← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

"ကျွန်မကကျွန်မပိုက်ဆံပြန်လိုချင်ရုံပါပဲ။ဝမ်ကောက စီးပွားရေးလုပ်ဖို့ ကြပ်တည်းနေတာဆိုတော့ တာဝန်ခံသုန်းအနေနဲ့ ငြင်းမှာမဟုတ်လောက်ပါဘူး ဟုတ်တယ်မလား"

"ဒါပေါ့ ဒါပေါ့"

သုန်းကွေ့သည်စူးယွင်အား အမှန်တစ်ကယ်ကြောက်ရွံ့နေပြီဖြစ်၏။ဤမျှငွေလေးလောက်မဆိုထားနှင့် စူးယွင်မှ ထိုပမာဏထက် နှစ်ဆသုံးဆပိုလိုချင်သည် ဆိုလျှင်ပင် ထိုကမ်းလှမ်းချက်အား လက်ခံပေးမည်ဖြစ်သည်။

"ဒါဆို အဲ့ကိစ္စနဲ့ပက်သက်သမျှ ရှင့်ဆီချန်ထားခဲ့တော့မယ်နော် တာဝန်ခံသုန်း"

စူးယွင်သည် ပေးဆောင်ရမည့်ပမာဏစာရင်းကို စားပွဲထက်တင်ကာ ဖွဖွလေးပြုံးပြလိုက်၏။

"နောက်ကျနေပြီဆိုတော့ ကျွန်မပြန်နှင့်တော့မယ်နော်"

"အင်း"

စူးယွင်မှ ဝေးဝေးရောက်သွားသည်နှင့် သုန်းကွေ့နှလုံးသားထဲရှိ အကြောက်တရားမှာ ဖြည်းဖြည်းချင်းလွှင့်ပြယ်သွားလေသည်။

မကြာခင်မှာပင် အမုန်းတရားများက သူမမျက်လုံးများထဲ ပြည့်နှက်လာပြန်၏။

သူမမှာ ဒေါသတကြီးတွေးနေမိသည်။

"ငါသူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး"

ခန်းမထဲမှ ထွက်လာသည်နှင့် စူးယွင်မှာနဉ်ကျင်းအားမတွေ့၍ လှည့်ပတ်မေးကြည့်ရာ သူသည်သုန်းရှို့အားသွားတွေ့သည်ဟု သိလိုက်ရ၏။ထို့ကြောင့် သူမလည်းသူ့အားရှာရန် အနောက်ခြံဝန်းဆီထွက်လာလိုက်သည်။

သုန်းရှို့၏အခန်းတွင်းဝယ်.....

ဆေး‌ေသာက်ပြီးကာစ သုန်းရှို့မှာ အစေခံများအားအပြင်ထွက်‌ေနရန် အမိန့်‌ေပးထားရာ လက်ရှိအခန်းသည် သူမှလွဲ၍ဗလာဖြစ်နေလေ၏။

ဆေးမှာအနည်းငယ်ပြင်းသောကြောင့် သုန်းရှို့မှာ ငိုက်မြည်းလာလေသည်။သူသည်အိပ်ရာထက်လှဲကာ အိပ်ရာဝင်ရန်ပြင်ဆင်လိုက်၏။

သူအိပ်ပျော်တော့မည့်အချိန်ခဏတာတွင် တံခါးဖွင့်လာသံမှာ သူ့အားထိတ်လန့်သွားစေခဲ့သည်။

သူသည်ဒေါသတကြီး ကျိန်ဆဲလိုက်၏။

"မင်း ခွေးလိုကျွန်ကောင်!ငါ့ကိုမနှောင့်ယှက်နဲ့လို့ ပြောမထားဘူးလား"

အောက်ပိုင်းသေပြီးသွားကတည်းမှ သူ့ဒေါသသည် ပိုဆိုးလာကာ ရံဖန်ရံခါဆိုသလို သူ့အနားရှိအစေခံများအား ရိုက်နှက်ဆူဆဲနေတတ်လေသည်။သူသည် အနီးကပ်အစေခံ အသုတ်ပေါင်းမနည်း ပြောင်းလဲခဲ့ရ၏။

နဉ်ကျင်းသည် တံခါးအားအသာပြန်ပိတ်ကာ သူ၏ခေါက်ယပ်တောင်အား ခတ်ရင်း‌ဖြင့် ကုတင်ဘေးရှိခုံပေါ်ထိုင်ရန် လျှောက်လာလိုက်သည်။

"သခင်လေးသုန်း ကျွန်တော်တို့နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းကတည်းကဆို ရက်‌တွေတော်တော်ကြာခဲ့ပြီပဲ။ကျွန်တော့်ကို ခင်ဗျားသတိရနေသေးလားဆိုတာ သိချင်မိပါရဲ့"

ကုတင်အတွင်းဘက်သို့ မျက်နှာမူထားသောသုန်းရှို့သည် ရင်းနှီးနေသော အသံအားကြားသော် ချက်ချင်းခေါင်းလှည့်ကြည့်လာ၏။

ညစဉ်ညတိုင်းသူ့အား အိပ်မက်ဆိုးများဖြင့်အမဲလိုက်နေခဲ့သော မျက်နှာအားမြင်လိုက်ရသော် သူသည်အလွန်ထိတ်လန့်သွားပြီး အိပ်ရာအတွင်းဘက်သို့ လှိမ့်ဝင်သွားလိုက်သည်။

ကံမကောင်းသည်မှာ သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှုမှ သူ့အားဝေးဝေးမသွားနိုင်အောင် တားဆီးနေလေ၏။

နဉ်ကျင်း၏ နှုတ်ခမ်းတို့မှာကွေးတက်သွားပြီး သူ၏လေသံမှာလဲ ရွှင်မြူးရိပ်တစ်စွန်းတစ်စကို သယ်ဆောင်ထားလေသည်။

"ကျွန်တော့်ကို ခင်ဗျားမှတ်မိနေသေးပုံပဲ။ကျွန်တော် တစ်ကယ်ဝမ်းမြောက်မိပါတယ်"

"မင်း......မင်းကဘာလို့ဒီကိုရောက်နေတာလဲ"

နဉ်ကျင်းမှ သူ့အားမြေအောက်အကျဉ်းထောင်တစ်ခုဆီသို့ ခေါ်သွားကာ ဓားတစ်လက်ဖြင့် သူ့လက်ကောက်ဝတ်ပေါ် တစ်ချက်ပြီးတစ်ချက် မည်ကဲ့သို့မွှန်းခဲ့သည်ကို သုန်းရှို့မမေ့နိုင်ခဲ့ချေ။

ဖြတ်တောက်ရာမှာ များပြားလွန်းသောကြောင့် သွေးများသည် တစ်စက်တစ်လေမှသည် သွေးစီးကြောင်းတစ်ခုသို့ပြောင်းသွားပြီး နောက်ဆုံးတွင်တော့ အိုင်ထွန်းသွားစေခဲ့သည်။သူ၏ခွန်အားမှာလည်း နည်းနည်းချင်းစီလျော့ကျလာရာမှ လျော့ကျမှု တိုးလာပြီးဘာမှမကျန်တော့ပေ။ထိုသည်မှာ သူ့တစ်ကိုယ်လုံးသည် ဟောင်းလောင်းပေါက်အလားဖြစ်သွားကာ စိတ်ဝိညာဉ်မရှိတော့သော ကျိုးပဲ့နေသည့်ကိုယ်တစ်ခုသာချန်ထားခံခဲ့ရသလို ခံစားခဲ့ရ၏။

သူသည်လွတ်‌ေမြာက်သည်နှင့် နဉ်ကျင်းအားကလဲ့စားချေသည့်အနေဖြင့် ပြန်ဖမ်းရန် တစ်စုံတစ်ယောက်အားရှာဖို့ ကြံစည်ခဲ့လေသည်။သို့သော် သူသတိလစ်မသွားခင်တွင် နဉ်ကျင်းအား အခြားတစ်ယောက်မှ ရည်ညွှန်းခေါ်ဆိုလာသောအသံကိုကြားခဲ့ရ၏။

"အရှင်မင်းသား"

နောက်နေ့၌ လင်းမိသားစုသည်လည်း ဒုက္ခရောက်ခဲ့ရလေသည်။

အာဏာကြီးသော အင်အားစုများ၏စည်းမျဥ်းအောက်တွင် ဘဝများမှာ မြက်ပင်အလားရှင်သန်ကြရ၏။

သူသည်မစွန့်စားချင်သလို စွန့်လဲမစွန့်စားရဲပေ။

သူလုပ်နိုင်သမျှတိုင်းသည် သူ၏မာနအားမြိုသိပ်ကာ အပြင်လောက၌ သူ့အကြောင်းပြော‌ေနကြသည့်အတိုင်း အရှုံးကိုလက်ခံလိုက်ရုံသာပင်။

"ခင်ဗျားရဲ့အစ်မကိုတွေ့ဖို့ တစ်ယောက်ယောက်နဲ့ရောက်လာခဲ့တာပါ။အဲ့နောက်တော့ ခင်ဗျားကို လာကြည့်,ကြည့်ဖို့ တွေးလိုက်မိတာပဲ"

နဉ်ကျင်းသည် သူ၏ပုံမှန်သိမ်မွေ့သောအပြုအမူ၊နူးညံ့စွာ ပြောဆိုဆက်ဆံမှု၊ချင့်ချိန်ဆုံးဖြတ်နိုင်သည့်လေသံတို့ကို ထိန်းထားသည်မှာ သူ၏အခြားဘက်ခြမ်းအား ပုံဖော်ကြည့်ရန်အခြားလူများအတွက်တော့ မဖြစ်နိုင်စရာပင်။

"ခင်ဗျားကျန်းမာရေးက ကောင်းနေသေးတဲ့ပုံပါပဲ"

သုန်းရှို့သည် နဉ်ကျင်း၏သွယ်ဝိုက်စကားအား ချက်ချင်းနားလည်လိုက်ရာ ခပ်သွက်သွက်တုံ့ပြန်လိုက်၏။

"အရှင်မင်းသား ကျွန်တော်တို့တွေ အနာဂတ်မှာ သခင်မလေးစူးကို ဘယ်လိုဒုက္ခမျိုးမှမဖြစ်စေရပါဘူးလို့ အာမခံ‌ပါတယ်"

နဉ်ကျင်းသည် သူ၏အဖြေအားနားထောင်ကာ ပြုံးလိုက်၏။

"နောက်တစ်ကြိမ်ရှိမလာဖို့ ကျွန်တော်မျှော်လင့်ပါတယ်"

ထိုသို့ပြောကာ သူသည်မတ်တပ်ထရပ်၍ ထွက်သွားလေသည်။

သူလုံးဝပျောက်ကွယ်သွားသည်နှင့် သုန်းရှို့မျက်လုံးများသည် ကြောက်ရွံ့မုန်းတီးမှုတို့ဖြင့် ပြည့်လာလေ၏။

သူသည်နုံချာ၍ အကူအညီမဲ့နေရာ နဉ်ကျင်းအားရင်ဆိုင်ဖို့ရန် ကြောက်ရွံ့လွန်းလှပေသည်။သို့သော် သူသည်အားလုံးအားမုန်းတီးလေ၏။အထူးသဖြင့် သူ့အစ်မပင်။

သူမ၏တိုက်တွန်းမှုကြောင့်သာမဟုတ်လျှင် သူသည်အဆင်ပြေနေမည်ဖြစ်ကာ လင်းမိသားစုသည်လည်း အခြေအနေကောင်းနေသေးမည်ဖြစ်၏။

လမ်းတစ်ဝက်သို့ရောက်သော် နဉ်ကျင်းသည် စူးယွင်နှင့် ဆုံသွားတော့သည်။

စူးယွင်မှမေးလာ၏။

"ရှင်ကဒီကိုဘာလာလုပ်တာလဲ"

နဉ်ကျင်းသည် အမူအယာတစ်ချက်မပြောင်းဘဲ ပြန်ဖြေလိုက်သည်။

"သခင်‌ေလးသုန်းရဲ့ကံဆိုးမှုကို ကိုယ်ကြားခဲ့ရတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။အဲ့တော့ ကိုယ်ဒီကိုရောက်တုန်း ‌ရောက်လက်စနဲ့သူ့ကိုဝင်ကြည့်သင့်တယ်လို့ထင်မိလို့လေ"

စူးယွင်သည် သူ့အားအချိန်အတော်ကြာအောင် စိုက်ကြည့်ရင်း မည်သည့်အမှားမှရှာမတွေ့နိုင်၍ အကြည့်လွှဲလိုက်၏။

"ပြဿနာကဖြေရှင်းပြီးပြီ။ပြန်ကြစို့"

"ကောင်းပြီလေ"

နဉ်ကျင်းသည် သူ့အိမ်သို့မပြန်ခင် စူးယွင်အား ဝမ်ကောထံအရင်လိုက်ပို့ပေးလိုက်သည်။

နောက်တစ်နေ့မနက်၌ ဝမ်ကောမှ ဆိုင်ဖွင့်လိုက်ရုံရှိသေး ငွေအိတ်အားကိုင်ထားသောသုန်းကွေ့မှာ တံခါးပေါက်ထံရောက်ချလာ၏။

"မိန်းကလေးစူး တောင်းဆိုထားတဲ့ပမာဏအတိုင်းပဲ ဒီအိတ်ထဲထည့်ထားပါတယ်"

သုန်းကွေ့သည် ဖောင်းကားနေသော ပိုက်ဆံအိတ်အား စူးယွင်ထံကမ်းပေးကာ သူမမျက်နှာထက်ရှိ အပြုံးတုတစ်ခုဖြင့်

"နင်ရေတွက်ကြည့်လိုက်လေ"

"ဆိုင်ရှင်သုန်း ကျွန်မကရှင့်ကို ကျိန်းသေပေါက်ယုံကြည်ပါတယ်"

စူးယွင်သည် ပိုက်ဆံအိတ်အားယူကာ သူမလက်ထဲ၌ အမှုမဲ့အမှတ်မဲ့ဟန်ဖြင့် ချိန်ဆကြည့်ပြီးမှ သုန်းကွေ့ဘက်လှည့်ကာ ယဉ်ကျေးသောစကားများဖြင့်ပြောလိုက်၏။

"ဆိုင်ရှင်သုန်းအနေနဲ့ တမင်သပ်သပ်လာစရာမလိုပါဘူး။တစ်ယောက်ယောက်နဲ့ထည့်ပေးလိုက်ရင်လဲရနေတာကို"

"ငါကအခြားလူတွေကို မယုံလို့လေ။ကိုယ့်ဘာသာလာတာက ပိုကောင်းတာပေါ့"

သုန်းကွေ့သည် စကားပြောရင်း လှည့်ပတ်ကြည့်ကာ ရင်းနှီးနေသည့် အဖြူရောင်ပုံရိပ်အား ရှာဖွေလိုက်၏။ထိုလူဤနေရာ၌ မရှိသည်ကိုတွေ့လိုက်ရရာ သူမသည်ထပ်နေဖို့မလုပ်တော့ဘဲ ထွက်သွားရန်အကြောင်းပြချက်တစ်ခုရှာလိုက်သည်။

မနေ့ည၌ သူတို့နှစ်ဦးထွက်သွားပြီးနောက် ဆယ့်ငါးမိနစ်အကြာတွင် သုန်းရှို့သည်သူမအားရှာရန် တစ်ယောက်ယောက်လွှတ်လိုက်ကာ ပြောစရာရှိသည်ဟု ပြောလာ၏။

သို့သော် သူ့အခန်းထဲ သူမဝင်လိုက်သည်နှင့် သူမအား အငြိုးတရားအပြည့်ဖြင့်ပြောဆိုကာ ငိုကြွေးရင်း သူမအ‌ေနဖြင့် စူးယွင်ကိုထပ်ဒုက္ခမပေးတော့ရန် တောင်းပန်လာသည်။

သူမသည် ရှုပ်ထွေးသွားရပြီး သူမှ ဘာ‌ေတွသိထားသည်ကို သိချင်သွားမိ၏။

သူမမှသူ့အားမေးလိုက်သော် သူသည်စကားတစ်ခွန်းမှမပြောဘဲ သူမအနေဖြင့် စူးယွင်အား ဒုက္ခထပ်မပေးသင့်တော့ကြောင်းသာ ထပ်ကာထပ်ကာပြောနေလေသည်။

သုန်းကွေ့မှာ ရွေးချယ်စရာမရှိတော့၍ ခေါင်းငြိမ့်လက်ခံလိုက်ရတော့၏။

သုန်းရှို့တည်ငြိမ်သွားသောအခါတွင်မှ သူမအ‌ေနဖြင့် လှည့်ပတ်မေးကြည့်ရာ နဉ်ကျင်းမှဤနေရာဆီရောက်လာခဲ့ကြောင်းကို သိလိုက်ရသည်။

ယနေ့ဝမ်ကောသို့ သူမရောက်လာရသည်မှာလည်း နဉ်ကျင်းသာရှိနေလျှင် တစ်ကယ်တမ်းသူသည် ဘယ်လိုလူမျိုးဆိုသည်အား နားလည်ချင်‌ေသာကြောင့် ကြည့်,ကြည့်ရန်ဖြစ်၏။

ရှောင်ဟယ်သည် ပိုက်ဆံအိတ်အားဘေးပို့ကာ နားမလည်ဖြင့်မေးလာသည်။

"ဆိုင်ရှင်သုန်းက ဘာလို့ရောက်လာတာလဲ။သူမမှာ ကြင်နာတတ်တဲ့ စိတ်သဘောထားတစ်ကယ်ရှိနေလို့လား"

"မသိဘူးလေ"

စူးယွင်သည် လှည့်ထွက်သွားသော သူမပုံရိပ်အားကြည့်ကာ

"သူမအနေနဲ့ ကောင်းကောင်းပြုမူနေသရွေ့တော့ သူမလုပ်သမျှတိုင်းက ကိစ္စမရှိပါဘူး"

"ဟုတ်တယ်"

သုန်းကွေ့သည် ဝမ်ကောမှပြန်လာပြီး ‌လမ်းကွေ့တစ်ခုဘက် ကွေ့လိုက်ရာ နဉ်ကျင်းနှင့် တည့်တည့်တိုးလေတော့သည်။

သုန်းကွေ့သည် ရို့ကျိုးစွာဦးညွှတ်၍

"သခင်လေးနဉ်"

နဉ်ကျင်းသည် သူ၏တည်ကြည်မှုအား ထိန်းထားကာ မထူးမခြားနားဟန်ဖြင့်ခေါင်းငြိမ့်ပြလိုက်၏။

"ဆိုင်ရှင်သုန်း"

သူမှထွက်သွားရန်ပြင်လိုက်စဉ် သုန်းကွေ့သည်သူ့အားတား၍

"ရှင်နဲ့စကားခဏပြောဖို့ ကျွန်မဖိတ်လို့ရနိုင်မလား သခင်လေးနဉ်"

နဉ်ကျင်းသည် ရယ်ရွှင်လိုရိပ်တစ်စွန်းတစ်စဖြင့် သူမအားကြည့်ကာခေါင်းငြိမ့်လိုက်သည်။

သုန်းကွေ့သည် ရှေ့မှလျှောက်ကာ သူသည်မှာတော့ ခေါက်ယပ်တောင်အားခပ်ကာ သူမနောက်မှနေ အေးအေးလူလူလိုက်သွားလေ၏။

ဟန်မန်လို့၌....

နဉ်ကျင်းသည် မျက်လုံးများအားမှေးကျဉ်းကာ သူ၏လက်ချောင်းများမှာ ယပ်တောင်လက်ကိုင်အား ဖွဖွတောက်နေရင်း သူမလုပ်ရပ်တို့ကို အသာကြည့်နေလိုက်သည်။

နောက်တစ်ခဏတွင်ပင် လက်ဖဝါးတစ်ခုထံမှ ပြင်းထန်သောလေတစ်သုတ်သည် နဉ်ကျင်းထံ ရိုက်ခတ်လာလေ၏။

All Chapters