဦးမယ်၊ ကျွန်မရဲ့ လှပတဲ့အဘွားကို လက် ထပ်ခဲ့တဲ့ အဘိုးရဲ့ကျေးဇူးတွေကြောင့်ပဲလေ"

"ဟားဟားဟား၊ အဟုတ်ပဲ၊ မင်းအဘွားက အဲဒီတုန်းက အရမ်းလှတာ၊ ငါတို့အားလုံးက နွားချေးပုံထဲက ပန်းလို့တောင် ပြောခဲ့ကြတာ!"

စကားပြောဆိုမှုမှာ အချိန်သိပ်မကြာဘဲ ညနေစောင်းလာပြီး ညစာစားချိန်ရောက်သောအခါ နန်ယု သူမ၏ ကလေးသုံးဦးနှင့် ခွေးတစ်ကောင်နှင့်အတူ သက်ကြီးရွယ်အိုများအားနှုတ် ဆက်ပြီး အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။

ကလေးသုံးယောက်သည်လည်း မနက်ဖြန်တွင် ပြန်လာမည်ဟု သက်ကြီးရွယ်အိုများအား ကတိပေးခဲ့သည်။

"အဖိုးကျင်းက ကျွန်တော့်ကို စစ်တုရင်သင်ပေးချင်တယ်လို့ ပြောတယ်!"

"အဖိုးရှုက ကျွန်တော့်မှာ ကောင်းမွန်တဲ့အခြေခံရှိတယ်လို့ ပြောပြီး ထိုက်ချိသင်ပေးချင်တယ်တဲ့"

"ကောင်းပြီ၊ ကောင်းပြီ၊ မင်းတို့ ကြိုက်သရွေ့ပေါ့၊ အရမ်းစွမ်း ဆောင်နိုင်တဲ့သူတွေပါ၊ သူတို့ဆီက သင်ယူတာကောင်းပါတယ်"

နန်ယု ထိုသက်ကြီးရွယ်အိုများနှင့် တွယ်ကပ်နေရန် ရည်ရွယ် ချက်မရှိခဲ့ပေ။ သူမ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်မည်မဟုတ်သလို၊ ဖေးယွင်ကျင်းနှင့် အခြားကလေးများသည်လည်း သူတို့၏အနာဂတ်အား ကိုယ်တိုင်ဖန်တီးရမည်ဟုယုံ ကြည်သည်။ တစ်ယောက်က သင်ပေးချင်ပြီး တစ်ယောက်က သင်ယူချင်နေခြင်းသည် ကံကြမ္မာတစ်ခုဟုပင်ယူဆရပေမည်။

ထို့ကြောင့် သူတို့ အပန်းဖြေစခန်းတွင် စိတ်အပန်းပြေပျော်ရွှင်ဖွယ် သုံးရက်တာကို ကုန်ဆုံးခဲ့ကြသည်။ မူလအစီအစဉ်အရဆိုလျှင် ယနေ့ ပြန်လည်ထွက်ခွာရမည် ဖြစ်သော်လည်း ဖေးယွင်ကျင်းတို့ မပြန်ချင်ကြပေ။ နန်ယု မနက်ဖြန် တနင်္ဂနွေနေ့ဖြစ် သည်ဟုတွေးကာ နောက်ထပ်တစ်ရက်ဆက်နေခဲ့သည်။

ဖေးယွင်ကျင်းနှင့် အခြားနှစ်ဦးတို့မှာ သူတို့ မရောက်ဖူးသေးသော နေရာအသစ်များအား လျင်မြန်စွာစူးစမ်းရှာဖွေခဲ့ကြသည်။

သူတို့၏ခွန်အားမှာ ဘယ်တော့မှ မကုန်ဆုံးသော စက်ယန္တရားတစ်ခုကဲ့သို့ ဖြစ်နေသည်။ ခရီးသွားဘတ်စ်ကားကို မောင်းနှင်လာသည့် အိမ်ထိန်းနှင့် ကိုယ်ရံတော်များသည်ပင် သူတို့၏ ရဲစွမ်းသတ္တိနှင့် သွက်လက်မှုအားမယှဉ်နိုင်ကြပေ။ အခုလိုပင်၊ ဝါးတောငယ်လေးတစ်ခုအား ရှာတွေ့ပြီးနောက် သုံးယောက်သား ပုန်းတမ်းကစားရန် ဆုံးဖြတ်လိုက်ကြသည်။

ပထမအချီတွင် အန်းရီရန်နှင့် လီရီပိုင်တို့ သရဲများအဖြစ်ပုန်း အောင်းနေကြပြီး ဖေးယွင်ကျင်း ဖမ်းရသည်။

ဆယ်မိနစ်အတွင်း ဖေးယွင်ကျင်း သူတို့နှစ်ဦးအား အောင်မြင်စွာ ရှာဖွေနိုင်ခဲ့သည်။

ဒုတိယအချီတွင် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ သရဲများအဖြစ် ပါဝင်လာကြသည်။

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် မတူညီသော လမ်းကြောင်းများသို့ ပြေးသွားကြသည်။ ထိုသို့ဖြင့် အန်းရီရန်၏ အချိန်အား သိသိသာသာတိုးမြှင့်ပေးလိုက်သည်။

"လေးဆယ့်ငါး၊ လေးဆယ့်လေး..."

အန်းရီရန်၏ ရေတွက်သံမှာ တိတ်ဆိတ်သွားရာ နှစ်ဖွဲ့ကြားရှိ အကွာအဝေးသည် တော်တော်လေး ဝေးကွာသွားပြီဖြစ် ကြောင်း သိသာသည်။

"ငါတို့ ဘယ်မှာ ပုန်းရမလဲ?"

ဖေးယွင်ကျင်း ခြေလှမ်းသေးသေးလေးများဖြင့် ပတ်ပတ် လည်အား ကြည့်နေသည်။

ဝါးပင်များမှာ လူတစ်ဦးအား ဖုံးကွယ်ထားနိုင်ရန် အလွန်သေးလွန်းပြီး ကျောက်တုံးကြီးများနောက်တွင် ပုန်းပါကလည်း အလွယ်တကူတွေ့ရှိနိုင်သည်။ ပုန်းနိုင်မည့် အခြားနေရာများ ရှိပါဦးမလားဟု သူတွေးနေစဉ်တွင် သူ့ဘေးမှ ခြေသံကိုကြား လိုက်ရသည်။ လူတစ်ဦး ဝါးရွက်များအား နင်းသွားသည့်အသံ ဖြစ်သည်။

သူ ခေါင်းလှည့်ကြည့်လိုက်ရာ အန်းရီရန် မဟုတ်သည်ကို တွေ့ရသည်။ အပန်းဖြေစခန်းတွင် ဧည့်သည်များ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်သည်မှာ ပုံမှန်ပင်ဖြစ်သည်။

ဖေးယွင်ကျင်း နေရာဆက်ရှာရန် ပြင်လိုက်သော်လည်း ထိုလူသည် သူ့ဆီသို့ တည့်တည့်မတ်မတ် လျှောက်လာသည်။ ဖေးယွင်ကျင်းကို မြင်ပြီးနောက် သူ တစ်ခုခုအား သတိရသွားဟန်ရှိပြီး အံ့ဩစွာ မေးလိုက်သည်။

"မင်းက ရှောင်ဝမ်ရဲ့ ကလေးလား ?"

ဖေးယွင်ကျင်း သူ့မိခင်အရင်း၏နာမည်အား သိထားသည်။

သူ ရပ်လိုက်ပြီး သူ့ရှေ့မှ မိတ်ကပ်ထူထူလိမ်းထားကာ အန်တီတစ်ယောက်ကဲ့သို့ဖြစ်နေသော်လည်း အဘွားနှင့် အသက် အရွယ်တူဟန်ရှိသော အမျိုးသမီးအားကြည့်လိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ ?"

ထိုအမျိုးသမီးမှာ ချက်ချင်းပင် ဒူးထောက်ထိုင်ချလိုက်သည်။ "မင်းက ရှောင်ဝမ်နဲ့ အရမ်းတူတာပဲ၊ မျက်စိတစ်မှိတ်အတွင်း မှာကြီးလာလိုက်တာ!"

သူမ ဖေးယွင်ကျင်း၏ခေါင်းအား လှမ်းထိရန် လက်ကို ဆန့်လိုက်သော်လည်း ကလေးမှာ နောက်သို့ဆုတ်သွားသဖြင့် သူမလက်မှ လွတ်သွားသည်။

အမျိုးသမီး အနည်းငယ်ရှက်ရွံ့သွားသည်။

"မင်းက ငါ့ကို မသိဘူးဆိုတော့ သတိထားတာ သဘာဝပါပဲ"

သူမ ပြုံးလိုက်ပြီး အလျင်အမြန်ပင်ပြန်ရပ်လိုက်သည်။

"မင်းအမေနဲ့ ငါက အရမ်းကောင်းတဲ့ သူငယ်ချင်းတွေပါ၊ ငါတို့ နှစ်ပေါင်းများစွာ သိခဲ့ကြတာ"

"အဲဒီတုန်းက ရှောင်ဝမ် မင်းအကြောင်း သိတော့ ငါ့ကို မင်းရဲ့ ခေါင်းကိုင်အမေလုပ်ခိုင်းဖို့တောင် စနောက်ခဲ့သေးတယ်၊ ငါ မမျှော်လင့်ထားဘူး... ဟင်း..."

ထိုအမျိုးသမီးမှာ သက်ပြင်းချလိုက်သည်။ ဖေးယွင်ကျင်း ဆက်လက်တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူမ မျက်နှာပေါ်မှ ဝမ်းနည်းမှုတို့မှာတုံ့ဆိုင်းသွားသည်။ သူ့ စိတ်ထဲမှ "ကောင်စုတ်လေး" ဟု ကျိန်ဆဲလိုက်သော်လည်း ကြီးမားသောဆုလာဘ်အားတွေးပြီး ဆက်လက်သရုပ်ဆောင်ခဲ့သည်။

"ဒါနဲ့၊ မင်း ဘာလို့ တစ်ယောက်တည်း ဒီမှာ ရှိနေတာလဲ ? ဘယ်သူနဲ့ လာတာလဲ?"

ဖေးယွင်ကျင်း ထိုအမျိုးသမီးနှင့် စကားပြောချင်စိတ် မရှိပေ။ သူမ၏ ရေမွှေးနံ့မှာ အလွန်ပြင်းသောကြောင့် နှာချေချင်စိတ်ပင်ပေါက်သည်။ သို့သော်လည်း သူ ယဉ်ကျေးမှုအရဆက် လက်ပြောဆိုနေလိုက်သည်။

ဖေးယွင်ကျင်း နောက်ထပ်တစ်လှမ်း ပြန်ဆုတ်လိုက်သည်။

"ကျွန်တော် အန်တီနဲ့လာတာပါ၊ ခင်ဗျားမှာ ဘာကိစ္စရှိလို့လဲ ? မရှိရင် ကျွန်တော် သွားတော့မယ်"

All Chapters