ဂိမ်းထုတ်ကုန် ဓာတ်ခွဲမရ
Vol. 74 Ch. 1103
တစ်ရက်ကုန်လွန်သွားပြီး လိုင်းပေါ်ကမုန်တိုင်းပိုပြင်းထန်လာသည်။
ဒီတစ်ခါ တိရစ္ဆာန်ရောဂါက လိုင်းပေါ်မှာအာရုံအစိုက်ရဆုံးကိစ္စဖြစ်လာသည်။
သာမန်လူတွေတောင်စိတ်ပူနေရင် တိရစ္ဆာန်ပိုင်ရှင်တွေ၊ မွေးမြူရေးခြံပိုင်ရှင်တွေဆိုမပြောနှင့်တော့။
ဒီဖြစ်ရပ်ကြောင့် ကူးစက်မည်စိုး၍ ဘယ်သူမှအသားမစားရဲကြ။
အခြေအနေကပိုဆိုးလာသည်ဟုဆိုနိုင်သည်။
ရောဂါအကြောင်းနောက်ဆုံးသတင်းများ၊ သုတေသနများကလည်း လိုင်းပေါ်အဆက်မပြတ်တက်နေသည်။
"နောက်ဆုံးသုတေသနအရ ဒီတစ်ခါတိရစ္ဆာန်တွေဖြစ်တဲ့ရောဂါက အပူချိန်မြင့်သွေးခဲဗိုင်းရပ်စ်မျိုးကွဲလို့အတည်ပြုနိုင်ပါတယ်... အရင်ဆုံး တိရစ္ဆာန်ကချိနဲ့ပြီးပူလာမယ်... အခြေအနေဆိုးရင် သွေးစီးဆင်းမှုဖောက်ပြန်မယ်''
"ဒါပေမဲ့ အိမ်မွေးတိရစ္ဆာန်တွေ မွေးမြူရေးတိရစ္ဆာန်တွေပဲကူးစက်ပြီး တောရိုင်းတိရစ္ဆာန်တွေမှာကူးစက်မှုမရှိဘူးလို့လည်း တွေ့ရပါတယ်''
"ကျွန်တော်တို့အတွေ့အကြုံအရ တောရိုင်းတိရစ္ဆာန်တွေက ဒီအပူချိန်မြင့်သွေးခဲဗိုင်းရပ်စ်ကိုခုခံနိုင်စွမ်းရှိပါတယ်... တိတိကျကျအကြောင်းရင်းကိုလေ့လာနေဆဲဖြစ်ပြီးတော့ အဖြေရှာတွေ့မယ်လို့လည်းမျှော်လင့်ပါတယ်!''
လုံးဝသတင်းဆိုးပင်။
ကူးစက်ခံရသောတိရစ္ဆာန်များမှာ သွေးလှည့်ပတ်မှုမကောင်းသောကြောင့်သေနိုင်ခြေရှိသော်လည်း ကုသနည်းမရှိသေး။
အိမ်မွေးတိရစ္ဆာန်တွေ၊ မွေးမြူရေးတိရစ္ဆာန်တွေက သေရမယ့်သဘောလား?
တိရစ္ဆာန်မွေးထားသူများသာ ဒီခံစားချက်ကိုနားလည်နိုင်မည်!
ကိုယ်မွေးထားတဲ့တိရစ္ဆာန်ကို မိသားစုဝင်လိုသဘောမထားတဲ့သူရှိလား?
ကိုယ်ချစ်တဲ့ကောင်သေရတော့မယ်ဆိုရင် ဝမ်းမနည်းတဲ့သူရှိလား?
နောက်ပြီး သတင်းထွက်ထွက်ချင်း တိရစ္ဆာန်ပိုင်ရှင်များကိုသီးသန့်ခွဲထားသည်။
လူတွေက အကျိုးသာဖြစ်ချင်သည်။ အပြစ်မလိုချင်။
လူကိုအန္တရာယ်မဖြစ်ကြောင်းအတည်ပြုထားရင်တောင် အားလုံးကစိုးရိမ်နေကြသည်။
'အကယ်၍'ဆိုတာမျိုးဖြစ်လာမလား ဘယ်သူသိနိုင်မလဲ?
ကြောက်စရာအခြေအနေပင်။
လိုင်းပေါ်ပွက်လောရိုက်နေစဉ် တချို့ကဝမ်းသာနေကြ၏။
ဂျပန်နိုင်ငံ၊ နွားခြံတစ်ခုတွင် Yagyama မှာ သတင်းဖတ်ပြီးပြုံးနေသည်။
ဝဂ်ယူနွားအခိုးခံရပြီး တမင်သက်သက်နွားမျိုးဖြန့်ခံရသောကြောင့် အဲဒီနိုင်ငံကဝဂ်ယူနွားသတင်းအားလုံး သူအာရုံစိုက်ထားသည်။
ဒီအကြောင်းသတင်းမှန်သမျှ သူ့လက်ထောက်က သူ့ကိုတန်းအသိပေးသည်။
ထို့ကြောင့် သူ့လက်ထောက်ကသတင်းတွေ့တွေ့ချင်း သူ့ကိုချက်ချင်းပြောလာ၏။
ဒါ Yagyama အဖို့ လုံးဝသတင်းကောင်းပင်။
ဝဂ်ယူနွားက သူတို့နိုင်ငံ့ရတနာ။ သူကဝဂ်ယူနွားအဖွဲ့အစည်းဥက္ကဌ။ ဒီအလုပ်နှင့်တာဝန်အပေါ် သစ္စာလည်းရှိသည်။
ဒီအလုပ်အတွက် သူအားလုံးစွန့်လွှတ်နိုင်သည်။
ထို့ကြောင့် ဝဂ်ယူနွားအဖွဲ့အစည်းဥက္ကဌဖြစ်လာခြင်းပင်။
အဲဒီနိုင်ငံလုပ်ရပ်က သူတို့ကိုအူလှိုက်သည်းလှိုက်မုန်းစေသည်။
အခုအဲဒီနိုင်ငံမှာ ဒီလိုတိရစ္ဆာန်ရောဂါမျိုးဖြစ်လာတာ မိုးနတ်မင်းကအပြစ်ပေးတာဖြစ်မည်။
ဒီလိုကုမရနိုင်တဲ့ရောဂါမျိုးကိုထိန်းချုပ်မရ။
သူတို့ဆီကခိုးသွားတဲ့ဝဂ်ယူနွားလည်း ခဏချင်းသေသွားလိမ့်မည်။
အဲဒီအချိန်ကျရင် ဝဂ်ယူနဲ့ဆီးနှင်းအမဲသားကို သူတို့ဆီကဖယ်ရှားပြီးသားဖြစ်မည်။
သူတို့နိုင်ငံ့ရတနာက နိုင်ငံ့ရတနာပင်။ သူများတွေစော်ကားစရာ၊လုယူစရာမဟုတ်။
သူတို့နိုင်ငံ့ရတနာကိုစော်ကားလို့ အခုပြန်ပေးဆပ်ရပြီမလား?
Yagyama က တွေးလေလေ ဝမ်းသာပြီးပြုံးလေလေပင်။
သို့သော် ထိုအချိန်တွင် သူ့လက်ထောက်ကအလန့်တကြားရောက်လာပြီး_
"မစ္စတာ Yagyama.. မကောင်းတော့ဘူး.. မကောင်းတော့ဘူး... ကျွန်တော်တို့မွေးမြူရေးခြံကနွားတွေလည်း အဲဒီနိုင်ငံကရောဂါမျိုးဖြစ်နေတယ်''
"မြေပေါ်ပစ်လဲပြီးတော့ သူတို့ကိုယ်ကပူခြစ်နေတာ... ကျွန်တော်လျှောက်မေးကြည့်ပြီးပြီ... အရင် တခြားမွေးမြူရေးခြံတွေလည်းဖြစ်ဖူးတဲ့ပုံပဲ... ဒါပေမဲ့ ဂရုမစိုက်ကြဘူး... မကြာခင် သတင်းပြန့်တော့မယ်ထင်တယ်''
"ဘာ?''
Yagyama ပြုံးနေရင်းတည်သွားပြီး မယုံနိုင်အောင်ဖြစ်နေသည်။
နွေခေါင်ခေါင်မှာမိုးကြိုးပစ်လိုက်သလို သူလုံးဝမထင်မိပေ။
Yagyama က အမြန်ထပြီး သူ့ခြံထဲပြေးသွားသည်။
ဟိုနိုင်ငံမှာဖြစ်တဲ့ရောဂါဘယ်လောက်ပြင်းထန်လဲ သူသတင်းတွေ့ထားပြီးပြီ။
မကြာမီ ခြံထဲရောက်သောအခါ သီးသန့်ထားသောဝဂ်ယူနွားများကိုတွေ့သည်။
ထင်တဲ့အတိုင်း အားလုံးလျှာတစ်လစ်ထွက်ပြီး မြေပေါ်လဲနေကြ၏။
သူစမ်းကြည့်သောအခါ ကိုယ်လုံးများကပူနေသည်။
"ဘယ်လိုဖြစ်တာလဲ?''
Yagyama မြေပေါ်ပုံကျသွား၏။
စောစောကပဲ ဝမ်းသာအားရဖြစ်နေတုန်းရှိသေး၊ ကပ်ဘေးကဆိုက်လာပြီ။
တချိန်တည်းမှာ_
ပွဲကြည့်နေသောတခြားနိုင်ငံများတွင်လည်း အလားတူတိရစ္ဆာန်ရောဂါမျိုးတွေ့လာကြသည်။
တကယ်တော့ လက္ခဏာပေါ်သည့်အချိန်မှာ ပြင်းထန်အဆင့်ရောက်နေပြီ။
အခုမှသတင်းထွက်ခြင်းမှာ တခြားသတင်းများဖုံးနေသောကြောင့်သာ။ ဘယ်သူမှမပြောခဲ့၍မဟုတ်။
တာဝန်ခံက ပြဿနာမရှင်းချင်ဘဲရှင်းရသည်။
စိတ်ဝင်စားစရာ။
…
ချင်လင် ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ ဓာတ်ခွဲခန်းမှာလည်းသတင်းလွှင့်နေသည်ကိုတွေ့ရသည်။
ဒီရောဂါပြန့်သွားပြီး တစ်နိုင်ငံလုံးအာရုံစိုက်ထားရသည်။
ချင်းလင်ဓာတ်ခွဲခန်းက ဒီသုတေသနပိုင်းမှာအားနည်းခြင်းကြောင့်သာမဟုတ်ရင် တခြားဓာတ်ခွဲခန်းတွေလိုသုတေသနလုပ်ပြီးလောက်ပြီ။
လိုင်းပေါ်မှာသက်ဆိုင်ရာဓာတ်ခွဲခန်းတွေရဲ့သုတေသနကြေညာချက်တွေဘာလို့ရှိနေလဲ?
အပြိုင်အဆိုင်ကြောင့်ပင်။
ဒါသူတို့ဓာတ်ခွဲခန်းကသက်သေပြရမယ့်အခွင့်အရေး။
ဒီရောဂါကိုအရင်ဆုံးကုနိုင်သူက သူတို့အင်အားပြနိုင်မည်။။
အဲဒီအချိန်ကျရင် ဂုဏ်သတင်း၊အဆင့်အတန်းနှင့်ငွေကြေးအင်အားကိုတောင် ကိုယ်စားပြုရင်ပြုနိုင်သည်။
ချင်လင်ရောက်သောအခါ တရားဝင်ကြေညာချက်သတင်းတက်နေသည်:
"ကျွန်တော်တို့တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဓာတ်ခွဲခန်းတွေနဲ့သုတေသနလုပ်ပြီးတော့ ဒီအပူချိန်မြင့်သွေးခဲဗိုင်းရပ်စ်က တိရစ္ဆာန်ကိုသာထိခိုက်ကြောင်း လူကိုအန္တရာယ်မပေးကြောင်းအတည်ပြုထားပါတယ်... ထိတ်လန့်စရာမဟုတ်ပါဘူး''