← Chapters

Chapter 33

Vol. 4 Ch. 33

Chapter 33

Vol. 4 Ch. 33

ဖေးယီကျန့်! ဘယ်လောက် အသုံးမကျတဲ့ကောင်လဲ!

သူ့ညီမ ရင့်ကျက်လာတာကောင်းတယ် ဒါပေမဲ့ အစ်ကိုတစ်ယောက်အနေနဲ့ သူ့ညီမ ဒီလိုနာကျင်ဖွယ်ရာနည်းလမ်းနဲ့ ရင့် ကျက်လာတာကို ဘယ်လိုလုပ်ပျော်ရွှင်နိုင်မှာလဲ ?

"နန်ယု၊ မလိုဘူး အခုချက်ချင်းကွာရှင်းလိုက်၊ အဲဒီ ပရောဂျက်တွေကအရေးမကြီးဘူး! ငါ အလွယ်တကူပြန်ရှာနိုင်တယ်!"

နန်ကျီ စကားများကြောင့် နန်ယု သဘောကျစွာရယ်မောလိုက်သည်။ သူမ ဆိုဖာပေါ်သို့ ပြန်မှီလိုက်သည်။

"ငါ မလိုချင်ပါဘူး၊ ကော ပိုက်ဆံမရှာဘူးဆိုရင် ငါ ရှာမယ်၊ ဘာလို့အဆုံးရှုံးခံရမှာလဲ"

"ငါ အခု ဗီလာမှာနေတယ်၊ ဖေးယီကျန့်နဲ့ ငါ့ကြားမှာ ဘာဆက် ဆံရေးမှ မရှိဘူး၊ ငါ စိတ်ကူးပေါက်တဲ့အခါ ထွက်သွားပြီး စိတ်ချမ်းသာအောင်နေတယ်၊ ဒါက လက်ထပ်ထားရလို့ရတဲ့ အပိုဆုပဲ၊ ငါ အခုအချိန်မှာ ဘယ်ယောကျ်ားကိုမှစိတ်မဝင်စားဘူး၊ ဒါကြောင့် အရေးမကြီးဘူး"

နန်ကျီ စကားမပြောနိုင်ဖြစ်သွားသည်။ နန်ယု၏လွတ်လပ်သည့် စိတ်နေသဘောထားသည် အမှန်တကယ်ဖြစ်ပါက ကွာရှင်းခြင်းမှာ အရေးမကြီးတော့ချေ။

သူ နန်ယုအနီးသို့ ကပ်သွားသည်။ သူမ လိမ်ညာနေသော အရိပ် အယောင်များအား ရှာဖွေရန်ကြိုးစားနေသည်။ သူမ ညသန်း ခေါင်ယံတွင် တိတ်တဆိတ်ငိုနေမည်အား စိုးရိမ်ခဲ့သည်။ ယခင်က ထိုသို့ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်က ပေထန်နှင့် ဖေးမိသားစုတို့ နောက်ဆုံး၌ လက်ထပ်ရန် ဆုံးဖြတ်လိုက်သည်ကိုသိလိုက်ရသောအခါ နန်ယု မည်သည့် စိတ်ခံစားမှုမျှ ပြသခြင်းမရှိဘဲ ညပိုင်းတွင် သူမ အခန်း၌တစ် ယောက်တည်း အရက်သောက်နေခဲ့သည်။ ကံကောင်းစွာဖြင့် နန်ကျီ သူမအား အချိန်မီ ရှာတွေ့ခဲ့ပြီး မဟုတ်ပါက သူမ အရက်အဆိပ်သင့်မှု ဖြစ်ခဲ့ပေလိမ့်မည်။

နန်ယု သူမ၏ခံစားချက်များကို နန်ကျီအား ပွင့်ပွင့်လင်းလင်း ပြသခဲ့သည်။ သူမ မျက်လုံးများတွင် ဝမ်းနည်းမှု သို့မဟုတ် မလိုမုန်းထားမှု တစ်စိုးတစ်စိမျှ မပါဝင်ဘဲ စစ်မှန်သည့် ပွင့်လင်းမှုဖြင့် ပြည့်နေသည်။

နန်ကျီ စိုးရိမ်စိတ်အနည်းငယ် ရှိနေသေးသော်လည်း သူ့တည် ငြိမ်မှုအား ထိန်းသိမ်းထားခဲ့သည်။ သူ ခြေချိတ်လျက် သူမနှင့်မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ပြန်ထိုင်ပြီး မေးလိုက်သည်။

"ဒါဆိုရင် ဖေးယီကျန့်က ဖေးယွင်ကျင်းကို နင့်ကိုပေးချင်တယ်ဆိုတဲ့ အကြောင်းကရော ဘယ်လိုလဲ"

သူ့အတွေးများမှာ နန်ယု ပထမဆုံးအကြိမ် ထိုသတင်းအား ကြားခဲ့ရစဉ်က တွေးခဲ့သည့်အတိုင်းပင်။

ဖေးယီကျန့်က ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ ?

ပြီးတော့ ဖေးမိသားစုကရော ဘယ်လိုလုပ်သဘောတူနိုင်မှာလဲ ?

နန်ယု သူမ လက်များအားမြှောက်ပြလိုက်သည်။

"ဖေးယီကျန့် ကိုယ်တိုင်ပြောခဲ့တာ၊ ဒီလို ကိစ္စမျိုးမှာ သူ ငါ့ကို လိမ်စရာမလိုဘူးမှတ်လား"

"ဒါဆို နင် သဘောတူတယ်ပေါ့" နန်ကျီ မယုံနိုင်ဖြစ်နေသည်။

"ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်တာ လွယ်တဲ့အလုပ် မဟုတ်ဘူး၊ အခု လွယ်တယ်လို့မထင်နဲ့၊ ဒါက အစပဲရှိသေးတယ် ပြီးတော့ နင် တကယ့်အချစ်ကိုထပ်တွေ့ပြီး ကိုယ်ဝန်ရခဲ့ရင် အဲဒီကလေး ဘာဖြစ်သွားမလဲ"

နန်ယု သူ့ကိုယ် သူ လက်ထပ်ပြီး ကလေးများရလိမ့်မည်ဟု တကယ်တမ်း မမျှော်လင့်ထားချေ။ သို့သော် နန်ကျီ ယနေ့ အတော်လေးစိတ်ပူပင်ခဲ့ရပြီးဖြစ်သည့်အတွက် သူ ယခုလော လောဆယ်တွင်သာ အခြေအနေကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသာ မလိုလားပါက မည်သူမျှ သူ့အား အတင်းအကျပ်မပြုနိုင်ပေ။

"နောက်မှ ပြောကြတာပေါ့၊ ကော စိတ်အရမ်းပူရင် မြန်မြန်အိုသွားလိမ့်မယ်!"

နန်ကျီ: "..."

အခု သူ ဘယ်သူ့အတွက် ပူပန်နေရတာလဲ ?

သို့သော် ဤဖြစ်ရပ်တွင် ဖေးယွင်ကျင်း အပြုအမူအားတွေးမိသောအခါ သူသည် သူ့မွေးစားတူလေးအပေါ် အနည်းငယ်ပိုကောင်းသည့် အထင်အမြင်ရှိလာတော့သည်။

သူ့ နောက်ခံအခြေအနေအရ ဖေးမိသားစုထံပြန်သွားပြီး ဖေးယီကျန့် ထပ်မံလက်ထပ်ပါက သူ အလွန်ခက်ခဲသည့် အချိန်အားကြုံတွေ့ရဖွယ်ရှိသည်။

ဤကမ္ဘာ၌ လူတိုင်းမှာ သူ့ညီမကဲ့သို့ ကြင်နာသူများ မဟုတ်ပေ။ သာမန်မိသားစုများပင်လျှင် ငွေကြေးအနည်းငယ်အတွက် တိုက်ခိုက်ကြသည်ဖြစ်ရာ ဖေးမိသားစု၏ကြီးမားသည့် ပိုင်ဆိုင်မှုများဆိုလျှင်ပြောဖွယ်ရာမရှိပေ။

"ထားလိုက်တော့၊ နင် အသက်ကြီးလာပြီပဲ၊ ကိုယ်ပိုင်အတွေး အခေါ်တွေ ရှိနေပြီ၊ ငါ နင့်ကို မထိန်းချုပ်နိုင်တော့ဘူး"

နန်ကျီ သူ့လက်အားဝှေ့ယမ်းလိုက်သည်။

"ဖေးမိသားစုရဲ့ ပရောဂျက်တွေကို စိတ်မပူနဲ့၊ ကွာရှင်းချင်ရင် ကွာရှင်းလိုက်!"

"ငါ ပေထန်မိသားစုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အ ထားတွေကို အရင် စုဆောင်းထားမယ်၊ အကောင်းဆုံးကတော့ တစ်ချက်တည်းနဲ့ သူတို့ကို ရှင်းပစ်ဖို့ပဲ၊ မင်းနဲ့ ဖေးယွင်ကျင်းကတော့ ပုံမှန်အတိုင်းဆက်နေကြ"

"ဘယ်လိုပဲဖြစ်ဖြစ် ကော ရှိနေသရွေ့ သူ မင်းကို ဘယ်လို နစ်နာမှုမှ ခံစားရစေမှာမဟုတ်ဘူး!"

နန်ယု ပြုံးလိုက်သည်။

"ငါ့ကောက မျှော်လင့်ထားတဲ့အတိုင်းပဲ!"

ဟုတ်တယ်၊ နန်ကျီသာ ရှိနေသရွေ့ နန်ယုသေချာပေါက် ကောင်းမွန်သည့်ဘဝအား ပိုင်ဆိုင်ရပေမည်။

ထို့နောက် သူမ ကလေးထိန်းကိစ္စကိုထုတ်ပြောခဲ့ပြီး နန်ကျီအား စုံစမ်းရန် နောက်ထပ် ဦးတည်ချက်တစ်ခုပေးရန် မျှော်လင့်ခဲ့သည်။

နန်ကျီ ထိုအကြောင်းအား ဖေးယီကျန့်နှင့်ပြောမည်လား သို့မဟုတ် သူတို့ ပေထန်မိသားစုအား အတူတကွဖျက်ဆီးပြီး ပိုင်ဆိုင်မှုများကို ခွဲဝေယူမည်လားဆိုသည်မှာ သူ့အပေါ်တွင် မူတည်သည်။

နန်ယု စီးပွားရေးကိစ္စများကို ဂရုမစိုက်ချေ။

လီယွမ်မို၏သဘောတူညီချက်ကိုရရှိပြီး နန်ကျီနှင့် ဆွေးနွေးပြီးနောက် သုံးရက်အကြာတွင် လူကြီးနှစ်ဦးနှင့် ကလေးသုံးဦးတို့သည် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့တက်ရောက်ကာ ၎င်းတို့၏ခရီးပန်းတိုင်ဖြစ်သည့် ပေကောသို့ တိုက်ရိုက်ပျံသန်းခဲ့ကြသည်။

သူတို့နှင့်အတူ ကလေးထိန်းသုံးဦး၊ ကိုယ်ရံတော်လေးဦးနှင့် လူများစွာပါဝင်သည်။

၎င်း၏အမည်ဖြစ်သော်ငြား ပေကောသည် ဟွာကောရှိ မြို့ကြီးတစ်မြို့ထက်ပင် သေးငယ်သည်။ ၎င်းသည် သဘာဝအလှ၊ လူဦးရေနည်းပါးမှုနှင့် ခရီးသွားလာရေးနှင့် အပန်းဖြေခရီးများအတွက် သင့်လျော်မှုတို့ကြောင့်သာ လူသိများသည်။ စကား ပြောသည့်ဘာသာစကားမှာလည်း ဟွာကောဖြစ်သည့်အတွက် ဆက်သွယ်ရေးမှာ လွယ်ကူချောမွေ့သည်။

"အန်တီ၊ ဟိုမှာ တကယ် အေးလား"

ဖေးယွင်ကျင်း သူ့ထိုင်ခုံတွင်ထိုင်လျက် ခြေထောက်များကို လွှဲနေပြီး ပေကော၏မြှင့်တင်ရေးဗီဒီယိုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။

မြို့တော်၏နေ့စဉ်အပူချိန်သည် ယခုအခါ ၄၀ ဒီဂရီ စင်တီဂရိတ်သို့ ချဉ်းကပ်နေသည်။ မူကြိုကျောင်းနှင့် ဗီလာတို့မှာ ၂၆ ဒီဂရီ စင်တီဂရိတ်တွင် အမြဲထားရှိသော်လည်း ကလေးများမှာ တစ်ခါတစ်ရံ ပြေးလွှားဆော့ကစားချင်ကြသည်။

ထို့အပြင် နန်ယု၏လေ့ကျင့်မှုများကြောင့် အနည်းငယ်လှုပ်ရှား လိုက်သည်နှင့် ချွေးများစိုရွှဲသွားသည်။ ထို့ကြောင့် အလွန်အေးမြနေသည့် နေရာတစ်ခုရှိနေကြောင်း ကြားလိုက်ရသော အခါ ဖေးယွင်ကျင်းအတွက် အနည်းငယ်ရှုပ်ထွေးသွားသည်။

"တကယ်၊ မြောက်ဘက်မှာ အခု ၁၀ ဒီဂရီ စင်တီဂရိတ်လောက်ပဲရှိမယ်ထင်တယ်၊ လေယာဉ်ပေါ်ကဆင်းရင် ကုတ်အင်္ကျီတွေ ဝတ်ဖို့ လိုလိမ့်မယ်"

ဖေးယွင်ကျင်း တစ်ဝက်တစ်ပျက်နားလည်သလို ခေါင်းညိတ်လိုက်ပြီး သူ့ သူငယ်ချင်းများနှင့်အတူ ပြတင်းပေါက်အပြင်ဘက်သို့လှည့်ကြည့်လိုက်သည်။

အန်းနင် မြောက်ဘက်သို့သွားရောက်မည့် ခရီးသွားလမ်းညွှန်အား ဖတ်ရှုနေပြီး သူ့မျက်နှာထက်လေးနက်သည့်အမူအရာဖြင့် မှတ်စုများရေးမှတ်နေသည်။

"လေယာဉ်ပေါ်ကဆင်းရင် လူတစ်ယောက်က ငါတို့ကို လာကြိုလိမ့်မယ်၊ စိတ်မပူပါနဲ့"

ခရီးသွားသူများကို အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်- ခရီးစဉ်များကို ကြိုတင်စီစဉ်ကာ အပြည့်အဝပြင်ဆင်ထားသူများ။

နောက်တစ်မျိုးမှာမူ မည်သည့်နေရာသို့ရောက်ရောက်လျှောက် သွားနေသူများဖြစ်ပြီး ကိစ္စများကို သူ့အလိုလိုဖြစ်စေသူများ ဖြစ်သည်။

အန်းနင်သည် ပထမအမျိုးအစားဖြစ်သည်မှာ ရှင်းသော်လည်း နန်ယုမှာမယ ဒုတိယအမျိုးအစားဖြစ်သည်။

နန်ယု စကားများကိုကြားရသောအခါ အန်းနင် ခေါင်းအား မော့၍ ညင်သာစွာပြုံးလိုက်သည်။

"ဒါ ငါ့အမှားပါ၊ ငါ နေရာအသစ်တစ်ခုကို သွားတဲ့အခါ အဲဒီအကြောင်းပိုလေ့လာရတာမျိုး ကြိုက်တယ်၊ မစ္စယု ငါ့ကို စိတ်မပူပါနဲ့"

နန်ယု ခွင့်ပြုချက်အား ရပြီးနောက် အန်းနင် နန်ကျီခေါ်သည့်အတိုင်း သူမ၏နာမည်ပြောင်ဖြင့် ခေါ်ဝေါ်ခဲ့သည်။ နန်ယု အနည်းငယ် အိပ်ချင်နေသည်ကိုသတိပြုမိသဖြင့် သူမ ချက် ချင်း စောင်တစ်ထည် ယူလာခိုင်းလိုက်သည်။

"မစ္စယု အိပ်လိုက်ပါ၊ ကျွန်မတို့ ရောက်ရင် နှိုးလိုက်ပါ့မယ်"

နန်ယု အန်းရီရန်၏ဂရုစိုက်တတ်သည့် သဘောသဘာဝကို ဘယ်နေရာမှ အမွေဆက်ခံခဲ့သည်အား နောက်ဆုံးတွင်နား လည်သွားခဲ့ရသည်။ စကားတစ်ခွန်းမျှ ပြောရုံမျှဖြင့် သူတို့ ရောက်ရှိပြီးနောက် နန်ယုကို စွန့်ပစ်သွားမည်မဟုတ်သော် လည်း တစ်စုံတစ်ဦးမှ သူမအား ဂရုစိုက်ပေးခြင်းမှာကောင်း မွန်သည့် ခံစားချက်ကိုပေးခဲ့သည်။

"ကောင်းပြီ၊ ရတယ်၊ နင်တို့ပျော်နေကြတုန်း ငါ နောက်ဘက်မှာ အိပ်နေမယ်"

ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင် သင်သည် သင်လိုချင်သည့်နေရာ၌ထိုင်နိုင်၏။ နေရာကျယ်ဝန်းပြီး သီးခြား အိပ်ခန်းများပင် ရှိသည်ကြောင့် လုံးဝပြွတ်သိပ်ခြင်းမရှိခဲ့ချေ။

အပြင်သို့ခရီးထွက်သည့်အခါ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် ထားသင့်သည်။

ထိုပိုက်ဆံအားလုံးကို အသုံးမပြုဘဲ ထားခြင်းမှာ အချည်းနှီး ဖြစ်မည် မဟုတ်လား ? နန်ကျီ သူမ ရောက်ရှိသောအခါ သူမ၏ခရီးစရိတ်များကို ရက်ရောစွာထောက်ပံ့ပေးခဲ့သော ကြောင့် နန်ယု ဆင်းသက်ပြီးနောက် ဈေးဝယ်ရန်စီစဉ်နေခဲ့သည်။

"မဒမ်၊ မစ်စ်"

လေယာဉ်ပေါ်မှ ဆင်းသက်လိုက်သည်နှင့် လေဆိပ်မှလာရောက်ကြိုဆိုသူမှာ စောင့်ဆိုင်းနေခဲ့သည်။

နန်မိသားစု ပေကောတွင် အိမ်ခြံမြေများ ရင်းနှီးမြှုပ်နှံခဲ့ရခြင်းမှာ မားမားနန်သည် ဆီးနှင်းဖုံးနေသည့် ရှုခင်းများအားနှစ် သက်သောကြောင့်ဖြစ်သည်။ ထို့အပြင် နွေရာသီအပန်းဖြေခရီးများအတွက် အဆင်ပြေစေရန်နှင့် ဟိုတယ်၌ နေထိုင်ခြင်းထက် ကိုယ်ပိုင်နေရာတစ်ခုပိုင်ဆိုင်ခြင်းမှာ ပိုကောင်းသည်ဟု တွေးမိသဖြင့် ပါးပါးနန်သည် တောင်ကုန်းဘေးရှိ ဗီလာတစ်ခုအား ရက်ရောစွာဝယ်ယူခဲ့သည်။

ဆောင်းရာသီတွင် ဗီလာလသာဆောင်မှ ဆီးနှင်းဖုံးနေသည့် တောင်တန်းများ၏စွဲမက်ဖွယ်ကောင်းသော ရှုခင်းအားမြင်တွေ့ရသည်။ သို့သော် နန်ယုနှင့် သူမ မိသားစုမှာမှားယွင်းသည့် ရာသီဥတုတွင် ရောက်ရှိလာခဲ့သည်ဖြစ်ရာ တောင်ထိပ်များမှလွဲ၍ ဆီးနှင်းများကို မမြင်ရသော်လည်း ပန်းပင်လယ်နှင့် သေးငယ်သည့် တိရစ္ဆာန်အမျိုးမျိုးအားမြင်တွေ့နိုင်ဆဲဖြစ် သည်။

နန်မိသားစုတွင် ဤနေရာ၌ အိမ်ရှိသော်လည်း ယခုမှာ နန်ယု၏ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်သည်။

သူမ ယခင်က ရှုခင်းသာနေရာများအား စိတ်ဝင်စားမှု နည်းပါးခဲ့ပြီး စည်ကားသည့် မြို့ကြီးပြကြီးများကို ပိုနှစ်သက်ခဲ့သည်။ သူမ ဖက်ရှင်ရှိုးများသို့ သွားရောက်ခြင်းနှင့် ဖက်ရှင်မြို့တော်များတွင် ဈေးဝယ်ခြင်းကို နှစ်သက်ခဲ့သည်။

"အရမ်းအေးတယ်!"

ကလေးသုံးဦးမှာ တညီတညွတ်တည်းအော်ဟစ်လိုက်ကြသည်။

နန်ယု အန်းနင်နှင့် ရယ်မောပြီးနောက် ဖေးယွင်ကျင်းလက်အား သူမ ညာလက်ဖြင့်ကိုင်လိုက်ပြီး လီရီပိုင်လက်ကို သူမ ဘယ်ဘက်ဖြင့် ကိုင်လိုက်သည်။ အန်းရီရန် အန်းနင်နောက်မှ လိုက် ပါလာပြီး သူတို့အားလုံး ကားပေါ်သို့တက်လိုက်ကြသည်။

သူတို့ ဗီလာသို့ အရင်သွားပြီးအနားယူကြမည်ဖြစ်သည်။ နောက်ပိုင်းတွင် အနားယူရန်နှင့်ပျော်ရွှင်ရန် အချိန်များစွာရှိသည်ဖြစ်ရာ အလျင်စလိုလုပ်ရန်မလိုအပ်ပေ။

အခြားတစ်နေရာတွင် နန်ယုနှင့် အခြားသူများ လေယာဉ်ပေါ်သို့ တက်ရောက်သွားသည်ကို မြင်ပြီးနောက် နန်ကျီ ရုံးခန်းသို့ ချက်ချင်း ပြန်မသွားခဲ့ချေ။ ထို့အစား သူ ပုဂ္ဂလိကစားသောက် ဆိုင်တစ်ခုသို့ ကားမောင်းသွားခဲ့သည်။

ဧည့်ကြို၏လမ်းညွှန်မှုနောက်သို့ လိုက်ကာ နန်ကျီ သီးသန့်အခန်းတံခါးအား လျင်မြန်စွာ ဖွင့်လိုက်ရာ သူ့ ဧည့်သည်များ အတွင်း၌ စောင့်ဆိုင်းနေကြသည်။

"မင်း တော်တော်မြန်တာပဲ"

"ဘယ်လိုပဲဖြစ်ဖြစ် ဒါ ယောက်ဖရဲ့ဖိတ်ကြားချက်ပဲလေ၊ ငါ နောက်ကျလို့မရဘူး"

နန်ကျီ ဖိတ်ကြားထားသူသည် ဖေးယီကျန့် ဖြစ်သည်မှာရှင်း လင်းသည်။

တံခါးပိတ်လိုက်ပြီး နန်ကျီ သူ့လည်စည်းကိုချိန်ညှိကာ အလွန်အေးဆေးသည့် ထိုင်နေဟန်အားပြုလုပ်လိုက်သည်။

"ဒါက မင်းရဲ့နယ်မြေပဲ၊ လုံခြုံတယ် မဟုတ်လား"

"အင်း"

ဖေးယီကျန့် ညင်သာစွာပြုံးလိုက်ပြီး သူ့အပန်းဖြေသည့် ကစားနည်းအားဆက်လက်ကစားနေသည်။ မြင်တတ်သူတိုင်းသည် အနက်ရောင်မှာ အားသာသည့်အနေအထားတွင် ရှိနေပြီး အဖြူရောင်သည် အန္တရာယ်ရှိသည့်အနေအထားတွင် ရှိနေ သည်ကို မြင်နိုင်သည်။

နန်ကျီ ဖေးယီကျန့်၏ဟန်ဆောင်မှုအား အမှန်တကယ်ပင် မနှစ်သက်ချေ။ နန်ယု ကွာရှင်းတော့မည်ကိုသိလိုက်ရပြီးနောက် သူ့စိတ်ပျက်အားငယ်မှုမှာ အထွတ်အထိပ်သို့ရောက်ခဲ့သည်။

သို့သော်လည်း သူသည် ဦးစားပေးအရာများအရေးကြီးသည်အားသိရှိပြီး ယခုအချိန်မှာ ဖေးယီကျန့်နှင့် ထိုကိစ္စများအတွက် အငြင်းပွားရန် အချိန်မဟုတ်ပေ။ ပေထန်မိသားစု၏ အခြေ အနေ ဖြေရှင်းပြီးသည်နှင့် သူ ဖေးယီကျန့်နှင့်ထိုအကြောင်းအား သေချာပေါက်ဆွေးနွေးမည်ဖြစ်သည်။

"ပေထန်မိသားစုအကြောင်း မင်း ဘယ်လောက်ထိ သိထားလဲ"

နန်ကျီ အဓိကအချက်အား တိုက်ရိုက်မေးလိုက်သည်။

ဖေးယီကျန့် နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။

"ပေထန်မိသားစုလား ? ဘာဖြစ်နေတာလဲ ? သူတို့ လတ်တ လော ပရောဂျက်တစ်ခုပြီးခဲ့တာ မဟုတ်ဘူးလား? အဲဒါ တော် တော်လေးကောင်းတယ်"

"ဟမ်"

နန်ကျီ အာမေဋိတ်ပြုလိုက်သည်။

"ငါ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေအတွက် အချိန်မရှိဘူး၊ ဖေးယီကျန့်၊ ပေထန်မိသားစုက ဖေးယွင်ကျင်းကိုဘာပြောခဲ့လဲဆိုတာ မင်း သိလား"

"သူတို့က နန်ယု ပေထန်ရှောင်ဝမ်ကိုသတ်ခဲ့တယ်လို့ ဖေးယွင်ကျင်းကို ပြောခဲ့တယ်!"

ဒေါက် —

အဖြူရောင်စစ်တုရင် ပြုတ်ကျသွားသည်။

"သူတို့က အမြဲတမ်း ဒီလိုလှည့်ကွက်မျိုး သုံးတာပဲ"

ဖေးယီကျန့် သူ့လက်အား ရုပ်သိမ်းလိုက်သည်။

"နန်ယုက ငါတို့ ကွာရှင်းတော့မယ်လို့ မင်းကိုပြောပြခဲ့လား"

နန်ကျီ အံ့အားသင့်သွားသည်။ အကြောင်းအရာက ဘာလို့ဒီအထိ ရောက်သွားတာလဲ ?

သူ အေးစက်စွာလှောင်ပြောင်လိုက်သည်။

"ဘာလဲ၊ မင်း နောင်တရတာလား ? မင်းကိုပြောပြဖို့ နောက်ကျနေပြီ!"

"စိတ်မပူနဲ့၊ ငါ နောင်တမရဘူး"

ဖေးယီကျန့် နောက်ဆုံးတွင် သူ့ခေါင်းကို မော့ကာ နန်ကျီအား တိုက်ရိုက်ကြည့်လိုက်ရာ သူ့မျက်လုံးများမှာကြည်လင်တောက် ပနေသည်။

"သူ့ကို ဒီလို ဆိုးရွားတဲ့ မှတ်ဉာဏ်မျိုးပေးခဲ့မိတဲ့အတွက် ငါ ဝမ်းနည်းမိတယ်"

"ပေထန်မိသားစုကို နစ်နာကြေးအနေနဲ့ပေးရင်ကော ? ဒါကို ယွင်ကျင်းအတွက် ကလေးစရိတ်အဖြစ်လည်းမှတ်ယူနိုင်ပါတယ်"

နန်ကျီ: "...မင်း ဘာကိုဆိုလိုတာလဲ ?"

ဖေးယီကျန့် သူ့မျက်လုံးများကို မှေးစင်းလိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ငါက နည်းနည်းလေးစောင့်ရတာ စိတ်မရှည်ဖြစ်နေတာ"

နန်ကျီကို လှုံ့ဆော်မှုအဖြစ် ဘာလို့မထားရမှာလဲ ? နောက်ပိုင်းမှာ ရရှိမည့် ဆုလာဘ်မှာ သူ့အားကျေနပ်စေလိမ့်မည်ဟု ယုံကြည်သည်။

All Chapters