← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

Ch-30

နဉ်ကျင်းသည် သူ့ကိုယ်အားလှည့်လိုက်ကာ လက်တစ်ဖက်ဖြင့်‌ ခေါက်ယပ်တောင်အားပိတ်ရင်း ယပ်တောင်ရွက်ဖြင့် တစ်ဖက်လူ၏လက်ဖဝါးကိုပိတ်ဆို့လိုက်၏။ခဏတာမျှ ရပ်တန့်သွားပြီးနောက် ထိုလူသည် ချက်ချင်းဆိုသလို သုံးမီတာအကွာသို့ တွန်းထုတ်ခံလိုက်ရပြီး နံရံနှင့်ဝင်ဆောင့်၍ ပြန်ကန်ထွက်ကာနဉ်ကျင်း၏ခြေထောက်နား ပြုတ်ကျလာလေတော့သည်။

နဉ်ကျင်းသည် ငုံ့ကြည့်ရင်း လက်ကိုင်ပုဝါတစ်ထည်အားထုတ်ကာ တစ်ဖက်လူ၏လက်နှင့်ထိခဲ့သော ယပ်တောင်ရွက်ပေါ်ရှိနေရာကို သုတ်ပစ်လိုက်၏။

နဉ်ကျင်းသည် အေးဆေးတည်ငြိမ်သောလေသံဖြင့် ဖြည်းဖြည်းချင်းပြောလာသည်။

"ဒါကဆိုင်ရှင်သုန်း ကျွန်တော့်ကိုစကားပြောဖို့ဖိတ်တဲ့ပုံစံများလား"

ကြမ်းပြင်ပေါ် လဲကျနေသောလူမှာ ပြင်းပြင်းထန်ထန်ချောင်းဆိုးရင်း ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်ကာ ကြမ်းခင်းအား စွန်းထင်းသွားစေ၏။

လေထုထဲတွင် သွေးနံ့များဖြင့် ပြည့်နှက်နေပြီး သုန်းကွေ့၏စိုးရိမ်မှုမှာ ပိုတိုးလာတော့သည်။သူမသည် စကားတစ်ခွန်းမှပင်မပြောနိုင်တော့ဘဲ မကြုံစဖူးကြောက်ရွံ့ထိတ်လန့်မှုနှင့် မလွယ်ကူမှုမှာ သူမအားလွှမ်းခြုံထားလိုက်လေ၏။

လဲနေသောလူ၏မျက်လုံးများမှာ ကြောက်ရွံ့မှုနှင့် ရှင်သန်လိုစိတ်တို့ထင်ဟပ်နေကာ နုံးခွေစွာပင် သုန်းကွေ့ထံ တိတ်တဆိတ်အသနားခံမှုတို့ ပို့လွှတ်နေလေသည်။

"ဆိုင်ရှင်သုန်း ကယ်.....ကျွန်တော့်ကိုကယ်ပါဦး"

ရှင်သန်လိုစိတ်ကြီးမားမှုကြောင့် သူသည်လက်မြှောက်ဖို့လုပ်လိုက်သော်ငြား နာကျင်မှုသည် သူ့ခွန်အားကို ကျဆင်းသွားစေ၏။

သုန်းကွေ့သည် သူမအကြည့်အားလွှဲလိုက်ကာ နဉ်ကျင်းထံသို့ သူမအာရုံအားသတိကပ်၍‌ပို့လိုက်သည်။

သိမ်မွေ့တင့်တယ်ပုံ‌ေပါ်သောနဉ်ကျင်းမှာ သွက်လက်စွာဖြင့် ပြတ်ပြတ်သားသားပြုမူလာမည်ဟု သူမထင်မထားခဲ့ချေ။

နဉ်ကျင်းသည် ဘာမှမဖြစ်ခဲ့သည့်အလားပြုမူကာ ယပ်တောင်ခပ်နေလေ၏။

"မင်းမှာပြောစရာတစ်ခုခုရှိနေရင် တိုက်ရိုက်သာပြောလိုက်"

သုန်းကွေ့သည် သူမအင်္ကျီစအား တင်းတင်းဆုပ်ကိုင်ကာ မေးလိုက်သည်။

"ရှင်ကျွန်မမောင်လေးဆီဘာတွေပြောခဲ့တာလဲ။သူကရှင့်ကို ဘာလို့တအားကြောက်နေရတာလဲ"

"ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ စကားလေးနည်းနည်းပြောခဲ့ရုံကလွဲလို့ ကျွန်တော် သိပ်အများကြီးမပြောခဲ့ပါဘူး။သူကျွန်တော့်ကိုဘာလို့ကြောက်နေရတာလဲဆိုတာကတော့ ဖြစ်နိုင်တာ....."

နဉ်ကျင်းသည် ပြောလက်စအားရပ်ကာ ယပ်တောင်ခပ်လိုက်ပြီးမှ ဆက်ပြောလိုက်၏။

"ကျွန်တော်ကသူ့ကိုရိုက်ပြီး အရွတ်လေးတစ်ချို့တစ်လေဆွဲထုတ်ခဲ့မိလို့နေမှာပါ"

သုန်းကွေ့၏ပါးစပ်မှာ ပွင့်ဟသွားပြီး သူမစိတ်မှာဗလာဖြစ်သွားရသည်။

သူမမောင်ဖြစ်သူ သုန်းရှို့မှ သူ၏အရွတ်များ‌ဆွဲထုတ်ခံရစဉ်တွင် တောင့်ခံနေရမည့်နာကျင်မှုအား သူမ,မခန့်မှန်းနိုင်ပါချေ။

သုန်းကွေ့၏မျက်လုံးများမှာ နီရဲလာပြီး သူမခေါင်းထက်မှဆံထိုးအားဆွဲထုတ်ကာ နဉ်ကျင်းဆီ ထိုးစိုက်သတ်ဖြတ်ချင်စိတ်ဖြင့် ရွယ်လိုက်၏။

နဉ်ကျင်းသည် သူ၏ခေါက်ယပ်တောင်အားလေထဲအသာဝှေ့ယမ်းလိုက်သည်။ဆံထိုးမှာ ကြမ်းခင်းပေါ်ပြုတ်ကျသွားပြီး သုန်းကွေ့သည်လည်း အစောကအမျိုးသားလို သုံးမီတာလောက်ထိ လွှင့်ထွက်သွားပြီး နဉ်ကျင်းခြေထောက်နား ကျလာ၏။

"ကျွန်တော်က လူကြီးလူကောင်းတစ်ယောက်မဟုတ်ဘူးနော်။အမျိုးသမီးမကလို့ ဘာဖြစ်ဖြစ် သူတို့ကိုအခုလိုမျိုး ရိုက်ပစ်မှာပဲ"

ထိုသို့ပြောပြီးနောက် နဉ်ကျင်းသည် သူတို့ထံတစ်ချက်ပင် လှည့်မကြည့်တော့ဘဲ တစ်စက္ကန့်ပင်တွေးတောမနေကာ ထွက်သွားတော့သည်။

နဉ်ကျင်းသည် သူ၏အိမ်တော်ဆီအရင်ပြန်၍ ရေချိုးအဝတ်လဲကာ သူ့ကိုယ်၌သွေးနံ့မရှိတော့ကြောင်းသေချာပြီးပါမှ အိမ်ရှေ့တံခါးမှထွက်ကာ ဝမ်ကောဆီသွားရန် အသင့်ဖြစ်နေလေပြီပင်။

သို့သော်လည်း အပြင်သို့သူခြေချလိုက်သည်နှင့် သူ့အားလာရှာသောအစ်ကိုကြီး၏အစေခံအား တွေ့လိုက်ရကာ သူ့ထံဝိုင်တစ်ခရားကမ်းပေးလာ၏။

နဉ်ကျင်းသည် ဝိုင်ခရားအား လက်ခံလိုက်ကာ စူးယွင်မှမြည်းကြည့်နိုင်ရန် ယူသွားဖို့လုပ်လိုက်သည်။

ထိုအခိုက်အတန့်တွင် စူးယွင်သည် မေးထောက်ရင်း ပြတင်းပေါက်နားထိုင်ကာ အပြင်ဘက်သို့ငေးရင်း အတွေးထဲနစ်မြောနေလေ၏။

နဉ်ကျင်းသည် ခုံတစ်လုံးအားတိတ်တဆိတ်ယူထိုင်ကာ ဝိုင်ပုလင်းအား စားပွဲထက်တင်၍ သူမအား ‌လေ‌အေး‌အေး‌လေး ခံစားမိ‌စေရနျ သူ့ခေါက်ယပ်တောင်ဖြင့် ခတ်ပေးလိုက်သည်။

သူမ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲ နစ်မြှပ်နေသော စူးယွင်မှာ မိုးသက်လေနုအေးကဲ့သို့ လေညှင်းအနည်းငယ်သည် သူမထံအသံမပေးဘဲ ညင်သာစွာထိတွေ့သွားသည်အား ခံစားမိလိုက်၏။

သူမသည်ခေါင်းလှည့်၍ မျက်လုံးထောင့်အားပင့်ကာ သူ့ထံအမှုမထားဟန်ဖြင့် ကြည့်လိုက်သည်။

နဉ်ကျင်းသည် သူ၏ယပ်တောင်အားပိတ်ကာပြောလာ၏။

"တစ်ခုခုတွေးစရာရှိလို့လား"

"အင်း"

သူမသည် မေး‌ေထာက်ထားသည့်လက်အားပြန်ချကာ စားပွဲထက်ခေါင်းတင်၍ စွမ်းအင်တစ်စက်မှမရှိတော့သည့်အလား သူမကိုယ်အပေါ်တစ်ပိုင်းလုံးအား ပျင်းတိပျင်းရွဲဟန်ဖြင့် ပစ်မှီလိုက်သည်။

နဉ်ကျင်းမှမေးလာ၏။

"ဘာကများ စူးယွင်ကိုဒီလောက်အခက်ကြုံစေတာပါလိမ့်။မင်းအဲ့ကိစ္စကို ဘာလို့ကိုယ့်ဆီပြောမပြရမှာလဲ"

စူးယွင်မှ ခေါင်းယမ်းလိုက်ရာ သူမခေါင်းထက်ရှိ အဆင်တန်ဆာတို့မှာလည်း တစ်ချက်လှုပ်တိုင်းတချွင်ချွင် တချွမ်ချွမ်လိုက်မြည်ကာ အရာတိုင်းမှ‌ေန သူမစိတ်အနှောင့်အယှက်ဖြစ်နေပါသည်ဟု ဖော်ပြနေတော့သည်။

သူမသည် ရှင်သန်လိုစိတ်မရှိဟန်ဖြင့် နှုတ်ခမ်းစူကာ ပြောလာ၏။

"အဝတ်အစားပြိုင်ပွဲ"

နဉ်ကျင်း၏စိတ်မှာ အတွေးတစ်ချက်လက်သွားပြီး မေးလိုက်သည်။

"ကုန်သည်ကြီးများအသင်းက ကျင်းပတဲ့ပွဲလား"

သူ၏ဆိုင်ခန်းများမှာ နာမည်ကြီးလမ်းမတိုင်းထက်တွင် တည်ရှိကြ၍ ကုန်သည်ကြီးများအသင်းအကြောင်းကို တစ်စွန်းတစ်စကြားဖူးလေသည်။ထိုပြိုင်ပွဲမှာ ခက်ခဲသောဆိုလိုရင်းအကြောင်းအရာနှင့် ပြင်းထန်သောယှဉ်ပြိုင်မှုတို့ကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားလေ၏။

"ဟုတ်တယ်"

စူးယွင်သည် မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းအားတင်းတင်းစေ့၍

"စာစောင်တစ်ခုလုံးမှာ ခေါင်းစီးစာတစ်ခုပဲရှိနေပြီး ကျန်တာဘာတစ်ခုမှ အသုံးဝင်တာမပါဘူးလေ"

"ကြည့်,ကြည့်လိုက်"

သူမသည်အင်္ကျီလက်ထဲမှနေ လက်ကမ်းစာစောင်အားဆွဲထုတ်ကာ နဉ်ကျင်းရှေ့ချပေးလိုက်၏။

ဆိုလိုရင်းအကြောင်းအရာအား ထောက်ပြကာ သူမသည်မကျေမနပ်မှုတို့အား ဖွင့်ထုတ်နေလေသည်။

"ဆိုလိုရင်းက အသစ်ဆိုတဲ့စကားလုံးတစ်လုံးထဲလေ ပြီးတော့ ကျွန်မ.....တစ်ကယ်ကို..."

"ရှင်ပြောကြည့်"

စူးယွင်သည် ဒေါသထွက်နေသည်အား ရှင်းရှင်းလင်းလင်းပြကာ ဆက်ပြောလာ၏။

"ကုန်သည်ကြီးများအသင်းက အရမ်းချမ်းသာတာပဲကို သူတို့ကဘာလို့ဒီလောက် တွန့်တိုနေရတာလဲ။စကားလုံးလေးနည်းနည်းလောက်ထပ်ရေးရင် မှင်ကဘယ်လောက်ကုန်သွားမှာမလို့ပါလိမ့်။အဲ့ကိစ္စက ခက်ခဲနေတယ်ဆိုရင်လည်း ကျွန်မကပဲ ခြေကြွပြီး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဆယ်လျန်နေနေ လျန်နှစ်ဆယ်နေနေ လှူပေးနိုင်ပါတယ်"

နဉ်ကျင်းသည် စာစောင်အားတစ်ချက်ကြည့်ကာ အတွေးနက်သွား၏။

*အသစ်*ဟူသောစကားလုံးမှာ ရိုးရှင်းပေသိ ထိုစကားအဓိပ္ပာယ်မှာ ဆန်းသစ်ပြောင်းလဲမှုအား ညွှန်ပြရန်ဆိုလိုခြင်းဖြစ်သည်။သို့သော် အဝတ်အစားပြိုင်ပွဲ ပွဲစဉ်နှစ်များတစ်လျှောက်တွင် ပါဝင်ယှဉ်ပြိုင်ဖို့အနိမ့်ဆုံးလိုအပ်ချက်မှာ အမှန်တော့ ဆန်းသစ်ပြောင်းလဲမှုဖြစ်သည်ဆိုသည်အား မည်သူမသိဘဲနေပါမည်နည်း။

စူးယွင်သည် စိတ်ညစ်ညစ်ဖြင့် ဆံပင်အားဆွဲလိုက်ကာ စိတ်ထောင်းကိုယ်ကြေဖြစ်နေပါသည်ဟု‌ေပြာနိုင်သော သူမမျက်နှာကို လက်ဖြင့်အုပ်လိုက်၏။

ပြတင်းပေါက်မှာ ကျယ်ကျယ်ဖွင့်ထား၍ လမ်းမဆီမှဆူညံသံများဝင်ရောက်လာပေသိ သူမပတ်လည်တွင် မမြင်နိုင်သောအဟန့်အတားတစ်ခုရှိနေသည့်အလား ဆူညံသံတိုင်းမှာ ပိတ်ဆို့ခံလိုက်ရသည့်အတိုင်း စူးယွင်ထံ အကျိုးသက်ရောက်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။

နဉ်ကျင်းသည် သူမ၏ရှုပ်ပွနေသောဆံနွယ်တို့အား ပြန်ရှင်းပေးကာ နူးနူးညံ့ညံ့လေးအကြံပြုလာ၏။

"ကိုယ်တို့တွေဘာလို့ လမ်းလေးခဏတစ်ဖြုတ်မလျှောက်ကြရမှာလဲ။ကိုယ်ကြားတာတော့ မကြာခင်ဆို လုံဟွမ်ဘုရားကျောင်းက ပွဲတော်တစ်ခုလုပ်တော့မှာတဲ့။အဲ့ပွဲကနေ မှီငြမ်းစရာတစ်ခုခုရနိုင်အောင်လို့ ကိုယ်မင်းနဲ့အတူသွားပေးမယ်"

နဉ်ကျင်းသည် ချုပ်လုပ်မှုကဲ့သို့ကိစ္စမျိုးအား နားမလည်၍ အကြံပေးစရာဘာမှမရှိသည့်တိုင် သူမခံစားချက်အပြောင်းအလဲဖြစ်သွားရန် ခဏတစ်ဖြုတ်လမ်းအတူလျှောက်ဖို့တော့ အပြင်ခေါ်ထုတ်သွားပေးနိုင်ပါ၏။

(T-N/အောက်ဘက်ကစာနဲ့ အပေါ်စာကြား စာကြောင်းကျန်မကျန်မသိပေမယ့် e tran က အခုလိုရေးထားလို့ သူ့အတိုင်းပဲ ယူရေးလိုက်ပါတယ်နော်)

နဉ်ကျင်းသည် မျက်ခုံးအားပင့်ကာ သူမ၏ရုတ်ချည်းစိတ်အားထက်သန်မှုကြောင့် ရယ်ချင်သွားရသည်။

"မှန်းကြည့်ရအောင် အဲ့အောက်မှာ မင်းဘာကိုဖွက်ထားတာလဲ"

စူးယွင်သည် ညစ်တစ်တစ်ပြုံးကာ သူမမျက်ဝန်းတို့မှာလဲ စိတ်လှုပ်ရှားမှုတို့ဖြင့်တောက်ပနေလေ၏။

"ရှင်အရင်မှန်းကြည့်ပါလား မဟုတ်ရင် ကျွန်မရှင့်ဆီ ဒီပစ္စည်းကိုပြမှာမဟုတ်တော့ဘူး"

နဉ်ကျင်းသည် ခေတ္တမျှရပ်တန့်သွားပြီး ဗန်းအားသိချင်စိတ်ဖြင့် စစ်ဆေးလိုက်သည်။ပစ္စည်းသည် သေးငယ်ပြီး ရိုးရှင်းပုံရပေသိ ထိုနောက်ကွယ်ရှိ ဆန်းကြယ်မှုမှာ သူ၏စိတ်ဝင်စားမှုအား ထိုးနှက်လာ၏။

"အဲ့ဒါက စားလို့ရတဲ့ဟာ....မျိုးများလား"

သူသည် ကျီစယ်ဟန်တစ်ဝက် စပ်စုလိုဟန်တစ်ဝက်ဖြင့် မှန်းဆလာသည်။

စူးယွင်သည် ရယ်မောလိုက်ပေသိ ခေါင်းယမ်းပြလိုက်၏။

"မဟုတ်သေးဘူး ထပ်ပြီးမှန်းကြည့်"

All Chapters