← Chapters

အိမ်မွေးတိရစ္ဆာန်ကုန်သည်ကိုပဲအားကိုးရမှာ

Vol. 74 Ch. 1100

အိမ်မွေးတိရစ္ဆာန်ကုန်သည်ကိုပဲအားကိုးရမှာ

Vol. 74 Ch. 1100

ချင်လင်ကမနက်အစောကြီးနိုးလာပြီး သူ့အမေ၏စိုးရိမ်တကြီးအသံကြားရသည်_

"ရှောင်လင်.. မွေးနီနဲ့ကြက်တူရွေးနှစ်ကောင်ကိုထွက်ကြည့်ပါဦး''

ချင်လင်ထွက်လာသောအခါ သူ့အမေက ဆိုဖာပေါ်လဲနေသော မွေးနီ၊ရှောင်ဝူနှင့်ရှောင်ပေါင်ကိုစိုးရိမ်ကြည့်နှင့်ကြည့်နေသည်။

မနေ့က ဝမ်ချိုင်နှင့်ရှောင်ရွှယ်လိုဆိုဖာပေါ်လဲနေကြ၏။

ရှောင်ဝူက အသံတိုးတိုးနှင့်ညည်းသည်_

"သခင်.. နေလို့မကောင်းဘူး.. နေလို့မကောင်းဘူး!''

ချင်လင်ကခပ်သုတ်သုတ်ပြေးလာပြီး ထိုသုံးကောင်ကိုထိကြည့်သည်။ အမှန်ပင်။ ဝမ်ချိုင်နှင့်ရှောင်ရွှယ်လိုပူနေသည်။

သူကချန်တပေကိုအမြန်ခေါ်ပြီး မွေးနီ၊ရှောင်ဝူ၊ရှောင်ပေါင်တို့ကို အိမ်မွေးတိရစ္ဆာန်ဌာနပို့ခိုင်းသည်။

ချင်လင်ရောက်သွားသောအခါ ကျန်းကွေ့ကျူနှင့်တိရစ္ဆာန်ဆရာဝန်များကိုတွေ့သည်။

ကျန်းကွေ့ကျူနှင့်တိရစ္ဆာန်ဆရာဝန်များမှာ မျက်တွင်းကျနေသည်။ သူတို့ညလုံးပေါက်နေခဲ့ရ၏။

ဝမ်ချိုင်နှင့်ရှောင်ရွှယ်က ချင်းလင်စံအိမ်မှာထူးခြားသည်။ နှစ်ကောင်လုံး အင်တာနက်ဆယ်လီများဖြစ်သောကြောင့် အခုနေမကောင်းဖြစ်သောအခါ လျစ်လျူမရှုရဲ။ တစ်ညလုံးအချိန်ပိုဆင်းကြသည်။

ချင်လင်က ကျန်းကွေ့ကျူကိုတွေ့တွေ့ချင်းမေးသည်_

"ဝမ်ချိုင်တို့ဘယ်လိုလဲ? အကြောင်းရင်းရှာတွေ့လား?''

ကျန်းကွေ့ကျူက မျက်နှာမကောင်း_

"ဥက္ကဌချင်... အခြေအနေကနည်းနည်းရှုပ်တယ်... ကျွန်မတို့အိမ်မွေးတိရစ္ဆာန်ဌာနကဆရာဝန်တွေညလုံးပေါက်စမ်းသပ်စစ်ဆေးပြီးပြီ... ဒါပေမဲ့ ရောဂါမတွေ့ဘူး... အခု ဝမ်း သွေးနဲ့ တံတွေးကိုစစ်ဖို့ သီးသန့်ဌာနပို့ထားတယ်''

ဒါ သတင်းကောင်းမဟုတ်။

ချင်လင်လည်း ကျန်းကွေ့ကျူအား မွေးနီ၊ရှောင်ဝူ၊ရှောင်ပေါင်တို့ကိုစစ်ဆေးခိုင်းသည်။

"မွေးနီတို့ဘာလို့ဒီလိုဖြစ်နေတာလဲ? မြန်မြန် စစ်ကြည့်ပါ''

ကျန်းကွေ့ကျူက မွေးနီနှင့်အလွန်ရင်းနှီးသည်။

တောင်တန်းစံအိမ်မှာအလုပ်အင်တာဗျူးဖြေပြီး ပထမဆုံးအလုပ်က မွေးနီနှင့်ရှဉ့်လေးများကိုဂရုစိုက်ရသည်။

သို့ရာတွင် မွေးနီတို့ကိုစစ်ဆေးပြီး ကျန်းကွေ့ကျူနှင့်တိရစ္ဆာန်ဆရာဝန်များ မျက်နှာပိုပျက်လာကြ၏။

သေချာစစ်ဆေးပြီးနောက် ကျန်းကွေ့ကျူကစိုးရိမ်ပုံနှင့်ပြောသည်_

"ဥက္ကဌချင်... မွေးနီတို့လက္ခဏာက ဝမ်ချိုင်နဲ့အတူတူပဲ... ရောဂါကူးစက်တာဖြစ်မယ်... လူအတွက်အန္တရာယ်ရှိမရှိမသိနိုင်လို့ ချက်ချင်းအကာအကွယ်တွေလုပ်သင့်တယ်''

ချင်လင်လည်း မျက်မှောင်ကြုတ်လိုက်သည်။

ဘာရောဂါဖြစ်ဖြစ် ကူးစက်တတ်ရင် ဒုက္ခ။

ကူးစက်နှုန်းအလွန်မြင့်ပြီး အင်မတန်ဒုက္ခရောက်ခဲ့သော အရင်ကပ်ဘေးကိုသူတွေးမိသည်။

ထိုအခိုက်_

ရန်သုံ့ကဖြူဖတ်ဖြူလျော်မျက်နှာနှင့် အမြန်ပြေးလာပြီး_

"ကွေ့ကျူ.. မကောင်းတော့ဘူး... ပြဿနာတက်ပြီ... မွေးမြူရေးခြံကတိရစ္ဆာန်တွေနဲ့ ဘဲခြံကဘဲတွေကိုပြဖို့ ဆရာဝန်ခေါ်ပါဦး''

သူ့ပုံစံကြောင့် ချင်လင်ရင်ထိတ်သွားပြီး အမြန်မေးသည်_

"ဘာဖြစ်လို့လဲ?''

ရန်သုံ့ကချင်လင်ကိုမြင်လျှင် လောလောနှင့်_

"ဥက္ကဌချင်ရှိတာ အတော်ပဲ... ကျွန်တော်လာတင်ပြမလို့... မွေးမြူရေးခြံကတိရစ္ဆာန်တွေ ဘဲခြံကဘဲတွေ ဘာဖြစ်မှန်းမသိဘူး... ဒီမနက် အတော်များများမှောက်ပြီးတော့ ကိုယ်လုံးတွေလည်းပူနေတာ''

ထိုစကားကြောင့် ချင်လင်နှင့်ကျန်းကွေ့ကျူစိတ်ဓာတ်ကျသွားသည်။

ချင်လင်ကမွေးနီတို့ကိုဂရုစိုက်ရန်မှာခဲ့ပြီး ချင်းလင်မွေးမြူရေးခြံထဲတန်းသွားသည်။

မွေးမြူရေးခြံရောက်သောအခါ မြင်း၊ဒေါင်းဖြူ၊ဆင်ပျော်၊ဝဂ်ယူနွား၊ကာယဗလဝက်၊ဘဲ အကုန်နာနေကြသည်။ ဝမ်ချိုင်၊မွေးနီတို့လိုမှောက်နေကြ၏။

ကျန်းကွေ့ကျူက လောလောနှင့်_

"ဥက္ကဌချင်... ကြည့်ရတာ အခြေအနေသိပ်မကောင်းဘူး... ရောဂါပြန့်နေပြီ... ပြီးတော့ ကူးစက်နှုန်းပြင်းထန်တယ်''

"နာတဲ့အကောင်တွေနဲ့ မာတဲ့အကောင်တွေကိုခွဲထားရမယ်... နောက်ပြီး ဘာမှန်းမသိသေးတော့ ဝန်ထမ်းတွေလည်း နှာခေါင်းစည်းလိုအကာအကွယ်တွေသုံးရမယ်''

"ဒီနေ့ ရှုမျှော်ခင်းနေရာဖွင့်ပေးလို့မဖြစ်ဘူး!''

ဒီကိစ္စအလေးအနက်ထားရမှန်း ချင်လင်သိသည်။

ရောဂါကူးစက်တတ်ရင် နေ့တိုင်းခရီးသည်တွေအများကြီးဝင်နေတဲ့ရှုမျှော်ခင်းနေရာမှာ ဘယ်လောက်ပြင်းထန်လိုက်မလဲ?

ချင်လင်ကချက်ချင်း ကျောက်မိုချင်းကိုဖုန်းဆက်ပြီး အခြေအနေကိုအသိပေးထားသည်။ ထို့နောက် အပန်းဖြေစံအိမ်အမြန်ပြန်လာ၏။

အခု ဝမ်ချိုင်တို့ကို အရင်ဆုံးကုရမည်။

အိမ်မွေးတိရစ္ဆာန်ဌာနက ဘာမှရှာမတွေ့ရင် ဂိမ်းထဲမှာတိရစ္ဆာန်ရောဂါအမျိုးမျိုးအတွက်ဆေးရောင်းတဲ့အိမ်မွေးတိရစ္ဆာန်ကုန်သည်ဆီသွားရမည်။

သို့ရာတွင် ခြံထဲမှထွက်သည်နှင့် ချန်လီဆီမှဖုန်းဝင်လာသည်။

"ဟယ်လို လက်ထောက်ချန်.. ဘာဖြစ်လို့လဲ?''

သူကချက်ချင်းဖုန်းကိုင်လိုက်သည်။

"သူဌေးချင်.. မင်းရဲ့ချင်းလင်မွေးမြူရေးခြံက တိရစ္ဆာန်တွေဘယ်လိုနေလဲ?''

ချန်လီက အလောတကြီးအသံနှင့်ပြောသည်_

"အကုန်ပျော့ခွေကုန်လား ဒါမှမဟုတ် ပူနေလား?''

သတင်းကြားပြီး ချင်လင်အံ့ဩသွားသော်လည်း ဖုံးကွယ်မထားဘဲ_

"လက်ထောက်ချန်.. ကျွန်တော်တို့ခြံကတိရစ္ဆာန်တွေအကုန်အဲလိုဖြစ်နေတာ... အကြောင်းရင်းမသိသေးဘူး... လက်ထောက်ချန် ဘယ်လိုလုပ်သိလဲ?''

"အဲလောက်ဆိုးလား? ဟင်း...''

ချန်လီကသက်ပြင်းချပြီး_

"မနေ့က ရုံချန်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနနဲ့အိမ်မွေးတိရစ္ဆာန်ဆေးရုံမှာ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေတွေ့တယ်... အကုန်အဲဒီအတိုင်းပဲ''

"ပြီးတော့ အရင်နေ့က အစီရင်ခံစာရတယ်... စီရင်စုဖြစ်ဖြစ် မြို့ဖြစ်ဖြစ်.. အားလုံးရဲ့ကြက်တွေ ဘဲတွေ နွားတွေ အိမ်မွေးတိရစ္ဆာန်တွေ အကုန်ဒီလိုဖြစ်နေကြတာ''

"ရုံချန်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ကူးစက်ရောဂါတစ်မျိုးလို့သံသယရှိပေမဲ့ အတိအကျမသိရသေးဘူး''

ရုံချန်းစီရင်စု_

ချန်လီကဖုန်းချပြီး စွန်းရှန်ဘက်လှည့်ကာ မျက်နှာပျက်ပျက်နှင့်_

"စွန်းရှန်.. အခြေအနေမကောင်းဘူး... ချင်းလင်မွေးမြူရေးခြံကတိရစ္ဆာန်တွေလည်း ကူးစက်ခံရတယ်''

စွန်းရှန်ကသတင်းကြားပြီး မျက်နှာပျက်သွားသည်။

ချင်းလင်မွေးမြူရေးခြံက ရုံချန်းမှာအဓိကခရီးသွားလုပ်ငန်းတစ်ခု။ သူနာမည်ကြီးတာ တိရစ္ဆာန်တွေကြောင့်။ အဲဒီမှာပါဖြစ်ရင် ဒုက္ခရောက်ပြီ။

ရုံချန်းမှာ ဘာလို့ဒီလိုအခြေအနေမျိုးရုတ်တရက်ဖြစ်လာတာလဲ?

All Chapters