← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း ၅၁၇ - အေဂါဝမ်၏ရုပ်တု

နာစ့်ရေးမန်းနှင့်ပတ်သက်သည့် သတင်းများပျံ့နှံ့လာသည်နှင့်အမျှ စွန့်စားသူအမြောက်အများသည် ခြင်္သေ့မြို့တော်၌ပြည့်လျှံလာခဲ့သည်။

ရှောင်ယုသည် သူတို့ဝင်ရောက်လာသည်ကို တားမြစ်ခြင်းမပြုဘဲ ငွေရှာရန်အတွက် ဤအခွင့်အရေးကိုအသုံးပြုကာ အခွန်စည်းမျည်းများကိုချမှတ်ကာ အခွန်များကိုစုစည်းခဲ့သည်။

သို့သော်လည်း အချို့သောစွန့်စားသူများသည် စိတ်ကြိုက်အခွန်ပေးဆောင်ပြီးနောက် ရှောင်ယုချမှတ်ထားသည့်အခြားသောစည်းမျည်းများကို မလိုက်နာခဲ့ကြပေ။ထို့ကြောင့်ရှောင်ယုသည် အစောပိုင်းစည်းမျည်းချိုးဖောက်သူများကို သတ်ဖြတ်ကာသွေးချောင်းစီးစေခဲ့ပြီး သင်ခန်းစာပေးခဲ့သည်။ရှောင်ယုသည် မြို့တွင်း၌မငြိမ်မသက်ဖြစ်စေသူများကို လုံးဝသနားညာတာမှုမပြဘဲ ရှင်းလင်းပစ်ခဲ့သည်။ထို့ကြောင့် စွန့်စားသူများက ရှောင်ယု၏စည်းမျည်းများကို မချိုးဖောက်ဝံ့ကြတော့ပေ။

ရက်အနည်းငယ်ခန့်ကြာပြီးနောက်တွင် ရှောင်ယုသည်ခြင်္သေ့မြို့ရိုးပေါ်၌ နီကိုးလပ်စ်နှင့်စကားစမြည်ပြောနေစဉ် လူတိုင်းသည်အကြားအာရုံပျောက်ဆုံးသွားသကဲ့သို့ တစ်ကမ္ဘာလုံးတိတ်ဆိတ်သွားခဲ့သည်။ထို့နောက်တွင် တိုက်ကြီးတစ်ခုလုံးသည် ပြင်းထန်သော အပြောင်းအလဲများဖြင့်ကြုံတွေ့ခဲ့ရသည်။

ထိုအချိန်တွင် အနက်ရောင်တိမ်များ၏လွှမ်းမိုးမှုကြောင့်မဟုတ်ဘဲ နေ့အလင်းရောင်မှိန်ကျသွားခဲ့ကာ တိုက်ကြီးတစ်ခုလုံး မီခိုးရောင်သန်းလာခဲ့ပြီး ဝမ်းနည်းမှုအရိပ်အယောင်သန်းလာခဲ့သည်။

ထူးဆန်းသောလေထုက ခြင်္သေ့မြို့တစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့ကာ လူတိုင်း၏စိတ်နှလုံးကိုလေးလံစေခဲ့သည်။

အရာရာတိုင်းသည် ထူးဆန်းနေသည်ဟုထင်ရသော်လည်း မည်သို့ထူးခြားနေကြောင်း တစ်ယောက်မှမသိကြပေ။ရုတ်တရက်ဆိုသလိုပင် ဤလောကကြီး၌တစ်စုံတစ်ခု ချို့တဲ့နေသလိုခံစားလိုက်ရသည်။

"သူမ...တကယ်ထွက်သွားခဲ့ပြီ…"

ရှောင်ယုသည် တည်ငြိမ်စွာမတ်တပ်ရပ်လိုက်ကာ မျက်ရည်စီးကြောင်းနှစ်ခုက သူ၏ပါးပြင်ပေါ်၌တလိမ်လိမ့်စီးကျလာခဲ့သည်။

နီကိုးလပ်စ်သည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမရှိသော်လည်း သူ၏စိတ်ထဲတွင်အကန့်အသတ်မရှိသော ဝမ်းနည်းမှုများဖြင့်ပြည့်နှက်နေကြောင်း သူမသိမသာခံစားမိလိုက်သည်။

ကောင်းကင်တခွင် လျင်မြန်စွာအုံ့မှိုင်းလာခဲ့ပြီး မိုးကသည်းထန်စွာရွာသွန်းလာခဲ့သည်။

လောကတခွင်လုံးသည် တစ်စုံတစ်ခုကြောင့်တိတ်ဆိတ်နေကာ ထူးဆန်းနေခဲ့သည်။တစ်ချိန်တည်းတွင် ကြောက်စရာကောင်းသည့်ခံစားချက်က လူတိုင်းကအသက်ရှုကြပ်စေခဲ့သည်။

ယခုအချိန်တွင် ခြင်္သေ့နိုင်ငံသားများနှင့်ပြင်ပစွန့်စားသူများသည်ပင် တိတ်ဆိတ်နေခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော် သူတို့်အားလုံးသည် စကားပြောရခက်ခဲစေသည့် ပြင်းထန်သောဝမ်းနည်းပူဆွေးမှုကိုသာ ခံစားနေရ၍ဖြစ်သည်။

ရှောင်ယုသည် အေဂါဝမ်နေထိုင်ရာခြံဝင်းငယ်လေးဆီသို့ တည်နေရာရွေ့ပြောင်းသွားခဲ့သည်။လက်ရှိအချိန်တွင် ခြံဝင်းငယ်လေးကို ဖျော့တော့သည့်အလင်းရောင်ကလွှမ်းခြုံထားခဲ့သည်။၎င်းသည် မှော်ပညာမဟုတ်သော်လည်း တစ်စုံတစ်ခုတောက်ပနေသကဲ့သို့ အလွန်နူးညံ့နေခဲ့သည်။

ထို့နောက်တွင် ရှောင်ယုသည်သူ၏ရင်ခွင်ထဲသို့တိုးဝင်လာသော ပုံသဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။ရှောင်ယုသည် မျက်ရည်ကျနေသောလင်းမူရွယ်အား နှစ်သိမ့်ပေးလိုက်သည်။သူသည် လင်းမူရွယ်အားစိတ်သက်သာရာရစေရန် တစ်ခုခုပြောလိုသော်လည်း သူ၏စိတ်ခံစားချက်များကတုန်ခါနေခဲ့သည်။

အဆုံးသတ်တွင် အေဂါဝမ်သည် တိတ်ဆိတ်စွာဖြင့်ထွက်ခွာသွားခဲ့သည်။တစ်ချိန်က ကမ္ဘာကြီးအားတုန်ခါစေခဲ့သည့် ကြီးမြတ်သည့်ပုဂ္လိုလ်တစ်ယောက်သည် လူသားအားလုံး၏အမြင်တွင် မယုံကြည်နိုင်ဖွယ်ရာဖြစ်တည်မှုတစ်ပါးဖြစ်ခဲ့သော်လည်း အဆုံးသတ်၌လွှင့်မြောပျောက်ကွယ်သွားခဲ့ရသည်။

အေဂါဝမ်သည် ထာဝစဉ်ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူမ၏အမည်နာမသည် ဤတိုက်ကြီးပေါ်၌ထာဝစဉ်တည်ရှိနေမည်ဖြစ်ကာ မည်သူမှဖျောက်ဖျက်နိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် ဟင်းလင်းပြင်လေထုသည် တိုးတိုးလေးအက်ကွဲလာခဲ့ပြီး ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ထိုပုံရိပ်သည် အဘိုးကြီးသီအိုဒိုးဖြစ်ကြောင်း သိနိုင်ရန်အတွက်ရှောင်ယုလှည့်ကြည့်စရာမလိုခဲ့ပေ။

သီအိုဒိုးသည် သူ၏ချွန်ထက်သောမှော်ဦးထုပ်ကို ညင်သာစွာချွတ်လိုက်ကာ ပါးစပ်မှနေ၍တီးတိုးစကားအနည်းငယ်ပြောကာ ငြိမ်သက်စွာရပ်နေခဲ့သည်။

မကြာမှီ ဟင်းလင်းပြင်ကထပ်မံအက်ကွဲလာခဲ့ပြီး ဆံပင်ဖြူနေသောအဘိုးကြီးတစ်ယောက် ထပ်မံရောက်ရှိလာခဲ့သည်။ထိုအဘိုးကြီးသည် ထိန်ထိန်လင်းနေသောခြံဝင်းလေးကိုကြည့်ရင်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။

ထိုအဘိုးကြီးမှထုတ်လွှတ်နေသော အော်ရာသည်သီအိုဒိုးထက် များစွာအားမနည်းသည့်အတွက် ရှောင်ယုအံ့သြသွားရသည်။ထိုအဘိုးကြီးသည်လည်း ဤတိုက်ကြီးတွင် သတ္တမအဆင့်နှင့်အနီးကပ်ဆုံးဖြစ်တည်မှု၃ခုအနက်မှ ၁ခုဖြစ်ပုံရသည်။

၅မိနစ်ခန့်ကြာပြီးနောက်တွင် ဟင်းလင်းပြင်အက်ကွဲသံက ထပ်မံထွက်ပေါ်လာခဲ့သည်။ထို့နောက်တွင် သီအိုဒိုးနှင့်ခွန်အားတူညီပုံရသည့် လူတစ်ယောက်သည်ထပ်မံထွက်ပေါ်လာကာ လေသံတိုးတိုးဖြင့် မန္တန်အချို့အားရွတ်ဆိုလိုက်သည်။သူသည် ခြံဝင်းအတွင်း တောက်ပနေသောအလင်းရောင်ကို ကာကွယ်ရန်မန္တန်ကိုအသုံးပြုထားခဲ့သည်။

ထို့နောက်တွင် ထိုလူသည်ယခင်ရောက်ရှိနေသည့်မှော်ဆရာနှင့်သီအိုဒိုးတို့အနားသွားကာ တိတ်ဆိတ်ငြိမ်သက်စွာရပ်နေလိုက်သည်။

၃ရက်ကြာပြီးနောက်တွင် ခြံဝင်းအလယ်၌ မတ်တပ်ရပ်နေသောကြီးမားသည့်ရုပ်တုကြီးတစ်ခုက တောက်ပစွာထွက်ပေါ်လာခဲ့သည်။

ထိုရုပ်တုအား ဤတိုက်ကြီးပေါ်၌ရှိသောအကောင်းဆုံးသော ပစ္စည်းများဖြင့် ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။အူသာ၏ရုပ်တုသည်ပင် ဤရုပ်တုလောက်အဖိုးတန်မည်မဟုတ်ပေ။

ဟစ်ဂင်သည် ဤရုပ်တုအားထုလုပ်ပြီးနောက်တွင် သွေးများစွာကိုအန်ထုတ်ခဲ့သည်။သူသည် အေဂါဝမ်၏ပြီးပြည့်စုံသောရုပ်တုတစ်ခုအား တည်ဆောက်ပြီးနောက်တွင် အမှန်တကယ်ပင်ပန်းနွမ်းနယ်နေခဲ့သည်။ဤရုပ်တုအား ပြီးမြောက်ရန်အတွက် ၃ရက်ခန့်အချိန်ယူခဲ့ရ၍ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ မောပန်းနွမ်းနယ်နေခဲ့သည်။

"ဆရာဟစ်ဂင်....မင်းအလုပ်ကြိုးစားလွန်းနေပြီ"

ရှောင်ယုသည် ဟစ်ဂင်အားဦးညွတ်လိုက်သော်လည်း ဟစ်ဂင်သည်ရှောင်ယုကိုမကြည့်ဘဲ ရုပ်တုကိုသာစိုက်ကြည့်ရင်း ခေါင်းယမ်းပြလိုက်သည်။

"ပုံပန်းသဏ္ဍာန်ကပြီးပြည့်စုံတယ်ဆိုပေမဲ့ အနှစ်သာရကတော့နည်းနည်းချို့တဲ့နေသေးတယ်"

"အနှစ်သာရ ဆိုတာကဘာလဲ..."

ရှောင်ယုသည် ဟစ်ဂင်အားမေးခွန်းထုတ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

"အော်ရာ...အေဂါဝမ်ဟာအကြီးမြတ်ဆုံးသောမှော်ထွတ်ခေါင်တစ်ယောက်ဖြစ်တယ်...သူမတည်ရှိရာပတ်ဝန်းကျင်မှာ အထစ်အငေါ့ဖြစ်စေတဲ့အရိပ်အယောင်မျိုးမရှိနိုင်ဘူးဆိုပေမဲ့ ကံမကောင်းစွာဘဲ ငါကအဲလိုမလုပ်ဆောင်နိုင်ခဲ့ဘူး...ငါ့ရဲ့အင်အားကမလုံလောက်ခဲ့တဲ့အတွက် အဆုံးစွန်သောပြီးပြည့်စုံမှုကိုရဖို့အတွက် လုံလောက်တဲ့မှော်စွမ်းအင်ကို မပြုလုပ်နိုင်ခဲ့ဘူး"

ဟစ်ဂင်က လွတ်လွတ်လပ်လပ်ပြောဆိုလိုက်သည်။

"ငါတို့ဂရုစိုက်ပေးလိုက်မယ်"

ထိုအချိန်တွင် သီအိုဒိုးနှင့်အခြားမှော်ဆရာနှစ်ယောက်ရောက်လာကာ အကူအညီပေးခဲ့သည်။

သီအိုဒိုးနှင့်မှော်ဆရာနှစ်ယောက်သည် အချင်းချင်းစိုက်ကြည့်လိုက်ကြပြီး တိတ်တဆိတ်ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် မှော်သင်္ကေတများက သူတို့၏ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့သည်။၎င်းတို့သည် အရိုးရှင်းဆုံးသောမှော်သင်္ကေတများဖြစ်ကြသော်လည်း ၎င်းတို့အားလုံးတွင် တားမြစ်မှော်စွမ်းအားများပါရှိပေသည်။လူတိုင်းသည် စိတ်မထိန်းနိုင်ဘဲ မတော်တဆဖြစ်မှုမှကာကွယ်ရန် နောက်သို့ဆုတ်ပေးလိုက်ကြသည်။

မှော်ဆရာ၃ယောက်၏ ပူးပေါင်းလုပ်ဆောင်မှုသည် သတ္တမအဆင့်မှော်ထွတ်ခေါင်တစ်ယောက်၏ စွမ်းအားနယ်ပယ်ကိုကျော်လွန်ရောက်ရှိခဲ့သည်။အကယ်၍ သူတို့သာဂရုမစိုက်ပြုမူမိပါက ခြင်္သေ့မြို့တော်တစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။

သို့သော်လည်း မှော်ဆရာကြီး၃ယောက်လုံးသည် တုန်လှုပ်ခြောက်ခြားမှုတစ်စုံတစ်ရာမရှိဘဲ ရုပ်တု၏အတွင်းပိုင်းသို့ မှော်စွမ်းအင်များထိုးဖောက်ဝင်ရောက်သွားစေရန်အတွက် သူတို့၏စွမ်းအားများကိုတွန့်ဆုတ်ခြင်းမရှိ အစွမ်းကုန်အသုံးပြုခဲ့ကြသည်။

၃နာရီခန့်ကြာမြင့်အပြီးတွင် မှော်ဆရာ၃ယောက်လုံးရပ်တန့်လိုက်ကြသည်။ထိုအချိန်တွင် အေဂါဝမ်၏ရုပ်တုမှနေ၍ နဂါးတစ်ကောင်ကဲ့သို့ အလွန်ပင်အစွမ်းထက်လှသည့် အော်ရာအငွေ့အသက်များက ထွက်ပေါ်လာခဲ့ကာ လူတိုင်းကိုဒူးထောက်လုနီးပါးဖြစ်စေခဲ့သည်။

"ဒါဟာ...ပြီးပြည့်စုံတဲ့လုပ်ငန်းတစ်ခုပဲ...အေဂါဝမ်...စစ်မှန်သောမသေမျိုးအေဂါဝမ်"

ဟစ်ဂင်သည် အရူးတစ်ယောက်ကဲ့သို့ မြေပြင်ပေါ်၍ငုတ်တုပ်ထိုင်ချလိုက်ကာ မှော်ဆရာ၃ယောက်၏မှော်ပညာဖြင့် ပေါင်းစပ်ထားသော ရုပ်တုကိုစိုက်ကြည့်နေခဲ့သည်။

"ဆရာကြီး၃ယောက်ရဲ့ ကြိုးစားအားထုတ်မှုကိုတကယ်ကျေးဇူးတင်ပါတယ်"

ရှောင်ယုသည် ရှေ့သို့တိုးလာခဲ့ပြီး အမြင့်ဆုံးအဆင့်ရှိသော မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး ၃၀၀ကို ပေးကမ်းလိုက်သည်။ဤမှော်ဆေးများသည် ရှောင်ယုအတွက်အရေးကြီးသော ပစ္စည်းများဖြစ်ကြသော်လည်း မှော်ဆရာ၃ယောက်အားကျေးဇူးတင်ရန်အတွက် သူတို့တစ်ယောက်ချင်းစီတိုင်းအား ပုလင်း၁၀၀စီပေးအပ်ရန် တွန့်ဆုတ်မနေခဲ့ပေ။

မှော်ဆရာ၃ယောက်သည် တိတ်တိတ်လေးခေါင်းညိတ်ပြလိုက်ပြီး သူတို့၏မှော်စွမ်းအင်ကိုပြန်လည်ဖြည့်တင်းရန်အတွက် မှော်ဆေးပုလင်းများကိုအသုံးပြုလိုက်ကြသည်။

အခန်း ၅၁၈ - ရှောင်ယု၏တောင်းဆိုချက်

နာရီအနည်းငယ်ကြာပြီးနောက်တွင် လူတိုင်းသည် အေဂါဝမ်၏ရုပ်တုကိုကြည့်ရင်း စကားစမြည်ပြောဆိုလာကြသည်။

"မနက်ဖြန်မှာ မှော်ပညာကျောင်းတွေကိုသတင်းပို့ဖို့လုပ်ကြတော့...ဆရာမကြီးအေဂါဝမ်အတွက် ဝမ်းနည်းပူဆွေးဖို့မှော်ဆရာတွေအားလုံးကို အမိန့်ပေးလိုက်"

သီအိုဒိုးပြောလိုက်သည်။

"ဟုတ်တယ်...ခုချိန်ကနေစပြီးတော့ ဒီနေ့ဟာဆရာမကြီးအေဂါဝမ်ကို ဂုဏ်ပြုတဲ့အောက်မေ့သတိရဖွယ်နေ့ဖြစ်လာလိမ့်မယ်"

အခြားသောမှော်ဆရာ၏အသံကလည်း ပဲ့တင်ထပ်လာခဲ့သည်။

ဤသို့ဖြင့် မှော်ဆရာအမြောက်အများသည် မှော်တံဆိပ်တစ်ခုကိုရေးထိုးလိုက်ကြပြီး မှော်ပညာကျောင်းများကို ပို့ဆောင်လိုက်ကြသည်။သို့ဖြစ်ရာ ပြည်မကြီးတွင်ရှိနေသော မှော်ပညာကျောင်းများ၏မှော်ဆရာများသည် ထိုအကြောင်းကိုသိလိုက်ကြသည်။

ဤနေ့တွင် မှော်ဆရာများအားလုံးသည် ခြင်္သေ့မြို့တော်ဆီသို့ဦးတည်၍ လမ်းညွန်မှုကိုခံယူရမည်ဖြစ်သည်။မှော်ဆရာတိုင်းသည် ကောင်းကင်ကိုလင်းထိန်နေစေရန်အတွက် မှော်ပညာကိုအသုံးပြုကာ အေဂါဝမ်အားဂုဏ်ပြုရမည်ဖြစ်သည်။

ရှောင်ယုက ခေါင်းညိတ်ပြလိုက်ပြီး မနက်ဖြန်တွင်အေဂါဝမ်အတွက် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို စတင်လုပ်ဆောင်ခဲ့သည်။

နောက်တစ်နေ့တွင် ခြင်္သေ့မြို့တော်၏မြို့သူမြို့သားအားလုံးသည် အနက်ရောင်ဝတ်စုံအားဝတ်ဆင်ထားကြသည်။ယနေ့တွင် စွန့်စားသူများအားလုံးသည် အေဂါဝမ်ကိုဂုဏ်ပြုပူဇော်ရန်အတွက် ပန်းများကိုလှူဒါန်းခဲ့ကြသည်။ဤနေ့တွင် ရှောင်ယုသည်ဖျော်ဖြေရေးနှင့်သက်ဆိုင်သော အဆောက်အဦးအားလုံးကို ၃ရက်ကြာလုပ်ငန်းဆောင်တာများ ရပ်နားရန်အမိန့်ပေးခဲ့သည်။အထူးသဖြင့် ထိုနေ့များတွင် အဆိုပါစွန့်စားသူများအားလုံးသည် အခကြေးငွေမယူဘဲ အခမဲ့စားသောက်နေထိုင်နိုင်ကြသည်။

ရှောင်ယုသည် မှော်ဆရာ၃ယောက်လုံးအား စကားစမြည်ပြောဆိုရန်အတွက် သူ၏စံအိမ်ရဲတိုက်ထံဖိတ်ခေါ်ခဲ့သည်။နီကိုးလပ်စ်သည်လည်း ထိုအခွင့်အရေးအားလက်လွတ်မခံဘဲ ပင်မခန်းမဆီ လိုက်လာခဲ့သည်။

ဤသည်မှာ တိုက်ကြီးပေါ်ရှိသြဇာအာဏာအရှိဆုံးသော မှော်ဆရာ၃ယောက်ဖြစ်ကြောင်း လူတိုင်းသိထားကြသည်။

သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် ရောက်ရာအရပ်ဒေသကိုလှုပ်ခတ်နိုင်စွမ်းရှိသည်။ယခုအခါ သူတို့သည် ခြင်္သေ့မြို့တော်၌ စုဝေးနေခဲ့ကြသည်။အကယ်၍ အေဂါဝမ်ကြောင့်သာမဟုတ်ပါက ဤသို့စုဝေးနေရန်မဖြစ်နိုင်ပေ။

လင်းမူရွယ်သည် အေဂါဝမ်၏အမွေကိုဆက်ခံခဲ့သော်လည်း ဤနေရာ၌ရှိနေသော မှော်ဆရာ၃ယောက်လုံးက လင်းမူရွယ်ကိုကြောက်ရွံ့နေခြင်းမရှိပေ။

တစ်ခုသိထားရမည်မှာ အေဂါဝမ်၏အမွေအနှစ်သည် မှော်ထွတ်ခေါင်တစ်ယောက်၏အမွေအနှစ်ဖြစ်ကာ အလွန်အရေးကြီးပေသည်။သူတို့၏အဆင့်၌ ထိုသို့သောအမွေအနှစ်သည် အလိုအပ်ဆုံးအရာဖြစ်သည်။ထို့ပြင် ရှောင်ယုက သူတို့အားမည်သူမှလာမနှောင့်ယှက်စေရန် စစ်သားများကိုအမိန့်ပေးထားခဲ့သည်။

"သီအိုဒိုး...မင်းကတော်တော်အသက်ကြီးနေပြီ...မင်းကအကျိုးကျေးဇူးတွေအများကြီးရထားတာတောင်မှ လျှို့ဝှက်ထားသေးတယ်...ဒါတော့နည်းနည်းလွန်တာပေါ့"

ထိုအခိုက်အတန့်တွင် ဝတ်ရုံဖြူဝတ်ဆင်ထားသော မြင့်မြတ်သည့်ဟန်ပန်ဖြင့်မှော်ဆရာက တိုးတိုးလေးပြောလိုက်သည်။

"ဟေ့ ချတ်ခ်....မင်းကငါ့ကိုဘာလို့အပြစ်တင်နေတာလဲ...ဒီနေရာကအခြေအနေတွေကို ငါအကုန်ပြောခဲ့ပြီးပြီလေ...ဆရာမကြီးအေဂါဝမ်ကအခြားသူတွေနှောင့်ယှက်တာကို မခံစားချင်ဘူး"

သီအိုဒိုးသည် မျက်လုံးများကိုမှိတ်ထားလိုက်ပြီး ချတ်ခ်ကိုတုံ့ပြန်ပြောဆိုလိုက်သည်။

"ဟမ့်...မင်းကဆရာမကြီးအေဂါဝမ်နဲ့စကားပြောခွင့်ရလိုက်တာဆိုတော့ ကံကောင်းနေတာပေါ့...ဒါပေမဲ့ခုတော့မိန်းကလေးလင်းကိုမင်းတစ်ယောက်တည်း လက်ဝါးကြီးအုပ်လို့မရနိုင်ဘူး"

ချတ်ခ်က လင်းမူရွယ်အားကြည့်၍ပြောလိုက်သည်။

"အမှန်ပဲ...ခုဆိုရင်ဆရာမကြီးအေဂါဝမ်ရဲ့အမွေအနှစ်က မိန်းကလေးလင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတယ်...ဒါကိုမင်းတစ်ယောက်တည်းမပိုင်ဆိုင်သင့်ဘူး...ဒါကတိုက်ကြီးတစ်ခုလုံးကမှော်ဆရာတွေရဲ့ပိုင်ဆိုင်မှုဖြစ်သင့်တယ်...ဆရာမကြီးအေဂါဝမ်က တိုက်ကြီးရဲ့အုပ်ထိန်းသူတစ်ယောက်ဖြစ်ပြီးတော့ သူမကွယ်လွန်ခဲ့တယ်ဆိုတာက တိုက်ကြီးတစ်ခုလုံးကိုအထောက်အကူပြုစေနိုင်မယ်လို့ ယူဆနိုင်တယ်..."

တစ်ဖက်တွင် သာမန်ဖြစ်ဟန်ရသောအခြားမှော်ဆရာတစ်ယောက်က ထပ်ပြောလာခဲ့သည်။

"ဟေ့...ဆရာကြီးတို့...မင်းတို့ပြောတာမှားနေပြီ...လင်းမူရွယ်ကငါ့ရဲ့မိန်းမဘဲ...မင်းတို့ကငါ့ရဲ့မိန်းမအကြောင်းပြောနေတယ်ဆိုရင် ငါ့ကိုအရင်မေးသင့်တယ်မဟုတ်ဘူးလား"

ရှောင်ယုက ချက်ချင်းပင်ယဉ်ယဉ်ကျေးကျေးစကားဆိုလိုက်သည်။ဤအဘိုးကြီးနှစ်ယောက်သည် လင်းမူရွယ်အားပြည်သူပိုင်ပစ္စည်းကဲ့သို့ပြောဆိုသတ်မှတ်နေသည်ကို သူလက်မခံနိုင်ပေ။

"မြို့စားရှောင်...အထင်မလွဲပါနဲ့...ငါတို့ကမိန်းကလေးလင်းကိုအတင်းအကျပ်လုပ်ဆောင်ခိုင်းမှာမဟုတ်ဘူး...သူမဟာအေဂါဝမ်ရဲ့အမွေဆက်ခံသူဖြစ်ပြီး တိုက်ကြီးရဲ့အုပ်ထိန်းသူဖြစ်လာမယ့်တစ်ယောက်ပဲ...ငါတို့ကသူမကိုဘယ်လောက်မဲ့မထီမဲ့မြင်ပြုပြု ငါတို့ဘယ်လောက်ပဲသတ္တိကောင်းကောင်း သူမကိုဒုက္ခပေးမှာမဟုတ်ဘူး...သူမကိုအမွေဆက်ခံနိုင်အောင် အစွမ်းကုန်ကူညီပေးသွားမှာပါ"

ရှောင်ယု၏စကားကိုကြားသောအခါ ချတ်ခ်က ချက်ချင်းရှင်းပြလိုက်သည်။

"မူရွယ်ကိုကူညီပေးနေတာလား...ငါတို့ကပြီးရင်တူတူကူညီပေးလို့ရတာပဲ...အဲ့ဒါကပြဿနာတစ်ခုခုရှိလို့လား"

ရှောင်ယုသည် အရူးတစ်ယောက်မဟုတ်ပေ။ဤမျှရိုးရှင်းသောစကားကြောင့် အဘယ်ကြောင့်ပြဿနာတက်ရမည်နည်း။ဤကမ္ဘာပေါ်၌ အလကားရသောနေ့လည်စာမရှိပေ။ထို့ပြင် မည်သူကမှသူ့အားအလကားလုပ်ဆောင်ပေးမှာမဟုတ်ပေ။လင်းမူရွယ်အား အမွေဆက်ခံခွင့်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ ဤမှော်ဆရာများသည် အဘယ်ကြောင့်ဤမျှအတိုင်းအတာထိ ရောက်ရှိလာရသနည်း။

"မြို့စားရှောင်...ဒါကဒီလိုရှိတယ်...မိန်းကလေးလင်းက ဆရာမကြီးအေဂါဝမ်ရဲ့အမွေဆက်ခံသူဖြစ်ပေမဲ့ သူမရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းအားကို အပြည့်အဝအသက်သွင်းချင်တယ်ဆိုရင်တော့ သူမကိုလမ်းညွန်ပေးမယ့်ဆရာကောင်းတစ်ယောက်ရှိဖို့လိုအပ်တယ်...ဒီလိုလမ်းညွန်မှုလုပ်ပေးတဲ့ဖြစ်စဉ်အတွင်းမှာဆိုရင် ဆရာမကြီးအေဂါဝမ်ရဲ့မှော်မန္တန်အကြောင်းကို နားလည်မှုအချို့ရရှိလာမှာဖြစ်ပြီးတော့ ငါတို့အတွက်လည်းအများကြီးအထောက်အကူပြုလာနိုင်တယ်...တကယ်လို့သီအိုဒိုးကသာ မိန်းကလေးလင်းကိုလမ်းပြခွင့်ပေးလိုက်မယ်ဆိုရင် ငါတို့နှစ်ယောက်လုံးကသတ္တမအဆင့်ကိုဖြတ်ကျော်ဖို့ အခွင့်အရေးကိုဆုံးရှုံးသွားလိမ့်မယ်"

နောက်ထပ်မှော်ဆရာတစ်ယောက်က ဝင်ရောက်ပြောဆိုလာခဲ့သည်။

"ဒါက အဲလိုဖြစ်လာတာပေါ့"

ရှောင်ယုသည် ထိုမှော်ဆရာ၏စကားကိုနားထောင်ပြီးနောက်တွင် အခြေအနေကိုချက်ချင်းနားလည်လိုက်သည်။

"မင်းက ဆရာကြီးဖာဂူဆန်လား"

"အမှန်ပဲ...ငါကကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့တော်ဝင်မှော်ဆရာဖြစ်တဲ့ ဖာဂူဆန်ပဲ"

ဖာဂူဆန်က ပေါ့ပေါ့ပါးပါးခေါင်းညိတ်ပြလိုက်ကာ ၎င်း၏အထောက်အထားကို ဖော်ပြလိုက်သည်။

ရှောင်ယုသည် ဖာဂူဆန်၏အမည်ကိုအလွန်ပင်ရင်းနှီးပေသည်။အမှန်တော့ ၎င်းသည်တိုက်ကြီး၏အကြီးမြတ်ဆုံး မှော်ဆရာ၃ယောက်အနက်မှ တစ်ယောက်ဖြစ်သည်။

ဖာဂူဆန်သည် ကောင်းကင်ခြင်္သေ့မင်းဆက်အပေါ် သစ္စာစောင့်သိသော မှော်ဆရာကြီးတစ်ယောက်ဖြစ်ကြောင်း ရှောင်ယုကြားဖူးပေသည်။စွမ်းအားကြီးအင်အားစုအများအပြားက သူ့အားဆွဲဆောင်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။

ကောင်းကင်ခြင်္သေ့မင်းဆက် ဆက်လက်တည်ရှိနေသည့်အဓိကအကြောင်းရင်းမှာ ဖာဂူဆန်တည်ရှိနေရခြင်းကြောင့်ဆိုလျှင် မမှားပေ။ထိုသို့မဟုတ်ပါက မျိုးနွယ်စုကြီးများသည် ကောင်းကင်ခြင်္သေ့မင်းဆက်၏အုပ်စိုးမှုကိုဖြုတ်ချကာ သူတို့၏ကိုယ်ပိုင်မင်းဆက်ကို တည်ထောင်သွားမည်ကို စိုးရိမ်ရပေသည်။

"အဲလိုသာဖြစ်လာခဲ့ပြီဆိုရင် ငါလည်းနည်းနည်းတောင်းဆိုလို့ရမလား"

ဖာဂူဆန်သည် သူ၏ခန့်မှန်းချက်ကို အတည်ပြုခဲ့ပြီးနောက်တွင် ရှောင်ယုကချက်ချင်းပြန်ဖြေခဲ့သည်။

အေဂါဝမ်၏အမွေဆက်ခံမှုနှင့်ပတ်သက်၍ သက်ရောက်မှုသည်အလွန်ကြီးမားပေသည်။ဤအရာသည် သတ္တမအဆင့်အားဖြတ်ကျော်ရန်အတွက် သူ၏တစ်ခုတည်းသောအခွင့်အရေးဖြစ်ရာ အဘယ်ကြောင့်လက်လွှတ်ရမည်နည်း။

သူတို့သည် လင်းမူရွယ်၏အထူးဝိသေသလက္ခဏာကြောင့် အင်အားကိုအသုံးမပြုဝံ့သည့်အတွက် ရှောင်ယုနှင့်လင်းမူရွယ်၏သဘောတူညီချက်ကိုသာ တောင်းခံနိုင်ခဲ့သည်။

ရှောင်ယုကလည်း ရရှိလာသည့်အခွင့်အရေးကို လက်လွတ်မခံဘဲ ကောင်းကောင်းအသုံးချလိုခဲ့သည်။ထို့ကြောင့် သူသည်တစ်စုံတစ်ခုကိုတောင်းဆိုနိုင်သော်လည်း ထိုနတ်ဆိုးအိုကြီးများဒေါသထွက်လာမည်ကို စိုးရိမ်မိသည့်အတွက်ကြောင့် သူတို့လိုက်လျောနိုင်စွမ်းမရှိသည်တို့အား မတောင်းဆိုခဲ့ပေ။

"မင်းက ဘာတွေတောင်းဆိုချင်တာလဲ"

ချတ်ခ်သည် စိတ်မငြိမ်မသက်ဖြစ်ကာ ရှောင်ယုကိုကြည့်လိုက်သည်။

ရှောင်ယုက အပြုံးမပျက်ဘဲသူ၏အခြေအနေကို စတင်၍ရှင်းပြလိုက်သည်။

ဖာဂူဆန်နင့်ချတ်ခ်တို့သည် ရှောင်ယု၏တောင်းဆိုချက်ကို နားထောင်ပြီးနောက်တွင် သူတို့၏မျက်နှာသည်အစိမ်းရောင်သန်းလာခဲ့သည်။ရှောင်ယု၏တောင်းဆိုချက်သည် အလွန်အမင်းဖြစ်လွန်းသည်ဟု သူတို့ခံစားမိသော်လည်း သူတို့၏နောက်ဆုံးအခွင့်အရေးအား လောင်းကစားမလုပ်ဝံ့ပေ။

အရာအားလုံးပြီးဆုံးသွားပြီးနောက် ရှောင်ယုကစိတ်ကောင်းဝင်နေသေးသည်။ထို့နောက်သူသည် ခြင်္သေ့မြို့တော်၏ဂုဏ်သရေကိုခံစားရန် အပြင်သို့ထွက်လာခဲ့သည်။

အခန်း ၅၁၉ - ရှေးဟောင်းအင်းဆက်မျိုးနွယ်

ရှောင်ယုသည် ခြင်္သေ့မြို့တခွင်ကို လှည့်ပတ်ကြည့်ရှုနေရင်း ခဏအကြာတွင် လီအာသည်တစ်စုံတစ်ခုအရေးကြီးသောအမူအရာဖြင့် သူ့ရှေ့၌ပိတ်ရပ်လိုက်သည်။

"ဘာပြဿနာရှိလို့လဲ..."

ရှောင်ယုသည် လီယာ၏စိတ်ရှုပ်ထွေးနေသောအမူအရာကို သတိပြုမိလိုက်သည့်အတွက် ချက်ချင်းမေးမြန်းလိုက်သည်။သူမသည် နာရက်စ်မန်းနှင့်ပတ်သက်၍ အရေးကြီးသတင်းတစ်စုံတစ်ရာကိုရရှိခဲ့ပါသလား...

ထိုသို့မဟုတ်လျှင် ရှောင်ယု၏ကလိမ်ကျခြင်းကိုခံလိုက်ရသော ရန်သူများက ခြင်္သေ့မြို့တော်ကို လက်စားချေရန်ရောက်လာသည်လား...

"အနောက်တိမ်တိုက်အင်ပါယာကနေပြီး သတင်းတစ်ခုရလာတယ်"

လီယာကပြောလိုက်သည်။

"အဲ့မှာတစ်ခုခုဖြစ်ခဲ့တာလား..."

ရှောင်ယုကမျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။ချင်ချဲသည် မတော်တဆမှုတစ်ခုခုနှင့်ကြုံတွေ့ခဲ့သည်လား...ထိုသို့မဟုတ်လျှင် အနောက်တိမ်တိုက်အင်ပါယာ၌ ကြီးကြီးမားမားပြဿနာမဖြစ်သင့်ပေ။

"ဒါက ထို့ပါဟောင်ဆီကသတင်းပဲ...မကြာခင်မှာပွဲကြီးပွဲကောင်းတစ်ခုဖြစ်လာတော့မယ်...အတိအကျပြောနိုင်ဖို့အတွက်တော့ မကျိန်းသေဘူး"

လီယာက ရှောင်ယုကိုကြည့်ရင်းပြောလိုက်သည်။

ရှောင်ယုက ခေါင်းညိတ်ပြလိုက်ကာ ဘာမှဆက်မပြောတော့ဘဲ အစည်းအဝေးပွဲခန်းမသို့ အမြန်သွားခဲ့သည်။လက်ရှိအချိန်တွင် မှော်ဆရာကြီး၃ယောက်သည် ဤနေရာ၌မရှိကြတော့ဘဲ လင်းမူရွယ်အား မှော်ပညာကိုသင်ကြားပေးရန်အတွက် လွတ်လပ်သောနေရာတစ်ခုထံသွားခဲ့ကြသည်။နီကိုးလပ်စ်သည်လည်း ဘယ်ရောက်သွားမှန်းမသိရပေ။

ယခုအခါ အစည်းအဝေးခန်းမ၌ မူဟွာလီကဲ့သို့သောခြင်္သေ့နယ်မြေ၏ အရေးပါသောပုဂ္လိုလ်များသည် အရေးပေါ်အခြေအနေကိုဆွေးနွေးနိုင်ရန်အတွက် ရှောင်ယုရောက်အလာကို စောင့်ဆိုင်းနေကြသည်။

ရှောင်ယုသည် အစည်းအဝေးခန်းမထဲရောက်လာပြီးနောက် သတင်းပို့လာသည့်စာအိတ်ကို ချက်ချင်းဖွင့်ကာ အထဲမှစာကိုထုတ်ဖတ်လိုက်သည်။ရှောင်ယုသည် စာထဲ၌ရေးထားသည့် အကြောင်းအရာကိုဖတ်ပြီးနောက်တွင် ရုတ်တရက်မျက်မှောင်ကြုတ်မိလိုက်သည်။

"အရှင်...ဘာဖြစ်တာလဲ"

မူဟွာလီသည် ရှောင်ယု၏အမူအရာကိုမြင်ပြီး ချက်ချင်းမေးမြန်းလိုက်သည်။

ရှောင်ယုက မကျေမနပ်အမူအရာဖြင့် ပြုံး၍ပြောလိုက်သည်။

"အရာရာတိုင်းကအဆင်မပြေဘူးထင်တယ်...အနောက်တိမ်တိုက်အင်ပါယာရဲ့ နက်ရှိင်းတဲ့ဒေသတွေမှာ အင်းဆက်တွေအမြောက်အများတွေ့ခဲ့တယ်လို့ ထို့ပါဟောင်ကသတင်းပို့လာတယ်...သူကကင်းထောက်တွေကိုစေလွှတ်ကြည့်တော့ အဲနေရာမှာရှေးဟောင်းမြို့တော်ကြီးတစ်ခုကိုတွေ့ခဲ့ပြီး လေထဲမှာအင်းဆက်တွေအများကြီးကို တွေ့ခဲ့ရတယ်...ခုဆိုရင်အင်းဆက်တွေက အနောက်တိမ်တိုက်အင်ပါယာကို စတင်ကျူးကျော်လာပြီးကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေခဲ့တယ်...ဒါကိုသာမတားနိုင်ဘူးဆိုရင် အကျိုးဆက်တွေကအရမ်းပြင်းထန်သွားလိမ့်မယ်"

"အင်းဆက်တွေလာ...ဘယ်လိုဖြစ်ပြီးအင်းဆက်တွေအများကြီးရောက်လာတာလဲ"

မူဟွာလီနှင့်အခြားသူများသည် ရှောင်ယု၏စကားကိုဂရုတစိုက်နားထောင်ပြီးနောက် ထိတ်လန့်သွားခဲ့ရသည်။သန်ကောင်များနှင့်ဆင်တူသော ထိုသားရဲများသည် တိုက်ကြီး၏သမိုင်းတွင် ဆိုးရွားသောမှတ်တမ်းများချန်ထားရစ်ခဲ့သည်။ထိုကဲ့သို့သောအင်းဆက်များသည် အရေအတွက်အလွန်များပြားကာ ပျံ့နှံ့လာသည်နှင့်တပြိုင်နက် အရာရာတိုင်းကိုဖျက်ဆီးနိုင်စွမ်းရှိသည်။

"ငါထင်တာမမှားဘူးဆိုရင် အဲ့တာအင်ကာရက်ဂ်ရဲ့လက်ချက်ပဲ"

ရှောင်ယုက တစ်ချက်ဝင်ပြောလိုက်ပြီး အရာရာတိုင်းသည် လျင်မြန်စွာစတင်ပြောင်းလဲလာကြောင်း စဉ်းစားနေခဲ့သည်။အစောပိုင်းတွင် နာရက်စ်မန်းမြို့တော်ထွက်ပေါ်လာပြီး ယခုအခါအင်ကာရက်ဂ်လည်း ထွက်ပေါ်လာခဲ့သည်။

"အင်ကာရက်ဂ်...အဲ့ဒါကဘာလဲ"

လူတိုင်းသည် ထိုစကားလုံးနှင့်စိမ်းသက်နေခဲ့ကာ လုံးဝမကြားဖူးခဲ့ကြပေ။

ရှောင်ယုက သက်ပြင်းချ၍ရှင်းပြလိုက်သည်။

"အင်ကာရက်ဂ်ဆိုတာက ရှေးဟောင်းအင်းဆက်မျိုးနွယ်စုတွေရဲ့အိမ်ဖြစ်ပြီး တစ်ချိန်ကအဲ့ဒီနေရာမှာ လူတိုင်းကိုကြောက်ရွံ့တုန်လှုပ်စေခဲ့တဲ့ အားကောင်းတဲ့အင်းဆက်အင်ပါယာတစ်ခုတည်ရှိဖူးခဲ့တယ်...ဒါပေမဲ့ ဇတ်ဂ်တွေက အလွန်အားကောင်းလာတဲ့အခါမှာ နဂါးမိသားစုရဲ့အကူအညီနဲ့အတူ အင်ကာရက်ဂ်ကိုအနိုင်ယူခဲ့တယ်...ခုဆိုရင်အင်ကာရက်ဂ်ကပြန်ပြီးထွက်ပေါ်လာခဲ့ပြီ ဒါကပြဿနာပဲ"

"အဲ့...အဲ့ဒါဆိုဘာတွေဆက်ဖြစ်လာမှာလဲ...ဇတ်ဂ်တွေက အနောက်တိမ်တိုက်အင်ပါယာကို ဝါးမြိုပြီးသွားရင် နောက်ပစ်မှတ်ကငါတို့ပဲ...ဇတ်ဂ်အင်းဆက်တွေကအရမ်းကိုလျင်မြန်တဲ့ မျိုးနွယ်စုတွေဖြစ်တယ်"

"အဲ့ဒါကသိပ်မခက်ပါဘူး...လူသူစတင်စုဆောင်းတော့...ဒီမှာစွန့်စားသူတွေအများကြီးမရှိကြဘူးလား...သူတို့ကဘာကိုလိုချင်တာလဲ...နာစ်ရက်မန်းကရတနာတွေလား...ဒါမှမဟုတ်အင်ကာရက်ဂ်ကရတနာတွေလား...ငါတို့သာမက်လုံးနည်းနည်းပေးလိုက်ပြီဆိုရင် မရေမတွက်နိုင်တဲ့စွန့်စားသူတွေစုဝေးလာကြလိမ့်မယ်...ငါတို့တောင်အဲလောက်အပင်ပန်းခံစရာမလိုဘူး"

ရှောင်ယု၏မျက်နှာပေါ်၌ ဆိုးရွားသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။သူသည် ထိုပြဿနာကိုတစ်ယောက်တည်းကိုင်တွယ်ဖြေရှင်းရန် အဆင်မပြေသည့်အတွက်ကြောင့် လူတိုင်းအားဆွဲသွင်းလိုက်ခြင်းက အဆင်ပြေပေသည်။

သို့သော်လည်း စွန့်စားသူအမြောက်အများ ရောက်ရှိလာခဲ့လျှင်ပင် ဇာတ်ဂ်စစ်တပ်အားမည်သို့မှ မလုပ်ဆောင်နိုင်မည်ကို ရှောင်ယုစိုးရိမ်နေခဲ့သည်။ဇတ်ဂ်များသည် အလွန်ထူးဆန်းကာအရေအတွက် အလွန်များပြားပေသည်။အကယ်၍ ဂရုတစိုက်မကိုင်တွယ်မိခဲ့ပါက သူ၏တပ်သားများအပါအဝင် စွန့်စားသူများအလွန်အကျရှုံးများပြားသွားမည်ဖြစ်သည်။

"အရှင်က ညဏ်ပညာကြီးမားတော်မူပါတယ်..."

ရှောင်ယု၏စကားကိုကြားသောအခါ လူတိုင်းအံ့သြသွားခဲ့ကြသည်။သူတို့သည် ရှောင်ယု၏ဖြေရှင်းချက်ကိုသေချာစဉ်းစားကြည့်ပြီးနောက်တွင် ၎င်းသည်ယခုအချိန်၌အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း နားလည်လိုက်ကြသည်။

သို့သော်လည်း သူတို့မသိခဲ့သည့်အရာမှာ ရှောင်ယုကိုယ်တိုင်က ဇာတ်ဂ်များကိုရင်ဆိုင်ရန်ယုံကြည်မှုရှိမနေခြင်းဖြစ်သည်။

ထို့ကြောင့် ရှောင်ယုကအမိန့်ထုတ်ပြန်လာသောအခါတွင် ခြင်္သေ့မြို့တော်၏တပ်ဖွဲ့များသည် အနောက်တိမ်တိုက်အင်ပါယာသို့ ချီတက်ရန်စတင်ပြင်ဆင်ခဲ့ကြသည်။နာရက်စ်မန်းနှင့်အင်ကာရက်ဂ်တို့ကို ယှဉ်ကြည့်မည်ဆိုလျှင် အင်ကာရက်ဂ်သည်အလွန်ကြီးမားသည့်အတွက်ကြောင့် ရတနာများကိုရှာတွေ့နိုင်ခြေအလွန်မြင့်ပေသည်။သို့ဖြစ်ရာ လူတိုင်းသွား၍ကိတ်မုန့်တစ်ချပ်ကိုဖဲ့ယူနိုင်သည်။

"ဟေး...မင်းသတင်းကြားပြီးပြီလား...ခုဆိုရင်စွန့်စားသူတွေအများကြီးက ဒီကနေထွက်သွားပြီးတော့ အနောက်တိမ်တိုက်အင်ပါယာကိုသွားနေကြပြီ"

"အနောက်တိမ်တိုက်အင်ပါယာကိုလား...ခုဆိုရင်နာရက်စ်မန်းဖွင့်ဖို့သိပ်မလိုတော့ဘူးလေ...သူတို့ကရူးနေတာလား"

"မင်းနားမလည်ပါဘူး...နာရက်စ်မန်းကအချိန်ခဏအတွင်းပွင့်လာမှာမဟုတ်ဘူး...ဒါပေမဲ့မကြာခင်က အနောက်တိမ်တိုက်အင်ပါယာမှာ ဧရာမရှေးဟောင်းမြို့တော်ကြီးတစ်ခုထွက်ပေါ်လာတယ်...အဲ့ဒါကကျော်ကြားတဲ့အင်ကာရက်ဂ်ဘုရားကျောင်းပဲ...အဲ့ဒီမှာ နာရက်စ်မန်းထက်တောင်ရတနာတွေပိုများသေးတယ်...သာမန်စွန့်စားသူတွေတောင် ရတနာတွေရနိုင်မှတော့လူတိုင်းအဲ့ဒီကိုသွားကြပြီပေါ့"

အင်ကာရက်ဂ်ဘုရားကျောင်း၏ အသွင်အပြင်သည်ခြင်္သေ့နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ရှောင်ယုသည် ထိုသတင်းကိုထုတ်ပြန်ပြီးနောက် မှော်ဆရာကြီး၃ယောက်ထံသွား၍ စကားစမြည်ပြောခဲ့သည်။

"ဆရာကြီးတို့...ဒီအတောအတွင်းအဆင်ပြေကြတယ်မဟုတ်လား"

ရှောင်ယုသည် သူတို့အားမည်သည့်အခါကမှ မနှောင့်ယှက်ဖူးခဲ့သကဲ့သို့ ခြံဝင်းထဲသို့ပြုံး၍ဝင်သွားခဲ့သည်။

မှော်ဆရာကြီး၃ဦးလုံးက ရှောင်ယုကိုမျက်လုံးစောင်း၍ကြည့်လိုက်ကြသည်။

"ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ"

သီအိုဒိုးက အရင်ဆုံးစပြောလိုက်သည်။အဆုံးသတ်တွင် သီအိုဒိုးသည်ရှောင်ယုနှင့်အရင်းနှီးဆုံးဖြစ်ပေသည်။

"ဆရာကြီးတို့...ခုဆိုရင်တိုက်ကြီးတစ်ခုလုံးက သေခြင်းရှင်ခြင်းဆိုင်ရာအခက်အခဲနဲ့ရင်ဆိုင်နေပြီ...မင်းတို့သာဝင်ပြီးမစွက်ဖက်ဘူးဆိုရင် တိုက်ကြီးကဘေးဒုက္ခတွေ့ရလိမ့်မယ်"

ရှောင်ယုသည် ကောင်းကင်ပေါ်မျက်နှာမူကာ တရားမျှတမှု၏သူရဲကောင်းတစ်ယောက်ကဲ့သို့ ဝမ်းနည်းပူဆွေးမှုများဖြင့်ပြည့်နှက်နေသော လေသံဖြင့်ပြောလိုက်သည်။သူသည် သေဆုံးသွားလျှင်တောင်မှ ကမ္ဘာကြီးကိုကယ်တင်သွားမယ့် သူရဲကောင်းတစ်ယောက်၏ဟန်ပန်အပြည့်ရှိနေခဲ့သည်။

"သေခြင်းရှင်ခြင်းအကျပ်အတည်း...ဘာတွေဖြစ်နေတာလဲ"

ဖာဂူဆန်ကဒေါသမထွက်ဘဲ ပြောလိုက်သည်။

"စကားကိုကွေ့ဝိုက်ပြီးပြောမနေတော့ပါဘူး...တည့်တည့်ပဲပြောလိုက်တော့မယ်...အင်ကာရက်ဂ်ဘုရားကျောင်းက ပြန်ပေါ်လာခဲ့ပြီ...ဇတ်ဂ်စစ်တပ်ဟာ အနောက်တိမ်တိုက်အင်ပါယာရဲ့ထက်ဝက်ကျော်ကိုချေမှုန်းလိုက်ပြီ...ငါတို့သာဘာမှဆက်မလုပ်ဘူးဆိုရင် နောက်လဝက်လောက်ကြာရင် အနောက်တိမ်တိုက်အင်ပါယာကအဆုံးသတ်သွားလိမ့်မယ်...အဲ့ဒါဆိုရင်နောက်ထပ်ပစ်မှတ်က ငါ့ရဲ့ခြင်္သေ့နယ်မြေပဲ...ပြီးတော့တိုက်ကြီးတစ်ခုလုံးဖြစ်လာလိမ့်မယ်...ဇတ်ဂ်တွေရဲ့မျိုးပွားနိုင်စွမ်းကိုငါတို့ကောင်းကောင်းသိထားပြီးပြီဆိုတော့ ငါတို့ဟာသူတို့ကိုအနှောင့်အယှက်မဖြစ်စေခဲ့ရင် ကောင်းကောင်းရှင်သန်ကြီးထွားလာလိမ့်မယ်...အဲလိုဆိုရင်သူတို့ကိုချေမှုန်းဖို့နည်းလမ်းမရှိတော့ဘူး"

ရှောင်ယုသည် ပြသနာကိုတမင်တကာချဲ့ကားစေရင်း မှော်ဆရာသုံးယောက်အား လက်ရှိအခြေအနေကိုသိမြင်စေလိုက်သည်။

"မင်းဘာပြောတာလဲ...အင်ကာရက်ဂ်ကပေါ်လာပြန်ပြိလား..."

ရှောင်ယု၏စကားကိုကြားကြားချင်း ရှောင်ယုကတစ်စုံတစ်ခုထပ်မံလှည့်စားရန် ကြံစည်နေသည်ဟုအထင်ရောက်သွားကြသော်လည်း အင်ကာရက်ဂ်ဟူသောအမည်ကိုကြားချိန်တွင် သူတို့၏အမူအရာသည် ချက်ချင်းတည်ကြည်သွားခဲ့သည်။သို့သော်လည်း သူတို့သည်ချက်ချင်းအကြောင်းမပြန်ဘဲ ၃ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏မျက်လုံးများက စတင်တောက်ပလာခဲ့သည်။

All Chapters