Chapter 35
Vol. 4 Ch. 35
ပေကောမှာ အလွန်သေးငယ်သည် — မြို့တစ်မြို့၏ အရွယ် အစားမျှသာ ရှိသည်။ ဘယ်လိုလုပ် လူတစ်ယောက်ကိုနိုင်ငံ ခြားမှာ ရောင်းနိုင်မှာလဲ?
သူတို့အား နိုင်ငံခြားသို့ ရောင်းချခြင်းမှာ ခက်ခဲပြီး အန္တရာယ်များသည်။ နယ်စပ်ဖြတ်ကျော် မှောင်ခိုပို့ဆောင်ခြင်းသည် ကလေးများ၏ နုနယ်သော ကိုယ်ခန္ဓာကြောင့် နယ်စပ်ပင်မရောက်မီပျောက်ဆုံးသွားနိုင်သည်ကို ဆိုလိုသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းမှာ တန်ဖိုးမရှိပေ။
"အဲ့ဒီကလေးနှစ်ယောက် သေရမှာမလိုလားဘဲ တခြားကလေး တွေကို သူတို့နဲ့အတူနေဖို့ အတင်းအကြပ် ခိုင်းနေတာဖြစ်ရမယ်!"
အဘွားအို နောက်ဆုံးတွင် ရေရွတ်လိုက်သည်။
"မင်းက ကလေးမဟုတ်ပေမဲ့ အရမ်းလှတယ်၊ အဲဒီကလေးတွေက မင်းကို သူတို့နဲ့ ဆော့စေချင်ရင် ဘယ်လိုလုပ်မလဲ"
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာနဲ့ ဝေးဝေးနေ!"
နန်ယု: "...ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"
အဘွားအို၏ရှင်းပြချက်သည် ကိုယ်ရေးကိုယ်တာ ထင်ကြေးများ ရောနှောနေသည်မှာ သံသယဖြစ်ဖွယ် မရှိဘဲ နန်ယု အား လုံးကို မယုံကြည်ခဲ့ချေ။
သို့သော် ပျောက်ဆုံးနေသည့် ကလေးများမှာ ငယ်သေးသည်ဟုကြားလိုက်ရသောအခါ သူမ သတိထားလာခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် သူမပတ်ဝန်းကျင်တွင် သုံးဦးရှိနေနှင့်ပြီဖြစ်သည်။
လုံခြုံသည်ဟုတွေးကာ နန်ယု အိမ်ထိန်းထံသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ထိုကိစ္စအားစုံစမ်းကာ ဘာဖြစ်ခဲ့သည်ကို ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။
ထိုညနေခင်းတွင် နန်ယု အိမ်ထိန်းကျန်း၏စုံစမ်းမှု ရလဒ်များကို လက်ခံရရှိခဲ့သည်။
"မစ်စ်၊ ဒီဒေသက လူတိုင်း မင်းပြောနေတဲ့အကြောင်းကို သိပါတယ်၊ သရဲဆိုတာမျိုး မရှိပါဘူး"
အိမ်ထိန်းကျန်း ဖြူစင်စွာ ပြုံးလိုက်သည်။ သူ့ပြောကြားချက်အရ နှစ်နှစ်ခန့်မှ ကလေးနှစ်ဦး၏မည်သူမည်ဝါဖြစ်ကြောင်းအား မဆုံးဖြတ်ရသေးသော်လည်း တာဝန်မဲ့သော စုံတွဲအချို့က လျှို့ဝှက်စွာ မွေးဖွားခဲ့ပြီးနောက် ပြုစုပျိုးထောင်ခဲ့ကာ တစ်စုံတစ်ရာဖြစ်ခဲ့ခြင်း ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။ ၎င်းမှာ မတော်တဆမှုတစ်ခုဖြစ်နိုင်သည်။
မဟုတ်ပါက သူတို့ ကလေးများအား မလိုချင်တော့လျှင် ဤမျှ ကြီးလာသည်အထိ ပြုစုပျိုးထောင်ရန် မလိုအပ်ဘဲ နောက်မှ မကြိုက်တော့ခြင်း ဖြစ်ပေလိမ့်မည်။
အိမ်ထိန်းကျန်း နောက်ထပ် အနည်းငယ်ကိုလည်း သိရှိခဲ့သည်- ထိုအလောင်းနှစ်လောင်းမှာ အမြွှာမောင်နှမများဖြစ်သည်။
ပေကောနည်းပညာမှာ ဟွာကော နည်းပညာလောက် အဆင့်မြင့်ခြင်းမရှိသလို သူတို့၏ သန်းခေါင်စာရင်းများသည်လည်း ထိုမျှ တင်းကြပ်ခြင်းမရှိသည့်အတွက် ဤအခြေအနေမှာ ဖြစ်နိုင်ချေရှိသည်။
ပျောက်ဆုံးနေသည့် ကလေးများအတွက်မူ ၎င်းမှာ သူတို့အား မည်သည့်အရာမှ မကျန်ရှိစေသည့် မတော်တဆမှုအချို့ ဖြစ်နိုင်ပေမည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ ပေကောတွင် ယခင်က ရံဖန်ရံခါ ဖြစ်ပွားခဲ့ပြီး အရွယ်ရောက်သူများသာမက ကလေးများပါ ပျောက်ကွယ်သွားခြင်းမျိုးဖြစ်သည်။
တစ်နည်းနည်းဖြင့် ၎င်းမှာ ဤဖြစ်ရပ်နှင့် ဆက်စပ်သွားကာ သရဲပုံပြင်တစ်ခု ဖြစ်လာခဲ့သည်။
"ကလေးတွေ ငိုနေတာကတော့ ညဘက်ဆို လေတိုက်တာကြောင့် နားကြားမှားတာပဲဖြစ်ရမယ်"
အိမ်ထိန်းကျန်း နန်ယု စိုးရိမ်မည်အား စိုးရိမ်သကဲ့သို့ လျင်မြန်စွာထပ်ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ သခင်မလေး၊ ကျွန်တော်တို့ရဲ့ ဗီလာမှာ ၂၄ နာရီလုံး စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားပြီး မင်းနဲ့ သခင်လေးတို့ရဲ့ လုံခြုံရေးကိုအာမခံပါတယ်"
နန်ယု ခေါင်းညိတ်လိုက်သည်။ သူမ တစ်ယောက်တည်းဆိုလျှင် အရေးမကြီးသော်လည်း ကလေးများပါလာသည့်အ တွက် အလွန်အမင်း သတိထားရပေမည်။ မလာမီက ကလေးသုံးဦးစလုံးအား နောက်ဆုံးပေါ် ဂျီပီအက်စ် ခြေရာခံကိရိယာများနှင့် အခြားသော လုံခြုံရေးကိရိယာများ တပ်ဆင်ပေးခဲ့သည်။ သူတို့အား အဆိုးဆုံးအတွက်ပြင်ဆင်ထားရန် ၎င်းတို့ကို မည်သို့ အသုံးပြုရမည်ကိုလည်း သင်ကြားပေးခဲ့သည်။
နောက်တစ်နေ့ နံနက် ဆယ်နာရီတွင် လယ်ယာထွက် နို့နှင့် ကြက်ဥများဖြင့် နံနက်စာ စားပြီးနောက် လူငါးဦးတို့သည် ဗီလာမှ ထွက်ခွာလာခဲ့ပြီး မြောက်ပိုင်းနိုင်ငံ၏အကျော်ကြားဆုံး နေရာများထဲမှ တစ်ခုဖြစ်သော အိန်ဂျယ်ရုပ်တုရင်ပြင်သို့ ကားမောင်းသွားခဲ့သည်။
၎င်းမှာ နိုင်ငံ၏ အစည်ကားဆုံးနေရာဖြစ်ပြီး ခရီးသွားဧည့် သည်များအတွက် မဖြစ်မနေ သွားရောက်ရမည့် နေရာတစ်ခုဖြစ်သည်။
"အန်တီ၊ လူတွေ အကုန်လုံး အန်တီကိုကြည့်နေကြတယ်!"
ဖေးယွင်ကျင်း လက်အားနန်ယုကိုင်ထားသည်။ သူတို့ အပြင်ထွက် ပျော်ရွှင်နေကြသော်လည်း သူမ လမ်းသွားလမ်းလာများအား မျက်နှာမသာမယာဖြင့် ကြည့်နေခဲ့သည်၊ သူတို့ သူမအား ခိုးယူသွားရန် ကြိုးစားနေသည့်အလားပင်။
"ဘာလို့လဲဆိုတော့ ရှောင်ကျင်း အန်တီက ဒီနေ့ အရမ်းလှနေလို့လေ" ဟု အန်းနင် ပြုံးလျက် ဝင်ပြောလိုက်သည်။
၎င်းမှာ နန်ယုအား ချီးမွမ်းရန်မဟုတ်ဘဲ သူမ ယနေ့ အမှန်တကယ်ပင် တောက်ပနေပြီး ရာနှုန်းပြည့်အနိုင်ရသူတစ်ဦးကဲ့သို့ လူများကို သမင်လှည်ပြန်ကြည့်စေခဲ့သည်။
ပုံမှန်အားဖြင့်ဗီလာတွင် နန်ယု သူမ၏ အသားအရေထိန်းသိမ်းမှုပုံမှန်သာ ပြုလုပ်ပြီး မိတ်ကပ်လိမ်းရန်ပျင်းရိခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် မနေ့ကပြေလည်သွားသည့် ကိစ္စကြောင့် စိတ်ကောင်းဝင်နေသည်ဖြစ်နိုင်သည်၊ သူမ ရှားရှားပါးပါး ပြည့်စုံသည့် မိတ်ကပ်ကိုလိမ်းခြယ်ခဲ့သည်။
သူမ မျက်နှာသွင်ပြင်များမှာ သဘာဝအတိုင်းတောက်ပနေပြီး မိတ်ကပ်သည် ၎င်းတို့ကို ပိုထင်ရှားစေခဲ့သည်။
လမ်းသွားလမ်းလာများ အမျိုးသားများရော အမျိုးသမီးများပါ မကြည့်ဘဲမနေနိုင်ကြဘဲ အချို့မှ စကားစပြောရန်ပင် စိတ်အားထက်သန်ပုံရသည်။
သို့သော် ကိုယ်ရံတော်များဖြစ်သည်မှာ ရှင်းလင်းသည့် ခန့်ညားသည့် အမျိုးသားနှစ်ဦး နန်ယုနှင့် အခြားသူများ၏နောက်မှ လိုက်ပါနေသည်ကို မြင်လိုက်ရပြီး သူ၏ ကိုယ်ပိုင်သွယ်လျသည့် လက်မောင်းများနှင့် ခြေထောက်များကို နှိုင်းယှဉ်ကာ သူ ဤနိုင်ငံခြား အချစ်ဇာတ်လမ်းအားဝန်မလေးဘဲ စွန့်လွှတ်လိုက်ရသည်။
— အာ၊ ရှေးလူများ ပြောခဲ့သည်မှာ မှန်သည်။ လှပသည့် အမျိုးသမီးများတွင် ဆူးများရှိသည်။
"ဒီနေ့ အန်တီကို မကြိုက်ဘူးလား ရှောင်ကျင်း"
ကလေး၏မဲ့နေသည့် နှုတ်ခမ်းများကိုမြင်ရသောအခါ ဆီပုလင်းတစ်လုံးကို ချိတ်ထားနိုင်လောက်အောင် ချစ်စရာကောင်းလှသဖြင့် နန်ယု သူ့အား နောက်ပြောင်လိုစိတ်ဖြစ်ပေါ် လာခဲ့သည်။
"မဟုတ်ဘူး၊ နန်ကျဲက ဒီနေ့ အရမ်းလှနေတာ! ကျွန်တော် နန်ကျဲကို အရမ်းချစ်တယ်!"
လီရီပိုင်မှာ ပထမဆုံးတုံ့ပြန်ခဲ့သူဖြစ်ပြီး သူ့စကားအားသက် သေပြရန်အတွက် ညာဘက်လက်မနှင့် လက်ညှိုးကိုအသုံးပြုကာ နှလုံးသားပုံစံပြုလုပ်ခဲ့သည်။
"ကျွန်တော်ကြီးလာရင် ရှောင်ကျင်းရဲ့အဖေကို သေချာပေါက် မောင်းထုတ်ပြီး နန်ကျဲကိုလက်ထပ်မယ်!"
လီရီပိုင် ငယ်စဉ်ကတည်းက နိုင်ငံခြားတွင် နေထိုင်ခဲ့ပြီး ထိုနေရာ၌လက်ထပ်ထိမ်းမြားခြင်းမှာ ဟွာကောကဲ့သို့ ရိုးရာမဆန်ဘဲ အလျင်အမြန်လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်းများအဖြစ်များသည်။
လွန်ခဲ့သည့်တစ်ကြိမ်က သူ့အစ်ကိုကိုလက်ထပ်ခဲ့သည့် နန်ယုအား သူ ရုတ်တရက်ပြောဆိုခဲ့ပြီး ငြင်းပယ်ခံရသောအခါ လီရီပိုင် ပထမ၌ တုံ့ပြန်မှုမရှိခဲ့ချေ။
နောက်ပိုင်းတွင် သူ တွေးလိုက်သည်၊ သူ ရှောင်ကျင်း၏ဖခင်အား တစ်ခါမှမတွေ့ဖူးပေ။ ထို့ကြောင့် ၎င်းတို့ဆက်ဆံရေးမှာ ဆိုးရွားရမည်ဖြစ်ပြီး သူတို့ တစ်နေ့တွင် ကွာရှင်းနိုင်ပေမည်။
နန်ကျဲ သူ့အစ်ကိုကို အထင်သေးသောကြောင့် သူ့အား ငြင်း ပယ်ခဲ့ခြင်းဖြစ်နိုင်သည်။ ထို့အပြင် သူ့အစ်ကိုသည်လည်း မိန်းကလေးများကို ပျော်ရွှင်အောင် မည်သို့လုပ်ရမည်ကို မသိသည့်အတွက် သူ့အား လုပ်ခွင့်ပေးလိုက်ခြင်းကပိုကောင်းသည်။
[ ဒီနေရာနား စာစစ်ရင်းအူတတ်သော်ကေပါပြီဟယ် ]
နန်ကျဲ သူ့အား လက်ထပ်လိုပါက လီရီပိုင် သူအကြိုက်ဆုံးဂိမ်းအားလုံးကို နန်ယုအားပေးနိုင်၏။
"ဟား ဟား ဟား" လီရီပိုင်၏စကားများကြောင့် နန်ယု ရယ် မောလိုက်သည်။
"ဒါပေမဲ့ ရီပိုင်ကြီးလာတဲ့အခါ အန်တီမလှတော့ရင်ကော ဘယ်လိုလုပ်မလဲ"
လီရီပိုင် ချက်ချင်းတုံ့ပြန်လိုက်သည်။
"မဖြစ်နိုင်ဘူး! နန်ကျဲက ကျွန်တော့်ရဲ့နှလုံးသားထဲမှာ အလှဆုံးပဲ!"
– ကောင်လေး၊ မင်းမှာ ပင်လယ်ဘုရင်ဖြစ်လာနိုင်တဲ့ အလား အလာရှိတယ်။
ဤ ထူးချွန်သည့်မျိုးစပ် မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ လီရီပိုင်ကြီးပြင်းလာသောအခါ အချစ်ရေးများစွာရှိမည်ဟု နန်ယုအလွန်သေချာသည်။
"မဖြစ်ဘူး!"
ဖေးယွင်ကျင်းငြင်း ဆိုလိုက်သည်။
“ရှောင်ပိုင် ငါ့အန်တီကို လက်ထပ်လို့မရဘူး”
"ငါ နန်ကျဲကို လက်ထပ်ပြီးရင်တောင် ငါတို့အတူနေလို့ရတယ်၊မင်းတို့ကိုထောက်ပံ့ဖို့ ငါ ပိုက်ဆံရှာဖို့ကြိုးစားမယ်!"
နန်ယုနှင့် အန်းနင်: "...ဖွီး~”
ဒီခေတ် ကလေးတွေက အရမ်းထူးဆန်းတာပဲ! အမျိုးသားတွေက အမျိုးသမီးတွေ သုံးဖို့ပိုက်ဆံရှာပေးရမယ်ဆိုတာကိုတောင် သူတို့ သိနေကြပြီလား ??
"ဒါပေမဲ့ မင်း အန်တီကိုလက်ထပ်ရင် ငါက မင်းကို ဦးလေးလို့ ခေါ်ရမှာလား” အန်းရီရန် ဆွေးနွေးမှုထဲ ပါဝင်လာသည်။
"ငါ မခေါ်ချင်ဘူး"
လီရီပိုင် အန်းရီရန် စကားများအားကြားပြီးနောက် တစ်စုံတစ် ရာ မှားယွင်းနေသည်ဟုခံစားလိုက်ရသည်။ သူသည် အန်းရီရန် သူ့အား ဦးလေးဟုခေါ်သည်ကို မလိုချင်ခဲ့ချေ။
"အဲ့လိုထင်တယ်"
လီရီပိုင် နန်ယုအားလှည့်ကြည့်လိုက်သည်။
"နန်ကျဲ၊ ကျွန်တော် အစ်မကိုလက်ထပ်လို့မရရင် ဘာလုပ်ရမလဲ ??"
လီရီပိုင်၏လေးနက်သော မေးခွန်းကြောင့် နန်ယု ရယ်မောမိသော်လည်း သူ့ “လေးနက်သော” အကြည့်အောက်တွင် သူမ အပြုံးအား ထိန်းချုပ်လိုက်သည်။
"ဟုတ်သား၊ အဲဒါဆို ဘယ်လိုလုပ်ရမလဲ ? မဟုတ်ရင် ရီပိုင်က အနာဂတ်မှာ ငါ့ထက် ပိုလှတဲ့တစ်ယောက်ယောက်ကို ရှာတွေ့သွားလိမ့်မယ်"
ထိုသို့ပြောပြီးနောက် နန်ယု “သာမန်ကာလျှ့ကာ” အကြည့်ခံ ယူလိုက်ရသည်။ ဟုတ်ပါသည်၊ လေးနှစ်အရွယ်ကလေးတစ်ဦးမှာ အကြည့်မှစကားလုံးအထိ ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။
"ယောကျ်ားတစ်ယောက်က ရုပ်ရည်ကိုပဲအခြေခံပြီး အမျိုး သမီးတစ်ယောက်ကို ဘယ်လိုလုပ်လက်ထပ်နိုင်မှာလဲ ? သေ ချာတာပေါ့၊ စရိုက်ကလည်း အရေးကြီးတယ်၊ နန်ကျဲကို ကျွန် တော် ကြိုက်တာက နန်ကျဲ စိတ်နေသဘောထားကောင်းလို့ပဲ!"
နန်ယု: တောင်းပန်ပါတယ်၊ ရယ်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး၊ ဒါပေမဲ့ သူ ချီးကျူးစကားပြောတတ်လိုက်တာ!
ချောမောသည့်လေးနှစ်အရွယ် ကလေးတစ်ဦး၏ရိုးသားသည့် ချီးကျူးမှုအား မည်သူကဆန့်ကျင်နိုင်မည်နည်း။
နန်ယု သူ့အား မယှဉ်နိုင်ဟုခံစားလိုက်ရသည်။ အန်းနင် အပြုံးမှာ သူ့ထက်ပင် ပိုပျော်နေသည်အား မမြင်နိုင်ပေဘူးလား?
သို့သော် ဖေးယွင်ကျင်း မပျော်ခဲ့ချေ။ သူ အသံကျယ်စွာ ရှိုက်လိုက်ပြီး လူတိုင်း၏အာရုံကို ဖမ်းစားကာ “အန်တီက ရှောင်ပိုင်ကို မကြိုက်ဘူး၊ အန်တီက ငါ့ကို အချစ်ဆုံးပဲ!” ဟု အော်လိုက်သည်။
သူ “မင်း သဘောတူရမယ်” ဟူသည့် အကြည့်ဖြင့် နန်ယုအား တိုက်ရိုက်ကြည့်လိုက်သည်။ ထို့နောက် လီရီပိုင်ကလည်း ထိုအတိုင်းလိုက်လုပ်ခဲ့ပြီး ၎င်းတို့၏ညီအစ်ကိုချစ်သည် ထိုအချိန်တွင် ပျောက်ကွယ်သွားခဲ့သည်။
"ရှက်စရာကောင်းလိုက်တာ ရှောင်ကျင်း! မင်း ဒီအရွယ်ရောက်နေပြီ နန်ကျဲကိုတွယ်ကပ်နေတုန်းပဲ"
"ရှောင်ပိုင်လည်း! မင်း ခုနက ငါ့ကို လွမ်းတယ်လို့ပြောခဲ့တာလေ!"
အန်းနင် နန်ယုလက်မောင်းအားမထိဘဲ မနေနိုင်ခဲ့ဘဲ သူမ မျက်လုံးများထဲ တောက်ပသည့် အပြုံးတစ်ပွင့်ရှိနေသည်။
"ချောတဲ့ ကောင်ချောလေးနှစ်ယောက်ဆီမှာ အလုအယက်ဖြစ်နေတာ ဘယ်လိုခံစားရလဲ ??"
ကောင်းတယ်၊ အန်းနင်! နင့်က ဒီလိုလူမျိုးဖြစ်မယ်လို့ ဘယ်သူ က ထင်ခဲ့မိမှာလဲ!
နန်ယု အမူအရာမရှိသောမျက်နှာဖြင့် အန်းနင် ခါးကိုထိုးလိုက်ပြီး သူမအား လက်နှစ်ဖက်ကိုပေါင်း၍ ခွင့်လွှတ်ပေးရန် တောင်းပန်ခိုင်းပြီးမှ ရန်ဖြစ်နေသည့် ကလေးနှစ်ဦးအားကြည့်လိုက်သည်။
တစ်ဖက်စီတွင် လက်ကြီးတစ်ဖက်စီမှ သူတို့၏ခေါင်းများအား ဖိချလိုက်သည်။
"တွေးတောင် မတွေးနဲ့၊ ငါ့ထက် အသက်ကြီးတဲ့သူကိုပဲ ငါ ကြိုက်တယ်"
ဖေးယွင်ကျင်းနှင့် လီရီပိုင်: "..."
သူတို့လက်ချောင်းများအား ချိုးရန်စတင်ခဲ့ပြီး ချိုးလေလေ သူတို့၏မျက်နှာများမှာ ဒေါသထွက်လေလေဖြစ်လာကြသည်။
– အန်တီနန်ထက် အသက်ကြီးဖို့ နှစ်နှစ်ဆယ်လောက် အချိန်ယူရရင်ကော ဘယ်လိုလုပ်မလဲ ??