← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

စူးယွင်သည် စိတ်ရှည်လက်ရှည်ဖြင့် ဖြေပေးလိုက်၏။

"သခင်မလေး မင်းလိုအပ်တာတစ်ခုခုများရှိလို့ပါလား။ကျွန်မကဒီဆိုင်ရဲ့ပိုင်ရှင်စူးပါ"

ဖြူဝင်းသောအသားအရေ၊နှာတံမြင့်မြင့်၊ဝိုင်းစက်တောက်ပသည့် မျက်ဝန်းတို့ဖြင့် လော့ချန်းယီသည် စူးရှ၍တွက်ကပ်တတ်သောအသွင်မျိုး ပေါ်နေလေသည်။သူမအကြည့်တို့မှာအေးစက်နေပြီး သူမဝတ်ဆင်ထားသည့် တန်ဖိုးကြီးအဝတ်အစားများနှင့် ခေါင်း၌ပန်ဆင်ထားသည့် ကျောက်စိမ်းဆံထိုးတစ်ချောင်းတို့သည် သူမအားမြင့်မြတ်တော်ဝင်သောအရှိန်အဝါမျိုးသယ်ဆောင်နေစေ၏။သို့သော် သူမ၏အတန်ငယ်မှေးကျဉ်းနေသည့် မျက်ဝန်းတို့မှာ တစ်စုံတစ်ယောက်၏ အထင်အမြင်အား စာနာမှုအနည်းငယ်ဖြစ်အောင် ပေးစွမ်းနေလေသည်။

လော့ချန်းယီသည် စူးယွင်အားအထင်သေးဟန်ဖြင့်ကြည့်ကာ ပြန်မဖြေခဲ့ပေ။ထိုအစား သူမသည် ယုံကြည်ချက်အပြည့်ဖြင့် ခုံပေါ်ကိုယ့်ဘာသာဝင်ထိုင်လာသည်။

စူးယွင်သည် တည်ငြိမ်မှုအား ထိန်းထားကာ ထပ်မေးလိုက်၏။

"သခင်မလေး မင်းဘာလိုအပ်ပါသလဲ။ကျွန်မက ဒီဆိုင်ရဲ့ပိုင်ရှင်ပါ။ကျွန်မရဲ့မျိုးရိုးနာမည်က စူးပါ"

လော့ချန်းယီ၏ မာနကြီးမှုမှာ သိသာလှပြီး စူးယွင်ကဲ့သို့ တစ်စုံတစ်ဦးသည် သူမနှင့် စကားပြောရန်အဆင့်မမှီဟု ယူဆထားလေသည်။

သူမ၏အနီးကပ်အစေခံ ချိုးကျူးမှာ ရှေ့တက်၍ပြောလိုက်၏။

"ကျွန်မတို့သခင်မလေးက တိရစ္ဆာန်ပုံလေးတွေကို မှီငြမ်းပြီးချုပ်ထားတဲ့ စိတ်ကြိုက်ချုံဆမ်းဝတ်စုံတစ်ထည်ကို ချုပ်စေချင်တာပါ"

"ရတာပေါ့"

စူးယွင်သည် စီးပွားရေးဆန်သောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ခဏစောင့်ပေးပါနော်"

သူမသည် ထမင်းစားပွဲဘက်လှည့်ကာ ပြောလိုက်၏။

"ရှောင်ဟယ်ရေ ဧည့်သည်တွေသောက်ကြည့်ဖို့ လက်ဖက်ရည်ဝိုင်း ပြင်ပေးလိုက်ဦးနော်"

"ဟုတ်ကဲ့"

ရှောင်ဟယ်သည် ပြန်ဖြေလိုက်ပြီး လက်ဖက်ရည်ပြင်ရန် သွက်သွက်လုပ်လိုက်သည်။

ရှောင်ဟယ်သည် ထိုလူတို့မှာ ဝူရုန်းမြို့စားအိမ်တော်၌ တွေ့ခဲ့ရသည့်သခင်မလေးဖြစ်နေသည်ကိုတွေ့လိုက်ရရာ အနည်းငယ်မကျေမချမ်းဖြစ်နေသေးပေသိ သူမမျက်နှာထက်တွင်တော့ ထုတ်ပြမထားပါချေ။သူမသည် ရေနွေးငှဲ့ပေး၍ ပြောလိုက်သည်။

"သခင်မလေးတို့ ‌လက်ဖက်ရည်သုံးဆောင်ကြပါဦး"

"ဟမ့်"

လော့ချန်းယီ၏ မျက်ဝန်းတို့မှာ အထင်အမြင်သေးသည့်အရိပ်အယောင်တို့ ပြသထားလေ၏။

"ဒီလိုစုတ်ချာနေတဲ့ ရေနွေးကြမ်းလေးပဲလား။ဒီလိုရေနွေးကြမ်းကတော့ ငါ့အကြည့်ကို ခံယူလိုက်ရတာတောင် သူ့အတွက်ဂုဏ်ယူစရာဖြစ်နေပြီ"

ထိုအချိန်တွင် မှတ်စုစာအုပ်အားကိုင်ထားသည့် စူးယွင်ရောက်လာလေသည်။သူမလေသံမှာ ဒေါသသံစွက်နေလေ၏။

"ပြန်သိမ်းလိုက်တော့။ဒီလက်ဖက်ရည်က သူ့ရဲ့အရသာကို နားလည်နိုင်တဲ့ လူတွေအတွက်ပဲ တည်ခင်းပေးတာ"

လော့ချန်းယီသည် နှာမှုတ်လိုက်၏။

"နင်ကငါ့ကို မလေးမစားပြောရဲတယ်ပေါ့လေ"

စူးယွင်မှာ ခေါင်းငုံ့မခံဘဲ တည့်တိုးပင်ပြန်ဖြေလိုက်သည်။

"ရှင်ကဝယ်သူတစ်ယောက်ဖြစ်လို့ ကျွန်မက သည်းခံနေပေမယ့် ဒီအတိုင်းသာ ဆက်ရိုင်းစိုင်းနေမယ်ဆိုရင်တော့ ကျွန်မကရှင့်ကို ထွက်သွားပေးဖို့ ပြောရလိမ့်မယ်"

သူတို့သည် ဝင်လာသည့်အချိန်မှစ၍ သူတို့သည်သာ ငွေပေး၍ဝယ်မည့်သူများဖြစ်သည့်အလား အခြားသူများမှာတော့ သူတို့၏အစေခံများအလား ခံစားရအောင်လုပ်နေခဲ့ကြ၏။

"အတင့်ရဲလိုက်တာ"

ချိုးကျူးသည် သူမအားလက်ညှိုးထိုးကာ ဒေါသတကြီးအော်ပြောလာသည်။

"ငါတို့ရဲ့သခင်မလေးက ဘယ်သူလဲဆိုတာကိုတောင် နင်ကသိလို့လား"

"သူမဘယ်သူလဲဆိုတာကို ကျွန်မဂရုမစိုက်ဘူး"

စူးယွင်သည် မျက်လွှာချကာ သူမထံစိုက်ကြည့်လိုက်၏။

"ကျွန်မဆိုင်ထဲမှာဆို လူတိုင်းက သာတူညီမျှပဲ။ရှင်တို့ရဲ့ ဂုဏ်ထူးဘွဲ့ထူးဆိုတာတွေကိုသုံးပြီး ကျွန်မကိုလာဖိအားပေးဖို့ လုပ်မနေနဲ့"

"ရှောင်ဟယ် တံခါးပိတ်လိုက်"

"ဟုတ်ကဲ့"

စူးယွင်နောက်သို့လိုက်ပါလာစဉ်မှစပြီး ရှောင်ဟယ်သည် ပြောင်းလဲသွားခဲ့၏။သူမသည် တစ်ယောက်ယောက်မှ ဝေဖန်ပြောဆိုလာချိန်တွင် ငြိမ်ကုပ်နေတတ်သော လူကြောက်လေးမဟုတ်တော့ချေ။စူးယွင်၏ လုပ်ရပ်များမှလွှမ်းမိုးခံလိုက်ရကာ သူမအကျင့်သည် ပို၍သန်မာလာလေသည်။

"သခင်မလေးတို့ ထိုင်ကြပါဦး"

တစ်ဖက်မှ အရိုအသေတန်နေသည်ကိုတွေ့လိုက်ရသော လော့ချန်းယီသည် မူလကသူတို့ကို အရှုံးပေးသည်ထိ ဆူပူပစ်ချင်ခဲ့၏။သို့သော် ယနေ့သူမရောက်လာရသည့် ရည်ရွယ်ချက်အား ပြန်အမှတ်ရလိုက်ကာ သူမသည်ဒေါသအား မြိုသိပ်ထားရန်သာရွေးချယ်လိုက်တော့သည်။

သူမသည် မတ်တပ်ထရပ်လိုက်ပြီး ချိုးကျူးဘက်လှည့်ကာ ဆူပူလိုက်၏။

"ငါတို့စကားပြောနေတဲ့အခါမှာ ဖြတ်ပြောနိုင်တဲ့အထိ ဘယ်အချိန်ကတည်းက နင်နေရာရထားတာလဲ။မိန်းကလေးစူးနဲ့ အခြားလူကို မြန်မြန်တောင်းပန်လိုက်စမ်း"

ယခုမှ သူမအမှားကိုနားလည်သွားသည့် ချိုးကျူးမှာ မြန်မြန်ဦးညွှတ်၍ ပြောလာ၏။

"မိန်းကလေးစူး မိန်းကလေးရှောင် ခုနကကျွန်မရဲ့ မသင့်လျော်တဲ့စကားတွေအတွက် တောင်းပန်ပါတယ်။ရှင်တို့နှစ်ယောက်ခွင့်လွှတ်ပေးတဲ့အထိ အပြစ်ခံယူဖို့ ချိုးကျူးဒီမှာရှိပါတယ်"

"ကိစ္စမရှိပါဘူး"

စူးယွင်သည် တည်ငြိမ်သောလေသံဖြင့် ပြန်ဖြေလိုက်၏။

စီးပွားရေးလုပ်နေသည်ဖြစ်ရာ စူးယွင်သည် သူတို့နှင့် အလွန်အကြူးကသိကအောက်ဖြစ်စေမည့် ပြဿနာများမလုပ်ချင်ပေ။

"ရှင်တို့နှစ်ယောက် ထိုင်ကြပါဦး။လာရင်းကိစ္စပြောကြတာပေါ့"

စူးယွင်သည် မှတ်စုစာအုပ်အားဖွင့်ကာ သေချာရှင်းပြလိုက်သည်။

"ကျွန်မတို့က တစ်ပတ်ကိုဝယ်သူတစ်ယောက်လက်ခံတော့ နောက်နှစ်လအတွင်း ကြိုတင်မှာယူမှုကပြည့်သွားပါပြီ။စောင့်ရမယ့်အချိန်ကို ရှင်လက်ခံနိုင်မလားသိချင်ပါတယ်"

"ကြာလွန်းတယ်"

လော့ချန်းယီသည် မကျေမနပ်ဖြင့် မျက်မှောင်ကြုံ့ကာ

"ငါသုံးဆပေးနိုင်တယ်။ပြီးတော့ နောက်အပတ်ထဲမှာ ဝတ်စုံကိုငါရချင်တယ်"

လွန်ခဲ့သောရက်အနည်းငယ်တွင် လော့ဇီယင်းသည် ဥဒေါင်းငှက်အား မှီငြမ်းချုပ်လုပ်ထားသော ချီဖောင်ဝတ်စုံဖြင့် အခမ်းအနားတစ်ခုလုံးကို မှင်သက်သွားစေကာ ချီးကျူးမှုအများအပြားကို လက်ခံရရှိခဲ့၏။လော့ဇီယင်းနှင့် အမြဲယှဉ်နေတတ်သည့် လော့ချန်းယီသည် ထိုအချိန်၌ အခမ်းအနားတွင်းဝယ် မတတ်နိုင်တော့ဘဲ ရှုံးနိမ့်ခဲ့ရသည်။

စူးယွင်သည်အပြုံးလေးဖြင့် ရှင်းပြလိုက်၏။

"သခင်မလေး ဒီကိစ္စကငွေကြောင့်ဖြစ်တဲ့ပြဿနာမဟုတ်ဘူးလေ။ဆိုင်မှာက ဝန်ထမ်းဦးရေ မလုံလောက်တဲ့အပြင် ဒီလိုအနုစိတ်ချုပ်ရတဲ့ ချုံဆမ်းတွေကအတော်လက်ဝင်ပါတယ်။ဒီလောက်အချိန်တိုလေးအတွင်းပြီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

"နင်ကဆိုင်ဖွင့်ထားတာပဲလေ။အဲ့တော့ ဒီလိုပြဿနာမျိုးကို ဖြေရှင်းရမှာက နင့်ရဲ့ဝတ္တရားပဲပေါ့"

လော့ချန်းယီသည် သူမ၏အထက်စီးဆန်မှုအား နှစ်စက္ကန့်ကြာအောင်ပင် ထိန်းမထားနိုင်တော့ဘဲ ပြောလာ၏။

"ဒီလိုလုပ်လိုက်တော့။အခြားလူတွေရဲ့ အမှာတွေလုပ်နေတာကို ရပ်လိုက်ပြီးငါ့ဝတ်စုံပေါ်ကိုပဲ အရင်အာရုံစိုက်ပေး"

"ဒါက..."

စူးယွင်သည် လော့ချန်းယီပြောလာသည့် စကားများကြောင့် ဆွံ့အသွားရကာ ခေါင်းယမ်း၍ သက်ပြင်းချလိုက်မိသည်။

"စီးပွားရေးလုပ်တယ်ဆိုတာ ယုံကြည်မှုအပေါ်မှီခိုထားတာပါ။ကျွန်မတို့သာ ကတိမတည်ခဲ့ရင် ဝမ်ကောကရှေ့လျှောက်ဘယ်လို စီမံခန့်ခွဲနိုင်တော့မှာလဲ"

လော့ချန်းယီ၏ နှုတ်ခမ်းများမှာ မဲ့ကျသွားပြီး မျက်ခုံးများအားတင်းတင်းကြုတ်ကာ သူမမျက်ဝန်းများထဲတွင်လည်း ရံဖန်ရံခါဒေါသအရိပ်အယောင်တို့ ဖြတ်ပြေးနေလေ၏။

"အဲ့တော့ နင်ကငြင်းပယ်မယ်ပေါ့လေ"

"ဟုတ်ပါတယ်"

သူမလေသံသည် ဆွေးနွေးညှိနှိုင်းရန်ပင် ထွက်ပေါက်မပေးထားဘဲ ပြတ်သားနေခဲ့၏။

ဖြန်း!

လော့ချန်းယီသည် စားပွဲအားရိုက်ချလိုက်ပြီး

"အဆင့်အတန်းမြင့်ပြီး အာဏာရှိနေသလို လုပ်ပြမနေနဲ့။ငါ့မှာသွားစရာနေရာမရှိတော့ဘူးများထင်နေလား။နင်တို့ဆိုင်မှာပဲ ငါလိုချင်တာရနိုင်မယ်လို့ ထင်နေတာလား"

စူးယွင်သည် ပျာယာခတ်မနေဘဲ တည်ငြိမ်နေကာ အေးတိအေးစက်ပင်တုံ့ပြန်လိုက်၏။

"စည်းမျဉ်းတွေမလိုက်နာဘဲ အော်ဒါမယူပေးနိုင်ပါဘူး။စည်းမျဥ်းကို တစ်ကြိမ်ချိုးဖျက်ဖူးပြီဆိုရင် ထပ်ကာထပ်ကာလုပ်နေမိတော့မှာပါ"

"သခင်မလေးအနေနဲ့ မစောင့်နိုင်ရင်တော့ အခြားဆိုင်ဆီ ရှင်သွားနိုင်ပါတယ်"

"ပထမဆုံးအကြိမ်မှာ ခွင့်လွှတ်ပေးလိုက်တာနဲ့ပဲ ငါ့ကိုအခွင့်ကောင်းယူလို့ရမယ်ဆိုပြီး ထင်နေတာလား"

လော့ချန်းယီသည် မတ်တပ်ရပ်ကာ မျက်လုံးများပြူးကျယ်လာပြီး အော်ပြောလိုက်၏။

"ချိုးကျူး သူမမျက်နှာကိုဖြတ်ရိုက်ပစ်လိုက်စမ်း"

"ဟုတ်ကဲ့"

ချိုးကျူးသည် ရှေ့တိုးကာစူးယွင်မျက်နှာအားရိုက်ရန် လက်အားမြှောက်လိုက်သည်။

လေတစ်သုတ်မှာ သူမတို့အားဖြတ်တိုက်သွားပြီး ငိုကြွေးသံသဲ့သဲ့အားကြားလိုက်ရ၏။

ရှောင်ဟယ်မှာ နာကျင်မှု‌ေကြာင့် အော်လိုက်မိသည်။

ထိုစဉ် စူးယွင်သည် သူမလက်အားဆန့်ထုတ်၍ သူမမျက်နှာဆီဦးတည်လာသော လက်ကိုတင်းတင်းဖမ်းဆုပ်ထားလိုက်၏။

သူမသည် မတ်မတ်ရပ်ကာ လော့ချန်းယီအားငုံ့ကြည့်၍ အသာပြောလိုက်သည်။

"ကျွန်မ စူးယွင်က ရှင့်ရဲ့ကြင်နာမှုကို မလိုအပ်ပါဘူး"

ထိုစကားများပြောပြီးသည်နှင့် သွက်လက်သောလှုပ်ရှားမှုနှင့်အတူ သူမသည်ချိုးကျူးအား ‌ကြမ်းပြင်ပေါ်အသာလေးပစ်ထုတ်လိုက်၏။

"နင်.....နင်....."

လော့ချန်းယီ၏မျက်နှာမှာ ဒေါသကြောင့်နီရဲနေတော့သည်။

သူမသည် မြို့စားဝူရုန်းမိသားစု၏ ဒုတိယအိမ်တော်ခွဲရှိ တရားဝင်သမီးဖြစ်၏။ငွေဇွန်းဖြင့်မွေးဖွားလာပြီး ကလေးအရွယ်မှစ၍ အလိုလိုက်ချစ်ခင်ခံခဲ့ရကာ ဤကဲ့သို့စော်ကားမှုမျိုးနှင့် ဘယ်တုန်းကမှမကြုံတွေ့ဖူးခဲ့ချေ။

လော့ချန်းယီသည် ထိုင်ခုံလက်ရန်းအားတင်းတင်း‌ဆုပ်ကိုင်ထားရာ သူမလက်ချောင်းများပင် ဖြူစုတ်သွားလေပြီ။

"နင်ကငါ့ကိုမျက်လုံးထဲမထည့်မှတော့ ငါကလဲ နင်ဒီလိုမျိုးမာန်တက်နိုင်ရဲဦးမလားဆိုတာ သိရအောင် နင့်ရဲ့ဆိုင်အစုတ်အပြတ်လေးကို နင်းခြေဖျက်ဆီးပစ်ပေးမယ်"

သူမသည် အင်္ကျီလက်စရှည်ကြီးအား ဝှေ့ယမ်းကာထွက်သွားရန်ပြင်လိုက်၏။

"ကျွန်မလိုချင်တဲ့အချက်တွေကို ရှင်မလိုက်နာနိုင်မှတော့ မြန်မြန်ထွက်သွား‌ပေးပါ"

စူးယွင်သည် သူမစကားများအား စိတ်ထဲမထည့်ဘဲ ထမင်းဆက်စားလိုက်၏။

သူမဘေးတွင်ထိုင်နေသော ရှောင်ဟယ်မှာ ခဏတာမျှစောင့်ကြည့်တွေးတောပြီး နောက်ဆုံးတွင်တော့ ဘာမှထပ်ပြောမနေရန်သာရွေးချယ်လိုက်တော့သည်။

-----------

ငါးရက်ကြာပြီးနောက်တွင် စူးယွင်၏လက်မှာ လုံးဝသက်သာပျောက်ကင်းသွားပြီပင်။အရေပြားအသစ်သည်လည်း အဟောင်းနှင့်ထပ်တူကျနေကာ ထိခိုက်ထားသည့်အရိပ်အယောင်မျိုးရှိမနေတော့ပေ။

"မြန်မြန်သက်သာသွားတာပဲ။ဘာဒဏ်ရာမှမကျန်တော့ဘူး"

နဉ်ကျင်းသည် သူမထိခိုက်မိထားသည့် နေရာကိုအသာဖိညှစ်လိုက်၏။

All Chapters