အခန်း (၅၂၀-၅၂၂)
Vol. 35 Ch. 520-522
အခန်း ၅၂၀ - ပုပ်ရဟန်းမင်း၏အကြောင်း
"ဆရာကြီးတို့ဘာလိုချင်ကြလို့လဲ..."
ရှောင်ယုသည် တစ်စုံတစ်ခုထူးဆန်းနေကြောင်း ချက်ချင်းသတိပြုမိလိုက်သော်လည်း သူသည်အမှန်တကယ်ပင်မအံ့သြဘဲ မနေနိုင်တော့ပေ။ထိုအဘိုးကြီးများ၏ခွန်အား အဆင့်အတန်းဖြင့်ဆိုပါက သူ့ဆီမှမည်သည့်အရာများကို ထပ်မံလိုအပ်နေပါသနည်း။သူတို့၏အနေအထားဖြင့်ဆိုလျှင် သူတို့လိုချင်သည့်အရာမှန်သမျှကို ရနိုင်ပေသည်။
"ငါတို့လိုချင်တာ မင်းရဲ့မှော်ဆေးရည်ပဲ...ငါတို့တစ်ယောက်စီတိုင်းက မှော်ဆေးရည်၅၀၀စီလိုချင်တယ်...ဘယ်လိုပဲဆိုဆို ဇတ်ဂ်တွေနဲ့ဆက်ဆံရတာ မှော်စွမ်းအင်အရမ်းကုန်ခမ်းစေတယ်...မင်းသာငါတို့ကိုမှော်ဆေးရည်တွေထောက်ပံ့ပေးရင် ဇတ်ဂ်ပြသနာကိုစိတ်ပူစရာမလိုတော့ဘူး"
သီအိုဒိုးက လိမ္မာပါးနပ်စွာပြုံး၍ပြောလိုက်သည်။
"ဘုရားရေ...တစ်ယောက်ကိုပုလင်း၅၀၀ဟုတ်လား...မင်းတို့ကငွေညစ်နေတာပဲ...ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပုလင်း၅၀၀ကျော်ကိုခဲရာခဲဆစ်စုဆောင်းခဲ့ရတယ်...ပြီးတော့ ပြီးပြည့်စုံတဲ့အေဂါဝမ်ရဲ့ရုပ်တုအတွက် တစ်ယောက်ကိုပုလင်း၁၀၀စီပေးထားခဲ့ပြီလေ..."
သီအိုဒိုး၏စကားကိုကြားသောအခါ ရှောင်ယုသည်အမြီးတက်နင်းခံရသောကြောင်ပမာ ချက်ချင်းထခုန်မိလိုက်သည်။
မှော်ဆေးရည်၏ အရေးပါပုံကိုရှင်းပြနေစရာမလိုအပ်ပေ။၎င်းသည် မဟာဗျူဟာမြောက်အရင်းအမြစ်တစ်ခုဖြစ်သည်။
"တော်တော့...မင်းအကြောင်းကိုငါမသိဘူးထင်နေတာလား...မင်းဆီမှာဆေးရည်ပုလင်းတွေ အများကြီးရှိရမယ်...မြန်မြန်လေးတစ်ယောက်ကို ပုလင်း ၃၀၀စီပေးလိုက်"
သီအိုဒိုးက သူ၏လက်ကိုဆန့်တန်းလိုက်ကာ ရှောင်ယုအားမေးမြန်းလိုက်သည်။
"ပုလင်း ၃၀၀တော့မဖြစ်နိုင်ဘူး...တစ်ယောက်ကိုပုလင်း၁၀၀စီထပ်ပေးမယ်...နောက်ဆုံးအကြိမ်ကပေးခဲ့တဲ့ ပုလင်း၁၀၀ကိုတောင်မှ မင်းတို့အကုန်အသုံးမပြုရသေးဘူး"
ရှောင်ယုသည် လုံးဝအရှုံးမခံခဲ့ပေ။သိထားရမည့်အရာမှာ ဤအရာသည် သူ၏ဗျူဟာမြောက်အရင်းအမြစ်တစ်ခုဖြစ်သည်။သူသည် အဘယ်ကြောင့်ပေါ့ပေါ့တန်တန် အသုံးပြုရမည်နည်း။
အမှန်တော့ ရှောင်ယုထံ၌ ပုလင်း၈၀၀ခန့်ရှိနေသေးသည်။
အချိန်အတော်ကြာအောင် ဆွေးနွေးပြီးနောက်တွင် တစ်ယောက်စီအား ပုလင်း၂၀၀စီပေးရန် သဘောတူညီမှုရရှိခဲ့သည်။ဤမှော်ဆရာကြီး၃ယောက်နှင့်ဆိုပါက ရှောင်ယုကအောင်ပွဲခံနိုင်မည်ဟု ယုံကြည်မှုရှိပေသည်။
ထို့ကြောင့် အနောက်တိမ်တိုက်အင်ပါယာသို့သွားရန် အစီအစဉ်သည်ပြေလည်သွားခဲ့သည်။အနောက်တိမ်တိုက်အင်ပါယာသို့ ခရီးစဉ်သည် မဖြစ်မနေသွားရန်လိုအပ်ကာ လျစ်လျူရှု၍မရပေ။ဤအရာသည် တိုက်ကြီးတစ်ခုလုံး၏ခွန်အားကို စမ်းသပ်မှုလည်းဖြစ်ပေသည်။ယခုအခါ တိုက်ကြီးတစ်ခုလုံးသည် ကမောက်ကမဖြစ်နေကော ဒုက္ခမျိုးစုံနှင့်ဆက်တိုက်ကြုံတွေ့လာရသည်။အကယ်၍ ကောင်းစွာမကိုင်တွယ်နိုင်ပါက တိုက်ကြီးတစ်ခုလုံးပင် ပျက်စီးသွားနိုင်ပေသည်။
ဤကိစ္စနှင့်ပတ်သက်၍ အများပြည်သူအထိတ်တလန့်မဖြစ်စေရန် သီအိုဒိုးနှင့်အခြားသူများက လူသိရှင်ကြားထုတ်ပြန်ကြေငြာခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။သူတို့သည် ယခုဖြစ်ပေါ်နေသော အနောက်တိမ်တိုက်အင်ပါယာ၏ပြဿနာကို အလွန်အလေးထားကြသည်။ယခုအခါ အေဂါဝမ်မရှိတော့သည်ဖြစ်၍ တိုက်ကြီးအားကာကွယ်ရန်မှာ သူတို့၏တာဝန်ဖြစ်သည်။
ဒုတိယမြောက်နေ့တွင် ရှောင်ယု၏တပ်များသည် အနောက်တိမ်တိုက်အင်ပါယာသို့ စတင်ချီတက်ခဲ့သည်။ယခုတစ်ကြိမ်တွင် ရှောင်ယုသည် တပ်ဖွဲ့အများစုကိုယူဆောင်လာခဲ့ကာ ခုခံကာကွယ်ရေးအတွက် တပ်ဖွဲ့အနည်းငယ်ခန့်ကိုသာချန်ရစ်ထားခဲ့သည်။
ရှောင်ယုသည် သူ၏တပ်ဖွဲ့အားပြောင်ပြောင်တင်းတင်းလှုပ်ရှားဝံ့သည့် အဓိကအကြောင်းရင်းမှာ မှော်ဆရာကြီး၃ယောက်သည် သူတို့၏မှော်သတိပေးချက်ကို ဤနေရာ၌အတူထားခဲ့၍ဖြစ်သည်။ယခုအခါတွင် ခြင်္သေ့ဘုရင်သည် တိုက်ကြီး၏လုံခြုံရေးအားကာကွယ်ရန်အတွက် အင်ကာရက်ဂ်ဘုရားကျောင်းကို သိမ်းပိုက်ရန်ချီတက်တော့မည်ဖြစ်ကြောင်း လူတိုင်းလိုလိုပင် သိရှိထားကြပေသည်။ယခုလို မှော်ဆရာကြီး၃ယောက်၏ကာကွယ်မှုအောက်၌ရှိနေသော ခြင်္သေ့မြို့တော်ကိုတိုက်ခိုက်ရန် မည်သူကဝံ့ရဲမည်နည်း။
ထိုအသိပေးချက်၃ခုဖြင့်ဆိုလျှင် ရှောင်ယုကအလွယ်တကူ စိတ်ချထားနိုင်ပေသည်။
"ဆရာကြီးသီအိုဒိုး...ပုပ်ရဟန်းမင်းရဲ့မူလအစကို သင်သိထားသေးလား"
ရှောင်ယုသည် သူ၏ဇိမ်ခံရထားလုံးပေါ်၌ အရက်သောက်နေရင်း မှော်ဆရာများနှင့်အတူစကားစမြည်ပြောနေခဲ့သည်။ရှောင်ယုသည် ယခုလိုကြုံတောင်ကြုံခဲအခွင့်အရေးတစ်ခုကို မဖြုန်းတီးလိုပေ။သူသည် ပုပ်ရဟန်းမင်းရဲ့လျှိ့ဝှက်ချက်များကို ဖွင့်ဟလိုခဲ့သည်။ယောကျာင်္းများသည် မိမိတို့၏ရန်သူကိုအောင်နိုင်ရန် ရန်သူ၏အတွင်းနှလုံးသားကို ထွင်းဖောက်သိမြင်နေရမည်ဖြစ်သည်။
ယခုအခါ ပုပ်ရဟန်းမင်းကြီးသည် သူ၏အကြီးမားဆုံးရန်သူဖြစ်နေခဲ့ပြီဖြစ်သည်။
"ဘုရားကျောင်းက အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်နေတယ်...ဘုရားကျောင်းမှာ ငါတို့လုံးဝမသိနိုင်တဲ့အရာများစွာရှိနေတယ်ဆိုပေမဲ့ ငါတို့လိုလူကြီးအချို့အပါအဝင် အခြားလူတွေက ဘုရားကျောင်းကိုမထီမဲ့မြင်မလုပ်ဝံ့ကြောင်း ဝန်ခံရလိမ့်မယ်...ဘုရားကျောင်းမှာအစွမ်းထက်တဲ့စစ်သည်တွေအများကြီးရှိတယ်...သူတို့ရဲ့ပုပ်ရဟန်းမင်းဆိုရင်ပိုပြီးတောင်မှန်းဆလို့မရနိုင်ဘူး...ခန့်မှန်းကြည့်ရရင် သူ့ရဲ့ခွန်အားကငါတို့ထက် မနိမ့်ကျလောက်ဘူး"
သီအိုဒိုးက ဝိုင်ကိုအရသာခံသောက်ရင်း ပြန်ဖြေလိုက်သည်။
"ဘုရားကျောင်းမှာ ဆဌမအဆင့်အထွတ်အထိပ်ကိုရောက်သွားတဲ့လူတစ်ယောက်ရှိနေနိုင်လား..."
ရှောင်ယုက အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။ပုပ်ရဟန်းမင်းထံတွင် ဤမျှလောက်အစွမ်းထက်သည့် အင်အားကိုပိုင်ဆိုင်ထားလိမ့်မည်ဟု သူမည်သည့်အခါကမှ မတွေးထားခဲ့ဖူးပေ။
"အဲ့ဒါကိုငါသေချာအာမခံနိုင်တယ်...အဲလိုသူရဲကောင်းမျိုးမရှိဘူးဆိုရင် ဘုရားကျောင်းကဘုရားကျောင်းမဟုတ်တော့ဘူး"
ချတ်ခ်ကလည်း ထိုအချိန်၌ဝင်ရောက်ပြောဆိုလာခဲ့သည်။
မကြာသေးမှီက သူတို့သည်ရှောင်ယုနှင့်အတူ နေထိုင်စားသောက်ခဲ့ကြသည်။ထိုအတောအတွင်း ရှောင်ယုကသူတို့အားရိုသေလေးစားမှုပြသခဲ့သည့်အတွက် ရှောင်ယုအားပို၍သဘောကျနှစ်ခြိုက်လာခဲ့သည်။
ယခုအခါ ရှောင်ယုသည် သူ၏အကြီးမားဆုံးရန်သူဖြစ်သော ဘုရားကျောင်းအကြောင်းကို မေးမြန်းလာသည့်အတွက်ကြောင့် သတင်းအချက်အလက်အချို့အား ပေးရသည်မှာပြဿနာမဟုတ်ပေ။အဆုံးသတ်တွင် သူတို့သည်ဤပြဿနာ၌ များစွာဝင်ရောက်စွက်ဖက်ရန်မလိုခဲ့ပေ။
"အဲ့ဒီလူက အရမ်းအစွမ်းထက်နေတယ်ဆိုမှတော့ ဘာလို့ငါ့ရဲ့ခြင်္သေ့မြို့တော်ကိုတစ်ချက်တည်းနဲ့ အပြီးသတ်ဖို့အတွက် တားမြစ်မှော်ပညာကိုဘာလို့အသုံးမပြုရတာလဲ"
ရှောင်ယုက မမေးမြန်းဘဲမနေနိုင်ခဲ့ပေ။ယခုအခါ သူသည်ပုပ်ရဟန်းမင်း၏အသားထဲနစ်ဝင်နေသော ဆူးတစ်ချောင်းသဖွယ်ဖြစ်သည်။ပုပ်ရဟန်းမင်းသည် သူအလွန်အစွမ်းမထက်လာမှီ အဘယ်ကြောင့်သူ့အားရှင်းပစ်ရန် မကြံစည်ရသနည်း။
"တားမြစ်မှော်ပညာကို ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်မယ်လို့ မင်းထင်လား...တားမြစ်မှော်ပညာမှာ တားမြစ်ဆိုတဲ့စကားလုံးပါဝင်နေရတဲ့အကြောင်းရင်းက သူ့ကိုလွယ်လွယ်အသုံးမပြုဖို့တားမြစ်ထားတာကြောင့်ပဲ...တားမြစ်မှော်ပညာကိုပေါ့ပေါ့တန်တန်အသုံးပြုနိုင်ရင် ကမ္ဘာကြီးကပျက်စီးနေတာကြာလောက်ပြီ"
သီအိုဒိုးသည် ရှောင်ယုအားစာပေမတတ်သူတစ်ယောက်အား ကြည့်သလိုစိုက်ကြည့်လိုက်ပြီး အသေးစိတ်အချက်အလက်များကို အကုန်ဖြည့်ဆည်းပေးလိုက်သည်။
"ဒါဟာ နျူးကလီးယားလက်နက်တွေကို အသုံးမပြုရဆိုတဲ့တားမြစ်ချက်လိုပဲဆိုတာ သိသာနေတာပဲ...တားမြစ်မှော်ပညာနဲ့ပတ်သက်တဲ့အခြားအရာတွေကဘာတွေလဲ..."
တားမြစ်မှော်ပညာကို ပေါ့ပေါ့ဆဆအသုံးပြု၍မရဘဲ ၎င်းကိုအသုံးပြုရန်အတွက် များစွာသောလိုအပ်ချက်များကိုဖြည့်ဆည်းရမည်ဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။
"နျူးကလီးယားလက်နက်ဆိုတာဘာလဲ"
သီအိုဒိုးသည် ရှောင်ယု၏စကားကိုနားထောင်နေရင်း ဝေါဟာရအသစ်ကိုကြားလိုက်ရသည့်အတွက် ထူးဆန်းသောလေသံဖြင့်မေးမြန်းလိုက်သည်။
"အိုး...အဲ့ဒါကတားမြစ်မှော်ပညာနဲ့အရမ်းကိုဆင်တူတဲ့ အလွန်အစွမ်းထက်တဲ့လက်နက်တစ်ခုပဲ...အဲ့ဒါကိုလည်းအသုံးမပြုဖို့တားမြစ်ထားတယ်"
ရှောင်ယုက ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
"ဘာပဲဖြစ်ဖြစ် တားမြစ်မှော်ပညာတိုင်းဟာအရမ်းကိုအစွမ်းထက်လွန်းတယ်...ဒါကြောင့်မလိုအပ်ဘူးဆိုရင် ဘယ်တော့မှအသုံးပြုကြမှာမဟုတ်ဘူး...တစ်ဖက်မှာတားမြစ်မှော်ပညာကိုအသုံးပြုမည်ဆိုရင် မှော်ဆရာ၏အသက်စွမ်းအင်ကိုကြီးစွာသက်ရောက်စေမယ့် အစွမ်းထက်မှော်စွမ်းအင်ရဲ့တုံ့ပြန်မှုကိုခံစားရမယ်...ဒါကငါတို့အတွက်ပြစ်ဒဏ်တစ်မျိုးလည်းဖြစ်တယ်....အခြားတစ်ဖက်မှာဆိုရင် တားမြစ်မှော်ပညာဟာ သာမန်မှော်ပညာတွေနဲ့မတူဘဲ အသုံးပြုဖို့အတွက် အစွမ်းထက်မှော်လက်နက်တွေရဲ့အကူအညီလိုအပ်သေးတယ်"
"နောက်ဆုံးအချက်အနေနဲ့ ခေတ်တိုင်းလိုလိုတိုက်ကြီးပေါ်မှာ မှော်ဆရာအစည်းအရုံးတစ်ခုအမြဲရှိနေတတ်တယ်....မှော်ဆရာအစည်းအရုံးရဲ့ခွင့်ပြုချက်မပါဘဲ တားမြစ်မှော်ပညာကိုအသုံးပြုခဲ့မယ်ဆိုရင် မှော်ဆရာအစည်းအရုံးက မင်းကိုအပြစ်ပေးဖို့အတွက် သူတို့ရဲ့အာဏာစက်ကိုအသုံးပြုပြီးတော့ အရာအားလုံးကိုလုပ်ဆောင်မှာဖြစ်တယ်"
ထိုအချိန်တွင် ချတ်ခ်က ရှောင်ယုအားထပ်မံရှင်းပြလိုက်သည်။
လူအုပ်ကြီးသည် အနောက်တိမ်တိုက်အင်ပါယာသို့ ဆက်လက်ဦးတည်နေခဲ့သည်။သို့သော် လူများလွန်းသည့်အတွက်ကြောင့် ချီတက်မှုအရှိန်နှုန်းက အလွန်ပင်နှေးကွေးသွားခဲ့သည်။အစောပိုင်းတွင် ရှောင်ယုကမည်သည့်ပြဿနာမှမဖြစ်နိုင်ကြောင်း ထင်ထားခဲ့သော်လည်း ထိုအရာကချဲ့ကားပြောဆိုနေခြင်းသာဖြစ်သည်။
အခန်း ၅၂၁ - ရောက်ရောက်ချင်းတိုက်ရပြီ
သို့သော်လည်း ယနေ့တွင်ရရှိလာသောစာတစ်စောင်က အနောက်တိမ်တိုက်အင်ပါယာသို့ အရှိန်မြင့်ချီတက်စေရန် ရှောင်ယုအားတွန်းအားပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် စာအတွင်း၌ အနောက်တိမ်တိုက်အင်ပါယာ၏အခြေအနေ ပိုမိုဆိုးဝါးလာကြောင်း ထို့ပါဟောင်မှရေးသားထားခဲ့၍ဖြစ်သည်။အနောက်တိမ်တိုက်အင်ပါယာ၏ ၃ပုံ၁ပုံအား ဇတ်ဂ်များမှလုံးဝသိမ်းပိုက်ထားလိုက်ပြီဖြစ်ကာ လူများစွာဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။ထို့ကြောင့် ထို့ပါဟောင်သည်စစ်ပွဲကို ခေတ္တရပ်ထားလိုက်ကာ ဇတ်ဂ်များ၏ကျူးကျော်မှုကိုတွန်းလှန်ရန်အတွက် မြို့ပတ်ပတ်လည်တွင်မြင့်မားသောတံတိုင်းများကို တည်ဆောက်ရန် အမိန့်ပေးခဲ့သည်။
ထိုသတင်းကြောင့် ရှောင်ယုအလွန်အံ့သြသွားခဲ့သည်။လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူသတင်းရရှိချိန်တွင် ဇတ်ဂ်များစတင်ထွက်ပေါ်လာကာ ပျက်စီးမှုအချို့ကိုသာဖြစ်ပေါ်စေသည်ဟု သိထားခဲ့သည်။သို့သော်လည်း ရက်အနည်းငယ်အတွင်းမှာပင် လက်ရှိအခြေအနေသို့ရောက်သည်ထိတိုင်အောင် ဆိုးရွားလာခဲ့သည်။ဤမျှကြောက်စရာကောင်းသည့် ဖျက်ဆီးမှုနှုန်းဖြင့်ဆိုပါက သူသာအချိန်အနည်းငယ်နှောင့်နှေးမိလျှင် အနောက်တိမ်တိုက်အင်ပါယာတစ်ခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်ရပေသည်။
အနောက်တိမ်တိုက်အင်ပါယာ ပျက်စီးသွားပါက ခြင်္သေ့နယ်မြေသည်လည်း ဒုက္ခရောက်တော့မှာဖြစ်သည်။ရက်အတော်ကြာခရီးထွက်ပြီးနောက်တွင် သူတို့သည်လိုရာခရီးသို့ရောက်ရှိခဲ့သည်။
ထို့ပါဟောင်သည် တိုက်ပွဲအားကြီးကြပ်ရန်အတွက်မြို့ရိုးပေါ် အချိန်ပြည့်ရှိနေ၍ ရှောင်ယုအားကိုယ်တိုင်လာရောက်မကြိုဆိုနနိုင်ခဲ့ပေ။သူသည် ရှောင်ယုအား၃ရက်၃ညတိုင်တိုင် စောင့်ဆိုင်းနေခဲ့ရသည်။ထို့ပါဟောင်သည် ရှောင်ယုကိုနောက်ဆုံးတွေ့မြင်လိုက်ရသည့်အချိန်တွင် သူ့မျက်နှာပေါ်၌စိတ်သက်သာရာရသည့် အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။
"နောက်ဆုံးတော့မင်းဒီကိုရောက်လာပြီဘဲ"
ထိုစကားလုံးများက ထို့ပါဟောင်၏စိတ်ခံစားချက်များကို ဖော်ပြရန်လုံလောက်နေခဲ့သည်။ဤရက်များအတွင်း ထို့ပါဟောင်သည် အလွန်ပင်စိတ်ပင်ပန်းနွမ်းနယ်နေခဲ့ကာ အကူအညီများကိုအမှန်တကယ်လိုအပ်နေခဲ့သည်။ဤဖြစ်ရပ်မှတဆင့် သူသည်ရှောင်ယုအပေါ် မျှော်လင့်ချက်များစွာထားရှိခဲ့ကာ ရှောင်ယုအပေါ်မည်မျှထိယုံကြည်မှုရှိကြောင်း ပြသနေခဲ့သည်။
ရှောင်ယုသည် ထို့ပါဟောင်၏သွေးရောင်သမ်းနေသော မျက်လုံးများကိုကြည့်ရင်း အနည်းငယ်ပြုံးပြလိုက်ကာ ထို့ပါဟောင်၏ပုခုံးကိုပုတ်ရင်း နှစ်သိမ့်လိုက်သည်။
"သွား...အနားသွားယူချေ...ကျန်တာတွေအကုန်လုံးကိုငါ့ဆီထားခဲ့လိုက်တော့"
"ရှောင်ယုရဲ့အမိန့်က ငါ့အမိန့်ပဲ"
ထို့ပါဟောင်က ခေါင်းညိတ်ပြလိုက်ကာ သူ့ဘေးနားရှိတပ်သားကိုပြောလိုက်သည်။ထိုသို့ပြောပြီးသည်နှင့် သူသည်မြို့ရိုးအောက်ခြေရှိ ရိုးရှင်းသောစခန်းတစ်ခုဆီဦးတည်သွားကာ ဗိုက်အနည်းငယ်ဖြည့်၍ တန်းပြီးအိပ်ပျော်သွားခဲ့သည်။
"အစ်ကိုကြီးရှောင်ယု..."
ထိုအချိန်တွင် ရှောင်ယု၏နောက်ကွယ်မှနေ၍ ရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ရှောင်ယုသည် နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် မျက်ခုံးထူထူနှင့်လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ထိုအခါ သူ၏နောက်တွင်ရပ်နေသေါ ချောမောလှပသည့် လူငယ်တစ်ယောက်ကို သတိထားမိလိုက်သည်။
"ချင်ချဲ...မင်းတောင်တော်တော်ကြီးလာပြီဘဲ"
ရှောင်ယု၏စိတ်ထဲတွင် ထိုသို့အတွေးမျိုးပေါ်လာကာ သူ၏မျက်လုံးများကရုတ်တရက်တောက်ပလာခဲ့သည်။
ယခုချင်ချဲအား ရှောင်ယုတွေ့မြင်လိုက်ရချိန်တွင် နောက်ဆုံးအချိန်ကြုံတွေ့ခဲ့စဉ်ကလိုမဟုတ်ဘဲ ရင့်ကျက်သောစစ်သူကြီးတစ်ယောက်ဖြစ်နေခဲ့ပြီဖြစ်သည်။
ချင်ချဲ၏ပုံပန်းသဏ္ဍာန်သည် များစွာမပြောင်းလဲသွားသော်လည်း သူ၏အော်ရာအငွေ့အသက်ကလုံးဝပြောင်းလဲသွားခဲ့သည်။
"မင်းကောင်းကောင်းလုပ်ခဲ့တာပဲ..."
ရှောင်ယုကပြုံးလိုက်ပြီး စကားလုံးအနည်းငယ်ဖြင့် မှတ်ချက်ပေးလိုက်သည်။
ချင်ချဲအား ထိုထက်ပို၍ပြောစရာမလိုတော့ပေ။
"အဲလိုဖြစ်သွားတာပဲ"
ချင်ချဲကသက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် လူတိုင်းစောင့်မျှော်နေသော ဇတ်ဂ်တပ်ဖွဲ့သည် ထူးဆန်းသောအော်မြည်သံကိုထုတ်ဖော်ကာ မြို့ရိုးပေါ်သို့တက်လာခဲ့ကြသည်။
"အစ်ကိုကြီးရှောင်ယု...တပ်ဖွဲ့ကိုအမိန့်ပေးပါ"
ချင်ချဲသည် ယခုရောက်ရှိလာသောစစ်တပ်ကိုကြည့်၍ ပြောလိုက်သည်။
"ဘာတွေအမိန့်ပေးရမှာလဲ...လူတိုင်းကရှေ့မှာခိုင်မာတဲ့ခံစစ်လိုင်းကိုတည်ဆောက်ကြ...နောက်တန်းမှာအဝေးပစ်တပ်ဖွဲ့နဲ့အပေါ်ကနေလေကြောင်းတပ်ကို နေရာချလိုက်...ခိုင်မဲရာတွေလည်းတိုက်ပွဲကိုဝင်ကြ...ဒီဖေဖေကသူတို့ကိုမရိုက်နိုင်ဘူးလို့မယုံဘူး"
ရှောင်ယုသည် သူ့နောက်မှစစ်တပ်ကို လက်ဝှေ့ယမ်းပြလိုက်ကာ အချက်ပြလိုက်သည်။ထို့နောက် တပ်ဖွဲ့ဝင်တိုင်းသည်မြို့ရိုးပေါ်၌ နေရာယူကာတိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ကြသည်။
အမှန်တော့ ယခုအချိန်တွင်မည်သည့်နည်းဗျူဟာမဆို သေချာနေရာချဖြန့်ကျက်ရန် နောက်ကျနေပြီဖြစ်သည့်အတွက် အခြေအနေကိုလိုက်၍ အလျည်းသင့်သလိုကိုင်တွယ်ဖြေရှင်းရတော့မည်ဖြစ်သည်။
အကယ်၍ ရှောင်ယုနှင့်တပ်ဖွဲ့သာ ဤနေ့ရောက်မလာခဲ့လျှင် အနောက်တိမ်တိုက်အင်ပါယာ၏တပ်သည် လုံးဝပြိုလဲသွားမည်ဖြစ်သည်။ယခုမြို့ရိုးမပြိုကျသေးသော်လည်း ဇတ်ဂ်တပ်ဖွဲ့ကဖျက်ဆီးလိုက်ပါက ပြသနာအကြီးကြီးတက်သွားမည်ဖြစ်သည်။
"အောစ့်ရဲ့ဂုဏ်ကျက်သရေအတွက်..."
သရောလ်သည် ကျယ်လောင်စွာအော်ဟစ်ကာ မြို့ရိုးပေါ်သို့ခုန်တက်လိုက်သည်။သူ၏တိုတမ်များသည် အနောက်တိမ်တိုက်အင်ပါယာမှတပ်သားများ၏ တိုက်ခိုက်လိုစိတ်ကိုလှုံဆော်ပေးခဲ့သည်။ထို့ကြောင့် တပ်သားများ၏တိုက်ခိုက်လိုစိတ်သည် သိသိသာသာပင်တိုးမြင့်လာခဲ့ပြီးနောက်တွင် အောစ့်စစ်သည်များထက်ပင်ပို၍ ပြင်းပြင်းထန်ထန်စတင်တိုက်ခိုက်လာခဲ့ကြသည်။
"အလင်းရဲ့ကောင်းချီး..."
အူသာသည်ကျယ်လောင်စွာအော်ဟစ်လိုက်ကာ လူတိုင်းကိုကောင်းချီးအမျိုးမျိုး ပေးအပ်လိုက်သည်။တိုတမ်၏တိုးမြင့်ပေးမှုကို မရရှိသူတိုင်းသည် အခြေခံအားဖြင့်အူသာ၏ကောင်းချီးကို လက်ခံရရှိကြပေသည်။
အူသာ၏ကောင်းချီးကို လက်ခံရရှိပြီးနောက်တွင် လူတိုင်းသည် အားဆေးထိုးသွင်းခံရသလို လန်းဆန်းသွားခဲ့ကြကာ သူတို့၏ပင်ပန်းနွမ်းနယ်မှုအားလုံး ပျောက်ကင်းသွာသလိုခံစားလိုက်ကြသည်။
"လေးသမားတွေအသင့်ပြင်ထား...ခုပစ်တော့"
လေးသမားများသည် စစ်သားများနောက်ရှိမြို့ရိုးပေါ်၌နေရာယူထားကြကာ အမိန့်ကိုရရှိသည်နှင့်တပြိုင်နက် လေးညှိ့ပေါ်တင်ထားသောမြှားများကို ချက်ချင်းပစ်လွှတ်လိုက်ကြပြီး ဇတ်ဂ်များပေါ်သို့မြှားမိုးရွာသွန်းလိုက်ကြသည်။
ဝုန်း...
ကောင်းကင်ပေါ်ရှိ လေကြောင်းတပ်များသည်လည်း အနားယူရန်အချိန်မရခဲ့ပေ။သူတို့အားလုံးသည် တိုက်ပွဲတွင်းသို့ချက်ချင်းဝင်ရောက်လာခဲ့ကာ လင်းနို့များ၏ဗုံးများ၊ဂရစ်ဖင်များ၏လျှပ်စီးကြောင်းများ၊ဝိုင်ဗန်များ၏လှံတံများစသည်ဖြင့် တိုက်ခိုက်မှုမျိုးစုံကို ပြုလုပ်ခဲ့ကြသည်။
ဇတ်ဂ်များသည် အုပ်စုလိုက်တိုက်ခိုက်တတ်ကြပေရာ ဂျုံပင်များရိတ်သိမ်းခံရသကဲ့သို့ ချက်ချင်းသေဆုံးသွားခဲ့ကြသည်။ယခုဆိုလျှင် ရှောင်ယု၏စစ်တပ်သည် ယခင်ကလောက်သေးငယ်ခြင်းမရှိတော့ဘဲ အားကောင်းသည့်ခံစားချက်ကိုပေးစွမ်းနေခဲ့သည်။
မူလက အနောက်တိမ်တိုက်အင်ပါယာ၏တပ်သားများသည် ပြောမပြတတ်လောက်အောင် ပင်ပန်းနွမ်းနယ်နေကြသော်လည်း ရုတ်တရက်ဆိုသလိုပင် များပြားလှသည့်စစ်ကူများကိုရရှိလာခဲ့ကြပြီး စစ်ကူများကလည်းအလွန်ပင်အစွမ်းထက်သည့်အတွက်ကြောင့် သူတို့၏တိုက်ခိုက်လိုစိတ်များက ချက်ချင်းပြန်လည်မြင့်တက်လာခဲ့သည်။
"ဘုရားရေ...ဒါကဘာကောင်တွေလဲ...ဘာလို့ဒီလောက်တောင်အစွမ်းထက်နေရတာလဲ"
"သေစမ်း...ကောင်းကင်မှာရောက်နေတာဘာကောင်တွေလဲ"
"နတ်ဘုရားအပေါင်းတို့...အဲ့ဒါကနဂါးတွေလား...ဘာလို့နဂါးတွေအဲလောက်များနေရတာလဲ"
"နဂါးတွေ...နဂါးတွေအများကြီးပဲ...ငါတို့တော့ကယ်တင်ခံရပြီဟေ့"
"အိုး...အဲ့ဒါကတကယ့်နဂါးပဲ...နဂါးတွေကငါတို့ကိုကူညီဖို့ရောက်လာကြပြီ...ငါတို့ဒီတိုက်ပွဲကိုကျိန်းသေအနိုင်ရပြီး ငါတို့ရဲ့အမိမြေကိုကာကွယ်နိုင်တော့မယ်"
ရှောင်ယု၏တပ်သားတိုင်းလိုလိုက အလွန်ပင်အားကောင်းလှပြီး လူတိုင်း၏အာရုံကိုဖမ်းစားနိုင်စွမ်းရှိသော်လည်း ခိုင်မဲရာသည်ကား ထိတ်လန့်စရာအကောင်းဆုံးဖြစ်တည်မှုဖြစ်သည်မှာ သေချာပေသည်။ခိုင်မဲရာသည် ကောင်းကင်ပေါ်၌ထွက်ပေါ်လာချိန်တွင် တစ်မြို့လုံးစိတ်လှုပ်ရှားစွာ အော်ဟစ်ကုန်ကြသည်။
မကြာမှီ ခိုင်မဲရာသည် ပါးစပ်ကိုဟကာ တိုက်ခိုက်မှုများကိုစတင်ပြုလုပ်ခဲ့သည်။မရေမတွက်နိုင်သော ရေခဲများနှင့်အက်စစ်များသည် ခိုင်မဲရာ၏ပါးစပ်ထဲမှ ဖြန်းခနဲ့ထွက်ပေါ်လာကာ ဇတ်ဂ်များကိုချက်ချင်းသုတ်သင်လိုက်သည်။
အကယ်၍ ၎င်းသာမြှားလှိုင်းတိုက်ခိုက်မှုသာဖြစ်ခဲ့မည်ဆိုပါက ပိုးကောင်များသည်တစ်ကောင်ချင်းသာ သေဆုံးသွားမည်ဖြစ်သော်လည်း ခိုင်မဲရာ၏တိုက်ခိုက်မှုတစ်ခုစီတိုင်းက မရေမတွက်နိုင်သောဇတ်ဂ်များ၏အသက်ကို ဆက်တိုက်ဆိုသလိုနှုတ်ယူနေခဲ့သည်။
ခိုင်မဲရာများသည် လုံးဝကိုသေစေနိုင်သောလက်နက်များဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။သူတို့သည် ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုကိုမခံစားရသည့်အခါတွင် ခိုင်မဲရာများ၏ပြင်းထန်သော နဂါးငွေ့ရှုထုတ်မှုက အရာအားလုံးကိုဖျက်ဆီးနိုင်စွမ်းရှိပေသည်။
ယခုလိုထိတ်လန့်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုက တပ်သားများကိုသွေးပွက်ပွက်ဆူစေခဲ့သည်။အမှန်တရားကိုမသိသော စစ်သည်များနှင့်စွန့်စားသူများ၏အမြင်တွင် ခိုင်မဲရာသည်ဦးခေါင်းနှစ်လုံးပါသော နဂါးများဖြစ်ကြပေသည်။
အခန်း ၅၂၂ - ဇတ်ဂ်များကိုတွန်းလှန်ခြင်း
ဇတ်ဂ်များသည် အခြားသတ္တဝါများကဲ့သို့ အသိညဏ်ကင်းမဲ့သောအင်းဆက်များမဟုတ်ကြဘဲ ဆန့်ကျင်ဘက်အနေဖြင့်သူတို့၏ညဏ်ရည်သည် အလွန်မြင့်မားပေသည်။
ထို့ကြောင့် လက်ရှိအခြေအနေသည် သူတို့အတွက်အဆင်မပြေကြောင်း တွေ့မြင်လာပြီးနောက်တွင် ခိုင်မဲရာများကိုသတ်ဖြတ်ရန်အတွက် သူတို့၏လေကြောင်းတပ်ကိုချက်ချင်းစေလွှတ်ခဲ့သည်။
ဇတ်ဂ်များတွင် သူတို့၏ကိုယ်ပိုင်လေကြောင်းတပ်ကို ပိုင်ဆိုင်ထားပေသည်။အနောက်တိမ်တိုက်အင်ပါယာသည်ပင် ဇတ်ဂ်တို့၏စစ်တပ်ကြောင့်မဟုတ်ဘဲ ၎င်းတို့၏လေကြောင်းတပ်ကြောင့်သာ ယခုလိုကြီးကြီးမားမားဆုံးရှုံးမှုကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
အနောက်တိမ်တိုက်အင်ပါယာမှ တပ်သားတစ်ဦးချင်းစီတိုင်းသည် မြှားပစ်ကျွမ်းကျင်ကြပြီး လုံလောက်သောမြှားအရေအတွက်ကိုပိုင်ဆိုင်ထားသော်လည်း ဇတ်ဂ်တို့၏လေကြောင်းတပ်ကို မည်မျှတောင့်ခံနိုင်မည်နည်း။
အနောက်တိမ်တိုက်အင်ပါယာ၏တပ်သားများသည် ကောင်းကင်ယံ၌ပျံဝဲနေသော အတောင်ပံပါသည့်လူသားဆန်သောသတ္တဝါများကို တွေ့မြင်လိုက်ရချိန်တွင် သူတို့သည်အလွန်တုန်လှုပ်သွားခဲ့ကာ မငြိမ်မသက်ဖြစ်လာကြသည်။
ရှောင်ယုသည် သူတို့အားတွေ့မြင်ချိန်၌ လုံးဝစိတ်မပူခဲ့ပေ။
"နောက်ဆုံးတော့သူတို့ရဲ့လေတပ်ကို တွေ့ခဲ့ရပြီ"
ရှောင်ယု၏မျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာကာ နဂါးသိမ်းငှက်များကို တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။
နဂါးသိမ်းငှက်များ၏ မြေပြင်တိုက်ခိုက်ရေးစွမ်းအားသည် လေတပ်ယူနစ်များအနက် အညံ့ဆုံးဖြစ်ပေသည်။သာမန်အခြေအနေအောက်တွင် သူတို့သည်ထူးထူးခြားခြားမစွမ်းဆောင်နိုင်ကြပေ။
သို့သော်လည်း ဝေဟင်တိုက်ပွဲများ၌ဆိုလျှင် နဂါးသိမ်းငှက်များသည်ခြွင်းချက်မရှိ အစွမ်းထက်ပေသည်။
တော်ဝင်ဆောထရာတပ်များ ချီတက်လာသည့်အခါတွင် နဂါးသိမ်းငှက်များသည်မြူများကိုမှုတ်ထုတ်လိုက်ကာ ခိုင်မဲရာများ၏အနီးတဝိုက်၌ ကြီးမားသောမြူတိမ်တိုက်များကိုဖြစ်လာစေခဲ့သည်။
ယခင်ကဆိုလျှင် ရှောင်ယု၏အမြင်အရ နဂါးသိမ်းငှက်များ၏မြူခိုးများသည် ရန်သူ၏အမြင်အာရုံကိုနှောင့်ယှက်ရန်သာ အသုံးပြုခဲ့သည်ဟု ယူဆခဲ့သော်လည်း နောက်ပိုင်းတွင်ဤမြူခိုးများကို အခြားနည်းလမ်းများဖြင့်လည်း အသုံးပြုနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။
သို့သော်လည်း ရန်သူအားလှည့်စားခြင်းမှလွဲ၍ အခြားသောနေရာများ၌များစွာအကျိုးသက်ရောက်မှုမရှိခဲ့ပေ။ရှောင်ယုရင်ဆိုင်ရသော ရန်သူများသည်လေတပ်ကိုမပိုင်ဆိုင်ပေရာ ဤအကြံအစည်ကိုအသုံးမချနိုင်ခဲ့ပေ။နဂါးသိမ်းငှက်များမှုတ်ထုတ်လိုက်သော မြူခိုးများတွင် သတ္တုစပ်များရောနှောပါဝင်နေရော လေကြောင်းတပ်များပုန်းအောင်းရာ၌ များစွာအထောက်အကူပြုပေသည်။သို့သော်လည်း မြေပြင်တပ်များအတွက်မူ ဤအကျိုးသက်ရောက်မှုက အနည်းငယ်သာရှိပေသည်။
သို့သော်လည်း ယခုအခါတွင် ရန်သူများသည်လည်း လေကြောင်းတပ်ကို ထုတ်သုံးလာပြီဖြစ်သည့်အတွက် ရှောင်ယုသည်နဂါးသိမ်းငှက်ကိုကောင်းစွာအသုံးချနိုင်ခဲ့ပြီဖြစ်သည်။သူတို့သည် နေရာတိုင်းတွင်မြူခိုးအများအပြားကိုဖြစ်ပေါ်စေကာ ရန်သူတပ်များ၏ဦးတည်ရာကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် ဇတ်လေတပ်သည် အလွန်ပင်အစွမ်းထက်ပေသည်။ရှောင်ယုသည် အသေခံဗုံးခွဲတိုက်ခိုက်မှုကို မကြောက်မရွံ့ပြုလုပ်တတ်သော အင်းဆက်များကြောင့်အမှန်တကယ်ပင် ခေါင်းကိုက်နေခဲ့သည်။
သို့သော်လည်း နဂါးသိမ်းငှက်များ၏ မြူခိုးများကဤအခြေအနေအား ကောင်းစွာဖြေရှင်းနိုင်ခဲ့ပေသည်။
ဇတ်ဂ်လေတပ်သည် မြူခိုးများထဲသို့ဝင်ရောက်လာပြီးနောက်တွင် ခိုင်မဲရာများ၏တည်နေရာကို မရှာဖွေနိုင်ခဲ့ပေ။ထိုအချိန်တွင် မရေမတွက်နိုင်သောမြှားများက နေရာပေါင်းစုံမှနေ၍ပစ်ခတ်လာခဲ့သောကြောင့် ဇတ်လေကြောင်းတပ်သည် တစ်ကောင်ပြီးတစ်ကောင်ကျရှုံးလာခဲ့ရသည်။
ခိုင်မဲရာများ၏ဝေဟင်တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ပြင်းထန်ခြင်းမရှိပေ။သူတို့၏အစွမ်းအထက်ဆုံး တိုက်ခိုက်မှုမှဝေဟင်မှနေ၍ မြေပြင်သို့တိုက်ခိုက်မှုဖြစ်သည်။
ယခုလိုဝေဟင်တိုက်ပွဲမျိုးတွင် သူတို့အားအခြားသောလေကြောင်းယူနစ်များက စောင့်ကြပ်ပေးခဲ့ရသည်။ဤနေရာတွင် ဂရစ်ဖင်များ၊နဂါးသိမ်းငှက်များနှင့်ဝိုင်ဗန်များက တာဝန်ကိုကျေပွန်စွာထမ်းရွက်နိုင်ပေသည်။
ထိုသို့ခိုးဝင်တိုက်ခိုက်မှုကြောင့် ဇတ်ဂ်လေတပ်သည် အလွန်ဆုံးရှုံးမှုပြင်းထန်ခဲ့သည်။သို့သော်လည်း သူတို့သည်နောက်ဆုတ်မသွားဘဲ ရှေ့သို့ပိုမိုရဲရင့်စွာတိုးဝင်လာခဲ့သည်။
ပျံသန်းနိုင်သော အချို့အင်းဆက်ကြီးများသည် အလွန်သတိကြီးကြပြီး သာမန်မြှားများကသူတို့အား မသတ်ဖြတ်နိုင်ပေ။သို့သော်လည်း သူတို့သည်မြူခိုးများထဲမှ ပြေးထွက်လာနိုင်ပြီဟုတွေးမိလိုက်သောအခါတွင် ဧရာမအလင်းတန်းကြီးကသူတို့အားလွှမ်းခြုံသွားခဲ့ကာ ဆက်လက်လှုပ်ရှားရန်မတတ်စွမ်းနိုင်ခဲ့ပေ။
ထိုအရာ လှံတံများနှင့်မှော်မြှားများက အချင်းချင်းပူးကပ်နေသောအင်းဆက်များကို သတ်ဖြတ်လိုက်ကြသည်။
အလင်းပိုက်ကွန်တစ်ဖြစ်လဲ ဧရာမအလင်းကွန်ချာသည် နဂါးသိမ်းငှက်၏နောက်ထပ်ကျွမ်းကျင်မှုဖြစ်သော လေခြေချင်းပင်ဖြစ်သည်။
ခိုင်မဲရာများသည် ဝေဟင်တိုက်ပွဲများ၌ကောင်းစွာမစွမ်းဆောင်နိုင်သော်လည်း သူတို့သည်လုံးဝအသုံးမကျဟုဆိုလိုခြင်းတော့မဟုတ်ပေ။ထို့ပြင် ခိုင်မဲရာများ၏ဝေဟင်တိုက်ပွဲစွမ်းအားကို တိုးတက်စေရန်အတွက် ရှောင်ယုသည်ခိုင်မဲရာများ၏ကျောကုန်းပေါ်၌ ကုန်းနှီးတစ်ခုတပ်ဆင်ပေးထားကာ လူပုသေနတ်သမားများကိုစီးနင်းလိုက်ပါစေခဲ့သည်။
ဘန်း...ဘန်း
လူပုရိုင်ဖယ်သမားများသည် နတ်ဘုရားများပေးသည့်အခွင့်အရေးကို အလဟာသမဖြုန်းတီးဘဲ ဇတ်လေတပ်များကို ဆက်တိုက်သုတ်သင်နေခဲ့ကြသည်။လူသားအခြေစိုက်စခန်းသည် အဆင့်၂သို့ရောက်ရှိပြီးနောက် ရိုင်ဖယ်တပ်သားများ၏ရိုင်ဖယ်များသည် ပိုမိုအားကောင်းလာခဲ့ကာ ၎င်းတို့၏ထိုးဖောက်နိုင်စွမ်းကလည်း အဆင့်သစ်တစ်ခုသို့ရောက်ရှိသွားခဲ့သည်။ထို့ပြင် ခေတ်သစ်ရိုင်ဖယ်များ၏အကျိုးသက်ရောက်မှုအချို့ကိုပင် ပိုင်ဆိုင်လာခဲ့သည်။
ထို့ကြောင့်အဆုံးသတ်တွင် ပုံမှန်မဟုတ်သောပြင်းထန်သည့် လေကြောင်းတိုက်ပွဲသည် ရှောင်ယု၏အောင်ပွဲနှင့်အတူပြီးဆုံးသွားခဲ့သည်။အခြားသောဇတ်လေကြောင်းတပ်များသည် ဆိုးရွားစွာထိခိုက်ကျရှုံးခဲ့သော်လည်း ရှောင်ယု၏လေတပ်သည်အထိအခိုက်မရှိခဲ့ပေ။
နှစ်နာရီကျော်ကြာ တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပြီး ဇတ်ဂ်များသည် လွန်စွာအထိအခိုက်များခဲ့ကာ အဆုံးသတ်၌ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ယခုတစ်ကြိမ် ဇတ်ဂ်များ၏တိုက်ခိုက်မှုသည်လွန်စွာပြင်းထန်လှပေသည်။ရှောင်ယုသာ အချိန်မှီရောက်ရှိမလာခဲ့ပါက အနောက်တိမ်တိုက်အင်ပါယာ၏တပ်သားများသည် တောင့်ခံနိုင်မည်မဟုတ်ပေ။
အခြေအနေများငြိမ်သက်သွားပြီးနောက်တွင် မြို့ရိုးများကိုဆက်လက်ခိုင်ခံအောင် ပြင်ဆင်ခဲ့ပြီး တန်ပြန်တိုက်ခိုက်ရန်နည်းလမ်းရှာဖွေခဲ့သည်။သူတို့၏ရည်မှန်းချက်မှာ ဇတ်ဂ်များကိုတွန်းလှန်ရန်သာမက အင်ကာရက်ဂ်ဘုရားကျောင်း၏ အတွင်းပိုင်းသို့ဝင်ရောက်ကာ ရတနာများအားကိုယ်တိုင်ရှာဖွေရန်ဖြစ်သည်။
မှော်ဆရာကြီးသုံးယောက်၏ အကူအညီဖြင့်ဆိုလျှင် ဇတ်ဂ်များကို ကိုင်တွယ်ဖြေရှင်းရသည်မှာ အလွန်လွယ်ကူသောကိစ္စဖြစ်သွားမှာဖြစ်သည်။သို့သော်လည်း သူတို့သည် ၃ကြိမ်သာကူညီမည်ဟု ကတိပေးထား၍ ရှောင်ယုသည်ထိုအခွင့်အရေးများကို လွယ်လွယ်ကူကူအသုံးမပြုနိင်ပေ။
ထိုကဲ့သို့အခွင့်အရေးမျိုးကို ဂရုတစိုက်အသုံးပြုရမည်ဖြစ်ကာ အင်ကာရက်ဂ်ဘုရားကျောင်း၏ ခြိမ်းခြောက်မှုကိုတရှိန်ထိုးဖြေရှင်းရန် လိုအပ်ပေသည်။ထိုသို့မဟုတ်ပါက ခြင်္သေ့နယ်မြေသည် မည်သည့်အခါမှငြိမ်းချမ်းမှာမဟုတ်ပေ။မှော်ဆရာ၃ယောက်၏ကတိများသည် အလွန်အရေးကြီးပြီး မမျှော်လင့်ထားသည့်အခြေအနေများ၌ အကူအညီကြီးကြီးမားမားရရှိစေမည်ဖြစ်သည်။
ဇတ်ဂ်စစ်တပ်၏ ဆုတ်ခွာသွားသည့်မြင်ကွင်းကိုကြည့်လိုက်ခြင်းအားဖြင့် များမကြာမှီကာလအတွင်း ကြီးမားသောတိုက်ခိုက်မှုကိုလုပ်ဆောင်မည်မဟုတ်ကြောင်း သိသာပေသည်။ရှောင်ယုသည် စစ်တပ်၏အမိန့်ပေးပိုင်ခွင့်ကို ချင်ချဲထံသို့တိုက်ရိုက်လွဲပြောင်းပေးလိုက်ကာ အရာအားလုံးကိုစီစဉ်ခွင့်ပေးလိုက်သည်။
ရှောင်ယုသည် မှော်ဆရာကြီး၃ယောက်ကို မြို့ရိုးအောက်သို့ဖိတ်ခေါ်ကာ အနားယူရန်နေရာတစ်ခုကိုရှာဖွေခဲ့သည်။ရှောင်ယုသည် ဘေးပတ်လည်ရှိချစ်စရာကောင်းသောတဲငယ်လေးများကို တစ်ချက်ကြည့်ကာမျက်မှောင်ကြုတ်လိုက်သည်။ရှောင်ယုသည် မှော်ဆရာများကိုဤတဲငယ်လေးထဲ၌မထားနိုင်ပေ။ထို့ကြောင့်ရှောင်ယုသည် သိုလှောင်လက်စွပ်အတွင်းမှ ဇိမ်ခံတဲများစွာကိုထုတ်ယူကာ တပ်ဆင်ခိုင်းလိုက်သည်။ထိုထဲမှတစ်ခုသည် ထို့ပါဟောင်အတွက်ဖြစ်သည်။
ယခုအခါတွင် ထို့ပါဟောင်သည် အနောက်တိမ်တိုက်အင်ပါယာ၏ ဧကရာဇ်ဖြစ်သည်။သူသည်ယခုလိုသေးငယ်သောနေရာမျိုး၌ အနားမယူသင့်ပေ။
ရှောင်ယုနှင့်အခြားသူများ အနားယူနေစဉ်တွင် တဲ၏အပြင်ဘက်မှနေ၍ပြင်းထန်သောအော်ရာတစ်ခု ထွက်ပေါ်လာသည်ကိုရုတ်တရက်ခံစားမိလိုက်သည်။ထိုအော်ရာကြောင့် လူတိုင်းသည်ဆံပင်များပင် ထောင်တက်သွားသလိုခံစားလိုက်ရသည်။
သို့သော်လည်း ရှောင်ယုသည်မကြာခင်သတိပြန်ဝင်လာကာ တိုးတိုးလေးပြောလိုက်သည်။
"ဒါက ထို့ပါဟောင်ရဲ့ဆရာပဲ"
မကြာမှီတဲ၏ကန့်လန့်ကာပွင့်ဟလာကာ လူလတ်ပိုင်းတစ်ဦးကအထဲသို့ဝင်လာခဲ့သည်။ထိုလူမှာ ရှောင်ယုယခင်ကတွေ့မြင်ဖူးခဲ့သော ထို့ပါဟောင်၏ဆရာအောင်းတူဖြစ်သည်။
အောင်းတူသည် မှော်ဆရာကြီး၃ဦးကိုတွေ့ပြီးနောက် လက်သီးဆုပ်ကာနှုတ်ဆက်လိုက်သည်။
"ဆရာကြီး၃ယောက်လုံးကိုဒီမှာတွေ့ရဖို့မမျှော်လင့်ထားဘူး...ကြည့်ရတာ အနောက်တိမ်တိုက်အင်ပါယာက ကယ်တင်ခံရပြီထင်တယ်"
အောင်းတူသည် သူ၏ခွန်အားသက်သက်ဖြင့် ဇတ်ဂ်အားလုံးကိုအနိုင်ယူရန် ယုံကြည်မှုမရှိခဲ့ပေ။သို့ဖြစ်ရာ အခြေအနေတစ်ခုလုံးသည်မည်မျှ အန္တာရယ်များကြောင်းတွေးတောကြည့်နိုင်သည်။
"သိုင်းပညာသခင်ဟာ အနောက်တိမ်တိုက်အင်ပါယာရဲ့မြင့်မြတ်တဲ့ သခင်တစ်ယောက်ဆိုပြီးကျော်ကြားခဲ့တာကြာလှပြီ"
မှော်ဆရာ၃ယောက်ကလည်း ပြန်၍နှုတ်ဆက်လိုက်သည်။