Chapter 32
Vol. 4 Ch. 32
မူရင်းဝတ္ထုတွင် ပေထန်မိသားစုသည် နောက်ခံဇာတ်ကောင်နေရာမှသာ ပါဝင်ခဲ့ပြီး ဇာတ်လိုက်၏နောက်ခံအကြောင်းနှင့် သူ မတရားပြုခံရသည့် အကြောင်းရင်းများအကြောင်း ဆွေး နွေးသည့်အခါမှသာ အတိုချုပ်ဖော်ပြခြင်းခံရသည်။
နန်ယု၏မှတ်ဉာဏ်များအရ ပေထန်မိသားစုအား ပေထန်ရှောင်ဝမ်သည် ပေထန်မိသားစု၏အဖွဲ့ဝင်ဖြစ်သည်ဟူသည့်သဘောဖြင့် မထီမဲ့မြင်ပြုခံခဲ့ရပြီး ကံဆိုးမိုးမှောင်ကျခြင်းအပေါ် လှောင်ပြောင်ဝမ်းသာသည့် အမူအရာတစ်မျိုးမျိုးဖြင့်မြင်ခဲ့သည်။
လာမည့်နှစ်များတွင် ပေထန်မိသားစုသည် ဆိုးဝါးသော အမှားများဆက်တိုက်ကြုံတွေ့ရမည်ဖြစ်ပြီး ၎င်းတို့၏အုတ်မြစ်များကို ပြင်းထန်စွာတုန်လှုပ်စေမည်ဖြစ်သည်။ အခြေအနေအား ပြောင်းပြန်လှန်နိုင်သူ မရှိသည့်အတွက် တစ်ချိန်က အထွတ်အ ထိပ်ရောက်ခဲ့သည့် ထိုမိသားစု၏ကျဆင်းမှုမှာ လျင်မြန်လှမည်ဖြစ်ပြီး၊ ပေထန်မိသားစုမှာ နတ်ဘုရားတစ်ပါးကိုစော်ကား ခဲ့သကဲ့သို့ သိပ္ပံနည်းမကျသည့် နည်းလမ်းများဖြင့် သူတို့၏ ကံကြမ္မာများ ပျက်စီးသွားသကဲ့သို့ဖြစ်နေမည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့ ကြီးမားသော မိသားစုသည် အမှန်တကယ် ပြဿနာကြုံတွေ့လျှင်ပင် လျင်မြန်စွာကျဆင်းလိမ့် မည်မဟုတ်ပေ။
"ပိန်ပိန်ပါးပါး ကုလားအုတ်တစ်ကောင်သည် မြင်းထက် ပိုကြီးသည်" ဆိုသော ရှေးဆိုရိုးစကား မရှိပေဘူးလား?
(T/N - အဖွဲ့အစည်းကြီးတစ်ခုမှာ ပြဿနာကြုံရင်တောင် သာ မန်အရာများထက်ပိုပြီး အရေးပါနေဆဲဖြစ်တယ်လို့ပြောချင်တာ)
ဥပမာအားဖြင့် ဖေးမိသားစုကိုကြည့်ပါ။ ၎င်းတို့လည်း လတ်တ လောနှစ်များတွင် အတက်အကျများ ရှိခဲ့ပြီး စီမံကိန်းဆယ်ခုတွင် ခုနစ်ခု သို့မဟုတ် ရှစ်ခုခန့် မအောင်မြင်ခဲ့သော်လည်း သူတို့သည် လုပ်ငန်းခွင်၏ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေပြီး မည်သူမျှ ၎င်းတို့အားအထင်မသေးကြပေ။
သို့သော် ပေထန်မိသားစုမှာမူမတူပေ။ ဝတ္ထု၏အဓိကဇာတ် ကွက် စတင်ချိန်တွင် သူတို့သည် လုံးဝခေတ်နောက်ကျနေခဲ့ပြီး သဘာဝအတိုင်း ၎င်းတို့အားဖော်ပြရန် အချိန်များစွာမရှိခဲ့ချေ။
နန်ယု နှစ်နှစ်ဆယ်ခန့် စောရောက်ခဲ့ပြီး ပေထန်မိသားစုမှာ နာမည်ကြီး မိသားစုလေးစုထဲမှတစ်ခုအဖြစ် ရှိနေသေးကာ ကျဆင်းခြင်းမရှိသေးပေ။ ဒါဆို ဘာကြောင့် ဖေးယွင်ကျင်းကို ဒီလိုစကားမျိုးတွေ လာပြောနေကြရတာလဲ ?
ဖေးယွင်ကျင်း နန်ယုကို မုန်းသွားအောင်လား ?
နန်ယု သူ့ အတွေးများမှာ ဝတ္ထုနှင့် မူလပိုင်ရှင်၏မှတ်ဉာဏ်များဖြင့် ကန့်သတ်ခံထားရသည်ဟု သံသယရှိခဲ့သည်။
သူမ ပေထန်မိသားစု ကျရှုံးမည်ကိုသိသော်လည်း သူတို့ မကျရှုံးခဲ့ချေ။
သူတို့ ပို၍ခွန်အားကြီးလာရန် သေချာပေါက် မျှော်လင့်ခဲ့ကြသော်လည်း ဤအဆင့်တွင် ထိုကဲ့သို့သော မိသားစုတစ်စုမှာ စီမံကိန်းအနည်းငယ်ဖြင့် ပိုမိုအောင်မြင်မှု ရရှိရန်ခက်ခဲသည်။
သို့မဟုတ်လျှင်...
အားကောင်းသောမိသားစုနှစ်စု ပူးပေါင်းလျှင်မူ မတူပေ။
တစ်ပေါင်းတစ်သည် နှစ်နှင့် အညီမျှမဖြစ်နိုင်သော်လည်း အနည်းဆုံး တစ်ထက်မူ များစွာသာလွန်မည် မဟုတ်ပါလား?
ဖေးယွင်ကျင်း နောက်ခံမှာ မေးခွန်းထုတ်စရာဖြစ်သော်လည်း သူသည် ဖေးမိသားစု၏ တစ်ဦးတည်းသော တရားဝင်အမွေဆက်ခံသူအဖြစ် ဆက်လက်တည်ရှိနေသည်။
ဖေးယီကျန့် တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက နန်ယုတွင် သားသမီးမရှိသည့်အတွက် ဖေးရှင်းလင်နှင့် သူ၏ ရှေးရိုးစွဲသူငယ်ချင်းများမှာ ဖေးယွင်ကျင်းကို မည်မျှပင် မုန်းတီးစေကာမူ ဖေးယွင်ကျင်းအား မိသားစုခေါင်းဆောင်နေရာသို့ ဆွဲတင်ရန် ကြိုးစားနေဦးမည်ဖြစ်သည်။
မူရင်းဝတ္ထုမှာလည်း အဲ့ဒီလိုပဲ မဟုတ်ဖူးလား?
နန်ယု တစ်ခုခုအား နားလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး ယခင်က လျစ်လျူရှုထားသော အချက်များစွာကိုပင် သဘော ပေါက်သွားရသည်။
ဖေးယွင်ကျင်းကို မတော်မတရားပြုခဲ့တဲ့ ကလေးထိန်းက တကယ်ပဲ မတော်တဆဟုတ်ရဲ့လား ?
ဖေးယီကျန့် သေဆုံးမှုက ပေထန်မိသားစုနဲ့ ဆက်စပ်နေလား ?
ထို့ထက်ပို၍ နန်ယု တဖြည်းဖြည်း ရူးသွပ်လာခြင်းသည်လည်း ပေထန်မိသားစု လက်ချက်ကြောင့်လား?
ဖေးယွင်ကျင်း ဖေးမိသားစုအား လုံးဝမနှစ်သက်ချေ။ ဤကဲ့ သို့သောသူတစ်ဦး ဖေးမိသားစု၏ခေါင်းဆောင်ဖြစ်လာပါက ပေထန်မိသားစုမှာ သင့်လျော်သည့်အချိန်တွင် သူ့အား နွေးထွေးမှုအချို့ပြသမှ ဖေးမိသားစုသည် ပေထန်မိသားစု၏ အစိတ်အပိုင်း အမှန်တကယ်ဖြစ်လာမည်။
မိသားစုတစ်ခုအား ဖျက်ဆီးခြင်းသည် ဝါးမြိုခြင်းထက် အမြဲ ပိုလွယ်ကူသော်လည်း ပေထန်မိသားစုသည် ဤကဲ့သို့သော နည်းဗျူဟာများကို အသုံးပြုခြင်းမှာ...
ရွံရှာဖွယ်ကောင်းသည်ဟူသည့် စကားလုံးဖြင့် ဖော်ပြရန်ပင် မလုံလောက်ချေ။
၎င်းမှာ အမှန်တကယ်ပင် ရွံရှာဖွယ်ကောင်းလှသည်။
နန်ယု ပေထန်မိသားစုထံသို့ အပြေးသွားကာ သူတို့အားလုံး၏ မျက်နှာကို ရိုက်ချင်လောက်အောင်ပင် ရွံရှာဖွယ်ကောင်းလှသည်။ သူတို့၏ မျက်နှာပြောင်တိုက်မှုမှာ သာမန်လူများကဲ့သို့ နီရဲလာမည်လားဆိုသည်ကို စောင့်ကြည့်ရမည်!
"ရှောင်ကျင်း၊ ဒီကိစ္စကို အန်တီ ကိုင်တွယ်မယ်၊ လူကြီးတွေနဲ့ ထားလိုက်ပါ"
နန်ယု သူမ၏ ကူညီစောင့်ရှောက်မှုအောက်တွင် ရှိသူများအား ဦးစားပေးဆက်ဆံလေ့ရှိသည်။
ပေထန်မိသားစု၏လုပ်ရပ်များမှာ သူမအား အမှန်တကယ်ပင် ဒေါသထွက်စေခဲ့သည်။
"အန်တီ" ဖေးယွင်ကျင်း ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် အန်တီကိုယုံတယ် ဒါပေမဲ့ ရှောင်ကျင်းလည်းကူညညီလို့ရပါတယ်၊ အရမ်းပင်ပန်းအောင် မလုပ်ပါနဲ့ အန်တီ"
ထို့နောက် သူ နန်ယုလက်ကိုယူကာ သူ့ခေါင်းပေါ်သို့တင်၍ ခိုင်မာသည့်စိတ်ဓာတ်အား ပြသသည့်အလား ပြင်းပြင်းထန် ထန် ပွတ်သပ်လိုက်သည်။
“မိုက်မဲတဲ့ကလေး!”
နန်ယု ဖေးယွင်ကျင်း၏အမူအရာကြောင့် ပျော်ရွှင်သွားပြီး သူ့အား ကောက်ချီလိုက်သည်။
"ကောင်းပြီ၊ ငါတို့ရဲ့ ရှောင်ကျင်းက အကောင်းဆုံးပဲ! အကောင်းဆုံးပဲ!”
"ဟား ဟား ဟား~ " ဖေးယွင်ကျင်း ထိုကဲ့သို့သော ကစားနည်းမျိုးကို နှစ်သက်သည်။
"အန်တီ၊ ပိုမြင့်မြင့်လေး!"
ထိုကဲ့သို့သော ဖေးယွင်ကျင်းနှင့် ရင်ဆိုင်ရသောအခါ နန်ယု "မင်းမေမေကို ငါ ထိခိုက်အောင်မလုပ်ခဲ့ဘူးဆိုတာ မင်းယုံလား" ဟု လုံးဝမမေးခဲ့ချေ။ ထိုသို့မေးခြင်းမှာ သူ၏စစ်မှန်သည့် ယုံကြည်မှုအား စော်ကားရာရောက်ပေမည်။
ကျန်ကိစ္စများအား ယုံကြည်စိတ်ချရသော လူကြီးများမှကိုင် တွယ်လိမ့်မည်။
အပန်းဖြေစခန်းမှ ပြန်လာပြီးနောက် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ ကျောင်းပိတ်ရက် မပြီးဆုံးမီ မူကြိုကျောင်းသို့ နှစ်ရက်သာ သွားခဲ့ရတော့သည်။
ကျောင်းပြန်ဖွင့်သောအခါ ကလေးငယ်နှစ်ဦးမှာ မူလတန်းတွင် ရှိနေမည်။
နှစ်လကြာမည့် နွေရာသီကျောင်းပိတ်ရက်ရှည်အား တွေးရင်း နန်ယု မည်သို့စီစဉ်ရမည်ကို စတင် စဉ်းစားခဲ့သည်။
အပန်းဖြေစခန်း၌ သူတို့ ပျော်ရွှင်ခဲ့ကြပုံကို ကြည့်ခြင်းအားဖြင့် ကလေးများသည် အပြင်ဘက်တွင် ပြေးလွှားဆော့ကစားရသည်အား အမှန်တကယ်နှစ်သက်ကြသည်မှာ ထင်ရှားသည်။
နန်ယုသည် အိမ်နေရတာ ကြိုက်သူဖြစ်သော်လည်း တစ်ခါ တစ်ရံ အပြင်ထွက်ကာ ပျော်ရွှင်ရသည်မှာကောင်းပေသည်။
အပြင်ဘက်၌ ပိုမိုပြင်းထန်လာသည့် နေရောင်ခြည်အား ငေးကြည့်နေစဉ် ဗီလာအတွင်းရှိ အေးမြမှုသည်ပင် သဘာဝအေး မြမှုနှင့် မနှိုင်းယှဉ်နိုင်ပေ။
သူမတို့ မိသားစုတစ်စုလုံး နွေရာသီအပန်းဖြေခရီးထွက်ရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ဇနီးသည်နှင့် နှစ်ပတ်ကြာ ပျားရည်ဆမ်းခရီးချိုမြိန် စွာနေထိုင်ပြီးနောက် ကလေးများအားခေါ်ဆောင်ရန် နန်ယု၏ ဗီလာသို့ နောက်ဆုံးတွင် ရောက်ရှိလာသည့် နန်ကျီမှာကံမကောင်းသည့် သတင်းအချို့ကိုကြားလိုက်ရတော့သည်။
"နွေရာသီအပူရှောင်ဖို့ မြောက်ဘက်ကို သွားမှာလား"
"ဟုတ်တယ်၊ အန်းနင်၊ ငါ ကလေးသုံးယောက်နဲ့ ငါ အဲဒီကို ခဏသွားကြမလို့၊ ဒီမှာ ပိုက်ဆံကောင်းကောင်းရှာဖို့မမေ့နဲ့နော်"
"မဖြစ်ဘူး! အလုပ်လုပ်နေရကို မင်းတို့က အပြင်ထွက်ပျော်ကြမယ်ဆိုတာ ဒါ ဒါ ဒါ... ငါ့အတွက် အရမ်းရက်စက်လွန်းတယ်"
နန်ကျီ ဤကြမ်းတမ်းသောအဖြစ်မှန်အား လုံးဝလက်မခံနိုင် သည်မှာ ရှင်းလင်းသည်။
နန်ကျီ သူ့ဇနီးအား သနားစဖွယ်အမူအရာဖြင့် ကြည့်လိုက်သော်လည်း အန်းနင်သည် ခဏတာစဉ်းစားပြီးနောက် သူ့အား ပြုံးပြလိုက်သည်ကိုသာ တွေ့လိုက်ရသည်။
"ဟန်နီ၊ ဒါ ကောင်းတဲ့အကြံဥာဏ်တစ်ခုလို့း ကျမ ထင်တယ်"
နန်ကျီ: "..."
ဟန်နီ မင်း ပြောင်းလဲသွားပြီ! မင်း အရင်က ဒီလိုမဟုတ်ပါဘူး! လက်ထပ်ပြီးနောက် အချင်းချင်းတန်ဖိုးထားဖို့ မသိတော့ဘူးဆိုတာ တကယ်ပဲလား ?
သို့သော်လည်း နန်ကျီ၏ကန့်ကွက်မှုမှာ အချည်းနှီးသာဖြစ် သည်။ သူ နှစ်ပတ်ကြာ ပျော်ရွှင်ခဲ့ပြီးဖြစ်ကာ ကုမ္ပဏီကလည်း သူ့အား လိုအပ်နေသည်။
အန်းနင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမ ကလေးအား ပြုစုစောင့်ရှောက်ရန်နှင့် သက်သောင့်သက်သာရှိသည့် ဘဝကို ထောက်ပံ့ရန်အတွက် မနားမနေ အလုပ်လဒပ်ခဲ့သည်။ သူမ အန်းရီရန်နှင့် အချိန်ပိုမဖြုန်းနိုင်ခဲ့ခြင်းနှင့် သူ့အား အပြင်သို့မခေါ်ထုတ်နိုင်ခဲ့ခြင်းတို့အတွက် နောင်တရခဲ့သည်။
ယခု သူမ အလုပ်မှနုတ်ထွက်ခဲ့ပြီး မကြာမီ အလုပ်ပြန်လုပ်ရန် အစီအစဉ်မရှိသောကြောင့် သူမ အန်းရီရန်နှင့် အချိန်ပိုဖြုန်းနိုင်မည်ဖြစ်သည်။
အန်းရီရန် မူလတန်းကျောင်း စတင်တက်ရောက်သည့်အခါ အန်းနင် အလုပ်တစ်ခု ထပ်မံရှာဖွေမည်ဖြစ်သည်။ သူမ ထိုအကြောင်းအား နန်ကျီနှင့်ဆွေးနွေးခဲ့ပြီး အိမ်တွင်နေကာ ဇိမ်ခံဘဝဖြင့် နေထိုင်ရန် သူမ လုံးဝမစဉ်းစားခဲ့ချေ။
သူမ၏ ပညာအရည်အချင်းနှင့် ယခင် အလုပ်အတွေ့အကြုံများအရ မြို့တော်၌ အလုပ်တစ်ခု ရှာဖွေရန်ခက်ခဲမည်မဟုတ်ပေ။
သူမ နောင်လာမည့် နှစ်လတာကာလအား သူတို့နှင့်အတူ မည် သို့ဖြုန်းရမည်ကို မသိသေးခဲ့ချေ။ ထို့နောက် အမှတ်မထင် နန်ယုမှ နွေရာသီအပန်းဖြေခရီး ထွက်ရန်အကြံပြုခဲ့ပြီး သူတို့၏ ကလေးနှစ်ဦးနှင့်ဆိုလျှင် ပိုအသက်ဝင်ပြီး ပျော်စရာကောင်းမည်ဖြစ်သည်။
အန်းနင် ချက်ချင်း သဘောတူလိုက်သည်။
သူမ နန်ယုအား အမြဲတမ်းကျေးဇူးတင်ခဲ့ပြီး သူ့ယောင်းမ၏ စိတ်နေစိတ်ထားကို ကောင်းစွာနားလည်ခဲ့သည်။ သူမကိုဒေါသမထွက်စေသရွေ့ အမှန်တကယ်တွင် စကားပြောဆိုရန် အလွန်လွယ်ကူသူဖြစ်သည်။
ဤခရီးစဉ်မှာ အလွန်ကောင်းမွန်သင့်သည်။
နန်ကျီ အတွက်ကတော့...
စိတ်မကောင်းပါဘူး၊ စုံတွဲများပင် တစ်ခါတစ်ရံကိုယ်ပိုင်အချိန် လိုအပ်ပေသည်။
နန်ကျီ သူ့သနားခံမှုများ အချည်းနှီးဖြစ်ကြောင်း သိသွားပြီး နောက်ပြန်လှည့်ရန် နည်းလမ်းမရှိတော့ကြောင်း နားလည်ခဲ့သည်။
အမှန်တကယ်တွင် နန်ကျီ သူ ပြသခဲ့သည့်အတိုင်း စိတ်မပျက်ခဲ့ချေ။ အန်းနင်နှင့် နန်ယု နှစ်ဦးစလုံးမှာ သူ့အတွက် အရေးပါပြီး သူတို့၏ ပျော်ရွှင်မှုက နန်ကျီကိုလည်း ပျော်ရွှင်စေခဲ့သည်။
အန်းနင်၏အပြုံး ပိုပိုကြီးထွားလာသည်ကို မြင်သောအခါ နန်ကျီ အလုပ်လုပ်ရန် ပိုစိတ်အားထက်သန်လာသည်။
သူသည် သူ့ညီမကိုသာမက သူ့ဇနီးနှင့် သားသမီးများကိုပါ ထောက်ပံ့ရမည်။ သူ အလုပ်ကြိုးစားရမည်!
နန်ယု နန်ကျီ မည်သို့တွေးနေသည်ကိုဂရုမစိုက်ချေ။ သူမ အိမ်တော်ထိန်းကျိုးအား အန်းနင်နှင့် အန်းရီရန်အား ဧည့်ခံရန်ပြောလိုက်သည်။ ထို့နောက် နန်ကျီအား တစ်ချက်ကြည့်လိုက်သည်။
မောင်နှမနှစ်ဦးမှာ စကားတစ်ခွန်းမျှမပြောဘဲ နားလည်မှုရှိဆဲဖြစ်ပြီး နန်ယု သီးသန့်စကားပြောလိုသည်ကို သိလိုက်သည်။
သူတို့နှစ်ဦး နန်ယု၏စာကြည့်ခန်းသို့ လျင်မြန်စွာရောက်ရှိလာကြသည်။
"ငါ ရှောင်ကျင်းနဲ့ တခြားသူတွေကို လွန်ခဲ့တဲ့ရက်အနည်းငယ်က အပန်းဖြေစခန်းကိုခေါ်သွားခဲ့တာလေ"
သူတို့ထိုင်လိုက်သည်နှင့် နန်ယု ချက်ချင်းအဓိကအကြောင်း အရာအား တိုက်ရိုက်ပြောဆိုကာ ဖေးယွင်ကျင်း၏ဇာတ်လမ်းကို လျင်မြန်စွာပြန်ပြောပြခဲ့သည်။
သူမ စကားဆုံးသွားသည်နှင့် နန်ကျီ၏မျက်နှာ မှောင်မိုက်သွားပြီး သူ ပေထန်မိသားစုအား ဓားဖြင့်တိုက်ခိုက်တော့မည့်အလား ဖြစ်နေခဲ့သည်။
နန်ယု သူ့အား အတင်းအကျပ်မပြောဆိုခဲ့ဘဲ သူမ၏ ခြောက် သွေ့နေသော လည်ချောင်းအားစိုစွတ်စေရန် ရေတစ်ခွက်ကိုသာ ယူလိုက်သည်။
ခဏအကြာတွင် နန်ကျီ နောက်ဆုံး၌ စကားပြောလာသည်။
"ပေထန်မိသားစု၊ သူတို့ တကယ်ပဲ..."
သူ စကားလုံးများရှာမတွေ့နိုင်ဖြစ်ခဲ့သည်။ နန်ယု မဟုတ်လျှင် သူ့ဒေါသအားဖြေလျော့ရန် ကျိန်ဆဲမိမည်ဖြစ်သော်လည်း သူ့ညီမနှင့်အတူရှိနေသည့်အတွက် သူ ထိန်းချုပ်ထားခဲ့သည်။
နန်ကျီ၏ဉာဏ်ရည်နှင့် အတွေ့အကြုံအရ နန်ယု တွေးနေသည့်အရာအများစုကို သူ သေချာပေါက်ခန့်မှန်းနိုင်ခဲ့သည်။ အနာဂတ်အကြောင်း လုံးဝ မသိနားမလည်သော်လည်း ပေထန်မိသားစု၏ ရည်ရွယ်ချက်မှာမူရှင်းလင်းသည်။
သူ ထိုကိစ္စအား ဖေးနှင့် ပေထန်မိသားစုတို့အကြား ကိစ္စသက် သက်မျှသာဟု မထင်မှတ်ခဲ့ချေ။ ပေထန်မိသားစု၏ ရည်မှန်း ချက်ကြောင့် ဖေးမိသားစုကို သိမ်းပိုက်ရာတွင် သူတို့အောင် မြင်ခဲ့ပါက နန်မိသားစုအား အလွှတ်ပေးမည်လား? နန်မိသားစုအားဆန့်ကျင်သည့် သူတို့၏အစီအစဉ်များမှာ မသိမသာ စတင်နေခဲ့လေပြီ။
"ဒါပေမဲ့ အဲဒီကလေးက နင့်ကို တကယ်သဘောကျပုံပဲ"
နန်ကျီ၏မှောင်မိုက်နေသည့် အမူအရာမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး နန်ယုအားစနောက်လိုသည့် စိတ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ပေထန်မိသားစု၏ကြံစည်မှုမှာ ကိစ္စတစ်ခုဖြစ်သော်လည်း ဖေးယွင်ကျင်းသဘောထားမှာမူ နောက်တစ်မျိုးဖြစ်သည်။
သူသာ နန်ယုဘက်မှမရပ်တည်ခဲ့ပါက အခြေအနေအား အခြားနည်းလမ်းဖြင့် ကိုင်တွယ်ခဲ့ရပေလိမ့်မည်။
"ညီမလေး၊ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထား၊ မင်းနဲ့ ဖေးယီကျန့်ကြားမှာ ဘာတွေဖြစ်နေတာလဲ"
နန်ကျီ၏အကြောင်းအရာများ လျင်မြန်စွာ ပြောင်းလဲနိုင်မှုမှာ မည်သူနှင့်မျှ မယှဉ်သာသဖြင့် နန်ယုသည်ပင် သူ့အတွေးများနှင့် လိုက်လျောညီထွေရှိရန်ခက်ခဲခဲ့သည်။
သို့သော် နန်ယု ဖေးယီကျန့်အကြောင်း နန်ကျီနှင့် ရင်ဆိုင်ပြော ဆိုရန် ရည်ရွယ်ထားခဲ့သည်။
နန်ကျီ သောက်စရာတစ်ခုအား လှမ်းယူနေသည်ကို မြင်သော အခါ သူမ လျင်မြန်စွာဘေးသို့ရပ်လိုက်ပြီး နန်ကျီ၏ အံ့အား သင့်နေသည့် အကြည့်ကိုရင်ဆိုင်ကာပြောလိုက်သည်။
"ဖေးယီကျန့်နဲ့ ငါ ကွာရှင်းတော့မယ်"
ဖွီး~
နန်ယု ဤတုံ့ပြန်မှုမျိုးဖြစ်လိမ့်မည်ကို သိထားသည့်အတွက် သူမ လျင်မြန်စွာ ထပ်ပြောလိုက်သည်။
"ဖေးယီကျန့်က ငါ ဖေးယွင်ကျင်းကိုမွေးစားဖို့ကိစ္စ သဘောတူတယ်"
"အဟွတ်၊ အဟွတ်၊ အဟွတ်၊ အဟွတ်!"
နန်ကျီ အသက်ရှူမဝဘဲ သေမည်ကိုကြောက်ရွံ့သကဲ့သို့ သူ့ရင် ဘတ်အား ပြင်းထန်စွာရိုက်ပုတ်လိုက်သည်။
ခဏအကြာတွင် ချောင်းဆိုးသံများ နောက်ဆုံး၌သက်သာသွားခဲ့သည်။
နန်ကျီ၏မျက်လုံးများ နီရဲနေသည်။
"ညီမလေး၊ နောက်တစ်ခါ ဒီလို သတင်းမျိုးပြောပြရင် ငါ သောက်နေလားဆိုတာ စစ်ကြည့်ဖို့မမေ့နဲ့ မဟုတ်ရင် ကမ္ဘာပေါ်မှာအကောင်းဆုံး အစ်ကိုတစ်ယောက်ကို မင်း ဆုံးရှုံးရလိမ့်မယ်"
နန်ယု၏တုံ့ပြန်မှုမှာ မျက်လုံးလှန်ပြလိုက်ခြင်းပင်။
နန်ကျီ၏နှုတ်ခမ်းများ တဆတ်ဆတ်လှုပ်သွားပြီး သူ “ငါ့ရဲ့ ချစ်လှစွာသော၊ ချစ်လှစွာသော၊ ချစ်လှစွာသော ညီမလေး” ဟု သုံးကြိမ်တိုင်တိုင် တိတ်တဆိတ်ရေရွတ်ပြီးမှ နောက်ဆုံး၌ စိတ်ငြိမ်သွားသည်။
သူ့မျက်နှာပေါ်တွင်လေးနက်သည့် အမူအရာတစ်ခုလျင်မြန်စွာ နေရာယူလိုက်သည်။
"မင်း သေချာလား ? တကယ်ပဲ သေချာစဉ်းစားပြီးပြီလား"
နန်ကျီ နန်ယု ဘာကြောင့်ကွာရှင်းချင်သည်ကို မမေးတော့ပေ။ သူမ စိတ်ကူးပေါက်၍ပြောခြင်းလား သို့မဟုတ် သူမ တကယ် ဆုံးဖြတ်ချက်ချပြီးပြီလား ဆိုသည်ကိုသာ သူ သိချင်သည်။
နန်ယု သေချာပေါက် လေးနက်ခဲ့သည်။
"လာမယ့် ဧပြီလမှာ ငါတို့ကွာရှင်းကြမယ်၊ အဲဒီအချိန်မှာ ဖေးမိသားစုနဲ့ပရောဂျက်တွေက လုံးဝပြီးဆုံးသွားလိမ့်မယ်၊ ကော ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ဘာမှ ဆုံးရှုံးမှာမဟုတ်ဘူး၊ အမြတ်တောင်ရနိုင်လိမ့်မယ်"
နန်ကျီ: "..."
ခဏတာမျှ သူ့ရှေ့ရှိ နန်ယုအား သူ မမှတ်မိသကဲ့သို့ခံစားလိုက်ရသည်။
ဒါက အမြဲတမ်းစိတ်ကူးပေါက်ရာ လုပ်တတ်တဲ့ နန်ယု စဉ်းစားမယ့်အရာမျိုးလား ?
သို့သော် နန်ကျီ၏မျက်နှာအမူအရာမှာ နားလည်မှုအားဖော်ပြလာသည်။ လူများသည် မအောင်မြင်သည့်အိမ်ထောင်ရေးအားကြုံတွေ့ပြီးနောက် များစွာရင့်ကျက်လာသည်ဟု ဆိုကြပြီး နန်ယုသည်လည်း အလားတူဖြစ်ပုံရသည်။