← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

သူမ၏တိတ်ဆိတ်နေမှုအား ယောင်ယီမှသတိပြုမိပေသိ စိုးထိတ်မသွားပါပေ။ခြုံပြောရလျှင် စူးယွင်နှင့် ကစားပွဲများလိုက်ကစားပေးပြီးနောက်တွင် စူးယွင်မှာ စိတ်ထားကောင်းရှိသူဖြစ်ပြီး အခြားမျိုးရိုးမြင့်သခင်မလေးများကဲ့သို့ လူများအပေါ်နှိမ့်ချမကြည့်တတ်သည်ကို သူမသိလာရ၏။

သူမသည် နယ်ရုပ်အားထပ်ချလိုက်ပြီး

"ဒီမှာ"

စူးယွင်သည် သူမ၏နိုင်ပွဲအားကျေနပ်အားရသွားပြီး ခပ်ဖွဖွရယ်မောလိုက်၏။သူမသည် အီလည်လည်မျက်နှာထားကြီးဖြစ်နေသော ယောင်ယီအားရယ်ရွှင်လိုစိတ်အပြည့်ဖြင့်ကြည့်လိုက်သည်။

ယောင်ယီသည် ရှုံးနိမ့်ခဲ့ပေသိ စိတ်ပျက်ဝမ်းနည်းမ‌ေနပါဘဲ မူပိုဟန်ဖြင့်

"သခင်မလေးက ဒီကစားနည်းမှာ အရမ်းတော်မှန်း ကျွန်မကောင်းကောင်းကြီး သိထားခဲ့သင့်တာ"

စူးယွင်သည် အပြုံးလေးဖြင့်

"နည်းဗျူဟာချတတ်တာကြောင့်မလို့ပါ"

ထိုအချိန်တွင် ကစားနည်းအားစောင့်ကြည့်နေခဲ့ရသည့် ချင်အာမှာ ရောက်ချလာပြီးဝင်ထိုင်လာ၏။

"ကျွန်မအကြာကြီးစောင့်နေခဲ့ရတာ သခင်မလေးတို့နှစ်ယောက်ဆော့တာ အရမ်းကြာတာပဲ"

သူမသည် မှတ်ချက်ပြုပြီး ကစားရန်ပြင်လိုက်၏။

သူမဝင်ထိုင်ပြီး နှစ်ကွက်‌ရွှေ့ပြီးသွားချိန်မှာပင် ရင်းနှီးနေသောအသံတစ်သံမှာ သူမတို့နောက်မှဖြတ်ပြောလာသည်။

"ကြည့်ရတာ မင်းပျော်စရာတွေလုပ်နေသလိုပဲ"

နဉ်ကျင်း၏တည်ငြိမ်သောအသံအားကြားလိုက်ရသည်။

စူးယွင်မှာခေါင်းလှည့်ကြည့်လိုက်ပြီး ခဏတာမျှ‌ေကြာင်အမ်းမိသွား၏။သူရောက်လာသည်ကို သူမသတိမထားမိခဲ့ပါချေ။သူမမျက်နှာထက်၌ အပြုံးတစ်ပွင့်ချိတ်ဆွဲကာ သူ့အားနှုတ်ဆက်လိုက်၏။

"အာ နဉ်ကျင်း! အချိန်ကုန်အောင်ကစားနည်းလေးတစ်ခုလောက် ကစားနေရုံပါပဲ"

နဉ်ကျင်းသည် အပြုံးဖျော့ဖျော့လေးပြုံးလိုက်ပြီး စကားစမပြောသေးခင်ထိ သူ၏အကြည့်တို့မှာ သူမမျက်နှာထက်ဝယ် ခဏတာမျှစွဲငြိနေလေ၏။

"ကိုယ်တွေ့ပါတယ် ဒါဆိုဆက်ဆော့လေ"

သူ၏စကားများမှာ ယဉ်ကျေးပေသိ သူ၏အကြည့်မှာတော့ ခြားနားမှုတစ်စုံတစ်ရာရှိနေကာ ထိုခြားနားမှုသည် စပ်စုလိုစိတ်လော ပို၍နက်ရှိုင်းသောခံစားချက်တစ်စုံတစ်ရာ‌ေလလောဆိုသည်ကိုတော့ စူးယွင်မှကောင်းကောင်းမဖတ်နိုင်ခဲ့ချေ။

ခဏတာမှာ လျင်မြန်စွာကုန်ဆုံးသွားပြီး သူအကြည့်လွှဲသွားချိန်မှာတော့ စူးယွင်၏အတွေးတို့မှာလဲ လက်ထဲရှိကစားနည်းထံပြန်လည်လာခဲ့၏။

သူမသည် ယောင်ယီနှင့်အတူ ခုံပေါ်မှသွက်သွက်ထရပ်ကာ တလေးတစားအရိုအသေပြုလိုက်သည်။

"နှုတ်ဆက်ပါတယ် သခင်"

နဉ်ကျင်းသည် သူတို့နှစ်ယောက်အားကြည့်ရင်း ပြုံးလိုက်မိကာ စူးယွင်ထံပြောလိုက်၏။

"မင်းကအရမ်းကျွမ်းကျင်တာပဲ"

စူးယွင်သည် သူမလက်အားယမ်းလိုက်ရင်း ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်ပြောလာ၏။

"သာမန်ပါပဲ ကမ္ဘာပေါ်မှာတတိယလောက်ပေါ့"

နဉ်ကျင်းသည် ဖွဖွရယ်ရင်း

"ကိုယ်နဲ့တစ်ပွဲလောက်ဆော့ချင်လား"

"အခုတော့ မဆော့သေးဘူး။နောက်တစ်ကြိမ်မှပေါ့"

ပွဲပေါင်းများစွာဆော့ပြီးနောက် သူမသည်နည်းနည်းပင်ပန်းနေပြီပင်။

"ကောင်းပြီလေ"

---------

နောက်နေ့မနက်တွင် နဉ်ကျင်းသည် စူးယွင်အားဆိုင်ဆီသို့ပြန်လိုက်ပို့ပေးလေ၏။

လမ်းထောင့်သို့ သူမတို့ကွေ့လိုက်သည်နှင့် ဆူညံသံတစ်သံအားကြားလိုက်ရသည်။စူးယွင်မှာ မထိတ်သာမလန့်သာဖြစ်သွားရကာ နဉ်ကျင်း၏လက်အားကိုင်၍ ဆိုင်ထဲဆွဲခေါ်သွားတော့၏။

"ရပ်လိုက်စမ်း"

တစ်ချိန်၌အသက်ဝင်ကာလှပခဲ့သည့် ဝမ်ကောမှာ ယခုအခါတွင်တော့ လှပသောချုံဆမ်းတို့သည် အပိုင်းပိုင်းအစစကိုက်ဖြတ်ခံထားရပြီး ကြမ်းပြင်‌ေပါ် တစ်စစီပြန့်ကျဲကာ အပျက်အစီးပုံထဲ လဲပြိုကျနေလေပြီပင်။

သူတို့နီးကပ်လာသည်နှင့်အမျှ အထည်စပေါ်ရှိ ခြေရာ‌မှိန်မှိန်တို့ကို မြင်လိုက်ရပြီး ရှောင်ဟယ်မှာလဲ ဘေးသို့တွန်းချခံထားရသည်။

"ရှင်ဘာတွေလုပ်နေတာလဲ"

စူးယွင်သည် ရှောင်ဟယ်အားဘေး၌ထိုင်နိုင်ရန် ခပ်သွက်သွက်ကူပေးလိုက်ပြီး

"သူများပိုင်တဲ့နေရာထဲချိုးဖောက်ဝင်လာပြီး ပစ္စည်းတွေကိုဖျက်စီးနေတယ်.....ရှင်တရားအစွဲခံချင်နေတာများလား"

သုန်းကွေ့သည် စူးယွင်ထံ နှာမှုတ်ပြလိုက်၏။

"ငါ သုန်းကွေ့က နင့်ကိုကြောက်မယ်များထင်နေလား"

စူးယွင်သည် သူမထံအေးစက်စွာကြည့်လိုက်ပြီး

"ရှင့်ရဲ့နောက်ခံဖြစ်တဲ့ လင်းမိသားစုမရှိတော့ဘူးဆိုတော့ ရှင့်နေရာရှင်သိပြီး ကောင်းကောင်းပြုမူတတ်ရင် ကောင်းလိမ့်မယ်နော်"

ဤသည်အားကြားသော်လည်း သုန်းကွေ့မှာ နည်းနည်းမျှကြောက်ရွံ့မသွားခဲ့ပေ။သူမသည် နောက်ကျောအားမတ်မတ်ထားကာ ဘဝင်မြင့်ဟန်ဖြင့်ပြောလာ၏။

"ငါ့နောက်မှာရှိနေတဲ့လူက လင်းမိသားစုနဲ့ယှဉ်လို့ရတဲ့လူမဟုတ်ဘူး"

မြို့စားဝူ၏အိမ်တော်သည် မြို့တော်ထဲရှိ အာဏာအရှိဆုံးမိသားစုများထဲမှ တစ်ခုဖြစ်ကာ စစ်မှန်သောထိပ်သီးအာဏာရှင်တစ်ဦးပါပင်။

"ရှင့်နောက်ကလူပေါ့လေ"

စူးယွင်သည် မျက်မှောင်ကြုံ့ကာ အလေးအနက်တွေးတောလိုက်၏။

ရှောင်ဟယ်သည် ထိုစကားအားကြားသော် စိုးထိတ်ကြောက်ရွံ့သွားခဲ့သည်။

သူမသည် စူးယွင်၏နား,နားကပ်ကာ တီးတိုးပြောလိုက်၏။

"အဲ့ဒါဟိုတစ်ခေါက်က သခင်မလေးလော့ပဲ။သူမက မြို့စားဝူရဲ့အိမ်တော်ကလေ"

"သခင်မလေးလော့"

စူးယွင်သည် ဖွဖွရေရွတ်လိုက်၏။

သူမသည် မြို့တော်ရှိ လူကုံထံအသိုင်းအဝိုင်းနှင့်စပ်လျဉ်း၍ မရင်းနှီးပါသော်လည်း မြို့စားဟူသောဘွဲ့အားကြားလိုက်ရချိန်တွင် ထိုပုဂ္ဂိုလ်၏ဘွဲ့သည် အင်မတန်အရေးပါကြောင်း သူမသဘောပေါက်သွားစေ၏။

စူးယွင်သည် ခုံတစ်လုံအားခြေထောက်ဖြင့်လှမ်းဆွဲကာ သူမအကြည့်တို့မှာအေးစက်နေလေသည်။

"အဲ့တော့ ဘာလုပ်ရမှာလဲ။ရှင်ကအခု ကျွန်မပိုင်နက်ထဲမှာလေ။ရှင်ဒီနေရာကနေ လမ်းလျှောက်ပြီး ထွက်သွားနိုင်မသွားနိုင်ကတောင် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီကို"

"နင်...."

သုန်းကွေ့၏မျက်နှာမှာ နီရဲသွားပြီး သူမအသံမှာလဲ မြင့်တက်လာလေသည်။

"ငါ့ကိုဘယ်သူထ်ိရဲလဲ။သခင်မလေးလော့ကနင့်ကိုအလွတ်ပေးမယ် ထင်နေလား"

စူးယွင်သည် ရယ်မောလိုက်ရင်း သူမအကြည့်တို့မှာလည်း ငတုံးတစ်ယောက်အားကြည့်နေသကဲ့သို့ပင်။

"သူမကကျွန်မကို အလွတ်မပေးရင်လဲ အတူတူပြုတ်ကျကြတာပေါ့"

သူမသည် ကတ်ကြေးတစ်လက်အား ကောက်ကာသုန်းကွေ့၏ လည်မြိုထံအသာဖိချလိုက်၏။

"ရှင်မသေခင် ရှင်နဲ့အတူတစ်ယောက်ယောက်ကို ဆွဲခေါ်သွားနိုင်တဲ့အတွက် အရှုံးတော့မရှိပါဘူး"

သူမလေသံမှာ တည်ငြိမ်အေးချမ်းနေလေ၏။

ထိုပုံစံမှာ ပြဿနာသည် သူမနှင့်ဘာမှမသက်ဆိုင်ဘဲ သူမအတွက် အရေးမပါသည့်အရာတစ်ခုအလားပင်။

"နင်......နင်...."

သုန်းကွေ့သည် ထိတ်လန့်သွားကာ မလှုပ်ရဲတော့ချေ။

လှုပ်ရှားမှုသေးသေးလေးကပင် ကတ်ကြေးမှသူမလည်မြိုအားထိုးစိုက်မိသွားမည်ကို ကြောက်လန့်နေခဲ့၏။

စူးယွင်မှာ ကတ်ကြေးအားပြန်ချပြီး အေးစက်စက်ဖြင့်ဟောက်လိုက်၏။

"ထွက်သွားစမ်း"

သုန်းကွေ့မှာ ဝဋ်ဆင်းရဲမှကယ်တင်ခံလိုက်ရသည့်အလား ခံစားခဲ့ရသည်။သူမရောက်လာရသည့် ရည်ရွယ်ချက်ကိုပင်မေ့သွားကာ အလျင်စလိုပြေးထွက်သွားလေသည်။

နဉ်ကျင်းသည် သူမအားအမြင်သစ်တစ်မျိုးဖြင့် ကြည့်လာ၏။

"မိန်းကလေးစူး !မင်းရဲ့ဒီလိုဘက်ခြမ်းကို ကိုယ်ထင်မထားမိခဲ့ဘူး"

"သူမကိုခြောက်လိုက်ရုံပါပဲ"

ပြောရလျှင် သူမမှာစည်းကမ်းလိုက်နာသော ပြည်သူတစ်ဦးဖြစ်၏။တစ်စုံတစ်ယောက်အား အမှန်တစ်ကယ်သတ်ပစ်ရမည်ဆိုလျှင်ပင် သူမ၏အသိစိတ်မှာ တုံ့ဆိုင်းနေပေဦးမည်။

"ဒီလောက်ဆိုရင်ကို ကောင်းနေပါပြီ"

နဉ်ကျင်းမှာ နူးညံ့၍ ကျွမ်းကျင်ပိုင်နိုင်သော သူမလက်အစုံအားကြည့်လိုက်မိ၏။ထိုလက်လေးများသည် ဤကဲ့သို့လုပ်ရပ်မျိုးနှင့် မစွန်းထင်းသင့်ပေ။

"နင်ဘယ်လိုနေလဲ"

စူးယွင်သည် ရှောင်ဟယ်အား ဘေးသို့ဆွဲကာ သူမထံဒဏ်ရာတစ်ခုခုရှိမရှိကို စစ်ဆေးလိုက်၏။

"ကျွန်မအဆင်ပြေပါတယ်"

ရှောင်ဟယ်သည် ခေါင်းငုံ့နေကာ သူမမျက်ဝန်းတို့မှာလဲ မျက်ရည်တို့ဝေ့ဝဲနေလေသည်။

သခင်မလေး ကျွန်မအမှားတွေပါပဲ။ကျွန်မဝတ်စုံတွေကို မကာကွယ်နိုင်ခဲ့ဘူး"

"ဝတ်စုံတွေက မင်းအဆင်‌ေပြသ‌ေရွ့ ပြန်ပြင်လို့ရတယ်လေ"

စူးယွင်သည် သူမအားနှစ်သိမ့်လိုက်၏။

"ပြီးတော့ ဒီဝတ်စုံတွေကလဲ အပြင်ဘက်မှာပြထားတဲ့အထည်တွေပဲလေ။စိတ်ကြိုက်ဝတ်စုံတွေက အနောက်ခန်းထဲမှာလုံခြုံနေပါတယ်"

"ဒါပေမယ့်..."

သူမဘာပြောချင်သည်အား နားလည်၍စူးယွင်မှဖြတ်ပြောလိုက်၏။

"အဆင်ပြေပါတယ်။ဝတ်စုံတွေကို ငါပြန်ပြင်လိုက်မယ်။သူတို့က သုံးလို့ရပါသေးတယ်"

ထိုသို့ပြောကာ သူမသည်ပျက်စီးသွားသော ချုံဆမ်းများအားကောက်၍ စားပွဲပေါ်နေရာချလိုက်၏။သူမသည် ကတ်ကြေးအားယူကာ ဖြဲခံထားရသည့်အနားစွန်းတစ်လျှောက်အား ဖြတ်ထုတ်ပစ်လိုက်သည်။ထို့နောက် သူမသည် အပ်နှင့်ချည်အား ယူကာကျွမ်းကျွမ်းကျင်ကျင်ဖြင့် စတင်ချုပ်လုပ်တော့၏။

မကြာခင်မှာပင် သူတို့မျက်စိရှေ့၌ ပစ္စည်းအမျိုးအစားသစ်တစ်ထည် ထွက်ပေါ်လာတော့သည်။

ဝတ်စုံ၏ မပြောပလောက်သောပျက်စီးမှုတို့ကြောင့် စူးယွင်သည် သူတို့ကို ချုံဆမ်းအတိုများအဖြစ် ပြောင်းလဲလိုက်၏။ပြဲရာအကြီးကြီးမှာ လုံးဝဖယ်ရှားခံလိုက်ရကာ ချည်ထိုးလက်ကိုင်ပုဝါအဖြစ်သို့လည်းကောင်း ပျက်စီးမှုအသေးစားလေးများမှာတော့ အလှဆင်ပစ္စည်းလေးများအဖြစ်လည်းကောင်း ပြောင်းလဲသွားကြတော့သည်။

"ဘယ်လိုနေလဲ"

နဉ်ကျင်း၏မျက်ဝန်းထဲ၌ မြတ်နိုးလေးစားမှုအကြည့်တစ်ချက် ‌ထင်ဟပ်နေကာ ခေါင်းငြိမ့်ပြလာသည်။

"အထင်ကြီးလောက်စရာပါပဲ"

"ဖန်တီးမှုကလဲ အရမ်းကောင်းတယ်။မိန်းကလေးစူးရဲ့ တိုးတက်မှုအတွက် ကိုယ်ဂုဏ်ပြုသင့်တယ်လို့ ထင်တယ်နော်"

လှပသောပစ္စည်းလေးများဖြင့် ပေါင်းစပ်ချည်ထိုးထားခြင်းမှာ အထင်မကြီးဘဲနေရန်ခက်ခဲလှပေသည်။

"ရှင်ကယဉ်ကျေးလွန်းနေပါပြီ"

စူးယွင်သည် သူမခေါင်းအားအသာစောင်းကာ သူမဘေးရှိရှောင်ဟယ်ထံကြည့်လိုက်၏။

"ဒီဝတ်စုံတွေကို ထုတ်ပြထားလိုက်"

"ကောင်းပါပြီ"

ရှောင်ဟယ်မှ ပြန်ဖြေလိုက်သည်။

"မင်းကဒါကို ဒီအတိုင်းလွှတ်ပေးလိုက်မှာလား"

စူးယွင်၏အကြောင်းအား သူ၏နားလည်မှုပေါ်အခြေခံ၍သိထားသော နဉ်ကျင်းမှာမေးလိုက်သည်။သူမသည် အမှားအယွင်းတစ်ခုအား ရိုးရိုးလေးလျစ်လျူရှုထားမည့် လူမဟုတ်ပေ။

"ကျိန်းသေမဟုတ်ဘူးပေါ့"

စူးယွင်သည်ပြုံးလိုက်ကာ သူမအကြည့်တို့သည် ယီယန်းကျူဘက်သို့ရွေ့သွားလေ၏။

"ကျွန်မကိုအနိုင်ကျင့်ရဲတဲ့လူတိုင်း ပြန်ပေးဆပ်ရလိမ့်မယ်"

သူမသည် မတ်တပ်ထရပ်ကာ ယီယန်းကျူအားကြည့်နေသော အကြည့်တို့သည်အေးစက်နေလေ၏။မကြာခင်မှာပင် သူမသည် စာတစ်စောင်ရေးရန် ထိုင်လိုက်သည်။

ထို့နောက် စူးယွင်သည် စာအားချိတ်ပိတ်ကာ ရှောင်ဟယ်၏ နား,နားကပ်၍ သူမတို့နှစ်ဦးသာကြားနိုင်သောအသံဖြင့်ပြောလိုက်၏။

All Chapters