အခန်း (၅၂၃-၅၂၅)
Vol. 35 Ch. 523-525
အခန်း ၅၂၃ - ဧကရာဇ်ကျားတပ်ဖွဲ့
ဤတိုက်ကြီးပေါ်၌ မှော်ဆရာ၃ယောက်ကို အနိုင်ယူနိုင်သူအမြောက်အများမရှိပေ။
သို့သော်လည်း ယခုမြင်တွေ့နေရသည့်မြင်ကွင်းအရဆိုလျှင် အောင်းတူသည်မည်မျှထိအားကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။
အောင်းတူကိုပထမဆုံးစတင်တွေ့ဆုံချိန်က ရှောင်ယု၏အင်အားသည် အနည်းငယ်နိမ့်ပါးနေသည့်အတွက်ကြောင့် အောင်းတူရောက်ရှိလာသည့်အခါတွင် သူ့ထံမှမည်သည့်ထူးခြားမှုကိုမှမခံစားရဘဲ သာမန်လူတစ်ယောက်ဟုအထင်ရောက်သွားခဲ့သည်။အောင်းတူသည် မည်သည့်နယ်ပယ်သို့ရောက်ရှိနေကြောင်း သူရှာဖွေတွေ့ရှိရန် နည်းလမ်းရှာမရခဲ့ပေ။
ယခုအခါတွင် ရှောင်ယုသည် အောင်းတူ၏ခန္ဓာကိုယ်ပတ်လည်၌ ဝိုင်းရံနေသောအန္တာရယ်ရှိသောအော်ရာကို ခံစားမိနေပြီဖြစ်သော်လည်း အောင်းတူမည်မျှထိအစွမ်းထက်ကြောင်း သူယခုထိမမြင်တွေ့နိုင်သေးပေ။
ကာဆိုသည် ဆဌမအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်လျှင်ပင် အောင်းတူနှင့်နှိုင်းယှည်လိုက်မည်ဆိုပါက ဘာမှမဟုတ်တော့ပေ။
အောင်းတူသည် ရှောင်ယုကိုတိုက်ရိုက်ကြည့်၍ ကျေးဇူးတင်စကားဆိုလိုက်သည်။
"ရှောင်ယု...ဒီတစ်ခါတော့မင်းကိုငါတကယ်ကျေးဇူးတင်ရမယ်...မင်းသာဒီနေ့ရောက်မလာခဲ့ရင် အခြေအနေတွေကဘယ်လောက်ဆိုးရွားသွားမလဲဆိုတာ စိတ်ကူးယဉ်လို့မရနိုင်ဘူး"
ရှောင်ယုက ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။
"ဆရာကြီးယဉ်ကျေးလွန်းတာလူတိုင်းသိပါတယ်...ငါလည်းကိုယ်ပိုင်ရည်ရွယ်ချက်ကြောင့် ဒီကိုရောက်လာတာပါ...အနောက်တိမ်တိုက်အင်ပါယာကျရှုံးသွားရင် နောက်ထပ်ကံမကောင်းတဲ့သူကငါ့ရဲ့ခြင်္သေ့နယ်မြေဖြစ်သွားနိုင်တယ်...ဒါကြောင့်ငါမဖြစ်မနေရောက်လာရတာပဲ...ပြီးတော့ထို့ပါဟောင်ကငါ့ရဲ့ဗျူဟာမြောက်မဟာမိတ်လည်းဖြစ်တယ်...ငါသူ့ကိုတစ်ယောက်တည်းဘယ်လိုထားခဲ့နိုင်မှာလဲ...ဟားဟား"
"မင်းရဲ့အကူအညီကို ငါတန်ဖိုးထားနေတုံးပဲ...အနောက်တိမ်တိုက်အင်ပါယာမှာ ငါတစ်ယောက်တည်းရဲ့စွမ်းအားနဲ့ ဒီဇတ်ဂ်တွေကိုတိုက်ထုတ်ဖို့ အရမ်းခက်ခဲနေတယ်...လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်က ငါဟာနေရာများစွာကိုသွားရောက်ခဲ့ပြီးတော့ အနောက်တိမ်တိုက်အင်ပါယာရဲ့တပ်ဖွဲ့အားလုံးကိုဆက်သွယ်ခဲ့ပြီး ခံစစ်လိုင်းကိုစောင့်ကြပ်ပေးဖို့တောင်းဆိုခဲ့တယ်...ဒီကာကွယ်ရေးခံစစ်လိုင်းသာပြိုကျသွားခဲ့ရင် အနောက်တိမ်တိုက်အင်ပါယာတစ်ခုလုံး အဆုံးသတ်သွားလိမ့်မယ်...ဒါပေမဲ့ ထို့ပါကွေ့ဆိုတဲ့ခွေးကောင်က သူ့ရဲ့သေးငယ်တဲ့ကိုယ်ရေးကိုယ်တာအကျိုးအမြတ်လေးတွေအတွက် တပ်ဖွဲ့တွေကိုမပို့ဆောင်ခဲ့ဘူး...ဒီကောင်ကငါ့ကိုရူးသွားအောင်လုပ်နေတာပဲ"
"ဒီကောင်က ဘာလို့အဲလောက်ခေါင်းမာနေတာလဲ"
ရှောင်ယုသည် ထိုစကားကိုကြားလိုက်ရချိန်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။
အောင်းတူကခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပဲ...ဒါပေမဲ့ငါကအခြားအချက်ကိုစိတ်ပူနေတာ...ထို့ပါကွေ့ရဲ့နောက်ကွယ်မှာ သူ့ကိုပံ့ပိုးပေးနေတဲ့အရမ်းကိုအစွမ်းထက်တဲ့စွမ်းအားတွေရှိနေတယ်ဆိုတာ မင်းသိထားသင့်တယ်...အဲ့ဒီအင်အားစုက အနောက်တိမ်တိုက်အင်ပါယာကိုဖျက်ဆီးမယ့် ဇတ်ဂ်တွေကိုဂရုမစိုက်ဘူး...ထို့ပါကွေ့က တိုက်ကြီးတစ်ခုလုံးပရမ်းပတာဖြစ်သွားတာကိုလိုချင်နေတာ...အဲ့ဒါမှသူအကျိုးအမြတ်ပိုရမယ်လေ..."
ရှောင်ယုသည် ထိုစကားကိုကြားသောအခါ မတ်တပ်ရပ်မိလိုက်ပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ခွာမိလိုက်သည်။သူသည် ထိုအကြောင်းကိုနဂိုကတည်းက စဉ်းစားမိသော်လည်း ယခုမူအမှန်တကယ်ဖြစ်လာပုံရသည်။
ထိုသို့ဖြစ်ခဲ့မည်ဆိုပါက ရှောင်ယုသည်စစ်မျက်နှာနှစ်ခုကို ရင်ဆိုင်ရမည်ဖြစ်သည်။လက်ရှိအခြေအနေသည် အချိန်တိုအတွင်းတည်ငြိမ်ရန်ခက်ခဲမည်ဖြစ်ကာ ပိုမိုဆိုးရွားလာနိုင်ခြေရှိပေသည်။
"အဲ့ဒါဆိုရင် ထို့ပါကွေ့ဝင်ရောက်တိုက်ခိုက်လာမှာကို ဆက်လက်တားဆီးကာကွယ်ဖို့အတွက် တပ်ဖွဲ့အချို့ကိုစေလွှတ်ဖို့လိုလာပြီ...ခုမင်းတို့မှာတပ်အင်အားဘယ်လောက်ထိရှိလဲ"
ရှောင်ယုသည် ပြီးပြည့်စုံသောစစ်ရေးအစီအမံတစ်ခုကို ရေးဆွဲနိုင်ရန်အတွက် အရေးအကြီးဆုံးသောမေးခွန်းကို ဦးစွာမေးမြန်းလိုက်သည်။
"ခုဆိုရင် ငါတို့ဟာ အနောက်တိမ်တိုက်အင်ပါယာရဲ့ထက်ဝက်ကျော်ကိုထိန်းချုပ်ထားလိုက်ပြီ...ထိန်းချုပ်နယ်မြေအတွင်းလူဦးရေ၁၀သန်းကျော်လောက်ရှိပြီး တပ်အင်အား၅၀၀၀၀၀လောက်ရှိတယ်...လက်ရှိအခြေအနေသာပိုမိုပြင်းထန်လာရင် တပ်အင်အားကိုပိုပြီးတော့စုဆောင်းနိုင်လိမ့်မယ်...အနောက်တိမ်တိုက်အင်ပါယာဟာ ခြေသလုံးအိမ်တိုင်မျိုးနွယ်စုတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ အရွယ်ရောက်ပြီးသူတိုင်းကိုစစ်သားအဖြစ် အသုံးပြုနိုင်တယ်...ဒါပေမဲ့သူတို့ကိုစုဆောင်းနိုင်ဖို့အတွက် အချိန်အနည်းငယ်လိုအပ်လိမ့်မယ်...ခုလောလောဆယ် ရှေ့တန်းတပ်အင်အားက၂၀၀၀၀၀ပဲရှိတယ်...လာမယ့်ရက်အနည်းငယ်အတွင်း တပ်သား၅၀၀၀ကနေ၆၀၀၀လောက် နေ့စဉ်ရောက်လာလိမ့်မယ်"
အနောက်တိမ်တိုက်အင်ပါယာ၏ ဗိုလ်ချုပ်များက ပြန်ဖြေလိုက်သည်။
ရှောင်ယုသည် သူတို့၏တင်ပြချက်ကိုနားထောင်ပြီးနောက်တွင် ခေါင်းညိတ်ပြလိုက်သော်လည်း မျက်ခုံးများရှုံ့တွနေခဲ့သည်။ဤသို့သောတပ်အင်အားသည် ဇတ်ဂ်များကိုရင်ဆိုင်ရာ၌မလုံလောက်သေးပေ။
"တပ်အင်အားကို ခုထက်ပိုပြီးစုဆောင်းနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပါ...ဒါကခက်ခဲတဲ့တိုက်ပွဲတစ်ခုဖြစ်လာမှာပဲ...ဒါ့အပြင်အဲ့ဒီတပ်ဖွဲ့တွေကိုဦးဆောင်ဖို့အတွက် အရည်အချင်းရှိတဲ့တပ်မှူးတစ်ယောက်လိုတယ်...မင်းတို့မှာသင့်တော်တဲ့ကိုယ်စားလှယ်ရှိလား"
ရှောင်ယုကမေးမြန်းလိုက်သည်။
"အမှန်အတိုင်းပြောရမယ်ဆိုရင် ငါတို့မှာတပ်သားတွေအများကြီးရှိနေပေမဲ့ တပ်မှူးကတော့မရှိသေးဘူး"
ထိုသို့ပြောသောအခါ သူ၏လေသံသည်စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။
အရည်အချင်းရှိသောတပ်မှူးများသည် အလွန်ရှားပါးပေသည်။တပ်မှူးတစ်ယောက်မရှိပါက တပ်ဖွဲ့သည်တိုက်ပွဲသို့မဝင်နိုင်ပေ။
"အဲလိုသာဆိုရင် လူတစ်ယောက်တည်းကသာဒီရာထူးအတွက် သင့်တော်လိမ့်မယ်"
ရှောင်ယုက ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။
"ဘယ်သူလဲ"
ရှောင်ယု၏စကားကိုကြားသောအခါ တချိန်လုံးတိတ်ဆိတ်နေသောထို့ပါဟောင်က ဝမ်းသာအားရမေးမြန်းလိုက်သည်။
"ချင်ချဲ..."
ရှောင်ယုကအဖြေပေးလိုက်သည်။
အမှန်တော့ ရှောင်ယုသည် ချင်ချဲအားမစေလွှတ်လိုခဲ့ပေ။အဆုံးသတ်တွင် လက်ရှိအခြေအနေသည် အလွန်အန္တာရယ်များနေခဲ့သည်။အခြားအဖွဲ့တွင်လည်း လျှိ့ဝှက်ဆန်းကြယ်သောအင်အားစု၏အထောက်အပံ့ဖြင့် ကျွမ်းကျင်သူများပိုင်ဆိုင်ထားပေသည်။
"ချင်ချဲ...အရမ်းကောင်းတယ်...တကယ်လို့ချင်ချဲသာသွားခဲ့မယ်ဆိုရင် အရာအားလုံးကပြေလည်သွားလိမ့်မယ်...ဟားဟား"
ရှောင်ယု၏စကားကိုကြားသောအခါ ထို့ပါဟောင်သည်ဝမ်းသာပီတိဖြစ်သွားခဲ့သည်။
ချင်ချဲ၏စွမ်းရည်နှင့်ပတ်သက်လာလျှင် သူကိုယ်တိုင်ရှင်းရှင်းလင်းလင်းအာမခံနိုင်ပေသည်။ထို့ပါဟောင်သည် အနောက်တိမ်တိုက်အင်ပါယာ၏ ဧကရာဇ်ဖြစ်လာရခြင်းမှာ ချင်ချဲကြောင့်ဆိုလျှင်မမှားနိုင်ပေ။
ရှောင်ယုသည် ထို့ပါဟောင်၏နောက်သို့လိုက်ကာ စိတ်အားထက်သန်စွာဖြင့် တပ်စခန်းအတွင်းသို့ဝင်ရောက်လာခဲ့သည်။စစ်သည်များသည် လေးနက်သောအမူအရာဖြင့် သူတို့၏နောက်မှလိုက်ပါလာကြသည်။
လမ်းတလျှောက်လုံးတွင် ရှောင်ယုသည်တပ်စခန်း၏အခြေအနေကိုကြည့်ကာ တုန်လှုပ်ခြောက်ခြားမှုမရှိဘဲ မနေနိုင်တော့ပေ။အရာရာတိုင်းသည် အကောင်းဘက်၌ရှိနေကာ ဖရိုဖရဲဖြစ်မနေခဲ့ပေ။ထိုအချိန်တွင် စွမ်းအားအပြည့်ဖြင့် ပြင်းထန်သောအော်ရာများကိုထုတ်လွှတ်နေသည့် ကျားများထွက်ပေါ်လာခဲ့သည်။၎င်းတို့မှာ အနောက်တိမ်တိုက်အင်ပါယာ၏ စွမ်းအားကြီး ဧကရာဇ်ကျားတပ်ဖွဲ့ပင်ဖြစ်သည်။
သူတို့သည် ဧကရာဇ်ကျားများဖြစ်ကြသည်မှာ အံ့သြစရာမဟုတ်တော့ပေ။အကယ်၍ သူ၏မြင်းစီးသူရဲများသာ ဧကရာဇ်ကျားများနှင့်တိုက်ခိုက်ခဲ့မည်ဆိုပါက ခက်ခဲသောတိုက်ပွဲဖြစ်လာနိုင်ကြောင်း ရှောင်ယုနားလည်ပေသည်။
ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာ၏ လျှို့ဝှက်စွမ်းအားကို လျော့တွက်မိလိုက်ပုံရသည်။ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာ၏စွမ်းအားကြောင့် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။
ရှောင်ယုသည် တပ်စခန်းအတွင်းရှိ ဧကရာဇ်ကျားများကိုရေတွက်ကြည့်လိုက်ရာ အရေအတွက်၂၀၀၀၀ခန့်ရှိနိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ထိုအရေအတွက်သည် လွန်စွာမများလှပေ။
သို့သော်လည်း ဤဧကရာဇ်ကျား၂၀၀၀၀ကိုကောင်းစွာအသုံးပြုမည်ဆိုပါက ထိုတပ်ဖွဲ့သည်အလွန်ပင်အစွမ်းထက်မြက်ကာ ရန်သူများအပေါ်ကောင်းစွာအနိုင်ယူနိုင်စွမ်းရှိကြောင်း ရှောင်ယုသိထားပေသည်။
ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာ၏ ဧကရာဇ်ကျားများနှင့် သူ့နယ်မြေအတွင်းရှိ အမာခံမြင်းတပ်ဖွဲ့များနှင့်နှိုင်းယှဉ်ကြည့်လိုက်သောအခါတွင် ဤဧကရာဇ်ကျားများ၏ခွန်အားသည် သူ၏အမာခံမြင်းတပ်ဖွဲ့ထက်သာလွန်နေကြောင်း တွေ့ရှိခဲ့ရသည်။
ဤနှိုင်းယှည်မှုမှတဆင့် ဧကရာဇ်ကျားများသည် မည်မျှထိအစွမ်းထက်ကြောင်း တွေ့မြင်နိုင်ပေသည်။အကယ်၍ ချင်ချဲကသာ ဧကရာဇ်ကျား ၂၀၀၀၀နှင့်အခြားတပ်ဖွဲ့များကိုဦးဆောင်ခဲ့မည်ဆိုပါက ထို့ပါကွေ့ကိုပင်တိုက်ရိုက်ဖမ်းဆီးနိုင်မည်ဖြစ်သည်။
ဧကရာဇ်ကျားများသည် အလွန်သန်မာလှပေသည်။အနောက်တိမ်တိုက်အင်ပါယာမှလူများသည် ဧကရာဇ်ကျားများ၏အမည်ကို ဖော်ပြလိုက်သည့်အချိန်တိုင်းတွင် ချက်ချင်းဂုဏ်ယူဝံ့ကြွားကြသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
ဇတ်ဂ်စစ်တပ်အား ကိုင်တွယ်ဖြေရှင်းရန် ယခုလိုစွမ်းအားမျိုးပိုင်ဆိုင်ထားခြင်းက အလွန်ကောင်းမွန်လှပေသည်။
အခန်း ၅၂၄ - တန်ပြန်တိုက်စစ်စတင်ခြင်း
ညဘက်သို့ရောက်လာချိန်တွင် ထို့ပါဟောင်သည် ဧကရာဇ်ကျား၅၀၀၀ကိုဖယ်ယူကာ ချင်ချဲ၏လက်အောက်၌ တာဝန်ပေးအပ်လိုက်သည်။
သူသည် ဧကရာဇ်ကျားများ၏ ထူးခြားသောအသွင်အပြင်အချို့ကိုလည်း ချင်ချဲကိုပြောပြခဲ့သည်။သို့မှသာ ချင်ချဲသည် ဧကရာဇ်ကျားများကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်မည်ဖြစ်သည်။
ချင်ချဲသည် သကြားလုံးရထားသောကလေးတစ်ယောက်လို ပြုံးလိုက်မိကာ ခေါင်းညိတ်၍ထွက်ခွာသွားခဲ့သည်။ထို့ပါဟောင်သည် ချင်ချဲအကြောင်းကိုတွေးမိရင်း ထိုကောင်လေးသည်အမှန်တကယ်အရည်အချင်းပြည့်မှီကြောင်း ခံစားမိပေသည်။
ကောင်းကင်သည် အလင်းရောင်မထွက်ပေါ်လာသေးပေ။သို့သော်အခြေအနေများက အလွန်အရေးကြီးနေသည့်အတွက်ကြောင့် ချင်ချဲသည်သူ၏တပ်ဖွဲ့နှင့်အတူ ထွက်ခွာရန်အသင့်ပြင်ဆင်ခဲ့သည်။ရှောင်ယုသည် ချင်ချဲအားမှော်စာလိပ်များနှင့်အခြားအသက်ကယ်ရတနာများစွာကို ပေးအပ်ခဲ့သည်။
ထို့ပြင်ယခုတစ်ကြိမ်၌ ရှောင်ယုသည် ချင်ချဲအားကူညီပေးရန်တိုင်ရန်ဒီနှင့်မိုင်ယဗ်အား စေလွှတ်ပေးခဲ့သည်။ယခုတစ်ကြိမ်တွင် အနောက်တိမ်တိုက်အင်ပါယာသည် မငြိမ်မသက်ဖြစ်နေခဲ့ကာ ချင်ချဲသည်ယခင်ကလိုပြောက်ကျားတိုက်ခိုက်မှုကို အသုံးမပြုနိုင်တော့ပေ။ထို့ကြောင့် ရှောင်ယုကသူ၏သူရဲကောင်းနှစ်ယောက်ကို ချင်ချဲနှင့်အတူထည့်ပေးလိုက်ခြင်းဖြစ်သည်။
မိုင်ယဗ်နှင့်တိုင်ရန်ဒီတို့သည် ချင်ချဲအတွက်ကြီးကြီးမားမားအကူအညီဖြစ်စေမည်ဟု ရှောင်ယုကယုံကြည်ခဲ့သည်။
ထို့နောက်တွင်ရှောင်ယုသည် အင်ကာရက်ဂ်ဘုရားကျောင်းအား တန်ပြန်တိုက်စစ်ဆင်ရန် စီစဉ်ထားခဲ့သည်။
အမှန်တော့ရှောင်ယုသည် မှော်ဆရာကြီး၃ယောက်၏ အကူအညီကိုတောင်းခံ၍ ဤပြဿနာကိုကျော်လွှားနိင်ကြောင်းသိထားပေသည်။မှော်ဆရာကြီး၃ယောက်သည် တားမြစ်မှော်ပညာကိုအသုံးပြုကာ ဇတ်ဂ်များကိုတစ်ကြိမ်တည်းဖြင့် ဖယ်ရှားနိုင်စွမ်းရှိပေသည်။တိုက်ကြီးတစ်ခုလုံး၏ မှော်ဆရာအစည်းအရုံးသည် တားမြစ်မှော်ပညာကိုအသုံးပြုခွင့်ပိတ်ပင်ထားသော်လည်း တိုက်ကြီး၏လုံခြုံမှုကိုကာကွယ်ရန်အတွက်မူ တားမြစ်မှော်ကိုအသုံးပြုခွင့်ပေးထားသည်။
သို့သော်လည်း ၎င်းကိုမသုံးခဲ့ပါက အကောင်းဆုံးပင်ဖြစ်ပေသည်။
တားမြစ်မှော်ပညာအားအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များက အလွန်ပင်ကြီးမားလှပေသည်။တားမြစ်မှော်ပညာကြောင့် တိုက်ပွဲနေရာတစ်ခုလုံးမြုံသွားနိုင်ကာ အသုံးပြုသူမှော်ဆရာကိုယ်တိုင်ပင် အသက်အန္တာရယ်မရှိဟု အာမမခံနိုင်ပေ။
ယခုအချိန်တွင် တိုက်ကြီးတစ်ခုလုံး ပရမ်းပတာဖြစ်နေသည့်အတွက် လက်ရှိအချိန်တွင်မှော်ဆရာကြီး၃ယောက်အနက် ၁ယောက်ကသာမတော်တဆဖြစ်သွားခဲ့မည်ဆိုလျှင် တိုက်ကြီးတစ်ခုလုံးအတွက် ကြီးမားသည့်ထိုးနှက်ချက်ဖြစ်သွားမည်ကို ရှောင်ယုနားလည်ပေသည်။
ယနေ့အချိန်ထိတိုင်အောင် ဇတ်ဂ်တပ်ဖွဲ့သည် အနောက်တိမ်တိုက်အင်ပါယာကို ဖျက်ဆီးရန်ကြိုးပမ်းနေဆဲဖြစ်သည်။ဇတ်ဂ်စစ်တပ်၏ အကြီးမားဆုံးသောအားသာချက်မှာ သူတို့၏များပြားလှသောအရေအတွက်များဖြစ်သည်။
ဤသည်မှာ မှော်ဆရာကြီး၃ယောက်လုံးစုစည်း၍ ဇတ်ဂ်များကိုတိုက်ခိုက်ရသည့် အကြောင်းရင်းဖြစ်သည်။သူတို့သည် ဇတ်ဂ်တို့၏လှုပ်ရှားမှုကို လုံးလုံးလျားလျားချုပ်ကိုင်ထားရမည်ဖြစ်ကာ သူတို့၏မျိုးပွားနိုင်စွမ်းကိုဖျက်ဆီး၍ သူတို့၏မိခင်အသစ်ကို လုံးဝဖျက်ဆီးရမည်ဖြစ်သည်။
ထိုအရာသည် တစ်ခုတည်းသောဖြေရှင်းချက်သာဖြစ်သည်။
ဤနှစ်ရက်အတွင်း ရှောင်ယု၊နီကိုးလပ်စ်၊ထို့ပါဟောင်နှင့်အခြားသူများသည် သူတို့၏တိုက်ခိုက်ရေးအစီအစဉ်များကို စတင်ရေးဆွဲခဲ့ကြသည်။သူတို့သည် ဇတ်ဂ်တို့၏မိခင်အသိုက်ရှိရာသို့ လမ်းဖွင့်ပေးကာ ဇတ်ဂ်များကိုအမြစ်ဖြုတ်သုတ်သင်ရန်အတွက် မှော်ဆရာကြီး၃ယောက်လုံး၏ ကြောက်စရာကောင်းသောစွမ်းအားကို အပြည့်အဝအသုံးချခဲ့သည်။
အင်ကာရက်ဂ်၏ရှေ့၌ရှိသော ဇတ်ဂ်များကိုရှင်းလင်းပြီးနောက်တွင် အခြေအနေကိုစောင့်ဆိုင်းကြည့်ရှုနေသော အခြားတပ်ဖွဲ့များက ချက်ချင်းထွက်ပေ၏လာခဲ့ကာ ရတနာများကိုရှာဖွေရန်အတွက် အင်ကာရက်ဂ်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လာကြသည်။
ရှေးခေတ်၏အကျော်ကြားဆုံး ဘုရားကျောင်းများအနက်တစ်ခုအနေဖြင့် အင်ကာရက်ဂ်ဘုရားကျောင်း၏ရတနာများသည် လုံးဝလိုချင်တပ်မက်ဖွယ်ကောင်းလှပေသည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် မည်သူကရှယ်ယာခွဲမယူလိုသနည်း။တပ်ဖွဲ့အမြောက်အများသည် ခြင်္သေ့နယ်မြေ၏တပ်များကိုကျော်ဖြတ်ကာ ကာကွယ်ရေးလိုင်းအနားသို့ရောက်လာကြသည်။သူတို့သည် အနောက်တိမ်တိုက်အင်ပါယာက ဇတ်ဂ်များကိုထိန်းချုပ်ထားစဉ် ရတနာများကိုချက်ချင်းစုဆောင်းကြသည်။
အကယ်၍ ရှေ့တန်းခံစစ်ကြောင်းပြိုလဲပါက သူတို့ချက်ချင်းထွက်ခွာသွားမည်ဖြစ်သည်။
ထိုလူများသည် အမြတ်အစွန်းကိုရှာဖွေသူများဖြစ်ကာ ကိုယ်ကိုယ်တိုင်၏အကျိုးစီးပွားကို ရှာဖွေနေရသည်အား ကျေနပ်နေသူများဖြစ်သည်။သူတို့သည် တိုက်ကြီး၏လုံခြုံရေးနှင့်ပတ်သက်၍ လုံးဝဂရုမစိုက်ပေ။
ရှောင်ယုသည် ထိုလူများကိုတန်ပြန်တိုက်ခိုက်ရန်အတွက် မည်သည့်အခါကမှ စဉ်းစားခဲ့ဖူးခြင်းမရှိသော်လည်း သူတို့အားဤအတိုင်းအခွင့်ကောင်းယူရန် ခွင့်မပြုခဲ့ပေ။ရှောင်ယုသည် ထိုအကြောင်းကိုကြိုတင်စဉ်းစားထားပြီးဖြစ်သည်။အင်ကာရက်ဂ်ဘုရားကျောင်းသို့ဝင်ရောက်လိုသူတိုင်းသည် သူ့အားအခကြေးငွေပေးဆောင်မယရမည်ဖြစ်သည်။
ထိုသို့မဟုတ်ပါက ရတနာများကိုရှာဖွေရန်မစဉ်းစားသင့်ပေ။
ရှောင်ယု၏အဆိုပြုချက်ကိုကြားသောအခါ ထို့ပါဟောင်ကပြုံး၍ခေါင်းညိတ်ပြလိုက်သည်။ဤသို့လွယ်ကူသော ငွေကြေးစုဆောင်းခြင်းကို သူအဘယ်ကြောင့်မလုပ်ဆောင်ရမည်နည်း။သူနှင့်ရှောင်ယုတို့သည် အမြတ်ငွေကိုတစ်ဝက်စီခွဲယူလိုက်ကာ ဇတ်ဂ်များကိုတိုက်ခိုက်ရာ၌ သူတို့၏ဆုံးရှုံးမှုကိုကာမိအောင်ကြိုးစားကြသည်။
မဟာဗျူဟာမြောက်စီမံချက်ကို ရေးဆွဲပြီး ၃ရက်မြောက်သောနေ့တွင် လူတိုင်းသည် အစီအစဉ်အား အကောင်အထည်ဖော်ရန်အတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ရက်အနည်းငယ်ကြာတိုက်ပွဲအပြီးတွင် ဇတ်ဂ်တပ်ဖွဲ့များသည် သေဆုံးဒဏ်ရာရမှုများစွာ ဖြစ်ပွားခဲ့သည်။ရှောင်ယုသည် ကင်းထောက်များစွာကိုစေလွှတ်ခဲ့ပြီး ဇတ်ဂ်တပ်ဖွဲ့၏စုဝေးရာနေရာအချို့ကိုရှာတွေ့ခဲ့ကာ ၎င်းတို့အားတရှိန်ထိုးဖျက်ဆီးရန် အသင့်ပြင်ထားခဲ့သည်။
ယခုလိုထိုးစစ်ဆင်ချိန်တွင် မြို့ရိုးကိုစောင့်ကြပ်ရန်အတွက် တပ်သားအမြောက်အများကို ချန်ထားခဲ့ရန်လိုအပ်ပေသည်။သို့မှသာ တစ်စုံတစ်ခုမှားယွင်းသွားပါက မြို့ရိုးသည်အကာအကွယ်အဖြစ် ရှိနေမည်ဖြစ်သည်။
ထိုအကာအကွယ်ကပင် သူတို့အားခေတ္တအသက်ရှုရန် အခွင့်အလမ်းကိုပေးစွမ်းမှာဖြစ်သည်။
ထို့ပြင် သူတို့တိုက်ခိုက်ရန် ထွက်ခွာသွားသည့်အချိန်တွင် ကျန်ရှိနေသောဇတ်ဂ်အချို့သည် မြို့ရိုးအားတိုက်ခိုက်ရန်အတွက် ဤအခွင့်အရေးအားအသုံးပြုနိုင်ပေသည်။ထိုအချိန်တွင် ဇတ်ဂ်များသည် အနောက်တိမ်တိုက်အင်ပါယာထဲသို့စိမ့်ဝင်ကာ သာမန်လူများ၏အသက်ကို အန္တာရယ်ပြုသွားမည်ဖြစ်သည်။
အရာအားလုံးအဆင်သင့်ဖြစ်ပြီးနောက်တွင် နံနက်စောစောအချိန်၌ စစ်တပ်သည်တိတ်တဆိတ်ပြင်ဆင်မှုပြလုပ်ခဲ့ပြီး မြို့ရိုး၏အားနည်းသောအစိတ်အပိုင်းတစ်ခုအား အပေါက်ကြီးတစ်ခုဖြစ်အောင်ဖောက်ထုတ်ကာ မြင်းတပ်ကိုစတင်တိုက်ခိုက်စေခဲ့သည်။
ဤတိုက်ခိုက်မှုကိုဦးဆောင်သော အဓိကအင်အားစုမှာ ဧကရာဇ်ကျားများဖြစ်ကြသည်။ဧကရာဇ်ကျားများ၏ အရှိန်အဟုန်ကိုတွေ့မြင်ပြီးနောက်တွင် ရှောင်ယုသည် ဧကရာဇ်ကျားများ၏တိုက်ခိုက်နိုင်စွမ်း အလွန်မြင့်မားကြောင်းတွေ့မြင်လိုက်ရသည်။
ဝေါင်း..
ဧကရာဇ်ကျားများသည် သူတို့၏သံခွာများနှင့် မြို့ရိုးပေါ်သို့ပြေးတက်လာခဲ့ပြီး အမှန်တကယ်တိုက်ခိုက်လာသည့်အချိန်တွင်မှ ၎င်းတို့မည်မျှအစွမ်းထက်ကြောင်း ရှောင်ယုသိရှိလိုက်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဧကရာဇ်ကျားများနှင့် တပ်ဖွဲ့များ၏ချီတက်မှုက အလွန်တိတ်ဆိတ်နေခဲ့သည်။ဧကရာဇ်ကျားများသည် ကီလိုဂရမ်ရာနှင့်ချီ၍ အလေးချိန်ရှိသော်လည်း ၎င်းတို့၏လှုပ်ရှားမှုသည်သာမန်မြင်းများထက် အလွန်ညင်သာ၍သွက်လက်စွာရွေ့လျားနိုင်သည်။
သို့သော်လည်း သူတို့သည် တိုက်ခိုက်မယ့်အချိန်သို့ရောက်ရှိလာချိန်တွင် ပြိုင်တူဟိန်းဟောက်၍ သားရဲအသံများကိုဖန်တီးလိုက်ကြပြီး အံ့မခန်းအရှိန်အဟုန်ကို ဖြစ်ပေါ်စေခဲ့သည်။
"ရဲဘော်တို့...ဒီပိုးကောင်တွေကိုသတ်ကြ...သူတို့ရဲ့အလောင်းတွေတောင်လိုပုံနေကြပါစေ"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး နဂါးလေး၏နောက်ကျောပေါ်သို့ တိုက်ရိုက်ခုန်တက်လိုက်သည်။ထို့နောက်သူသည် ဧကရာဇ်ကျားများ၏ လှုပ်ရှားမှုကိုတွေ့မြင်ရန်အတွက် ရှေ့တန်းသို့ရောက်လာခဲ့သည်။
ရှောင်ယု၏အော်သံကိုကြားလိုက်ရသောအခါ တပ်ဖွဲ့ဝင်များ၏တိုက်ခိုက်လိုစိတ် မြင့်တက်လာခဲ့ပြီး ယခင်ကထက်ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာခဲ့သည်။
ရှေ့တန်းတွင် အောစ့်စစ်သည်များသည် နောက်တစ်နေ့ဟူသည်မရှိတော့သကဲ့သို့ တိုက်ပွဲဝင်နေကြသည်။သေချာသည်မှာ သူတို့သည်ဦးဆောင်တိုက်ပွဲဝင်သူများဖြစ်ကြသည်။
အောစ့်စစ်သည်များသည် ဧကရာဇ်ကျားများကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်း ရှောင်ယုကမတော်တဆပြောခဲ့မိသည့်အတွက် အောစ့်စစ်သည်များသည် လွန်စွာပင်စိတ်ထိခိုက်သွားခဲ့ရသည်။ထို့ကြောင့် အောစ့်ခြေလျင်တပ်သားအမြောက်အများသည် ဧကရာဇ်ကျားများနှင့်ယှဉ်ပြိုင်ရန် ပြေးဝင်သွားကြသည်။
နောက်ဆုံးတွင် သူတို့သည် ဧကရာဇ်ကျားများထက်ပျော့ညံ့မှုမရှိကြောင်း သက်သေပြရန်အခွင့်အရေးရရှိခဲ့သည်။အောစ့်စစ်သည်တိုင်းသည် သူတို့၏တန်ဖိုးကိုသက်သေပြရန် အစွမ်းကုန်အားထုတ်ကြိုးပမ်းခဲ့ကြသည်။
အခန်း ၅၂၅ - လမ်းဖောက်ခြင်း
အောစ့်စစ်သည်များသည် ကိုဒိုသားရဲများ၏ဦးဆောင်မှုနောက်မှလိုက်ပါ၍ လျင်မြန်စွာတိုက်ခိုက်နေခဲ့ကြသည်။
ယခုအခါရှောင်ယုသည် ကိုဒိုသားရဲများကို အပြည့်အဝလက်နက်တပ်ဆင်ပေးထားပြီးဖြစ်ရာ သူတို့၏ချီတက်မှုအရှိန်နှုန်းသည် အလွန်အားကောင်းလာခဲ့သည်။ကိုဒိုသားရဲများသည် ဧကရာဇ်ကျားများထက် အလေးချိန်ပိုများသည့်အတွက်ကြောင့် သူတို့အားထည့်ချီတက်လိုက်သောအခါတွင် မြို့ရိုးများပင်တုန်ခါသွားခဲ့ရသည်။
ကိုဒိုသားရဲများ၏ စစ်ပွဲဒရမ်များသည် အောစ့်စစ်သည်များ၏တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာတိုးမြင့်စေခဲ့သည်။ယခုအချိန်တွင် သူတို့သည်အကောင်းဆုံးသောရလဒ်များကို ရရှိစေရန်အချင်းချင်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။မှင်စာများသည် နောက်ကျကျန်နေခဲ့ရန် ဆန္ဒမရှိကြဘဲ သူတို့၏ခြေတံရှည်များကိုရွေ့လျားလိုက်ကြသည်။သူတို့သည် အောစ့်ခြေလျင်တပ်များထက် ပိုမိုမြန်ဆန်ပြီး သူတို့၏လှံတံပစ်ခတ်မှုက စစ်မြေပြင်၌ရန်သူများကို အတုံးအရုံးကျရှုံးစေခဲ့သည်။
စစ်သားများအကြားတွင် အလွန်ထင်ရှားသည့်အသွင်အပြင်တစ်ခုမှာ အဆီများဖြင့်ဖုံးလွှမ်းနေသော ချန်ပင်ဖြစ်သည်။
ရှောင်ယုသည် ချန်ကိုဆင့်ခေါ်ပြီးသောအချိန်မှစ၍ သူသည်အခြားသောသူရဲကောင်းများထက် သိသိသာသာအားနည်းနေသည့်အတွက်ကြောင့် သူ၏ခွန်အားကိုမြင့်တင်နိုင်ရန် တိုက်ပွဲများကိုအမြဲလိုလိုရှာဖွေနေခဲ့သည်။
ဝေပြည်နယ်ကိုတိုက်ခိုက်စဉ်အခါက တိုက်ပွဲသည်မြန်မြန်ဆန်ဆန်အဆုံးသတ်သွား၍ ချန်သည်များစွာမတိုးတက်ခဲ့ဘဲ အဆင့်၂၀သို့သာရောက်ရှိနေခဲ့သည်။
နောက်ပိုင်းတွင် သူကိုယ်တိုင် အန်ကာဂန်တောင်တန်းများတွင်းသို့ဝင်ရောက်ကာ သားရဲများကိုလိုက်လံရှာဖွေတိုက်ခိုက်ခြင်းဖြင့် အဆင့်၃၀သို့ရောက်ရှိသွားခဲ့သော်လည်း ၎င်းသည်လုံလောက်ခြင်းမရှိသေးပေ။အခြားသောသူရဲကောင်းများနှင့်နှိုင်းယှဉ်ကြည့်ပါက သူ၏ကွာဟချက်သည်အသေးအမွှားမဟုတ်ပေ။
ထို့ကြောင့် ချန်သည်သူ၏အဆင့်ကိုမြင့်တင်လိုသည့်အတွက် ရှေ့တန်းစစ်မျက်နှာသည့် အလျင်အမြန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရှောင်ယုသည် ဝေဟင်ပေါ်၌ပျံဝဲနေရင်း ဇတ်ဂ်တပ်ဖွဲ့များနှင့် ဧကရာဇ်ကျားတိုက်ခိုက်နေသည်ကို ကြည့်ရှုနေခဲ့ပြီး သူ၏နှလုံးသားတစ်ခုလုံး စိတ်လှုပ်ရှားစွာတုန်ခါနေခဲ့သည်။သူသည် ဧကရာဇ်ကျားများ၏ တိုက်ခိုက်ပုံကိုကြည့်ရင်း ဇတ်ဂ်စစ်တပ်၏နိဂုံးကိုခန့်မှန်းကြည့်နိုင်ပြီဖြစ်သည်။
ဤဇတ်ဂ်တပ်ဖွဲ့များသည် လူသားများကတန်ပြန်တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက်ကြောင့် ပြန့်ကျဲသွားခဲ့ကာ ဖွဲ့စည်းပုံတည်ငြိမ်ခြင်းမရှိတော့ပေ။သူတို့သည် ကြိုတင်ပြင်ဆင်မှုမရှိတော့သည့်အတွက်ကြောင့် ဧကရာဇ်ကျားများက သူတို့အားတိုက်ခိုက်သည့်အခါတွင် ဖရိုဖရဲဖြစ်သွားခဲ့သည်။
ဧကရာဇ်ကျား၏ ပြင်းထန်သောတိုက်ခိုက်မှုစွမ်းအားကို ဇတ်ဂ်တပ်ဖွဲ့များက လုံးဝတောင့်မခံနိုင်ခဲ့ပေ။ဧကရာဇ်ကျားများ၏စွမ်းအားသည် ဇတ်ဂ်ပိုးကောင်များစွာကို ချက်ချင်းနင်းခြေပစ်နိုင်ခဲ့သည်။
ဤတိုက်ပွဲသည် တစ်ဖက်သတ်ဆန်လွန်းလှသည်။ရှောင်ယုသည် ထိုမြင်ကွင်းအားစိတ်လှုပ်ရှားနေသည့်မျက်နှာဖြင့်ကြည့်နေခဲ့သည်။ဇတ်ဂ်စစ်တပ်တစ်ခုလုံးသည် စူပါကောက်ရိတ်စက်ဖြင့် အရိတ်သိမ်းခံရသလိုဖြစ်နေခဲ့သည်။ဧကရာဇ်ကျားများ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် အလောင်းများဖြင့်ပြည့်နှက်နေခဲ့သည်။
ဧကရာဇ်ကျား၏ တိုက်ခိုက်မှုဒဏ်မှလွတ်မြောက်ခဲ့သောဇတ်ဂ်များသည် နောက်မှလိုက်ပါလာသောကိုဒိုသားရဲများနှင့် အောစ့်ခြေလျင်တပ်၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။အောစ့်စစ်သည်များသည် တစ်ဦးတစ်ယောက်ချင်းတိုက်ခိုက်နေကြသော်လည်း မည်သူ့ကိုမှကြောက်ရွံ့ခြင်းမရှိဘဲ သူတို့၏လက်ထဲမှပုဆိန်များကိုဝှေ့ယမ်းရင်း ရှေ့သို့ပြေးတက်လာကြသည်။
ထိုကိုဒိုသားရဲများသည် ဇတ်ဂ်များထံသို့အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြပြီး ပိုးကောင်များကိုတိုက်ရိုက်နင်းသတ်သွားကြလေရာ ကိုဒိုသားရဲများ၏ လမ်းတွင်ပိတ်မိနေသောဇတ်ဂ်များသည် အသားပြားများအဖြစ် ပြောင်းလဲသွားကြသည်။
တပ်ဖွဲ့တစ်ခုလုံး အပြည့်အဝလှုပ်ရှားချိန်တွင် ထွက်ပေါ်လာသည့်စွမ်းအားက လုံးဝကိုအံ့မခန်းဖြစ်သည်။
ဇတ်ဂ်တပ်ဖွဲ့များ၌ စခန်းချရာနေရာမရှိသလို အကာအကွယ်တံတိုင်းများလည်းမရှိပေ။ထို့ကြောင့် ဧကရာဇ်ကျားများသည် အတားအဆီးမကြုံတွေ့ရဘဲ လျင်မြန်စွာရှေ့တိုးလာခဲ့ကြသည်။ဇတ်ဂ်စစ်တပ်သည် ထိုအကြောင်းကိုသဘောပေါက်သွားချိန်တွင် ယခုလိုဆက်တိုက်နေ၍မရကြောင်း လျင်မြန်စွာသိရှိသွားကြပြီး တန်ပြန်တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့ကြသည်။သူတို့သည် ဧကရာဇ်ကျားများကိုဝိုင်းရံလိုက်ကြပြီး သူတို့၏ဆုတ်ခွာမှုလမ်းကြောင်းကိုဖြတ်တောက်လိုက်ကာ အရေအတွက်ဖြင့်ဖိအားပေးရန်ကြိုးပမ်းလာကြသည်။
ဤသည်မှာ စစ်ပွဲများအတွင်း၌နယ်ကျွံလာသော ရန်သူမြင်းတပ်များကိုသုတ်သင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သို့သော်လည်း ရှောင်ယုသည်ဤအတွက်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။သူ၏လေတပ်သည် ဝေဟင်၌ဝဲပျံနေရင်း ဧကရာဇ်ကျားများကို လိုက်ပါစောင့်ကြပ်ပေးခဲ့သည်။ယခုလည်း ဇတ်ဂ်များကတစုတစည်းတည်းဖြစ်လာချိန်တွင် ဧကရာဇ်ကျားများကမထိုးဖောက်နိုင်တော့ပေ။ထို့ကြောင့် ရှောင်ယုကခိုင်မဲရာများအား စတင်တိုက်ခိုက်ရန်ချက်ချင်းအမိန့်ပေးခဲ့သည်။
ထို့ပြင်မှော်ဆရာကြီး၃ယောက်ကလည်း ခိုင်မဲရာများ၏ဦးခေါင်းထိပ်၌ လိုက်ပါလာကြပြီး ဇတ်ဂ်တပ်ဖွဲ့များစုဝေးနေသည့်နေရာများကို ဧရာမမီးလုံးကြီးများဖြင့် ချက်ချင်းပစ်ခတ်လိုက်ကြသည်။ဇတ်စစ်တပ်သည် ဧကရာဇ်ကျားများကိုဝိုင်းရံလာကြပြီး သူတို့၏ဆုတ်ခွာမှုလမ်းကြောင်းကို ဖြတ်တောက်ရန်ကြိုးပမ်းလာသည့်အခါတိုင်းတွင် ရှောင်ယုကလည်းဇတ်ဂ်များ၏ဖွဲ့စည်းပုံကိုဖျက်ဆီးရန် ချက်ချင်းညွန်ကြားခဲ့သည်။
ဇတ်ဂ်များကို ရှင်းလင်းပြီးနောက်တွင် ဧကရာဇ်ကျားများသည် သူတို့၏ဖွဲ့စည်းပုံကိုချက်ချင်းပြန်လည်ရယူကာ တိုက်ပွဲဝင်ခဲ့ကြသည်။
ယနေ့တွင် ဧကရာဇ်ကျားများနှင့်အခြားသောတပ်ဖွဲ့များသည် အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် စစ်မြေပြင်၌အတားအဆီးဟူ၍ မရှိခဲ့ပေ။သူတို့သည် ဇတ်ဂ်တို့၏ဝိုင်းရံခြင်းသို့မဟုတ် ကြားဖြတ်ခံရခြင်းတို့အား လုံးဝမကြောက်ရွံခဲ့ပေ။သူတို့လိုအပ်လာသည့်အချိန်တိုင်းတွင် သူတို့အားထောက်ပံ့ပေးမယ့်လေကြောင်းတပ်က ရှိနေခဲ့သည်။သူတို့လုပ်ဆောင်ရမည့်အရာမှာ ရန်သူများအားသတ်ဖြတ်ရန် သူတို့၏နှလုံးသားထဲ၌စွဲမှတ်ထားခြင်းဖြစ်သည်။ဧကရာဇ်ကျားများအတွက်မူ သူတို့၏တိုက်ခိုက်မှုမှ ကံကောင်းစွာအသက်ရှင်ခဲ့သောဇတ်ဂ်များကို ရှင်းလင်းရန်နောက်မှလိုက်ပါလာမည့် တပ်ဖွဲ့များရှိနေခဲ့သည်။
စစ်ပွဲသည် တဖြည်းဖြည်းပိုမိုပြင်းထန်လာခဲ့သည်။အဆုံးသတ်တွင် ဇတ်ဂ်စစ်တပ်သည် သူတို့၏အရေအတွက်အားသာချက်ကို စတင်အသုံးပြုလာခဲ့ကြသည်။သူတို့သည် အသက်အန္တာရယ်ကိုလုံးဝဂရုမစိုက်တော့ဘဲ ဧကရာဇ်ကျားများကို ဝိုင်းရံ၍စတင်တိုက်ခိုက်လာကြသည်။ဇတ်ဂ်များသည် ဧကရာဇ်ကျားများကို တတ်နိုင်သမျှအမြန်ဆုံးသတ်ဖြတ်လိုကြသည်။
ယခုအခါ သူတို့အတွက်အကြီးမားဆုံးခြိမ်းခြောက်မှုသည် ဧကရာဇ်ကျားများဖြစ်ကြောင်း သူတို့သိထားကြသည်။သူတို့သာ ဧကရာဇ်ကျားများကို ပိတ်ဆို့သတ်ဖြတ်လိုက်သည်နှင့် သူတို့၏အရေအတွက်အားသာချက်ကြောင့် နောက်ဆုံးအောင်ပွဲကိုရရှိမှာဖြစ်သည်။
အကယ်၍ ရှောင်ယုနှင့်မှော်ဆရာကြီး၃ယောက်သာမရှိပါက ဇတ်ဂ်များသည် ဧကရာဇ်ကျားများကို ဝိုင်းရံထားလိုက်မည်မှာသေချာပေသည်။ဧကရာဇ်ကျားများသည် အင်အားကြီးမားသော်လည်း သူတို့၏အရေအတွက်သည်အလွန်နည်းပါးကာ ၁၅၀၀၀ခန့်သာရှိသည်။တစ်ဖက်မှဇတ်ဂ်တပ်ဖွဲ့ကမူ အနည်းဆုံးအရေအတွက်သန်းချီပေသည်။
သူတို့သည် ဧကရာဇ်ကျားများကို သာလွန်သောအရေအတွက်ဖြင့် အလွယ်တကူလွှမ်းမိုးနိုင်ပြီး ဧကရာဇ်ကျားများ၏အရှိန်အဟုန်ကို နှေးကွေးစေနိုင်သည်။သူတို့သည် အရှိန်လျော့ကျသွားမည်ဆိုပါက ဤမျှများပြားလှသောဇတ်ဂ်များ၏တိုက်ခိုက်မှုကို တောင့်ခံနိုင်မှာမဟုတ်ဘဲ ကြီးမားသောအသေအပျောက်ကို ကျိန်းသေခံစားကြရမည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယုနှင့်မှော်ဆရာကြီး၃ယောက်က လိုက်ပါစောင့်ကြပ်ပေးနေသည့်အတွက် ဧကရာဇ်ကျားများသည်ရှေ့တိုးတိုက်ခိုက်ရန်သာလိုအပ်ပြီး အခြားသောလုပ်ငန်းဆောင်တာများ၌ အာရုံစိုက်ရန်အတွက် အလွန်အကျွံစွမ်းအားထုတ်ဖော်စရာမလိုခဲ့ပေ။
ဤသို့ဖြင့် ရှောင်ယုသည် ဧကရာဇ်ကျား၏စွမ်းအားကို အကန့်အသတ်ထိတိုင်အောင်ထုတ်ဖော်ပေးနိုင်ခဲ့သည်။သူတို့သည် ရန်သူများကိုသတ်ဖြတ်ရာ၌ အကောင်းဆုံးမစွမ်းဆောင်နိုင်ခဲ့သော်လည်း ရန်သူများ၏ပိတ်ဆို့မှုကိုဖောက်ထွက်ရန် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သည်။မှော်ဆရာကြီး၃ယောက်ကလည်း ဇတ်ဂ်မိခင်အသိုက်ဆီသို့လမ်းကြောင်းရအောင် ဇတ်ဂ်များကို ချေမှုန်းတိုက်ခိုက်ပေးခဲ့သည်။
ဤတိုက်ပွဲသည် ဇတ်ဂ်များကိုအမြစ်ပြတ်ရှင်းလင်းရန်မဟုတ်ဘဲ ဇတ်ဂ်တို့၏မျိုးပွားနိုင်စွမ်းကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။အောင်မြင်သွားခဲ့ပါက ဇတ်ဂ်များကိုဖယ်ရှားရန်အချိန်သာလိုအပ်ပေသည်။
ဝေဟင်ပေါ်၌ရှိနေသောရှောင်ယုသည် ဇတ်ဂ်စစ်တပ်နှင့်ထိပ်တိုက်တွေ့မယ့် အသင့်တော်ဆုံးလမ်းကြောင်းကိုညွန်ပြပေးခဲ့ကာ ဇတ်ဂ်စစ်တပ်အား ကြီးစွာထိခိုက်ဆုံးရှုံးစေခဲ့သည်။
ဤတိုက်ပွဲသည် ရှောင်ယုနှင့်ထို့ပါဟောင်တို့အကြား ပထမဆုံးအကြိမ်ပူးပေါင်းဆောင်ရွက်မှုဖြစ်ခဲ့သော်လည်း သူတို့အကြားတိတ်တဆိတ်နားလည်မှုရှိခဲ့သည်။ဤသည်မှာ စစ်ရေးစွမ်းဆောင်ရည်မြင့်မားသော ဗိုလ်ချုပ်နှစ်ယောက်ပူးပေါင်းဆောင်ရွက်ရာမှာ စစ်တပ်၏စွမ်းရည်ကိုအမြင့်ဆုံးသို့ရောက်အောင် မြင့်တင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
Thank For Reading.