အိမ်မွေးတိရစ္ဆာန်ကုန်သည်ကိုပဲအားကိုးရမှာ ၃
Vol. 74 Ch. 1102
ချင်လင်က ဆေးထိုးအပ်နံပါတ် ၆ ကိုယူပြီး ဂိမ်းထဲမှထွက်လာသည်။
ရုံးခန်းထဲပြန်ရောက်သောအခါ ဆေးထိုးအပ်တံဆိပ်ကိုဖြဲပြီး စံအိမ်အတွင်းဘက်ပြန်လာ၊ နည်းနည်းပုံဖျက်ပြီးမှ အိမ်မွေးတိရစ္ဆာန်ဌာနဆီထွက်လာသည်။
ဝမ်ချိုင်၊ရှောင်ရွှယ်၊မွေးနီ၊ရှောင်ဝူ၊ရှောင်ပေါင်တို့ကို သီးသန့်ထားသည်။ တခြားကူးစက်ခံရသောတိရစ္ဆာန်များလိုခွဲမထားဘဲ အိမ်မွေးတိရစ္ဆာန်ဌာနဆေးကုခန်းထဲတွင်စီစဉ်ပေးထားသည်။
ဒီ ၅ ကောင်အခြေအနေက ပိုပြင်းထန်သည်။
"ဝု ဝု ဝု!''
ဝမ်ချိုင်က ချင်လင်ကိုမြင်သောအခါ အမှားလုပ်ထားသောကလေးလိုအသံတိုးတိုးနှင့်ခေါ်သည်။
"သခင်.. နေလို့မကောင်းဘူး... ရှောင်ဝူနေလို့မကောင်းဘူး''
ရှောင်ဝူအသံက ကလေးငိုနေသလိုပင်။
"ဥက္ကဌချင်.. သူတို့အခြေအနေက ပိုဆိုးလာတယ်... ဆေးမျိုးစုံစမ်းကြည့်ပြီးပြီ... ဒါပေမဲ့ အသုံးမဝင်ဘူး''
ကျန်းကွေ့ကျူက ချင်လင်ကိုမြင်ပြီး လောလောနှင့်တင်ပြသည်_
"လောလောဆယ် ကျွန်မတို့မွေးမြူရေးခြံက ဒီပြဿနာကိုမဖြေရှင်းနိုင်ဘူး... တိရစ္ဆာန်ထိန်းသိမ်းရေးဌာနကသတင်းကိုစောင့်ရမှာပဲ''
ချင်လင်က ဆေးထိုးအပ်နံပါတ် ၆ ကိုထုတ်ပြီး ကျန်းကွေ့ကျူကိုပေးကာ_
"သူတို့ကို ဒါထိုးပေးလိုက်''
ကျန်းကွေ့ကျူကြောင်သွားသည်။ ရှဉ့်ကိုဆေးကုပေးတုန်းကလည်း သူဌေးထုတ်ပေးတာမှတ်မိသည်။
အဲဒီတုန်းက ရှဉ့်လေးအခြေအနေကိုမကယ်နိုင်။ သေလုနီးနီးဖြစ်နေသော်လည်း ဆေးကြောင့်မြန်မြန်သက်သာခဲ့သည်။
သူမကအချိန်မဆွဲရဲ။ ဆေးထိုးအပ်ယူပြီး ဝမ်ချိုင်တို့ကိုထိုးပေးလိုက်သည်။
ဆေးထိုးပြီးနောက် ကျန်းကွေ့ကျူက ဘေးနားမှတိရစ္ဆာန်ဆရာဝန်အား_
"ဒေါက်တာလင်း.. ဝမ်ချိုင်တို့ကိုကြည့်ထားပေးပါဦး''
“ကောင်းပါပြီ!”
ဒေါက်တာလင်းက ချက်ချင်းပြန်ဖြေသည်။
သို့ရာတွင် မကြာမီ လဲနေသောဝမ်ချိုင်တို့ပြန်ထောင်လာမည်ဟု ကျန်းကွေ့ကျူရောတိရစ္ဆာန်ဆရာဝန်ပါမထင်မိပေ။
ကျန်းကွေ့ကျူက ချက်ချင်းချင်လင်ကိုအသိပေးသည်။
ဒါဆေးထိုးအပ်နံပါတ် ၆ အာနိသင်မှန်း ချင်လင်သိသည်။ အခန်းထဲပြန်သွားသောအခါ ဒေါက်တာလင်းကအံ့ဩနေသောမျက်နှာနှင့်အစီရင်ခံသည်_
"ဝမ်ချိုင်တို့ခန္ဓာကိုယ်အပူချိန်က အမြန်ကျသွားတယ်''
ဒါသတင်းကောင်းပင်။
ကျန်းကွေ့ကျူက ပိုအံ့ဩနေသည်။ ဒီလိုထူးဆန်းတဲ့ဆေးမျိုး သူဌေးယူလာတာ ဒါဒုတိယအကြိမ်မြောက်ဖြစ်သည်။
"ဝု ဝု ဝု!''
ဝမ်ချိုင်အသံထွက်လာပြီး ချင်လင်ကိုသနားစဖွယ်အကြည့်နှင့်ကြည့်သည်။
"ဗိုက်ဆာတယ်.. တစ်ခုခုစားရအောင်.. ဗိုက်ဆာတယ်!''
ရှောင်ဝူလည်း အတောင်ပံတဖျတ်ဖျတ်ခတ်ပြီး ထအော်သည်။
ချင်လင်ကပြုံးပြီး ချင်းလင်ခွေးစာတန်းယူကာကျွေးခိုင်းသည်။ သူတို့စားနိုင်ရင် ပြဿနာမရှိတော့။
အမှန်ပင်။ ညပိုင်းတွင် ဝမ်ချိုင်တို့လုံးဝကောင်းသွားသည်။ ဂိမ်းထုတ်ကုန်များက စိတ်အချရဆုံးပင်။
ချင်လင်က ဝမ်ချိုင်တို့ကိုအပန်းဖြေစံအိမ်ထဲပြန်ခေါ်လာမှ ကျောက်မိုချင်းသက်ပြင်းချနိုင်သည်။
ဝမ်ချိုင်တို့ကို သူမအရမ်းစိတ်ပူခဲ့သည်။
ဆေးထိုးအပ်နံပါတ် ၆ က ရောဂါအတွက်ထိရောက်သောကြောင့် ချင်လင်ကရုံးခန်းထဲပြန်လာသည်။ မွေးမြူရေးခြံကတိရစ္ဆာန်တွေကို သူကုပေးရမည်။ ဒါပေမဲ့ ဒီဆေးကိုလက်သင့်ခံနိုင်အောင် ဘယ်လိုအကြောင်းပြရမလဲ အရင်စဉ်းစားရဦးမည်။
တရုတ်တိုင်းရင်းဆေးနည်းလို့ပြောရင် ဖော်စပ်နည်းလိုမည်။
သူကစဉ်းစားရင်း သူ့ဂိမ်းဇာတ်ကောင်အား အိမ်မွေးတိရစ္ဆာန်ကုန်သည်ဆီသွားကာ ဆေးထိုးအပ်နံပါတ် ၆ ဝယ်စေသည်။ ထို့နောက် ဂိမ်းထဲဝင်ပြီးဆေးယူကာ ချင်းလင်ဓာတ်ခွဲခန်းတန်းသွားလိုက်သည်။
အရင်ဆုံး ဆေးဖွဲ့စည်းပုံကိုစမ်းသပ်ပြီးမှ ဖော်စပ်နည်းအတွက်နည်းလမ်းရှာမည်။
တချိန်တည်းမှာ_
လိုင်းပေါ်တွင် တိရစ္ဆာန်များနာသောကြောင့် အုတ်အော်သောင်းတင်းဖြစ်နေသည်။
ဓာတ်ခွဲခန်းများက ရောဂါစမ်းသပ်ချက်ရလဒ်များကိုတစ်ခုပြီးတစ်ခုကြေညာကြသောကြောင့်ပင်:
"ကျွန်တော်တို့ Kageyama ဓာတ်ခွဲခန်းက ရုတ်တရက်ကြီးတိရစ္ဆာန်တွေနာလာတာကိုသုတေသနလုပ်နေပါတယ်... မထင်မှတ်ဘဲ ဗိုင်းရပ်စ်မျိုးစိတ်မှာ လူသားတွေကြောင့်ပါနေတာကိုတွေ့လိုက်ရပါတယ်''
"ကျွန်တော်တို့ထျန်းယွမ်တိရစ္ဆာန်ရောဂါသုတေသနအဖွဲ့က ထူးထူးခြားခြားရောဂါသုတေသနတွေလုပ်ဆောင်လျက်ရှိပါတယ်... ဒီရောဂါက တိရစ္ဆာန်တွေမှာသွေးခဲဗိုင်းရပ်စ်လက္ခဏာနဲ့ဆင်တယ်လို့ခန့်မှန်းထားပါတယ်... တိရစ္ဆာန်က တကိုယ်လုံးချိနဲ့ပြီးပူလာမယ်... အခြေအနေတစ်ခုရောက်ရင် သွေးခဲပြီးသေသွားမယ်''
"အဲဒါအတည်ဖြစ်ရင် အရမ်းဆိုးတဲ့ကိစ္စပါ... သွေးခဲဗိုင်းရပ်စ်ကိုမနိုင်သေးသလို နာတာကိုလည်းအပြည့်အဝမကုသနိုင်ပါဘူး!''
'အပူချိန်တက်သွေးခဲဗိုင်းရပ်စ်'ဆိုသောဝေါဟာရကြောင့် လိုင်းပေါ်ပွက်လောရိုက်သွားသည်။ တချို့က ဒီဗိုင်းရပ်စ်ကိုပလိပ်ရောဂါတစ်မျိုးဟုရှင်းပြထား၏။
၁၉၂၀ ခုနှစ်များက ဒီရောဂါကြောင့် တိရစ္ဆာန် ၁၀ ဘီလီခန့်နာခဲ့ပြီး ကြောက်စရာကောင်းလောက်သောအရေအတွက်မှာ အသေအပျောက်ရှိခဲ့သည်။
နောက်ပြီး မှတ်တမ်းများအရ ဒီရောဂါပေါ်လာတိုင်း တိရစ္ဆာန်အသေအပျောက်များသည်။ တစ်ကြိမ်နှင့်တစ်ကြိမ်လည်း ရောဂါမျိုးကွဲသည်။
ဒီရောဂါသာဆိုရင် ကြောက်ခမန်းလိလိပင်။ အခုကူးစက်ခံရတဲ့တိရစ္ဆာန်တွေကိုကုမရနိုင်လောက်၊ သေဖို့သာစောင့်နေရမည်။