ရုတ်တရက်အလှည့်အပြောင်း ၂
Vol. 74 Ch. 1098
ဒါပေမဲ့ ဒီလူတွေကဘာမှမဟုတ်သေး။
တဖက်တွင် ချင်းလင်စံအိမ်က ဓာတ်ပုံဆရာကို အခြေခံလစာ ယွမ် ၂၀၀၀၀ ကျော်ပေးထားသည်။ လတိုင်း ဆုကြေး၊ အစားအသောက်နှင့်တည်းခိုစရာလည်းပေးသည်။ အဆောင်မှာမနေရင်တောင် နေထိုင်စရိတ်ရသည်။
အတည်တကျအလုပ်ရှာနေသူများအဖို့ အိပ်မက်ပင်။ ရှန်ဟိုင်းထိပ်တန်းဘရန်းဓာတ်ပုံဆရာတောင် အားကျသွားမည်။
ဆရာလင်းက စ*စ်မှုထမ်းဟောင်းဖြစ်ပြီး တောင်းဆိုခဲသည်။ အခုတောင်းဆိုလာတော့ သူကြည့်ပေးရမည်။
ဘာပဲဖြစ်ဖြစ် ဓာတ်ပုံဆရာက အရေးကြီးနေရာမဟုတ်။ ဌာနစီမံရေးနေရာအတွက်ဆို ဆရာလင်းတောင်းဆိုမည်မဟုတ်မှန်းသူသိသည်။
သူယုံသည်။
သူကထပ်ပြီး_
"ဆရာလင်း... ကျွန်တော် မာတီမီဒီယာဌာနကိုဖုန်းဆက်လိုက်မယ်... နေ့လယ်ကျ ခင်ဗျားမြေးမလေးကိုခေါ်ပြီး အင်တာဗျူးဖြေခိုင်းလိုက်ပါ... လိုမလိုက မာတီမီဒီယာဌာနရဲ့အပိုင်းပါပဲ... အနည်းဆုံးတော့ မာတီမီဒီယာဌာနရဲ့အခြေခံလိုအပ်ချက်နဲ့ကိုက်ညီရပါမယ်''
ဆရာလင်းကိုအာမခံမပေးနိုင်သော်လည်း သူထောက်ခံထားသည့်သဘောပါသည်။
ဒီလိုအပြိုင်အဆိုင်အလုပ်လျှောက်ကြရာတွင် အဓိကအကျဆုံးက အရည်အချင်းဖြစ်သည်။
အရည်အချင်းတူလျှင် အဆက်အသွယ်ရှိသူ၊နောက်ခံကောင်းသူကရမည်။
အဆက်အသွယ်အသုံးချသောနိုင်ငံများက အဆက်အသွယ်အနီးအဝေးကိုအလေးထားကြသည်။ အဆက်အသွယ်နှင့်နောက်ခံက အတိုင်းအတာတစ်ခုအထိကောင်းရင် တခြားလူတွေပြောစရာမလိုတော့။ အခြေခံလိုအပ်ချက်နှင့်ပြည့်စုံပါက အချင်းချင်းသဘောတူထားသည်နှင့်အတူတူပင်။
အဓိကအကျဆုံးမှာ ဆရာလင်းမြေးမဗီဒီယိုက အဆင့်အတန်းတစ်ခုအထိရှိရမည်။
"ကျေးဇူးတင်ပါတယ် သူဌေး... ကျုပ်ပြန်ပြောလိုက်ပါမယ်''
ဆရာလင်းကချက်ချင်းကျေးဇူးတင်စကားပြောပြီး ရုံးခန်းထဲမှပျော်ပျော်ရွှင်ရွှင်ထွက်သွားသည်။
သူ့မြေးမကို သူယုံသည်။ မာတီမီဒီယာဌာနလိုအပ်ချက်နှင့်ပြည့်စုံမှာသေချာသည်။
သူဌေးဆီလာပြောရခြင်းက ပြိုင်ဘက်များလွန်းသောကြောင့်ပင်။ ထူးချွန်သူများ၍ သူ့မြေးမအတွက်ပိုစိတ်ချရအောင်လုပ်ခြင်းသာ။
ချင်လင်လည်း လင်းလန်ဇီကိုဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြထားသည်။
လင်းလန်ဇီက ဒီအကြောင်းနားလည်သည်။ အရင်သူမမှာ စီရင်စုလှုပ်ရှားရေးအဖွဲ့၏စီစဉ်သူဖြစ်ခဲ့ပြီး သူမမိဘများကြောင့်လည်းတစိတ်တပိုင်းပါသည်။
ဒီလောကဝတ်တွေကို သူများထက်ပိုပြီး သူမနားလည်သည်။
လုပ်ငန်းမထိခိုက်သရွေ့ ဒီလိုလောကဝတ်တွေက အကျိုးအမြတ်ရှိသည်။ အနည်းဆုံးတော့ အပြင်လူတွေထက် ကိုယ့်လူနဲ့ကိုယ်ကပိုအဆင်ပြေသည်။ ဒီလောက်စိတ်ပူစရာမလို။
တစ်ခါတလေ ဒီလိုလူတွေလိုသည်။
ဆရာလင်းက ချင်လင်ရုံးခန်းထဲမှထွက်ပြီး ချင်းလင်စံအိမ်ကားပါကင်တန်းသွားသည်။ သူ့ဟွန်ဒါကားလေးပေါ်တက်ပြီး စံအိမ်အပြင်မောင်းထွက်လာသည်။
သူ့လစာနှင့်ဆုကြေးက မနည်းသောကြောင့် ကားကောင်းကောင်းစီးနိုင်သည်။
ချင်းလင်စံအိမ်မှာ ဌာနတစ်ခု၏အဆင်မြင့်မန်နေဂျာဟုဆိုနိုင်သည်။
စံအိမ်စားသောက်ဆိုင်နှင့်စားဖိုဆောင်မှာ ပြောရေးဆိုခွင့်ရှိသည်။
သို့ရာတွင် လူကြီးဖြစ်သောကြောင့် ကားတစ်စီးသာရှိသည်။ စံအိမ်နှင့်အပန်းဖြေစံအိမ်မှလွဲ၍ တခြားနေရာလည်းသွားခဲသည်။
ဆရာလင်းအိမ်က ထိုက်ရှီးမှမြို့ငယ်လေးတစ်မြို့တွင်ရှိသည်။ စံအိမ်နှင့် မိနစ် ၄၀ မောင်းရသည်။
အခု သူ့မိသားစုကအိမ်ဆောက်ထားသောကြောင့် ထောက်ပံ့ရသည်။ သူ့မြေးကျောင်းတက်ဖို့လည်းပေးရသည်။
ထို့ကြောင့် သူ့စကားကအိမ်မှာအရေးပါသည်။ သူ့သား၊သူ့သားမက်၊ ဘယ်သူမှသူ့ကိုပြန်မလှန်ရဲ။
သူ့သားမက်နှစ်ယောက်ကလည်း တစ်မြို့တည်းဖြစ်ပြီး အချင်းချင်းနီးကြသည်။
ထိုက်ရှီးမှမြို့လေးက မကြီး။
ဆရာလင်းကားမောင်းလာမှန်း မြို့ထဲကလူတိုင်းသိသည်။
မြို့မှာသတင်းထဲပါသောတစ်ဦးတည်းသောသူဖြစ်ပြီး ချင်းလင်စံအိမ်စားဖိုဆောင်တာဝန်ခံဖြစ်သောကြောင့် မြို့ထဲနာမည်ကြီးနေသည်။
ရုံချန်းမှာ ချင်းလင်ကုမ္ပဏီအကြောင်းမသိသူရှိလား?
မြို့သားအများစုက အသက်မွေးဝမ်းကြောင်းအတွက် ချင်းလင်ကုမ္ပဏီကိုအားထားနေရသည်။ ချင်းလင်ဖရဲသီး ဒါမှမဟုတ် ချင်းလင်လက်ဆောင်ဆန်စိုက်ကြသည်။
အများစုက ချင်းလင်စက်ရုံတွင်ဝင်လုပ်ကြသည်။
မြို့သားများက ဆရာလင်းကို ချင်းလင်စံအိမ်စားဖိုဆောင်တာဝန်ခံအဖြစ်၊ ချင်းလင်ကုမ္ပဏီသူဌေးနှင့်မကြာခဏတွေ့သူအဖြစ် သိထားကြသည်။ ရှေးကဘုရင့်လက်သုံးတော်ခံလိုလိုပင်။
သို့ဖြစ်၍ ဆရာလင်းပြန်လာသောအခါ မြို့သားများသိရုံသာမက အနားကပ်လာကြ၏။
မြို့ထဲမှာ ဆရာလင်းမိသားစုကနာမည်အကြီးဆုံးဖြစ်နေသောကြောင့်အံ့ဩမိသည်။
ဆရာလင်းက မြို့သားများကိုနှုတ်ဆက်ပြီး သူ့မြေးမချန်ဟွေ့ကိုတန်းခေါ်လိုက်သည်။
ချန်ဟွေ့မှာဘွဲ့ရခါစ အရွယ်ကောင်းလေးဖြစ်သည်။ ထို့အပြင် ဓာတ်ပုံဆရာဖြစ်၍ စိတ်နေအသွင်အပြင်တစ်မျိုးရှိသည်။
ဒီနေ့ခေတ်မိန်းကလေးများမှာ နတ်သမီးလေးလိုလှသောကြောင့် သူမလည်းအမျိုးသားအတော်များများမျက်စိထဲတွင်လှကောင်းလှနိုင်သည်။
"အဘိုး.. ဘယ်လိုလဲ?''
ချန်ဟွေ့က ဆရာလင်းကိုမျှော်လင့်ချက်နှင့်မေးသည်။
အရင်က အဘိုးမှာစားဖိုမှူးသာဖြစ်၍ သူမမိသားစုကချမ်းသာသည်ဟုမဆိုနိုင်။ တကယ်တော့ ကျောင်းမှာမိသားစုနောက်ခံမရှိ။
ဒါပေမဲ့ စားဖိုမှူးဖြစ်တဲ့အဘိုးက ၂ နှစ်အတွင်း အကြီးဆုံးကျောထောက်နောက်ခံဖြစ်လာမည်ဟုမထင်မိပေ။
ကျောင်းမှာ သူမအဘိုးက ချင်းလင်စံအိမ်၊ချင်းလင်ကုမ္ပဏီသူဌေးအတွက်ချက်ပြုတ်နေကြောင်း၊ ချင်းလင်စံအိမ်မှဂင်ဂိုပင်နှစ်ပင်ကိုကယ်တင်ခဲ့သူဖြစ်ကြောင်းကြားပြီး အတန်းဖော်များအားကျနေကြသည်။
ဒီတစ်ခါ ချင်းလင်စံအိမ်ကဓာတ်ပုံဆရာခေါ်သည်။ သူမအရည်အချင်းနဲ့တစ်နေရာရနိုင်သော်လည်း အဘိုးကစကားခံထားရင် ပိုသေချာမည်။
ချင်းလင်စံအိမ်ဓာတ်ပုံဆရာအလုပ်က ရှန်ဟိုင်းထိပ်တန်းစတူဒီယိုမှ အဓိကဓာတ်ပုံရိုက်သူအလုပ်နဲ့တောင်တူသည်။
သူမသိသလောက် အလုပ်လျှောက်သည့်အထဲတွင် လူသိများသောထူးချွန်ဓာတ်ပုံဆရာများပါသည်။
"အင်း''
ဆရာလင်းကခေါင်းညိမ့်ပြီး_
"ဒီနေ့လယ် ငါနဲ့စံအိမ်လိုက်ခဲ့... မာတီမီဒီယာဌာနလိုက်ပို့မယ်''
ချန်ဟွေ့က ချက်ချင်းစိတ်လှုပ်ရှားပြီး ဆရာလင်းကိုဖက်လိုက်ကာ_
"အဘိုးက အတော်ဆုံးပဲ... ကျေးဇူးတင်လိုက်တာ''
ဆရာလင်းက ပျော်ရွှင်နေသောမြေးမကိုကြည့်ပြီး တည်တည်ငြိမ်ငြိမ်နှင့်သတိပေးသည်_
"ရှောင်ဟွေ့... ငါဒီအတွက် သူဌေးကိုမျက်နှာပူပူနဲ့ပြောခဲ့ရတာ.. အဲဒီတော့ မင်းကိုနည်းနည်းပြောစရာရှိတယ်''