← Chapters

ရုတ်တရက်အလှည့်အပြောင်း ၃

Vol. 74 Ch. 1099

ရုတ်တရက်အလှည့်အပြောင်း ၃

Vol. 74 Ch. 1099

"အရင်ဆုံး မင်းစံအိမ်မှာလုပ်ရင် ပြဿနာမဖြစ်စေရဘူး... အလေးအနက်လုပ်ရမယ်''

"နောက်တစ်ခုက ငါမင်းကိုမျက်နှာသာမပေးနိုင်ဘူး... ငါ့ထက်အကြီးတွေရဲ့အစီအစဉ်တွေကို ငါလိုက်နာရတယ်... စီနီယာတွေဆီကနေသေချာလေ့လာရတယ်... သူဌေးကိုအခက်အခဲမဖြစ်စေချင်ဘူး''

သူ့ကိုလူတွေဆက်ဆံတဲ့နည်းလမ်းက သူဌေးကမျက်နှာပေးခြင်းကြောင့်ဖြစ်၍ သူဌေးကိုမျက်နှာပျက်အောင်လုပ်လို့မဖြစ်။

ချန်ဟွေ့ကနားထောင်ရင်း ချက်ချင်းပြောလိုက်သည်_

"အဘိုး.. ကျွန်မသိပါတယ်... အဘိုးမြေးက အဲလောက်အတယ်ထင်လို့လား? သူဌေးရှေ့မှာ အဘိုးကိုအရှက်ရအောင်လုပ်ရင် ကျွန်မရှေ့ရေးဘာကောင်းမလဲ?''

"သိရင်ပြီးတာပဲ''

ဆရာလင်းခေါင်းညိမ့်သည်။

သားမက်နှစ်ယောက်နှင့်ထမင်းစားပြီး ဆရာလင်းက ချန်ဟွေ့ကိုအပန်းဖြေစံအိမ်မာတီမီဒီယာဌာနပြန်ခေါ်သွားသည်။

…

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကရုံးခန်းထဲတွင် သူ့ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များအပြီးသတ်စေသည်။ ထို့နောက် သတ္တုမြို့တော်လျှောက်ပတ်ပြီး မျိုးစေ့ဆိုင်နှင့်စာကြည့်တိုက်ကိုကြည့်စေသည်။

မျိုးစေ့ဆိုင်မှာ အာကာသမျိုးစေ့မရှိသေး။

စာကြည့်တိုက်ကလည်း ဒီအတိုင်း။

မေရီကအရှေ့ခုံမှာထိုင်ပြီး သူ့ကို'ဒီနေ့အံ့ဖွယ်ကျောက်စာအကြောင်းမစဉ်းစားနဲ့'ဟုပြောနေသလိုပင်။

ထို့နောက် သူရုံးခန်းအပြင်လျှောက်လာသည်။ ဧည့်ခန်းအပြင်မှမျိုးပြောင်းအာကာသနွယ်ကိုနေရာရွှေ့ထားသည်။ စံအိမ်မြောက်ဘက်ထောင့်ရောက်မှသာတွေ့တော့သည်။

ကျောက်မိုချင်းက ထိုမျိုးပြောင်းအာကာသနွယ်များကို စံအိမ်ထဲမှပန်းအိမ်အလှဆင်ရန်စီစဉ်ထားသည်။

ပန်းအိမ်အလှဆင်ရန် ချင်းလင်စံအိမ်အင်ဂျင်နီယာဌာနကို လင်းဟန်ကဦးဆောင်သည်။

နောက်ပြီး သူမစီနီယာအစ်ကိုအစ်မများနှင့်ချိန်းထားသည်။

ပန်းအိမ်ပြီးရင် စီနီယာအစ်ကိုအစ်မတွေအလုပ်သိမ်းပြီးရောက်လာလောက်ပြီ။ အဲဒီအချိန်ကျရင် တောင်ပေါ်ပန်းအိမ်အကြောင်းဆွေးနွေးကြမည်။

ကျောက်မိုချင်းကလည်း ပြန်လည်ပြင်ဆင်သည့်အခြေအနေတိုးတက်မှုကို ဘေးမှကြီးကြပ်သည်။ ပန်းအိမ်ကိုသူမဘယ်လောက်သဘောကျကြောင်းမြင်နေရသည်။

"ဥက္ကဌချင်!''

လင်းဟန်က ချင်လင်ကိုမြင်မြင်ချင်းနှုတ်ဆက်သည်။

"ယောက်ျား.. ပြင်ဆင်ထားတာကြည့်ပါဦး''

ကျောက်မိုချင်းက ချင်လင်ကိုပန်းအိမ်ဆီဆွဲခေါ်လာသည်။

ဂိမ်းထဲတွင် ပန်းအိမ်အပြင်အဆင်နှင့်သာမန်အိမ်အပြင်အဆင်ကွာသည်။

သို့ရာတွင် လင်းဟန်မှာ အနုပညာမျက်စိနှင့်လုပ်နိုင်စွမ်းရှိသည်ဟုဆိုရမည်။ သူမဒီဇိုင်းကိုဖြစ်စေ၊ သူများဒီဇိုင်းဖြစ်စေ၊ ကောင်းကောင်းပြင်ဆင်နိုင်သည်။

ဒါကြောင့်လည်း ကျောက်မိုချင်းကအရင်းအနှီးထုတ်ပေးခြင်းပင်။

ချင်လင်က ကျောက်မိုချင်းနှင့်အတူ ပန်းအိမ်အပြင်အဆင်ကိုကြည့်သည်။ သူတို့စံအိမ်ထဲမှထွက်မည်အပြုတွင် ကောင်းယောင်ယောင်အလောတကြီးရောက်လာပြီး_

"သူဌေး.. တစ်ခုခုတော့ဖြစ်နေပြီ... ဝမ်ချိုင်တို့ကိုလိုက်ကြည့်ပါဦး''

"ဝမ်ချိုင်တို့ဘာဖြစ်လို့လဲ?''

ကောင်းယောင်ယောင်လောနေပုံကိုကြည့်ပြီး ချင်လင်ကမျက်မှောင်ကြုတ်မေးသည်။

ကောင်းယောင်ယောင်က လောလောနှင့်ရှင်းပြ၏_

"ကျွန်မလည်းမသိဘူး... ဧည့်ခန်းထဲမှာ လုံးဝမလှုပ်ကြဘူး... သူတို့ကိုယ်လုံးတွေကပူပြီး မျက်စိကဂနာမငြိမ်ဘူး... အစ်မကွေ့ကျူကိုတော့ ဆရာဝန်ခေါ်လာပြီးစစ်ပေးဖို့ပြောထားတယ်!''

ချင်လင်နှင့်ကျောက်မိုချင်းကကြားကြားချင်း ဧည့်ခန်းထဲခပ်သုတ်သုတ်ပြန်ပြေးကြသည်။ အမှန်ပင်။ ဝမ်ချိုင်ကကြမ်းပေါ်လဲပြီး လျှာထွက်နေသည်။ သူ့ဘေးတွင် ရှောင်ရွှယ်ကခွေနေ၏။

ဘေးတွင်ရှဉ့်လေးမွေးနီက ပျာယီးပျာယာနှင့်ဝမ်ချိုင်ကိုပတ်ပြေးနေသည်။ သူစိတ်ပူကြောင်းပြောနေသလိုလို ထိုနှစ်ကောင်ကိုကြည့်ပြီးတကျွိကျွိအော်သည်။

သူစိတ်ပူနေပုံမှာ အရင်ကကြောင်နဲ့ကြွက်လိုမတည့်ခဲ့တာမဟုတ်သည့်အတိုင်း။

ဝမ်ချိုင်က ချင်လင်ကိုမြင်သောအခါ စအူသည်။ သူ့အသံကမထွက်လာဘဲ နည်းနည်းဝင်နေ၏။

ရှောင်ဝူက အတောင်ပံတဖျတ်ဖျတ်ခတ်ပြီး စားပွဲပေါ်ပျံလာကာ_

"သခင်.. ခွေးကပြောတယ်... သူနေရတာမကောင်းဘူးတဲ့!''

"ဘာလို့ ရုတ်တရက်ကြီးဒီလိုဖြစ်သွားတာလဲ?''

ချင်လင်ကငုတ်တုတ်ထိုင်ချပြီး ခွေးနှင့်မြေခွေးကိုစမ်းကြည့်သည်။ သူတို့ခန္ဓာကိုယ်အပူက အမွေးကနေတောင်ခံစားမိသည်။

ကောင်းယောင်ယောင်က ခေါင်းခါပြီး_

"မသိဘူး... ပြန်ရောက်ကတည်းက ဒီလိုဖြစ်နေကြတာ''

မကြာမီ ကျန်းကွေ့ကျူက တိရစ္ဆာန်ဆရာဝန်နှင့်ရောက်လာပြီး ဝမ်ချိုင်နှင့်ရှောင်ရွှယ်ကိုစစမ်းသပ်သည်။

သို့ရာတွင် တိရစ္ဆာန်ဆရာဝန်စမ်းသပ်နေရင်း သူတို့ပုံစံကပိုဆိုးလာပြီး အခြေအနေရှုပ်ထွေးလာသည်။

ညရောက်သည်အထိ တိရစ္ဆာန်ဆရာဝန်များဘာမှစမ်းသပ်မရချေ။

နောက်တစ်နေ့တွင် ချင်လင်နိုးလာပြီး သတင်းဆိုးကြားရသည်။

All Chapters