← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း ၅၁၄ - ခိုင်မဲရာ၏စွမ်းအား

"သေစမ်း...ဒီဖေဖေရဲ့မျက်စိအောက်ကထွက်ပြေးဝံ့တာပေါ့...သေချင်နေကြတာလား"

"နဂါလေးနဲ့ခိုင်မဲရာအပါအဝင် လေတပ်တွေအားလုံးကိုဖြန့်ကျက်ထားလိုက်...ဇန်းကိုတွေ့ပြီဆိုတာနဲ့ ချက်ချင်းအကြောင်းကြား ဒီဖေဖေကမင်းတို့အားလုံးကိုမရှင်းလင်းနိုင်ဘူးလို့ တကယ်မယုံဘူး..."

ရှောင်ယုကအမိန့်ပေးလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင်သွေးနီရောင်တပ်ဖွဲ့တစ်ခုက သူ့ထံပြေးဝင်လာသည်ကို ရှောင်ယုသတိပြုမိလိုက်သည်။

"သွေးနီရောင်ခရူးဆိတ်တွေ...သူတို့ကဘယ်လိုသတ္တိမျိုးနဲ့ငါ့ကိုလာပြီးတိုက်ခိုက်ဝံ့တာလဲ...ဒီကောင်တွေဦးနှောက်ချောင်ကုန်ပြီလား....ငါ့ကိုသတ်နိုင်မယ်လို့မင်းတို့ထင်နေတာလား"

ရှောင်ယုသည် သူ့ထံသို့ပြေးဝင်လာသည့် သွေးနီရောင်ခရူးဆိတ်များကိုကြည့်ရင်း အံ့သြတကြီးရေရွတ်မိလိုက်သည်။

ရှောင်ယုသည် အစောပိုင်းတွင်အံ့သြနေသော်လည်း သွေးနီရောင်ခရူးဆိတ်များအကြားတွင် အစွမ်းထက်ကျွမ်းကျင်သူတစ်ဦး ရှိနေနိုင်ကြောင်းသူခန့်မှန်းနိုင်ခဲ့သည်။ထို့ကြောင့်ရှောင်ယုသည် သူ၏သူရဲကောင်းများကိုဆင့်ခေါ်လိုက်ကာ လေတပ်ကိုစတင်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။

"သတ်ကြ...ဒီဆိုးညစ်တဲ့လူ့အမိုက်တွေကိုသန့်စင်ကြ...နတ်ဘုရားကသူတို့ကိုခွင့်လွှတ်မှာမဟုတ်ဘူး"

သွေးနီရောင်ခရူးဆိတ်များသည် သူတို့ကိုယ်သူတို့လွန်စွာအထင်ကြီးကြပြီး သူတို့၏မျက်လုံးများကသွေးရောင်ဖြင့်ဖုံးလွှမ်းနေခဲ့သည်။

"သေစမ်း...မင်းကငါ့ကိုတိုက်ခိုက်ရဲတယ်ဆိုမှတော့ မင်းတို့အားလုံးသေလမ်းသွားဖို့ပြင်ထားကြ...ဂရစ်ဖင်တွေ သွေးနီရောင်ခရူးဆိတ်တွေအပေါ် ဗုံးကြဲကြစမ်း"

ထိုအချိန်တွင်ရှောင်ယုသည် ဂရင်း၊ခိုင်ရင်း၊ကဲလ်သက်တို့အား သူ့ဘေးနားသို့ဆင့်ခေါ်ခဲ့သည်။သူသည် ထိုလူယုတ်မာများကိုအသက်ချမ်းသာခွင့်မပေးနိုင်ပေ။

သွေးနီရောင်ခရူးဆိတ်များ၏အရေအတွက်သည် ၁၀၀၀၀ခန့်တောင်မရှိပေ။အရေအတွက် ၁၀၀၀၀ခန့်သာရှိသော်လည်း သွေးနီရောင်ခရူးဆိတ်များ၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန်တပ်သားများထက်အဆများစွာ ပိုမိုအားကောင်းပေသည်။သူတို့သည်အလွန်အားကောင်းသည့် ပါလာဒင်များဖြစ်ကြသည်။

ဇန်းသည် သူတို့အားနောက်ဆုံးသောမျှော်လင့်ချက်အဖြစ် သဘောထားခဲ့ရသည့်အကြောင်းရင်းမှာ သူတို့၏ခွန်အားသည်အမှန်တကယ်အားကောင်းနေ၍ဖြစ်သည်။သို့သော်လည်း သူတို့သည်အလွန်သန်မာသည်ဆိုလျှင်တောင်မှ ရှောင်ယု၏အလုံးစုံစွမ်းအားထက် အဆများစွာအားနည်းနေသေးသည်။

ထရီဇာသည် ဂရစ်ဖင်နှင့်လင်းနို့စီးနင်းသူများရောက်ရှိလာသည်ကို မြင်သောအခါတွင် ထရီဇာသည်လုံးဝထိတ်လန့်ခြင်းမရှိခဲ့သလို ကြောက်ရွံ့မှုလည်းမပြခဲ့ပေ။ယင်းအစား သွေးနီရောင်ခရူးဆိတ်၏ လေးသမားအချို့အား စတင်ပစ်ခတ်ရန်အမိန့်ပေးခဲ့သည်။သူတို့သည် အတိတ်မှအမှားအချို့ကို သင်ခန်းစာယူကာ နောက်တစ်ကြိမ်ထပ်မလုပ်တော့ပေ။သူတို့အတွက် အဓိကခြိမ်းခြောက်မှုမှာ မြေပြင်တပ်သားများမဟုတ်ကြပေ။အဘယ်ကြောင့်ဆိုသော် သူတို့အားရင်ဆိုင်ရန် နည်းလမ်းများစွာရှိနေ၍ဖြစ်သည်။

ယခုအခါ ဂရစ်ဖင်နှင့်လင်းနို့များသည် သွေးနီရောင်ခရူးဆိတ်များ၏ တိုက်ခိုက်မှုကိုသတိထားမိချိန်တွင် အဖွဲ့များစွာအဖြစ်ခွဲထုတ်ကာ ခပ်လှမ်းလှမ်းအကွာအဝေးမှနေ၍ ဗုံးများကိုပစ်ချပြီးနောက် ပြန်လည်ဆုတ်ခွာသွားကြသည်။

ဗုံး ...ဗုံး...

ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက်တွင် သွေးနီရောင်ခရူးဆိတ်များ၏ ခန္ဓာကိုယ်များသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့သည်။သို့သော်လည်း ထိုသို့သောသေဆုံးခြင်းမျိုးက အခြားသောခရူးဆိတ်တပ်သားများအပေါ် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု တစ်စုံတစ်ရာမရှိခဲ့ပေ။ယင်းအစား သူတို့သည်ပိုမိုအတင့်ရဲလာကာ ပိုမိုစိတ်အားထက်သန်လာကြသည်။သူတို့သည် သေခြင်းတရားကိုမကြောက်ရွံ့ဘဲ ရှေ့သို့သာဆက်လက်ချီတက်လာကြသည်။

"အိုး...သူတို့ကဒီလိုအခြေအနေမျိုးမှာတောင် ရှေ့ကိုဆက်တိုးဖို့သတ္တိရှိနေတယ်ပေါ့...ခိုင်မဲရာတွေကို ရှေ့တက်ခိုင်းလိုက်တော့"

ရှောင်ယုက အော်ဟစ်အမိန့်ပေးလိုက်သည်။

"ခိုင်မဲရာ...မင်းဆီမှာခိုင်မဲရာတွေပါရှိနေတာလား"

ထိုစကားကိုကြားချိန်တွင် နီကိုးလပ်စ်ကအံ့သြတကြီးအော်ဟစ်လိုက်သည်။

"ဟမ့်...တစ်ခုခုထူးဆန်းတာရှိလို့လား....ဒီနေ့တော့မင်းပွဲကောင်းတစ်ခုကြည့်ရပြီ"

ထိုသို့ပြောပြီးနောက်တွင် ရှောင်ယုကအမိန့်များစွာထုတ်ပြန်ခဲ့သည်။

ခိုင်မဲရာများသည် အသင့်အနေအထား၌ရှိနေခဲ့ပြီဖြစ်သည်။ရှောင်ယုသည် ခိုင်မဲရာများကိုဝှက်ဖဲအဖြစ်ဆက်ဆံကာ လိုအပ်သည့်အချိန်များ၌ ထုတ်ဖော်ရန်ပြင်ဆင်ထားသည့်အတွက် ၎င်းတို့အားဖုံးဖိနေစရာမလိုခဲ့ပေ။မကြာမှီ အရိပ်တစ်ခုက ကောင်းကင်ယံ၌လွှင့်ပျံလာခဲ့သည်။

လူတိုင်းသည် ကောင်းကင်ပေါ်မှနေ၌ဆင်းသက်လာသည့် အရာများကိုကြည့်၍ အံ့သြတုန်လှုပ်သွားခဲ့ကြကာ စစ်မြေပြင်တစ်ခုလုံးခေတ္တငြိမ်သက်သွားခဲ့သည်။သူတို့အားလုံးသည် ကောင်းကင်ယံ၌ပျံသန်းနေသော ခိုင်မဲရာများကို မျှော်ကြည့်နေမိကြသည်။

အဲ့ဒါဘာတွေလဲ...

ရှောင်ယုမျှော်မှန်းထားသည့်အတိုင်း ဤတိုက်ပွဲသည် သူတို့နားလည်နိုင်စွမ်းရှိသော ဘောင်အပြင်ဘက်သို့ကျော်လွန်သွားပြီဖြစ်သည်။ဤတိုက်ကြီး၌ ခိုင်မဲရာအားမှတ်မိသူအလွန်နည်းပါးပေသည်။သူတို့၏အမြင်တွင် ဤသတ္တဝါများသည် ဧရာမနဂါးကြီးများဖြစ်ကြပေသည်။

မကြာမှီ ခိုင်မဲရာသည် သွေးနီရောင်ခရူးဆိတ်များ၏အပေါ်သို့ရောက်ရှိလာကာ တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ပါးစပ်ကိုဟကာ မီးတောက်များကိုမှုတ်ထုတ်လိုက်သည်။ထိုအခါ ကြောက်မက်ဖွယ်ကောင်းသောမီးတောက်များသည် သွေးနီရောင်ခရူးဆိတ်များကိုလောင်ကျွမ်းစေခဲ့သည်။သူတို့မသေဆုံးခင်အထိ အော်ဟစ်ခြင်းကိုပင်မလုပ်ဆောင်နိုင်ခဲ့ပေ။

ခိုင်မဲရာ၏ မီးမှုတ်ခြင်းအစွမ်းက နဂါးများထက်ပင်ပိုမိုအစွမ်းထက်ကာ ဤသည်ကပင်သူတို့၏စွမ်းအားအကြီးဆုံး တိုက်ပွဲစွမ်းရည်ဖြစ်သည်။ခိုင်မဲရာ၁၀၀သည် အတူတကွမီးတောက်မှုတ်ထုတ်လိုက်မည်ဆိုပါက ဆဌမအဆင့်မှော်မန္တန်ထက်ပင် များစွာပိုမိုအားကောင်းမည်ဖြစ်သည်။

အခြေစိုက်စခန်း၏တတိယအဆင့်တပ်ဖွဲ့အနေဖြင့် ထိုကဲ့သို့စွမ်းအားကို မပိုင်ဆိုင်ထားပါက သူတို့၏ဂုဏ်သတင်းနှင့်မထိုက်တန်ပေ။

ခိုင်မဲရာ၏တိုက်ခိုက်မှုကိုမြင်သောအခါ အခြားသောလေကြောင်းတပ်များကလည်း နောက်မှချက်ချင်းလိုက်လာပြီး ကျန်သွေးနီရောင်ခရူးဆိတ်များကို တိုက်ခိုက်ခဲ့သည်။

တုန်လှုပ်ခြင်း...

ဤသည်မှာ ခိုင်မဲရာကိုပထမဆုံးမြင်တွေ့ရသူ၏ ခံစားချက်ကို အရှင်းလင်းဆုံးဖော်ပြခြင်းဖြစ်သည်။ခိုင်မဲရာ၏သွင်ပြင်သည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှပေသည်။

အမှန်တော့ အစွမ်းထက်လှပါသည်ဟူသော ခိုင်မဲရာထံ၌လည်း အားနည်းချက်များစွာရှိပေသည်။ပထမဆုံးအချက်မှာ သူ၏ခံစစ်စွမ်းအားသည် နဂါးတစ်ကောင်လောက် အားမကောင်းပေ။အစွမ်းထက်သောမှော်လက်နက်သို့မဟုတ် မှော်မန္တန်များဖြင့်သာ တိုက်ခိုက်ခံရမည်ဆိုပါက အလွယ်တကူဒဏ်ရာရရှိခြင်း သေဆုံးခြင်းတို့ဖြစ်လာနိုင်သည်။ခိုင်မဲရာသည် အတော်လေးအားနည်းသောတိုက်ခိုက်မှုမျိုးကိုသာ တောင့်ခံနိုင်စွမ်းရှိသည်။

ထို့ပြင် ခိုင်မဲရာ၏အနီးကပ်တိုက်ခိုက်ရေးစွမ်းအားသည် နဂါးတစ်ကောင်ထက်ပိုအားနည်းပေသည်။သူတို့၏အပြင်းထန်ဆုံးစွမ်းအားမှာ မီးတောက်မှုတ်ထုတ်ခြင်းဖြစ်သည်။

ယခုအချိန်တွင် တိုက်ကြီးတခွင်၌ခိုင်မဲရာနှင့်ပတ်သက်သည့် အကြောင်းအရာများကို မည်သူမှမသိကြတော့ပေ။ခိုင်မဲရာများကို နဂါးအဖြစ်သာသတ်မှတ်ထားကြ၍ ခိုင်မဲရာ၏ဝိသေသလက္ခဏာများအား အပြည့်အဝနားလည်နိုင်ခြင်းမရှိခဲ့ကြပေ။အကြောက်တရားက သူတို့၏နှလုံးသားကိုဖမ်းဆုပ်လာသည့်အတွက်ကြောင့် ခိုင်မဲရာအားမည်သို့ကိုင်တွယ်ရမည်ကို နားမလည်ခဲ့ကြပေ။

သွေးနီရောင်ခရူးဆိတ်များသည် အလွန်အစွမ်းထက်ပြီး သေခြင်းတရားကိုမကြောက်ရွံ့သော်လည်း သေခြင်းကိုမကြောက်ရွံ့ရုံဖြင့် သူတို့သည်လူမဟုတ်ဟုမဆိုလိုပေ။သူတို့အသက်ရှင်နေချိန်တွင် တစ်စုံတစ်ခုကြောင့်ကြောက်လန့်နေမည်ဆိုပါက သူတို့၏တိုက်ခိုက်လိုစိတ် ကျဆင်းလာမည်ဖြစ်သည်။

နဂါးတစ်ကောင်ကို တိုက်ခိုက်ရမည်ဆိုပါက သူတို့မကြောက်ရွံ့ပေ။အဆုံးသတ်တွင် ခြင်္သေ့မြို့တော်၌နဂါးတစ်ကောင်ရှိနေကြောင်း သူတို့ကြားဖူးထားပြီးဖြစ်သည်။

သို့သော်လည်း နဂါး၁၀၀ခန့်၏ဝိုင်းဝံတိုက်ခိုက်မှုကိုခံရခြင်းက လုံးဝကိုကွဲပြားသည့်အခြေအနေတစ်ခုဖြစ်သည်။

နဂါး၁၀၀သည် မယုံနိုင်ဖွယ်ကောင်းလှပြီး တပ်သား၁၀၀၀၀ပါတပ်ဖွဲ့ကို ခဏတာအတွင်းအမှုန့်ချေနိုင်စွမ်းရှိသည်။

အခန်း ၅၁၅ - ဝေပြည်နယ်ကိုသိမ်းပိုက်ခြင်း

ယခုအခါ သွေးနီရောင်ခရူးဆိတ်များ၏ ခံစားချက်ကို စိတ်ပျက်အားငယ်ခြင်းဟူသည့် စကားလုံးဖြင့်သာဖော်ပြနိုင်သည်။

ယခုအခါ သူတို့၏ဦးနှောက်တစ်ခုလုံးဗလာဖြစ်နေခဲ့ပြီး တိုက်ခိုက်လိုစိတ်နည်းနည်းလေးတောင်မရှိတော့ပေ။အဆုံးသတ်တွင် သူတို့သည် ငရဲလိုစစ်မြေပြင်မှလွတ်မြောက်ရန်အတွက် ရရာနည်းလမ်းများကို စတင်အသုံးပြုလာကြသည်။

သူတို့သည် မှော်လက်နက်များကိုအသုံးပြုကာ ခိုင်မဲရာများကိုတိုက်ခိုက်ခြင်းမပြုဘဲ ထွက်ပြေးရန်သာရွေးချယ်လိုက်သည့်အတွက်ကြောင့် သေလမ်းသို့ဦးတည်မိခဲ့ကြသည်။အမှန်တော့ ခိုင်မဲရာကိုကိုင်တွယ်ရန် အကောင်းဆုံးသောနည်းလမ်းမှာ တပ်ဖွဲ့များကိုဖြန့်ကျက်နေရာချထားပြီးနောက် အစွမ်းထက်သောလက်နက်မျိုးစုံကိုအသုံးပြုကာ အလျင်အမြန်တိုက်ခိုက်စေခြင်းဖြစ်သည်။

ယခုအခါ သူတို့သည် ဗုံးကြဲတိုက်ခိုက်ရန်အကောင်းဆုံးပစ်မှတ်များကဲ့သို့ တစုတဝေးတည်းထွက်ပြေးနေကြသည်။

"အား..."

ထိုအချိန်တွင် ဒေါသတကြီးအော်ဟစ်သံတစ်ခုက စစ်မြေပြင်အနှံ့ဟိန်းထွက်လာခဲ့သည်။ထိုလူသည်ကား သွေးနီရောင်ခရူးဆိတ်၏ခေါင်းဆောင် ထရီဇာပင်ဖြစ်သည်။

သူသည် ယခုလိုကြီးမားသည့်အလှည့်အပြောင်းဖြစ်လာရန် မည်သည့်အခါကမှမမျှော်လင့်ထားခဲ့ပေ။သူသည် သူ၏သာလွန်သောခွန်အားဖြင့် ခိုင်မဲရာများ၏တိုက်ခိုက်ခြင်းကို ရှောင်တိမ်းနိုင်သော်လည်း သူ၏တပ်များမှာလုံးဝမရှိတော့ပေ။တပ်ဖွဲ့တစ်ခုလုံးသည် ရှောင်ယု၏သုတ်သင်ခြင်းကိုခံလိုက်ရသည်။

ယခုအခါ ထရီဇာသည်စိတ်ပျက်အားငယ်နေခဲ့သည်။သူ၏မာနသည် သွေးနီရောင်ခရူးဆိတ်များ ကျရှုံးမှုနှင့်အတူ လုံးဝကွဲကြေသွားခဲ့သည်။

ထရီဇာသည် နာကျဉ်းမှုများနှင့်ပြည့်နှက်နေသည့်လေသံဖြင့် ရူးသွပ်စွာဟိန်းဟောက်လိုက်ကာ ရှောင်ယုအား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်စိုက်ကြည့်လိုက်သည်။

"ဒီကောင်ကငတုံးလား..."

ရှောင်ယုသည် ထရီဇာကိုကြည့်ရင်း ကူကယ်ရာမဲ့စွာခေါင်းခါပြလိုက်သည်။

"သူ့အတွက်အချိန်ကောင်းတော့ဟုတ်ပုံမရဘူး...တာဝေးပစ်သမားတွေ အကုန်လုံးအတူတူတိုက်ခိုက်ကြ"

ရှောင်ယု၏အမိန့်အောက်တွင် နတ်သူငယ်လေးသမားတို့၏မှော်မြှားများ၊လူပုသေနတ်သမားတို့၏ ကျည်ဆန်များနှင့်အစွမ်းထက်သော တာဝေးပစ်တိုက်ခိုက်မှုအမျိုးမျိုးက ဆက်တိုက်ထွက်ပေါ်လာခဲ့သည်၊

ထရီဇာသည် ပဥ္စမအဆင့်အထွတ်အထိပ် ပါလာဒင်တစ်ယောက်သာဖြစ်သည်။သူသည် အစွမ်းထက်သောကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း တိုက်ခိုက်မှုများစွာကိုတောင့်မခံနိုင်ခဲ့ပေ။အကောင်းဆုံးအနေဖြင့် သူသည်တာဝေးပစ်တိုက်ခိုက်မှုအချို့ကို အချိန်ခဏတာတောင့်ခံနိုင်သော်လည်း ယခုလိုဆက်တိုက်တိုက်ခိုက်မှုများကို ရင်ဆိုင်လာရချိန်တွင် အချိန်တိုအတွင်းသေဆုံးသွားခဲ့ရသည်။

"အရှင်...အချို့ရန်သူစစ်သားတွေကခုချိန်ထိ ခုခံနေဆဲဖြစ်ပေမဲ့အခြေအနေတစ်ခုလုံးကို ငါတို့တပ်ဖွဲ့တွေကစတင်ထိန်းချုပ်ထားနိုင်ပါပြီ...အရှေ့ဘက်မှာတော့ရန်သူတပ်က ငါတို့ရဲ့ပိတ်ဆို့မှုကိုဖောက်ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်"

ထိုအချိန်တွင် ကင်းထောက်ကပြေးဝင်လာပြီး သတင်းပို့လိုက်သည်။

"ကြည့်ရတာတာ ဒီကောင်ထွက်ပြေးချင်နေတာပဲ...ဇန်းကဟွေ့ချန်းမြို့ကနေထွက်ခွာသွားပြီဖြစ်လို့ ငါတို့ကမြို့ကိုသိမ်းပိုက်လို့ရပြီ...လက်နက်ချချင်တဲ့သူတွေကိုအသက်ချမ်းသာပေးပြီး ခုခံသူတွေကိုသတ်ပစ်ကြ"

ကင်းထောက်ကသတင်းပို့ပြီးနောက် ရှောင်ယုကလက်ရှိအခြေအနေအား နားလည်လိုက်သည်။ဇန်းသည် သူ၏စစ်သားများကိုအမြှောက်စာအဖြစ်အသုံးချကာ ထွက်ပြေးလိုနေခြင်းဖြစ်သည်။

သို့သော်လည်း ရှောင်ယုကသူ့အားထွက်ပြေးခွင့်ပြုမည်မဟုတ်ပေ။သို့ဖြစ်ရာ ရှောင်ယုသည်ဇန်းကို လျင်မြန်စွာကြားဖြတ်တိုက်ခိုက်နိုင်ရန်အတွက် လေကြောင်းတပ်အားသူတို့၏စွမ်းအားအလုံးစုံကို စုစည်းရန်အမိန့်ပေးခဲ့သည်။

"ရှောင်ယု...ငါမင်းနဲ့လိုက်ခဲ့လို့ရလား"

ထိုအချိန်တွင် နီကိုးလပ်စ်သည်တုန်လှုပ်ခြောက်ခြားနေရာမှ သတိပြန်ဝင်လာပြီး ရှောင်ယုအားပြောလိုက်သည်။

"ကိစ္စမရှိပါဘူး...တူတူသွားရအောင်"

ရှောင်ယု၏စကားအဆုံးတွင် ဂရစ်ဖင်သည်နီကိုးလပ်စ်အားခေါ်ဆောင်ရန် ဆင်းသက်လာခဲ့သည်။

နီကိုးလပ်စ်သည် စိတ်ရှုပ်ထွေးနေသော်လည်း ဂရစ်ဖင်ပေါ်သို့ခုန်တက်လိုက်ပြီး ဇန်းအားလိုက်လံဖမ်းဆီးနေသောရှောင်ယုနောက်သို့ လိုက်သွားခဲ့သည်။

မကြာမှီ ရှောင်ယုသည်ဇန်းအားဖမ်းမိသွားခဲ့သည်။ယခုအခါတွင် ဇန်းသည်စစ်မြေပြင်မှ အမြန်ဆုံးလွတ်မြောက်ရန်ကြိုးပမ်းနေခဲ့သည်။သူတို့၏ခွန်အားသည် အလွန်ပင်အစွမ်းထက်သည့်အတွက်ကြောင့် သူတို့၏ထွက်ပြေးလွတ်မြောက်နှုန်းက အမှန်တကယ်ပင်မြန်ဆန်နေခဲ့သည်။

ရှောင်ယုသည် ဂရစ်ဖင်ပေါ်မှနေ၍အောက်သို့ငုံ့ကြည့်ရင်း အော်ဟစ်လိုက်သည်။

"ဇန်း...မင်းကဘယ်ကိုပြေးချင်နေတာလဲ"

ဇန်းသည် အလွန်အံ့သြသွားကာ အပေါ်သို့မော့ကြည့်လိုက်မိသည်။ရှောင်ယုသည် သူ့အားယခုလိုမြန်မြန်ဆန်ဆန်လိုက်မှီရန် မမျှော်လင့်ထားပေ။သွေးနီရောင်ခရူးဆိတ်များသည် ရှောင်ယုအားကောင်းကောင်းဒုက္ခပေးနိုင်လိမ့်မည်ဟု သူထင်ထားခဲ့သည်။

ရှောင်ယုသည်အဘယ်ကြောင့် သူ့အားလိုက်မှီသွားရသနည်း...ရှောင်ယုသည် နဂါးများစွာကို မည်သည့်နေရာကရခဲ့သနည်း။

သူ့စိတ်ထဲဝင်လာသည့် ပထမဆုံးအတွေးမှာ ခိုင်မဲရာသည်နဂါးဖြစ်သည်ဟူ၍ဖြစ်သည်။မူလက ရှောင်ယုထံတွင်နဂါးတစ်ကောင်ရှိနေကြောင်း သူသိထားသော်လည်း ယခုခိုင်မဲရာများကိုတွေ့မြင်လိုက်ရသည့်အချိန်တွင် ရှောင်ယုသည်နဂါးမျိုးနွယ်တစ်ခုလုံးအား ယူဆောင်လာသည်ဟုသံသယရှိနေခဲ့သည်။

အကြောက်တရားသည် သူတို့၏နှလုံးသားကိုဖမ်းဆုပ်ထား၍ မည်သို့မှမတုံ့ပြန်နိုင်ခဲ့ပေ။အဆုံးသတ်တွင် နဂါးများသည်ဤတိုက်ကြီးပေါ်၌ လူတိုင်းကိုထိတ်လန့်စေသော တည်ရှိမှုများဖြစ်ကြသည်။

နဂါးတစ်ကောင်သည်ပင် လူတိုင်းကိုအကြောက်တရားဖြင့်လွှမ်းမိုးစေနိုင်၍ နဂါးအကောင်၁၀၀ဟူသည် လူတိုင်း၏အတွေးကိုကျော်လွန်သွားခဲ့သည်။ထိုနဂါးများကို ခုခံခြင်းသည်အသုံးမဝင်သောကြောင့် ခုခံရန်မူလုံးဝမဖြစ်နိုင်ပေ။

သူတို့ထိတ်လန့်နေသည့်အချိန်တွင် ခိုင်မဲရာ၏မီးတောက်များက မျက်စိတစ်မှိတ်အတွင်းမှာပင် လူများစွာ၏အသက်ကိုဝါးမြိုသွားခဲ့သည်။

"လူခွဲကြ...မြန်မြန်လူခွဲဖို့လုပ်ကြ"

ဇန်း၏တုံ့ပြန်မှုသည် အတော်လေးပင်မြန်ဆန်နေခဲ့သည်။သူသည်အသက်ရှုမဝသေးခင်ပင် လူစုခွဲရန်အတွက်ချက်ချင်းအမိန့်ပေးခဲ့သည်။

သို့သော်လည်း ခိုင်မဲရာအများအပြားရှိနေသည့်အတွက် သူတို့ကရှောင်တိမ်းလိုသည်ဆိုလျှင်တောင် ဖြစ်နိုင်ခြေမရှိပေ။ပေါ့ပါးသွက်လက်သော တိုက်ခိုက်ရေးသမားများသည် အဆင်ပြေနေသေးသော်လည်း မှော်ဆရာများကကျရှုံးသွားခဲ့ပြီဖြစ်သည်။သာမန်အားဖြင့် သူတို့သည်ယခင်က ပျံသန်းနေသောသားရဲများနှင့်ကြုံတွေ့ခဲ့ရမည်ဆိုပါက တန်ပြန်တိုက်ခိုက်ရန် မှော်ပညာကိုအသုံးပြုလေ့ရှိကြသည်။ထို့ပြင် သူတို့အားလုံး၌ ခိုင်မဲရာကိုကြီးမားသောထိခိုက်မှုကိုဖြစ်စေနိုင်သည့် မှော်စာလိပ်များစွာကိုလည်း ပိုင်ဆိုင်ထားပေသည်။

သို့သော်လည်း ယခုအချိန်၌သူတို့သည် တိုက်ခိုက်လိုစိတ်မရှိဘဲ ထွက်ပြေးရန်သာတွေးနေခဲ့သည်။

ဝုန်း..ဝုန်း

ခိုင်မဲရာ၏တိုက်ခိုက်မှုများသည် ရန်သူများအပေါ်ကျရောက်လာပြီးနောက်တွင် လင်းနို့များ၊ဂရစ်ဖင်များက လက်ကျန်ရန်သူများကို ရှင်းလင်းရန်တာဝန်ရှိပေသည်။ယခုအခါတွင် အရှိန်အဟုန်မရှိ၊ဖွဲ့စည်းပုံမရှိဘဲ တိုက်ခိုက်လိုစိတ်ပျောက်ဆုံးနေသော တပ်သားများသည် သူတို့အတွက်လွယ်ကူသည့်ပစ်မှတ်များဖြစ်ကြသည်။

ဤသို့ဖြင့် လေကြောင်းတပ်၏အဆက်မပြတ် လိုက်လံတိုက်ခိုက်မှုအောက်တွင် ဇန်းဦးဆောင်သည့်လူများသည် တဖြည်းဖြည်းဖယ်ရှားခံလိုက်ရပြီး အဆုံးသတ်တွင် ဇန်းနှင့်အတူအနီးကပ်ထွက်ပြေးနေသော လူအနည်းငယ်သာကျန်ရစ်တော့သည်။ထိုအခိုက်အတန့်တွင် ဇန်းကသူ့ထံတွင်ထွက်ပြေးလွတ်မြောက်ရန် လွတ်လမ်းမရှိတော့ကြောင့် နားလည်လိုက်သည့်အတွက် သက်ပြင်းချကာ မြင်းကိုရပ်လိုက်သည်။ထို့နောက်သူသည် နောက်သို့လှည့်ကြည့်လိုက်ကာ နဂါးလေး၏နောက်၌ရပ်နေသော ရှောင်ယုကိုစိုက်ကြည့်လိုက်သည်။

"ဟမ့်...ရှောင်ယု...ဒီတစ်ခါတော့ငါရှုံးနိမ့်ခဲ့ပြီ...ဒါပေမဲ့အပျော်မစောနဲ့...မင်းရဲ့လက်ရှိစွမ်းအားလေးနဲ့ ဒီတိုက်ကြီးကိုစိုးမိုးနိုင်မယ်လို့ မင်းထင်နေတာလား...ဒီတိုက်ကြီးပေါ်မှာ စွမ်းအားကြီးအင်အားစုတွေအများကြီးရှိတယ်...ဒါ့အပြင်ငါ့ရဲ့သခင်ကလည်း ခုချိန်မှာတောင့်တင်းတဲ့မဟာမိတ်အသစ်ကို ရထားခဲ့ပြီ...အချိန်တန်ရင်တော့မင်းလည်းသေရမှာပဲ...ဟားဟား"

ဇန်းသည် ရုတ်တရက်ရူးသွပ်စွာရယ်မောလိုက်သည်။ထို့နောက်တွင် သူ၏ဓားကိုချက်ချင်းဆွဲထုတ်လိုက်ကာ သူ့လည်ပင်းကိုလှီးဖြတ်လိုက်သည်။ထို့နောက် ဇန်း၏အသက်မဲ့နေသောခန္ဓာကိုယ်သည် မြေပေါ်သို့ပြုတ်ကျသွားခဲ့သည်။

ဇန်းသတ်သေသွားသည်ကိုမြင်သောအခါ ရှောင်ယုကစိတ်မကောင်းဖြစ်သွားခဲ့သည်။ထိုလူသည် သူ၏ရန်သူတစ်ယောက်ဖြစ်သော်လည်း သူရဲကောင်းဆန်စွာပြုမူသွားခဲ့သည်ဟု သူ့စိတ်ထဲ၌တွေးနေခဲ့သည်။

"သူ့ကိုသေသေချာချာမြုပ်နှံပေးလိုက်..."

ရှောင်ယုက ထိုစကားများကိုပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။ယခုအခါ သူတို့၏တပ်မှူးသည်ကွယ်လွန်သွားပြီဖြစ်၍ လက်ကျန်ရန်သူများသည် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ အားလုံးလက်နက်ချခဲ့ကြသည်။

အဆုံးသတ်တွင် ၃လကြာအောင်အချိန်ဆွဲခဲ့ပြီးနောက် အချိန်အတော်ကြာကြန့်ကြာနေသည့် ဝေပြည်နယ်အားသိမ်းပိုက်သည့်စစ်ပွဲကြီးက တစ်ရက်အတွင်းမှာပင်ပြီးဆုံးသွားခဲ့သည်။

အခန်း ၅၁၆ - လေပေါ်ပျံဝဲနေသော မြို့တော်

ခြင်္သေ့နယ်မြေသည် တဖန်ပြန်လည်ကျယ်ပြန့်လာခဲ့သည်။

ယခုအခါ ခြင်္သေ့နယ်မြေသည် မြုံနေသောနယ်မြေတစ်ခုမဟုတ်တော့ဘဲ သာယာဝပြောသည့်မြို့တော်များကို ပိုင်ဆိုင်ထားခဲ့သည်။

ရှောင်ယုသည် ဝေပြည်နယ်နဲ့ခြင်္သေ့နယ်မြေအကြား ချိတ်ဆက်နိုင်ရန်အတွက် နောက်ထပ်မြို့အချို့အားတည်ဆောက်ရန် ပြင်ဆင်နေခဲ့သည်။ထိုသို့သောအခြေအနေတွင် ခြင်္သေ့နယ်မြေနှင့်ဝေပြည်နယ်တို့သည် တစ်စုတစည်းတည်းပေါင်းစပ်သွားမည်ဖြစ်ကာ ရှောင်ယုသည်ဤဒေသကြီးတစ်ခုလုံး၏ အုပ်စိုးသူဖြစ်လာမှာဖြစ်သည်။

ရှောင်ယုသည် ဝေပြည်နယ်ကိုသိမ်းပိုက်ပြီးနောက်တွင် ယခင်တပ်မှူးများနှင့်စစ်သူကြီးများကို လက်နက်ချအညံ့ခံစေခဲ့သော်လည်း ရန်သူတပ်သားများကိုမူ အငြိမ်းစားယူရန်အတင်းမတိုက်တွန်းခဲ့ပေ။သူသည် ရန်သူတပ်သားများအား သူ၏တပ်ထဲသို့ဝင်ရောက်စေကာ ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။ထို့ပြင်ရှောင်ယုသည် ဝေပြည်နယ်၏ပြည်သူများအပေါ် ကြီးမားသောအခွန်အတုပ်များကို မကောက်ခံဘဲလူတိုင်းကိုပျော်ရွှင်စေခဲ့သည်။ထို့အတွက် ဝေပြည်နယ်မှလူများသည် ခုခံရန်ပင်မကြိုးစားခဲ့ကြပေ။

ရက်အနည်းငယ်ခန့်ကြာလာသည်နှင့်အမျှ ရှောင်ယုနှင့်နီကိုးလပ်စ်တို့သည် ကိစ္စတစ်ခုနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံနေကြစဉ် တစ်စုံတစ်ယောက်က ရုတ်တရက်ရောက်ရှိလာကာ ဒူးထောက်လိုက်သည်။

"အရှင် အခြေအနေမကောင်းတော့ဘူး"

ထိုလူ၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေကာ သူ၏အသံသည်တုန်ခါနေပြီး ဆိုးရွားသောအခြေအနေကိုဖော်ညွန်းနေခဲ့သည်။

"သေချာပြော....ဘာတွေဖြစ်နေတာလဲ"

ရှောင်ယု၏စိတ်သည် ပျံ့လွှင့်နေသော်လည်း သူ၏လေသံကတည်ငြိမ်လေးနက်နေခဲ့သည်။သူသည် လေးလေးနက်နက်တွေးတောနေသည့်တိုင်အောင် သူ၏တပ်သားများကို ယခုလိုထိတ်လန့်စေမယ့်မည်သည့်အရာကိုမှ မတွေးတောနိုင်ခဲ့ပေ။

"အရှင့်ကိုအစီရင်ခံပါတယ်...မနေ့ညကဘယ်ကမှန်းမသိရောက်လာတဲ့ မြို့ကြီးတစ်ခုဟာခြင်္သေ့မြို့တော်မှာ ထွက်ပေါ်လာတယ်...ခုလောလောဆယ်တော့ အဲ့မြို့ကခြင်္သေ့မြို့တော်ရဲ့အထက်မှာလွှင့်မျောနေခဲ့တယ်....နောက်ပြီးအဲ့မြို့ရဲ့အရွယ်အစားဟာ ခြင်္သေ့မြို့တော်ထက်အများကြီးပိုကြီးတယ်....တကယ်လို့အဲ့မြို့သာပြိုကျလာမယ်ဆိုရင် ခြင်္သေ့မြို့တော်ကိုပျက်စီးစေလိမ့်မယ်"

အဆုံးသတ်တွင် စစ်သားကအဖြစ်အပျက်တစ်ခုလုံးကို ရှင်းပြလိုက်သည်။

"မင်းဘာပြောလိုက်တာလဲ...ပျံသန်းနေတဲ့မြို့လား...မြို့တစ်မြို့ကဘယ်လိုပျံသန်းနိုင်မှာလဲ"

ထိုစစ်သား၏ဦးနှောက်တွင် ပြဿနာတစ်စုံတစ်ခုရှိနေသည်ဟု ရှောင်ယုတွေးမိလိုက်သည်။

"အရှင်...အဲ့မြင်ကွင်းကို မျက်စိနှစ်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာပါ...တကယ့်ကိုမြို့ကြီးတစ်ခုဖြစ်ပြီး သေမင်းရဲ့အော်ရာတွေဝိုင်းရံထားတဲ့အတိုင်း မသေမျိုးသတ္တဝါတွေလည်းအများကြီးဘဲ"

စစ်သားက ဆက်ပြောလိုက်သည်။

"ငါနားလည်ပြီ..."

စစ်သား၏စကားအဆုံးတွင် ရှောင်ယုကရုတ်တရက်ထအော်လိုက်ကာ ဖြစ်နိုင်ခြေတစ်ခုအားတွေးမိလိုက်သည်။

ရှောင်ယုသည် ထိုကဲ့သို့ပျံသန်းနေသည့်မြို့အတွက် ဖြစ်နိုင်ခြေတစ်ခုသာ ရှိထားသည်ကိုနားလည်လိုက်သည်။၎င်းမှာ နာစ့်ရေးမန်းဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ၎င်းနှင့်သက်ဆိုင်သည့်ကဲလ်သဇက်သည် သူ၏အမိန့်အောက်တွင်ရှိနေပြီဖြစ်ရာ ဤတိုက်ကြီးပေါ်၌ နောက်ထပ်ကဲလ်သဇက်မရှိတော့သည်မှာ သေချာပေသည်။ထိုသို့ဆိုလျှင် နာစ့်ရေးမန်းကအဘယ်ကြောင့် ထွက်ပေါ်လာရသနည်း။

ရှောင်ယုသည် ထိုအကြောင်းကိုသိသိချင်း ဂရစ်ဖင်ကိုစီးကာ ခြင်္သေ့မြို့တော်သို့ပြန်လာခဲ့သည်။နီကိုးလပ်စ်သည် ဤအခွင့်အရေးကိုလက်လွတ်မခံနိုင်၍ ရှောင်ယုနှင့်အတူ လိုက်ပါလာခဲ့သည်။

ရှောင်ယုသည် ခြင်္သေ့မြို့တော်သို့ရောက်ရှိချိန်တွင် ခြင်္သေ့မြို့တော်၏အပေါ်၌ လွှင့်မျောနေသောဧရာမမြို့ကြီးတစ်ခုက သူ့အားဆီးကြိုနေခဲ့သည်။၎င်း၏ကြီးမားသောအရိပ်က ခြင်္သေ့မြို့တစ်ခုလုံးအားလွှမ်းခြုံထားခဲ့ပြီး အောက်မှလူများသည်စတင်ရွေ့ပြောင်းနေကြပြီဖြစ်သည်။

"သေစမ်း...ဘာလို့ဒီမြို့ကြီးက ငါ့ရဲ့ခြင်္သေ့မြို့အထက်မှာထွက်ပေါ်လာရတာလဲ"

ရှောင်ယုသည် စိတ်ပျက်လက်ပျက်ကျိန်ဆဲလိုက်သော်လည်း သူ့စိတ်ထဲရှိပျော်ရွှင်မှုကို ဖုံးဖိထားခဲ့ရသည်။သူသည် လေပေါ်ပျံဝဲနေသောမြို့တော်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းများကအပေါ်သို့ကွေးညွတ်သွားခဲ့ရသည်။ရှောင်ယုသည် လေပေါ်ပျံဝဲနေသောမြို့တော်ကြီးကို အထပ်ထပ်အခါခါစစ်ဆေးပြီးနောက်တွင် ၎င်းသည်နာစ့်ရေးမန်းဖြစ်ကြောင်း သေချာသွားခဲ့သည်။

သို့သော် နာစ့်ရေးမန်းမြို့တော်ပြုတ်ကျလာမည်ကို ရှောင်ယုစိတ်မပူပေ။ထိုအရာသည် လေထဲ၌ တချိန်လုံးလွှင့်မျောနေသည့်အတွက်ကြောင့် အဘယ်ကြောင့်လွယ်လွယ်ဖြင့်ပြုတ်ကျလာမည်နည်း။အကယ်၍ ပြုတ်ကျခဲ့လျှင်တောင်မှ ခြင်္သေ့မြို့တော်၏အကာအကွယ်ကြောင့် အပျက်အစီးများစွာဖြစ်လာစရာအကြောင်းမရှိပေ။

ရှောင်ယုသည် ဂရစ်ဖင်အား နာစ့်ရေးမန်း၏ပတ်ပတ်လည်၌ပျံသန်းစေခဲ့ကာ အထဲသို့ဝင်ရန်ဝင်ပေါက်ကို ဂရုတစိုက်ရှာဖွေနေခဲ့သည်။

သို့သော်လည်း အချိန်အတော်ကြာစစ်ဆေးပြီးနောက်တွင် ဝင်ပေါက်သည်မည်သည့်နေရာ၌ရှိနေကြောင်း မတွေ့ခဲ့ရပေ။သိသာသည်မှာ နာစ့်ရေးမန်းသည်လက်ရှိအချိန်၌ ပိတ်ဆို့ထားဆဲဖြစ်သည်။

လောလောဆယ်တွင် နာစ့်ရေးမန်းသည် ပိတ်ဆို့ထားသည့်အတွက်ကြောင့် မကြာမှီဖွင့်လှစ်လာမည်ဖြစ်သော်လည်း မည်သည့်အချိန်၌ဖွင့်လာမည်ဖြစ်ကြောင်း မသိရသေးပေ။

ထို့ကြောင့်ရှောင်ယုသည် ခြင်္သေ့မြို့၏မြို့ရိုးထံဆင်းသက်လာပြီး လေပေါ်မြို့တော်သည် မည်သည့်အခါမှပြိုလဲမည်မဟုတ်ကြောင်း အာမခံပြောဆိုခဲ့ကာ လူတိုင်း၏စိုးရိမ်စိတ်ကိုငြိမ်သက်စေခဲ့သည်။

ရှောင်ယုက ယခုလိုပြောလာသည့်အတွက်ကြောင့် ထိုလူများကသက်တောင့်သက်သာဖြစ်လာခဲ့သည်။ရှောင်ယုကိုယ်တိုင်က လေပေါ်မြို့တော်၏အောက်၌ရပ်နေပေရာ နာစ့်ရေးမန်းသာအမှန်တကယ်ပြုတ်ကျလာပါက ရှောင်ယုသည်ပင်ပြီးဆုံးသွားမည်ဖြစ်သည်။

အရေးအကြီးဆုံးသောအချက်မှာ ခြင်္သေ့မြို့ကိုယခုအဆင့်ထိရောက်အောင် မြင့်တင်ပေးခဲ့သောရှောင်ယုသည် ခြင်္သေ့မြို့တော်၌အလွန်မြင့်မားသော အနေအထားကိုပိုင်ဆိုင်ထားပြီဖြစ်သည့်အတွက်ကြောင့် သာမန်ပြည်သူများကရှောင်ယုအား ချွင်းချက်မရှိယုံကြည်ကြသည်။

ရှောင်ယုသည် မြို့ရိုးပေါ်၌ရပ်နေကာ နာစ့်ရေးမန်းကိုစောင့်ကြည့်နေခဲ့သည်။အချိန်တစ်ခုကြာပြီးနောက် နာစ့်ရေးမန်းသည် ဖြေးညင်းစွာစတင်ရွေ့လျားလာခဲ့ပြီး အန်ကာဂန်တောင်တန်း၏အနက်ပိုင်းသို့ ပျံသန်းသွားသည်ကို သူတွေ့လိုက်ရသည်။

နာရီအနည်းငယ်ခန့်ကြာမြင့်အပြီးတွင် နာစ့်ရေးမန်းသည် ခြင်္သေ့မြို့တော်၏မြင်ကွင်းမှ လုံးဝထွက်ခွာသွားခဲ့ပေရာ လူတိုင်းစိတ်သက်သာရာရသွားကြသည်။သို့သော်လည်း နာစ့်ရေးမန်းသည် ဤနေရာ၌ထွက်ပေါ်လာသည့်အတွက် ၎င်းသည်ဝေးဝေးသို့မပျံသန်းဘဲ ဤအနီးတဝိုက်၌ရှိနေမည်ဖြစ်ကြောင်း ရှောင်ယုသိထားပေသည်။

"အဲ့ဒါကဘာကြီးလဲ..."

နီကိုးလပ်စ်သည် ရှောင်ယု၏ဘေးတွင်ရပ်နေကာ ကြီးမားသောလေပေါ်မြို့တော်ဖြစ်သည့် နာစ့်ရေးမန်းကိုကြည့်နေခဲ့သည်။ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားထဲ၌ လှိုင်းလုံးများစွာထနေခဲ့သည်။

ရှောင်ယုက တိုးတိုးလေးပြန်ပြောလိုက်သည်။

"နာစ့်ရေးမန်းလို့ခေါ်တဲ့ လေပေါ်မြို့တော်အကြောင်းမကြားဖူးဘူးလား"

"ဘာပြောတယ်....လေပေါ်မြို့တော်နာစ့်ရေးမန်းလား"

နီကိုးလပ်စ်သည် ထိုအမည်ကိုကြားလိုက်ရချိန်တွင် အံ့သြသွားခဲ့သည်။

နာစ့်ရေးမန်းဟူသောအမည်သည် ဤကမ္ဘာပေါ်၌အလွန်ကျော်ကြားပေသည်။၎င်းကို မယုံကြည်နိုင်စရာကောင်းသော အရာတစ်ခုအဖြစ် ဖော်ပြထားခဲ့ကြသည်။

"ဟုတ်တယ်...နာစ့်ရေးမန်းတောင် တဖန်ထွက်ပေါ်လာပြီဆိုတော့ ဒီတိုက်ကြီးတစ်ခုလုံးဖရိုဖရဲဖြစ်တော့မှာဘဲ..."

ရှောင်ယု၏ခံစားချက်များသည် တဟုန်ထိုးတိုးထွက်လာခဲ့သည်။

"ဒီထဲမှာ ဘာတွေပါလောက်လဲ"

နီကိုးလပ်စ်၏မျက်လုံးများသည် အရောင်တောက်ပလာပြီး နာစ့်ရေးမန်းကိုစိုက်ကြည့်နေခဲ့သည်။

ရှောင်ယုက ရယ်မောရင်းပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး...ရတနာအချို့ပါဘဲ"

"မုန်တိုင်းကအစပြုလာပုံရတယ်..."

နီကိုးလပ်စ်က သက်ပြင်းချမိလိုက်သည်။

"အဲ့ဒါကအမှန်ပဲ...လူတိုင်းကအထဲမှာရှိနေတဲ့ ရတနာတွေကိုလိုချင်နေကြတာပဲ...အင်အားစုတွေအကုန်လုံးက ရတနာတွေကိုရဖို့အစွမ်းကုန်ကြိုးစားကြမှာဆိုပေမဲ့ ဘယ်သူတွေရနိုင်မလဲဆိုတာကတော့ ကံတရားအပေါ်မှာဘဲမူတည်တယ်"

ရှောင်ယုကပြုံးပြီး ပြန်ပြောလိုက်သည်။

ရှောင်ယုသည် လူကိုယ်တိုင်စုံစမ်းရန် ပျင်းရိနေသည့်အတွက်ကြောင့် နာစ့်ရေးမန်းကိုအချိန်ပြည့်စောင့်ကြည့်ရန်နှင့် တစ်စုံတစ်ခုအကြောင်းထူးပါက ချက်ချင်းအကြောင်းကြားရန် လက်အောက်ငယ်သားများကိုစီစဉ်ခဲ့သည်။ထို့နောက်တွင် သူသည်နီကိုးလပ်စ်နှင့်စစ်တုရင်ကစားရန်အတွက် ခြင်္သေ့မြို့တော်သို့ပြန်လာခဲ့သည်။

တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာပြီးနောက်တွင် ရှောင်ယုသည်သူသိမ်းပိုက်ထားသော ဝေပြည်နယ်၏နယ်မြေအားလုံးကို ကြေငြက်စွာဝါးမြိုလုနီးပါးဖြစ်သွားခဲ့၍ ခြင်္သေ့မြို့တော်၏စွမ်းအားသည်လည်း အဆမတန်ကြီးထွားလာခဲ့သည်။

စကားလက်စ်နှင့်မန်နေဂျာရှရှန်းတို့၏ ဦးဆောင်မှုအောက်တွင် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့သည် စတင်ပွင့်လန်းလာခဲ့ပြီး နေရာပေါင်းများစွာ၌ ကုန်သည်အဖွဲ့ခွဲများစွာကို ဖွင့်လှစ်ခဲ့သည်။

All Chapters