Chapter 36
Vol. 4 Ch. 36
နန်ယု စကားများကြောင့် အံ့အားသင့်သွားပုံရသော ကလေးငယ်နှစ်ဦးမှာ တိုက်ခိုက်လိုစိတ်များလျော့ပါးသွားပြီး စိတ်ပျက်အားငယ်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
သူတို့ အသက်လေးနှစ်သာ ရှိသေးသည်၊ နှစ်နှစ်ဆယ်မှာ အလွန်ကြာမြင့်လှသည်ဟု ထင်ခဲ့ကြသည်။
"ကောင်းပြီ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မငြင်းခုံသရွေ့တော့ ငါ မင်းတို့နှစ်ယောက်စလုံးကိုအချစ်ဆုံးပဲ"
ချိုသာသောစကားလုံးများဖြင့် နှစ်သိမ့်ပေးခြင်းအနုပညာအား ကျွမ်းကျင်သူ နန်ယုမှာ ကလေးငယ်နှစ်ဦးကိုအောင်မြင်စွာနှစ်ဘသိမ့်ပေးနိုင်ခဲ့သည်။ သူတို့ကို အောင်မြင်စွာစိတ်ငြိမ်သွားစေပြီးနောက် အဖွဲ့မှာ သူတို့ခရီးပန်းတိုင်ဖြစ်သည့် Angel ရေပန်းရုပ်ထုသို့ ဆက်လက် ခရီးနှင်ခဲ့သည်။
လမ်းဘေးတစ်လျှောက်တွင် ဆိုင်ခန်းများတည်ဆောက်ထားပြီး ရင်ပြင်ပတ်လည်၌ အနုပညာရှင်များစွာမှာ သူတို့၏ အရည်အချင်းများအား ပြသနေကြသည်။
ကလေးသုံးဦးအား တီးဝိုင်းငယ်လေးတစ်ခု၏ဖျော်ဖြေမှုမှာ ချက်ချင်းပင်စွဲဆောင်သွားခဲ့သည်။
တီးဝိုင်းတွင် အဖွဲ့ဝင်လေးဦး ပါဝင်ပြီး အသက်ငါးဆယ် သို့မ ဟုတ် ခြောက်ဆယ်ခန့် ရှိပုံရကာ တစ်ဦးချင်းစီမှာ သူတို့၏ ဖျော်ဖြေမှုတွင် နစ်မြုပ်နေကြပြီး သာမန်တူရိယာဖြစ်သော တယောမှ လူသိနည်းသည့် အော်ဂန်အထိ အမျိုးမျိုးသော တူရိယာများအား ကိုင်ဆောင်ထားကြသည်။
သူတို့ တီးခတ်နေသည့် သီချင်းမှာ ကမ္ဘာကျော် သီချင်းဖြစ်ပြီး မည်သည့်နိုင်ငံရှိ လူတိုင်းမဆို မွေးစကတည်းမှ ကြားဖူးသည့် အမျိုးအစားဖြစ်သည်။
တီးဝိုင်းတွင် လူအများအပြား ပြွတ်သိပ်မနေသောကြောင့် ကလေးသုံးဦး ရုတ်တရက်ပေါ်လာခြင်းမှာ ထင်ရှားနေသည်။ အဖွဲ့ဝင်လေးဦးမှာ ကလေးများအားပြုံးပြလိုက်ပြီး သီချင်းကို ပြောင်းလဲလိုက်သည်။
၎င်းမှာကလေးကာတွန်းတစ်ခု၏ ဇာတ်ဝင်တေးဖြစ်ပြီး အလားတူပင် လူကြိုက်များသည်။ အနည်းဆုံး ဖေးယွင်ကျင်းနှင့် အခြားသူများကြည့်ဖူးကြသည်။
သီချင်းသံကိုကြားသောအခါ လီရီပိုင် တီးဝိုင်းဆီသို့ဦးဆုံး လျှောက်သွားခဲ့ပြီး သူ့ကုတ်အင်္ကျီအားချွတ်ကာ လမ်းဘေးအကကို အသင့်အတင့်ကပြခဲ့သည်။
လေးနှစ်အရွယ် ကလေးတစ်ဦး၏လမ်းဘေးအကမှာ တီးဝိုင်းဖျော်ဖြေမှုထက် ပိုမိုဆွဲဆောင်မှုရှိပြီး လီရီပိုင်သည် စိန်ခေါ်မှုရှိသည့် အကလှုပ်ရှားမှုများကို တစ်ခုပြီးတစ်ခုကပြခဲ့ရာ လက် ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
လူအများအပြားမှ သူ့အား တီးဝိုင်းအဖွဲ့ဝင်တစ်ဦးဟု မှားယွင်းယူဆကာ အားပေးသည့်အနေဖြင့် သူ့တူရိယာသေတ္တာထဲသို့ အကြွေစေ့များ တိတ်တဆိတ် ထည့်ပေးခဲ့ကြသည်။
သီချင်းပြီးဆုံးသွားပြီး လီရီပိုင် သူ့ဖျော်ဖြေမှုအား နိဂုံးချုပ်လိုက်သည်။
လက်ခုပ်သံများ ထပ်မံထွက်ပေါ်လာပြီး မတူညီသော ဘာသာ စကားများဖြင့် “နောက်တစ်ပုဒ်” ဟူသည့်အော်ဟစ်သံများ ပါဝင်လာသည်။
သို့သော် လီရီပိုင် သူ့လက်အား ကျွမ်းကျင်စွာ ဝှေ့ယမ်းလိုက်ပြီး တီးဝိုင်းထံသို့ လျှောက်သွားကာ ငွေစက္ကူကြီးတစ်ရွက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော် ဒီတစ်ရွက်ပဲ ယူလိုက်ပါ့မယ်၊ ရရဲ့လား"
သူတို့ နားမလည်မည်အားကြောက်ရွံ့သောကြောင့် သူသည် သူ့စကားများကို နိုင်ငံခြားဘာသာစကားဖြင့် ထပ်ခါတလဲလဲ ပြောခဲ့သည်။
"အိုး၊ သေချာတာပေါ့ ကောင်လေး၊ ဒါတွေအားလုံး မင်းအတွက်ပဲ"
တီးဝိုင်းအဖွဲ့ဝင်များမှာ ပိုက်ဆံအတွက်လောဘမကြီးကြချေ။ သူတို့၏အသက်အရွယ်တွင် ဖျော်ဖြေခြင်းမှာ အသက်မွေး ဝမ်းကျောင်းထက် စိတ်ဝင်စားမှုကြောင့်ပိုများသည်။
လီရီပိုင် ထိုအတိုင်းပင်ပြုလုပ်ခဲ့သည်။ သူ လက်မှတ်တစ်စောင်နှင့် သူ့ကုတ်အင်္ကျီအားကောက်ယူကာ နှုတ်ဆက်ပြီး နန်ယုနှင့် အခြားသူများထံပြေးသွားခဲ့သည်။
"ပိုက်ဆံနည်းနည်း ရခဲ့တယ်ဗျ၊ အန်တီတို့ကို ဖျော်ရည်ဝယ်တိုက်မယ်!"
နန်ယုနှင့် အခြားသူများမှာ “...ငါ အံ့အားသင့်နေတယ်၊ မဟုတ်လား” ဟူသည့် ပုံစံဖြင့် ရှိနေကြသည်။
လီရီပိုင်၏ကျွမ်းကျင်သော လှုပ်ရှားမှုများမှာ ဤကဲ့သို့သော အရာမျိုးသည် သူ့ပထမဆုံးအကြိမ်လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ရှင်းလင်းစေခဲ့သည်။
နန်ယု သူ့မိဘများနှင့် လီယွမ်မိုမှ သူတို့ကလေးများအားပြုစုပျိုးထောင်ခဲ့ပုံအတွက် ရှက်ရွံ့မိခဲ့သည်။
"ရှောင်ပိုင်၊ မင်း အရမ်းတော်တာပဲ"
ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့တွေးလိုက်ကြသည်။ အထူး သဖြင့် ဖေးယွင်ကျင်းပင်။
သူ နေ့တိုင်း ကြိုးစားလေ့ကျင့်သော်လည်း ဆယ်ယွမ်သာရခဲ့သည်။ ရှောင်ပိုင်သည် အကတစ်ခုဖြင့် သူ့ထက်အကြိမ်ပေါင်းများစွာ ပိုမိုရရှိနိုင်သည်။ ပထမဆုံးအကြိမ်အဖြစ် ဖေးယွင်ကျင်း ငွေရှာရာတွင် ကွာခြားချက်အားခံစားခဲ့ရသည်။
"သိပ်မဆိုးပါဘူး"
ပွင့်ပွင့်လင်းလင်း ချီးမွမ်းမှုမှာ သူ့အား အနည်းငယ်ရှက်ရွံ့သွားစေသည်။
"အိတ်ဆောင်ငွေ လိုအပ်ပေမဲ့ အစ်ကို့ကိုမတောင်းချင်တဲ့အခါမျိုးမှာ တစ်ခါတလေ ဒီလိုလုပ်တယ်၊ မင်း အကကျွမ်းကျင်သွားတာနဲ့ ငါတို့ အတူတူပိုက်ဆံရှာဖို့ သွားလို့ရပြီ"
ဖေးယွင်ကျင်း အသည်းအသန် ခေါင်းညိတ်လိုက်သည်။ သူသာ ပိုက်ဆံပိုရပါက Ultraman နှစ်ကောင်! မဟုတ်ဘူး! သုံးကောင်ဝယ်လို့ရပြီ! တွေးလိုက်ရုံနှင့်တင်ပျော်မိသည်။
လီရီပိုင် သူ့ကတိအားဖြည့်ဆည်းခဲ့ပြီး ထိုငွေကိုသုံး၍ လူတိုင်းအတွက် ဖျော်ရည်တစ်ခွက်စီ ဝယ်ခဲ့သည်။ သို့သော် သူ တစ်ပြားသာ ကျန်ရှိစေရန် လုံလောက်စွာသုံးစွဲခဲ့သည်။
လီရီပိုင် ထိုအကြွေစေ့ကို နန်ယုအားပေးရန်ပင် ကြိုးစားခဲ့သော်လည်း သူမ ရယ်မောကာငြင်းဆိုခဲ့သည်။
ကလေးများ၏ငွေဖြင့် ဝယ်ယူထားသည့် ဖျော်ရည်အား သောက်ခြင်းသည်ပင် လုံလောက်စွာ ရှက်ဖွယ်ကောင်းနေပြီဖြစ်ပြီး သူတို့ထံမှ အကြွေစေ့တစ်ခုအားလက်ခံခြင်းမှာ သူမ၏ သေးငယ်သည့် အရွယ်ရောက်ပြီးသား ဂုဏ်သိက္ခာအတွက် အနည်းငယ် လွန်ကဲနေသည်။
အန်းနင် ထိုအတောအတွင်း ဖျော်ရည်နှင့်အတူစားရန်ကွတ်ကီးအချို့အား ဝယ်ယူ၍ လူတိုင်းနှင့် မျှဝေခဲ့ပြီး လူတိုင်း သူတို့ဗိုက်ကို နောက်ဆုံးတွင်ဖြည့်နိုင်ခဲ့ကြသည်။
သူမ အန်းရီရန်အား အထူးကျွမ်းကျင်မှု တစ်ခုခု သင်ယူလိုခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပြီးရှိပါက သူမအားပြောပြသင့်ကြောင်း ပြောခဲ့သည်။ လီရီပိုင်၏ဖျော်ဖြေမှုအား ကြည့်ပြီးနောက် မည်သည့်မိဘမဆို ထိုသို့ တွေးမိပေလိမ့်မည်။
အန်းရီရန်: ...ဒါ နည်းနည်း ရုတ်တရက်တော့ဆန်သွားတာပေါ့။
သို့သော် ရှောင်ပိုင် နှင့် ရှောင်ကျင်းတို့ မည်မျှ အထင်ကြီးစရာကောင်းသည်ကို မြင်သောကြောင့် သူ အစ်ကိုတစ်ယောက်အနေဖြင့် အလွန်အမင်း ဆိုးရွားနိုင်မည်မဟုတ်ချေ။
အဖွဲ့မှာ ပတ်ပတ်လည် လမ်းလျှောက်နေခဲ့ကြပြီး နောက်ဆုံးတွင် ညသန်းခေါင်ယံ၌ ရေပန်းဆီသို့ ရောက်ရှိလာခဲ့ရာကျော် ကြားသည့် Angel ရေပန်းရုပ်ထုကို မြင်တွေ့ခဲ့ရသည်။
အချိန်မှာ နေ့လယ်စာစားချိန်ခန့်ဖြစ်ပြီး ရေပန်းနားတွင် လူသူကင်းမဲ့နေသည်။ နန်ယုနှင့် ကလေးများ ပိုနီးကပ်စွာကြည့်ရှုရန် ချဉ်းကပ်ခဲ့ကြသည်။
"အန်တီ၊ ပိုက်ဆံတွေ အများကြီးပဲ"
ဖေးယွင်ကျင်း ရုပ်တုအောက်ခြေရှိ အကြွေစေ့များအားသတိ ပြုမိခဲ့သည်။
"ဒါကိုကြည့်ဖို့ ပိုက်ဆံပေးရတာလား"
မဟုတ်ဘူး၊ ၎င်းမှာ နာမည်ကြီးရုပ်တု အားလုံး၏ကံကြမ္မာဖြစ် သည်။
Angel ရေပန်းရုပ်ထုတွင် မှော်အစွမ်းများ၊ ချစ်ခြင်းမေတ္တာအား ရှာဖွေနိုင်သည့် ဒဏ္ဍာရီများလည်းရှိသည်။
နန်ယု အဖွဲ့ထဲတွင် မည်သူမျှ ယခုအချိန်၌ ထိုအရာမျိုး မလို အပ်သော်လည်း သူတို့ ထိုနေရာသို့ ရောက်နေပြီဖြစ်သော ကြောင့် နန်ယု ကလေးသုံးဦးစလုံးအား အကြွေစေ့တစ်စေ့စီ ပေးခဲ့ပြီး ဆန္ဒတစ်ခုတောင်းခိုင်းခဲ့သည်။
ကလေးသုံးဦးနှင့် အန်းနင်တို့သည် သူတို့၏မျက်လုံးများကို မှိတ်ကာ ဆန္ဒပြုနေစဉ် နန်ယု သူမ ဖုန်းအား ထုတ်၍ဓာတ်ပုံရိုက်ခဲ့သည်။ ပုံစံမှာ ချက်ချင်းရိုက်ကူးနိုင်လောက်အောင် အကောင်းဆုံးဖြစ်သည်။
သူတို့အားလုံး မျက်လုံးများကို တစ်ပြိုင်နက်ဖွင့်လိုက်သော အခါ နန်ယု လူအုပ်နောက်လိုက်ကာ အကြွေစေ့တစ်စေ့အား ရေကန်ထဲသို့ ပစ်ချလိုက်သည်။
၎င်းမှာ အနည်းငယ် ရိုင်းစိုင်းနေပုံရသော်လည်း သူမ ဖြည့် ဆည်းရန် ဆန္ဒများအမှန်တကယ် မရှိခဲ့သည့်အတွက် သူ အိပ် မက်ဖန်တီးသည့် နေရာအား မယူလိုခဲ့ချေ။
"ရှောင်ကျင်း၊ အစ်ကိုရီရန်၊ မင်းတို့ ဘာဆုတောင်းခဲ့လဲ"
လီရီပိုင် သူ့မျက်လုံးများကို ဖွင့်ပြီးနောက် သူ့ဘေးမှ ကလေးများအားမေးခဲ့သည်။
"ကျွန်တော်တို့ ထာဝရအတူတူရှိနိုင်ဖို့ဆုတောင်းခဲ့တယ်!"
အန်းရီရန် ပြုံးလိုက်သည်။ "ရှောင်ပိုင်နဲ့ အတူတူပဲ၊ မေမေ နေ့တိုင်းပျော်ရွှင်ပါစေလို့လည်း ဆုတောင်းခဲ့တယ်!"
ဖေးယွင်ကျင်းကမူ ဂုဏ်ယူမှု အရိပ်အယောင်အားပြသခဲ့သည်။
"ရှောင်ပိုင်၊ မင်း ရှုံးပြီ၊ ငါက မြန်မြန်အရွယ်ရောက်ဖို့ဆု တောင်းခဲ့တာ!"
"အာ! ရှောင်ကျင်း၊ မင်း အရမ်းကောက်ကျစ်တာပဲ!"
ပျော်ရွှင်နေသော အဖွဲ့မှာစားသောက်ဆိုင်တစ်ခုအား လျင်မြန်စွာရှာဖွေခဲ့ပြီး မြောက်ပိုင်းနိုင်ငံ၏ အထူးဟင်းလျာများကို မြည်းစမ်းရန် ထိုင်လိုက်ကြသည်။
သို့သော်မှာယူပြီး စောင့်ဆိုင်းနေစဉ် အရိပ်နှစ်ခုမှာ နန်ယု၏ မြင်ကွင်းအား ကွယ်လိုက်သည်။
"မင်္ဂလာပါ၊ အမျိုးသမီးလေးတို့"
အသံထွက်ကိုကြည့်ခြင်းအားဖြင့် သူတို့သည် Flower နိုင်ငံ သို့မဟုတ် မြောက်ပိုင်းနိုင်ငံမှ ဖြစ်ရပေမည်။
ကိုယ်ရံတော်များမှာ အခြားစားပွဲတွင် ရှိနေသောကြောင့် သူတို့၏ ခြိမ်းခြောက်နေသည့် ပုံပန်းသဏ္ဍာန်မှာ လျော့နည်းသွားခဲ့သည်။ ၎င်းမှာ ထိုလူနှစ်ဦးမှာ သူတို့အား တစ်ယောက်တည်းဟု ထင်ခဲ့ပုံရသည်။
နန်ယု မျက်နှာအမူအရာမှာ အေးစက်နေပြီး အန်းနင် စကားမပြောမီ သူမ ဦးစွာပြောလိုက်သည်။
"ချိန်းဆိုထားတာ မရှိပါဘူး၊ လက်ထပ်ပြီးသား ကျွန်မတို့ကို အနှောင့်အယှက်မပေးပါနဲ့"
အမှန်တကယ်တွင် သူမ “ထွက်သွား” ဟု ပြောချင်ခဲ့သော် လည်း ကလေးများရှေ့တွင် ယဉ်ကျေးခြင်းမှာပိုကောင်းသည်။
စကားစပြောရန် ကြိုးစားနေသည့် အမျိုးသားနှစ်ဦး: "...”
နန်ယု၏အေးစက်သည့် အမူအရာကို မြင်လိုက်ရခြင်းကပင် သူတို့အား ပိုမိုစိတ်လှုပ်ရှားစေခဲ့သည်။ လက်ထပ်ထားခြင်းအတွက်မူ... ဟဲဟဲ၊ တကယ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဘာအရေးကြီးလဲ ?
"ဒီလို မလုပ်ပါနဲ့၊ ချစ်စရာကောင်းတဲ့ ကောင်မလေး၊ ငါတို့အားလုံး ပျော်ဖို့ လာကြတာပါ၊ မင်းက တရုတ်လူမျိုးမဟုတ်လား၊ အမျိုးသမီးနှစ်ယောက် ကလေးတစ်ယောက်ကို ဂရုစိုက်ဖို့အဆင်မပြေဘူး၊ ဘာလို့ ငါတို့နဲ့ အတူမလိုက်တာလဲ..."
အမျိုးသားနှစ်ဦး သူတို့၏စကားများကို မပြီးဆုံးမီ ကိုယ်ရံ တော်နှစ်ဦးမှာ ဘေးနှစ်ဖက်မှ သူတို့အားစူးစိုက်ကြည့်နေပြီး နောက်ထပ် စကားတစ်လုံးထပ်ပြောပါက သူတို့အား လွှင့်ပစ်ရန် အသင့်ရှိနေကြသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ မတိုက်ခိုက်ကြပါနဲ့၊ သွားရအောင်"
နန်ယုနှင့် အခြားသူများ၏ အမူအရာနှင့် အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် သူတို့သည် ချမ်းသာသည့် မိသားစုများမှ လာသည်ကို သိရှိနိုင်သည်။ ကိုယ်ရံတော်နှစ်ဦးရှိနေခြင်းမှာ သူတို့၏သံသယများအား အတည်ပြုပေးခဲ့သည်။
အမျိုးသားတစ်ဦးမှာ သူ့နောက်မှ အဖော်များအားမျက်စိတစ် ဖက် မှိတ်ပြလိုက်သည်၊ သူ မည်သည့် ဆိုးညစ်သည့် အစီအ စဉ်အား စီစဉ်နေသည်ကို မသိရချေ။
မည်သို့ပင်ဆိုစေကာမူ နန်ယုနှင့် အန်းနင်တို့မှာ နုနယ်ပုံရပြီး ကလေးသုံးဦးသည် ပိုလို့ပင်မစွမ်းဆောင်နိုင်ကြချေ။ သူတို့သာ ကိုယ်ရံတော်နှစ်ဦးကို ဂရုစိုက်နိုင်ပါက ဖြစ်နိုင်သည်မှာ...
"အန်တီ၊ အဲဒီ ဦးလေးနှစ်ယောက် အနံ့ဆိုးတယ်"
ဖေးယွင်ကျင်း သူ့နှာခေါင်းကို ညှစ်ကာရွံရှာသည့် အမူအရာဖြင့် ထိုအမျိုးသားနှစ်ဦးထံမှ နောက်ဆုတ်လိုက်သည်။
"ဟုတ်တယ်၊ ငါလည်း အနံ့ရတယ်၊ အရမ်းနံတာပဲ!" လီရီပိုင် နောက်သို့ မှီလိုက်သည်။
"သွား မတိုက်ထားဘူးလား ? ကောင်းတဲ့ ကလေးတွေကတစ်နေ့ နှစ်ကြိမ် သွားတိုက်သင့်တယ်"
"ဟုတ်တယ်၊ ရှောင်ပိုင် မှန်တယ်"
အန်းရီရန် စိတ်အားထက်သန်စွာ ခေါင်းညိတ်ကာ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည်။
ထိုသို့သော ကလေးဆန်သည့် မှတ်ချက်များမှာ သူတို့ပတ် ဝန်းကျင်ရှိ တိတ်ဆိတ်စွာ ထမင်းစားနေသူများအား ချက်ချင်း ရယ်မောစေခဲ့ပြီး အမျိုးသားနှစ်ဦးမှလွဲ၍ နန်ယုနှင့် အန်းနင်တို့၏အမူအရာကို ပျော့ပျောင်းစေခဲ့သည်။
သူတို့ စားပွဲပေါ်ရှိ တစ်ဝက်တစ်ပျက်စားထားသည့် အစားအ စာများကိုပင် စွန့်ပစ်ကာစားသောက်ဆိုင်မှ ထွက်ခွာသွားသည်အထိ ကလေးသုံးဦးအားစိုက်ကြည့်သွားခဲ့သည်။ သူတို့ ဒေါသထွက်နေ၍လား သို့မဟုတ် နေရခက်လွန်း၍ထွက်သွားသည်လားဆိုတာ မရှင်းလင်းချေ။
သို့သော် သူတို့ ထွက်ခွာသွားပြီးနောက် နန်ယု အပြုံးမှာ လျင် မြန်စွာမှေးမှိန်သွားခဲ့သည်။ သူမ ရှေ့တွင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မကောင်းဆိုးဝါးများကို မောင်းထုတ်လိုက်ပြီဟု ခံစားနေရသည့် ကလေးသုံးဦးအား ကြည့်ကာ သူမ ရှားရှားပါးပါး လေးနက်စွာ ပြောလိုက်သည်။
"မင်းတို့ အားနည်းနေချိန်မှာ ကိုယ့်ထက် အားသာတဲ့သူတွေကို မဆွပေးနဲ့၊ မင်းတို့ရဲ့ခွန်အားကို ပြသတာက မင်းတို့ကို ထိခိုက်စေလိမ့်မယ်"
အားနည်းချက်ကို ပြသတာက မင်းကို အကူအညီပေးနိုင်တယ်ဆိုရင် လုပ်လိုက်ပါ။ သူတစ်ပါးရဲ့ မျက်နှာသာကိုရချင်လို့ အရမ်းစိတ်စွဲမနေနဲ့။
နန်ယုနှင့် သူမ၏ကိုယ်ရံတော်များ ရှိနေသောကြောင့် သူတို့ ယခု ထိုသို့ ပြုမူခြင်းမှာ ပြဿနာမရှိပေ။ သို့သော် တစ်နေ့တွင် နန်ယုနှင့် သူမ၏ ကိုယ်ရံတော်များ မရှိတော့ပါက သူတို့ ဤအတိုင်း ဆက်လက် ပြုမူနေပါက လက်ရှိ အခြေအနေတွင် ဖိအားသိပ်မရှိသည့်အလား ဖြစ်သွားမည်ဖြစ်ပြီး သူတို့ နောင် တရကြပေလိမ့်မည်။
ဖေးယွင်ကျင်းနှင့် အခြားနှစ်ဦးမှာ နန်ယု၏စကားများကို လေးလေးနက်နက် မှတ်ယူကာ နာခံစွာခေါင်းညိတ်လိုက်ကြသည်။
အန်းနင်ကလည်း ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမ နန်ယုကဲ့သို့သော မိန်းကလေးတစ်ဦးမှာ ကြောက်ရွံ့ခြင်းမရှိဘဲ လုံးဝ ယုံကြည်မှုရှိသူဟု ယူဆခဲ့သော်လည်း သူမသည် အံ့အားသင့်စရာကောင်းလောက်အောင် ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။
စင်စစ်အားဖြင့် ရုပ်ရည်ကို ကြည့်၍ဆုံးဖြတ်၍မရနိုင်ပေ။ နန်မိသားစုကဲ့သို့ မိသားစုမှာ ဤမျှ မာနကြီးပြီး ထောင်လွှားသည့် ကလေးတစ်ဦးအား မည်သို့မွေးထုတ်ပေးနိုင်မည်နည်း။
စားသောက်ပြီးနောက် အဖွဲ့မှာ လမ်းဘေးရှိဆိုင်ခန်းများအား လှည့်ပတ်ကြည့်ရှုကာ အမှတ်တရပစ္စည်းအချို့ဝယ်ယူခဲ့ကြသည်။ သူတို့ နေ့လယ် ၂:၀၀ နာရီခန့်တွင် ကားဖြင့် ဗီလာသို့ ပြန်လာခဲ့ကြသည်။
ကလေးများမှာ စွမ်းအင်အကန့်အသတ်ရှိပြီး သူတို့ ခရီးစဉ်အား အလျင်စလိုမလုပ်ခဲ့ကြပေ။ တစ်နေ့လျှင် နေရာတစ်ခုသာ သွားရောက်လည်ပတ်ခြင်းမှာ လုံလောက်သည်။
မမျှော်လင့်ဘဲ ဗီလာသို့ ရောက်သောအခါ ကားပေါ်တွင် အိပ် ပျော်သွားခဲ့သော ကလေးသုံးဦးမှာ စွမ်းအင်များပြန်လည်ပြည့်ဝလာပြီး လယ်ဘက်ကိုသွားကြည့်ရန် အိမ်ထိန်းကျန်းအား နှောင့်ယှက်ခဲ့ကြသည်။ သူ မနေ့ကပြောခဲ့သည့် မြင်းများ၊ နွားများနှင့် အခြားအရာများမှာ သူတို့စိတ်ထဲတွင် ခဏတာရှိနေခဲ့သည်။
နန်ယု လယ်ယာကို စိတ်မဝင်စားဘဲ အပေါ်ထပ်သို့ တက်၍ မိတ်ကပ်ဖျက်ကာ ခဏတာအနားယူရန် ဆုံးဖြတ်ခဲ့သဖြင့် အန်းနင် ကလေးများအားခေါ်သွားခဲ့သည်။
သူတို့ မှောင်သည်အထိ ဆော့ကစားပြီးနောက် စိတ်မပါ့တပါဖြင့် ပြန်လာခဲ့ကြသည်။
ပြန်ရောက်သောအခါ သူတို့သည် သူတို့၏ လယ်ယာအတွေ့ အကြုံများအား နန်ယုနှင့် စိတ်လှုပ်ရှားစွာမျှဝေခဲ့ကြသည်။ အိမ်ထိန်းကျန်း သူတို့သုံးဦးအား သပြေသီးခူးခြင်း၊ မုန်လာဥနီ ဆွဲနုတ်ခြင်းနှင့် မြင်းနှစ်ကောင်ကို ကြည့်ရှုရန် ခေါ်သွားခဲ့သည်။ သူတို့ တစ်ဦးစီ၏ ပါးစပ်နှင့် လက်များတွင် သပြေသီးဖျော် ရည်များ ရှိနေပြီး ကြောင်ကလေးများကဲ့သို့ပင် ဖြစ်နေသည်။
နန်ယု ပြုံးလိုက်ပြီး ဖေးယွင်ကျင်းနှင့် အခြားသူများအား သူမ ဖုန်းဖြင့် ဓာတ်ပုံရိုက်ခဲ့သည်။ သူတို့၏ "ရယ်စရာကောင်းသော" အခိုက်အတန့်များအား မှတ်တမ်းတင်ရန်အတွက် အမြဲတမ်း အယ်လ်ဘမ်တစ်ခု ပြုလုပ်ရန်စီစဉ်ထားသည်။
ဘယ်သူသိနိုင်မလဲ၊ သူတို့ထဲမှ တစ်ဦးဦးမှာ အနာဂတ်တွင် လွှမ်းမိုးချုပ်ကိုင်သည့် စီအီးအိုဖြစ်လာနိုင်ပြီး ၎င်းတို့အား နောက်ပြောင်ရန် အသုံးပြုနိုင်မည်။
အနာဂတ် စီအီးအိုမှာ နန်ယု၏ “ဆိုးညစ်သည့်” ရည်ရွယ်ချက်များကို သေချာပေါက်သတိမမူမိခဲ့ချေ။ သူမ သူတို့အား ဓာတ် ပုံရိုက်နေသည်ကို မြင်သောအခါ သူ အခိုက်အတန့်အနည်းငယ်ကြာအောင် ကိုယ်ဟန်ပြခဲ့ပြီး ပြီးပြည့်စုံစွာ ပူးပေါင်းဆောင် ရွက်ခဲ့သည်။
ကလေးသုံးဦးမှာ လယ်ထဲအလွန်အမင်းစားခဲ့ကြသောကြောင့် ညစာအားမစားနိုင်ကြသေးချေ။
နန်ယု သူတို့ကိုအတင်းအကျပ် မကျွေးခဲ့ဘဲ နောက်မှ ဗိုက်ဆာသောအခါ စားရန် မီးဖိုချောင်မှာ အစားအစာအချို့ထားခဲ့ရန် တောင်းဆိုခဲ့သည်။
၎င်းတို့၏မြောက်ပိုင်းသို့ အပန်းဖြေ ခရီးစဉ် ဒုတိယနေ့မှာ ဤသို့ပင် ကုန်ဆုံးသွားခဲ့သည်။ ကောင်းမွန်စွာ အိပ်စက်ပြီးနောက် နန်ယု အနည်းငယ် ငိုက်မျဉ်းစွာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ပြီး အန်းနင် တစ်ဦးတည်းသာ ဧည့်ခန်း၌ ထိုင်၍ စာဖတ်နေသည်ကို တွေ့လိုက်ရသည်။
"သူတို့ ဘယ်ရောက်သွားလဲ?"
ကလေးသုံးဦးမှာ ပုံမှန်အားဖြင့် မနက်စောစော ထလေ့ရှိသည်။ သူတို့ မနေ့က ကစားခဲ့သည့်အတွက် အလွန်အမင်း မောပန်းနေသဖြင့် မထနိုင်ခြင်းလား?
အန်းနင် ပြုံးပြီး ပြောလိုက်သည်။
"သူတို့ လယ်ဘက်ကိုထပ်သွားတယ်၊ နွားနို့ညှစ်တာကို ကြည့်ချင်တယ်လို့ ပြောတယ်၊ အန်တီဝမ်နဲ့ တခြားသူတွေကို သူတို့နဲ့အတူလိုက်သွားဖို့ ကျွန်မ ခိုင်းလိုက်တယ်"
ကလေးများမှာ သဘာဝအတိုင်း စူးစမ်းလိုစိတ် ရှိကြပြီး နန်ယု သူတို့အား ကန့်သတ်ရန်မလိုချေ။ သူတို့ ဘယ်သွားရမည်ကို သိနေသရွေ့ လုံလောက်သည်။
သို့သော် သူမ နံနက်စာ စားရန် ထိုင်လိုက်သည်နှင့် အန်တီဝမ်မှာ ရုတ်တရက် အပြေးအလွှားဝင်လာခဲ့ပြီး သူမ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်မှာရှင်းလင်းလို့နေ သည်။
"သခင်လေးနဲ့ တခြားသူတွေ ပြန်လာကြပြီလား!"