အိမ်မွေးတိရစ္ဆာန်ကုန်သည်ကိုပဲအားကိုးရမှာ ၂
Vol. 74 Ch. 1101
သူတို့နှစ်ဦးစကားပြောနေစဉ် အတွင်းရေးမှူးဝင်လာပြီး စာဖိုင်တစ်ခုပေးသည်။
စာဖိုင်ကြည့်ပြီး နှစ်ယောက်သားမျက်နှာပိုပျက်သွားကြသည်။ တိရစ္ဆာန်များကိုဦးတည်ထားသောကာကွယ်ရေးစာဖိုင်ဖြစ်ပြီး နာနေသောတိရစ္ဆာန်များသီးသန့်ထားရမည်တဲ့။
တနည်းပြောရရင် ဒီအခြေအနေက ရုံချန်းမှာတင်ဖြစ်နေတာမဟုတ်။ တခြားနေရာမှတိရစ္ဆာန်များလည်း ပြဿနာတက်နေကြသည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်ကရုံးခန်းထဲပြန်ရောက်ခါရှိသေး၊ ကျောက်မိုချင်းအလောတကြီးဝင်လာပြီး_
"ယောက်ျား.. ဒီနေ့ခရီးသည်တွေလက်မခံဖို့မှာထားတယ်... ဝမ်ချိုင်တို့ရော?''
ချင်လင်ကမျက်မှောင်ကြုတ်ပြီး_
"ဘာဖြစ်နေမှန်း မသိရသေးဘူး... တိရစ္ဆာန်ဆရာဝန်တွေလည်း ဘာမှမတွေ့ဘူး... မွေးမြူရေးခြံကတိရစ္ဆာန်တွေလည်း အဲဒီအတိုင်းပဲ''
ကျောက်မိုချင်းကဖုန်းထုတ်ပြီး သတင်းဗီဒီယိုဖွင့်ကာ ချင်းလင်ကိုပေးရင်း_
"တို့စံအိမ်တင်မဟုတ်ဘူး... တစ်နိုင်ငံလုံးဖြစ်နေတာ... တိရစ္ဆာန်အများစုမှာ အဲလိုရောဂါဖြစ်နေတယ်''
ချင်လင်က သတင်းယူကြည့်လိုက်သည်။ အမှန်ပင်။ တိရစ္ဆာန်များရောဂါဖြစ်နေသည်။
"အားလုံးမြင်တဲ့အတိုင်းပဲ... မြို့တော်ရဲ့အိမ်မွေးတိရစ္ဆာန်ဆေးရုံအသစ်တွေမှာ ပြည့်နေပါပြီ... ပြီးတော့ ပိုင်ရှင်တွေကလည်း သူတို့ရဲ့အမွေးဖွားကလေးတွေ ရုတ်တရက်နေမကောင်းဖြစ်တာတွေ့ရတယ်... အကုန်ချိနဲ့ပြီး ပူခြစ်နေတယ်... အခုထိတော့ ရောဂါဖြစ်ကြောင်းကိုမသိရသေးပါဘူး... အခုဆို တစ်နိုင်ငံလုံးကတိရစ္ဆာန်တွေမှာ ဒီလိုဆက်စပ်တဲ့ရောဂါတွေတွေ့နေရပါပြီ''
သတင်းကြည့်ပြီး အခြေအနေပြင်းထန်မှန်း ချင်လင်သိလိုက်သည်။ အစက သူ့ခြံမှာပဲဖြစ်သည်ဟုထင်ခဲ့သည်။ တစ်နိုင်ငံလုံး ဒီလိုဖြစ်နေမည်ဟုမထင်မိ။
လုံးဝသတင်းဆိုးပင်။
ဘာရောဂါဖြစ်ဖြစ် ရိုက်ခတ်နေပြီ။ နောက်ပြီး နိုင်ငံတော်အဆင့်ဖြစ်၍ ဒီထက်ဆိုးတာမရှိတော့။
ချင်လင်က နောက်ထပ်သုံးလေးပုဒ်ထပ်ကြည့်ရာ လိုင်းပေါ်တွင် ဒီအကြောင်းဗီဒီယိုများတက်နေသည်ကိုတွေ့ရသည်။
"ခွေးလေးကောင်ရှိတာ.. တစ်ကောင်က မနေ့ကနာလို့ အိမ်မွေးတိရစ္ဆာန်ဆေးရုံပို့ရတယ်... ဒါပေမဲ့ ဒီမနက်နိုးလာတော့ ကျန်တဲ့သုံးကောင်ပါနာနေပြီ... ဆေးရုံကလည်း မတတ်နိုင်ဘူး... ဘယ်လိုလုပ်ရမလဲပြောကြပါဦး?''
ခွေးပိုင်ရှင်တစ်ယောက်က စိတ်ပျက်လက်ပျက်ပြောသည်။
"ဒီနှစ်မှ မွေးမြူရေးခြံမှာရင်းနှီးမြှုပ်နှံတာ... ချင်းလင်မွေးမြူရေးခြံက နွားသုတ်ရည်တောင်ယူခဲ့သေးတယ်... မနေ့က ဒီလောက်နွားတွေအများကြီးနာလာမယ်လို့ဘယ်ထင်မလဲ? ဆေးလည်းမတိုးဘူး''
ခြံပိုင်ရှင်တစ်ယောက်ကစိတ်ပျက်ပျက်နှင့် သူ့ခြံအတွက်အကူအညီတောင်းလာသည်။
နိုင်ငံအနှံ့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များ၊ ခြံပိုင်ရှင်များက ဗီဒီယိုများတင်ကြသည်။
ဗီဒီယိုများဆက်ကြည့်ပြီးနောက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှတင်သောတရားဝင်ဗီဒီယိုတစ်ပုဒ်ကို ချင်လင်တွေ့ရသည်:
"ကူးစက်နှုန်းပြင်းထန်တဲ့တိရစ္ဆာန်ရောဂါတစ်မျိုးက ရုတ်တရက်တစ်နိုင်ငံလုံးပြန့်လာပါတယ်... လက်ရှိ ဘာမှန်းမသိသေးတဲ့အခြေအနေပါ... ဒီရောဂါက တိရစ္ဆာန်တွေခန္ဓာကိုယ်မှာ တစ်လလောက်အောင်းနေမယ်လို့ပဲသိထားပါတယ်... နေရာအသီးသီးမှာ တိရစ္ဆာန်တွေကိုသီးသန့်ထားပါမယ်... အားလုံး တက်တက်ကြွကြွပါဝင်ပေးမယ်လို့မျှော်လင့်ပါတယ်... လတ်တလော လူတွေကိုအန္တရာယ်ပေးတာတော့ မတွေ့ရသေးပါဘူး... အဲဒါကြောင့် အားလုံးစိတ်ချလက်ချနေလို့ရပါတယ်!''
ချင်လင်ကသတင်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေက သူထင်တာထက်ပိုဆိုးသည်။ ဒီကူးစက်ရောဂါက လူကိုအန္တရာယ်မပေး၍သာတော်တော့သည်။
မဟုတ်ရင် သူတို့စံအိမ်မှာ ခရီးသည်တွေအများကြီး။ တစ်လအတွင်းဆို ခရီးသည်ဘယ်နှစ်ယောက်ရှိမည်မပြောနိုင်။
ထိုအချိန်_
လိုင်းပေါ်မှာလည်း အုတ်အော်သောင်းတင်းဖြစ်နေသည်။
ဒါမျိုးဖြစ်လာမည်ဟု ဘယ်သူမှမထင်မိ။
အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်ရှိသူများ၊ မွေးမြူရေးခြံပိုင်ရှင်များက စောင့်ကြည့်နေကြသည်။
ရောဂါကလူကိုအန္တရာယ်မပေးပေမဲ့ ပိုင်ရှင်ကအချိန်ပေးပြီးမမွေးရတဲ့တိရစ္ဆာန်ရှိလား?
ခံစားရသည်ပင်။
နောက်ပြီး စိုက်ပျိုးရေးခြံက မိသားစုအသက်မွေးဝမ်းကြောင်းဖြစ်သည်။ တိရစ္ဆာန်တွေကူးစက်ခံရရင် ဘာလုပ်ရမည်မသိတော့။
…
ချင်လင်ကဖုန်းချပြီး ချက်ချင်းကျောက်မိုချင်းအား_
"မိုချင်း.. ဆေးစာအုပ်ထဲမှာ ကိုယ်ဒီလိုရောဂါမျိုးဖတ်ဖူးတယ်ထင်တယ်... ကိုယ်လေ့လာပြီး ဆေးရှိမရှိကြည့်လိုက်ဦးမယ်''
ထို့နောက် သူ့ရုံးခန်းထဲဝင်လာသည်။
ဒီအခြေအနေမှာ ဂိမ်းထဲကအိမ်မွေးတိရစ္ဆာန်ကုန်သည်ကိုသာ အားကိုးရတော့မည်။
အိမ်မွေးတိရစ္ဆာန်ကုန်သည်က တိရစ္ဆာန်အတွက်ဆေးအမျိုးမျိုးရောင်းသည်။
ဒါပေမဲ့ သူဆေးထုတ်လာရင် ဘယ်ကရကြောင်းပြောရတော့မည်။ ဆေးစာအုပ်အပေါ်ပုံချပြီး တရုတ်တိုင်းရင်းဆေးနည်းဟုသာပြောရမည်။
ရုံးခန်းထဲပြန်ရောက်သောအခါ သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား အိမ်မွေးတိရစ္ဆာန်ကုန်သည်ဆီသွားစေသည်။
အိမ်မွေးတိရစ္ဆာန်ကုန်သည်ပေါ်နှိပ်လိုက်ရာ ပင်ဂွင်းနှင့်ဖျံကဲ့သို့တိရစ္ဆာန်စာရင်းများပေါ်လာ၏။ အောက်ဆက်ဆွဲကြည့်သောအခါ တိရစ္ဆာန်ကုဆေးအမျိုးမျိုးတွေ့ရသည်။
ပထမဆုံးက သူရင်းနှီးနေသောအိမ်မွေးတိရစ္ဆာန်အနာကျက်ဆေးပင်။
အနာကျက်ဆေးက ထိခိုက်ဒဏ်နာကုသနိုင်သည်။
မွေးနီတစ်ခါ အကူအညီတောင်းဖူးသည်။ ကိုယ်ဝန်ဆောင်ထားသောရှဉ့်ထိခိုက်မိတုန်းက အနာကျက်ဆေးထိုးပေးခဲ့သည်။
သို့ရာတွင် အနာကျက်ဆေးက ထိခိုက်ဒဏ်နာကိုသာကုနိုင်သည်။
နောက်တွင် ဆေးထိုးအပ်နံပါတ် ၀၂၊ ၀၃၊ ၀၄ ရှိသည်။
ဆေးထိုးအပ်တစ်မျိုးစီတွင်နံပါတ်ရှိပြီး အာနိသင်ကွဲပြားသည်။ အိမ်မွေးတိရစ္ဆာန်ရောဂါမျိုးစုံကုနိုင်သည်။
ခဏအကြာ ချင်လင်က ဆေးရည်တစ်မျိုးကိုနှိပ်လိုက်သည်။ ဆေးထိုးအပ်နံပါတ် ၆။
ဆေးထိုးအပ်နံပါတ် ၆ က ကူးစက်ရောဂါအမျိုးမျိုးကိုကုသနိုင်သည်။
(ဆေးထိုးအပ်နံပါတ် ၆ ကိုဝယ်လိုပါသလား?)
ချင်လင်က ဝယ်မည်ကိုရွေးပြီး ၅ ချောင်းဝယ်ပစ်လိုက်သည်။ ဝမ်ချိုင်၊ရှောင်ရွှယ်၊မွေးနီ၊ရှောင်ဝူ၊ရှောင်ပေါင်တို့ကိုအရင်ကုပြီးမှ မွေးမြူရေးခြံကတခြားတိရစ္ဆာန်တွေကိုကုမည်။
ဆေးထိုးအပ်နံပါတ် ၆ ဝယ်ပြီးနောက်_
ချင်လင်က ဂိမ်းဇာတ်ကောင်အားစိုက်ပျိုးရေးခြံပြန်စေပြီး တံခါးလော့ချကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
ထို့နောက် ဆေးထိုးအပ်နံပါတ် ၆ မှတ်ချက်ကိုဖတ်သည်:
(ဆေးထိုးအပ်နံပါတ် ၆)
'အိမ်မွေးတိရစ္ဆာန်အတွက်သုံးသောအထူးအပ်ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်ကူးစက်ရောဂါကိုကုနိုင်ပြီး အလွန်ထိရောက်သည်!)