← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း ၅၁၁ - စတင်တိုက်ခိုက်ခြင်း

"သူတို့ကဘယ်သူလဲဆိုတာ မင်းခန့်မှန်းမိလို့လား...သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ"

နီကိုးလပ်စ်က မတ်တပ်ရပ်လိုက်ပြီး စခန်းထဲသို့လမ်းလျှောက်ထွက်ရင်း မေးမြန်းလိုက်သည်။

"အမှန်အတိုင်းပြောရမယ်ဆိုရင် အဲ့အကြောင်းကိုငါလုံးဝမသိဘူး...သူတို့တည်ရှိလာတဲ့အချိန်ဟာ မင်းတို့ရဲ့မိသားစုတွေထက်တောင်မှ ပိုကြာရှည်နိုင်ခြေရှိတယ်...သူတို့ဟာရှေးခေတ်မိသားစုတစ်ခုဖြစ်နိုင်ပေမဲ့ ဘယ်မိသားစုလဲဆိုတာကိုတော့ငါတို့မသိနိုင်ဘူး...သူတို့ရဲ့ရည်ရွယ်ချက်ကတော့ အရမ်းရိုးရှင်းတယ်...ဒီတိုက်ကြီးကိုအုပ်စိုးနိုင်ဖို့ကလွဲပြီး သူတို့ရဲ့အာရုံကိုဘာကများဖမ်းစားနိုင်မှာလဲ"

နီကိုးလပ်စ်နှင့်မတူသည်မှာ ရှောင်ယုသည် ခေါက်တုံ့ခေါက်ပြန်လမ်းမလျှောက်ဘဲ ဆိုဖာပေါ်၌သက်တောင့်သက်သာထိုင်နေခဲ့သည်။

"အဲလိုဆိုရင် သူတို့ကတကယ်အစွမ်းထက်တာ သေချာနေတာပဲ...ငါတို့ကသူတို့ကို ဘယ်လို ခုခံကာကွယ်ရမှာလဲ...သူတို့ကနေရာတိုင်းမှာရှိနေတာပဲ"

နီကိုးလပ်စ်သည် ရှောင်ယုအား ပူလောင်သောအကြည့်ဖြင့်ကြည့်၍ မေးမြန်းလိုက်သည်။

အကယ်၍ ရှောင်ယုထံ၌ အစီအစဉ်ကောင်းတစ်ခုရှိနေပါက သူသည်လိုက်နာရန်ဆန္ဒရှိပေသည်။အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်အင်အားစုက သူ့ကိုအလွန်ခေါင်းကိုက်စေသည့်အတွက်ကြောင့်ဖြစ်သည်။

"မိသားစုကြီးတွေအကုန်လုံးကို စုစည်းဖို့ဆိုတာက အရမ်းကိုရိုးရှင်းတယ်...အင်အားစုကြီးတွေအကုန်လုံးက သဘောတူလက်မှတ်ရေးထိုးပေးရလိမ့်မယ်...အစွမ်းထက်အင်အားစုတွေအကုန်လုံးက ဒီအချက်ကိုအတည်ပြုပြီးပြီဆိုတာနဲ့ အကုန်လုံးကတညီတညွတ်တည်းပေါင်းစည်းပြီးတော့ အမြစ်ပြတ်သုတ်သင်ရှင်းလင်းပစ်ရမယ်"

ရှောင်ယုကပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့မိသားစုကြီးတွေအကြားမှာ တစ်ယောက်ကိုတစ်ယောက်ဆန့်ကျင်ဘက်ပြုနေတာတွေ အများကြီးရှိတယ်...အဲ့ဒါအပြင်ကိုမှ မိသားစုကြီးအချို့ဟာ လျှို့ဝှက်ဆန်းကြယ်အင်အားစုရဲ့ ရုပ်သေးရုပ်တွေဖြစ်ကောင်းဖြစ်လိမ့်မယ်"

နီကိုးလပ်စ်က သူ၏ထင်မြင်ချက်ကို ချက်ချင်းတင်ပြလိုက်သည်။

ရှောင်ယုက လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့်ပြုံးပြလိုက်သည်။

"ငါမသိဘူးထင်နေလား...ဒါပေမဲ့ ဒီလိုဖြစ်လာပြီဆိုရင် သူတို့ရဲ့သေးငယ်တဲ့သဲလွန်စကနေတဆင့် သူတို့ဘယ်သူလဲဆိုတာကို ဖြေးဖြေးချင်းနားလည်နိုင်မှာပါ...အဲ့ဒီနောက်မှာတော့ ငါတို့အပြည့်အဝစတင်တိုက်ခိုက်နိုင်ပြီ"

"မြွေကိုတွင်းထဲက ဆွဲထုတ်တဲ့ပုံစံမျိုးလုပ်ချင်နေတာလား"

နီကိုးလပ်စ်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါတွေအကုန်လုံးက အတူတူနီးပါးဘဲ...အဲ့ဒီလူတွေကိုစုပြီးတော့ တစ်ကြိမ်တည်းရှင်းပစ်လိုက်တာ ပိုမကောင်းဘူးလား"

ရှောင်ယုကပြုံးပြီးပြောလိုက်သည်။

"အိုး...ငါကသူတို့ထဲကတစ်ယောက်မဟုတ်ဘူးလို့ မင်းဘာလို့ယုံကြည်နေတာလဲ"

နီကိုးလပ်စ်က မျက်ခုံးပင့်ပြလိုက်ကာ မထီမဲ့မြင်လေသံဖြင့်ပြောလိုက်သည်။

"ပင်ကိုယ်အသိစိတ်ပေါ့..."

ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။

ထို့နောက်တွင် နှစ်ယောက်သားနှုတ်ဆက်စကားဆိုလိုက်ကြသည်။ညဘက်သို့ရောက်ချိန်တွင် ရှောင်ယုကနီကိုးလပ်စ်၏တဲအနားသို့သွားကာ ဖိတ်ခေါ်လိုက်သည်။

"ရှိုးပွဲတစ်ခုကြည့်ချင်လား...ဒါကတကယ့်ကြီးမားတဲ့ အက်ရှင်ဇာတ်ကားကြီးတစ်ခုဆိုတာ ငါအာမခံတယ်"

ထို့နောက်တွင် ရှောင်ယုသည်မူဟွာလီနှင့်ဟာဆိုတို့အား အခြားသူများနှင့်အတူ တစ်နာရီအတွင်း တိုက်ပွဲစတင်ရန်ညွန်ကြားခဲ့သည်။

"တစ်နာရီဟုတ်လား…"

မူဟွာလီနှင့်ကာဆိုတို့သည် အံ့သြသွားခဲ့ကာ မယုံကြည်နိုင်သောလေသံဖြင့် ရေရွတ်လိုက်ကြသည်။

"ဒါပေမဲ့...ငါတို့မှာပြင်ဆင်မှုတွေဘာမှမလုပ်ထားဘူးလေ"

ကာဆိုက အံ့သြသွားခဲ့သည်။အကယ်၍ မြို့တစ်ခုအားတိုက်ခိုက်လိုပါက အနည်းဆုံးတစ်ရက်ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။ဤ၃လအတွင်း သူတို့၏တပ်သားများသည် သောက်စားပျော်ပါးကခုန်နေကြပြီး တိုက်ပွဲအတွင်းလုံးဝကြိုတင်ပြင်ဆင်ခြင်း မရှိခဲ့ကြပေ။

"ဟုတ်တယ်...ငါတို့ကကြိုတင်မပြင်ဆင်ထားတာ ပိုတောင်ကောင်းသေးတယ်...ငါတို့ကဒီတိုက်ပွဲကို ကျိန်းသေပေါက်အောင်မြင်မှာပါ...တစ်နာရီအတွင်းပြင်ဆင်မှုတွေအကုန်လုံးကို အပြီးသတ်ရလိမ့်မယ်...စစ်မဖြစ်ခင်ဆယ်မိနစ်အလိုမှာ အနိမ့်ဆုံးတပ်သားကအစအကြောင်းကြားရမယ်"

ရှောင်ယုက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

"အမိန့်အတိုင်းပါ အရှင်"

မူဟွာလီသည် အနည်းငယ်ထိတ်လန့်သွားသော်လည်း ဘာမှဆက်မပြောတော့ဘဲ ရှောင်ယု၏အမိန့်ကိုလိုက်နာရန် ချက်ချင်းထွက်ခွာသွားခဲ့သည်။

ကာဆိုသည် ခေါင်းညိတ်ပြလိုက်ကာ အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်၊အဆုံးသတ်တွင် သူနှင့်ရှောင်ယုအကြား ခြားနားချက်ကိုရှာတွေ့ခဲ့သည်။ထို့ပြင် အဘယ်ကြောင့်ရှောင်ယုသည် တိုက်ပွဲတိုင်းကိုအောင်နိုင်နေကြောင်း နားလည်ခဲ့သည်။ဤသို့သောနည်းဗျူဟာမျိုးသည် သူလုံးဝပင်မတွေးဝံ့သည့်အရာတစ်ခုဖြစ်သည်။

အစောပိုင်းတွင် ကနေဒီမိသားစုသည် သူတို့၏ကျွမ်းကျင်သူများကို ဤနေရာသို့စေလွှတ်ခဲ့ပြီး ဘုရားကျောင်းမှထိပ်တန်းပုဂ္လိုလ်များသည်လည်း အကူအညီပေးရန်အတွက် ဤနေရာသို့ရောက်ရှိလာကြောင်း ရှောင်ယုသိရှိခဲ့သည်။ထို့ကြောင့် အဆုံးသတ်၌အောင်ပွဲကိုရခဲ့လျှင်တောင်မှ ကျိန်းသေပေါက်ဆုံးရှုံးရမည်ဖြစ်ပြီး အနိုင်ရရန်ခဲယဉ်းမှာဖြစ်သည်။

သို့သော်လည်း ၃လခန့်အကြာတွင် အခြေအနေများကလုံးဝကွဲပြားသွားခဲ့သည်။စစ်ပွဲမစတင်ဘဲ ၃လခန့်ကြာမြင့်ပြီးနောက်တွင် ဘုရားကျောင်း၏တပ်သားများသည် သတိလျော့နည်းလာမည်ဖြစ်သည်။လက်ရှိအချိန်တွင် သူသာတိုက်ခိုက်မည်ဆိုပါက ထိုပြဿနာများကို ရှောင်ကွင်းနိုင်မည်ဖြစ်ကာ တစ်ကြိမ်တည်းဖြင့်အောင်နိင်မည်ဖြစ်သည်။

နီကိုးလပ်စ်သည် ရှောင်ယုအားထိတ်လန့်တကြားကြည့်ကာ ခဏလောက်ငြိမ်သက်သွားပြီးနောက် ပြောလိုက်သည်။

"ဝေပြည်နယ်ကိုတိုက်ခိုက်ဖို့အတွက် မင်းကတကယ်ကြီး၃လလောက်စောင့်နေခဲ့တာပဲ...ပြီးတော့တစ်ဖက်သားသတိလျော့နေတဲ့အချိန်ကျမှ မင်းကတိုက်ခိုက်ဖို့ရွေးချယ်ခဲ့တာပဲ....မင်းရဲ့အစီအစဉ်က တကယ်ဗျူဟာမြောက်ပါပေတယ်"

ရှောင်ယုက အနည်းငယ်မှင်သက်သွားကာ နီကိုးလပ်စ်အားပြုံးပြလိုက်သည်။

တစ်နာရီမပြည့်မှီမှာပင် မူဟွာလီသည် တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပြီဟု ရှောင်ယုထံသတင်းပို့လာခဲ့သည်။အဘယ်ကြောင့်ဆိုသော် ရှောင်ယုဆင့်ခေါ်ထားသည့် တပ်သားများသည်မည်သည့်ပြင်ဆင်မှုမှ လုပ်ဆောင်စရာမလိုအပ်ပဲ အချိန်မရွေးတိုက်ခိုက်နိုင်သောကြောင့်ဖြစ်သည်။

ထိုတပ်သားများသည် သာမန်တပ်သားများကဲ့သို့ ပြုမူနေကြသော်လည်း လျော့တိလျော့ရဲမရှိကြပေ။သူတို့သည် သူရဲကောင်းများကဲ့သို့ တိုက်ခိုက်ရန်မွေးဖွားလာသူများဖြစ်ကြသည်။

လက်ရှိအချိန်တွင် ကောင်းကင်သည်မည်းမှောင်နေပြီဖြစ်သော်လည်း ရှောင်ယု၏တပ်စခန်းသည်တောက်ပနေခဲ့သည်။သို့သော်လည်း ဝေပြည်နယ်၏တပ်သားများက ၎င်းကိုကျင့်သားရနေပြီဖြစ်သည်။

"ဟေ့...သူတို့ကတိုက်ခိုက်ကြအုံးမှာလား...ငါတို့ဒီမှာစောင့်နေတာအတော်ကြာနေပြီ"

"ဟုတ်တယ်...ရန်သူတပ်သားတွေက နေ့တိုင်းစားသောက်နေကြတာ ဘယ်လောက်တောင်စည်ကားလဲဆိုတာ ကြည့်လိုက်...သူတို့ကဘောလုံးကစားတာ၊သောက်စားကခုန်တာနဲ့အခြားပြိုင်ပွဲအမျိုးအစားအားလုံးကို ပျော်ပျော်ပါးပါးလုပ်ဆောင်နေကြတယ်...ငါတို့ကျတော့ဒီတိုင်းအရူးတွေလို နေ့တိုင်းရပ်ပြီးစောင့်ကြပ်နေရတယ်"

"ဟုတ်တယ်...အကပြိုင်ပွဲရဲ့ချန်ပီယံတွေက ကြီးကျယ်တဲ့ဆုလာဘ်တစ်ခုကို ရကြတယ်လို့ပြောကြတယ်"

"ကောင်းပြီလေ...ဒီညသူတို့ဘာလုပ်မယ်ဆိုတာကိုကြည့်လိုက်ရအောင်...ဒီနေ့တော်တော်စည်ကားနေတယ်ဆိုတော့ ကြည့်ရတာအကပြိုင်ပွဲတစ်ခု ဖြစ်လာတော့မယ်ထင်တယ်"

"အင်း...တကယ်အများကြီးပဲ...အဲ့ဒီအရပ်အမြင့်ကြီးနဲ့ဘီလူးတွေက ဘယ်ကောင်လဲ....သူတို့ကတောင်ဘီလူးကြီးတွေမဟုတ်ဘူးလား...ငါတို့ကသူ့ကိုမမြင်ဖူးဘူး...သူတို့လည်းကနေတာပဲလား"

"ဟုတ်တယ်...စကားမစပ်သူတို့ကနေတာ တော်တော်ကောင်းတာပဲ"

"ကောင်းပြီ...သူတို့လက်ထဲမှာရှိနေတဲ့ ဧရာမအရာကြီးတွေကိုကြည့်စမ်း....သစ်ပင်ကြီးတစ်ပင်နဲ့မတူဘူးလား"

"ဟုတ်တယ်...သစ်ပင်အကြီးကြီးပဲ...အဲ့ဒါနဲ့ရိုက်လိုက်ရင်တံတိုင်းတောင်ပြိုကျသွားလောက်တယ်"

"ဟုတ်တယ်...သူတို့မှာအရမ်းထူတဲ့ကျောက်သားအရေပြားတွေရှိသေးတယ်...ပုံမှန်အားဖြင့်ဆိုရင် သူတို့ကိုသာမန်တိုက်ခိုက်မှုတွေနဲ့လုံးဝထိုးဖောက်နိုင်မှာမဟုတ်ဘူး...အရမ်းကိုအစွမ်းထက်တဲ့မှော်ဒူးလေးတွေကသာ သူတို့ကိုနာကျင်စေလိမ့်မယ်"

"ခြင်္သေ့ဘုရင်က ထူးဆန်းတဲ့လက်နက်တွေကို ဘယ်ကရခဲ့တာလဲ"

"သူတို့အားလုံးက အန်ကာဂန်တောင်တန်းကနေရောက်လာတာလို့ပြောကြတယ်...အန်ကာဂန်တောင်တန်းမှာ ထူးဆန်းတဲ့အရာတွေအများကြီးရှိတယ်...ပြီးတော့မသေမျိုးတွေလည်းအများကြီးရှိတယ်"

"တစ်ခါတစ်လေတော့ သူတို့နဲ့အတူတူပါဝင်ဆင်နွဲချင်စိတ်ဖြစ်မိတယ်"

"ဟေ့...ဒါနဲ့သူတို့ဒီနေ့ကခုန်တာ ဘာလို့ငါတို့နဲ့တဖြည်းဖြည်းနီးလာတာလဲ"

"ဟုတ်တယ်...အဲ့ဒီဧရာမတောင်ဘီလူးကြီးတွေက ငါတို့ရဲ့မြို့တံတိုင်းကိုရောက်ဖို့ နောက်ထပ်ခြေလှမ်းအနည်းငယ်ပဲလိုလိမ့်မယ်"

"ဟုတ်တယ်...သူတို့ရဲ့ဧရာမသစ်ပင်တွေနဲ့ မြို့တံတိုင်းကိုဖြိုချလိုက်ရင်"

ထိုအချိန်တွင် အစောင့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ပြိုင်နက်တည်းအော်ဟစ်လိုက်ကြသည်။

မကောင်းတော့ဘူး…..

"ရန်သူတိုက်ခိုက်နေပြီ..."

"ရန်သူတိုက်ခိုက်နေပြီ..."

အခန်း ၅၁၂ - လျှပ်တပြက်စစ်ဆင်ရေး

ထိုအချိန်တွင် တောင်ဘီလူးများ၏လက်ထဲတွင် ကိုင်ဆောင်ထားသည့် သစ်ပင်ကြီးများက မြို့တံတိုင်းပေါ်သို့ကျရောက်ကာ ပြင်းထန်သောလှိုင်းလုံးများကို ဖန်တီးခဲ့သည်။

ထိုအခိုက်အတန့်တွင် ရန်သူများသည် လုံးဝဖရိုဖရဲဖြစ်သွားခဲ့သည်။

လင်းနို့စီးနင်းသူများ၊နတ်မြင်းပျံများနှင့်ဝိုင်ဗန်နဂါးများသည် မြို့တွင်းသို့ စတင်ပျံသန်းလာကြသည်။သူတို့သည် တိုက်ခိုက်မှုအမျိုးမျိုးကိုပြုလုပ်ခဲ့ကြကာ ရန်သူများကိုလုံးဝလွှမ်းခြုံခဲ့ကြသည်။

မူလကရှောင်ယုသည် ကဲလ်သက်အား ဂရစ်ဖင်၏အပေါ်မှစီးနင်းစေကာ မှော်မန္တန်များအားအသုံးပြု၍ ရန်သူများအားအပေါ်စီးမှ တိုက်ခိုက်စေရန်လိုလားခဲ့သော်လည်း နောက်ပိုင်းတွင် ဂရစ်ဖင်သည် ကဲလ်သက်၏အစွမ်းထက်သောမှော်စွမ်းအင်ကို တောင့်မခံနိုင်သည့်အတွက်ကြောင့် ထိုနည်းလမ်းကိုအကောင်အထည်မဖော်နိုင်ကြောင်း တွေ့ရှိခဲ့သည်။လင်းနို့များသည် ကဲလ်သက်၏စွမ်းအားကြောင့် ကောင်းကင်ပေါ်မှပြုတ်ကျလာမည်ဖြစ်သည်။

ထို့ကြောင့်ရှောင်ယုက သူ၏မူလအစီအစဉ်အားစွန့်လွှတ်ခဲ့သည်။

လေကြောင်းတပ်များ၏ ပြင်းထန်သောတိုက်ခိုက်မှုသည် မြို့စောင့်တပ်သားများကို အလွန်အံ့အားသင့်စေခဲ့သည်။ကနေဒီမိသားစုသည် သူတို့၏တပ်သားများကို ဤနေရာ၌အမြောက်အများစီစဉ်ပေးခဲ့သော်လည်း သာမန်တပ်သားအများစုမှာ မြို့စောင့်တပ်သားများသာဖြစ်သည်။ထိုတပ်သားများသည် တိုက်ခိုက်လိုစိတ်မရှိကြသည့်အတွက် ယခုလိုမထင်မှတ်ထားသည့်တိုက်ခိုက်မှုမျိုးနှင့်ရင်ဆိုင်ရသည့်အခါ သူတို့၏တိုက်ခိုက်လိုစိတ်များကို လုံးဝဆုံးရှုံးလိုက်ရသည်။

၃မိနစ်ခန့်ကြာပြီးနောက် မြို့တစ်ခုလုံးဖရိုဖရဲဖြစ်သွားခဲ့သည်။

"ဘာဖြစ်တာလဲ...ဘာတွေဖြစ်နေတာလဲ"

အေးစက်မြို့၏မြို့စောင့်တပ်မှူးသည် ရှောင်ယုက ၃လဆက်တိုက်ပေါ့ပေါ့ဆဆပြုမူနေရာမှာ ယခုလိုရုတ်တရက်တိုက်ခိုက်လာ၍ အလွန်အံ့အားသွားခဲ့သည်။

သူသည် တပ်သားများအားအမြင့်ဆုံးသတိအနေအထားဖြင့် ထိန်းထားရန် တစ်ရက်နှစ်ရက်ခန့် အမိန့်ပေးနိုင်သော်လည်း ၃လဆက်တိုက်မည်သူမှ တောင့်မခံနိုင်ပေ။

သူသည် လူသားတစ်ယောက်ဖြစ်ကာ အနားယူရန်လိုအပ်ပေသည်။လက်ရှိအချိန်တွင် သူသည် မည်သည့်ကြိုတင်သတိပေးချက်မှမရှိဘဲ ရှောင်ယုကအချိန်တိုအတွင်း တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

ထို့ပြင်ရှောင်ယု၏ပြင်းထန်သောတိုက်ခိုက်မှုများက အလွန်ရုတ်တရက်ဆန်လွန်းလှပေသည်။လက်ရှိအချိန်တွင် လင်းနို့နှင့်ဂရစ်ဖင်တို့၏ဗုံးကြဲတိုက်ခိုက်မှုများအပြင် တောင်ဘီလူးများ၏မြေပြင်တိုက်ခိုက်မှုများက မြို့ရိုးကိုတိုက်ရိုက်ပြိုလဲစေခဲ့သည်။

မြို့ရိုးပြိုကျသွားသည်နှင့် ဆင့်ခေါ်တပ်သားများကရှေ့ဆုံးမှဦးဆောင်လာသည့် ရှောင်ယု၏တပ်များသည် မြို့တွင်းသို့ချက်ချင်းဝင်ရောက်လာခဲ့သည်။မူလက ရန်သူများသည် လမ်းပေါ်၌တိုက်ပွဲများကိုဆက်တိုက်ဆင်နွဲကာ ရှောင်ယု၏တိုက်ခိုက်မှုအဟုန်ကို နှောင့်နှေးစေရန်အတွက် ဗျူဟာတစ်ခုကိုပြုလုပ်ခဲ့သည်။

သို့သော်လည်း တိုက်ပွဲစတင်လာသည့်အခါတွင် လုံးဝကြိုတင်သတိပေးခြင်းမရှိဘဲ တပ်ဖွဲ့များကိုအမိန့်ပေးခြင်းသည် မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

"ဘုရားရေ...အဲ့ဒါကဘာတွေလဲ...ဒီလောက်များပြားတဲ့မသေမျိုးတွေက ဘယ်နေရာကနေရောက်လာခဲ့တာလဲ...ရှောင်ယုရဲ့ကွပ်ကဲမှုအောက်မှာ မသေမျိုးတွေပါရှိနေတာလား"

"ပြေးကြ...မသေမျိုးတွေရောက်လာပြီ"

အစောပိုင်းစီစဉ်ထားသကဲ့သို့ လမ်းပေါ်တိုက်ပွဲများကို အမှန်တကယ်စတင်ခဲ့သည့်အချိန်တွင် လုံးဝကြိုတင်ပြင်ဆင်ထားမှု မရှိသည့်အတွက်ကြောင့် အချိန်အနည်းငယ်အတွင်း တိုက်ပွဲတိုင်းလိုလိုအရှုံးဖြင့်သာ ရင်ဆိုင်ခဲ့ရသည်။

"အဲ့ဒါကဘာလဲ...ဘုရားရေ...ဒီလောက်များပြားတဲ့မသေမျိုးတွေကို ရှောင်ယုကဘယ်လိုနည်းလမ်းနဲ့အမိန့်ပေးနေတာလဲ"

"ပြေးကြ...မသေမျိုးတွေရောက်လာပြီ"

ရန်သူများမြင်တွေ့နေရသည့် မသေမျိုးများသည့် အမှန်တော့ ကာဆိုဦးဆောင်သည့် ထိပ်တန်းတပ်သားများဖြစ်ကြပြီး သူတို့အားလုံးသည်ချပ်ဝတ်အပြည့်အစုံဝတ်ဆင်ကာ မြို့ထဲဝင်ရောက်လာကြသည်။

ဆဌမအဆင့်သူရဲကောင်းတစ်ယောက်အဖြစ် ကာဆိုသည်စစ်တပ်ကိုရှေ့ဆုံးမှဦးဆောင်ကာ ရိုးရိုးရှင်းရှင်းအနိုင်ယူခဲ့သည်။အေးစက်မြို့တွင် သူရဲကောင်းအချို့ရှိနေသော်လည်း ကာဆို၏ပြိုင်ဘက်အဖြစ် မည်သူတစ်ယောက်မှသတ်မှတ်မခံရပေ။

၁၀မိနစ်ခန့်ကြာပြီးနောက်တွင် အေးစက်မြို့တစ်ခုလုံး လုံးလုံးလျားလျားကျရှုံးသွားခဲ့ကာ မူလကာကွယ်ရေးအစီအစဉ်အားလုံး ပျက်စီးသွားခဲ့ရသည်။ထို့ပြင် ကနေဒီမိသားစု၏ မှော်ဆရာများကလည်း အေးစက်မြို့တော်ကိုကာကွယ်ရန် မလိုအပ်တော့ဟုသတ်မှတ်လိုက်၍ စတင်ဆုတ်ခွာလာကြသည်။

အစောပိုင်းတွင် အံ့သြသင့်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကြောင့်သာမဟုတ်ပါက မြို့စောင့်တပ်သားများသည် ခဏလောက်ထိန်းထားနိုင်ပြီး အစွမ်းထက်သောမှော်လက်နက်များနှင့်မှော်ဆရာများ၏ ပူးပေါင်းလုပ်ဆောင်မှုများကြောင့် ရှောင်ယုသည်အေးစက်မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့လျှင်တောင်မှ ကြီးမားသည့်အသေအပျောက်များဖြင့် ရင်ဆိုင်ခဲ့ရသည်။

အေးစက်မြို့တော်သည် ရှောင်ယုတိုက်ခိုက်ရမယ့် ပထမဆုံးနေရာဖြစ်ကြောင်း သိထားသည့်အတွက်ကြောင့် ဇန်းသည်မှော်လက်နက်အမြောက်အများနှင့်မှော်ဆရာများကို အေးစက်မြို့၌နေရာချထားခဲ့သည်။

ထိုမျှ အစွမ်းထက်သော မှော်လက်နက်များနှင့်မှော်ဆရာများကို ကောင်းစွာအသုံးပြုပါက အားကောင်းသောတောင်ဘီလူးကြီးများနှင့်နဂါးများကိုပင် သတ်ဖြတ်နိုင်ပေသည်။

နဂါးများနှင့်တောင်ဘီလူးများသည် အလွန်ပင်အစွမ်းထက်ပေသည်။လူသားများ၏ မှော်လက်နက်များသည် နဂါးများနှင့်တောင်ဘီလူးများ၏ခန္ဓာကိုယ်အား အကြိမ်တိုင်းမထိုးဖောက်နိုင်ပေ။ထိုလက်နက်များသည် တစ်ကြိမ်သာစွမ်းအားအပြည့်ဖြင့် အသုံးပြုနိုင်ပေသည်။သို့သော်လည်း ဤမှော်လက်နက်အများစုသည် အလွန်ကြီးမားကာသယ်ဆောင်ရခက်ခဲသည့် အတွက်ကြောင့် မြို့ကိုကာကွယ်ရန်သာ အဓိကအသုံးပြုခဲ့သည်။

ထို့အပြင် ဇန်းသည် အေးစက်မြို့အားကာကွယ်ရန်အတွက် အဆင့်မြင့်မှော်စာလိပ်များစွာကို ပြင်ဆင်ထားခဲ့ပေသည်။အကယ်၍ တိုက်ပွဲအတွင်း၌ အဆိုပါမှော်စာလိပ်များအား အသုံးပြုခဲ့မည်ဆိုပါက ရှောင်ယု၏တပ်ဖွဲ့သည် ကြီးစွာသောအသေအပျောက်ဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ယခုအခါ ထိုအရာအားလုံးအသုံးမဝင်တော့၍ နှမြောစရာကောင်းလှပေသည်။

မြို့ရိုးပေါ်ရှိမှော်ဆရာဒါဇင်ပေါင်းများစွာတို့သည် ရှောင်ယု၊မိုင်ယဗ်၊အီလီဒမ်နှင့်ဂရင်းတို့၏လက်ချက်ကြောင့် ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်။မှော်ဆရာများသည် မိုင်ယဗ်၏ရှေ့မှောက်တွင် သူတို့၏မန္တန်ကိုရွတ်ဆိုခွင့်မရလိုက်ကြပေ။

ရုတ်တရက်ထိုးစစ်ကြောင့် ဖြစ်ပေါ်လာသည့်မငြိမ်မသက်မှုများနှင့်အတူ အေးစက်မြို့၏တပ်သားများသည် စိတ်ဓာတ်ကျလာကြသည်။

ထိုသို့ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် အေးစက်မြို့၏တပ်မှူးသည် အနားယူခန်းမှအပြင်သို့ ပြေးထွက်လာသည့်အချိန်တွင် ရှောင်ယု၏တပ်သားများက သူ၏စံအိမ်တော်အားတိုက်ခိုက်တော့မည်ကို တွေ့လိုက်ရသည်။ထို့ကြောင့်သူသည် သက်ပြင်းတစ်ချက်ချလိုက်ကာ ခေါင်းမာမာဖြင့်ခုခံရန်မကြိုးစားတော့ဘဲ နောက်ဆုတ်ရန်သာရွေးချယ်လိုက်တော့သည်။

သို့သော်လည်း သူတို့၏ဆုတ်ခွာမှုအရှိန်သည် သိသိသာသာမမြန်ဆန်ခဲ့ပေ။ရှောင်ယုသည် အေးစက်မြို့၏အကြွင်းအကျန်များအား ရှင်းလင်းရန်အတွက် လူအချို့အားအမိန့်ပေးခဲ့သည်။

အရာအားလုံးကိုဖြေရှင်းပြီးနောက်တွင် ရှောင်ယုသည်သူ၏တပ်များကို အုပ်စု၅ခုခွဲကာ အချိန်တိုအတွင်း ဝေပြည်နယ်၏မြို့၅ခုအားတိုက်ခိုက်ရန် အမိန့်ပေးခဲ့ကာ ဟွေ့ချန်းမြို့တော်ကိုသာချန်ရစ်ထားရန် အမိန့်ပေးခဲ့သည်။တပ်ဖွဲ့၅ခုသည် အရှိန်အဟုန်ဖြင့်သူတို့၏သက်ဆိုင်ရာ ပစ်မှတ်များဆီသို့ချီတက်သွားခဲ့ကြသည်။

ဟွေ့ချန်းသည် ဝေပြည်နယ်၏မြို့တော်ဖြစ်သည်။ဤတိုက်ပွဲအပြီးတွင် ရှောင်ယုသည်သည်ဟွေ့ချန်းမြို့တော်အား တိုက်ခိုက်တော့မည်ဟုယူဆကာ ဇန်းသည် မြို့၏ကာကွယ်ရေးကို အခိုင်မာဆုံးလုပ်ဆောင်ထားမည်ဖြစ်သည်။ထို့ကြောင့် ဇန်းသည်အခြားမြို့များသို့စစ်ကူပို့ရန် လုပ်ဆောင်ဝံ့မည်မဟုတ်ပေ။

သို့ဖြစ်ရာ တပ်ဖွဲ့၅ခုလုံးသည် အောင်မြင်မှုအသီးသီးရခဲ့ကြပြီး အတားအဆီးများစွာမကြုံတွေ့ခဲ့ရပေ။

ရှောင်ယုသည် ဟွေ့ချန်းမြို့အားတိုက်ခိုက်ရန်အတွက် အလျင်စလိုမလုပ်ခဲ့ပေ။မကြာမှီ အေးစက်မြို့အပြင် အခြားသောမြို့များ၏ကျရှုံးမှုသတင်းသည် မှော်ပညာ၏အကူအညီဖြင့် ဇန်းထံသို့သတင်းရောက်လာမည်ဖြစ်သည်။

ရှောင်ယု၏စစ်တပ်သည် ဟွေ့ချန်းမြို့အားအရပ်ရပ်မှ ဝိုင်းရံထားခဲ့ကာ ပြင်ပနှင့်လုံးဝခွဲထားခဲ့သည်။အချိန်ကြာလာသည်နှင့်အမျှ စိတ်ဓာတ်ပျော့ညံ့သောတပ်သားများသည် ကြောက်ရွံ့စပြုလာခဲ့သည်။သူတို့သည် အထီးကျန်ကာအကူအညီမဲ့နေခဲ့သည်။

ယခုဆိုလျင် ရှောင်ယု၏တပ်ဖွဲ့၌ တပ်သားများစွာရှိနေပြီဖြစ်သည့်အတွက်ကြောင့် မြို့တစ်မြို့အားဝိုင်းရံရန်မခက်တော့ပေ။

အခန်း ၅၁၃ - ရဲတင်းသောအကြံအစည်

ရှောင်ယုစိတ်ကူးထားသည့်အတိုင်း ဇန်းသည် အေးစက်မြို့ကျရှုံးကြောင်း သတင်းရရှိခဲ့သည်။

ထို့ကြောင့် ရှောင်ယုသည်ဟွေ့ချန်းမြို့အား ချက်ချင်းတိုက်ခိုက်မည်ဟု တွေးထားသည့်အတွက်ကြောင့် ဟွေ့ချန်းမြို့၏ကာကွယ်ရေးကို ချက်ချင်းအားကောင်းစေကာ အခြားသောမြို့များမှ သခင်အချို့ကိုတောင် ဟွေ့ချန်းမြို့သို့စုရုံးစေခဲ့သည်။

အဆုံးသတ်တွင် ရှောင်ယုသည် သူမျှော်လင့်ထားသကဲ့သို့ ဟွေ့ချန်းမြို့အားတိုက်ရိုက်မတိုက်ခိုက်ဘဲ အခြားသောမြို့များကိုသာ တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း ရှောင်ယု၏ထူးဆန်းသောဗျူဟာသည် အောင်မြင်ခဲ့ပြီး ယခုအခါဝေပြည်နယ်တစ်ခုလုံး၌ ဟွေ့ချန်းမြို့တစ်ခုသာကျန်ရှိတော့သည်။

"ဒါကဘယ်လိုဖြစ်ရတာလဲ...ဒီလိုကိစ္စတွေက ဘယ်လိုအဆုံးသတ်သွားရတာလဲ...ရှောင်ယုကမြို့တွေအကုန်လုံးကိုသိမ်းပိုက်ထားလိုက်ပြီ... သွေးနီရောင်ခရူးဆိတ်တွေက ဘယ်လိုနည်းနဲ့မှ သူတို့ရဲ့စွမ်းအားကိုပြသခွင့်မရလိုက်ဘူးလား"

ဇန်းသည် သူ၏စံအိမ်တော်အတွင်း၌ထိုင်နေရင်း ဦးတည်ရာပျောက်ဆုံးနေသည့်မျက်နှာဖြင့် ရေရွတ်နေခဲ့သည်။

သွေးနီရောင်ခရူးဆိတ်သည် တိုက်ခိုက်ရန်အသင့်အနေအထားဖြစ်နေသော်လည်း ရှောင်ယုသည်ဟွေ့ချန်းမြို့အား တစ်ခါမှတိုက်ခိုက်ခြင်းမရှိခဲ့၍ သူတို့သည်တိုက်ပွဲကိုမရင်ဆိုင်ခဲ့ရပေ။အမှန်တော့ဇန်းသည် သွေးနီရောင်ခရူးဆိတ်များကို စစ်ကူပေးနိုင်ရန်အတွက် အေးစက်မြို့တော်၌ ဆယ်နာရီကြာခုခံထားနိုင်ရန်အတွက် လုံလောက်သောစွမ်းအားကို စီစဉ်ထားခဲ့သည်။

သို့သော်လည်း ရှောင်ယုသည် မိနစ်အနည်းငယ်အတွင်း အေးစက်မြို့အားသိမ်းပိုက်နိုင်လိမ့်မည်ဟု မည်သည့်အခါကမှ စိတ်ကူးမယဉ်နိုင်ခဲ့ပေ။

ယခုသေသေချာချာစဉ်းစားကြည့်ပြီးနောက်တွင် ဇန်းသည်အရာအားလုံးကို ရှင်းရှင်းလင်းလင်းနားလည်လိုက်သော်လည်း ယခုအချိန်တွင်အသုံးမဝင်တော့ပေ။ဖြစ်ပျက်ပြီးသောအရာမှန်သမျှကို ပြန်ပြောင်း၍မရနိုင်တော့ပေ။ရှောင်ယု၏နည်းဗျူဟာသည် အမှန်ပင်ထူးဆန်းလှပေသည်။

ရှောင်ယုသည် ဝေပြည်နယ်အားတိုက်ခိုက်ရန်အတွက် တပ်သား၁၀၀၀၀၀ကို ပြောင်ပြောင်တင်းတင်းဦးဆောင်ခဲ့သော်လည်း သူသည်ချက်ချင်းတိုက်ခိုက်မယ့်အစား မြို့ပြင်ဘက်တွင်စခန်းချကာ နေ့တိုင်းလိုလိုပင် အရက်သေစာသောက်စား၍ ပျော်ပျော်ပါးပါးကခုန်နေခဲ့ကြသည်။သူတို့သည် အစောင့်အကြပ်ကိုလျော့ချလိုက်သောအခါမှ ရှောင်ယုကရုတ်တရက်တိုက်ခိုက်၍ သူတို့အားအငိုက်ဖမ်းနိုင်ခဲ့သည်။

ရှောင်ယုသည် သူတို့၏အစောင့်အကြပ်လျော့ကျသွားသည့်အချိန်တွင် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လာလိမ့်မည်ဟု ဇန်းကမမျှော်လင့်ထားခဲ့ပေ။သူသည် ယခုလိုအခြေအနေမျိုးအတွက် ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများကိုစီစဉ်ထားခဲ့သော်လည်း ၃လကြာလာသည့်အခါတွင် ထိုနည်းလမ်းများက အသုံးမဝင်တော့ပေ။အချိန်ကြာလာသည်နှင့်အမျှ တပ်သားများ၏သတိကတဖြည်းဖြည်းလျော့ကျလာခဲ့သည်။

ရှောင်ယုသည် လူတိုင်း၏စိတ်ကိုလှည့်စားရန် စိတ်ပညာကိုအသုံးပြုခဲ့သည်။ထိုအရာသည် မည်သူမှရှောင်လွဲ၍မရသော အမှားတစ်ခုဖြစ်သည်။ရန်သူသည် အချိန်မရွေးတိုက်ခိုက်လာနိုင်ကြောင်း သင်သိထားမည်ဆိုလျှင်တောင်မှ အမြင့်ဆုံးသတိကို၃လဆက်တိုက် ထိန်းထားနိုင်မည်မဟုတ်ပေ။

"စစ်သူကြီး...ခြင်္သေ့ဘုရင်မြို့တော်ရဲ့တပ်တွေရောက်လာပြီ...ငါတို့ကိုဝိုင်းထားတယ်"

ကင်းထောက်များသည် လျင်မြန်စွာပြေးဝင်လာကာ ထိတ်လန့်တကြားပြောလိုက်သည်။

"ဟမ့်...သူကငါတို့ကိုထောင်ချောက်ဆင်နိုင်မယ်လို့ သူတကယ်ထင်နေတာလား...ငါတို့ရဲ့ပြင်ဆင်မှုတွေက အလဟဿဖြစ်နေမယ်လို့မင်းထင်နေတာလား...ဒီတစ်ခါသူလှုပ်ရှားဝံ့ရင် ကြီးမားတဲ့စျေးနှုန်းတစ်ခုကိုပေးရလိမ့်မယ်...မင်းစိတ်ပူစရာမလိုပါဘူး...ဒီတစ်ခေါက်တော့ သူတို့လိုချင်နေတဲ့အူသာအတုကို ငါကျိန်းသေပေါက်ဖမ်းဆီးနိုင်စေရမယ်"

ယခုတစ်ကြိမ်တွင် ဇန်းသည် သူ၏မျက်နှာပေါ်၌အပြုံးတစ်ခုကိုဖော်ဆောင်၍ ပြောလိုက်သည်။

အမှန်တော့ဇန်းသည် ယခုအချိန်၌ သူ၏နှလုံးသားထဲ၌ ယုံကြည်မှုမရှိတော့ပေ။ယခုအချိန်တွင် သူသည်ရှောင်ယု၏စွမ်းအားကို သိရှိသွားပြီဖြစ်သည်။နောက်ဆုံးအကြိမ်ကျရှုံးမှုသည် ရောဘတ်ကြောင့်မဟုတ်ဘဲ အမှန်တကယ်ပင်ထူးချွန်လှသော ရှောင်ယု၏စစ်ရေးစွမ်းဆောင်ရည်ကြောင့်ဖြစ်ကြောင်း သူနားလည်သွားခဲ့သည်။

"အိုး...ငါ့ကိုအမိန့်ပေးဖို့အတွက် မင်းအတွက်နည်းနည်းလေးမှမျှော်လင့်ချက်မရှိဘူး...ဒီတစ်ခါတော့ ကိုယ့်ဆန္ဒအတိုင်းကိုယ်တိုက်မယ်...ငါ့ရဲ့သွေးနီရောင်ခရူးဆိတ်တွေက အစွမ်းအထက်ဆုံးတိုက်ခိုက်ရေးသမားဖြစ်ပြီး ငါကသာသူတို့ကိုထိန်းချုပ်နိုင်တယ်"

ထရီဇာက တင်းမာသောမျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ရန်သူကဝိုင်းရံထားသည့်အတွက် သူ၏မျက်နှာပေါ်၌ စိတ်ပျက်စရာခံစားချက်မျိုးမရှိတော့ပေ။ထို့အစား သူ၏မျက်နှာပေါ်၌ တစ်ယူသန်သည့်အမူအရာများ ထွက်ပေါ်နေခဲ့သည်။

ဤသည်မှာ လူတို့ထံသို့ရောက်လာတတ်သော တယူသန်ခံစားချက်ဖြစ်ပြီး သူတို့အားအကြောက်အလန့်ကင်းမဲ့စေခဲ့ကာ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။သူတို့၏အမြင်တွင် သွေးနီရောင်ခရူးဆိတ်များအတွက် သူတို့၏အသက်ကိုပေးကမ်းခြင်းသည် သူတို့၏အကြီးမားဆုံးဂုဏ်ကျက်သရေဖြစ်သည်။

"ဟမ့်...မင်းသာငါနဲ့တကယ်အလုပ်လုပ်ချင်တယ်ဆိုရင် ငါ့ရဲ့အစီအစဉ်တွေကိုလိုက်နာရမယ်...ခုကစပြီးငါကမင်းရဲ့လက်အောက်ခံမဟုတ်တော့ဘဲ စစ်သေနာပတိဖြစ်သွားပြီ"

ထရီဇာက မောက်မာသောလေသံဖြင့်ပြောလိုက်သည်။ယခုအခါ ဇန်းထံတွင် အခြားသောရွေးချယ်စရာမရှိတော့ဘဲ ဤသွေးနီရောင်ခရူးဆိတ်များကိုသာ အားကိုးစရာရှိကြောင်း သူကနားလည်ထားပေသည်။ထရီဇာသည် ဇန်း၏လက်ထဲတွင်ရှိသော အမိန့်ပေးခွင့်ကိုလုယူရန် ဤအခွင့်အရေးကို အသုံးပြုခဲ့သည်။

"ဟုတ်တယ်...ပြဿနာတော့မရှိပါဘူး...အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ငါကနည်းဗျူဟာအရအရည်အချင်းပြည့်မှီတဲ့ တပ်မှူးတစ်ယောက်မဟုတ်ဘူး...အဲလိုမှမဟုတ်ရင်ငါကရှောင်ယုကိုရှုံးနိမ့်ခဲ့မှာမဟုတ်ဘူး...ခုဆိုရင်မင်းကပဲ ငါ့အတွက်တစ်ဦးတည်းသောကယ်တင်ရှင်ဖြစ်ပြီ"

ဇန်းသည် ထရီဇာကိုမြှောက်ပင့်ပေးရန် မမေ့ခဲ့ပေ။ဇန်း၏စကားများက ထရီဇာ၏စိတ်နှလုံးကို အလွန်သက်တောင့်သက်သာဖြစ်စေခဲ့သည်။

"ဟုတ်ပြီလေ...ဒီလိုဖြစ်လာပြီဆိုမှတော့ ရှောင်ယုကိုဖမ်းဖို့ဗျူဟာတစ်ခုလောက် ရေးဆွဲလိုက်ရအောင်...ငါတို့သာသူ့ကိုဖမ်းနိုင်မယ်ဆိုရင် သူ့ရဲ့စစ်တပ်ကကျိန်းသေပေါက်ပြိုကွဲသွားလိမ့်မယ်"

ထရီဇာသည် အမှန်ပင်ရဲရင့်ပေသည်။လက်ရှိအချိန်တွင် သူသည် မိမိကိုယ့်ကိုမည်သို့ကာကွယ်ရမည်ကို မစဉ်းစားတော့ဘဲ ရှောင်ယုကိုအနိုင်ယူရန်နည်းလမ်းကိုသာ တွေးတောနေခဲ့သည်။

"ငါတို့ကစပြီးတော့ တိုက်ခိုက်ရမှာလား"

ဇန်းသည် ထရီဇာ၏စကားကိုနားထောင်ပြီး အမှန်တကယ်ထိတ်လန့်သွားခဲ့သည်။ဇန်းသည် အရူးတစ်ယောက်မဟုတ်ပေ။ရှောင်ယုအားဖမ်းဆီးရသည်မှာ ထိုမျှလွယ်ကူမည်လား။

ယခုအခါတွင် သူတို့အားဘက်ပေါင်းစုံမှဝိုင်းရံထားသည့်အတွက်ကြောင့် ရှောင်ယုစစ်တပ်၏စိတ်ဓာတ်ပိုင်းဆိုင်ရာသည် ကောင်းကင်ယံထိထိုးတက်နေမည်ဖြစ်သည်။ထို့ပြင် ရှောင်ယုတို့တပ်ဖွဲ့၏တိုက်ခိုက်ရေးစွမ်းအားသည် ဟာသတစ်ခုမဟုတ်ပေ။

ထို့ပြင်အားနည်းပုံရသည့်ရှောင်ယုသည် အစွမ်းထက်သောကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း သူကြားသိခဲ့ရပြီးဖြစ်သည်။

"ဟုတ်တယ်...သူတို့လုပ်နိုင်တယ်ဆိုမှတော့ ငါတို့လည်းခုချိန်မှာစပြီးတိုက်ခိုက်မယ်လို့ ဘယ်သူကမှတွေးမိမှာမဟုတ်ဘူး...ဒါကြောင့်ငါတို့ကသူတို့ကိုတရှိန်ထိုးတိုက်ခိုက်ပြီး အနိုင်ယူနိုင်မှာသေချာတယ်"

"ဒါ့အပြင် သူတို့ကစစ်ပွဲတစ်ခုကိုခုမှဖြတ်ကျော်ဖူးတာမလို့ သူတို့ရဲ့စစ်တပ်ဟာ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရရော ပင်ပန်းနွမ်းနယ်နေမှာသေချာတယ်...ခုချိန်မှာတိုက်ခိုက်မယ်ဆိုရင် သူတို့ရဲ့အောင်မြင်မှုအခွင့်အလမ်းတွေက အများကြီးတိုးလာမှာသေချာတယ်"

ထရီဇာကသူ၏မေးစေ့ကို မြင့်၍ပြောလိုက်သည်။

ရှောင်ယုကိုဖမ်းဆီးနိုင်ရေးအတွက် သူသည်အလွန်ပင်ယုံကြည်ချက်ရှိသည်။

ဤသည်မှာ ရှုံးနိမ့်မှုကိုမခံစားရသူများ၏ လက္ခဏာဖြစ်သည်။သူတို့သည် မည်သူကိုမဆို အနိုင်ယူနိုင်သည်ဟုခံစားမိသည့်အတွက် ပြိုင်ဘက်များ၏ ခွန်အားကိုလျော့တွက်လေ့ရှိကြသည်။

"ဟုတ်တယ်...ခုချိန်ကတိုက်ခိုက်ဖို့အတွင်အကောင်းဆုံးအချိန်ပဲ...ငါတို့ရဲ့ဗိုလ်ချုပ်တွေက ဘယ်လိုပူးပေါင်းဆောင်ရွက်ပေးရမှာလဲ"

ဇန်းသည် ထရီဇာအားအလွန်ကျိုးနွံသော အကြည့်ဖြင့်ကြည့်လိုက်သည်။

"မင်းက ကြီးကြီးမားမားပံ့ပိုးကူညီပေးဖို့မမျှော်လင့်ထားဘူး...သွေးနီရောင်ခရူးဆိတ်တွေ ခိုးဝင်တိုက်ခိုက်ဖို့အခွင့်အရေး ဖန်တီးပေးဖို့အတွက် မင်းကဘက်ပေါင်းစုံကနေခွဲထွက်ပြီးတော့ လွတ်မြောက်ဖို့ကြိုးစားရမယ်....အဲ့အချိန်မှာငါ့ရဲ့အဖွဲ့က တစ်ဖက်ကနေပြီတော့ တိုက်စစ်ဆင်မယ်....ရှောင်ယုရဲ့တည်နေရာကိုရှာဖို့အတွက် အစွမ်းထက်တဲ့ကင်းထောက်တစ်ယောက်ကို ငါကိုယ်တိုင်အမိန့်ပေးမယ်"

ထရီဇာကယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

"ဟုတ်ပြီ...ငါချက်ချင်းပြင်ဆင်လိုက်မယ်"

နေဝင်သွားသည်နှင့် အမှောင်ထုကကမ္ဘာကြီးကို စတင်လွှမ်းခြုံသွားခဲ့သည်။

ရှောင်ယုသည် သူ၏တပ်ဖွဲ့များကို မြို့ပြင်၌စခန်းချပြီးနောက်တွင် တစ်ဖက်ရန်သူသည်အစစအရာရာအဆင်သင့်ဖြစ်နေကြောင်း သိရှိထားသည့်အတွက် မြို့ကိုချက်ချင်းမတိုက်ခိုက်ခဲ့ပေ။သူ၏တပ်ဖွဲ့သည် တိုက်ပွဲတစ်ခုအပြီးတွင် အနားယူရန်လိုအပ်ပေသည်။

သို့သော် ရှောင်ယုသည်နောက်လာမည့်တိုက်ပွဲအတွက် ကြိုတင်စီစဉ်နေသည့်အချိန်တွင် တစ်ဖက်ရန်သူသည်အမှန်တကယ်လှုပ်ရှားလာကြောင်း သိလိုက်ရသည်။ထိုအချိန်တွင် ရှောင်ယုနှင့်နီကိုးလပ်စ်တို့သည် ညစာစားနေကြပြီး ကင်းထောက်တစ်ယောက်ရုတ်တရက်ရောက်လာကာ ရန်သူများထွက်ပြေးရန်ကြိုးစားနေကြောင်း သတင်းပို့လာခဲ့သည်။

"သူတို့ကငတုံးတွေလား...ငါတို့ကသူတို့ကိုလိုက်မဖမ်းတော့ဘူးလို့ထင်နေတာလား"

ရှောင်ယု၏သတင်းကိုကြားလိုက်ရချိန်တွင် ဇန်း၏ဦးနှောက်သည်ကောင်းမွန်စွာအလုပ်မလုပ်တော့ကြောင်း ရှောင်ယုခံစားမိလိုက်သည်။

ထိုသို့မဟုတ်ပါက ဇန်းသည်ယခုလိုထွက်ပြေးမယ့်နည်းလမ်းကို အသုံးပြုမည်မဟုတ်ပေ။

All Chapters