ရိုင်းစိုင်းတဲ့ဆင်ခြေ
Vol. 74 Ch. 1110
လိုင်းပေါ်တွင်_
ပလိပ်ရောဂါအကြောင်း ပိုဆိုးလာသည်။
တိရစ္ဆာန်များအသေအပျောက်ရှိလာ၏။
အိမ်မွေးတိရစ္ဆာန်များသေပြီး သူတို့ပိုင်ရှင်များကဝမ်းနည်းပက်လက်ငိုသောဗီဒီယိုများလည်းတက်လာသည်။
စိတ်နှလုံးထိခိုက်ရသောအခြေအနေပင်။
အထူးသဖြင့် ကောင်မလေးတစ်ယောက် ကြောင်လေးပိုက်ပြီး အချိန်အတော်ကြာကြာငိုနေသောဗီဒီယိုကို စိတ်ထိခိုက်လွယ်သူများ တကယ်မကြည့်နိုင်။
နောက်ပြီး ဒီအတောအတွင်း ဘယ်သူမှအသားမစားရဲသလောက် ပိုစိတ်သောကရောက်နေကြသည်။
ချင်းလင်စံအိမ်တွင်မူ အလင်းရောင်ရှိသည်။
ချင်းလင်ဓာတ်ခွဲခန်းက ချင်းလင်မွေးမြူရေးခြံမှတိရစ္ဆာန်များကုသနိုင်ရန် အချိန်တိုအတွင်းဆေးဖော်စပ်ထားသောကြောင့်ပင်။
ထို့အပြင် ဆေးထိုးပြီးနောက် ချင်းလင်မွေးမြူရေးခြံမှတိရစ္ဆာန်များ သိသိသာသာကောင်းလာသောကြောင့် စံအိမ်နှင့်ခြံကလူများဝမ်းသာနေကြသည်။
စံအိမ်နှင့်မွေးမြူရေးခြံတွင်အလုပ်လုပ်နေသူတိုင်းက တိရစ္ဆာန်များအပေါ်သံယောဇဉ်ရှိ၍ ဘာမှမဖြစ်စေချင်ကြ။
ချင်းလင်ဓာတ်ခွဲခန်းနှင့်ချင်းလင်စံအိမ်၏လှုပ်ရှားမှုကြောင့် စီရင်စုကစိတ်ဝင်စားလာသည်။
စီရင်စုအဖို့ ချင်းလင်စံအိမ်က ရတနာဖြစ်သည်။ချင်းလင်စံအိမ်မရှိရင် အခြေအနေကမတွေးဝံ့စရာ။
တိရစ္ဆာန်ရောဂါကြောင့် ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာ ခရီးသည်လက်မခံဘဲရပ်ထားသည်။ ရုံချန်းမှာ သိသိသာသာကျသွားပြီး အရင်လိုမစည်ကားတော့ပေ။
စီးပွားရေးလည်း အတော်ထိခိုက်သည်။
ထို့ကြောင့် ချင်းလင်မွေးမြူရေးခြံသတင်းကို စီရင်စုကအရင်ဆုံးရသည်။
စွန်းရှန်က သူ့အတွင်းရေးမှူးကိုတအံ့တဩမေးသည်_
"သေချာလား?''
"စွန်းရှန်.. ချင်းလင်စံအိမ်နဲ့မွေးမြူရေးခြံအရေးကြီးတာ ကျွန်တော်သိပါတယ်... ချင်းလင်မွေးမြူရေးခြံအကြောင်းသတင်းမပြတ်အောင် ကျွန်တော်လူလွှတ်ထားတာ''
အတွင်းရေးမှူးက လောလောနှင့်ရှင်းပြသည်။
"ကျွန်တော်လွှတ်ထားတဲ့လူတွေက တိရစ္ဆာန်ဆေးကုဌာနမှာ ကူးစက်ခံရတဲ့တိရစ္ဆာန်တွေကိုဆေးကုတာ သူတို့မျက်စိနဲ့တပ်အပ်တွေ့ခဲ့တယ်... ဆေးထိုးတဲ့တိရစ္ဆာန်တွေက သိသိသာသာကောင်းလာတာ''
"ကောင်းလိုက်တာ''
စွန်းရှန်ကနားထောင်ရင်း စိတ်မလှုပ်ရှားဘဲမနေနိုင်တော့။ တခါတည်း သူ့အတွင်းရေးမှူးအား_
"လက်ထောက်ချန်ကိုမြန်မြန်ခေါ်လိုက်ပါ... ငါတို့ကိုယ်တိုင် ချင်းလင်မွေးမြူရေးခြံကိုတစ်ချက်သွားကြည့်ရမယ်''
အတွင်းရေးမှူးကခေါင်းညိမ့်ပြီး ချန်လီကိုချက်ချင်းအသိပေးသည်။
ချန်လီကစိတ်လှုပ်ရှားနေပုံနှင့်ရောက်လာပြီး_
"စွန်းရှန်.. ကျုပ်စီရင်စုမှာ တိရစ္ဆာန်တွေသီးသန့်ထားတာကိုလိုက်စစ်ဆေးနေတာ... သတင်းကြားကြားချင်းပြန်လာတာပဲ... အဲဒါအမှန်ပဲလား?''
"ထင်တာပဲ''
စွန်းရှန်က ဝမ်းသာအားရဖြေသည်_
"ဒါပေမဲ့ ငါကိုယ်တိုင်သွားကြည့်ဦးမယ်''
"သွားမယ် သွားမယ်!''
ချန်လီက ချက်ချင်းထောက်ခံသည်။
နှစ်ယောက်သား ရုံးခန်းထဲမှအမြန်ထွက်ပြီး ချင်းလင်မွေးမြူရေးခြံသွားကြသည်။
သူတို့ရာထူးကြောင့် လုံခြုံရေးအစောင့်တွေက သူတို့ကိုမတားကြ။ မန်နေဂျာချန်တပေကိုတောင် အသိပေးလိုက်ကြသည်။
ချန်တပေက အရင်ထွက်လာပြီးနှုတ်ဆက်သည်_
"စွန်းရှန် လက်ထောက်ချန်... သူဌေးက ဓာတ်ခွဲခန်းမှာပါ... ကျွန်တော်အသိပေးပြီးပါပြီ''
"မန်နေဂျာချန်... ဆေးကုထားတဲ့တိရစ္ဆာန်တွေလိုက်ပြပါဦး''
စွန်းရှန်ကပြုံးပြုံးနှင့်ပြောသည်။
"ဟုတ်တဲ့''
ချန်တပေက မွေးမြူရေးခြံထဲမှသီးသန့်ထားသောနေရာကိုလိုက်ပြသည်။
ထိုနေရာတွင် ချင်းလင်မွေးမြူရေးခြံမှကူးစက်ခံရသောတိရစ္ဆာန်များကိုသီးသန့်ထားသည်။
သို့ရာတွင် တိရစ္ဆာန်အားလုံး အခြေအနေကောင်းနေပြီ။ ခွေးသွားစိတ်မြက်စားတဲ့ကောင်က စား၊ ဆော့တဲ့ကောင်က ဆော့နေသည်။
ဒါပလိပ်ရောဂါဖြစ်ထားတဲ့မြင်ကွင်းနဲ့တူရဲ့လား?
"ဒါဆေးကုထားတဲ့ကောင်တွေလား?''
ဆင်ပျော်တစ်ကောင်က ရေစည်ထဲမှရေကိုနှာမောင်းနှင့်စုပ်ပြီး လှေကားလက်ရန်းနောက်မှ ကာယဗလဝက်ပေါ်ဖြန်းနေသည်ကိုကြည့်ရင်း စွန်းရှန်တအံ့တဩဖြစ်နေသည်။
ဆင်ပျော်ကရေဖြန်းပြီးနောက် ကာယဗလဝက်ကိုတစ်ခုခုမေးနေသလိုအော်သေးသည်။
ကာယဗလဝက်က ကောင်းသည်ဟူသောသဘောနှင့် ဆင်ပျော်ကိုတအစ်အစ်ပြန်အော်ကာ လက်ရန်းများကိုပတ်ပြေးနေသည်။
ပတ်ပြေးပြီးချွေးထွက်များနေသဖြင့် ရုတ်တရက်ရေချိုးပုံရသည်။
(ကောင်းတယ်.. အရမ်းကောင်းတယ်)
ဆင်ပျော်က နောက်ရေစည်ထဲမှနှာမောင်းနှင့်စုပ်ပြန်သည်။ ကာယဗလဝက်ကပတ်ပြေးပြီးသောအခါ သူ့အပေါ်ထပ်ဖြန်းလိုက်၏။
နှစ်ကောင်သား ဟုတ်နေသည်။
ထိုမြင်ကွင်းကြောင့် စွန်းရှန်နှင့်ချန်လီက မရယ်ဘဲမနေနိုင်တော့။
သူတို့စိတ်ကြည်လင်သွားသည်။
ခရီးသည်တွေကြားမှာ ချင်းလင်မွေးမြူရေးခြံဘာလို့နာမည်ကြီးမှန်း သူတို့လည်းသိသည်။
ဒီခြံကတိရစ္ဆာန်တွေ တကယ်ဉာဏ်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းသည်။
အဓိကအကျဆုံးမှာ ချင်းလင်မွေးမြူရေးခြံက တိရစ္ဆာန်များပြန်ကောင်းသွားခြင်းပင်။
ဒီလိုဆိုရင် ရုံချန်းမှာကူးစက်ခံရတဲ့တိရစ္ဆာန်တွေကိုလည်းကုနိုင်ပြီ။ အရင်ဆုံး ရုံချန်းကတိရစ္ဆာန်တွေကိုကုဖို့ သူဌေးချင်နဲ့ဆွေးနွေးပြီး တောင်တန်းစံအိမ်နဲ့မွေးမြူရေးခြံများကိုပတ်မည်။
ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းမှအမြန်ပြန်လာသည်။ စွန်းရှန်နှင့်ချန်လီကိုတွေ့သောအခါ ချက်ချင်းနှုတ်ဆက်သည်။
"သူဌေးချင်.. ချင်းလင်ဓာတ်ခွဲခန်းက အတော်ဆုံးပါပဲ''
စွန်းရှန်က သူနှင့်တွေ့တွေ့ချင်း စိတ်လှုပ်ရှားပြီးသက်ပြင်းချသည်။
ချင်လင်သဘောထားကို သူအမြဲလေးစားခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူဌေးချင်က ရုံချန်းရဲ့ကံကြမ္မာနတ်ဘုရား။ ရုံချန်းကအတော်များများ သူဌေးချင်ကြောင့်ချမ်းသာလာကြသည်။
အခုချိန်ထိ မိသားစုတိုင်းလိုလို အနည်းနဲ့အများဆိုသလို သူဌေးချင်ဆီမှအကျိုးအမြတ်ရနေကြသည်။
သူဌေးချင်က မော်ဒန်ခေတ်မှာနေ၍သာတော်တော့သည်။ ရှေးခေတ်သာဆို လူတစ်ယောက်ကြောင့် လူအများကြီးအကျိုးဖြစ်ထွန်းနေရင် ရှင်ဘုရင်ကရှာပြီးကွပ်မျက်နိုင်သည်။
ဒီလိုလူမျိုးဒုက္ခရောက်ရင် အတော်များများကပုန်ကန်တတ်ကြသည်။
နောက်ပြီး ချင်းလင်ကုမ္ပဏီရဲ့လက်ရှိအခြေအနေအရ သူဌေးချင်ဘယ်မြို့သွားသွား၊ မြို့တော်ဝန်ကိုယ်တိုင်ထွက်ကြိုလိမ့်မည်။ ဧည့်ခံရင် သူဌေးကြီးသုန့်၊ သူဌေးကြီးမာတို့ထက်မညံ့လောက်။
ချန်လီကမေးသည်_
"သူဌေးချင်.. အခု ချင်းလင်ဓာတ်ခွဲခန်းကဆေးထုတ်နိုင်တော့ ရုံချန်းကတိရစ္ဆာန်တွေကုဖို့ဆေးထုတ်ပေးနိုင်မလား သိချင်တာ? မဟုတ်ရင် ရုံချန်းခရီးသွားလုပ်ငန်းက နာလန်ထူနိုင်မှာမဟုတ်ဘူး''