အခန်း (၂၇)
Vol. 3 Ch. 27
စူးယွင်မှ ငြင်းဆိုရန်ပြင်လိုက်စဉ် သူမအားစူးစူးစိုက်စိုက်စောင့်ကြည့်နေသည့် မျက်လုံးအစုံပေါင်းများစွာအား သတိပြုမိလိုက်၏။
သူမသည် နှုတ်ခမ်းအားတင်းတင်းစေ့ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆိုလဲ ကောင်းပြီလေ"
နဉ်ကျင်းမှပြောလာ၏။
"ဘယ်အချိန်သွားမှာလဲဆိုတာ ကိုယ့်ကိုပြောဦး"
"ဒီနေ့ည ယုန်နာရီ သူမအိမ်မှာ"
သုန်းကွေ့ပြဿနာရှာသည်နှင့် ကြုံဖူးပြီးကတည်းမှ စူးယွင်သည် ဒဏ်ရာရ၍ အပြင်ထွက်ထိုင်ဖြစ်သောအချိန်ကို အခွင့်အရေးအဖြစ်သုံးကာ လမ်းမတစ်လျှောက်ရှိ အတင်းအဖျင်းများအားသိထားသူ မဒမ်လင်းထံမှ သတင်းများစုဆောင်းခဲ့လေသည်။သုန်းကွေ့သည် သူမ၏မိခင်နှင့် အောက်ပိုင်းသေနေသောမောင်အား ပြုစုရန်အလုပ်ပြီးသည်နှင့် ညတိုင်းအိမ်ပြန်လေ့ရှိလေ၏။
သူမသည်ငွေအမြောက်အမြားရှာနိုင်ပြီး ခစားရန်အစေခံများစွာရှိနေပေသိ သူမမိသားစုပေါ်တွင် စစ်မှန်စွာပေးအပ်မြှပ်နှံပြီး သူတို့အားပြုစုရန် ညနေခင်းတိုင်းအိမ်ပြန်ရသည်မှာ သူမအဖို့မဖြစ်မနေလုပ်ရမည့်ကိစ္စတစ်ခုပင်။
"ကောင်းပြီလေ..."
ယုန်နာရီတွင် သုန်းကွေ့အိမ်၌....
စူးယွင်သည် ခြံဝင်းကျယ်ကြီးအားကြည့်ကာ ပြောလိုက်၏။
"သူမကချန်းရှီလမ်းရဲ့ ဖက်ရှင်ပြယုဂ်ဖြစ်နေတာမထူးဆန်းတော့ပါဘူး။ဒီအိမ်ေတာ်ကြီးကိုက အတော်အထင်ကြီးစရာကောင်းနေပြီ"
စူးယွင်မည်သူမှန်းမသိသော အစေခံမှာခေါင်းငြိမ့်ပြပြီး သုန်းကွေ့အားသတင်းပို့ရန် အိမ်တော်ထဲသွက်သွက်ဝင်သွားလေသည်။
စူးယွင်နှင့် နဉ်ကျင်းသည် တံခါးမကြီး၌ တိတ်တဆိတ်ရပ်နေကာ လေထဲရှိတင်းအားမှာထင်သာမြင်သာရှိလှ၏။စူးယွင်သည် လက်ပိုက်လိုက်ပြီး စိတ်မရှည်ဟန်ဖြင့် ခြေဆောင့်နေစဉ် ခေါက်ယပ်တောင်အားကိုင်ထားသည့် နဉ်ကျင်းမှာတော့ တံခါးမကြီးအားမှီရင်း သူ့အမူအယာမှာ ကောက်ချက်ချရန်မရနိုင်ပေ။
မကြာခင်မှာပင် အစေခံမှပြန်ရောက်လာပြီး သူတို့အားလိုက်လာရန် အမူအယာပြလိုက်၏။
"ကျွန်မနောက်ကနေ လိုက်လာပေးပါ"
အစေခံသည် ပြောပြီးနောက် သူတို့အားခြံဝန်းကျယ်ကြီးအားဖြတ်ကာ အိမ်တော်၏အဓိကခန်းမဆီခေါ်သွားပေးေလ၏။
စူးယွင်မှ လှည့်ပတ်ကြည့်လိုက်ရာ ပတ်ပတ်လည်ရှိ တန်ဖိုးကြီးသောပစ္စည်းများအား သတိပြုမိလိုက်သည်။သူမသည်မူလ၌ တည်ငြိမ်နေပေသိ မျက်ဝန်းများထဲတွင်တော့ ဆုံးဖြတ်ချက်ခိုင်မာေသာ အရိပ်အယောင်တစ်ခုရှိနေလေ၏။ယနေ့တွင်တော့ ကိစ္စများမှာ ကွဲပြားသွားပေတော့မည်။
သုန်းကွေ့၏အိမ်သည် မျိုးရိုးမြင့်မိသားစုတစ်ခုမဟုတ်သောေကြာင့် စည်းမျဉ်းစည်းကမ်းများစွာရှိမနေပေ။သူတို့၏အထောက်အထားအားစစ်ဆေးပြီးသည်နှင့် သုန်းကွေ့အားတွေ့ရန် အမြန်ခွင့်ပြုပေးလိုက်ကြသည်။
သုန်းကွေ့မှာ အဓိကထိုင်ခုံ၌ထိုင်ကာ သူတို့အားစောင့်ေနလေ၏။
သူတို့ဝင်လာသည်အားမြင်သော် သူမသည်ကွေ့ပတ်မနေဘဲ တည့်ပြောလိုက်သည်။
"နင်ကဒီကိုပိုက်ဆံတောင်းဖို့ ရောက်လာတာလား"
စူးယွင်သည် အေးစက်ဟန်ဖြင့်ရယ်လိုက်ပြီး နဉ်ကျင်းနှင့်အတူ အောက်ဘက်ထိုင်ခုံတွင်ထိုင်လိုက်၏။
"ရှင်သိနေပြီဆိုမှတော့ ပေးလိုက်တော့လေ"
သုန်းကွေ့သည် ရေနွေးခွက်နှုတ်ခမ်းအား အသာထိရင်း စကားသုံးလုံးကို ဖြည်းဖြည်းချင်းပြောလာသည်။
"မ.ဖြစ်.နိုင်.ဘူး"
"ရှင်ကကျွန်မပစ္စည်းတွေကို ဖျက်ဆီးခဲ့တာပဲလေ။အဲ့အတွက် ရှင်ကပြန်ပေးရမှာ အမှန်ပဲကို"
စူးယွင်သည်ပြောနေရင်း ခဏရပ်လိုက်၏။သူမသည် မျက်ဝန်းများအား မှေးကျဉ်းလိုက်ကာ အေးစက်စက်အလင်းတန်းမှာ သူမမျက်ဝန်းများထဲ ထင်ဟပ်နေလေသည်။
"ပြီးတော့ ကျွန်မကဒီကိုရှင်နဲ့ ညှိနှိုင်းဖို့လာခဲ့တာမဟုတ်ဘူး။ငြင်းနေစရာအကြောင်းမရှိဘူးလေ"
သုန်းကွေ့သည် ရေနွေးအိုးအား စားပွဲပေါ်သို့ ကျယ်လောင်စွာဆောင့်ချလိုက်ရာ အထဲရှိရေနွေးတို့သည် စားပွဲပေါ်နှင့် သူမအင်္ကျီလက်တို့ေပါ် အနည်းငယ်စင်ထွက်သွားလေသည်။
"နင်ကတအားမောက်မာပြနိုင်ေနေသးပုံေထာက်ရင် ဒီနေ့တွေမှာ ငါနင့်ကိုပေးခဲ့တဲ့ သင်ခန်းစာတွေက နူးညံ့လွန်းနေတဲ့ပုံပဲ"
"မောက်မာတယ်ပေါ့လေ"
စူးယွင်သည် သူမထံပြုံးစစဖြင့်ကြည့်ကာ သူမလေသံမှာတော့ မနာခံမှုတို့အပြည့်ပင်။
"အဲ့ဒါက စူးယွင်ဆိုတဲ့ကျွန်မဖြစ်နေလို့ပါပဲ"
"ဒီနေရာက သုန်းအိမ်တော် ငါ့ပိုင်နက်နော်။ဒီနေရာမှာ နင့်အနေနဲ့ အရမ်းကာရောပြုမူနေပိုင်ခွင့်မရှိဘူး"
သုန်းကွေ့သည် စားပွဲအား အားဖြင့်ရိုက်ချကာအော်လိုက်၏။
"တစ်ယောက်ယောက် လာခဲ့စမ်း"
စူးယွင်မှ ပြဿနာအားကိုင်တွယ်ဖြေရှင်းနေပုံကို စောင့်ကြည့်နေသော နဉ်ကျင်းသည် ခေါက်ယပ်တောင်ဖြင့် ဆော့နေသည်အား ခဏတာမျှရပ်တန့်လိုက်လေသည်။သူ၏သိမ်မွေ့သောအရှိန်အဝါမှာ ပျောက်ရှသွားပြီး သုန်းကွေ့ထံကြည့်သော သူ့မျက်ဝန်းများထဲတွင် လူသတ်လိုသောဆန္ဒအရိပ်အမြွက်တို့ထင်ဟပ်နေလေ၏။
သူ၏အကြည့်မှာ စူးရှလွန်းလှ၍ စူးယွင်နှင့်သုန်းကွေ့မှာ နဉ်ကျင်းထံ လှည့်ကြည့်လိုက်ကြသည်။
တစ်ခဏအတွင်းမှာပင် သူ၏မျက်လုံးများမှာ ရေအလျင်အလားတည်ငြိမ်သွားပြီး သူ၏အမူအယာမှာလည်း ဘာတစ်ခုမှမဖြစ်ခဲ့သည့်အလား ကွဲပြားသွားကာ ဂရုမစိုက်ဟန်ဖြင့် သူ့ကိုယ်သူသာယပ်ခပ်နေလေ၏။
နဉ်ကျင်းသည် ဖွဖွပြုံးကာမေးလာသည်။
"ဘာဖြစ်လို့လဲ"
စူးယွင်သည် ခေါင်းယမ်းပြလိုက်၏။
အခြေအနေကို သူမမှားယွင်းဆုံးဖြတ်မိပုံရသည်။
အဓိကထိုင်ခုံတွင်ထိုင်နေသော သုန်းကွေ့မှာ သူမစိတ်ထဲဝယ်မလွယ်ကူမှုကို ခံစားလိုက်ရပြီး နဉ်ကျင်းထံချက်ချင်းကြည့်လိုက်မိ၏။သူနှင့်ပက်သက်၍ ထူးခြားသောခံစားချက်မျိုးကို သူမခံစားနေရလေသည်။
သူမသည် သူမ၏အစေခံများအား သူ့နားကပ်ရန်လက်ယမ်း၍ အချက်ပြလိုက်ကာ သူမခံစားနေရသော မလွယ်ကူမှုအား လျော့ကျပျောက်ကွယ်စေရန်လုပ်လိုက်၏။
သူမတို့အား ဝန်းရံထားသည့် သန်မာသောအစေခံများအား သတိပြုမိသော စူးယွင်မှာ စကားလှမ်းပြောလိုက်သည်။
"ဘာလဲ ရှင်ကတူညီတဲ့လှည့်ကွက်ကိုပဲ ပြန်သုံးပြီး ကျွန်မကိုရိုက်မလို့လား"
"အာ...."
သုန်းကွေ့မှစကားပြောရန်ပြင်လိုက်စဉ် ရင်းနှီးနေသော လူသတ်လိုဟန်အကြည့်တို့မှာ လေထဲတစ်ဖန်ပြည့်နှက်လာပြန်၏။သူမသည် ပြောချင်သည့်စကားများအား အတင်းပြန်မျိုချလိုက်ရသည်။
"မဟုတ်ပါဘူး ငါကနင်နဲ့စကားကောင်းကောင်းပြောချင်ရုံပါပဲ"
"စကားပြောမှာလား ရှင်ကဘာပြောချင်လို့လဲ"
စူးယွင်သည် သူမအားကြည့်ကာ သူမပြောလာသည်တို့ကို ကြားသိချင်စိတ်ဖြစ်လာတော့၏။
"သီးသန့်ပြောမယ်။အရင်ဆုံး လူတိုင်းထွက်သွားကြတော့"
သုန်းကွေ့မှ တောင်းဆိုလာသည်။
"ကောင်းပြီလေ"
စူးယွင်သည် ခေါင်းငြိမ့်ပြလိုက်ပြီး နဉ်ကျင်းဘက်လှည့်ကာ နူးနူးညံ့ညံ့လေးပြောလိုက်၏။
"ကျွန်မသူနဲ့ သီးသန့်ပြောလိုက်ဦးမယ်။ရှင်ကျွန်မကို အပြင်ကစောင့်ပေးနော်"
"ဒါပေမယ့်...."
နဉ်ကျင်းမှာ ငြင်းဆန်ရန်ပြင်လိုက်စဉ် သူ၏လက်မှတစ်ဆင့် အေးစက်စက်အထိအတွေ့ကို ရုတ်ချည်းခံစားလိုက်ရသည်။
စူးယွင်သည် သူ့လက်ဖမိုးအား သူမလက်ချောင်းလေးများဖြင့် ဖွဖွထိကာ သူမခေါင်းအားအသာစောင်း၍ သူမအကြည့်တို့ထဲတွင်လည်း တောင်းဆိုဟန်အမူအယာတို့ရှိနေလေရာ နဉ်ကျင်းအဖို့ ငြင်းဆန်မည့်စကားတစ်ခွန်းပင်ပြောမထွက်လာတော့ချေ။
နဉ်ကျင်းသည် အကြည့်လွှဲလိုက်ပြီး ခေါင်းငြိမ့်ပြကာ တိုးတိုးလေးသတိပေးလိုက်၏။
"ဂရုစိုက်နော်"
"အမ်း..."
လူတိုင်းထွက်သွားသည်နှင့် သုန်းေကွ့သည် သူမလက်အားထိုင်ခုံလက်ရန်းပေါ်တင်ကာ တည့်ပြောလာ၏။
"ငါနင့်ကိုတည့်ပဲပြောလိုက်မယ်။ငါတစ်ပဲနိတောင် ပေးမှာမဟုတ်ဘူး"
စူးယွင်၏လက်ချောင်းများမှာ စားပွဲအားအသာတောက်နေရင်း သူမလေသံမှာ တည်ငြိမ်နေပေသိ ပြတ်သားလှသည်။
"ဒီနေ့ ပိုက်ဆံကကျွန်မပိုင်ဆိုင်မှုဖြစ်ကိုဖြစ်ရမယ်"
သုန်းကွေ့သည် နှာမှုတ်ကာ
"ယုံကြည်ချက်ရှိလှချည်လား"
"ကျွန်မသာ လုံးဝသေချာမနေရင် ဒီကိုလာပြီးအချိန်ဖြုန်းနေမှာတောင်မဟုတ်ဘူး"
စူးယွင်သည် ထိုသို့ဆိုရင်း ခုံမှထရပ်ကာ သုန်းကွေ့ထံစာရွက်တစ်ရွက်ကမ်းပေးလိုက်၏။
"ကြည့်လိုက်ပါဦး"
အထင်သေးသောအကြည့်များဖြင့် သုန်းကွေ့မှာ စာရွက်အားစိတ်မပါလက်မပါဖြင့် ဖွင့်ကြည့်လိုက်သည်။ခေတ္တအကြာတွင်တော့ စာရွက်အား စိုက်ကြည့်နေသော သူမမျက်နှာမှာ ဖြူဖျော့သွားကာ လက်ချောင်းများကလည်း ထိန်းချုပ်မထားနိုင်လောက်အောင် တုန်ယင်လာလေ၏။
အခြားတစ်ဖက်ရှိ နဉ်ကျင်းမှာတော့ ခြံဝင်းဆီရောက်လာကြသောသူ၏လက်အောက်ငယ်သားများထံ မေးလိုက်သည်။