← Chapters

Chapter 31

Vol. 4 Ch. 31

Chapter 31

Vol. 4 Ch. 31

"အန်တီ" ဟူသော စကားလုံးကို ကြားလိုက်သောအခါ ထိုအမျိုးသမီး၏ မျက်နှာမှာ တစ်စက္ကန့်မျှ ပျက်သွားသည်။ "မင်း၊ ငါ့ကို 'အစ်မ' လို့ ခေါ်ရင် သေသွားမှာလား" သူမမှာ လှပပြီး နုပျိုသည်ဟု ထင်သဖြင့် အန်တီတစ်ယောက်နှင့် လုံးဝမတူနိုင်ဟုလည်း တွေးနေသည်။

"အန်တီလား ? နန်မိသားစုက တစ်ယောက်လား"

ထိုအမျိုးသမီးမှာ သူမ အမှားအားမျက်မှောင်ကြုတ်ခြင်းဖြင့် ချက်ချင်းပြောင်းလဲလိုက်ပြီး တစ်ခုခုကိုပြောတော့မလိုနှင့် တုံ့ဆိုင်းနေသည့်ဟန်ဆောင်မှုကို ပြုလုပ်လိုက်သည်။

ပုံမှန်ဆိုလျှင် သာမန်ကလေးတစ်ဦးပင်ဖြစ်ပါက "ဘာဖြစ်တာလဲ ?" ဟု မေးလိမ့်မည်။

သို့သော် ဖေးယွင်ကျင်း ထိုအရာအားမမြင်သကဲ့သို့ပြုမူကာ လှည့်ထွက်ရန်ပြင်လိုက်သည်။ ထိုအမျိုးသမီး အလျင်အမြန် ပြောလိုက်သည်။

"နေဦး!"

"ကလေး၊ မင်းမိထွေးနဲ့ အရမ်းမရင်းနှီးနဲ့!"

ထိုဝါကျမှာ ဖေးယွင်ကျင်း၏အာရုံစိုက်မှုကို အောင်မြင်စွာရရှိသွားခဲ့သည်။ သူ ရပ်လိုက်ပြီး ထိုအမျိုးသမီးအားကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ ?"

သူမ အရာအားလုံးကို သရုပ်ဆောင်နေသည်။ ထိုအမျိုးသမီးသည် ပတ်ဝန်းကျင်အား အမှန်တကယ်ပင် ဝေ့ဝဲကြည့်ရှုပြီး အခြားသူများကြားသွားမည်ကို စိုးရိမ်ဟန်ဆောင်လိုက်သည်။

"မင်းက ငယ်သေးတယ်၊ မင်းကို ကောင်းကောင်းဆက်ဆံတဲ့သူကိုကြိုက်မယ်ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ မင်းရဲ့ မိထွေးကညတော့..."

"ရှောင်ဝမ်ရဲ့သေဆုံးမှုက မရိုးသားဘူးလို့ ငါ အမြဲတမ်းသံသ ယရှိခဲ့တာ၊ သူက ကျန်းမာရေးအရမ်းကောင်းတဲ့ဟာကို မွေးဖွားခဲ့တဲ့ဆေးရုံကလည်း အကောင်းဆုံးပဲ၊ ဘယ်လိုလုပ် ရုတ် တရက် အဲ့လို ဖြစ်နိုင်မှာလဲ...."

ထို့နောက် သက်ပြင်းချလိုက်သည်။

"မင်း မသိလောက်ဘူး၊ မင်း မိထွေးက မင်းအဖေကိုနှစ်ပေါင်းများစွာကြိုက်လာခဲ့တာ၊ အသိုင်းအဝိုင်းထဲက လူတိုင်းသိတယ်၊ ရှောင်ဝမ်ရဲ့သေဆုံးမှုက သူ့နဲ့ ပတ်သက်တယ်လို့ ငါ တကယ် ထင်တယ်၊ နန်မိသားစုရဲ့ ဩဇာအာဏာကိုစဉ်းစားကြည့်ပါဦး၊ ဒီလို ကိစ္စမျိုးက နန်ယုအတွက်ဆို မခက်ခဲဘူး"

ဖေယွင်ကျင်းထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိသည်ကို မြင်သောအခါ ထိုအမျိုးသမီး သူမ ပြောလိုက်သည့် စကားလုံးများမှာ နက်နဲလွန်းနေသည်လားဟုတွေးမိသည်။ လေးနှစ်သား ကလေးတစ်ဦးအနေဖြင့် နားမလည်ခြင်းမှာပုံမှန်ပင်ဖြစ်သည်။

ထို့ကြောင့် သူမ ပေါင်အားရိုက်လိုက်ပြီး

"ကလေး၊ မင်း အခုချက်ချင်းနားမလည်တာကို ငါ သိပါတယ်"

"ဒါပေမဲ့ ရှောင်ဝမ်က မင်းရဲ့မိခင်အရင်းဆိုတာကို မမေ့ပါနဲ့။ တကယ်ကောင်းတဲ့ မိထွေးဆိုတာမျိုး ဘယ်ရှိမှာလဲ ?!"

"ရှောင်ဝမ်သာ အသက်ရှင်နေရင် မင်းကိုပဲ အချစ်ဆုံးဖြစ်မှာ သေချာတယ်၊ ခုလို သူ့မိသားစုနဲ့နေပြီး မလုပ်နိုင်တာမျိုးတွေလည်း ဖြစ်နေမှာမဟုတ်ဘူး..."

"အိုး" အမျိုးသမီးသည် သူမ၏ ပါးစပ်အားပိတ်လိုက်သည်။ "ကြည့်ပါဦး၊ ငါ စကားတွေ အရမ်းများသွားပြန်ပြီ"

အမှန်စင်စစ် ထိုအမျိုးသမီးသည် ပေထန်ရှောင်ဝမ်၏ သေဆုံးမှုမှာ နန်ယုနှင့် ဆက်စပ်မှုရှိမရှိကို မသိပေ။ သူမနှင့် ပေထန်ရှောင်ဝမ်မှာ အပေါ်ယံသာ ခင်မင်သူများ ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးမှာ လူမှုအဆင့်အတန်းကို ရရှိရန်သာ ရည်ရွယ်နေကြသည့် တရားမဝင် သားသမီးများ ဖြစ်ကြသောကြောင့်ပင်။

ပေထန်ရှောင်ဝမ်သည် ဖေးမိသားစု၏သခင်ကြီးနှင့် ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရသောအခါ သူမ အလွန်မနာလိုဖြစ်ခဲ့သည်။ ပေထန်ရှောင်ဝမ် ဤမျှကံဆိုးလိမ့်မည်ဟု မည်သူကမှ တွေးထင်မိမည် မဟုတ်ချေ။

မိမိပိုင်ဆိုင်သောအရာမဟုတ်ပါက ခိုးယူရန်ကြိုးစားခြင်းသည် အဓိပ္ပာယ်မရှိသည်မှာ မှန်သည်။

သို့သော် ပေထန် မိသားစုမှ လာရောက်ခေါ်ယူပြီး ဖေယွင်ကျင်းရှေ့တွင် စကားပြောပေးရန်အတွက်များပြားသော ငွေကြေးအားပေးမည်ဟု ကမ်းလှမ်းလာသောအခါ ထိုအမျိုးသမီးမှာ တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်သည်။

စကားအနည်းငယ်ပြောရုံဖြင့် ဤမျှများပြားသော ငွေကြေးအား ငြင်းပယ်မည့်သူမှာ လူမိုက်သာဖြစ်သည်ဟု သူမ တွေးလိုက်သည်။ ဖေးယွင်ကျင်းရှေ့တွင် အဘယ်ကြောင့် ပြောရမည်၊ သို့မဟုတ် မည်သို့သောအကျိုးဆက်များဖြစ်လာမည်ကို သူမ စိတ်မဝင်စားပေ။

ငွေရှာလိုပါက အသိစိတ်ကဲ့သို့သော အသုံးမဝင်သည့်အရာများကိုစွန့်လွှတ်ရမည်ဟု သူမ ယုံကြည်သည်။

ထိုအမျိုးသမီးသည် သူမ၏ "ရည်းစား" နှင့်အတူ ဤအပန်း ဖြေစခန်းတွင် နှစ်ရက်ကြာရှိနေခဲ့ပြီး ယနေ့တွင်မှ အခွင့်အရေးအား နောက်ဆုံးရရှိခဲ့သည်။

"အန်တီ၊ အန်တီ့ နာမည်က ဘာလဲ ?"

ဖေးယွင်ကျင်း အဆုံးတွင်တုံ့ပြန်ခဲ့သော်လည်း သူ့မေးခွန်းမှာ အနည်းငယ် ထူးဆန်းနေသည်။ သူမ ပြောလိုက်တာကို သူ နားရောလည်ရဲ့လား ?

"ငါ့နာမည်က လျိုပါ၊ အန်တီလျိုလို့ပဲ ခေါ်ပါ"

သို့သော်လည်း ငွေကြေးအတွက် အန်တီလျိုသည် ဖေးယွင်ကျင်းနှင့် ဆက်ဆံရန်ဆန္ဒရှိနေသည်။

သူမ နူးညံ့သည်ဟု ထင်ရသော အပြုံးဖြင့် ဆံပင်တစ်ချောင်းအား ပေါ့ပေါ့ပါးပါး ဖယ်ရှားလိုက်သည်။

"ကလေး၊ ငါ သွားတော့မယ်၊ မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"

ပြောဆိုခြင်းမှာ တစ်ဝက်တစ်ပျက် အမှန်တရားဖြစ်သင့်ပြီး ပိုမိုယုံကြည်လက်ခံနိုင်စေရန်အတွက် ကောက်ချက်ဆွဲရန် နေရာချန်ထားသင့်သည်။ သို့မဟုတ်ပါက အလွန်အမင်း ရည် ရွယ်ချက်ရှိနေသည်ဟု ထင်ရပေလိမ့်မည်။

ထိုအချက်အား သူမ ကောင်းစွာသိသည်။

ဖေးယွင်ကျင်း ရှေ့သို့ တိုးလာပြီး အန်တီလျို၏စကတ်အစွန်းအား ဆွဲလိုက်သည်။

"အန်တီ၊ ကျွန်တော့်အန်တီက ကျွန်တော့်အမေကို ထိခိုက်စေတယ်လို့ ပြောတယ်၊ အန်တီမှာ သက်သေရှိလား ?"

အန်တီလျို ကြောင်အသွားသည်။ ဤကလေးမှာ သက်သေအထောက်အထားကိုပင် သိနေသည်။

သူမထံ မည်သည့်သက်သေများ ရှိနိုင်မည်နည်း ? သူမသည် ဖေးယွင်ကျင်း၏နှလုံးသားထဲတွင် ဆူးတစ်ချောင်း စိုက်ထည့်ရန်အတွက် စကားလုံးများ ပြောနေခြင်းသာ မဟုတ်ပါလား?

ဤဆူးသည် နောင်တွင် ကြီးထွားလာမည်လားဆိုသည်မှာ ပေထန်မိသားစု၏ကိစ္စပင်။

"နန်မိသားစုက ဒီလောက်ဩဇာကြီးတာ၊ ငါ ဘယ်လိုလုပ် သက်သေရနိုင်မှာလဲ ဒါပေမဲ့ ပေထန်မိသားစုက မင်းအမေရဲ့ သေဆုံးမှု အကြောင်းရင်းကိုရှာနေတယ်၊ သူတို့ ရှာတွေ့နိုင်ပါတယ်"

"ဒါဆို သက်သေမရှိဘူးပေါ့၊ ဒါကောင်းတယ်" မဟုတ်ရင် လူဆိုးတွေက ကျွန်တော့်အန်တီကို ခြိမ်းခြောက်မှာသေချာတယ်။

"ဘာ ?"

ဖေးယွင်ကျင်း၏နောက်ဆုံးစကား အနည်းငယ်မှာ အသံတိုးလွန်းသဖြင့် ထိုအမျိုးသမီးသည် ရှင်းရှင်းလင်းလင်း မကြား လိုက်ရပေ။ သူမတစ်ခုခု မှားယွင်းနေသည်ဟု ဝိုးတဝါး ခံစားရသော်လည်း တိတိကျကျမပြောနိုင်ချေ။

ဖေးယွင်ကျင်း ထိုအမျိုးသမီးအား ခေါင်းခါပြပြီး ချစ်စရာကောင်းသော အပြုံးဖြင့် ပြုံးပြလိုက်သည်။ ခွေးသွားငယ်လေး(အစွယ်) နှစ်ချောင်းကိုပင် မရေမရာမြင်နိုင်သည်။

"ဘာမှမဟုတ်ပါဘူး၊ ဒါဆို အန်တီ၊ ကျွန်တော် ပေထန်မိသားစုကတစ်ယောက်ယောက်ကို ရှာချင်ရင် ဘယ်လိုရှာရမလဲ?"

ဖေးယွင်ကျင်းရုပ်ရည်မှာ တကယ်ထူးခြားသည်ဟု ပြောရပေမည်။ ထိုအမျိုးသမီးပင်လျှင် ဤအချိန်တွင် သူ့အား သနားမိသည်။ သူမသည် ပေထန်မိသားစု ဖေးယွင်ကျင်းအား နောက်မှဆက်သွယ်လိမ့်မည်ဟု တွေးလိုက်သည်။ ဖေးယွင်ကျင်းက အခုမေးလိုက်လျှင် ပိုမကောင်းဘူးလား ?

ထိုအရာမှာ သူမပြောလိုက်သည့် စကားများအား ဖေးယွင်ကျင်း ယုံကြည်သွားပြီဟုသက်သေပြလိုက်ခြင်းဖြစ်သည်။

သူမ မျက်ခုံးမွှေးဆွဲခဲတံကို ထုတ်ယူကာ သူမအား ဆက်သွယ်ခဲ့သည့် ပေထန်မိသားစုဝင်၏ဖုန်းနံပါတ်များကို တစ်ရှူးပေါ်တွင် ရေးပေးလိုက်သည်။

"ကလေး၊ မင်း ငါ့ကို မယုံရင် ဒီလူကို ဆက်သွယ်လိုက်ပါ၊ ပေထန်မိသားစုနဲ့ မင်းက ဆွေမျိုးရင်းချာတွေ၊ မင်းတို့ကသာတကယ့် မိသားစုပဲ!"

ထိုသို့ပြောပြီးနောက် သူမ ဤနေရာတွင် အချိန်အတော်ကြာအောင် ကြန့်ကြာနေခဲ့ပြီး အခြားသူများ မြင်သွားမည်ကို စိုးရိမ်ခဲ့သည်။ သူမ ဖေးယွင်ကျင်းအား အလျင်အမြန် နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

"ရှောင်ကျင်း! မင်းကို ငါ ရှာတွေ့ပြီ!"

အန်းရီရန် ပြုံးရယ်လျက် အဝေးမှ ပြေးလာပြီး သူ့နောက်တွင် လီရီပိုင်သည်လည်း ပါလာသည်။ သူတို့သည် သူ့အား အရင်ရှာတွေ့ပြီးမှ ဖေးယွင်ကျင်းကို လာရှာခြင်း ဖြစ်ပုံရသည်။

"ဘာဖြစ်တာလဲ?"

ဖေးယွင်ကျင်း စိတ်မချမ်းမသာဖြစ်နေသည်ကို သူ သတိထားမိသည်။ သူ အရမ်းမြန်မြန်ရှာလိုက်မိလို့များလား?

ဖေးယွင်ကျင်း လက်ထဲမှ စက္ကူအား တင်းတင်းဆုပ်ထား သည်။

"အစ်ကိုရီရန်၊ ကျွန်တော်အန်တီနဲ့ အရေးကြီးကိစ္စ ရှိလို့၊ ပြန်ရအောင်"

အန်တီနှင့် အရေးကြီးကိစ္စရှိသည်တဲ့လား ?

အန်းရီရန် ဆက်မမေးတော့ပေ။

"ကောင်းပြီ၊ ဒါဆို မြန်မြန်ကြပြန်ရအောင်"

ကလေးသုံးယောက် ဝါးတောထဲမှထွက်လာပြီး လုံခြုံရေး ဗင်ကားပေါ်သို့ တက်လိုက်ကြသည်။

ဟိုတယ်သို့ ပြန်ရောက်သောအခါ ဖေးယွင်ကျင်း နန်ယု ဘယ်မှာရှိသည်ကို ဝန်ထမ်းအား ဦးစွာမေးမြန်းသည်။ သူမသည် သူမ၏ အခန်းတွင် အနားယူနေသည်ကို သိပြီးနောက် ချက် ချင်းအပေါ်ထပ်သို့ တက်သွားရာ အန်းရီရန်နှင့် လီရီပိုင်တို့ ရှုပ်ထွေးကျန်ရစ်ခဲ့သည်။

လမ်းတွင် ဖေးယွင်ကျင်း လျှို့ဝှက်ထားရမည့် အရေးကြီးကိစ္စတစ်ခုရှိသည်၊ အခုချက်ချင်း မပြောနိုင်သေးဟုပြောခဲ့သည်။ နားလည်တတ်သော ကလေးနှစ်ဦးသည်လည်း ဆက်မမေးတော့ပေ။

လျှို့ဝှက်ချက်များမှာ မျှဝေ၍မရသည်မှာ သေချာသည်။

သူတို့ကိုယ်တိုင်လည်း ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိသည်ကို သိထားကြသည်။ မည်မျှပင် ရင်းနှီးသည်ဖြစ်စေ အခြားသူ များအား မမျှဝေသင့်ပေ။

"အန်တီ!"

လသာဆောင်ပေါ်တွင် ရှုခင်းအား ခံစားရင်း ပြဇာတ်တစ်ခု ကြည့်နေသော နန်ယု ခေါင်းကို အနည်းငယ် ထောင်လိုက်သည်။

"ဟင် ? မင်းတို့ ဒီနေ့ စောစော ပြန်လာတာပဲ"

သူမ အချိန်ကို ကြည့်လိုက်ရာ သုံးနာရီကျော်ရုံသာ ရှိသေးသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ကလေးသုံးယောက်မှာ သူမကိုယ်တိုင် လိုက်ဖမ်းမှသာ ပြန်လာခဲ့ကြသည်။

ဖေးယွင်ကျင်း နန်ယုဆီသို့ အပြေးသွားပြီး စကားပြောရန် ပြင်လိုက်သော်လည်း သူ၏ အလျင်စလိုဖြစ်မှုက သူ့အား စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။

နန်ယု ရယ်မောရင်း ထရပ်လိုက်ပြီး ဖေးယွင်ကျင်း ကျောပြင်အား ညင်သာစွာ ပုတ်လိုက်သည်။

"ဘာလို့ ဒီလောက် မြန်မြန် ပြေးလာတာလဲ? တစ်ယောက် ယောက်က လိုက်ဖမ်းနေလို့လား"

"ဟုတ်တယ်!"

ဖေးယွင်ကျင်း တကယ်ပင် ခေါင်းညိတ်လိုက်ပြီးနောက် ရှည် လျားစွာ နှစ်ကြိမ် အသက်ရှူထုတ်ကာ သူ့အသက်ရှူနှုန်းအား ထိန်းရန် ကြိုးစားလိုက်သည်။

"အန်တီ၊ ကျွန်တော် လူဆိုးတစ်ယောက်နဲ့ တွေ့ခဲ့တယ်!"

"ဟင်?"

နန်ယု အံ့အားသင့်သွားသည်။

"ဘယ်လူဆိုးလဲ?"

သူမ ဖေးယွင်ကျင်းအား လျင်မြန်စွာကြည့်လိုက်သည်။ သူသည် သန့်ရှင်းနေပြီး ထိခိုက်ဒဏ်ရာရသည့် လက္ခဏာမတွေ့ရချေ။

"လူဆိုးက ဘယ်မှာလဲ?"

"သူ ထွက်ပြေးသွားပြီ၊ ဒါပေမဲ့ ရှောင်ကျင်းက သူ့နာမည်ကို မေးလိုက်တော့ သူ့နာမည်က အန်တီလျိုတဲ့!"

ဖေးယွင်ကျင်း၏စကားများကြောင့် နန်ယု ရယ်မောမိသည်။ ဖေးယွင်ကျင်း စနောက်နေသည်ဟု သူမ ထင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ မည်သည့်လူဆိုးက သူ့နာမည်ကိုပြောပြမည်နည်း။

သို့သော် နောက်တစ်စက္ကန့်တွင် ဖေးယွင်ကျင်း၏လက်သည် နန်ယုဆီသို့ ဆန့်ထွက်လာပြီးတင်းတင်းဆုပ်ထားသော စာရွက်တစ်ရွက်အားထုတ်ပြလိုက်သည်။ ထိုစာရွက်မှာချွေးများကြောင့် စိုစွတ်နေပြီး အတွင်းရှိလက်ရေးသည် မည်သို့ဖြစ်နေမည်ကို မသိရချေ။

ဖေးယွင်ကျင်း စိတ်ပျက်မှုအနည်းငယ်ဖြင့် စာရွက်အား ဖွင့်လိုက်သည်။

"ဒါက လူဆိုးရဲ့ ဖုန်းနံပါတ်၊ ပေထန်မိသားစုက လူဆိုးပါ!"

စာရွက်အား ဖွင့်လိုက်သောအခါ ကံကောင်းစွာဖြင့် အတွင်းမှ နံပါတ်မှာ အနည်းငယ်ဝါးနေသော်လည်း ဖတ်လို့ရနေသေးသည်။

နန်ယု ပေထန်မိသားစုဟူသော စကားကို ကြားသည်နှင့် ချက် ချင်း တစ်ခုခုမှားယွင်းနေသည်အား ရိပ်မိလိုက်သည်။

"ရှောင်ကျင်း၊ အန်တီကို အားလုံးပြောပြ၊ ပေထန်မိသားစုက လူဆိုးဆိုတာ ဘာကိုပြောတာလဲ"

ဖေးယွင်ကျင်း အန်တီ လျိုနှင့် တွေ့ဆုံခဲ့သည့် အချိန်မှစ၍ သူမ ပြောခဲ့သည့် စကားများ၊ နံပါတ်ရခဲ့ပုံအထိ အရာအားလုံးကို ပြောပြလိုက်သည်။

သူသည် မှတ်ဉာဏ်ကောင်းပြီး ဤတစ်ကြိမ်တွင်ဂရုပြုခဲ့သော ကြောင့် ဘာတစ်ခုမှ မချန်ဘဲပြောပြနိုင်ခဲ့သည်။

"ဪ၊ ဟုတ်သားပဲ!"

ဖေးယွင်ကျင်း သူ့ညာဘက်လက်ကိုမြှောက်ကာ နာရီအား လှုပ်ပြလိုက်သည်။

"အန်တီ၊ ကျွန်တော် စကားပြောတာကို အသံသွင်းထားတယ်၊ ဒါပေမဲ့ နောက်ဆုံးအပိုင်းနားပဲ"

သူ့လေသံတွင် စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင် ပါနေသည်။ သူ ပထမတွင် မတွေးမိသော်လည်း ထိုအမျိုး သမီး သတိမထားမိချိန်တွင် သူ့နာရီတွင် ဤလုပ်ဆောင်ချက်ရှိကြောင်း အဘိုးကျိုး အကြိမ်ပေါင်းများစွာ သင်ပေးခဲ့သည်ကို သတိရသွားသည်။ သူ လျင်မြန်စွာခလုတ်ကိုနှိပ်ပြီး မှတ်တမ်းတင်လိုက်သည်။

သို့သော် သူ နောက်ဆုံးအပိုင်းကိုသာ မှတ်တမ်းတင်နိုင်ခဲ့ပြီး တစ်ခုလုံးအား မရလိုက်ပေ။

နန်ယု: "....ရှောင်ကျင်း၊ မင်း အရမ်းကောင်းကောင်းလုပ်ခဲ့တယ်၊ စိတ်မပျက်နဲ့"

သူက တကယ့်ကို စစ်မှန်တဲ့ ပါရမီရှင်ကလေးပဲ။

နန်ယု ဖေးယွင်ကျင်း ပေထန်မိသားစု၏ သူမအား အသရေ ဖျက်မှုများကို ပြန်လည်ပြောပြသည်ကိုကြားသောအခါ အစပိုင်းတွင် အနည်းငယဒေါသထွက်ခဲ့သည်။

ဘုရားရေ၊ သူတို့က အသရေဖျက်မှု၏ပြစ်ဒဏ်ကို နားလည်နိုင်ပါ့မလား ?

ပြီးတော့ တခြားသူတွေကိုထိခိုက်စေတာလား? နန်ယုမှာသာ ဒီလောက်သတ္တိရှိခဲ့ရင်

သူ့ ဘဝတစ်လျှောက်လုံး ဖေးမိသားစုတွင် ပိတ်မိနေမည်မဟုတ်ပေ! သို့သော် ထိုဒေါသအနည်းငယ်မှာ ဖေးယွင်ကျင်း ၏စကားများနှင့်အတူ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူ့လက်ထဲရှိ ဖုန်းနှင့် ဖေးယွင်ကျင်းလက်ထဲရှိနာရီအား ကြည့်ရင်း နန်ယု စိတ်ထဲအတွေးတစ်ခုသာရှိလို့နေသည်။

ကလေး၊ မင်း အရမ်းတော်လွန်းလို့ မင်းအန်တီ ငါတောင် အသုံးမကျသလိုခံစားနေရတယ်!

All Chapters