ဒိုင်နိုဆောပန်းခြံ ၃
Vol. 74 Ch. 1096
တဖက်တွင် ကျောက်ဖြစ်ရုပ်ကြွင်းမှဒိုင်နိုဆောကိုပြန်လည်အသက်သွင်းရန်မျိုးစိတ်ထုတ်သည့်သုတေသနအကြောင်း ချဲ့ကားပြောသောဝါဒများ၊ ရင်းနှီးမြှုပ်နှံသူများကိုလှည့်စားသောသုတေသနကျောင်းများရှိသည်။
သို့ရာတွင် ၁၀ နှစ်ကျော်ကြာပြီးနောက် ထိုသုတေသနကျောင်းများပျောက်ခြင်းမလှပျောက်သွားလေသည်။ ဒိုင်နိုဆောမျိုးစိတ်ရသူကိုဘယ်သူမှမတွေ့ဖူးကြ။
တချို့ကပြောကောင်းပြောနိုင်သော်လည်း တချို့ကရရင်တောင်ပြောမည်မဟုတ်ပေ။
ဒါ လွဲနေသောအချက်ပင်။ ဒီလိုသုတေသနမျိုးမှာ ဒိုင်နိုဆောမျိုးစိတ်တကယ်ရရင် မကြာခင်တစ်ကမ္ဘာလုံးသိလိမ့်မည်။ အကြောင်းမှာ နာမည်၊ ဂုဏ်၊ စည်းစိမ်ပါနေသောကြောင့်ပင်။ ကမ္ဘာမှာဦးဆောင်နိုင်သောထူးဆန်းထွေလာမျိုးစိတ်လည်းဖြစ်မည်။
အခု အထူးဒိုင်နိုဆောအရိုးကနေ ဒိုင်နိုဆောမျိုးစိတ်ထုတ်နိုင်တယ်တဲ့။
ထို့နောက် ချင်လင်တစ်ခုခုတွေးမိသည်။ ဒီမျိုးစိတ်နဲ့ တကယ်ဒိုင်နိုဆောသားဖောက်နိုင်လား?
ဖြစ်နိုင်ခြေကိုစဉ်းစားရင်း သူပိုပြီးခေါင်းခြောက်လာသည်။ ချင်းလင်မွေးမြူရေးခြံ ဒါမှမဟုတ် တောင်ပေါ်မှာ ဒိုင်နိုဆောထားသင့်လား?
အဲဒီကျရင် တစ်ကမ္ဘာလုံး အံ့အားသင့်သွားမည်။
ဒါပေမဲ့ ဒါကအတွေးသက်သက်သာ။
ပြဿနာတစ်ခုရှိသေးသည်။ သူကဒီအပိုင်းမှာ ဗဟုသုတလုံးဝမရှိ။
အပင်မျိုးစိတ်နှင့်တိရစ္ဆာန်မျိုးစိတ်တောင် သဘာဝချင်းမတူ။ ဒိုင်နိုဆောဆိုမပြောနှင့်တော့။
အစ်ကိုလီကိုလည်း ပုံချလို့မရ။ အစ်ကိုလီလည်း တိရစ္ဆာန်မျိုးစိတ်အကြောင်းမသိပေ။
ခေါင်းခံဖို့တစ်ယောက်ယောက်ရှာရင်ရော? အတော်စွန့်စားရဦးမည်။
ဒီလိုအရာမျိုးကို ပိုင်နိုင်မည့်နည်းလမ်းမရှိ။
ချင်လင်ကအကြာကြီးစဉ်းစားပြီး ဆံပင်များထိုးဖွပစ်သည်။ သူဒီအတွက် တာဝန်ယူရမည်။
အဓိကက တိရစ္ဆာန်မျိုးစိတ်အကြောင်းသူဘာမှမသိခြင်းပင်။
စာကြည့်တိုက်သွားပြီး အံ့ဖွယ်ကျောက်စာယူ၊ တိရစ္ဆာန်နဲ့ဆက်စပ်တဲ့သုတေသနစာအုပ်၊ ဗဟုသုတစာအုပ်၊ သိပ္ပံသုတေသနစာအုပ်များကူးယူပြီး အကုန်လေ့လာရမည်။
ဒီလိုဆိုရင် သူ့ဘာသာမျိုးစိတ်ထုတ်ပြီး ဒိုင်နိုဆောမွေးနိုင်သည်။
အဓိကက အံ့ဖွယ်ကျောက်စာစာအုပ်ဖြစ်သည်။
ဒါသူလိုချင်တိုင်း ရနိုင်တာမဟုတ်။ ဂိမ်းစနစ်ကသူ့အပေါ်အခြေအနေပေးမပေးအပေါ်သာမူတည်နေသည်။
ထို့ကြောင့် ချင်လင်ကဂိမ်းထဲမှထွက်ပြီး ဂိမ်းဇာတ်ကောင်အား စာကြည့်တိုက်သွားစေသည်။ ဖြစ်ချင်တော့ မေရီကခုံမှာပဲထိုင်နေပြီးထမလာ။
ဒီလိုဆိုတော့ အံ့ဖွယ်စာအုပ်ကိုအားကိုးလို့မရ။
ချင်လင် သက်ပြင်းချလိုက်သည်။
ဂိမ်းကသူ့ကိုလုံးဝမျက်နှာသာမပေး။
ဒီတော့ လတ်တလော အထူးဒိုင်နိုဆောအရိုးကိုထုတ်မရသေးပေ။ ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာဗဟုသုတမရှိဘဲ သူဘာမှမလုပ်နိုင်။ ဂိမ်းထဲမှာထားတာပိုကောင်းမည်။
ဒါပေမဲ့ နောက်ပိုင်းအံ့ဖွယ်စာအုပ်ရရင်တောင် ရုတ်တရက်ကြီး တိရစ္ဆာန်ဗဟုသုတတွေအကြောင်းသူသိနေရင် အံ့ဩစရာဖြစ်နေမည်။
ဘာမဆိုအခြေခံရှိဖို့လိုတယ်မလား?
ချင်လင်က ဝန်ကြီးလုကိုဖုန်းဆက်လိုက်သည်။
ချင်လင်ဖုန်းဆက်သောကြောင့် ဝန်ကြီးလုကဝမ်းသာအားရဖုန်းကိုင်ပြီး_
"သူဌေးချင်... ဘာလို့ဖုန်းဆက်တာလဲ?''
ချင်လင်က သရုပ်ဆောင်လိုက်သည်_
"ဝန်ကြီးလု... ကျွန်တော် အခုတလော တိရစ္ဆာန်မျိုးစိတ်သုတေသနကိုစိတ်ဝင်စားနေတာ... စာအုပ်တွေအများကြီးဖတ်ထားတယ်... တရုတ်သိပ္ပံအကယ်ဒမီက တိရစ္ဆာန်မျိုးစိတ်နဲ့ဆက်စပ်တဲ့သုတေသနသီအိုရီတွေ ပစ္စည်းတွေကူရှာပေးလို့ရမလား? တော်ဝင်ပညာရှင်တွေထုတ်ဝေတဲ့စာအုပ်တွေဆိုပိုကောင်းတာပေါ့''
သူ့စကားကြောင့် ဝန်ကြီးလုကြည်နူးအံ့ဩသွားပြီး အမှတ်တမဲ့ပြောလိုက်သည်_
"သူဌေးချင်... မင်းစဉ်းစားကြည့်ပြီးပြီလား? မင်း အဲဒီသိပ္ပံသုတေသနစာတမ်းတွေ စာအုပ်တွေပိုဖတ်သင့်တာ... မင်းအရည်အချင်းတွေအလဟဿအဖြစ်မခံရဘူး... ခဏ.. ငါရှာပေးမယ်''
သူကဖုန်းချပြီးသည်နှင့် သူ့လက်ထောက်ကိုတန်းခေါ်ပြီး တိရစ္ဆာန်မျိုးစိတ်သုတေသနတွင်ပါသောတော်ဝင်ပညာရှင်များကိုဆက်သွယ်ခိုင်းသည်။
သူဒီကိစ္စအတွက် အများကြီးအားစိုက်ထုတ်သည်။ ဘာပဲဖြစ်ဖြစ် သူဌေးချင်လည်းအများကြီးအားစိုက်ထုတ်ထားသည်။
ဝန်ကြီးလုလှုပ်ရှားမှုကြောင့် ချင်လင်တိရစ္ဆာန်မျိုးစိတ်လေ့လာချင်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီမှလူများသိကုန်သည်။
ချင်လင်အကြောင်းသိသော ဝန်ကြီးလု၊ တော်ဝင်ပညာရှင်ဟောင်၊ တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ကျင်းတို့က မျှော်လင့်နေကြသည်။
သူဌေးချင်ရဲ့အရည်အချင်းနဲ့ဆို တိရစ္ဆာန်မျိုးစိတ်သုတေသနမှာအောင်မြင်မှုမရဘူးလို့ဘယ်ပြောနိုင်မလဲ?
ထိုအတွေးကြောင့် ထခုန်မိမတတ်ပင်။
သူဌေးချင်လိုအစွမ်းရှိသူသာ သူတို့ကိုဒီလိုအတွေးမျိုးဖြစ်စေသည်။