← Chapters

ဂိမ်းထုတ်ကုန် ဓာတ်ခွဲမရ ၃

Vol. 74 Ch. 1105

ဂိမ်းထုတ်ကုန် ဓာတ်ခွဲမရ ၃

Vol. 74 Ch. 1105

လိုင်းပေါ်တွင်အချက်အလက်မရှိသောကြောင့် အပြင်ဓာတ်ခွဲခန်းတွေမှာ ဒီလိုပစ္စည်းမျိုးမထွက်ဖူးသည့်သဘောပင်။

ထင်တဲ့အတိုင်း ဂိမ်းကဂိမ်းပဲ။

ခဏအစွမ်းပြမယ်။ ပြီးရင် နည်းလမ်းမကျ၊ဖြေရှင်းမရတာတွေပေးမယ်။

"ဝန်ကြီးလုကိုမေး''

လီခိုင်ကအကြံပေးသည်_

"တရုတ်သိပ္ပံအကယ်ဒမီရဲ့ဆေးနဲ့ဒြပ်ပေါင်းအချက်အလက်တွေက အပြင်နဲ့ယှဉ်မရဘူး... တစ်ခုခုတွေ့ချင်တွေ့နိုင်တယ်''

ချင်လင်ကခေါင်းညိမ့်ပြီး တရုတ်သိပ္ပံအကယ်ဒမီမှဝန်ကြီးလုထံ ချက်ချင်းဖုန်းဆက်လိုက်သည်။

တဖက်တွင်_

ဝန်ကြီးလုလည်း အသည်းအသန်လုပ်နေရသည်။

တိရစ္ဆာန်များနာလာပြီးနောက် တရုတ်သိပ္ပံအကယ်ဒမီဆေးသုတေသနအဖွဲ့က အားချင်းစမ်းသပ်လေ့လာရသည်။ သို့ရာတွင် အပူချိန်မြင့်သွေးခဲဗိုင်းရပ်စ်ကိုလွယ်လွယ်ဖြေရှင်းမရပေ။

ဒါမှမဟုတ် အရင်ကလို တိရစ္ဆာန်တွေအသေအပျောက်များပြီး ဗိုင်းရပ်စ်မပြန့်နိုင်တော့တဲ့အထိ ရလဒ်မရှိဘဲဖြစ်နေမလား?

ဒါပေမဲ့ ဒီတစ်ခါ အရင်ထက်ပိုထူးဆန်းပြီး ပိုပြင်းထန်သည်။ တိရစ္ဆာန်အမျိုးစုံဖြစ်သည်။ အရင်မှတ်တမ်းများတွင် တိရစ္ဆာန်တစ်မျိုးနှစ်မျိုးသာဖြစ်ကြသည်။

အခုပြည်တွင်းတိရစ္ဆာန်များအပြင် တစ်ကမ္ဘာလုံးပြန့်နေသည်။

လက်ရှိအခြေအနေအရ အရင်အဖြေရှာနိုင်သူက ဒီကိစ္စမှာဦးစီးဦးဆောင်ဖြစ်မည်။

ဖုန်းမြည်လာသည်။ ချင်လင်နံပါတ်ဖြစ်နေသောကြောင့် ဝန်ကြီးလုကချက်ချင်းဖုန်းကိုင်ပြီး_

"သူဌေးချင်.. မင်းရဲ့ခြံရော ဘယ်လိုနေလဲ?''

"နည်းနည်းဆိုးတယ်''

ချင်လင်ကဖြေပြီး လိုရင်းတန်းပြောလိုက်သည်_

"ဝန်ကြီးလု.. ကျွန်တော့်မှာ နှိုင်းယှဉ်ကြည့်ဖို့လိုတဲ့ဒြပ်ပေါင်းတချို့ရှိတယ်... အဲဒါနဲ့သက်ဆိုင်တဲ့အချက်အလက်တွေ ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းကိုပေးလို့ရမလား''

ဝန်ကြီးလုကကြောင်သွားပြီး အမှတ်တမဲ့မေးလိုက်သည်_

"တိရစ္ဆာန်ရောဂါအတွက်လား?''

ချင်လင်ကပုံပြောပြန်သည်_

"ဝန်ကြီးလု.. ကျွန်တော့်မှာ အဲဒီရောဂါအတွက်ထိရောက်တဲ့တရုတ်တိုင်းရင်းဆေးရှိတယ်... ဒါပေမဲ့ ဖော်စပ်တဲ့သူမရှိလို့ နည်းမသိဘူး... စမ်းသပ်ကြည့်တော့ ဒြပ်ပေါင်းတွေရဲ့အချက်အလက်ကိုလုံးဝရှာမရဘူး... အဲဒါကြောင့် အကူအညီတောင်းတာပါ''

"အမှန်ပဲလား''

ဝန်ကြီးလုက စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်။

အရင်ရောဂါတွေလိုမကုနိုင်မှာသူစိုးရိမ်နေပေမဲ့ ဒါသတင်းကောင်းပင်။

ဒီရောဂါကနိုင်ငံတကာမှာဖြစ်နေပြီး အရေးပေါ်အခြေအနေရောက်နေသည်။

သူတို့သာအဖြေရှာနိုင်ရင် ဘယ်လိုအဓိပ္ပါယ်ရှိမလဲ သူသိသည်။

"ရတယ် သူဌေးချင်''

ဝန်ကြီးလုကပြတ်ပြတ်သားသားသဘောတူပြီးနောက် တောင်းခံမည့်အသံနှင့်_

"ပြီးတော့ အဲဒီဆေးနဲ့သက်ဆိုင်ရာအချက်အလက်တွေ ငါတို့ကိုရောပေးလို့ရမလား?''

ချင်လင်စကားကို သူသံသယမရှိ။

ဘာပဲဖြစ်ဖြစ် ချင်လင်က တရုတ်တိုင်းရင်းဆေးဆရာကြီးတစ်ဦးထံမှဆေးပညာလေ့လာထားကြောင်း တရုတ်သိပ္ပံအကယ်ဒမီကသိသည်။

သူ့တရုတ်တိုင်းရင်းဆေးပညာနှင့်ဝိုင်စိမ်နည်းများကို ထိုဆရာကြီးကသင်ပေးခဲ့ခြင်းဖြစ်သည်။

ထိုဆရာကြီးက သူဌေးချင်အတွက် နှစ်ချို့ဝိုင်များနှင့်ဆယ်စုနှစ်ချီဝိုင်သိုလှောင်ခန်းကိုတောင်ချန်ထားခဲ့သည်။

ဒီဆေးကိုဆရာကြီးချန်ထားခဲ့ပုံရသော်လည်း ဖော်စပ်နည်းမသိသောကြောင့် သူဌေးချင်က ပါဝင်ပစ္စည်းများစမ်းသပ်ကြည့်ခြင်းဖြစ်မည်။

ဒီလိုတောင်းဆိုလာခြင်းက အဖွဲ့လိုက်အတူတူစမ်းသပ်ချင်သောကြောင့်ပင်။

သူတို့စမ်းသပ်နိုင်စွမ်းက ချင်းလင်ဓာတ်ခွဲခန်းထက်သာတယ်မလား?

အဖြေမြန်မြန်ရှာတွေ့လေ ကောင်းလေပင်။

တစ်ခါတလေ လူတစ်ယောက်ခေါင်းထဲကအရာကို ပိုပြီးအလေးအနက်ထားရမည်။

"ရပါတယ်''

ချင်လင်လည်း ဝန်ကြီးလုတောင်းဆိုချက်ကိုသဘောတူလိုက်သည်။

ဆေးကိုဓာတ်ခွဲမရသေး။ ဓာတ်ခွဲရရင်တောင် အမြန်ဆုံးအသုံးချနိုင်ရန် တရုတ်သိပ္ပံအကယ်ဒမီ၏အထောက်အပံ့လိုမည်။

"သူဌေးချင် ကျေးဇူးအများကြီးတင်ပါတယ်''

ဝန်ကြီးလုကကျေးဇူးတင်စကားပြော၍ဖုန်းချပြီးနောက် စစီစဉ်သည်။

မကြာမီ တရုတ်သိပ္ပံအကယ်ဒမီမှအချက်အလက်များကို ချင်းလင်ဓာတ်ခွဲခန်းကရသည်။

တချိန်တည်းမှာ_

မာဟုန်လည်း တရုတ်သိပ္ပံအကယ်ဒမီကိုသွားသည်။ ချင်လင်၏ဆေး၊စမ်းသပ်ချက်နှင့်ဒြပ်ပေါင်းများကို ဝန်ကြီးလုဆီသွားပို့သည်။

ချင်လင်နှင့်လီခိုင်လည်း တရုတ်သိပ္ပံအကယ်ဒမီမှအချက်အလက်များနှင့် ဒြပ်ပေါင်း ၇ ခုကိုချက်ချင်းနှိုင်းယှဉ်ကြည့်သည်။

သို့ရာတွင် နောက်ဆုံး တစ်ခုမှကိုက်ညီခြင်းမရှိ။

တနည်းပြောရရင် ဒီဒြပ်ပေါင်း ၇ ခုကိုအရင်ကမတွေ့ဖူးကြ။ အသစ်ရှာဖွေတွေ့ရှိသောဒြပ်ပေါင်းမျိုးဖြစ်သည်။

ဒါလုံးဝသတင်းကောင်းမဟုတ်။

ဒြပ်ပေါင်းအသစ်ဖြစ်၍ အစက စရတော့မည်။

သို့ရာတွင် သူတို့ကြိုးစားသော်လည်း ထိုဒြပ်ပေါင်းကိုစမ်းသပ်နိုင်မည့်နည်းရှာမတွေ့။ ရှုပ်ထွေးလွန်းသည်။

"ညီလေးချင်.. အလုပ်မဖြစ်ဘူး... ဒီ ၇ ခုကိုဓာတ်ခွဲဖို့ ဘယ်လောက်ကြာမယ်မသိဘူး''

လီခိုင်မျက်မှောင်ကြုတ်နေသည်။

ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဂိမ်းထုတ်ကုန်ဖြစ်သည်။ ဓာတ်ခွဲရဒီလောက်လွယ်ရင် သူအရင်ကထုတ်ခဲ့သမျှ သူများတွေဓာတ်ခွဲရလောက်ပြီ။

ဒီလိုစမ်းသပ်ချက်မျိုးက လုံးဝမလွယ်ပေ။

တခြားအလုပ်ဖြစ်မည့်နည်းကိုစဉ်းစားရမည်။

အဲဒီနည်းမှမရရင် မတတ်နိုင်တော့။

ထို့အတူ တရုတ်သိပ္ပံအကယ်ဒမီကဆေးရပြီးနောက် ချက်ချင်းလူစုကာ စတင်စမ်းသပ်သည်။ အထူးသဖြင့် ချင်လင်နှင့်လီခိုင်တွေ့ထားသောဒြပ်ပေါင်း ၇ ခုပင်။

သို့သော် မကြာမီ တရုတ်သိပ္ပံအကယ်ဒမီမှာ ထိုဒြပ်ပေါင်း ၇ ခုကိုရှာရခက်သောကြောင့် အံ့ဩကုန်သည်။ အချိန်တိုအတွင်း စမ်းသပ်ရဖို့မဖြစ်နိုင်။

စမ်းသပ်မှုကိုတာဝန်ခံထားသောတော်ဝင်ပညာရှင်နှစ်ဦးက ဝန်ကြီးလုကိုချက်ချင်းသွားရှာသည်။

"အခြေအနေဘယ်လိုလဲ?''

ဝန်ကြီးလုက လောလောနှင့်မေးသည်။

"အဲဒီဒြပ်ပေါင်း ၇ ခုက အရမ်းရှုပ်ထွေးတယ်''

တော်ဝင်ပညာရှင်တစ်ဦးက တန်းဖြေသည်_

"ဒီလောက်ရှာရခက်တာမျိုးတွေ့ဖူးတာ ဒါပထမဆုံးပဲ''

"စမ်းသပ်နိုင်မယ့်နည်းမရှိဘူးလား?''

ဝန်ကြီးလုက ထပ်မေးပြန်သည်။

နောက်တော်ဝင်ပညာရှင်တစ်ဦးက_

"နည်းမရှိတာတော့မဟုတ်ဘူး... အချိန်မလောက်တာ... ဒီဒြပ်ပေါင်း ၇ ခုလုံးကိုစမ်းသပ်ရဖို့ နှစ်လကြာချီသွားလိမ့်မယ်''

"ဘယ်လိုဖြစ်တာပါလိမ့်?''

ဝန်ကြီးလု သက်ပြင်းချလိုက်သည်။

ဒါတရုတ်တိုင်းရင်းဆေးမှဟုတ်ပါလေစဟု အားလုံးသံသယဝင်ကုန်သည်။

တရုတ်တိုင်းရင်းဆေးပါဝင်မှုက ဒီလောက်ရှုပ်ထွေးလား?

ကြည့်ရတာ သူတို့တရုတ်တိုင်းရင်းဆေးအကြောင်းသေချာမသိ၍ဖြစ်မည်။

All Chapters