← Chapters

အဓိကဆေးပင်က ပေါင်းပင် ၂

Vol. 74 Ch. 1109

အဓိကဆေးပင်က ပေါင်းပင် ၂

Vol. 74 Ch. 1109

လီခိုင်က တရုတ်တိုင်းရင်းဆေးစာအုပ်များအပေါ် ကလစ်နှိပ်ပြီးဖတ်ကြည့်သည်။ နှစ်မျက်နှာလောက်ဖတ်ပြီး ခေါင်းကိုက်သောကြောင့်ခေါင်းခါပစ်လိုက်၏။

သူလုံးဝမဖတ်နိုင်။

တခြားသုတေသနသမားများလည်း တွန့်သွားကြသည်။

တရုတ်တိုင်းရင်းဆေးစာအုပ်များမှာ လျှို့ဝှက်နက်နဲပြီးနားလည်ရခက်သည်။ လေ့လာရအခက်ဆုံးလည်းဖြစ်သည်။

ဆိုရိုးရှိတယ်မလား။ တရုတ်တိုင်းရင်းဆေးအခြေခံမတတ်ရင် အသက်ကြီးလေလေ၊ စာဖတ်ရခက်လေလေတဲ့။

လီခိုင်တို့တောင် တရုတ်တိုင်းရင်းဆေးစာအုပ်မဖတ်ချင်ရင် အတော်လေးခက်၍ဖြစ်မည်။

ဒီတော့ ချင်လင်ပုံချဖို့အကောင်းဆုံးဖြစ်နေသည်။

မည်သို့ဆိုစေ ဒါကိုဓာတ်ခွဲချင်ရင် အနည်းဆုံးတော့ စီနီယာတိုင်းရင်းဆေးဆရာအဆင့်ရှိထားရမည်။

တရုတ်တိုင်းရင်းဆေးကိုလေ့လာနိုင်စွမ်းရှိသူများအဖို့ တော်ဝင်ပညာရှင်တစ်ယောက်ရဲ့သုတေသနလုပ်နိုင်စွမ်းမျိုးလည်းရှိရမည်။

ဘာပဲဖြစ်ဖြစ် မတတ်နိုင်။

နှစ်ဖက်လုံးမှမကျွမ်းကျင်ရင် မစပ်စုချင်ပါနဲ့ပေါ့။

ရှန်လီကအချိန်မဆိုင်းဘဲ ဓာတ်ခွဲခန်းရောက်လာသည်။ ချင်လင်လိုအပ်သောဆေးပင်များတောင်ယူလာသည်။ သို့ရာတွင် ဆေးပင်နှစ်မျိုးလိုနေသေးသည်။

"ဘာလို့နှစ်မျိုးလိုနေတာလဲ?''

ချင်လင်ကမေးသည်။

ရှန်လီက ချက်ချင်းရှင်းပြ၏_

"ဥက္ကဌချင်လိုချင်တဲ့ဆေးပင်တွေကို ဆေးဆိုင်မှာဝယ်တာ... ဒါပေမဲ့ နှစ်မျိုးက ဆေးဆိုင်မှာမရှိဘူး... ဘယ်မှာမှဝယ်မရဘူး''

"ဆိုင်ရှင်ကပြောတယ်... အဲဒီနှစ်မျိုးက အလေ့ကျပေါက်တဲ့မြက်ပင်တွေတဲ့... ဆေးဖော်ဖို့သုံးလေ့မရှိဘူးတဲ့... အဲဒါကြောင့် စံအိမ်ကမန်နေဂျာယွီကိုပဲ ခူးခိုင်းလိုက်တယ်... ဓာတ်ခွဲခန်းကလူတွေက အဲဒီအပိုင်းသိပ်မကျွမ်းဘူး''

"ဘယ်ဆေးပင်နှစ်မျိုးလဲ?''

ချင်လင်ကမေးပြန်သည်။

"ဟွေးယိမြက်နဲ့တံစဉ်မြက်ပါ... ဆိုင်ရှင်ကပြောလိုက်တယ်... တောင်ပိုင်းကတောင်တွေပေါ်မှာတွေ့ဖို့မခက်ပါဘူးတဲ့''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

စနစ်ကပေးတဲ့ဆေးနည်းမှာ အဓိကပါဝင်ပစ္စည်းနှစ်မျိုးက ဆေးပင်မဟုတ်ဘဲ တောင်ပေါ်အတွေ့များတဲ့မြက်ပင်တွေဖြစ်နေသည်။

အမှန်ဟုတ်မဟုတ်က ဆေးဖော်ဖို့ဆေးပင်လာအပို့သာစောင့်ရတော့မည်။

ချင်းလင်စံအိမ်_

ယွီရွှေ့က ပေါက်ပြား၊တံစဉ်များနှင့် လူနှစ်ယောက်ခေါ်ပြီး စံအိမ်အပြင်ထွက်လာသည်။

ချင်းလင်ဓာတ်ခွဲခန်းမှဥက္ကဌရှန်ပေးသောတာဝန်ကိုလျစ်လျူမရှုရဲ။ သူကိုယ်တိုင်သွားရန်ဆုံးဖြတ်လိုက်သည်။

ဥက္ကဌရှန်လက်အောက်မှမဟုတ်သော်လည်း ချင်းလင်ကုမ္ပဏီတစိတ်တပိုင်းဖြစ်၍ မျက်နှာသာပေးရဦးမည်။

နောက်ပြီး ချင်းလင်ဓာတ်ခွဲခန်းကိုသူကူညီလေ့ရှိသောကြောင့် မကြာခဏဆုံတတ်သည်။

"လောင်ယွီ.. ဘာလုပ်နေတာလဲ? အခြေအနေဘယ်လိုလဲ?''

ချန်တပေက ယွီရွှေ့ကိုမြင်ပြီးစူးစမ်းလိုက်သည်။ သူကလုံခြုံရေးတချို့နှင့်ပတ္တရောင်လှည့်နေ၏။

ယွီရွှေ့ကပြုံးပြုံးနှင့်ပြန်ဖြေသည်_

"ဓာတ်ခွဲခန်းကဥက္ကဌရှန်က တောင်ပေါ်ကမြက်ပင်နှစ်မျိုးရိတ်ပြီးပို့ခိုင်းလို့... ကျွန်တော်ကိုယ်တိုင်သွားရမယ်... ဓာတ်ခွဲခန်းမှာအရေးပေါ်လိုနေတာ''

ချန်တပေကနားထောင်ရင်း တစ်ခုခုတွေးမိသည်_

"လောင်ယွီ.. ငါလိုက်ခဲ့မယ်... ငါလည်းအားနေလို့ တောင်တက်ချင်တယ်''

"ရလို့လား?''

ယွီရွှေ့ကမေးသည်။

"ဘာမှမဟုတ်ဘူး.. ဒီအတိုင်း လုံခြုံရေးလိုက်စစ်တာ... ပြီးပြီ''

ချန်တပေက လုံခြုံရေးအစောင့်များကိုမှာပြီး ယွီရွှေ့နောက်လိုက်လာသည်။

ယွီရွှေ့တို့က ချင်းလင်စံအိမ်မှထွက်ပြီး ဖွံ့ဖြိုးခါစတောင်ပေါ်တက်လာ၏။ ဟွေးယိမြက်နှင့်တံစဉ်မြက်ကိုမြန်မြန်ရှာပြီး စရိတ်ကြသည်။

"ဒါသာမန်မြက်တွေပဲမလား?''

ချန်တပေက မေးသည်_

"ဓာတ်ခွဲခန်းကဘာလို့တူးခိုင်းတာလဲ?''

ယွီရွှေ့ကရှင်းပြသည်_

"ဥက္ကဌရှန်က ဆေးဖော်ဖို့ပဲပြောတယ်... ကျွန်တော်သိပ်မေးမနေဘူး... ဓာတ်ခွဲခန်းမှာလျှို့ဝှက်ချက်တွေများတာ ခင်ဗျားသိသားပဲ''

ချန်တပေကခေါင်းညိမ့်ပြီး ဟွေးယိမြက်နှင့်တံစဉ်မြက်ကိုစရိတ်သည်။

အလုံအလောက်ရသောအခါ ယွီရွှေ့ကတောင်အောက်ပြန်ဆင်းပြီး ချင်းလင်ဓာတ်ခွဲခန်းသို့မြက်နှစ်မျိုးပို့လိုက်သည်။

ချန်တပေ ချင်းလင်စံအိမ်ပြန်ရောက်သောအခါ သူ့ဖုန်းထုတ်ပြီး သူ့မိန်းမကိုဖုန်းဆက်သည်။

"မိန်းမ.. ငါ့ညီနဲ့မင်းမောင်ကိုခေါ်ပြီး ဟွေးယိမြက်နဲ့တံစဉ်မြက်ရိတ်ခိုင်းစမ်းပါ... လူငှားပါခေါ်ရင်ခေါ်လိုက်''

တဖက်က ဇဝေဇဝါသံထွက်လာပြီး_

"ယောက်ျား.. အဲဒါ တောင်ပေါ်အလေ့ကျပေါက်တဲ့ရိုးရိုးမြက်တွေမလား? အသုံးမဝင်တာတွေ ဘာလို့တူးခိုင်းတာလဲ?''

"မပူနဲ့.. ငါပြောသလိုလုပ်''

ချန်တပေကဖုန်းချလိုက်သည်။

ပေါင်းပင်တွေတူးခိုင်းတာ ချင်းလင်ဓာတ်ခွဲခန်းမှာအကြောင်းရင်းရှိရမည်။ ယွီရွှေ့က ဆေးဖော်မည့်အကြောင်းပြောသောအခါ မွေးမြူရေးခြံမှတိရစ္ဆာန်များကိုသူတွေးမိသည်။

အခု လိုင်းပေါ်မှာ လူတိုင်းပလိပ်ရောဂါအကြောင်းပြောနေကြသည်။

ဒါ ချင်းလင်ဓာတ်ခွဲခန်းက ပလိပ်ရောဂါကုဖို့ဆေးဖော်တာဖြစ်မည်။

ဒီလိုဆိုရင် အစကတန်ဖိုးမရှိတဲ့ဟွေးယိမြက်နဲ့တံစဉ်မြက်က အဖိုးတန်လာမည်။

ဒါ တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးလိုအပ်တဲ့အရာဖြစ်လာမည်။

ချင်းလင်ဓာတ်ခွဲခန်းကဖြစ်စေ၊ အစိုးရကဖြစ်စေ၊ ဒီမြက်နှစ်မျိုးကိုသေချာပေါက်ဝယ်ကြမည်။ သူတို့ကရောင်းပြီး ကံကြမ္မာဖန်တီးနိုင်သည်။

မရောင်းရဘူးလို့စည်းမျဉ်းထုတ်ရင်လည်း ဒီအတိုင်းပေးလိုက်ရုံသာ။

ဓာတ်ခွဲခန်းကိုတစ်သုတ်လောက်အလကားပေးလိုက်ရင် ဓာတ်ခွဲခန်းက မွေးမြူရေးခြံတိရစ္ဆာန်တွေကိုအရင်ကုနိုင်မည်။

မကြာခင် ချင်လင်လည်း မြက်ပင်နှစ်မျိုးတွေ့ရသည်။

သူနည်းနည်းအံ့ဩသွား၏။ သူငယ်ငယ်ကတောင်ပေါ်တက်ဆော့ရင် ဒီမြက်နှစ်မျိုးတွေ့နေကျ။ နှစ်မျိုးလုံး လမ်းဘေးမြက်များပင်။

ဒါပေမဲ့ သူ့မွေးရပ်မြေမှာ ဒီလိုခေါ်တာမဟုတ်။ ရုံချန်းအခေါ်ဖြစ်သည်။ ဟွေးယိမြက်နဲ့တံစဉ်မြက်က တရုတ်မှာသိပ္ပံနာမည်များဖြစ်၏။

အခု ဆေးထိုးအပ်နံပါတ် ၆ ရဲ့အဓိကပါဝင်ပစ္စည်းက ဒီပေါင်းပင်တွေတဲ့လား?

ချင်လင်ကသိပ်တွေးမနေဘဲ လီခိုင်တို့နှင့်ချက်ချင်းအလုပ်စသည်။ သုတေသနသမားများကလည်း အချိန်မဆိုင်း၊ သက်ဆိုင်ရာဒြပ်ပေါင်းများစထုတ်ကြသည်။

မကြာမီ ထိုးဆေးရလာသည်။ ထိုဆေးကို ဆေးထိုးအပ် ၁၀ ချောင်းကျော်ခွဲထည့်နိုင်သည်။

လီခိုင်နှင့်သုတေသနသမားများက ဆေးရည်ကိုစမ်းသပ်နေစဉ် ချင်လင်ကအခွင့်ကောင်းယူပြီး ဆေးထိုးအပ်တစ်ချောင်းယူလိုက်သည်။ ထို့နောက် သန့်စင်ခန်းထဲသွားကာ တံခါးလော့ချသည်။ အတွေးနှင့်ဂိမ်းထဲဝင်ပြီး ဆေးရည်အာနိသင်ကိုကြည့်လိုက်သည်:

"ဆေးထိုးအပ်နံပါတ် ၆ - အာနိသင်လျော့: ရောဂါကုသဆေး''

(တိရစ္ဆာန်များအတွက်ဆေးရည်ဖြစ်သည်။ အာနိသင်က မူလထက်လျော့သော်လည်း ကူးစက်ရောဂါကုသရာတွင်ထိရောက်သည်။)

တနည်းပြောရရင် ဆေးရည်အောင်မြင်သည်။

ပေါင်းပင်နှစ်မျိုးက အမှန်ပင်ဆေးရည်၏အဓိကပါဝင်ပစ္စည်းများဖြစ်နေသည်။

ချင်လင်လည်း စမ်းသပ်ကြည့်ရန် ချက်ချင်းလင်းလန်ဇီကိုဖုန်းဆက်ပြီး မွေးမြူရေးခြံမှကူးစက်ခံရသောတိရစ္ဆာန်တချို့ပို့ခိုင်းသည်။ ကျန်းကွေ့ကျူနှင့်တိရစ္ဆာန်ဆရာဝန်များကိုလည်း စမ်းသပ်မှုတွင်ပူးပေါင်းပေးရန်မှာလိုက်သည်။

ကျောက်မိုချင်းက တချို့ကိစ္စများလင်းလန်ဇီထံလွှဲထားသောကြောင့် လင်းလန်ဇီကိုဖုန်းဆက်ပြီးစီစဉ်ရခြင်းပင်။ ကျောက်မိုချင်းအလုပ်များ လင်းလန်ဇီဆက်ခံထားသည်ကို အသိအမှတ်ပြုကြောင်းဖော်ပြခြင်းလည်းဖြစ်သည်။

မဟုတ်ရင် ကျောက်မိုချင်းသာစီမံနေရမည်။ ဘာပဲဖြစ်ဖြစ် ကျန်းကွေ့ကျူကလည်း ဌာနမန်နေဂျာတစ်ဦးဖြစ်၍ သဘောတရားအရ လင်းလန်ဇီနှင့်အဆင့်တူသည်။

လင်းလန်ဇီက လုပ်ထုံးလုပ်နည်းနားလည်သောကြောင့် အမြန်ဆုံးဆောင်ရွက်သည်။

ကူးစက်ခံရသောတိရစ္ဆာန်များကို ဓာတ်ခွဲခန်းပို့သည်။ ချင်လင်က ကျန်းကွေ့ကျူတို့အား ကူးစက်ခံရသောတိရစ္ဆာန်များကိုအရင်စစ်ဆေးပြီးမှတ်တမ်းတင်ခိုင်းသည်။ ထို့နောက် တိရစ္ဆာန်များကိုဆေးအသစ်ထိုးပေးသည်။

အာနိသင်က ဂိမ်းထုတ်ကုန်လောက်မကောင်းသောကြောင့် သိသိသာသာမပြ။

သို့ရာတွင် နောက်တစ်နေ့ ကျန်းကွေ့ကျူတို့ထပ်စစ်ဆေးသောအခါ တိရစ္ဆာန်များအခြေအနေပိုကောင်းလာသည်ကိုတွေ့ရသည်။

တနည်းပြောရရင် ဆေးရည်ဖော်စပ်တာအမှားမရှိ၊ တကယ်ထိရောက်သည်။

ချင်လင်က အာနိသင်ကြည့်ပြီး ဘေးထွက်ဆိုးကျိုးရှိမရှိ၊ လီခိုင်တို့ကိုဆက်စစ်ဆေးစေသည်။

ဒါက အယောင်ပြသာ။

ဘာပဲဖြစ်ဖြစ် ပြဿနာမရှိကြောင်း သူသိထားသည်။

တချိန်တည်းမှာ ရှန်လီကိုလည်းဖုန်းဆက်ပြီး_

"ဥက္ကဌရှန်.. ဆေးက အောင်မြင်သွားပြီ.. ဆေးပင်တွေအမြန်လိုက်ဝယ်ပေးပါ... ဆေးဖော်ဖို့ ဟွေးယိမြက်နဲ့တံစဉ်မြက်ကိုရိတ်ခိုင်းပါ... မွေးမြူရေးခြံကကူးစက်ခံရတဲ့တိရစ္ဆာန်တွေ အရင်ကုရမယ်''

"ဟုတ်ကဲ့''

ရှန်လီကခေါင်းညိမ့်ပြီး_

"စံအိမ်ကမန်နေဂျာချန်က ဟွေးယိမြက်နဲ့တံစဉ်မြက်တစ်သုတ်ပို့ထားပါတယ်... စံအိမ်က တိရစ္ဆာန်တွေအတွက်အလုံအလောက်ဆေးဖော်နိုင်ပါတယ်''

"ချန်တပေ.. သူက ဘယ်လိုလုပ်သိလဲ?''

ချင်လင်တောင် အံ့ဩသွားသည်။ ချန်တပေဉာဏ်ကောင်းမှန်းသိသော်လည်း ဒီဆေးပင်နှစ်မျိုးအသုံးကို သူကသိနေသည်။

ဒါပေမဲ့ သူမစပ်စုချင်။ ဒီလိုလုပ်ဖို့မလို။ ဒါလူ့သဘာဝပင်။

လူတစ်ယောက်ကဉာဏ်ကောင်းရင် သူဌေးအိမ်မှာဒရိုင်ဘာနဲ့ကလေးထိန်းလုပ်လည်း ချမ်းသာနိုင်တယ်လို့ပြောကြတယ်မလား?

All Chapters