← Chapters

ဒေါက်တာ Dott ရဲ့ BUG

Vol. 74 Ch. 1106

ဒေါက်တာ Dott ရဲ့ BUG

Vol. 74 Ch. 1106

ဘယ်လောက်ခက်ခက် အတတ်နိုင်ဆုံးလုပ်ရမည်ဖြစ်သောကြောင့် ဝန်ကြီးလုလည်း တော်ဝင်ပညာရှင်နှစ်ဦးကိုမှာလိုက်သည်_

"တော်ဝင်ပညာရှင်တို့.. ဘာပဲဖြစ်ဖြစ် ကျုပ်တို့အကောင်းဆုံးလုပ်ရမယ်''

"သူဌေးချင် အခုစမ်းသပ်နေတာဖြစ်မယ်''

သူကဖြည့်ပြောသည်_

"ကျုပ်တို့မှာ အချက်အလက်တွေအများကြီးရှိတာ... သူ့ကိုရှုံးလို့မဖြစ်ဘူးမလား?''

ဝန်ကြီးလုက တော်ဝင်ပညာရှင်နှစ်ဦးကိုအားပေးခြင်းပင်။

ဘာပဲဖြစ်ဖြစ် သူဌေးချင်ကအရင်အဖြေထွက်နေရင် သူတို့အရှက်ရမည်။

တော်ဝင်ပညာရှင်နှစ်ဦးက ခေါင်းညိမ့်လိုက်သည်။

အဲဒီလူငယ်လေးကို လုံးဝရှုံးလို့မဖြစ်။

ဒါပေမဲ့ အနိုင်အရှုံးသဲကွဲဖို့အချိန်လိုသေးသည်။

ဒီဒြပ်ပေါင်း ၇ ခုကို သူဌေးချင်အချိန်တိုအတွင်းအဖြေမထုတ်နိုင်ဟု သူတို့ယုံကြည်ထားသည်။

တဖက်ကအလွယ်တကူရသွားရင် သူတို့အသုံးမကျရုံသာမက အပူချိန်မြင့်သွေးခဲဗိုင်းရပ်စ်ကိုလေ့လာနေတဲ့ဓာတ်ခွဲခန်းထဲကလူတွေလည်း အသုံးမကျဖြစ်သွားမည်။

တော်ဝင်ပညာရှင်နှစ်ဦးတွေးတောနေစဉ် ဝန်ကြီးလု၏အတွင်းရေးမှူးခပ်သုတ်သုတ်ရောက်လာပြီး_

"ဝန်ကြီးလု.. ဒီသတင်းကိုကြည့်ပါဦး... ကျွန်တော်တို့ကိုဆန့်ကျင်နေတယ်''

ဝန်ကြီးလုကဇဝေဇဝါနှင့်ဖုန်းယူလိုက်ရာ တော်ဝင်ပညာရှင်နှစ်ဦးလည်း အနားရောက်လာသည်။

ဖုန်းထဲတွင် နိုင်ငံတကာသတင်းတစ်ပုဒ်:

"အပူချိန်မြင့်ရောဂါဖြစ်ပွားနေတဲ့အတွက် အနောက်နိုင်ငံတရားဝင်ဓာတ်ခွဲခန်းတွေက ပူးပေါင်းဆွေးနွေးပြီး ဒီရောဂါအတွက်အဖြေရှာနေပါတယ်... အနောက်နိုင်ငံတွေအပြင် ဂျပန်နဲ့ကိုရီးယားအပါအဝင် အာရှနိုင်ငံဓာတ်ခွဲခန်းတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်!''

"သူတို့က ဘာသဘောလဲ? ဘာလုပ်ချင်တာလဲ?''

ဝန်ကြီးလုကသတင်းဖတ်ပြီး မျက်နှာပျက်သွားသည်။

ဒီရောဂါကိုပူးပေါင်းအဖြေရှာတာ ပြဿနာမရှိ။

ဘာပဲဖြစ်ဖြစ် ရောဂါကပြင်းထန်လွန်းသည်။ အရင်က သုံးလေးကြိမ်ပေါ်ခဲ့ပြီး ဘယ်သူမှအဖြေမရှာနိုင်ခဲ့။

နောက်ပြီး ဒီလက္ခဏာပေါ်တိုင်း တချို့တိရစ္ဆာန်မျိုးစိတ်များကိုမျိုးတုန်းပျောက်ကွယ်စေခဲ့သည်။

ဒီတစ်ခါ အခြေအနေပြင်းထန်လွန်း၍ အိမ်မှာမွေးထားသောတိရစ္ဆာန်တိုင်းလိုလိုကူးစက်ခံရသည်။

သူတို့ပူးပေါင်းပြီးအင်အားစုစည်းနိုင်ရင် ဒီပြဿနာကိုရှင်းကောင်းရှင်းနိုင်မည်။

ဒါပေမဲ့ အဓိကက အနောက်နိုင်ငံဓာတ်ခွဲခန်းတွေ၊ အာရှကကြီးကြီးသေးသေးဓာတ်ခွဲခန်းတွေအကုန်ဖိတ်ထားပြီး သူတို့ကိုသာလျစ်လျူရှုထားသည်။

အသိသာကြီးမလား?

"ဒီကိစ္စမှာ ကျုပ်တို့ကိုဖယ်ထုတ်ထားချင်တာ''

"ဘာအခွင့်အရေးမှမပေးချင်ဘူး''

တော်ဝင်ပညာရှင်နှစ်ဦးလည်း စိတ်ရှုပ်သွားသည်။

သုံးယောက်သား စိတ်အခြေအနေပိုဆိုးလာသည်။ ဒီလိုစိတ်ပျက်စရာကိစ္စနဲ့ကြုံရတာ ဘယ်သူကစိတ်ကြည်မလဲ?

…

ချင်းလင်ဓာတ်ခွဲခန်း_

ချင်လင်က ဒါတွေမသိ။ သူနှင့်လီခိုင်က ဓာတ်ခွဲခန်းထဲ အလုပ်ရှုပ်နေဆဲပင်။ ဓာတ်ခွဲခန်းထဲတွင် သုတေသနသမားပိုများလာကြောင်းတွေ့နိုင်သည်။

လီခိုင်နှင့်ချင်လင်က ဒြပ်ပေါင်း ၇ ခုကိုဘယ်ကစရမလဲအကြံအိုက်နေသောကြောင့် ချင်းလင်ဓာတ်ခွဲခန်းမှတခြားသုတေသနသမားများကိုပါခေါ်ပြီးပူးပေါင်းလုပ်သည်။

သုတေသနသမားများကို အဖွဲ့ငယ်လေးများဖွဲ့ထားပြီး ဒြပ်ပေါင်း ၇ ခုကိုခွဲပေးသည်။

သူတို့လည်း ဒီဒြပ်ပေါင်းတွေမှာတစ်နေသည်။

သုတေသနသမားအကုန် မျက်မှောင်ကြုတ်နေကြ၏။

သူတို့မှာ ဒြပ်ပေါင်းတွေကိုဘယ်ကစလုပ်ရမည်မသိ။

သို့သော်လည်း အားလုံးက ပါမောက္ခလီခိုင်နှင့်သူဌေး၏သုတေသနမှာ အင်တိုက်အားတိုက်လုပ်ကြသည်။

ချင်လင်က ကွန်ပျူတာရှေ့တွင်စာရိုက်နေသည်။

သူကဆေးနည်းတွေကိုတစ်ခုချင်းချရေးသည်။

ထိုဆေးနည်းအားလုံးမှာ သူအရင်ကစမ်းသပ်ထားသောဆေးဖက်ဝင်ပစ္စည်း ၁၀ မျိုးကျော်ကျော်ပါပြီး အဓိကဆေးနည်းထဲတွင်လျှောက်ထည့်ကြည့်နေသည်။

သူက ဆေးထိုးအပ်နံပါတ် ၆ ဆေးနည်းကိုမှန်းကြည့်နေခြင်းဖြစ်သည်။

ဒီဆေးနည်းတွေက ဆေးထိုးအပ်နံပါတ် ၆ ဆေးနည်းအစစ်မဟုတ်မှန်း သူသိသည်။

သူချရေးနေခြင်းက ဂိမ်းထဲမှ BUG ကိုတွေးမိသောကြောင့်ပင်။

ဒေါက်တာ Dott ကဓာတ်ခွဲပြီး ဆေးနည်းပြင်ပေးနိုင်သည်။

ဒြပ်ပေါင်း ၇ ခုကို နှစ်ချီကြာမှစမ်းသပ်ရရင် နောက်ကျလွန်းပြီ။

ဒေါက်တာ Dott ၏ BUG ကို သူအသုံးချမည်။ ကံကောင်းရင် ဆေးနည်းရချင်ရနိုင်သည်။

သူကလျှောက်မှန်းပြီး ဆေးနည်းတပုံကြီးချရေးကာ ချင်းလင်ဓာတ်ခွဲခန်းမှထွက်လာ၏။

ချင်းလင်အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ ကျောက်မိုချင်းက မျက်နှာပျက်ပျက်နှင့်လာရှာပြီး_

"ယောက်ျား... ခြံက အခြေအနေမကောင်းဘူး... ကူးစက်ခံရတဲ့တိရစ္ဆာန်တွေပိုများလာတယ်... ပြီးတော့ ဘဲပေါက်လေးတွေသေကုန်ပြီ... ခြင်္သေ့လေးလည်း ကူးစက်ခံရတယ်''

"ကိုယ်သိပြီ''

ခြင်္သေ့လေးလည်းကူးစက်ခံရပြီဟုကြားပြီး ချင်လင်ကရုံးခန်းထဲအပြေးဝင်လာသည်။

ခြင်္သေ့လေးမှာ စံအိမ်ကတခြားတိရစ္ဆာန်တွေနှင့်မတူ။

သူနှင့်လည်းချည်ထားသည်။

မြင်းဖြစ်၍သာ မွေးမြူရေးခြံမှာနေရသော်လည်း ဝမ်ချိုင်တို့လိုမဟုတ်ဘဲ တခြားတိရစ္ဆာန်များနှင့်ကွဲပြားသည်။

ဒီတော့ ခြင်္သေ့လေးကိုအရင်ကုရမည်။

ချင်လင်ကရုံးခန်းထဲဝင်ပြီး တံခါးလော့ချလိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား ဆေးထိုးအပ်နံပါတ် ၆ ထပ်ဝယ်စေသည်။

ဂိမ်းထဲမှထွက်ပြီးနောက် ဆေးထိုးအပ်နံပါတ် ၆ ကိုဖြဲကာအိတ်ထဲထည့်ပြီး ချင်းလင်မွေးမြူရေးခြံ၊မြင်းပြိုင်ကွင်းဘက် ခပ်သုတ်သုတ်သွားလိုက်သည်။

ခြင်္သေ့လေးကထူးခြားသောကြောင့် ကျန်းကွေ့ကျူလည်း တိရစ္ဆာန်ဆရာဝန်ခေါ်ပြီးစစ်ဆေးကြည့်နေသည်။

ချင်လင်ရောက်လာသောကြောင့် ကျန်းကွေ့ကျူကခါတိုင်းလိုနှုတ်ဆက်သည်_

"ဥက္ကဌချင်!''

“ဟီ ဟီ ~”

တချိန်တည်း ခြင်္သေ့လေးညည်းသံထွက်လာသည်။

ချင်လင်ကိုမြင်သောအခါ အတင်းရုန်းထပြီး ပျော့ခွေနေသောခြေထောက်များနှင့်လျှောက်လာကာ သူ့ခေါင်းနှင့်လိုက်ဝှေ့သည်။

ဒါကလည်း မြင်းအကျင့်။

ခွေးထက် မြင်းကပိုပြီး လူအပေါ်သစ္စာရှိသည်။

All Chapters